အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 27

12.9K 1.9K 201
By Xiao_Dream

Unicode

ဂိမ်းစတင်ခြင်း
______________

အားကစားခန်းမ_____[StarLight]ပထမဆုံးပြန်ပြီး ရိုက်ကူးတဲ့နေ့။

အဆောင်ထဲမှာ ကျောင်းသားတွေတော်တော်များများက အိပ်ရာထကြပြီ။ အားလုံးကဒီနေ့ပြန်ရိုက်ကူးရမဲ့အကြောင်းကို ပြောနေကြတယ်။ ဒုတိယအကြိမ်voteပေးဖို့ တစ်ပတ်လောက်လိုသေးတယ်။ ဒီနှစ်ရက်အတွင်းမှာ voteပေးဖို့နာမည်စာရင်းတွေ ကြေညာပေးတော့မှာြဖစ်တယ်။

ဝမ်းရှန်းကောမနက်ကတည်းက တောက်လျှောက်ပြောနေတာဖြစ်တယ် "ငါအထုတ်များခံရမလားမသိဘူး....."

တကယ်ဆို လူတော်တော်များများက ဖုန်းတွေရယူပြီးသွားကြပြီ။

ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ရက်ကပဲ ရိုက်ကူးရေးအဖွဲ့ကဖုန်းတွေ ပြန်သိမ်းသွားလေတယ်။ နေ့တိုင်းအဆင့်တွေက အတက်လည်းရှိနိုင်သလို အကျတွေလည်းရှိနိုင်တယ်။ ဝမ်းရှန်းကောကတစ်လျှောက်လုံး အတွေးများတတ်တဲ့ကောင်လေးဖြစ်တာကြောင့် ဒီတစ်ခဏမှာ ပေါက်ပေါက်ဖောက်သလိုပြောနေတော့တယ်။ သူ့အဆင့်ကအရမ်းကောင်းတဲ့ထဲမပါတဲ့အတွက် စိတ်ပူနေရတာဖြစ်တယ်။

ကျန်ရှင်းဆွေ့က အပြင်မှာကိုယ်လက်သန့်စင်နေတာြဖစ်ပြီး သူ့ဘေးကတော့ အတူတူမျက်နှာသစ် သွားတိုက်လုပ်နေတဲ့ ရှန်ရှင်းချန်ဖြစ်တယ်။

ရှန်ရှင်းချန်ကသွားတိုက်ရင်း သူ့ကိုကြည့်လိုက်ကာ စိတ်ကောင်းမရှိနေတဲ့ပုံနဲ့ "မင်းငါ့ကိုတစ်လျှောက်လုံး ကြည့်နေပြီးတော့ဘာလုပ်တာလဲ? ငါ့မျက်လုံးထဲမှာ မျက်ချေးတွေရှိနေလို့လား?"

ကျန်ရှင်းဆွေ့ကဖြည်းဖြည်းခေါင်းခါလိုက်ပြီး သူခဏတန့်နေပြီးတော့မှ သတ္တိတွေထုတ်လာပြီး ပြောလာတယ် "ရှင်းချန် ဒီတစ်ခေါက်ကိစ္စက မင်းကိုကျေးဇူးတင်ပါတယ်နော်!"

?

ရှန်ရှင်းချန်က "ဘာကိစ္စလဲ?"

ကျန်ရှင်းဆွေ့ကြောင်သွားကာ ရှင်းပြလိုက်တယ် "ဟိုဟာလေ ရိုက်ကူးရေးအဖွဲ့editလိုက်တဲ့ကိစ္စ"

"အော အဲ့ကိစ္စလား" ရှန်ရှင်းချန်ကခွက်ထဲကရေနဲ့ ပလုတ်ကျင်းလိုက်ပြီးတော့မှ ပြောလာတယ် "မင်းအဲ့တာကိုဂရုစိုက်မနေပါနဲ့ ငါတောင်စိတ်ထဲထားမနေဘူး"

ဒါကရှန်ရှင်းချန်အတွက်တော့ ဒီတိုင်းလေးကူညီပေးလိုက်တာမှန်း ကျန်ရှင်းဆွေ့သိတယ်။ ဒါပေမဲ့သူ့အတွက်ကတော့ မိုးလောက်ကြီးမားတဲ့ ပြဿနာကြီးကိုဖြေရှင်းပေးလိုက်တာပဲ။ သူအချိန်အကြာကြီး ကိုယ့်ကိုယ်ကိုမှီခိုရတာကိုပဲ အသားကျနေခဲ့ပြီဖြစ်တယ်။ အထူးသဖြင့်အန်းရန်ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဘာကိစ္စဘာအခက်အခဲပဲဖြစ်ဖြစ် ဘယ်သူမှသူ့ကိုနားထောင်မပေးချင်ကြဘူး။ အဲ့လိုတွေများလာရင် အစပိုင်းမှာတော့သူဖြေရှင်းဖို့ ကြိုးစားအုန်းမှာပေမဲ့ နောက်ပိုင်းသူသိလာရတာက သူ့စကားလုံးကပျက်လုံးတွေသာသာပဲ ဖြစ်နေခဲ့တယ်ဆိုတာပဲ။

ရုတ်တရက်တခြားတစ်ယောက်ဆီကနေ အကူညီခံလိုက်ရတော့ သူ့ပထမဆုံးတုံ့ပြန်မှုက ပျော်ရွှင်သွားတာမဟုတ်ဘဲ ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲနဲ့ ဘယ်လိုကျေးဇူးတင်ရမလဲပဲ။ တစ်ချိန်ထဲမှာပဲ အနည်းငယ်တော့ကြောင်အသွားမိတယ်။

"ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးတော့တင်ရမှာပေါ့" ကျန်ရှင်းဆွေ့ကဖြည်းဖြည်းပြောလိုက်တယ် "ငါ့ကိုအကြီးကြီးကူညီလိုက်တာကို"

ရှန်ရှင်းချန်ကရေပိုက်ဖွင့်ကာ မျက်နှသစ်ရင်း ပြောလာတယ် "အဲ့တာမင်းငါ့ကိုကျေးဇူးတင်မနေနဲ့ ငါကအိမ်ကိုဖုန်းဆက်ပြီး ပြောပြလိုက်ရုံပဲ ကျေးဇူးတင်ချင်ရင် ငါ့အဖေ၊ အမေ နဲ့အစ်ကို,ကိုပဲ ကျေးဇူးတင်ရမှာ အော ဖုကောကလည်း ဝင်ပြီးကူပြောပေးခဲ့တယ်လို့ ပြောသံကြားသေးတယ်"

ကျန်ရှင်းဆွေ့ကကြောင်အသွားကာ "ဖုကော?"

ရှန်ရှင်းချန်ကခေါင်းငြိမ့်ကာ "အင်းလေ"

ဖုကောကလည်း ဝင်ပြီးကူပြောပေးတယ်တဲ့လား?

ဘာလို့လဲ?

ရိုက်ကူးရေးအဖွဲ့editလိုက်တာ သူ့ကိုလည်းထိသွားလို့လား။ အဲ့တာကြောင့် ဝင်ကူညီပေးလိုက်တာလား?

ဘယ်လိုပဲဖြစ်ဖြစ်.....သူ့ကြောင့်တော့မဖြစ်နိုင်ဘူးမလား?

ရှန်ရှင်းချန်ပြောလာတာက "ငါနောက်မှာငါ့အစ်ကိုပြောတာကြားလိုက်တာ သူဒီလောက်ထိစိတ်မဆိုးတာကြာပြီတဲ့ မင်းကိစ္စကြောင့်မထင်မှတ်ထားစွာပဲ ဒီလောက်ထိဒေါသထွက်သွားတယ်တဲ့လေ သူတောင်လန့်သွားရသေးတယ်ဆိုပဲ"

ကျန်ရှင်းဆွေ့က မယုံရဲပဲ "ဒေါသထွက်တယ်? ဖုကောစိတ်ဆိုးသွားတာလား? ငါ့အတွက်ကြောင့်တော့ မဖြစ်နိုင်ဘူးမလား"

ရှန်ရှင်းချန်မျက်နှာကို သုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်တယ် "မင်းဘာလို့အဲ့လောက် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဖြစ်နေတာလဲ မင်းကလည်းဘယ်သူ့ထက်မှ နိမ့်ကျမနေပါဘူး"

မင်းကလည်းဘယ်သူ့ထက်မှ နိမ့်ကျမနေပါဘူး....

အဲ့စကားတစ်ခွန်းက အသံတိတ်တူတစ်ချောင်းလိုပဲ။ ကျန်ရှင်းဆွေ့ရဲ့နှလုံးသားလေးကို အဆုံးမဲ့ပဲ့တင်သံတွေနဲ့ ကြမ်းတမ်းစွာရိုက်ခတ်နေတယ်။

ကျန်ရှင်းဆွေ့ပါးစပ်ထဲက စကားတွေအကုန်ပြန်ဝင်သွားတော့တယ်။ သူဘာစကားမှထွက်မလာတော့ဘူး။ ဒီစကားကိုဘယ်လိုပြန်ဖြေသင့်လဲသူမသိဘူး။ ရှန်ရှင်းချန်ကသူ့ပုခုံးကိုပုတ်လိုက်ပြီး အလယ်တန်းကောင်လေးက သူ့ကိုအကြည့်တစ်ချက်ပေးလာတယ် "အရင်ကမင်းက တကယ်ပဲနိမ့်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမဲ့အခုတော့ မင်းကငါ့ညီငယ်လေးလေ အဲ့တာကြောင့်မင်းကိုယ့်ကိုယ်ကို ယုံကြည်ချက်ထား ငါ့ကိုမျက်နှာမပျက်စေနဲ့"

".........."

ဒီကောင်လေးရဲ့စကားက ကျန်ရှင်းဆွေ့နှလုံးသားကို လှုပ်ရှားသွားစေတယ်။ ပြီးတော့သူဘယ်လိုပြန်ဖြေသင့်လဲမသိတော့ဘူး။

သန့်စင်ပြီးသွားတော့ သူတို့အုပ်စုကဟောထဲကို တူတူသွားလိုက်ကြတယ်။ ကင်မရာမန်းတွေက အဲ့မှာစောင့်နေတာကြာနေလေပြီ။ ပြိုင်ပွဲဝင်တွေအဆောင်ကထွက်လာကြတာနဲ့ သူတို့ကစပြီးရိုက်ကူးကြပြီဖြစ်တယ်။

ပရိတ်သတ်တွေကလည်း အကြာကြီးစောင့်နေခဲ့ကြတာဖြစ်တယ်။

"ငါ့ရဲ့သွေးမတော်သားမစပ်သားလေးရေ မတွေ့ရတာကြာပြီနော်"

"မင်းလေးတို့ကိုကြည့်ဖို့ ငါနှိုးစက်တောင်ပေးထားခဲ့တာ"

"ဟားဟားဟား ငါဒိတ်သွားလုပ်တာတောင် ဒီလောက်အချိန်မမှန်ဖူးဘူး"

"မင်းတို့ရဲ့နေ့ရက်တွေကြည့်ပြီး မားမားကမင်းတို့ကို အမြဲလွမ်းနေရတာကလေးလေးတွေရေ"

ပြိုင်ပွဲဝင်တွေကအစုစုနဲ့ ဟောထဲသွားနေကြတယ်။ အဲ့မှာနည်းပြတွေကစောင့်နေကြပြီဖြစ်တယ်။

နည်းပြလေးယောက်က ဒီနေ့ကြည့်ရတာအရမ်းတက်ကြွလို့နေတယ်။ လီလောင်ရှီးကဒီနေ့ သူ့ရဲ့အေးစက်ပြီး စျေးကြီးတဲ့သားရေအင်္ကျီနဲ့ hostလုပ်နေဆဲပဲဖြစ်တယ်။ ထူရာကတော့စကပ်လေးဝတ်ထားပြီး ကြည့်ရတာတောက်ပကာ လှပလို့နေတယ်။ ရုပ်ရှင်ဧကရာဇ်ဖုကတော့ အားကစားဝတ်စုံမီးခိုးရောင်လေးဝတ်ထားတယ်။ အဲ့တာကရိုးရိုးအားကစားဝတ်စုံလေးပေမဲ့ သူဝတ်လိုက်တော့ ထူးခြားသွားကာကျက်သရေရှိတဲ့ခံစားချက် ရနေတော့တယ်။

ဟောထဲဝင်နေတဲ့အချိန် ပြိုင်ပွဲဝင်တွေတော်တော်များများက စကားပြောနေကြကာ တဟားဟားနဲ့ရယ်နေကြတယ်။ သူတို့အထဲဝင်လိုက်တော့ ရုပ်ရှင်ဧကရာဇ်ဖုက အေးစက်စက်နဲ့ရပ်နေတာပြီး သူတို့ကိုတိတ်တဆိတ်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူတို့လည်းအဲ့လိုနဲ့ပါးစပ်တွေပိတ်ကုန်တော့တယ်။

အားလုံးစည်းကမ်းရှိရှိနဲ့ တန်းစီရပ်ပြီးသွားကြတဲ့နောက်မှာ လီလောင်ရှီးက ပြောလာတယ် "သကျားဟောင် (အားလုံးမင်္ဂလာပါ)"

ကျောင်းသားတွေကလည်း ပြန်ပြောကြတယ် "လောင်ရှီးဟောင် (မင်္ဂလာပါလောင်ရှီး)"

လီလောင်ရှီးကပြုံးကာ ပြောလာတယ် "ဒီရက်ပိုင်းကိုယ်ကြားတာ ရိုက်ကူးရေးအဖွဲ့က မင်းတို့ကိုအကဆရာတွေနဲ့ သီချင်းနည်းပြတွေကို ဖိတ်ပေးခဲ့တယ်ဆို အားလုံးတော်တော်ပင်ပန်းသွားကြပြီလား?"

အဲ့တစ်ခဏမှာ အားလုံးကညဉ်းတွားကုန်ကြတယ်။

"အရမ်းပင်ပန်းခဲ့ရပါတယ် နည်းပြ"

"ရက်တွေအများကြီးလေ့ကျင့်ခဲ့ရတာ ကျွန်တော့်ခြေထောက်တွေတောင် နာနေပြီ"

"ပြောမနေပါနဲ့တော့"

ဒါကလီလောင်ရှီးကြားချင်နေတဲ့ဟာပဲ ဖြစ်ပါလိမ့်မယ်။ သူကပြုံးလိုက်ကာ "အဲ့တာကြောင့် ဒီနေ့ကဂိမ်းကစားမှာပဲဖြစ်ပါတယ် အားလုံးအတူတူပျော်ပျော်ရွှင်ရွှင်ဆော့ကြပါမယ် အနိုင်ရသွားရင် ဆုအကြီးကြီးတွေရှိတယ်နော်"

အားလုံးကကြားပြီးသွားတော့ ကြောင်အသွားကြတယ်။

လီလောင်ရှီးက ဒီနေ့ရဲ့ဂိမ်းစည်းမျဉ်းတွေကို ဖတ်ပြလိုက်တယ်။ သူပြောနေတဲ့အတိုင်း ဘေးကဝန်ထမ်းတွေကလည်း ပန်ကန်ပြားတွေသယ်ပြီးဝင်လာကြတယ်။ အပေါ်မှာတင်ထားတာကတော့ အနီနဲ့အပြာ အရောင်နှစ်ရောင်နဲ့ တံဆိပ်လေးတွေပဲဖြစ်တယ်။

"ဒီတစ်ခေါက်ပြိုင်ပွဲက ပြိုင်ပွဲဝင်၁၀၀ကို အသင်းနှစ်ခုစီမှာ ကျပန်းထည့်လိုက်ပါမယ် နှစ်ဖက်အသင်းကပြိုင်ရမှာဖြစ်ပြီး မင်းတို့ကတစ်ဖက်ရဲ့ တံဆိပ်လေးတွေကိုလုယူပြီး ကိုယ့်အတွက်အမှတ်တိုးနိုင်မှာဖြစ်တယ် ပြိုင်ပွဲပြီးဆုံးသွားရင် နှစ်ဖက်အသင်းကို အမှတ်တွက်မှာဖြစ်ပြီး အမှတ်အများဆုံးရတဲ့အသင်းက အနိုင်ရမှာဖြစ်တယ် အနိုင်ရသူကဇိမ်ခံဟော့ပေါ့ကို စားသုံးနိုင်မှာဖြစ်တယ် ပြီးတော့သူတို့ရဲ့လတ်တလော အဆင့်ကိုသိခွင့်ရမှာပြဖြစ်တယ်"

ဒါကရိုးရှင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒီဂိမ်းစည်းမျဉ်းက အကျဉ်းချုပ်ကြည့်လိုက်ရင် 'ပြဿနာရှာနေတာပဲ'

ကျောင်းသားတစ်ချို့က မေးလာကြတယ် "လောင်ရှီး ဘယ်လိုအသင်းခွဲသလဲဆိုတာ မေးပါရစေ"

တစ်လျှောက်လုံးပျင်းပျင်းနဲ့ မတ်တပ်ရပ်နေတဲ့ဖုကျင်းရှောင်းက မိုက်ခ်ကိုင်ကာပြန်ဖြေလာတယ် "အစဥ်လိုက်အတိုင်း ကျပန်းမဲနှိုက်ရမှာပါ"

ကျပန်းမဲနှိုက်ရမှာဆိုရင် သူငယ်ချင်းကောင်းတွေတောင် ပြိုင်ဖက်တွေဖြစ်သွားနိုင်တာပေါ့။ ဒီတစ်ခဏမှာ တော်တော်များများကသူတို့ကိုယ်စီရဲ့ သူငယ်ချင်းကောင်းတွေကို အဓိပ္ပာယ်အပြည့်နဲ့ လှည့်ကြည့်ကုန်ကြတော့တယ်။ ပုံမှန်ရက်တွေမှာညီအစ်ကိုကောင်းတွေက အခုမှာတော့ဂရုတစိုက်အပြုအမူတွေနဲ့ ပြုံးကြည့်နေကြတော့တယ်။

ရှန်ရှင်းချန်က ကျန်ရှင်းဆွေ့ကိုပြောလာတယ် "မင်းသေချာနှိုက်နော် ငါနဲ့တစ်ရောင်ထဲဖြစ်အောင်နှိုက်ရမှာ သိလား?"

ကျန်ရှင်းဆွေ့ကသူ့ကို ရက်စက်တဲ့အမှန်တရားကိုထုတ်ပြောလိုက်တယ် "အဲ့တာအားလုံးက ကံပေါ်မှာမူတည်တာလေ ပြောရင်လည်းအသုံးမဝင်ဘူး"

"မင်းမလုပ်နိုင်ဘူးလို့ ဘာကြောင့်ပြောရတာလဲ" ရှန်ရှင်းချန်ကနာကြည်းစွာနဲ့ "ငါတို့နှစ်ယောက်ရဲ့ကံက အဲ့လောက်ဆိုးနိုင်မှာမလို့လား?"

".........."

အားလုံးကမဲနှိုက်ဖို့ တန်းစီနေကြတယ်။ ကျန်ရှင်းဆွေ့အလှည့်ရောက်တော့ သူပုံးထဲကနေဘောလုံးတစ်ခုဆွဲလိုက်တယ်။ နောက်ဆုံးသူ အပြာရောင်ဘောလုံးလေးကို နှိုက်မိသွားတယ်။ သူ့နောက်ကရှန်ရှင်းချန်ကအနီရောင်ဘောလုံးကို နှိုက်မိသွားတယ်။

ကျန်ရှင်းဆွေ့ကကူရာကယ်ရာမဲ့စွာနဲ့ ရယ်လိုက်တယ် "ကြည့်လေ"

"ဘယ်လိုလုပ်ဒီလိုဖြစ်ရတာလဲ" သခင်ငယ်လေးက မကျေနပ်စွာပဲအနီရောင်ဘောလုံးကို ကြည့်နေတယ်။ သူကခြိမ်းခြောက်တဲ့ပုံနဲ့ကျန်ရှင်းဆွေ့ကို ကြည့်လိုက်ပြီးတော့ ခါးထောက်ကာပြောလာတယ် "ကောင်းပြီ မင်းအခုကစပြီးငါ့ရန်သူပဲ ငါ့အဖွဲ့ကသစ္စာဖောက်ဖြစ်သွားပြီ စောင့်နေပါ ဒီသခင်လေးကမင်းတံဆိပ်ကို ဖြုတ်နိုင်စေရမယ်"

ကျန်ရှင်းဆွေ့က "ငါ့ကိုပစ်မှတ်ထားပြီးဘာလုပ်တာလဲ"

ရှန်ရှင်းချန်ကယုံကြည်ချက်ရှိစွာနဲ့ "ဘယ်သူကမင်းကို ငါနဲ့မတူအောင်နှိုက်ခိုင်းလို့လဲ"

...........

ဒီကောင်လေးကကမာနကြီးလွန်းပြီး သူတောင်ဘာမှပြန်မပြောနိုင်တော့ဘူး။

ပြိုင်ပွဲဝင်တွေအကုန်နီးပါး အဖွဲ့ခွဲပြီးသွားကြပြီဖြစ်ကာ အခြေအနေကပိုမိုရှင်းလင်းလာတယ်။ ကိစ္စတွေသက်သေပြလိုက်တာက ကျန်ရှင်းဆွေ့ကကံအဆိုးဆုံးတစ်ယောက်ဆိုတာပါပဲ။ သူ့အဆောင်ကသူတွေအကုန်လုံးက အနီရောင်ဘောလုံးတွေချည်းပဲဖြစ်တယ်။ သူတစ်ယောက်တည်းပဲ အပြာရောင်ဖြစ်နေတာဖြစ်တယ်။ သူ့ရဲ့စုံစမ်းမှုအရ အန်းရန်ကလည်းအပြာဘက်ကပဲဖြစ်တယ်။

ကျောင်းသားတစ်ယောက်ကမေးလာတယ် "နည်းပြတို့ရော မပါကြဘူးလား?"

ထူရာကပြုံးကာပြန်ပြောလိုက်တယ် "ပါတာပေါ့ ငါတို့ရဲ့အရောင်တွေကို ဒီအချိန်မှာပြောပြလို့မရသေးပေမဲ့ မင်းတို့ကိုပြောပြလို့ရတာကတော့ ငါတို့ရဲ့တံဆိပ်တွေက အမှတ်နှစ်ဆနော်"

ဒီစကားကြောင့် အကုန်ငြိမ်သက်သွားတော့တယ်။

ပြိုင်ပွဲဝင်တွေပေါက်ကွဲကုန်တော့တယ်။ ဒီရိုက်ကူးရေးအဖွဲ့ကတော့ အမှတ်နှစ်ဆတဲ့လား?

ဘယ်လောက်တောင်ကြီးလိုက်တဲ့ ဆွဲဆောင်မှုကြီးလဲ။ နည်းပြတွေရဲ့တံဆိပ်က စျေးကြီးလှချေလား။ ဘယ်သူကဒီအမှတ်နှစ်ဆကို စိတ်မလှုပ်ရှားပဲနေမှာလဲ? ဒါပေမဲ့ဘယ်သူကရော နည်းပြတွေရဲ့တံဆိပ်ကို ဖြုတ်ရဲမှာလဲ? ဒါကဘယ်လိုတောင်သတ္တိရှိရမှာတုန်း။

Liveကြည့်နေကြတဲ့ပရိသတ်တွေက ပိုလို့တောင်စိတ်လှုပ်ရှားလာကြတော့တယ်။

"ဒီလိုကိစ္စတွေလုပ်တဲ့နေရာမှာ ရိုက်ကူးရေးအဖွဲ့က အရည်အချင်းရှိနေတာပဲ"

"ဟားဟားဟား ဖုကောတံဆိပ်ကို ဘယ်သူဖြုတ်မလဲသိချင်နေပြီ"

"GKD GKD [搞快点 - Gǎo kuài diǎn - မြန်မြန်လုပ်]"

ဝန်ထမ်းလေးက ပြိုင်ပွဲဝင်တွေအားလုံးကို ဟောအပြင်ဘက်ထဲခေါ်သွားပြီးတော့ ပြောလာတယ် "မဲနှိုက်တဲ့အစဉ်လိုက်အရ မင်းတို့ဟောထဲဝင်သွားရမယ် အခန်းအားလုံးနဲ့ ထွက်ပေါက်အားလုံးက မင်းတို့အတွက်ဖုံးကွယ်နေဖို့နေရာတွေဖြစ်လိမ့်မယ် အခုကျွန်တော်တို့[StarBean]လဲလှည်တဲ့အစီအစဥ်ကို စတင်ပါတော့မယ် [StarBean]သုံးပြီးပြိုင်ပွဲဝင်တွေက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လက်နက်တွေဝယ်ယူနိုင်ပါတယ်"

စားပွဲပေါ်ကပစ္စည်းတွေက ပစ္စည်းကောင်းတွေချည်းဖြစ်တယ်။

ဥပမာ ရေသေနတ်၊ မီးခိုးဗုံး၊ ကော်၊ အရုပ်ဘောလုံး၊ မှန်ပြောင်း၊ ကြိုးတွေနဲ့ ခေါင်းလောင်းတွေရော အရာအားလုံးရှိတယ်။ တစ်ခုစီရဲ့[StarBean]တန်ဖိုးကလည်း မတူညီကြဘူး။ ပိုချမ်းသာတဲ့သူက များများပိုဝယ်နိုင်ကြတယ်။

ရှန်ရှင်းချန်ကအချမ်းသာဆုံးလို့ ပြောလို့ရတယ်။ သူကအခန်းဖော်တွေနဲ့ အရင်ကအတူတူလေ့ကျင့်ဖူးတဲ့ကျောင်းသားတွေစုပေါင်းပြီး အသင်းအသေးလေးဖွဲ့လိုက်တယ်။ တော်တော်များများထောက်ပံ့ပေးပြီး အားလုံးနီးပါးဝယ်လိုက်ကြတယ်။ ကျန်ရှင်းဆွေ့ကတော့မွဲနေတဲ့အတွက် စဥ်းစားလိုက်ပြီး မီးခိုးဗုံးတစ်ခုပဲဝယ်လိုက်လေတယ်။

လီလောင်ရှီးက "၁၀စက္ကန့်ထိရေတွက်ပါပြီး ပြိုင်ပွဲစတင်ပါပြီ....."

လေထုကအနည်းငယ်စိတ်လှုပ်ရှားလာကြသလိုပဲ။

ကျန်ရှင်းဆွေ့ကဒုတိယဝင်ရမဲ့အဖွဲ့ထဲမှာဖြစ်တယ်။ ဟောထဲမှာလွတ်နေပြီးတော့ တစ်ယောက်ကိုမှမတွေ့ရလေဘူး။ ဒါပေမဲ့သိပ်မဝေးတဲ့တတိယထပ်ကနေ တစ်စုံတစ်ယောက်ရဲ့ညဉ်းတွားသံကို ကြားလိုက်ရသလိုပဲ။ ဘယ်လောက်မှမကြာခင်မှာပဲ မိန်းကလေးတစ်ယောက်ရဲ့ ကြေညာသံက နေရာတစ်ခုလုံးကိုလွှမ်းခြုံသွာတော့တယ် "နံပါတ်57ကျောင်းသား ကျန်းကျန့်ရှန်းအထုတ်ခံလိုက်ရပါပြီ အနီသင်းတစ်မှတ်"

တံဆိပ်အဖြုတ်ခံလိုက်ရတဲ့ တစ်စုံတစ်ယောက်တောင်ရှိလာခဲ့ပြီ။

ကျန်ရှင်းဆွေ့သူ့ခါးပေါ်က တံဆိပ်လေးကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိတယ်။ သူသိသလောက် ဒီကိုဝင်လာတဲ့အားလုံးက အသင်းဖွဲ့ထားပြီးသားဖြစ်ပြီး သူတစ်ယောက်ပဲ တစ်ယောက်တည်းဖြစ်နေတာဖြစ်တယ်။ အဲ့တာကြောင့်တစ်ခြားသူတွေနဲ့ ပြိုင်တိုက်တာကမဖြစ်နိုင်ဘူး။ သူခုခံရုံပဲတတ်နိုင်တယ်။

"နေရာရှာပြီးပုန်းနေလိုက်တာကောင်းမယ်" သူတွေးမိလိုက်တယ်။

ပထမဆုံးသူ့အတွေးထဲဝင်လာတာကတော့ ကန်တင်းပဲဖြစ်တယ်။

အဲ့မှာကထိုင်ခုံတွေများပြီး တစ်ယောက်ယောက်သာဝင်လာမယ်ဆို ဘယ်လိုပဲသတိထားထား တိုက်မိမှာပဲ။ အဲ့တာကသေချာတဲ့သတိပေးချက်ရှိတယ်။ ပြီးတော့ကန်တင်းမှာ တံခါးတွေလည်းအများကြီးရှိတယ်။ ဖမ်းမိသွားတယ်ဆိုရင်တောင် လွတ်မြောက်နိုင်ခြေပိုများတယ်။ ပြီးတော့မီးဖိုချောင်ကမြင်ကွင်းလည်းကျယ်တာကြောင့် ကာကွယ်ဖို့နေရာကောင်းပဲဖြစ်တယ်။

သူစဥ်းစားပြီးသွားတော့ ကျန်ရှင်းဆွေ့တွေဝေမနေတော့ဘဲ မီးဖိုချောင်ဆီချက်ချင်းပြေးသွားတော့တယ်။ သုံးသုတ်မြောက်ပြိုင်ပွဲဝင်တွေက အခုထိဝင်မလာကြသေးဘူး။ ပြီးတော့ရှိနေတာကလည်း လူအများကြီးမဟုတ်ဘူး။ သူသတိထားသွားပြီး အနီသင်းကသူတွေနဲ့မတွေ့ရင်ရပြီ။ 

ဓာတ်လှေကားနဲ့သွားလို့မရဘူး။ တစ်ယောက်ယောက်စောင့်ကြပ်နေနိုင်တယ်။

ကျန်ရှင်းဆွေ့ကမီးသတ်ထွက်ပေါက်ကနေမသွားဘဲ တခြားတစ်ဘက်က အသုံးနည်းတဲ့လှေကားကနေ ပြေးတက်သွားလိုက်တယ်။ သူ့ခြေလှမ်းတွေကပေါ့ပါးနေကာ အသက်ပြင်းပြင်းလည်းမရှူရဲလေဘူး။ နောက်ဆုံးသူကန်တင်းဆီပြေးသွားနိုင်ခဲ့ပြီးတော့ ပုန်းဖို့နေရာရှာနေတဲ့အချိန် ရုတ်တရက် "ကျွီ"

တံခါးဝကနေ တံခါးဖွင့်သံထွက်ပေါ်လာခဲ့တယ်။

ကျန်ရှင်းဆွေ့လှည့်ကြည့်လိုက်တော့ ဝင်လာတဲ့အန်းရန်နဲ့အကြည့်ချင်းဆုံသွားတော့တယ်။ နှစ်ယောက်သားရဲ့မျက်ဝန်းလေးခုတို့ဆုံသွားကြတယ်။ ကို့ယို့ကားယားတိတ်ဆိတ်မှု ကြီးစိုးနေတော့တယ်။

အန်းရန်ပြုံးလိုက်ကာ သူ့ခါးကတံဆိပ်ကိုညွှန်ပြလိုက်ပြီး "စိတ်မလှုပ်ရှားပါနဲ့ ငါကလည်းအပြာသင်းကပါ"

ကျန်ရှင်းဆွေ့က သူ့ကိုသတိထားပြီးကြည့်နေဆဲပဲဖြစ်တယ်။ အန်းရန်ကသူ့ကိုနှစ်သိမ့်လာတယ် "ငါတို့အခုအသင်းဖော်တွေဖြစ်သွားပြီပဲဟာ ရှင်းဆွေ့မင်းငါ့ကိုမယုံဘူးလား?"

ကျန်ရှင်းဆွေ့ကမူလနေရာမှာပဲ ရပ်နေကာ "မင်းလည်းဒီမှာပုန်းမလို့လား?"

"အစကတော့အဲ့လိုစဥ်းစားထားတာ" အန်းရန်ရဲ့ပုံစံကချောမောလွန်းပြီး ဖြူစင်သန့်ရှင်းတဲ့ပုံပေါက်လေတယ်။ အားနည်းစွာစကားပြောတဲ့အချိန် သူကကာကွယ်မှုလိုအပ်နေသလို ခံစားချက်မျိုးပေးစွမ်းနေတယ်။ ဘာမကောင်းတဲ့စိတ်မှမရှိတဲ့ခံစားချက်မျိုးဖြစ်တယ်။ သူကဖြည်းဖြည်းနဲ့ "ဒါပေမဲ့ ငါအခုအခြားနေရာပဲရှာလိုက်ပါမယ်လေ"

သူတို့နှစ်ယောက်လုံးရဲ့ ခေါင်းပေါ်မှာကင်မရာကိုယ်စီရှိကြတယ်။

ကင်မရာမန်းကလိုက်မရိုက်နေဘူးဆိုပေမဲ့ ပရိသတ်တွေကိုထုတ်လွှင့်ပေးဖို့

အားကစားရုံတစ်ခုလုံးမှာ ရိုက်ကူးနေတဲ့စောင့်ကြည့်ရေး ကင်မရာတွေအပြည့်ရှိတယ်။ ဒီအချိန်မှာအန်းရန်ဒီလိုပြောလိုက်တာက အရမ်းရင်နာဖို့ကောင်းနေလေတယ်။

ကျန်ရှင်းဆွေ့ကပါးစပ်ဖွင့်ဟကာ "မင်းဒီမှာပုန်းလည်းရပါတယ် ငါမင်းကိုမလာနဲ့လို့မပြောပါဘူး"

အန်းရန်ကသူဘာစဥ်းစားနေလဲသိတဲ့ပုံနဲ့ ခေါင်းခါကာ ကျန်ရှင်းဆွေ့ဆီကနှင်ထုတ်ခံနေရတဲ့ပုံနဲ့ "ငါသွားလိုက်တာကောင်းပါတယ် ဒီမှာလူများနေရင်လည်း ပုန်းလို့မကောင်းပါဘူး"

ကျန်ရှင်းဆွေ့စကားမပြောလေဘူး။ အန်းရန်သွားတော့မှာမြင်တော့ ကိုယ်ကိုလှည့်ကာ အထဲသွားပြီးပုန်းလို့ကောင်းမဲ့နေရာသွားရှာတော့တယ်။

အခုသူတို့ကအသင်းဖော်တွေဖြစ်တယ်။ အဲ့လောက်သံသယဝင်နေစရာတော့ မလိုဘူးဖြစ်တယ်။ အခုတော့သူအဲ့လောက်ဂရုစိုက်မနေတော့ဘူး။ ဘယ်သူ့ကိုမှအားကိုးလို့မရဘူး။ သူ့ကိုယ်သူပဲအားကိုးလို့ရမယ်။

အန်းရန်ကအပြင်ဘက်မှာ သူတံခါးဖွင့်ပြီးကန်တင်းတံခါးဆီကနေ ထွက်ခွာတော့မဲ့အချိန်မှာ တစ်ခုခုကိုစဥ်းစားမိသွားတဲ့ပုံပေါ်တယ်။ နောက်တော့တံခါးကိုတင်းတင်းပိတ်မထားခဲ့ဘဲ ကင်မရာကနေကြည့်ရင် မမြင်နိုင်တဲ့အပေါက်သေးလေးချန်ထားခဲ့တယ်။ [eng trans note : သူကပြိုင်ဘက်အသင်းကသူတွေကို အထဲမှာတစ်ယောက်ယောက်ရှိနေတယ်ဆိုတာ သိစေချင်လို့]

..........

မကြာခင်မှာပဲ

တတိယမြောက်အဖွဲ့ကလူတွေဝင်လာတော့တယ်။

ရှန်ရှင်းချန်က နင်ဇယ်၊ ဝမ်းရှန်းကောနဲ့ တခြားသူတွေကို ဦးဆောင်ပြီး ဒုတိယထပ်ထဲဝင်ရောက်လာခဲ့တယ်။ သူကလက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားပြခေါင်ဆောင်လို ပြောလိုက်တယ် "ရှာ ငါကိုရှာပေးကြစမ်း!"

အဓိကရှာရမှာတွေက စာကြည့်တိုက် လေ့ကျင့်ရေးအခန်းတို့ပဲဖြစ်တယ်။ အဲ့အချိန်မှာ ကြေညာချက်တွေကလည်း အဆက်မပြတ်ထွက်ပေါ်နေတယ် :

"နံပါတ်32ကျောင်းသား ဟိုင်လုအထုတ်ခံလိုက်ရပါပြီ အပြာသင်းတစ်မှတ်"

"နံပါတ်5ကျောင်းသား ကျားချီအထုတ်ခံလိုက်ရပါပြီ အပြာသင်းတစ်မှတ်"

"နံပါတ်6ကျောင်းသား......"

ရှန်ရှင်းချန်ကအဲ့အသံတွေကိုကြားတော့ အသံပြုလိုက်ကာ "အသုံးမကျတဲ့အုပ်စုပဲ ဒီသခင်ကြီးကပျံသန်းဖို့ ခေါ်သွားရအုန်းမှာလား အပြာသင်းကဒီလောက်တော်နိုင်လိမ့်မယ်လို့ ငါတော့မယုံပါဘူး ငါရှာမတွေ့သွားစေနဲ့"

ဝမ်းရှန်းကောကလာပြီး "ရှာမတွေ့ဘူးကွ"

သူတို့အုပ်စုကန်တင်းရှေ့ကအခုလေးတင် ဖြတ်သွားကြတာဖြစ်တယ်။

ရှန်ရှင်းချန်အံ့သြသွားပြီး "ကျန်ရှင်းဆွေ့ဘယ်ရောက်သွားတာလဲ?"

ဝမ်းရှန်းကော "ပုန်းနေပြီနေမှာ"

"အဲ့ကောင်လေးတော်တော်ပုန်းနိုင်သားပဲ" ရှန်ရှင်းချန်နှာမှုတ်လိုက်တယ်။ ဒါပေမဲ့သူဖြတ်သွားတော့မဲ့အချိန်မှာပဲ ခြေလှမ်းတွေကိုရပ်တန့်လိုက်တယ် "ဒီနေ့ကန်တင်းဖွင့်တာလား? တံခါးကဘယ်လိုလုပ်ပွင့်နေတာလဲ?"

နင်ဇယ်က "ပြောမရဘူး အထဲမှာတစ်ယောက်ယောက်ရှိနေနိုင်တယ်"

ရှန်ရှင်းချန်အဲ့တာကိုကြားတော့ စိတ်လှုပ်ရှားသွားပြီး "ဝင်ပြီးကြည့်ကြည့်ရအောင်"

တံခါးကအဖွင့်ခံလိုက်ရပြီးတော့ ရှန်ရှင်းချန်ယိမ်းထိုးပြီးအထဲဝင်သွားတယ်။ ပြီးတော့သူ့ဘေးကထိုင်ခုံကိုတောင် ကန်လိုက်သေးတယ်။ အသံကျယ်ကြီးကကန်တင်းထဲဟိန်းထွက်သွားတော့တယ်။ သူ့နောက်မှာလူ၃ယောက်၄ယောက်လောက်ရှိနေတယ်။ သူတို့အုပ်စုကပြင်းထန်စွာပဲ ရှာဖွေကြတော့တယ်။ ပြီးတော့သူတို့ပုန်းနေတဲ့ကျန်ရှင်းဆွေ့ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ အားလုံးရဲ့အကြည့်တွေအောက်မှာပဲ သွက်လက်နေတဲ့ပုံသဏ္ဌာန်လေးက ဗီရိုထဲကနေလစ်ထွက်ကာ အနောက်ဘက်တံခါးဆီ တန်းတန်းပြေးတော့တယ်။

ဝမ်းရှန်ကောက အော်ပြောလိုက်တယ် "သူထွက်ပြေးသွားပြီ"

ရှန်ရှင်းချန်ကသူ့ရေသေနတ်ကိုယူလိုက်ပြီး "မင်းဘယ်ပြေးတာလဲ?"

ကျန်ရှင်းဆွေ့စိတ်ထဲမှာစဥ်းစားမိနေတယ်။ အဲ့စကားကအပိုပဲမဟုတ်လား။ ငါကမပြေးလို့သူတို့ဝိုင်းတာခံရမှာလား? ကံကောင်းစွာပဲ အနောက်တံခါးကလူသိပ်မလာတဲ့ လှေကားနဲ့ဆက်ထားတာဖြစ်တယ်။ ပြီးတော့အဲ့တာကပြေးဖို့ရာ အရမ်းမြန်လေတယ်။ ဒီအချိန်အတွင်းမှာ အကလေ့ကျင့်တဲ့အားအင်က နည်းနည်းနောနောမှမဟုတ်တာ ပြေးလိုက်ရင်လွယ်ကူနေသေးတယ်။ အသက်တစ်ရှိုက်အတွင်း နှစ်လှမ်းသုံးလှမ်းလောက်ရောက်နိုင်တယ်။

ရှန်ရှင်းချန်ကအနောက်ကနေအော်နေတယ် "မင်းကမြင်းလားဟ ပြေးတာဒီလောက်မြန်နေတာ"

ကျန်ရှင်းဆွေ့ကသူတို့ကိုတစ်ထပ်လောက်မှာ ချန်ထားခဲ့နိုင်ပြီ။ သူသက်ပြင်းချတော့မဲ့အချိန်မှာ ကော်ရစ်တာဘက်ကနေ အနီအသင်းနောက်တစ်ဖွဲ့ကို တွေ့လိုက်ရပြန်တယ်။ သူတို့ကလည်းကျန်ရှင်းဆွေ့ကိုမြင်တော့ အံ့အားသင့်သွားကြတယ်။ လီရွှိအန်းကအရင်အော်လိုက်တဲ့သူဖြစ်တယ် "သူ့ကိုဖမ်း!"

ကျန်ရှင်းဆွေ့ထပ်ပြီးပြေးရပြန်တော့တယ်။

သူအလျင်လိုနေတာကြောင့် ဆက်ပြီးပြေးနေဖို့ပဲတတ်နိုင်တော့တယ်။ သူရပ်လိုက်တာနဲ့ သူအဖမ်းခံလိုက်ရမှာ။ သူခေါင်မိုးထပ်ကိုရောက်တော့မှာဆိုတာ မြင်လိုက်ရတယ်။ ကျန်ရှင်းဆွေ့ရွေးချယ်ခွင့်မရှိစွာပဲ တက်လိုက်ပြီးတော့ ခေါင်မိုးထပ်ကိုပိတ်လိုက်ဖို့ ချိပ်ကိုလှမ်းယူလိုက်တယ်။

"ဟူး..."

သူနောက်ဆုံးတော့ရပ်လို့ရသွားခဲ့ပြီ။ အသက်လုရှူနေရတုန်း သူကြမ်းပြင်ပေါ်ပစ်ထိုင်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်တော့ လက်ရန်းကိုမှီပြီးဆေးလိပ်သောက်နေတဲ့ လူကြီးရဲ့မျက်လုံးတွေနဲ့ အကြည့်ဆုံသွားတော့တယ်။

ကျန်ရှင်းဆွေ့အမူအရာတွေ အေးခဲသွားတော့တယ်။

ဖုကျင်းရှောင်းကလက်ရန်းကိုမှီနေတယ်။ ပေါ့ပေါ့ပါးပါးအဝတ်အစားနဲ့မင်းသားက သူ့ခြေထောက်တွေကိုချိတ်ထားတယ်။ ဆေးလိပ်တစ်လိပ်က သူ့လက်ဆစ်တွေကြားမှာ အညှပ်ခံထားရတယ်။ ပြီးတော့မီးခိုးတွေကသူ့နှုတ်ခမ်းထဲကနေ ဖြည်းဖြည်းထွက်လာတယ်။ သူကပျင်းရိပြီးsexyကျနေကာ ရင့်ကျက်ပြီးဆွဲဆောင်မှုရှိနေတယ်။

ကျန်ရှင်းဆွေ့ရဲ့အာဒံပန်းသီးလေး လှုပ်ရှားသွားရတယ်။

ဖုကျင်းရှောင်းကမျက်ခုံးပင့်ကာ "မင်း....."

ကျန်ရှင်းဆွေ့စကားမပြောခင် သူခတ်ထားတဲ့တံခါးဆီကနေ တံခါးခေါက်နေတဲ့အသံတွေကြားလိုက်ရတယ်။ ရှန်ရှင်းချန်ကလှမ်းအော်နေတော့တယ် "ကျန်ရှင်းဆွေ့ တံခါးဖွင့်စမ်း မင်းအသံမထွက်ပဲအထဲမှာပဲပုန်းနေတာ မင်းအထဲမှာရှိမှန်းငါသိတယ်နော် မင်းအဲ့မှာဘာလုပ်နေတာလဲ? မင်းအထဲမှာလူရိုင်းနဲ့များတွေ့နေတာလား? လူရိုင်းနဲ့တောင်တွေ့ရဲရင် တံခါးဖွင့်ဖို့လည်းသတ္တိရှိရမှာပေါ့"

".........."

ကျန်ရှင်းဆွေ့နှုတ်ခမ်းတွေ တွန့်ချိတ်သွားတော့တယ်။

မဝေးတဲ့နေရာကဖုကျင်းရှောင်းက အဲ့စကားကိုကြားသွားပြီးတော့ ချိပ်ကိုလည်းကြည့်လိုက်ပြီး အန္တရာယ်ရှိစွာပဲမျက်လုံးတွေကို ကျဥ်းမြောင်းလိုက်တယ်။ သူ့နှုတ်ခမ်းထောင့်မှာ လူတွေကိုကြောက်ရွံ့သွားစေနိုင်တဲ့ အပြုံးတစ်ခုဖြစ်တည်လာတယ်။

ရှန်ရှင်းချန်ကအထဲမှာ ဘယ်သူရှိနေမှန်းမသိသေးမှန်း သိသာတယ်။ သူပြဿနာလုပ်လိုက်မိမှန်းလည်းမသိဘဲ အော်နေဆဲဖြစ်တယ်။

မျက်လုံးရှေ့ကချိပ်ကလှုပ်သွားတာကိုမြင်လိုက်ရတော့ ကျန်ရှင်းဆွေ့ကဖုကျင်းရှောင်းကို အလောတကြီးကြည့်လိုက်ပြီး "ဖုလောင်ရှီး ကျွန်တော်တို့မြန်မြန်ပြေးကြရအောင်"

ဖုကျင်းရှောင်းမျက်ခုံးပင့်လိုက်ပြီး "ပြေးမယ်?"

သူတို့နဲ့မတူစွာပဲ ရှန်ရှင်းချန်လိုအဆင့်မြင့်တဲ့သူနောက်ကို ကင်မရာမန်းလိုက်တာဖြစ်တယ်။ ကျန်ရှင်းဆွေ့ကအလျင်အမြန်နဲ့ "ခဏနေသူတို့တက်လာလို့ လောင်ရှီးဆေးလိပ်သောက်နေတာကို ရိုက်ကူးမိသွားရင်မကောင်းဘူးလေ အဲ့အချိန်ကျလိုင်းပေါ်မှာသေချာပေါက် လူတွေကသတင်းလုပ်ပြောကြလိမ့်မယ် လောင်ရှီးနာမည်သတင်းအတွက်မကောင်းဘူး ချိပ်လည်းမပွင့်သေးဘူးဆိုတော့ ကျွန်တော်တို့မြန်မြန်ပြေးကြရအောင်ပါ"

ဖုကျင်းရှောင်းပါးစပ်ဟလိုက်တဲ့အချိန် စကားမပြောရသေးခင်မှာပဲ ချိပ်ကလှုပ်နေတဲ့အရိပ်အယောင်ပြနေလေပြီ။

ရုပ်ရှင်ဧကရာဇ်အရှင်အစက သူရိုက်ကူးခံရမှာကိုမကြောက်တဲ့အကြောင်းပြောချင်ပေမဲ့ သခင်ကိုကာကွယ်ပေးချင်နေတဲ့သိမ်းငှက်လေးက ဆွဲပြေးသွားလေပြီ။ သူကဖုကျင်းရှောင်းရဲ့လက်ကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကိုင်ပြီးပြေးလေတယ် "ကျွန်တော်မှတ်မိတာဒီခေါင်မိုးထပ်မှာ တခြားအရေးပေါ်ထွက်ပေါက်တစ်ခု ရှိသေးတယ် ကျွန်တော်တို့မြန်မြန်ပြေးရအောင် ရှင်းချန်လက်ထဲမှာရေသေနတ်ရှိနေသေးတယ်"

ချိပ်ပိတ်ထားတာက ဘယ်လောက်မှမခံနိုင်တော့ပဲ နောက်ဆုံးတော့ပွင့်သွားခဲ့တယ်။

ရှန်ရှင်းချန်ကပထမဆုံးတက်လာတဲ့သူဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူကတစ်လျှောက်လုံးကျန်ရှင်းဆွေ့ကို လိုက်ဖမ်းနေခဲ့လို့ဖြစ်တယ်။ မသိကျိုးကျွန်ပြုခံထားရတဲ့ ကျန်ရှင်းဆွေ့ကတစ်လျှောက်လုံး ကင်မရာရိုက်ချက်တွေရနေခဲ့တယ်။ ရှန်ရှင်းချန်ခေါင်မိုးထပ်ရောက်လို့ တစ်ယောက်ကိုမှမမြင်တဲ့အခါ သူကလက်ကိုဝေ့ယမ်းပြလိုက်ပြီး "သူတခြားတံခါးကနေထွက်ပြေးသွားပြီ မြန်မြန်"

သူတို့အုပ်စုက တခြားကော်ရစ်တာဘက်ကို ပြေးသွားကြပြန်တယ်။

ကျန်ရှင်းဆွေ့ကဖုကျင်းရှောင်းလက်ကိုဆွဲပြီး အပေါ်ကနေပြေးဆင်းလာခဲ့တယ်။ ရပ်တောင်မရပ်ရသေးခင်မှာပဲ ကော်ရစ်တာကနေလာနေတဲ့ အုပ်စုကိုမြင်လိုက်ရတယ်။

ရှန်ရှင်းချန်ကအဝေးကတည်းက ရေသေနတ်နဲ့လှမ်းပစ်နေပြီ "မင်းဘယ်ကိုပြေးနိုင်မလဲလို့ ကြည့်တာပေါ့ ကူညီတဲ့သူတောင်ရှာလိုက်သေးတယ်? ကောင်းပြီလေ ငါမင်းတို့နှစ်ယောက်လုံးကို ဂရုစိုက်ပေးတာပေါ့"

ရေပက်လာတော့ကျန်ရှင်းဆွေ့က ဖုကျင်းရှောင်းကိုအလျင်အမြန်ဆွဲပြီးပြေးတော့တယ်။ ဒီနေရာမှာတံခါးဖွင့်ထားတဲ့ နေရာတစ်ခုရှိနေတာကောင်းသွားတယ်။ အဲ့တာကြောင့်အမြန်ပဲအထဲဝင်လိုက်ပြီး ကိုယ်လှည့်ပြီးတံခါးပိတ်လိုက်တယ်။ ဘယ်လောက်မှမကြာခင်မှာပဲ အလျင်လိုနေတဲ့ခြေသံတွေကိုကြားလိုက်ရပြီး ရှန်ရှင်းချန်တို့အုပ်စု ထွက်သွားကြတော့တယ်။

ကျန်ရှင်းဆွေ့အဲ့တော့မှ သက်ပြင်းရှည်ကြီးချလိုက်ပြီး "နောက်ဆုံးတော့သွားပြီ"

ဘေးနားကနေ ဖြည်းဖြည်းပြောနေတဲ့အသံထွက်လာတယ် "ပြီးသွားပြီလား?"

ကျန်ရှင်းဆွေ့ကသက်ပြင်းချရင်း ခေါင်းငြိမ့်ပြလိုက်တယ် "ပြီးသွားပြီ"

"အဲ့တာဆို လက်လွှတ်လို့ရပြီလား?" ဖုကျင်းရှောင်းအသံထဲမှာ စနောက်မှုအချို့ပါဝင်နေတယ်။

ကျန်ရှင်းဆွေ့ခန္ဓာကိုယ်ကတောင့်တင်းသွားပြီး တောင့်တောင့်ကြီးနဲ့သူ့ခေါင်းကိုငုံ့ချလိုက်တယ်။ သူကရုပ်ရှင်ဧကရာဇ်အရှင်ရဲ့လက်ကို ကိုင်ထားမိတာကိုသတိထားမိသွားတယ်။ သူစောနကပြာနေပြီးတော့ သတိမထားမိခဲ့ဘူး။ သူလက်တွေကိုအမြန်လွှတ်ချလိုက်ပြီးတော့ မြန်မြန်တောင်းပန်လိုက်တယ် "တောင်းပန်ပါတယ်"

ဖုကျင်းရှောင်းက သူကိုင်လိုက်လို့နီရဲနေတဲ့ လက်လေးကိုဆုပ်ကိုင်ထားတယ်။ ပြီးတော့ဖြည်းဖြည်းပြောလာတာက "တောင်းပန်စရာတော့မလိုပါဘူး မင်းနောက်တစ်ခါကျရင်တော့ ဖြည်းဖြည်းလုပ်ပါ ကိုယ်ကပျောက်သွားမှာလည်းမဟုတ်ဘူးလေ ဘာလို့အဲ့လောက်တင်းတင်းကြီးကိုင်ရတာလဲ?"

နောက်တစ်ခါ.....

ကျန်ရှင်းဆွေ့ဘာလို့မှန်းမသိ ရှက်ရွံ့သွားပြီး နှလုံးကလည်းအရှိန်ပြင်းပြင်းနဲ့ ခုန်ပေါက်နေတယ်။ ဒီတစ်ခဏအတွင်းမှာ ဘာပြောလို့ပြောရမှန်းမသိတော့ဘူး။

ဖုကျင်းရှောင်းကသက်တောင့်သက်သာပဲဖြစ်နေပြီးတော့ သူက "မင်းနောက်ကျောကဘာလို့စိုနေတာလဲ?"

"အင်?" ကျန်ရှင်းဆွေ့အခုမှသတိထားမိသွားပြီး သူက "ရေပက်ခံလိုက်ရတာထင်တယ်"

ပြောနေတုန်းမှာပဲ အပြင်ဘက်ကရှန်ရှင်းချန်ပြန်ရောက်လာတဲ့အသံကိုကြားလိုက်ရတယ်။ လမ်းလျှောက်နေတုန်းမှာကို သူကဝူးဝူးဝါးဝါးနဲ့ပြောနေသေးတယ်။ အရမ်းပဲမောက်မာပြီးတော့ ကျန်ရှင်းဆွေ့ထပ်ပြီး စိတ်လှုပ်ရှားမိပြန်လာတယ်။

ဖုကျင်းရှောင်းကမျက်ခွံလှန်ကြည့်လိုက်ပြီး တံခါးအပြင်ဘက်ကိုကြည့်လိုက်တယ်။ နက်မှောင်နေတဲ့မျက်လုံးတွေက ကျဥ်းမြောင်းသွားပြီး အန္တရာယ်ရှိတဲ့အမူအရာတစ်ခုထွက်ပေါ်လာတယ်။ သူ့လက်ထဲကစီးကရက်ကို ပစ်လိုက်ပြီးတော့ နှုတ်ခမ်းတွေကိုတွန့်ချိုးလိုက်တယ်။ ပြီးတော့သူ့နောက်ကကျန်ရှင်းဆွေ့ကို ပြောလိုက်တယ် "မင်းပြန်ပြီးတိုက်ချင်လား?"

ကျန်ရှင်းဆွေ့ကြောင်အသွားပြီးတော့ "အာ?"

ဖုကျင်းရှောင်းက "မင်းကိုမေးနေတာ"

"တိုက်တော့တိုက်ချင်တယ်" ကျန်ရှင်းဆွေ့ကသံသယဖြစ်စွာနဲ့ "ဒါပေမဲ့ကျွန်တော်တစ်ယောက်ထဲ သူတို့အများကြီးကိုမနိုင်နိုင်ဘူး"

ဖုကျင်းရှောင်းက ရယ်လိုက်ပြီး "ကိုယ်ကလူမဟုတ်ဘူးပေါ့?"

ကျန်ရှင်းဆွေ့အဲ့တော့မှ ဘာအဓိပ္ပာယ်လဲဆိုတာ သဘောပေါက်တော့တယ်။ သူ့မျက်လုံးတွေကအံ့သြမှုကြောင့် ပြူးကျယ်သွားရတော့တယ်။ သူလုံးဝမထင်ထားတာက သူနဲ့တစ်လျှောက်လုံးဘယ်သူမှအဖွဲ့မဖွဲ့ကြပဲ ဖွဲ့ဖြစ်သွားတော့လည်း နည်းပြတစ်ယောက်နဲ့ဖြစ်နေတယ်!

ဒါပေမဲ့ပြဿနာအချို့တော့ရှိနေဆဲပဲ။ ကျန်ရှင်းဆွေ့ကစိတ်ပူစွာနဲ့ "ဖုကော ကောရဲ့တံဆိပ်ကအမှတ်နှစ်ဆလေ သူတို့ကအဲ့တာအတွက်ရူးသွပ်နေကြရင် ကျွန်တော်တို့နှစ်ယောက်အဲ့တာကို သည်းခံနိုင်မယ်မထင်ဘူး ပြီးတော့သူတို့မှာ လက်နက်တွေလည်းရှိနေသေးတယ်..."

သူစဥ်းစားနေတဲ့အချိန်မှာပဲ ဖုကျင်းရှောင်းကသူ့ကို တိတ်တဆိတ်ကြည့်နေတယ်။

သူတို့

ကျန်ရှင်းဆွေ့ဒီလိုပြောတာကြားရတော့ ကိုယ်နဲ့တစ်သင်းထဲဖြစ်နေပြီလို့ သတ်မှတ်ထားပြီးပြီလို့ဆိုလိုတာလား?

ကိုယ့်တံဆိပ်ကို သူ့ကိုပေးပြီးအမှတ်တိုးအောင် လုပ်ပေးလို့ရတယ်ဆိုတာကိုရော မေ့နေတာလား?

ဖုကျင်းရှောင်းက သူ့ရဲ့စိတ်လှုပ်ရှားနေပြီး အတည်ကြီးစဥ်းစားနေတဲ့ ပုံစံကိုမြင်ပြီးတော့ နှုတ်ခမ်းတွေတွန့်ကွေးသွားပြီး အပြုံးတစ်ခုဖြစ်တည်လာတော့တယ်။ ကျန်ရှင်းဆွေ့ကပါးစပ်ဖွင့်ပြီး စကားပြောတော့မဲ့အချိန်မှာပဲ လက်တစ်စုံကအနားရောက်လာပြီး သူ့ခေါင်းလေးကိုပွတ်သပ်ပေးတယ်။ သူ့ပါးစပ်ဖျားကစကားတွေ ရပ်တန့်ကုန်တော့တယ်။ ဖုကျင်းရှောင်းကသူ့ကထက် ခေါင်းတစ်လုံးလောက်ပိုမြင့်လေတယ်။ အဲ့ဒီယောကျ်ားက နှစ်သိမ့်တဲ့အနေနဲ့ ဆံပင်တွေကိုပွတ်သပ်ပေးနေပြီးတော့မှ ပါးစပ်ဖွင့်ဟကာ "မင်းအထင်ကိုယ်ကရှုံးမယ်ထင်လို့လား?"

ကျန်ရှင်းဆွေ့စကားတွေက ရုတ်ချည်းရပ်တန့်သွားတော့တယ်။

ခေါင်းမော့ကြည့်လိုက်တာနဲ့ ဖုကျင်းရှောင်းရဲ့ချောမောတဲ့မျက်နှာကို တွေ့လိုက်ရတယ်။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုဆင်မြန်းထားတယ်။ သူ့ကြည့်ရတာကြင်နာပုံပေါက်ပေမဲ့ ရက်စက်တဲ့မုဆိုးတစ်ယောက်နဲ့ ပိုတူနေတယ်။ သူ့သားကောင်ကိုဖမ်းတော့မဲ့အချိန်မှာလို အပြုံးတစ်ခုကိုထုတ်ဖော်ပြနေတယ်။

"အချိန်တော်တော်များများမှာ လူများတာနဲ့နိုင်နိုင်တာမဟုတ်ဘူး" ရုပ်ရှင်ဧကရာဇ်ဖုက ကျန်ရှင်းဆွေ့ခေါင်းကိုပုတ်လိုက်ပြီး "ဒီနေရာကိုအားကိုးရမှာ"

ကိုယ်ကိုလှည့်လိုက်တော့ ရိုက်ကူးရေးအဖွဲ့ရဲ့အသုံးအဆောင်တွေထားတဲ့ အခန်းဖြစ်တယ်။

ဒါပေမဲ့ ဒီအခန်းထဲမှာအရေးကြီးပစ္စည်းတစ်ခုမှမရှိလေဘူး။ အကုန်လုံးကဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေနဲ့ စကပ်တို့ ယပ်တောင်တို့ အဲ့လိုမျိုးတွေပဲဖြစ်ပြီး အခြေခံအားဖြင့်အသုံးမဝင်ကြဘူး။ ဒါပေမဲ့ဖုကျင်းရှောင်းကနံရံတစ်ခုဆီသွားပြီး နံရံပေါ်ကမျက်နှာဖုံးတစ်ခုကို ယူလိုက်ပြီးတပ်လိုက်တယ်။ အဲ့တာကမြေခွေးဖြူမျက်နှာဖုံးတစ်ခုဖြစ်ပြီး ဆန်းကြယ်ပြီး ချောမောတဲ့ပုံပေါက်လေတယ်။ သူကလှည့်လာပြီးမေးတယ် "ဘယ်လိုနေလဲ?"

ကျန်ရှင်းဆွေ့ကအရူးအမူးပဲခေါင်းငြိမ့်ပြလိုက်တယ် "ကြည့်လို့ကောင်းတယ်"

ဖုကျင်းရှောင်းက ကျန်ရှင်းဆွေ့ကိုကြည့်ပြီးပြောလိုက်တယ် "မင်းလက်ထဲမှာတစ်ခြားတစ်ယောက်ရဲ့တံဆိပ်ရှိလား?"

ကျန်ရှင်းဆွေ့ဆီမှာတကယ်ပဲ တစ်ခုရှိနေတယ်။ သူပြေးနေတုန်းကတစ်ယောက်ရဲ့ဟာကို လုထားလိုက်တာဖြစ်တယ်။ သူအခုထိအိတ်ထဲရှိနေတုန်းပဲ။

ကျန်ရှင်းဆွေ့ကလက်ဆန့်ထုတ်လိုက်ပြီး "ထုတ်လိုက်"

ကျန်ရှင်းဆွေ့ကလိမ်လိမ်မာမာနဲ့ပဲ ထည့်ပေးလိုက်တယ်။

ဖုကျင်းရှောင်းက ယူလိုက်ပြီးပြုံးလိုက်တယ် "မင်းကိုယ့်ကိုအဲ့လောက်ယုံတာလား တကယ်လို့ကိုယ်ကယူပြီးပြေးရင်ရော?"

ကျန်ရှင်းဆွေ့ကအရမ်းသေချာတဲ့ပုံနဲ့ "ကောကအဲ့လိုလုပ်မှာမဟုတ်ပါဘူး"

..........

အခန်းထဲတစ်ခဏလောက်တိတ်ဆိတ်သွားတယ်။

ဖုကျင်းရှောင်းက ကျန်ရှင်းဆွေ့ကိုနက်နက်ရှိုင်းရှိုင်းကြည့်နေပေမဲ့ ဘာမှတော့မပြောလာလေဘူး။ သူကကိုယ်ကိုကိုင်းလိုက်ပြီးတော့ တစ်ယောက်ရဲ့တံဆိပ်ကိုကျန်ရှင်းဆွေ့ပေါ်တင်လိုက်ပြီး ပြောလာတယ် "အခုကိုယ့်ကိုလမ်းရှာပြီး မင်းအဆောင်ဆီခေါ်သွားပေး မင်းရဲ့လေ့ကျင့်ရေးယူနီဖောင်းတစ်စုံလောက် ရှာရမယ်"

ကျန်ရှင်းဆွေ့ကရုပ်ရှင်ဧကရာဇ်ဖုဘာလုပ်ချင်တာလဲဆိုတာ ခန့်မှန်းမိနေပြီဖြစ်တယ်။ သူကအံ့အားသင့်စွာနဲ့ "ကော ကောက....."

"အင်း" ဖုကျင်းရှောင်းက မျက်နှာဖုံးကိုလက်ထဲမှာလှည့်လိုက်တယ်။ မျက်နှာဖုံးတစ်ခုပဲဆိုပေမဲ့ သူကမုဆိုးတစ်ယောက် သေနတ်ကိုမပစ်ခင် လက်ထဲမှာလှည့်လိုက်သလိုမျိုး ခံစားချက်ကိုပေးစွမ်းနိုင်တယ်။ ပြီးတော့ပြုံးပြီးသူကို။ အဲ့အချိန်တစ်ခဏမှာ ပျင်းပျင်းရိရိနဲ့ပြုံးနေတတ်တဲ့မျက်လုံးထဲမှာ လူသတ်ငွေ့တွေပုန်းအောင်းနေသလိုပဲ။ သူကဖြည်းဖြည်းပြောလာတယ် "သွားစို့ ကိုယ်သူတို့ကိုဂရုစိုက်ပေးလိုက်မယ်"

ဘာကြောင့်မှန်းမသိ ကျန်ရှင်းဆွေ့အဲ့တာကိုကြားတော့ နောက်ကျောဘက်ကအေးလာသလို ခံစားလိုက်ရလေတယ်။

ပြီးတော့တစ်ဖက်က လူပိုများနေတဲ့အခြေအနေမှာပေမဲ့ ဒီအချိန်မှာတော့ သူရှန်ရှင်းချန်ကိုအေးအေးဆေးဆေးသွားစေချင်တယ်။

___________________
Word – 8117
Oct 9th, 2022 (Sun)
Xiao Dream

ဒီအပိုင်းကအရှည်ကြီးပဲဗျို့။ မနည်းရေးလိုက်ရတယ်။



Zawgyi

ဂိမ္းစတင္ျခင္း
______________

အားကစားခန္းမ_____[StarLight]ပထမဆုံးျပန္ၿပီး ႐ိုက္ကူးတဲ့ေန႔။

အေဆာင္ထဲမွာ ေက်ာင္းသားေတြေတာ္ေတာ္မ်ားမ်ားက အိပ္ရာထၾကၿပီ။ အားလုံးကဒီေန႔ျပန္႐ိုက္ကူးရမဲ့အေၾကာင္းကို ေျပာေနၾကတယ္။ ဒုတိယအႀကိမ္voteေပးဖို႔ တစ္ပတ္ေလာက္လိုေသးတယ္။ ဒီႏွစ္ရက္အတြင္းမွာ voteေပးဖို႔နာမည္စာရင္းေတြ ေၾကညာေပးေတာ့မွာျဖစ္တယ္။

ဝမ္းရွန္းေကာမနက္ကတည္းက ေတာက္ေလွ်ာက္ေျပာေနတာျဖစ္တယ္ "ငါအထုတ္မ်ားခံရမလားမသိဘူး....."

တကယ္ဆို လူေတာ္ေတာ္မ်ားမ်ားက ဖုန္းေတြရယူၿပီးသြားၾကၿပီ။

ဒါေပမဲ့လြန္ခဲ့တဲ့ႏွစ္ရက္ကပဲ ႐ိုက္ကူးေရးအဖြဲ႕ကဖုန္းေတြ ျပန္သိမ္းသြားေလတယ္။ ေန႔တိုင္းအဆင့္ေတြက အတက္လည္းရွိႏိုင္သလို အက်ေတြလည္းရွိႏိုင္တယ္။ ဝမ္းရွန္းေကာကတစ္ေလွ်ာက္လုံး အေတြးမ်ားတတ္တဲ့ေကာင္ေလးျဖစ္တာေၾကာင့္ ဒီတစ္ခဏမွာ ေပါက္ေပါက္ေဖာက္သလိုေျပာေနေတာ့တယ္။ သူ႔အဆင့္ကအရမ္းေကာင္းတဲ့ထဲမပါတဲ့အတြက္ စိတ္ပူေနရတာျဖစ္တယ္။

က်န္ရွင္းေဆြ႕က အျပင္မွာကိုယ္လက္သန္႔စင္ေနတာျဖစ္ၿပီး သူ႔ေဘးကေတာ့ အတူတူမ်က္ႏွာသစ္ သြားတိုက္လုပ္ေနတဲ့ ရွန္ရွင္းခ်န္ျဖစ္တယ္။

ရွန္ရွင္းခ်န္ကသြားတိုက္ရင္း သူ႔ကိုၾကည့္လိုက္ကာ စိတ္ေကာင္းမရွိေနတဲ့ပုံနဲ႔ "မင္းငါ့ကိုတစ္ေလွ်ာက္လုံး ၾကည့္ေနၿပီးေတာ့ဘာလုပ္တာလဲ? ငါ့မ်က္လုံးထဲမွာ မ်က္ေခ်းေတြရွိေနလို႔လား?"

က်န္ရွင္းေဆြ႕ကျဖည္းျဖည္းေခါင္းခါလိုက္ၿပီး သူခဏတန္႔ေနၿပီးေတာ့မွ သတၱိေတြထုတ္လာၿပီး ေျပာလာတယ္ "ရွင္းခ်န္ ဒီတစ္ေခါက္ကိစၥက မင္းကိုေက်းဇူးတင္ပါတယ္ေနာ္!"

?

ရွန္ရွင္းခ်န္က "ဘာကိစၥလဲ?"

က်န္ရွင္းေဆြ႕ေၾကာင္သြားကာ ရွင္းျပလိုက္တယ္ "ဟိုဟာေလ ႐ိုက္ကူးေရးအဖြဲ႕editလိုက္တဲ့ကိစၥ"

"ေအာ အဲ့ကိစၥလား" ရွန္ရွင္းခ်န္ကခြက္ထဲကေရနဲ႔ ပလုတ္က်င္းလိုက္ၿပီးေတာ့မွ ေျပာလာတယ္ "မင္းအဲ့တာကိုဂ႐ုစိုက္မေနပါနဲ႔ ငါေတာင္စိတ္ထဲထားမေနဘူး"

ဒါကရွန္ရွင္းခ်န္အတြက္ေတာ့ ဒီတိုင္းေလးကူညီေပးလိုက္တာမွန္း က်န္ရွင္းေဆြ႕သိတယ္။ ဒါေပမဲ့သူ႔အတြက္ကေတာ့ မိုးေလာက္ႀကီးမားတဲ့ ျပႆနာႀကီးကိုေျဖရွင္းေပးလိုက္တာပဲ။ သူအခ်ိန္အၾကာႀကီး ကိုယ့္ကိုယ္ကိုမွီခိုရတာကိုပဲ အသားက်ေနခဲ့ၿပီျဖစ္တယ္။ အထူးသျဖင့္အန္းရန္ထြက္ေပၚလာၿပီးတဲ့ေနာက္မွာ ဘာကိစၥဘာအခက္အခဲပဲျဖစ္ျဖစ္ ဘယ္သူမွသူ႔ကိုနားေထာင္မေပးခ်င္ၾကဘူး။ အဲ့လိုေတြမ်ားလာရင္ အစပိုင္းမွာေတာ့သူေျဖရွင္းဖို႔ ႀကိဳးစားအုန္းမွာေပမဲ့ ေနာက္ပိုင္းသူသိလာရတာက သူ႔စကားလုံးကပ်က္လုံးေတြသာသာပဲ ျဖစ္ေနခဲ့တယ္ဆိုတာပဲ။

႐ုတ္တရက္တျခားတစ္ေယာက္ဆီကေန အကူညီခံလိုက္ရေတာ့ သူ႔ပထမဆုံးတုံ႔ျပန္မႈက ေပ်ာ္႐ႊင္သြားတာမဟုတ္ဘဲ ဘယ္လိုေက်းဇူးျပန္ဆပ္ရမလဲနဲ႔ ဘယ္လိုေက်းဇူးတင္ရမလဲပဲ။ တစ္ခ်ိန္ထဲမွာပဲ အနည္းငယ္ေတာ့ေၾကာင္အသြားမိတယ္။

"ဘယ္လိုပဲျဖစ္ျဖစ္ေက်းဇူးေတာ့တင္ရမွာေပါ့" က်န္ရွင္းေဆြ႕ကျဖည္းျဖည္းေျပာလိုက္တယ္ "ငါ့ကိုအႀကီးႀကီးကူညီလိုက္တာကို"

ရွန္ရွင္းခ်န္ကေရပိုက္ဖြင့္ကာ မ်က္ႏွသစ္ရင္း ေျပာလာတယ္ "အဲ့တာမင္းငါ့ကိုေက်းဇူးတင္မေနနဲ႔ ငါကအိမ္ကိုဖုန္းဆက္ၿပီး ေျပာျပလိုက္႐ုံပဲ ေက်းဇူးတင္ခ်င္ရင္ ငါ့အေဖ၊ အေမ နဲ႔အစ္ကို,ကိုပဲ ေက်းဇူးတင္ရမွာ ေအာ ဖုေကာကလည္း ဝင္ၿပီးကူေျပာေပးခဲ့တယ္လို႔ ေျပာသံၾကားေသးတယ္"

က်န္ရွင္းေဆြ႕ကေၾကာင္အသြားကာ "ဖုေကာ?"

ရွန္ရွင္းခ်န္ကေခါင္းၿငိမ့္ကာ "အင္းေလ"

ဖုေကာကလည္း ဝင္ၿပီးကူေျပာေပးတယ္တဲ့လား?

ဘာလို႔လဲ?

႐ိုက္ကူးေရးအဖြဲ႕editလိုက္တာ သူ႔ကိုလည္းထိသြားလို႔လား။ အဲ့တာေၾကာင့္ ဝင္ကူညီေပးလိုက္တာလား?

ဘယ္လိုပဲျဖစ္ျဖစ္.....သူ႔ေၾကာင့္ေတာ့မျဖစ္ႏိုင္ဘူးမလား?

ရွန္ရွင္းခ်န္ေျပာလာတာက "ငါေနာက္မွာငါ့အစ္ကိုေျပာတာၾကားလိုက္တာ သူဒီေလာက္ထိစိတ္မဆိုးတာၾကာၿပီတဲ့ မင္းကိစၥေၾကာင့္မထင္မွတ္ထားစြာပဲ ဒီေလာက္ထိေဒါသထြက္သြားတယ္တဲ့ေလ သူေတာင္လန္႔သြားရေသးတယ္ဆိုပဲ"

က်န္ရွင္းေဆြ႕က မယုံရဲပဲ "ေဒါသထြက္တယ္? ဖုေကာစိတ္ဆိုးသြားတာလား? ငါ့အတြက္ေၾကာင့္ေတာ့ မျဖစ္ႏိုင္ဘူးမလား"

ရွန္ရွင္းခ်န္မ်က္ႏွာကို သုတ္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္ "မင္းဘာလို႔အဲ့ေလာက္ ကိုယ့္ကိုယ္ကိုယုံၾကည္မႈမရွိျဖစ္ေနတာလဲ မင္းကလည္းဘယ္သူ႔ထက္မွ နိမ့္က်မေနပါဘူး"

မင္းကလည္းဘယ္သူ႔ထက္မွ နိမ့္က်မေနပါဘူး....

အဲ့စကားတစ္ခြန္းက အသံတိတ္တူတစ္ေခ်ာင္းလိုပဲ။ က်န္ရွင္းေဆြ႕ရဲ႕ႏွလုံးသားေလးကို အဆုံးမဲ့ပဲ့တင္သံေတြနဲ႔ ၾကမ္းတမ္းစြာ႐ိုက္ခတ္ေနတယ္။

က်န္ရွင္းေဆြ႕ပါးစပ္ထဲက စကားေတြအကုန္ျပန္ဝင္သြားေတာ့တယ္။ သူဘာစကားမွထြက္မလာေတာ့ဘူး။ ဒီစကားကိုဘယ္လိုျပန္ေျဖသင့္လဲသူမသိဘူး။ ရွန္ရွင္းခ်န္ကသူ႔ပုခုံးကိုပုတ္လိုက္ၿပီး အလယ္တန္းေကာင္ေလးက သူ႔ကိုအၾကည့္တစ္ခ်က္ေပးလာတယ္ "အရင္ကမင္းက တကယ္ပဲနိမ့္ေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ ဒါေပမဲ့အခုေတာ့ မင္းကငါ့ညီငယ္ေလးေလ အဲ့တာေၾကာင့္မင္းကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ထား ငါ့ကိုမ်က္ႏွာမပ်က္ေစနဲ႔"

".........."

ဒီေကာင္ေလးရဲ႕စကားက က်န္ရွင္းေဆြ႕ႏွလုံးသားကို လႈပ္ရွားသြားေစတယ္။ ၿပီးေတာ့သူဘယ္လိုျပန္ေျဖသင့္လဲမသိေတာ့ဘူး။

သန္႔စင္ၿပီးသြားေတာ့ သူတို႔အုပ္စုကေဟာထဲကို တူတူသြားလိုက္ၾကတယ္။ ကင္မရာမန္းေတြက အဲ့မွာေစာင့္ေနတာၾကာေနေလၿပီ။ ၿပိဳင္ပြဲဝင္ေတြအေဆာင္ကထြက္လာၾကတာနဲ႔ သူတို႔ကစၿပီး႐ိုက္ကူးၾကၿပီျဖစ္တယ္။

ပရိတ္သတ္ေတြကလည္း အၾကာႀကီးေစာင့္ေနခဲ့ၾကတာျဖစ္တယ္။

"ငါ့ရဲ႕ေသြးမေတာ္သားမစပ္သားေလးေရ မေတြ႕ရတာၾကာၿပီေနာ္"

"မင္းေလးတို႔ကိုၾကည့္ဖို႔ ငါႏႈိးစက္ေတာင္ေပးထားခဲ့တာ"

"ဟားဟားဟား ငါဒိတ္သြားလုပ္တာေတာင္ ဒီေလာက္အခ်ိန္မမွန္ဖူးဘူး"

"မင္းတို႔ရဲ႕ေန႔ရက္ေတြၾကည့္ၿပီး မားမားကမင္းတို႔ကို အၿမဲလြမ္းေနရတာကေလးေလးေတြေရ"

ၿပိဳင္ပြဲဝင္ေတြကအစုစုနဲ႔ ေဟာထဲသြားေနၾကတယ္။ အဲ့မွာနည္းျပေတြကေစာင့္ေနၾကၿပီျဖစ္တယ္။

နည္းျပေလးေယာက္က ဒီေန႔ၾကည့္ရတာအရမ္းတက္ႂကြလို႔ေနတယ္။ လီေလာင္ရွီးကဒီေန႔ သူ႔ရဲ႕ေအးစက္ၿပီး ေစ်းႀကီးတဲ့သားေရအက်ႌနဲ႔ hostလုပ္ေနဆဲပဲျဖစ္တယ္။ ထူရာကေတာ့စကပ္ေလးဝတ္ထားၿပီး ၾကည့္ရတာေတာက္ပကာ လွပလို႔ေနတယ္။ ႐ုပ္ရွင္ဧကရာဇ္ဖုကေတာ့ အားကစားဝတ္စုံမီးခိုးေရာင္ေလးဝတ္ထားတယ္။ အဲ့တာက႐ိုး႐ိုးအားကစားဝတ္စုံေလးေပမဲ့ သူဝတ္လိုက္ေတာ့ ထူးျခားသြားကာက်က္သေရရွိတဲ့ခံစားခ်က္ ရေနေတာ့တယ္။

ေဟာထဲဝင္ေနတဲ့အခ်ိန္ ၿပိဳင္ပြဲဝင္ေတြေတာ္ေတာ္မ်ားမ်ားက စကားေျပာေနၾကကာ တဟားဟားနဲ႔ရယ္ေနၾကတယ္။ သူတို႔အထဲဝင္လိုက္ေတာ့ ႐ုပ္ရွင္ဧကရာဇ္ဖုက ေအးစက္စက္နဲ႔ရပ္ေနတာၿပီး သူတို႔ကိုတိတ္တဆိတ္ၾကည့္ေနတာ ေတြ႕လိုက္ရတယ္။ သူတို႔လည္းအဲ့လိုနဲ႔ပါးစပ္ေတြပိတ္ကုန္ေတာ့တယ္။

အားလုံးစည္းကမ္းရွိရွိနဲ႔ တန္းစီရပ္ၿပီးသြားၾကတဲ့ေနာက္မွာ လီေလာင္ရွီးက ေျပာလာတယ္ "သက်ားေဟာင္ (အားလုံးမဂၤလာပါ)"

ေက်ာင္းသားေတြကလည္း ျပန္ေျပာၾကတယ္ "ေလာင္ရွီးေဟာင္ (မဂၤလာပါေလာင္ရွီး)"

လီေလာင္ရွီးကၿပဳံးကာ ေျပာလာတယ္ "ဒီရက္ပိုင္းကိုယ္ၾကားတာ ႐ိုက္ကူးေရးအဖြဲ႕က မင္းတို႔ကိုအကဆရာေတြနဲ႔ သီခ်င္းနည္းျပေတြကို ဖိတ္ေပးခဲ့တယ္ဆို အားလုံးေတာ္ေတာ္ပင္ပန္းသြားၾကၿပီလား?"

အဲ့တစ္ခဏမွာ အားလုံးကညဥ္းတြားကုန္ၾကတယ္။

"အရမ္းပင္ပန္းခဲ့ရပါတယ္ နည္းျပ"

"ရက္ေတြအမ်ားႀကီးေလ့က်င့္ခဲ့ရတာ ကြၽန္ေတာ့္ေျခေထာက္ေတြေတာင္ နာေနၿပီ"

"ေျပာမေနပါနဲ႔ေတာ့"

ဒါကလီေလာင္ရွီးၾကားခ်င္ေနတဲ့ဟာပဲ ျဖစ္ပါလိမ့္မယ္။ သူကၿပဳံးလိုက္ကာ "အဲ့တာေၾကာင့္ ဒီေန႔ကဂိမ္းကစားမွာပဲျဖစ္ပါတယ္ အားလုံးအတူတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေဆာ့ၾကပါမယ္ အႏိုင္ရသြားရင္ ဆုအႀကီးႀကီးေတြရွိတယ္ေနာ္"

အားလုံးကၾကားၿပီးသြားေတာ့ ေၾကာင္အသြားၾကတယ္။

လီေလာင္ရွီးက ဒီေန႔ရဲ႕ဂိမ္းစည္းမ်ဥ္းေတြကို ဖတ္ျပလိုက္တယ္။ သူေျပာေနတဲ့အတိုင္း ေဘးကဝန္ထမ္းေတြကလည္း ပန္ကန္ျပားေတြသယ္ၿပီးဝင္လာၾကတယ္။ အေပၚမွာတင္ထားတာကေတာ့ အနီနဲ႔အျပာ အေရာင္ႏွစ္ေရာင္နဲ႔ တံဆိပ္ေလးေတြပဲျဖစ္တယ္။

"ဒီတစ္ေခါက္ၿပိဳင္ပြဲက ၿပိဳင္ပြဲဝင္၁၀၀ကို အသင္းႏွစ္ခုစီမွာ က်ပန္းထည့္လိုက္ပါမယ္ ႏွစ္ဖက္အသင္းကၿပိဳင္ရမွာျဖစ္ၿပီး မင္းတို႔ကတစ္ဖက္ရဲ႕ တံဆိပ္ေလးေတြကိုလုယူၿပီး ကိုယ့္အတြက္အမွတ္တိုးႏိုင္မွာျဖစ္တယ္ ၿပိဳင္ပြဲၿပီးဆုံးသြားရင္ ႏွစ္ဖက္အသင္းကို အမွတ္တြက္မွာျဖစ္ၿပီး အမွတ္အမ်ားဆုံးရတဲ့အသင္းက အႏိုင္ရမွာျဖစ္တယ္ အႏိုင္ရသူကဇိမ္ခံေဟာ့ေပါ့ကို စားသုံးႏိုင္မွာျဖစ္တယ္ ၿပီးေတာ့သူတို႔ရဲ႕လတ္တေလာ အဆင့္ကိုသိခြင့္ရမွာျပျဖစ္တယ္"

ဒါက႐ိုးရွင္းတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ဒီဂိမ္းစည္းမ်ဥ္းက အက်ဥ္းခ်ဳပ္ၾကည့္လိုက္ရင္ 'ျပႆနာရွာေနတာပဲ'

ေက်ာင္းသားတစ္ခ်ိဳ႕က ေမးလာၾကတယ္ "ေလာင္ရွီး ဘယ္လိုအသင္းခြဲသလဲဆိုတာ ေမးပါရေစ"

တစ္ေလွ်ာက္လုံးပ်င္းပ်င္းနဲ႔ မတ္တပ္ရပ္ေနတဲ့ဖုက်င္းေရွာင္းက မိုက္ခ္ကိုင္ကာျပန္ေျဖလာတယ္ "အစဥ္လိုက္အတိုင္း က်ပန္းမဲႏႈိက္ရမွာပါ"

က်ပန္းမဲႏႈိက္ရမွာဆိုရင္ သူငယ္ခ်င္းေကာင္းေတြေတာင္ ၿပိဳင္ဖက္ေတြျဖစ္သြားႏိုင္တာေပါ့။ ဒီတစ္ခဏမွာ ေတာ္ေတာ္မ်ားမ်ားကသူတို႔ကိုယ္စီရဲ႕ သူငယ္ခ်င္းေကာင္းေတြကို အဓိပၸာယ္အျပည့္နဲ႔ လွည့္ၾကည့္ကုန္ၾကေတာ့တယ္။ ပုံမွန္ရက္ေတြမွာညီအစ္ကိုေကာင္းေတြက အခုမွာေတာ့ဂ႐ုတစိုက္အျပဳအမူေတြနဲ႔ ၿပဳံးၾကည့္ေနၾကေတာ့တယ္။

ရွန္ရွင္းခ်န္က က်န္ရွင္းေဆြ႕ကိုေျပာလာတယ္ "မင္းေသခ်ာႏႈိက္ေနာ္ ငါနဲ႔တစ္ေရာင္ထဲျဖစ္ေအာင္ႏႈိက္ရမွာ သိလား?"

က်န္ရွင္းေဆြ႕ကသူ႔ကို ရက္စက္တဲ့အမွန္တရားကိုထုတ္ေျပာလိုက္တယ္ "အဲ့တာအားလုံးက ကံေပၚမွာမူတည္တာေလ ေျပာရင္လည္းအသုံးမဝင္ဘူး"

"မင္းမလုပ္ႏိုင္ဘူးလို႔ ဘာေၾကာင့္ေျပာရတာလဲ" ရွန္ရွင္းခ်န္ကနာၾကည္းစြာနဲ႔ "ငါတို႔ႏွစ္ေယာက္ရဲ႕ကံက အဲ့ေလာက္ဆိုးႏိုင္မွာမလို႔လား?"

".........."

အားလုံးကမဲႏႈိက္ဖို႔ တန္းစီေနၾကတယ္။ က်န္ရွင္းေဆြ႕အလွည့္ေရာက္ေတာ့ သူပုံးထဲကေနေဘာလုံးတစ္ခုဆြဲလိုက္တယ္။ ေနာက္ဆုံးသူ အျပာေရာင္ေဘာလုံးေလးကို ႏႈိက္မိသြားတယ္။ သူ႔ေနာက္ကရွန္ရွင္းခ်န္ကအနီေရာင္ေဘာလုံးကို ႏႈိက္မိသြားတယ္။

က်န္ရွင္းေဆြ႕ကကူရာကယ္ရာမဲ့စြာနဲ႔ ရယ္လိုက္တယ္ "ၾကည့္ေလ"

"ဘယ္လိုလုပ္ဒီလိုျဖစ္ရတာလဲ" သခင္ငယ္ေလးက မေက်နပ္စြာပဲအနီေရာင္ေဘာလုံးကို ၾကည့္ေနတယ္။ သူကၿခိမ္းေျခာက္တဲ့ပုံနဲ႔က်န္ရွင္းေဆြ႕ကို ၾကည့္လိုက္ၿပီးေတာ့ ခါးေထာက္ကာေျပာလာတယ္ "ေကာင္းၿပီ မင္းအခုကစၿပီးငါ့ရန္သူပဲ ငါ့အဖြဲ႕ကသစၥာေဖာက္ျဖစ္သြားၿပီ ေစာင့္ေနပါ ဒီသခင္ေလးကမင္းတံဆိပ္ကို ျဖဳတ္ႏိုင္ေစရမယ္"

က်န္ရွင္းေဆြ႕က "ငါ့ကိုပစ္မွတ္ထားၿပီးဘာလုပ္တာလဲ"

ရွန္ရွင္းခ်န္ကယုံၾကည္ခ်က္ရွိစြာနဲ႔ "ဘယ္သူကမင္းကို ငါနဲ႔မတူေအာင္ႏႈိက္ခိုင္းလို႔လဲ"

...........

ဒီေကာင္ေလးကကမာနႀကီးလြန္းၿပီး သူေတာင္ဘာမွျပန္မေျပာႏိုင္ေတာ့ဘူး။

ၿပိဳင္ပြဲဝင္ေတြအကုန္နီးပါး အဖြဲ႕ခြဲၿပီးသြားၾကၿပီျဖစ္ကာ အေျခအေနကပိုမိုရွင္းလင္းလာတယ္။ ကိစၥေတြသက္ေသျပလိုက္တာက က်န္ရွင္းေဆြ႕ကကံအဆိုးဆုံးတစ္ေယာက္ဆိုတာပါပဲ။ သူ႔အေဆာင္ကသူေတြအကုန္လုံးက အနီေရာင္ေဘာလုံးေတြခ်ည္းပဲျဖစ္တယ္။ သူတစ္ေယာက္တည္းပဲ အျပာေရာင္ျဖစ္ေနတာျဖစ္တယ္။ သူ႔ရဲ႕စုံစမ္းမႈအရ အန္းရန္ကလည္းအျပာဘက္ကပဲျဖစ္တယ္။

ေက်ာင္းသားတစ္ေယာက္ကေမးလာတယ္ "နည္းျပတို႔ေရာ မပါၾကဘူးလား?"

ထူရာကၿပဳံးကာျပန္ေျပာလိုက္တယ္ "ပါတာေပါ့ ငါတို႔ရဲ႕အေရာင္ေတြကို ဒီအခ်ိန္မွာေျပာျပလို႔မရေသးေပမဲ့ မင္းတို႔ကိုေျပာျပလို႔ရတာကေတာ့ ငါတို႔ရဲ႕တံဆိပ္ေတြက အမွတ္ႏွစ္ဆေနာ္"

ဒီစကားေၾကာင့္ အကုန္ၿငိမ္သက္သြားေတာ့တယ္။

ၿပိဳင္ပြဲဝင္ေတြေပါက္ကြဲကုန္ေတာ့တယ္။ ဒီ႐ိုက္ကူးေရးအဖြဲ႕ကေတာ့ အမွတ္ႏွစ္ဆတဲ့လား?

ဘယ္ေလာက္ေတာင္ႀကီးလိုက္တဲ့ ဆြဲေဆာင္မႈႀကီးလဲ။ နည္းျပေတြရဲ႕တံဆိပ္က ေစ်းႀကီးလွေခ်လား။ ဘယ္သူကဒီအမွတ္ႏွစ္ဆကို စိတ္မလႈပ္ရွားပဲေနမွာလဲ? ဒါေပမဲ့ဘယ္သူကေရာ နည္းျပေတြရဲ႕တံဆိပ္ကို ျဖဳတ္ရဲမွာလဲ? ဒါကဘယ္လိုေတာင္သတၱိရွိရမွာတုန္း။

Liveၾကည့္ေနၾကတဲ့ပရိသတ္ေတြက ပိုလို႔ေတာင္စိတ္လႈပ္ရွားလာၾကေတာ့တယ္။

"ဒီလိုကိစၥေတြလုပ္တဲ့ေနရာမွာ ႐ိုက္ကူးေရးအဖြဲ႕က အရည္အခ်င္းရွိေနတာပဲ"

"ဟားဟားဟား ဖုေကာတံဆိပ္ကို ဘယ္သူျဖဳတ္မလဲသိခ်င္ေနၿပီ"

"GKD GKD [搞快点 - Gǎo kuài diǎn - ျမန္ျမန္လုပ္]"

ဝန္ထမ္းေလးက ၿပိဳင္ပြဲဝင္ေတြအားလုံးကို ေဟာအျပင္ဘက္ထဲေခၚသြားၿပီးေတာ့ ေျပာလာတယ္ "မဲႏႈိက္တဲ့အစဥ္လိုက္အရ မင္းတို႔ေဟာထဲဝင္သြားရမယ္ အခန္းအားလုံးနဲ႔ ထြက္ေပါက္အားလုံးက မင္းတို႔အတြက္ဖုံးကြယ္ေနဖို႔ေနရာေတြျဖစ္လိမ့္မယ္ အခုကြၽန္ေတာ္တို႔[StarBean]လဲလွည္တဲ့အစီအစဥ္ကို စတင္ပါေတာ့မယ္ [StarBean]သုံးၿပီးၿပိဳင္ပြဲဝင္ေတြက ကိုယ့္ကိုယ္ကိုကာကြယ္ဖို႔ လက္နက္ေတြဝယ္ယူႏိုင္ပါတယ္"

စားပြဲေပၚကပစၥည္းေတြက ပစၥည္းေကာင္းေတြခ်ည္းျဖစ္တယ္။

ဥပမာ ေရေသနတ္၊ မီးခိုးဗုံး၊ ေကာ္၊ အ႐ုပ္ေဘာလုံး၊ မွန္ေျပာင္း၊ ႀကိဳးေတြနဲ႔ ေခါင္းေလာင္းေတြေရာ အရာအားလုံးရွိတယ္။ တစ္ခုစီရဲ႕[StarBean]တန္ဖိုးကလည္း မတူညီၾကဘူး။ ပိုခ်မ္းသာတဲ့သူက မ်ားမ်ားပိုဝယ္ႏိုင္ၾကတယ္။

ရွန္ရွင္းခ်န္ကအခ်မ္းသာဆုံးလို႔ ေျပာလို႔ရတယ္။ သူကအခန္းေဖာ္ေတြနဲ႔ အရင္ကအတူတူေလ့က်င့္ဖူးတဲ့ေက်ာင္းသားေတြစုေပါင္းၿပီး အသင္းအေသးေလးဖြဲ႕လိုက္တယ္။ ေတာ္ေတာ္မ်ားမ်ားေထာက္ပံ့ေပးၿပီး အားလုံးနီးပါးဝယ္လိုက္ၾကတယ္။ က်န္ရွင္းေဆြ႕ကေတာ့မြဲေနတဲ့အတြက္ စဥ္းစားလိုက္ၿပီး မီးခိုးဗုံးတစ္ခုပဲဝယ္လိုက္ေလတယ္။

လီေလာင္ရွီးက "၁၀စကၠန္႔ထိေရတြက္ပါၿပီး ၿပိဳင္ပြဲစတင္ပါၿပီ....."

ေလထုကအနည္းငယ္စိတ္လႈပ္ရွားလာၾကသလိုပဲ။

က်န္ရွင္းေဆြ႕ကဒုတိယဝင္ရမဲ့အဖြဲ႕ထဲမွာျဖစ္တယ္။ ေဟာထဲမွာလြတ္ေနၿပီးေတာ့ တစ္ေယာက္ကိုမွမေတြ႕ရေလဘူး။ ဒါေပမဲ့သိပ္မေဝးတဲ့တတိယထပ္ကေန တစ္စုံတစ္ေယာက္ရဲ႕ညဥ္းတြားသံကို ၾကားလိုက္ရသလိုပဲ။ ဘယ္ေလာက္မွမၾကာခင္မွာပဲ မိန္းကေလးတစ္ေယာက္ရဲ႕ ေၾကညာသံက ေနရာတစ္ခုလုံးကိုလႊမ္းၿခဳံသြာေတာ့တယ္ "နံပါတ္57ေက်ာင္းသား က်န္းက်န္႔ရွန္းအထုတ္ခံလိုက္ရပါၿပီ အနီသင္းတစ္မွတ္"

တံဆိပ္အျဖဳတ္ခံလိုက္ရတဲ့ တစ္စုံတစ္ေယာက္ေတာင္ရွိလာခဲ့ၿပီ။

က်န္ရွင္းေဆြ႕သူ႔ခါးေပၚက တံဆိပ္ေလးကိုၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္မိတယ္။ သူသိသေလာက္ ဒီကိုဝင္လာတဲ့အားလုံးက အသင္းဖြဲ႕ထားၿပီးသားျဖစ္ၿပီး သူတစ္ေယာက္ပဲ တစ္ေယာက္တည္းျဖစ္ေနတာျဖစ္တယ္။ အဲ့တာေၾကာင့္တစ္ျခားသူေတြနဲ႔ ၿပိဳင္တိုက္တာကမျဖစ္ႏိုင္ဘူး။ သူခုခံ႐ုံပဲတတ္ႏိုင္တယ္။

"ေနရာရွာၿပီးပုန္းေနလိုက္တာေကာင္းမယ္" သူေတြးမိလိုက္တယ္။

ပထမဆုံးသူ႔အေတြးထဲဝင္လာတာကေတာ့ ကန္တင္းပဲျဖစ္တယ္။

အဲ့မွာကထိုင္ခုံေတြမ်ားၿပီး တစ္ေယာက္ေယာက္သာဝင္လာမယ္ဆို ဘယ္လိုပဲသတိထားထား တိုက္မိမွာပဲ။ အဲ့တာကေသခ်ာတဲ့သတိေပးခ်က္ရွိတယ္။ ၿပီးေတာ့ကန္တင္းမွာ တံခါးေတြလည္းအမ်ားႀကီးရွိတယ္။ ဖမ္းမိသြားတယ္ဆိုရင္ေတာင္ လြတ္ေျမာက္ႏိုင္ေျခပိုမ်ားတယ္။ ၿပီးေတာ့မီးဖိုေခ်ာင္ကျမင္ကြင္းလည္းက်ယ္တာေၾကာင့္ ကာကြယ္ဖို႔ေနရာေကာင္းပဲျဖစ္တယ္။

သူစဥ္းစားၿပီးသြားေတာ့ က်န္ရွင္းေဆြ႕ေတြေဝမေနေတာ့ဘဲ မီးဖိုေခ်ာင္ဆီခ်က္ခ်င္းေျပးသြားေတာ့တယ္။ သုံးသုတ္ေျမာက္ၿပိဳင္ပြဲဝင္ေတြက အခုထိဝင္မလာၾကေသးဘူး။ ၿပီးေတာ့ရွိေနတာကလည္း လူအမ်ားႀကီးမဟုတ္ဘူး။ သူသတိထားသြားၿပီး အနီသင္းကသူေတြနဲ႔မေတြ႕ရင္ရၿပီ။ 

ဓာတ္ေလွကားနဲ႔သြားလို႔မရဘူး။ တစ္ေယာက္ေယာက္ေစာင့္ၾကပ္ေနႏိုင္တယ္။

က်န္ရွင္းေဆြ႕ကမီးသတ္ထြက္ေပါက္ကေနမသြားဘဲ တျခားတစ္ဘက္က အသုံးနည္းတဲ့ေလွကားကေန ေျပးတက္သြားလိုက္တယ္။ သူ႔ေျခလွမ္းေတြကေပါ့ပါးေနကာ အသက္ျပင္းျပင္းလည္းမရႉရဲေလဘူး။ ေနာက္ဆုံးသူကန္တင္းဆီေျပးသြားႏိုင္ခဲ့ၿပီးေတာ့ ပုန္းဖို႔ေနရာရွာေနတဲ့အခ်ိန္ ႐ုတ္တရက္ "ကြၽီ"

တံခါးဝကေန တံခါးဖြင့္သံထြက္ေပၚလာခဲ့တယ္။

က်န္ရွင္းေဆြ႕လွည့္ၾကည့္လိုက္ေတာ့ ဝင္လာတဲ့အန္းရန္နဲ႔အၾကည့္ခ်င္းဆုံသြားေတာ့တယ္။ ႏွစ္ေယာက္သားရဲ႕မ်က္ဝန္းေလးခုတို႔ဆုံသြားၾကတယ္။ ကို႔ယို႔ကားယားတိတ္ဆိတ္မႈ ႀကီးစိုးေနေတာ့တယ္။

အန္းရန္ၿပဳံးလိုက္ကာ သူ႔ခါးကတံဆိပ္ကိုၫႊန္ျပလိုက္ၿပီး "စိတ္မလႈပ္ရွားပါနဲ႔ ငါကလည္းအျပာသင္းကပါ"

က်န္ရွင္းေဆြ႕က သူ႔ကိုသတိထားၿပီးၾကည့္ေနဆဲပဲျဖစ္တယ္။ အန္းရန္ကသူ႔ကိုႏွစ္သိမ့္လာတယ္ "ငါတို႔အခုအသင္းေဖာ္ေတြျဖစ္သြားၿပီပဲဟာ ရွင္းေဆြ႕မင္းငါ့ကိုမယုံဘူးလား?"

က်န္ရွင္းေဆြ႕ကမူလေနရာမွာပဲ ရပ္ေနကာ "မင္းလည္းဒီမွာပုန္းမလို႔လား?"

"အစကေတာ့အဲ့လိုစဥ္းစားထားတာ" အန္းရန္ရဲ႕ပုံစံကေခ်ာေမာလြန္းၿပီး ျဖဴစင္သန္႔ရွင္းတဲ့ပုံေပါက္ေလတယ္။ အားနည္းစြာစကားေျပာတဲ့အခ်ိန္ သူကကာကြယ္မႈလိုအပ္ေနသလို ခံစားခ်က္မ်ိဳးေပးစြမ္းေနတယ္။ ဘာမေကာင္းတဲ့စိတ္မွမရွိတဲ့ခံစားခ်က္မ်ိဳးျဖစ္တယ္။ သူကျဖည္းျဖည္းနဲ႔ "ဒါေပမဲ့ ငါအခုအျခားေနရာပဲရွာလိုက္ပါမယ္ေလ"

သူတို႔ႏွစ္ေယာက္လုံးရဲ႕ ေခါင္းေပၚမွာကင္မရာကိုယ္စီရွိၾကတယ္။

ကင္မရာမန္းကလိုက္မ႐ိုက္ေနဘူးဆိုေပမဲ့ ပရိသတ္ေတြကိုထုတ္လႊင့္ေပးဖို႔

အားကစား႐ုံတစ္ခုလုံးမွာ ႐ိုက္ကူးေနတဲ့ေစာင့္ၾကည့္ေရး ကင္မရာေတြအျပည့္ရွိတယ္။ ဒီအခ်ိန္မွာအန္းရန္ဒီလိုေျပာလိုက္တာက အရမ္းရင္နာဖို႔ေကာင္းေနေလတယ္။

က်န္ရွင္းေဆြ႕ကပါးစပ္ဖြင့္ဟကာ "မင္းဒီမွာပုန္းလည္းရပါတယ္ ငါမင္းကိုမလာနဲ႔လို႔မေျပာပါဘူး"

အန္းရန္ကသူဘာစဥ္းစားေနလဲသိတဲ့ပုံနဲ႔ ေခါင္းခါကာ က်န္ရွင္းေဆြ႕ဆီကႏွင္ထုတ္ခံေနရတဲ့ပုံနဲ႔ "ငါသြားလိုက္တာေကာင္းပါတယ္ ဒီမွာလူမ်ားေနရင္လည္း ပုန္းလို႔မေကာင္းပါဘူး"

က်န္ရွင္းေဆြ႕စကားမေျပာေလဘူး။ အန္းရန္သြားေတာ့မွာျမင္ေတာ့ ကိုယ္ကိုလွည့္ကာ အထဲသြားၿပီးပုန္းလို႔ေကာင္းမဲ့ေနရာသြားရွာေတာ့တယ္။

အခုသူတို႔ကအသင္းေဖာ္ေတြျဖစ္တယ္။ အဲ့ေလာက္သံသယဝင္ေနစရာေတာ့ မလိုဘူးျဖစ္တယ္။ အခုေတာ့သူအဲ့ေလာက္ဂ႐ုစိုက္မေနေတာ့ဘူး။ ဘယ္သူ႔ကိုမွအားကိုးလို႔မရဘူး။ သူ႔ကိုယ္သူပဲအားကိုးလို႔ရမယ္။

အန္းရန္ကအျပင္ဘက္မွာ သူတံခါးဖြင့္ၿပီးကန္တင္းတံခါးဆီကေန ထြက္ခြာေတာ့မဲ့အခ်ိန္မွာ တစ္ခုခုကိုစဥ္းစားမိသြားတဲ့ပုံေပၚတယ္။ ေနာက္ေတာ့တံခါးကိုတင္းတင္းပိတ္မထားခဲ့ဘဲ ကင္မရာကေနၾကည့္ရင္ မျမင္ႏိုင္တဲ့အေပါက္ေသးေလးခ်န္ထားခဲ့တယ္။ [eng trans note : သူကၿပိဳင္ဘက္အသင္းကသူေတြကို အထဲမွာတစ္ေယာက္ေယာက္ရွိေနတယ္ဆိုတာ သိေစခ်င္လို႔]

..........

မၾကာခင္မွာပဲ

တတိယေျမာက္အဖြဲ႕ကလူေတြဝင္လာေတာ့တယ္။

ရွန္ရွင္းခ်န္က နင္ဇယ္၊ ဝမ္းရွန္းေကာနဲ႔ တျခားသူေတြကို ဦးေဆာင္ၿပီး ဒုတိယထပ္ထဲဝင္ေရာက္လာခဲ့တယ္။ သူကလက္ကိုေဝွ႔ယမ္းလိုက္ၿပီး ဓားျပေခါင္ေဆာင္လို ေျပာလိုက္တယ္ "ရွာ ငါကိုရွာေပးၾကစမ္း!"

အဓိကရွာရမွာေတြက စာၾကည့္တိုက္ ေလ့က်င့္ေရးအခန္းတို႔ပဲျဖစ္တယ္။ အဲ့အခ်ိန္မွာ ေၾကညာခ်က္ေတြကလည္း အဆက္မျပတ္ထြက္ေပၚေနတယ္ :

"နံပါတ္32ေက်ာင္းသား ဟိုင္လုအထုတ္ခံလိုက္ရပါၿပီ အျပာသင္းတစ္မွတ္"

"နံပါတ္5ေက်ာင္းသား က်ားခ်ီအထုတ္ခံလိုက္ရပါၿပီ အျပာသင္းတစ္မွတ္"

"နံပါတ္6ေက်ာင္းသား......"

ရွန္ရွင္းခ်န္ကအဲ့အသံေတြကိုၾကားေတာ့ အသံျပဳလိုက္ကာ "အသုံးမက်တဲ့အုပ္စုပဲ ဒီသခင္ႀကီးကပ်ံသန္းဖို႔ ေခၚသြားရအုန္းမွာလား အျပာသင္းကဒီေလာက္ေတာ္ႏိုင္လိမ့္မယ္လို႔ ငါေတာ့မယုံပါဘူး ငါရွာမေတြ႕သြားေစနဲ႔"

ဝမ္းရွန္းေကာကလာၿပီး "ရွာမေတြ႕ဘူးကြ"

သူတို႔အုပ္စုကန္တင္းေရွ႕ကအခုေလးတင္ ျဖတ္သြားၾကတာျဖစ္တယ္။

ရွန္ရွင္းခ်န္အံ့ၾသသြားၿပီး "က်န္ရွင္းေဆြ႕ဘယ္ေရာက္သြားတာလဲ?"

ဝမ္းရွန္းေကာ "ပုန္းေနၿပီေနမွာ"

"အဲ့ေကာင္ေလးေတာ္ေတာ္ပုန္းႏိုင္သားပဲ" ရွန္ရွင္းခ်န္ႏွာမႈတ္လိုက္တယ္။ ဒါေပမဲ့သူျဖတ္သြားေတာ့မဲ့အခ်ိန္မွာပဲ ေျခလွမ္းေတြကိုရပ္တန္႔လိုက္တယ္ "ဒီေန႔ကန္တင္းဖြင့္တာလား? တံခါးကဘယ္လိုလုပ္ပြင့္ေနတာလဲ?"

နင္ဇယ္က "ေျပာမရဘူး အထဲမွာတစ္ေယာက္ေယာက္ရွိေနႏိုင္တယ္"

ရွန္ရွင္းခ်န္အဲ့တာကိုၾကားေတာ့ စိတ္လႈပ္ရွားသြားၿပီး "ဝင္ၿပီးၾကည့္ၾကည့္ရေအာင္"

တံခါးကအဖြင့္ခံလိုက္ရၿပီးေတာ့ ရွန္ရွင္းခ်န္ယိမ္းထိုးၿပီးအထဲဝင္သြားတယ္။ ၿပီးေတာ့သူ႔ေဘးကထိုင္ခုံကိုေတာင္ ကန္လိုက္ေသးတယ္။ အသံက်ယ္ႀကီးကကန္တင္းထဲဟိန္းထြက္သြားေတာ့တယ္။ သူ႔ေနာက္မွာလူ၃ေယာက္၄ေယာက္ေလာက္ရွိေနတယ္။ သူတို႔အုပ္စုကျပင္းထန္စြာပဲ ရွာေဖြၾကေတာ့တယ္။ ၿပီးေတာ့သူတို႔ပုန္းေနတဲ့က်န္ရွင္းေဆြ႕ကို ရွာေတြ႕သြားတဲ့အခ်ိန္မွာေတာ့ အားလုံးရဲ႕အၾကည့္ေတြေအာက္မွာပဲ သြက္လက္ေနတဲ့ပုံသဏၭာန္ေလးက ဗီ႐ိုထဲကေနလစ္ထြက္ကာ အေနာက္ဘက္တံခါးဆီ တန္းတန္းေျပးေတာ့တယ္။

ဝမ္းရွန္ေကာက ေအာ္ေျပာလိုက္တယ္ "သူထြက္ေျပးသြားၿပီ"

ရွန္ရွင္းခ်န္ကသူ႔ေရေသနတ္ကိုယူလိုက္ၿပီး "မင္းဘယ္ေျပးတာလဲ?"

က်န္ရွင္းေဆြ႕စိတ္ထဲမွာစဥ္းစားမိေနတယ္။ အဲ့စကားကအပိုပဲမဟုတ္လား။ ငါကမေျပးလို႔သူတို႔ဝိုင္းတာခံရမွာလား? ကံေကာင္းစြာပဲ အေနာက္တံခါးကလူသိပ္မလာတဲ့ ေလွကားနဲ႔ဆက္ထားတာျဖစ္တယ္။ ၿပီးေတာ့အဲ့တာကေျပးဖို႔ရာ အရမ္းျမန္ေလတယ္။ ဒီအခ်ိန္အတြင္းမွာ အကေလ့က်င့္တဲ့အားအင္က နည္းနည္းေနာေနာမွမဟုတ္တာ ေျပးလိုက္ရင္လြယ္ကူေနေသးတယ္။ အသက္တစ္ရႈိက္အတြင္း ႏွစ္လွမ္းသုံးလွမ္းေလာက္ေရာက္ႏိုင္တယ္။

ရွန္ရွင္းခ်န္ကအေနာက္ကေနေအာ္ေနတယ္ "မင္းကျမင္းလားဟ ေျပးတာဒီေလာက္ျမန္ေနတာ"

က်န္ရွင္းေဆြ႕ကသူတို႔ကိုတစ္ထပ္ေလာက္မွာ ခ်န္ထားခဲ့ႏိုင္ၿပီ။ သူသက္ျပင္းခ်ေတာ့မဲ့အခ်ိန္မွာ ေကာ္ရစ္တာဘက္ကေန အနီအသင္းေနာက္တစ္ဖြဲ႕ကို ေတြ႕လိုက္ရျပန္တယ္။ သူတို႔ကလည္းက်န္ရွင္းေဆြ႕ကိုျမင္ေတာ့ အံ့အားသင့္သြားၾကတယ္။ လီ႐ႊိအန္းကအရင္ေအာ္လိုက္တဲ့သူျဖစ္တယ္ "သူ႔ကိုဖမ္း!"

က်န္ရွင္းေဆြ႕ထပ္ၿပီးေျပးရျပန္ေတာ့တယ္။

သူအလ်င္လိုေနတာေၾကာင့္ ဆက္ၿပီးေျပးေနဖို႔ပဲတတ္ႏိုင္ေတာ့တယ္။ သူရပ္လိုက္တာနဲ႔ သူအဖမ္းခံလိုက္ရမွာ။ သူေခါင္မိုးထပ္ကိုေရာက္ေတာ့မွာဆိုတာ ျမင္လိုက္ရတယ္။ က်န္ရွင္းေဆြ႕ေ႐ြးခ်ယ္ခြင့္မရွိစြာပဲ တက္လိုက္ၿပီးေတာ့ ေခါင္မိုးထပ္ကိုပိတ္လိုက္ဖို႔ ခ်ိပ္ကိုလွမ္းယူလိုက္တယ္။

"ဟူး..."

သူေနာက္ဆုံးေတာ့ရပ္လို႔ရသြားခဲ့ၿပီ။ အသက္လုရႉေနရတုန္း သူၾကမ္းျပင္ေပၚပစ္ထိုင္လိုက္ၿပီး ေခါင္းေမာ့ၾကည့္လိုက္ေတာ့ လက္ရန္းကိုမွီၿပီးေဆးလိပ္ေသာက္ေနတဲ့ လူႀကီးရဲ႕မ်က္လုံးေတြနဲ႔ အၾကည့္ဆုံသြားေတာ့တယ္။

က်န္ရွင္းေဆြ႕အမူအရာေတြ ေအးခဲသြားေတာ့တယ္။

ဖုက်င္းေရွာင္းကလက္ရန္းကိုမွီေနတယ္။ ေပါ့ေပါ့ပါးပါးအဝတ္အစားနဲ႔မင္းသားက သူ႔ေျခေထာက္ေတြကိုခ်ိတ္ထားတယ္။ ေဆးလိပ္တစ္လိပ္က သူ႔လက္ဆစ္ေတြၾကားမွာ အညႇပ္ခံထားရတယ္။ ၿပီးေတာ့မီးခိုးေတြကသူ႔ႏႈတ္ခမ္းထဲကေန ျဖည္းျဖည္းထြက္လာတယ္။ သူကပ်င္းရိၿပီးsexyက်ေနကာ ရင့္က်က္ၿပီးဆြဲေဆာင္မႈရွိေနတယ္။

က်န္ရွင္းေဆြ႕ရဲ႕အာဒံပန္းသီးေလး လႈပ္ရွားသြားရတယ္။

ဖုက်င္းေရွာင္းကမ်က္ခုံးပင့္ကာ "မင္း....."

က်န္ရွင္းေဆြ႕စကားမေျပာခင္ သူခတ္ထားတဲ့တံခါးဆီကေန တံခါးေခါက္ေနတဲ့အသံေတြၾကားလိုက္ရတယ္။ ရွန္ရွင္းခ်န္ကလွမ္းေအာ္ေနေတာ့တယ္ "က်န္ရွင္းေဆြ႕ တံခါးဖြင့္စမ္း မင္းအသံမထြက္ပဲအထဲမွာပဲပုန္းေနတာ မင္းအထဲမွာရွိမွန္းငါသိတယ္ေနာ္ မင္းအဲ့မွာဘာလုပ္ေနတာလဲ? မင္းအထဲမွာလူ႐ိုင္းနဲ႔မ်ားေတြ႕ေနတာလား? လူ႐ိုင္းနဲ႔ေတာင္ေတြ႕ရဲရင္ တံခါးဖြင့္ဖို႔လည္းသတၱိရွိရမွာေပါ့"

".........."

က်န္ရွင္းေဆြ႕ႏႈတ္ခမ္းေတြ တြန္႔ခ်ိတ္သြားေတာ့တယ္။

မေဝးတဲ့ေနရာကဖုက်င္းေရွာင္းက အဲ့စကားကိုၾကားသြားၿပီးေတာ့ ခ်ိပ္ကိုလည္းၾကည့္လိုက္ၿပီး အႏၲရာယ္ရွိစြာပဲမ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္တယ္။ သူ႔ႏႈတ္ခမ္းေထာင့္မွာ လူေတြကိုေၾကာက္႐ြံ႕သြားေစႏိုင္တဲ့ အၿပဳံးတစ္ခုျဖစ္တည္လာတယ္။

ရွန္ရွင္းခ်န္ကအထဲမွာ ဘယ္သူရွိေနမွန္းမသိေသးမွန္း သိသာတယ္။ သူျပႆနာလုပ္လိုက္မိမွန္းလည္းမသိဘဲ ေအာ္ေနဆဲျဖစ္တယ္။

မ်က္လုံးေရွ႕ကခ်ိပ္ကလႈပ္သြားတာကိုျမင္လိုက္ရေတာ့ က်န္ရွင္းေဆြ႕ကဖုက်င္းေရွာင္းကို အေလာတႀကီးၾကည့္လိုက္ၿပီး "ဖုေလာင္ရွီး ကြၽန္ေတာ္တို႔ျမန္ျမန္ေျပးၾကရေအာင္"

ဖုက်င္းေရွာင္းမ်က္ခုံးပင့္လိုက္ၿပီး "ေျပးမယ္?"

သူတို႔နဲ႔မတူစြာပဲ ရွန္ရွင္းခ်န္လိုအဆင့္ျမင့္တဲ့သူေနာက္ကို ကင္မရာမန္းလိုက္တာျဖစ္တယ္။ က်န္ရွင္းေဆြ႕ကအလ်င္အျမန္နဲ႔ "ခဏေနသူတို႔တက္လာလို႔ ေလာင္ရွီးေဆးလိပ္ေသာက္ေနတာကို ႐ိုက္ကူးမိသြားရင္မေကာင္းဘူးေလ အဲ့အခ်ိန္က်လိုင္းေပၚမွာေသခ်ာေပါက္ လူေတြကသတင္းလုပ္ေျပာၾကလိမ့္မယ္ ေလာင္ရွီးနာမည္သတင္းအတြက္မေကာင္းဘူး ခ်ိပ္လည္းမပြင့္ေသးဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ျမန္ျမန္ေျပးၾကရေအာင္ပါ"

ဖုက်င္းေရွာင္းပါးစပ္ဟလိုက္တဲ့အခ်ိန္ စကားမေျပာရေသးခင္မွာပဲ ခ်ိပ္ကလႈပ္ေနတဲ့အရိပ္အေယာင္ျပေနေလၿပီ။

႐ုပ္ရွင္ဧကရာဇ္အရွင္အစက သူ႐ိုက္ကူးခံရမွာကိုမေၾကာက္တဲ့အေၾကာင္းေျပာခ်င္ေပမဲ့ သခင္ကိုကာကြယ္ေပးခ်င္ေနတဲ့သိမ္းငွက္ေလးက ဆြဲေျပးသြားေလၿပီ။ သူကဖုက်င္းေရွာင္းရဲ႕လက္ကို ေၾကာက္ေၾကာက္လန္႔လန႔္နဲ႔ပဲ ကိုင္ၿပီးေျပးေလတယ္ "ကြၽန္ေတာ္မွတ္မိတာဒီေခါင္မိုးထပ္မွာ တျခားအေရးေပၚထြက္ေပါက္တစ္ခု ရွိေသးတယ္ ကြၽန္ေတာ္တို႔ျမန္ျမန္ေျပးရေအာင္ ရွင္းခ်န္လက္ထဲမွာေရေသနတ္ရွိေနေသးတယ္"

ခ်ိပ္ပိတ္ထားတာက ဘယ္ေလာက္မွမခံႏိုင္ေတာ့ပဲ ေနာက္ဆုံးေတာ့ပြင့္သြားခဲ့တယ္။

ရွန္ရွင္းခ်န္ကပထမဆုံးတက္လာတဲ့သူျဖစ္တယ္။ ဘာလို႔လဲဆိုေတာ့ သူကတစ္ေလွ်ာက္လုံးက်န္ရွင္းေဆြ႕ကို လိုက္ဖမ္းေနခဲ့လို႔ျဖစ္တယ္။ မသိက်ိဳးကြၽန္ျပဳခံထားရတဲ့ က်န္ရွင္းေဆြ႕ကတစ္ေလွ်ာက္လုံး ကင္မရာ႐ိုက္ခ်က္ေတြရေနခဲ့တယ္။ ရွန္ရွင္းခ်န္ေခါင္မိုးထပ္ေရာက္လို႔ တစ္ေယာက္ကိုမွမျမင္တဲ့အခါ သူကလက္ကိုေဝ့ယမ္းျပလိုက္ၿပီး "သူတျခားတံခါးကေနထြက္ေျပးသြားၿပီ ျမန္ျမန္"

သူတို႔အုပ္စုက တျခားေကာ္ရစ္တာဘက္ကို ေျပးသြားၾကျပန္တယ္။

က်န္ရွင္းေဆြ႕ကဖုက်င္းေရွာင္းလက္ကိုဆြဲၿပီး အေပၚကေနေျပးဆင္းလာခဲ့တယ္။ ရပ္ေတာင္မရပ္ရေသးခင္မွာပဲ ေကာ္ရစ္တာကေနလာေနတဲ့ အုပ္စုကိုျမင္လိုက္ရတယ္။

ရွန္ရွင္းခ်န္ကအေဝးကတည္းက ေရေသနတ္နဲ႔လွမ္းပစ္ေနၿပီ "မင္းဘယ္ကိုေျပးႏိုင္မလဲလို႔ ၾကည့္တာေပါ့ ကူညီတဲ့သူေတာင္ရွာလိုက္ေသးတယ္? ေကာင္းၿပီေလ ငါမင္းတို႔ႏွစ္ေယာက္လုံးကို ဂ႐ုစိုက္ေပးတာေပါ့"

ေရပက္လာေတာ့က်န္ရွင္းေဆြ႕က ဖုက်င္းေရွာင္းကိုအလ်င္အျမန္ဆြဲၿပီးေျပးေတာ့တယ္။ ဒီေနရာမွာတံခါးဖြင့္ထားတဲ့ ေနရာတစ္ခုရွိေနတာေကာင္းသြားတယ္။ အဲ့တာေၾကာင့္အျမန္ပဲအထဲဝင္လိုက္ၿပီး ကိုယ္လွည့္ၿပီးတံခါးပိတ္လိုက္တယ္။ ဘယ္ေလာက္မွမၾကာခင္မွာပဲ အလ်င္လိုေနတဲ့ေျခသံေတြကိုၾကားလိုက္ရၿပီး ရွန္ရွင္းခ်န္တို႔အုပ္စု ထြက္သြားၾကေတာ့တယ္။

က်န္ရွင္းေဆြ႕အဲ့ေတာ့မွ သက္ျပင္းရွည္ႀကီးခ်လိုက္ၿပီး "ေနာက္ဆုံးေတာ့သြားၿပီ"

ေဘးနားကေန ျဖည္းျဖည္းေျပာေနတဲ့အသံထြက္လာတယ္ "ၿပီးသြားၿပီလား?"

က်န္ရွင္းေဆြ႕ကသက္ျပင္းခ်ရင္း ေခါင္းၿငိမ့္ျပလိုက္တယ္ "ၿပီးသြားၿပီ"

"အဲ့တာဆို လက္လႊတ္လို႔ရၿပီလား?" ဖုက်င္းေရွာင္းအသံထဲမွာ စေနာက္မႈအခ်ိဳ႕ပါဝင္ေနတယ္။

က်န္ရွင္းေဆြ႕ခႏၶာကိုယ္ကေတာင့္တင္းသြားၿပီး ေတာင့္ေတာင့္ႀကီးနဲ႔သူ႔ေခါင္းကိုငုံ႔ခ်လိုက္တယ္။ သူက႐ုပ္ရွင္ဧကရာဇ္အရွင္ရဲ႕လက္ကို ကိုင္ထားမိတာကိုသတိထားမိသြားတယ္။ သူေစာနကျပာေနၿပီးေတာ့ သတိမထားမိခဲ့ဘူး။ သူလက္ေတြကိုအျမန္လႊတ္ခ်လိုက္ၿပီးေတာ့ ျမန္ျမန္ေတာင္းပန္လိုက္တယ္ "ေတာင္းပန္ပါတယ္"

ဖုက်င္းေရွာင္းက သူကိုင္လိုက္လို႔နီရဲေနတဲ့ လက္ေလးကိုဆုပ္ကိုင္ထားတယ္။ ၿပီးေတာ့ျဖည္းျဖည္းေျပာလာတာက "ေတာင္းပန္စရာေတာ့မလိုပါဘူး မင္းေနာက္တစ္ခါက်ရင္ေတာ့ ျဖည္းျဖည္းလုပ္ပါ ကိုယ္ကေပ်ာက္သြားမွာလည္းမဟုတ္ဘူးေလ ဘာလို႔အဲ့ေလာက္တင္းတင္းႀကီးကိုင္ရတာလဲ?"

ေနာက္တစ္ခါ.....

က်န္ရွင္းေဆြ႕ဘာလို႔မွန္းမသိ ရွက္႐ြံ႕သြားၿပီး ႏွလုံးကလည္းအရွိန္ျပင္းျပင္းနဲ႔ ခုန္ေပါက္ေနတယ္။ ဒီတစ္ခဏအတြင္းမွာ ဘာေျပာလို႔ေျပာရမွန္းမသိေတာ့ဘူး။

ဖုက်င္းေရွာင္းကသက္ေတာင့္သက္သာပဲျဖစ္ေနၿပီးေတာ့ သူက "မင္းေနာက္ေက်ာကဘာလို႔စိုေနတာလဲ?"

"အင္?" က်န္ရွင္းေဆြ႕အခုမွသတိထားမိသြားၿပီး သူက "ေရပက္ခံလိုက္ရတာထင္တယ္"

ေျပာေနတုန္းမွာပဲ အျပင္ဘက္ကရွန္ရွင္းခ်န္ျပန္ေရာက္လာတဲ့အသံကိုၾကားလိုက္ရတယ္။ လမ္းေလွ်ာက္ေနတုန္းမွာကို သူကဝူးဝူးဝါးဝါးနဲ႔ေျပာေနေသးတယ္။ အရမ္းပဲေမာက္မာၿပီးေတာ့ က်န္ရွင္းေဆြ႕ထပ္ၿပီး စိတ္လႈပ္ရွားမိျပန္လာတယ္။

ဖုက်င္းေရွာင္းကမ်က္ခြံလွန္ၾကည့္လိုက္ၿပီး တံခါးအျပင္ဘက္ကိုၾကည့္လိုက္တယ္။ နက္ေမွာင္ေနတဲ့မ်က္လုံးေတြက က်ဥ္းေျမာင္းသြားၿပီး အႏၲရာယ္ရွိတဲ့အမူအရာတစ္ခုထြက္ေပၚလာတယ္။ သူ႔လက္ထဲကစီးကရက္ကို ပစ္လိုက္ၿပီးေတာ့ ႏႈတ္ခမ္းေတြကိုတြန္႔ခ်ိဳးလိုက္တယ္။ ၿပီးေတာ့သူ႔ေနာက္ကက်န္ရွင္းေဆြ႕ကို ေျပာလိုက္တယ္ "မင္းျပန္ၿပီးတိုက္ခ်င္လား?"

က်န္ရွင္းေဆြ႕ေၾကာင္အသြားၿပီးေတာ့ "အာ?"

ဖုက်င္းေရွာင္းက "မင္းကိုေမးေနတာ"

"တိုက္ေတာ့တိုက္ခ်င္တယ္" က်န္ရွင္းေဆြ႕ကသံသယျဖစ္စြာနဲ႔ "ဒါေပမဲ့ကြၽန္ေတာ္တစ္ေယာက္ထဲ သူတို႔အမ်ားႀကီးကိုမႏိုင္ႏိုင္ဘူး"

ဖုက်င္းေရွာင္းက ရယ္လိုက္ၿပီး "ကိုယ္ကလူမဟုတ္ဘူးေပါ့?"

က်န္ရွင္းေဆြ႕အဲ့ေတာ့မွ ဘာအဓိပၸာယ္လဲဆိုတာ သေဘာေပါက္ေတာ့တယ္။ သူ႔မ်က္လုံးေတြကအံ့ၾသမႈေၾကာင့္ ျပဴးက်ယ္သြားရေတာ့တယ္။ သူလုံးဝမထင္ထားတာက သူနဲ႔တစ္ေလွ်ာက္လုံးဘယ္သူမွအဖြဲ႕မဖြဲ႕ၾကပဲ ဖြဲ႕ျဖစ္သြားေတာ့လည္း နည္းျပတစ္ေယာက္နဲ႔ျဖစ္ေနတယ္!

ဒါေပမဲ့ျပႆနာအခ်ိဳ႕ေတာ့ရွိေနဆဲပဲ။ က်န္ရွင္းေဆြ႕ကစိတ္ပူစြာနဲ႔ "ဖုေကာ ေကာရဲ႕တံဆိပ္ကအမွတ္ႏွစ္ဆေလ သူတို႔ကအဲ့တာအတြက္႐ူးသြပ္ေနၾကရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အဲ့တာကို သည္းခံႏိုင္မယ္မထင္ဘူး ၿပီးေတာ့သူတို႔မွာ လက္နက္ေတြလည္းရွိေနေသးတယ္..."

သူစဥ္းစားေနတဲ့အခ်ိန္မွာပဲ ဖုက်င္းေရွာင္းကသူ႔ကို တိတ္တဆိတ္ၾကည့္ေနတယ္။

သူတို႔

က်န္ရွင္းေဆြ႕ဒီလိုေျပာတာၾကားရေတာ့ ကိုယ္နဲ႔တစ္သင္းထဲျဖစ္ေနၿပီလို႔ သတ္မွတ္ထားၿပီးၿပီလို႔ဆိုလိုတာလား?

ကိုယ့္တံဆိပ္ကို သူ႔ကိုေပးၿပီးအမွတ္တိုးေအာင္ လုပ္ေပးလို႔ရတယ္ဆိုတာကိုေရာ ေမ့ေနတာလား?

ဖုက်င္းေရွာင္းက သူ႔ရဲ႕စိတ္လႈပ္ရွားေနၿပီး အတည္ႀကီးစဥ္းစားေနတဲ့ ပုံစံကိုျမင္ၿပီးေတာ့ ႏႈတ္ခမ္းေတြတြန္႔ေကြးသြားၿပီး အၿပဳံးတစ္ခုျဖစ္တည္လာေတာ့တယ္။ က်န္ရွင္းေဆြ႕ကပါးစပ္ဖြင့္ၿပီး စကားေျပာေတာ့မဲ့အခ်ိန္မွာပဲ လက္တစ္စုံကအနားေရာက္လာၿပီး သူ႔ေခါင္းေလးကိုပြတ္သပ္ေပးတယ္။ သူ႔ပါးစပ္ဖ်ားကစကားေတြ ရပ္တန္႔ကုန္ေတာ့တယ္။ ဖုက်င္းေရွာင္းကသူ႔ကထက္ ေခါင္းတစ္လုံးေလာက္ပိုျမင့္ေလတယ္။ အဲ့ဒီေယာက်္ားက ႏွစ္သိမ့္တဲ့အေနနဲ႔ ဆံပင္ေတြကိုပြတ္သပ္ေပးေနၿပီးေတာ့မွ ပါးစပ္ဖြင့္ဟကာ "မင္းအထင္ကိုယ္ကရႈံးမယ္ထင္လို႔လား?"

က်န္ရွင္းေဆြ႕စကားေတြက ႐ုတ္ခ်ည္းရပ္တန္႔သြားေတာ့တယ္။

ေခါင္းေမာ့ၾကည့္လိုက္တာနဲ႔ ဖုက်င္းေရွာင္းရဲ႕ေခ်ာေမာတဲ့မ်က္ႏွာကို ေတြ႕လိုက္ရတယ္။ သူ႔မ်က္ႏွာေပၚမွာ အၿပဳံးတစ္ခုဆင္ျမန္းထားတယ္။ သူ႔ၾကည့္ရတာၾကင္နာပုံေပါက္ေပမဲ့ ရက္စက္တဲ့မုဆိုးတစ္ေယာက္နဲ႔ ပိုတူေနတယ္။ သူ႔သားေကာင္ကိုဖမ္းေတာ့မဲ့အခ်ိန္မွာလို အၿပဳံးတစ္ခုကိုထုတ္ေဖာ္ျပေနတယ္။

"အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ လူမ်ားတာနဲ႔ႏိုင္ႏိုင္တာမဟုတ္ဘူး" ႐ုပ္ရွင္ဧကရာဇ္ဖုက က်န္ရွင္းေဆြ႕ေခါင္းကိုပုတ္လိုက္ၿပီး "ဒီေနရာကိုအားကိုးရမွာ"

ကိုယ္ကိုလွည့္လိုက္ေတာ့ ႐ိုက္ကူးေရးအဖြဲ႕ရဲ႕အသုံးအေဆာင္ေတြထားတဲ့ အခန္းျဖစ္တယ္။

ဒါေပမဲ့ ဒီအခန္းထဲမွာအေရးႀကီးပစၥည္းတစ္ခုမွမရွိေလဘူး။ အကုန္လုံးကဇာတ္ဝင္ပစၥည္းအသုံးအေဆာင္ေတြနဲ႔ စကပ္တို႔ ယပ္ေတာင္တို႔ အဲ့လိုမ်ိဳးေတြပဲျဖစ္ၿပီး အေျခခံအားျဖင့္အသုံးမဝင္ၾကဘူး။ ဒါေပမဲ့ဖုက်င္းေရွာင္းကနံရံတစ္ခုဆီသြားၿပီး နံရံေပၚကမ်က္ႏွာဖုံးတစ္ခုကို ယူလိုက္ၿပီးတပ္လိုက္တယ္။ အဲ့တာကေျမေခြးျဖဴမ်က္ႏွာဖုံးတစ္ခုျဖစ္ၿပီး ဆန္းၾကယ္ၿပီး ေခ်ာေမာတဲ့ပုံေပါက္ေလတယ္။ သူကလွည့္လာၿပီးေမးတယ္ "ဘယ္လိုေနလဲ?"

က်န္ရွင္းေဆြ႕ကအ႐ူးအမူးပဲေခါင္းၿငိမ့္ျပလိုက္တယ္ "ၾကည့္လို႔ေကာင္းတယ္"

ဖုက်င္းေရွာင္းက က်န္ရွင္းေဆြ႕ကိုၾကည့္ၿပီးေျပာလိုက္တယ္ "မင္းလက္ထဲမွာတစ္ျခားတစ္ေယာက္ရဲ႕တံဆိပ္ရွိလား?"

က်န္ရွင္းေဆြ႕ဆီမွာတကယ္ပဲ တစ္ခုရွိေနတယ္။ သူေျပးေနတုန္းကတစ္ေယာက္ရဲ႕ဟာကို လုထားလိုက္တာျဖစ္တယ္။ သူအခုထိအိတ္ထဲရွိေနတုန္းပဲ။

က်န္ရွင္းေဆြ႕ကလက္ဆန္႔ထုတ္လိုက္ၿပီး "ထုတ္လိုက္"

က်န္ရွင္းေဆြ႕ကလိမ္လိမ္မာမာနဲ႔ပဲ ထည့္ေပးလိုက္တယ္။

ဖုက်င္းေရွာင္းက ယူလိုက္ၿပီးၿပဳံးလိုက္တယ္ "မင္းကိုယ့္ကိုအဲ့ေလာက္ယုံတာလား တကယ္လို႔ကိုယ္ကယူၿပီးေျပးရင္ေရာ?"

က်န္ရွင္းေဆြ႕ကအရမ္းေသခ်ာတဲ့ပုံနဲ႔ "ေကာကအဲ့လိုလုပ္မွာမဟုတ္ပါဘူး"

..........

အခန္းထဲတစ္ခဏေလာက္တိတ္ဆိတ္သြားတယ္။

ဖုက်င္းေရွာင္းက က်န္ရွင္းေဆြ႕ကိုနက္နက္ရႈိင္းရႈိင္းၾကည့္ေနေပမဲ့ ဘာမွေတာ့မေျပာလာေလဘူး။ သူကကိုယ္ကိုကိုင္းလိုက္ၿပီးေတာ့ တစ္ေယာက္ရဲ႕တံဆိပ္ကိုက်န္ရွင္းေဆြ႕ေပၚတင္လိုက္ၿပီး ေျပာလာတယ္ "အခုကိုယ့္ကိုလမ္းရွာၿပီး မင္းအေဆာင္ဆီေခၚသြားေပး မင္းရဲ႕ေလ့က်င့္ေရးယူနီေဖာင္းတစ္စုံေလာက္ ရွာရမယ္"

က်န္ရွင္းေဆြ႕က႐ုပ္ရွင္ဧကရာဇ္ဖုဘာလုပ္ခ်င္တာလဲဆိုတာ ခန္႔မွန္းမိေနၿပီျဖစ္တယ္။ သူကအံ့အားသင့္စြာနဲ႔ "ေကာ ေကာက....."

"အင္း" ဖုက်င္းေရွာင္းက မ်က္ႏွာဖုံးကိုလက္ထဲမွာလွည့္လိုက္တယ္။ မ်က္ႏွာဖုံးတစ္ခုပဲဆိုေပမဲ့ သူကမုဆိုးတစ္ေယာက္ ေသနတ္ကိုမပစ္ခင္ လက္ထဲမွာလွည့္လိုက္သလိုမ်ိဳး ခံစားခ်က္ကိုေပးစြမ္းႏိုင္တယ္။ ၿပီးေတာ့ၿပဳံးၿပီးသူကို။ အဲ့အခ်ိန္တစ္ခဏမွာ ပ်င္းပ်င္းရိရိနဲ႔ၿပဳံးေနတတ္တဲ့မ်က္လုံးထဲမွာ လူသတ္ေငြ႕ေတြပုန္းေအာင္းေနသလိုပဲ။ သူကျဖည္းျဖည္းေျပာလာတယ္ "သြားစို႔ ကိုယ္သူတို႔ကိုဂ႐ုစိုက္ေပးလိုက္မယ္"

ဘာေၾကာင့္မွန္းမသိ က်န္ရွင္းေဆြ႕အဲ့တာကိုၾကားေတာ့ ေနာက္ေက်ာဘက္ကေအးလာသလို ခံစားလိုက္ရေလတယ္။

ၿပီးေတာ့တစ္ဖက္က လူပိုမ်ားေနတဲ့အေျခအေနမွာေပမဲ့ ဒီအခ်ိန္မွာေတာ့ သူရွန္ရွင္းခ်န္ကိုေအးေအးေဆးေဆးသြားေစခ်င္တယ္။

___________________
Word – 8117
Oct 9th, 2022 (Sun)
Xiao Dream

ဒီအပိုင္းကအရွည္ႀကီးပဲဗ်ိဳ႕။ မနည္းေရးလိုက္ရတယ္။

Continue Reading

You'll Also Like

1.9M 336K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
1.6M 68.9K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
375K 46.6K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...
138K 16.6K 76
ယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေး...