Ch(272-274)
Chapter(272)
ပြိုင်ပွဲအတွက် စာရင်းသွင်းခြင်း(1)
ဟေးရွမ်ရီက တကယ်ကို ဒီအကြောင်းကို ပြောတာဖြစ်တယ်။အကြီးအကဲထန်းဇောင်က သူ့ကိုပြောလိုက်ကတည်းက သူ့ကို အတွေးများစေခဲ့တယ်။သူက အချက်အလက်တွေကိုပိုပြီးမေးချင်ပေမဲ့ အကြီးအကဲထန်းဇောင်က ပြောနိုင်တာက ဒါကသူပြောနိုင်တာဘဲ သေချာတာကြောင့် ရပ်တန့်ခဲ့တာဖြစ်တယ်။
ဒါပေမဲ့ အကြီးအကဲထန်းဇောင်က ပြောဖို့ကျန်ခဲ့တာကို ဟေးရှင်းက သူ့ကိုတစ်ကြိမ်ပြောခဲ့ဖူးတယ်။သူပြောခဲ့တာက ဝူရုန်ရဲ့အသက်က တိုတောင်းပြီး အသက်၃၀ထက်မကျော်နိုင်ဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့လည်း နောက်ပိုင်းမှာ ဝူရုန်ရဲ့သက်တမ်းက ရှည်လာတယ်ကို ပြောခဲ့တယ်။ဘာအကြောင်းပြချက်ကြောင့်ရှည်လာတယ်ဆိုတာကတော့ မသိနိုင်ခဲ့ဘူး။ဒါပေမဲ့ သူခံစားရတာက ဝူရုန်က ဘာကြောင့်လဲဆိုတာ သေချာသိနေတယ်လို့ဘဲ။
"မစိုးရိမ်ပါနဲ့။ကျွန်တော်တို့ အသက်သေဆုံးသည့်တိုင် အတူရှိနေမှာဘဲ။အကြီးအကဲထန်းဇောင်ကလည်း ၁၅နှစ်မဟုတ်ရင် ထာဝရလို့ပြောခဲ့တာဘဲ။
ဟေးရွမ်ရီက ဝူရုန်ရဲ့မျက်နှာကို ကြာရှည်စွာ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်တယ်။သူက ဝူရုန်ကပြောင်းလဲမှုကို သိနေတယ်ဆိုတာ သေချာသွားတယ်။အခုချိန်မှာ ဝူရုန်က ခိုင်မာစွာ ကတိပေးနေတာကြောင့် ဝူရုန်က အစောကြီးသေဆုံးသွားမှာ မဟုတ်ဘူး။
"ကျွန်တော်တို့ ညကျရင် လကိုပျော်ရွှင်စွာကြည့်ဖို့အတွက် တစ်ရေးအိပ်ရအောင်"ဝူရုန်က သမ်းဝေရင်းပြောလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ကိုပွေ့ချီပြီး အိပ်ခန်းထဲကို ခေါ်သွားလိုက်တယ်။
ညအချိန်မှာတော့ တစ်ယောက်ကမှ မီးပုံးတွေကို ကြည့်ဖို့အတွက် ပျော်ရွှင်စွာ မထွက်လာကြဘူး။သူတို့က ခြံဝင်းထဲမှာဘဲ လပြည့်ညကို ကြည့်ရင်း ချိုသာတဲ့ချစ်စကားတွေပြောပြီး ညသန်းခေါင်လောက်မှာ အိပ်ခန်းထဲကို ဝင်သွားကြတယ်။
ဆောင်းလယ်ပွဲတော်ပြီးတဲ့ အချိန်မှာတော့ တစ်မြို့လုံးက စိတ်ဖိစီးလာကြတယ်။မိသားစုကြီးဆယ်စုက လူတိုင်းကတော့ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်ကြတယ်။အချို့ကဆေးပစ္စည်းတွေကို ဝယ်ယူကြပြီး အချို့ကတော့ မှော်လက်နက်တွေကို ပြင်ဆင်ကြတယ်။အချို့ကတော့ ပစ္စည်းတွေရရှိဖို့အတွက် တိုက်ခိုက်ကြတယ်။မင်းက မြို့ရဲ့ထောင့်တိုင်းနေရာတိုင်းမှာ တိုက်ခိုက်နေတာကို တွေ့မြင်နိုင်ပြီး မြို့သူမြို့သားတွေက ကြောက်လန့်နေရတယ်။
ဝူရုန်က သူ့မှာဆေးပစ္စည်းတွေနှင့်မှော်လက်နက်တွေက ပြည့်စုံစွာရှိနေကတည်းက သူကအပြင်ထွက်ပြီး ဝယ်ဖို့မလိုအပ်ခဲ့ဘူး။သို့သော်လည်း သူကပြိုင်ပွဲအတွက် စစ်ဆေးပြီး စာရင်းပေးဖို့ သွားဖို့ လိုအပ်တယ်။
ဝူရုန်က ဝူချွင်ချင် ဝူရှိနှင့် ဝူရှိရဲ့ဆရာသခင်ဝူချန်လွီတို့နှင့်အတူ စာရင်းပေးရမည့်နောက်ဆုံးရက်မတိုင်ခင် တစ်ရက်အလိုမှာ စာရင်းပေးရမည့်နေရာကို လာခဲ့ကြတယ်။
ဒီမှာတော့ စာရင်းပေးတဲ့သူက အများကြီးမရှိပါဘူး။ကျင့်ကြံသူတစ်ရာလောက်ကသာ ပြိုင်ပွဲဝင်ဖို့အတွက် ကျင့်ကြံဆင့်ကို စစ်ဆေးတဲ့နေရာမှာ စောင့်နေကြတယ်။ဒါကြောင့် ကိုယ့်ရဲ့ကျင့်ကြံဆင့်ကို လိမ်ညာဖို့ဆိုတာ မဖြစ်နိုင်ဘူး။
တစ်နာရီလောက်ကြာပြီးချိန်မှာတော့ ဝူချန်လွီရဲ့အလှည့်ကိုရောက်ရှိလာတယ်။
စစ်ဆေးမှုက အလွန်ကို ရိုးရှင်းတယ်။ကျင့်ကြံသူတွေက သူတို့ရဲ့စိတ်စွမ်းအားကို စိတ်ဝိညာဉ်ထဲကိုပို့လွတ်ဖို့လိုအပ်ပြီး စိတ်ဝိညာဉ်မှန်က သူတို့ရဲ့ကျင့်ကြံဆင့်ကို ဖော်ပြပေးမှာ ဖြစ်တယ်။
ဝူချန်လွီက သူ့ရဲ့စိတ်စွမ်းအားကို ပို့လွတ်လိုက်တော့ စိတ်ဝိညာဉ်မှန်က ကိုးဆိုကို ဖော်ပြလာတယ်။
လူတိုင်းက အံ့အားသင့်သွားတယ်။
"နောက်ထပ် အဆင့်ကိုးကျင့်ကြံသူလား?သူကဘယ်သူလဲ?ငါက သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။သူက မိသားစုဆယ်စုကလား?"
"သူက ဝူမိသားစုက ဝူချန်လွီဘဲ။သူက ဂရန်းမစ္စတာနဲ့မျိုးဆက်အတူတူဘဲ။သူကတစ်ချို့သောအကြောင်းပြချက်တွေကြောင့် ဝူမိသားစုကနေ ကန်ထုတ်ခံခဲ့ရတယ်။သူက လူတွေရှေ့မှာ သိပ်မပေါ်လာတတ်တာကြောင့် မင်း သူ့ကိုမမြင်ဖူးတာ မထူးဆန်းဘူး"
"ငါ သူ့ကိုမမြင်ဖူးတာ အံ့သြစရာမဟုတ်တော့ဘူး။ဝူမိသားစုက အဆင့်ကိုးကျင့်ကြံသူတစ်ယောက်ကို ကန်ထုတ်ရအောင် ရူးနေတာလား?"
"မင်း ဒီလိုတွေးနေရင်တောင် သူကဝူမိသားစုက ကန်ထုတ်ခံထားရတာတောင် သူ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့လိုသေးတာဘဲ"
"မင်းပြောတာမှန်တယ်"
ဝူချန်လွီက ဒီလူတွေက သူ့အကြောင်းပြောနေတာ မဟုတ်သလိုဘဲ လျစ်လျူရှူလိုက်ပြီး စာရင်းပေးရမယ့်နေရာကို သွားလိုက်တယ်။
စာရင်းသွင်းတဲ့နေရာမှာ စစ်ဆေးတဲ့ အမျိုးသားက သူ့ကို အဆင့်ကိုးကျင့်ကြံသူအုပ်စုမှာ စာရင်းသွင်းလိုက်တယ်။
ဝူချန်လွီက လူတွေကိုကွေ့ပတ်ပြီးတော့ ဝူရုန် စိတ်စွမ်းအင်စစ်ဆေးတဲ့ နေရာကို ပြန်လာခဲ့တယ်။
"ဟေ့ ကောင်လေး မင်း ပြိုင်ပွဲဝင်မှာလား?မဝင်ဘူးလား?မင်း မြန်မြန်စစ်ဆေးရင်ကောင်းမယ်။ဒီမှာစောင့်နေတဲ့ လူတွေအများကြီးရှိသေးတယ်"
ဝူချန်လွီက ဝူရုန်ရဲ့လက်က စိတ်ဝိညာဉ်မှန်ပေါ်ကို တင်ထားပေမဲ့ စိတ်ဝိညာဉ်မှန်က ဘာမှမတုံ့ပြန်လာတာကိုတွေ့တယ်။
စိတ်စွမ်းအင်စစ်ဆေးပေးနေတဲ့အမျိုးသားက စိတ်မရှည်တော့ဘူး။တကယ်လို့ဒီလူကသာ ဝူချန်လွီနှင့်အတူ လာခဲ့တာမဟုတ်ရင် သူ ဒီလူကို ကန်ထုတ်ပစ်လိုက်ပြီ။
"မင်းရဲ့စိတ်စွမ်းအားတွေကို စိတ်ဝိညာဉ်မှန်ထဲကို ပို့လိုက်ဖို့လိုအပ်တယ်။ဒါဆိုရင် စိတ်ဝိညာဉ်မှန်က မင်းရဲစိတ်စွမ်းအင်အဆင့်ကိုဖော်ပြပေးလိမ့်မယ်"
ဝူချွင်ချင်က စိတ်စွမ်းအင်စစ်ဆေးပေးနေတဲ့ အမျိုးသားကို တောင်းပန်လိုက်တယ်"ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော့်သားက စိတ်စွမ်းအင်မရှိဘူး။သူက စိတ်စွမ်းအားကို အသုံးမပြုနိုင်ဘူး။ကျေးဇူးပြုပြီးသူ့ကို စိတ်စွမ်းအင် အဆင့်တစ်လို့ဘဲ သတ်မှတ်ပေးနိုင်မလား?"
အခြားလူတွေကလှောင်လိုက်ကြတယ်"မင်း နောက်နေတာလား?မိသားစုဆယ်စုမှာ စိတ်စွမ်းအင်မရှိတဲ့သူရှိသေးလို့လား?မင်း အဆင့်နိမ့်ကျင့်ကြံသူလို့ လှည့်စားချင်လို့ဘဲဖြစ်ရမယ်"
တစ်စုံတစ်ယောက်ကပြောလိုက်တယ်"သူက အရပ်ရှည်ပြီး ကျန်းမာတဲ့ လူငယ်တစ်ယောက်ဘဲ။ဘယ်လိုလုပ်ပြီး အဆင့်တစ်ကျင့်ကြံသူရဲ့ပြိုင်ပွဲမှာ ပြိုင်နေရတာလဲ?အဆင့်တစ်ကျင့်ကြံသူတွေက သုံးလေးနှစ်အရွယ်ကလေးတွေဘဲ။အဆင့်တစ်ကျင့်ကြံသူတွေအတွက် ပြိုင်ချင်တယ်တဲ့...အရှက်ရှိသင့်တယ်"
အခြားလူတွေကလည်း ဝူရုန်က သုံးလေးနှစ်အရွယ်ကလေးတွေနှင့်တိုက်ခိုက်နေတာကို စိတ်ကူးကြည့်လိုက်ကြပြီး ရယ်မောလိုက်ကြတယ်။
--------------------------------------------
Chapter(273)
ပြိုင်ပွဲအတွက်စာရင်းသွင်းခြင်း(2)
ဝူချွင်ချင်နှင့်ဝူရှိ၏မျက်နှာသည် ဒေါသကြောင့်နီရဲလာတယ်။သူတို့က ပြိုင်ပွဲ၏စည်းမျဉ်းကြောင့်သာမဟုတ်ရင် သူတို့ချစ်တဲ့မိသားစုဝင်တစ်ယောက်ကို ဒီလိုမျိုး တခြားလူတွေလှောင်ရယ်တာမနှစ်သက်ဘူး။
ဝူရုန်က မှန်ကိုကြည့်နေရင်း ဒီလူတွေကို ဘယ်လို အပြစ်ပေးရင် ကောင်းမလဲလို့တွေးနေတယ်။
ဝူချန်လွီက ဝူရုန်အတွက်ပြောပေးဖို့ ပါးစပ်ဖွင့်လိုက်တဲ့ အချိန်မှာဘဲ စိတ်စွမ်းအင် စစ်ဆေးပေးတဲ့ သူကပြောလိုက်တယ်"တကယ်လို့ မင်းမှာ စိတ်စွမ်းအင်မရှိဘူးဆိုရင် မင်းတို့ခေါင်းဆောင်ကို ဒါကို သက်သေလုပ်ခိုင်းလိုက်"
"ငါက သူ့ရဲ့ခေါင်းဆောင်ဘဲ"လူတစ်ယောက်က ပြောလိုက်တယ်။
ဝူရုန် ဝူချွင်ချင် ဝူရှိနှင့် ဝူချန်လွီတို့က လှည့်ကြည့်လိုက်တယ်။
ဝူမိသားစုခေါင်းဆောင်က ဝူရုန်ဘေးမှာရပ်လိုက်ပြီး စိတ်စွမ်းအင်စစ်ဆေးတဲ့ သူကို ပြောလိုက်တယ်"သူက ဝူမိသားစုက အခွဲကဘဲ။သူက စိတ်စွမ်းအင်မရှိဘဲ မွေးဖွားလာတယ်။ကျေးဇူးပြုပြီး သူ့ကို ပြိုင်ပွဲရဲ့အဆင့်တစ်မှာ ထည့်ပေးလိုက်ပါ"
စွမ်းအင်စစ်ဆေးတဲ့သူက ဝူရုန်ကို ပြိုင်ပွဲ၏အဆင့်တစ်နေရာမှာ စာရင်းသွင်းပေးလိုက်တယ်။
အခြားလူတွေက ဝူရုန်ကို လှောင်ရီပြီး အထင်သေးနေကြပေမဲ့ သူတို့က ဝူမိသားစုခေါင်းဆောင်ရှိနေတာကြောင့် ဘာမှတော့ မပြောဘူး။
ဝူရုန်က ဝူမိသာစုခေါင်းဆောင်ကို ကျေးဇူးတင်လိုက်တယ်။သူက သူ့ရဲ့စိတ်စွမ်းအင်ကို ဖော်ထုတ်သင့်လားဆိုတာ တုံ့ဆိုင်းနေခဲ့တာဖြစ်တယ်။အခုသူရဲ့ပြသနာကို ခေါင်းဆောင်ဝူက ဖြေရှင်းပေးသွားတယ်။ဝူချွင်ချင်ကလည်း ဝူမိသားစုခေါင်းဆောင်ကို ကျေးဇူးတင်လိုက်တယ်။
ခေါင်းဆောင်ဝူက ဝူချန်လွီကို ပြောလိုက်တယ်"ငါနဲ့လိုက်ခဲ့"
သူက ဝူချန်လွီကိုထောင့်တစ်နေရာကို ခေါ်သွားလိုက်တယ်။ဝူချန်လွီက ခေါင်းဆောင်ဝူကို ခေါ်လိုက်တယ်"အကိုကြီး"
ခေါင်းဆောင်ဝူက နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်"အခု ငါက မင်းရဲ့အကိုကြီးဆိုတာ မှတ်မိသေးတယ်ပေါ့။ငါက မင်းက ဝူမိသားစုဝင်တစ်ယောက်ဆိုတာ မေ့သွားပြီထင်နေတာ"
"........."ဝူချန်လွီ
ခေါင်းဆောင်ဝူက ဝူချန်လွီက တိတ်ဆိတ်နေတာကြောင့် ပိုပြီး ဒေါသထွက်သွားပြီး"အချိန်တွေ ဒီလောက်ကြာနေပြီ။မင်းက ဝူမိသားစုကို ပြန်မလာသင့်ဘူးလား?"
"အရင်တုန်းက မင်း ငါ့ကိုကန်ထုတ်လိုက်ကတည်းက အခုမှပြန်လာဖို့ပြောနေရတာလဲ?"ဝူချန်လွီက ဝူမိသားစုကို ပြန်သွားဖို့ စိတ်မဝင်စားသလို ဝူမိသားစုရဲ့အရေးကိစ္စတွေမှာလည်း ပါဝင်ဖို့ စိတ်ကူးမရှိဘူး။သူလိုချင်တာအားလုံးက သူ့ဇနီးနှင့်အတူ နှစ်၁၀၀အတူကုန်ဆုံးခဲ့တဲ့ အိမ်မှာဘဲ နေထိုင်လိုတာဖြစ်တယ်။
"မင်း...."ခေါင်းဆောင်ဝူက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ်"ဒါကိုမေ့လိုက်တော့။မင်းဘာဘဲလိုချင်လိုချင် မင်းအကူညီလိုတဲ့ အခါ ငါ့ကို လာရှာဖို့သာ မျှော်လင့်တယ်"
ဝူချန်လွီက ခေါင်းမငြိမ့်လိုက်သလို ဘာမှလည်း မတုံ့ပြန်ဘူး။
ခေါင်းဆောင်ဝူက သူ့ရဲ့မထူးမခြားအမူအရာကို မနှစ်သက်ဘူး။ဒါကြောင့် သူက လက်ဝေ့ယမ်းလိုက်ပြီး ပြောလိုက်တယ်"သွားတော့ ငါ့ရှေ့မှာသာ ထပ်ပြီးပေါ်မလာနဲ့"
ဝူချန်လွီက ထွက်သွားပြီးမှ ပြန်လှည့်လာပြီး ဝူရှိကိုညွှန်ပြပြီး ပြောလိုက်တယ်"အကိုကြီး သူက ငါ့ရဲ့အနီးကပ်တပည့်ဘဲ။သူမအမည်က ဝူရှိ။ဝူမိသားစုခွဲက အဖွဲ့ဝင်"
ခေါင်းဆောင်ဝူက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ နေက်ဆုံးတော့ ဘာမမပြောဖို့ ဆုံးဖြတ်လိုက်တယ်။သူက သက်ပြင်းချပြီး ပြောလိုက်တယ်"ငါသိပြီ။အခု မင်း သွားလို့ရပြီ"
ဝူချန်လွီက ဝူရှိနှင့်တခြားလူတွေထံကို ပြန်လာခဲ့တယ်။
ဝူရှိက ဝူချန်လွီရဲ့လက်မောင်းကို ဖက်လိုက်ပြီး"ဆရာသခင် သမီးက စိတ်စွမ်းအင်အဆင့် စစ်ဆေးတော့ အဆင့်လေးကို ရောက်နေပြီ။ဒါကြောင့် ဆရာ သမီးကိုဆုချရမယ်"
ဝူချွင်ချင်က ဝူရှိရဲ့ခေါင်းကိုခေါက်ချလိုက်ပြီး"မင်းရဲ့အပြုအမူကို ကြည့်စမ်း..မင်းရဲ့ဆရာကို မရိုင်းစိုင်းနဲ့"
အမှန်တကယ်တော့ ဝူချွင်ချင်က သူ့သမီးက ဒီလောက်မြန်မြန်အဆင့်လေးကို ရောက်ရှိလာတာကြောင့် ပျော်ရွှင်နေတာဖြစ်ပြီး ဝူချန်လွီကို ကျေးဇူးတင်နေတာဖြစ်တယ်။
ဝူချန်လွီက ခဏလောက်တွေးပြီး ပြောလိုက်တယ်"ငါ အပြန်ကျရင် မင်းအတွက် ဘယ်လိုမှော်လက်နက်က သင့်လျော်မလဲဆိုတာ ကြည့်ပေးမယ်"
"ကျေးဇူးတင်ပါတယ် ဆရာသခင်"
"အိမ်ပြန်စို့"ဝူချန်လွီက ပြုံးပြီးပြောလိုက်တယ်။
"ရုန်အာ အိမ်ပြန်ရအောင်"ဝူချွင်ချင်က ဝူရုန်က ဝင်ပေါက်ကို စိုက်ကြည့်နေတာကြောင့် ပြောလိုက်တယ်။
သူက ဝူယုနဲ့တခြားလူတွေက ခန်းမထဲကို လျှောက်ဝင်လာတာကို တွေ့လိုက်ရတယ်။
ဝူယုက ဝူရုန်တို့ကို တွေ့တော့ အပြုံးကြီးကြီး ပြုံးလိုက်ပြီး ပြောလိုက်တယ်"ဦးလေး ရုန်အာ ရှိအာ မတွေ့ရတာတောင်ကြာပြီ။စာရင်းလာသွင်းတာလား?"
ဝူရှိက သူ့ကိုဒေါသတကြီး စိုက်ကြည့်လိုက်တယ်။
ဝူချွင်ချင်က ဝူယုက ဝူဇူရဲပျောက်ဆုံးမှုနဲ့တစ်စုံတစ်ခု ဆက်နွယ်နေမှန်းသိတယ်။သူက အရင်ကတည်းက ဝူယုက သူ့ကို ဦးလေးတစ်ယောက်အနေဖြင့်လေးစားမှုမရှိတာကြောင့် ခေါင်းသာငြိမ့်ပြလိုက်တယ်။
"အင်း"ဝူရုန်က အပြုံးသေးသေးလေးနဲ့ပြောလိုက်တယ်။
ကောင်းတယ်။သူက နောက်ဆုံးတော့ မွန်းစတားကလန်ကပြန်လာပြီ။
ဝူယုက တစ်စုံတစ်ခုကို ပြောချင်သေးပေမဲ့ သူတို့နားက တစ်ယောက်ကပြောလိုက်တယ်"ဝူယု လာခဲ့တော့။မြန်မြန်လာခဲ့။ငါ မင်းအတွက် တန်းစီပေးထားတယ်။အခု မင်းစိတ်စွမ်းအင်စစ်ဆေးဖို့ အလှည့်ရောက်ပြီ"
"ကောင်းပြီ။ကျွန်တော့်ကို ခွင့်ပြုအုန်း"ဝူယုက ဝူချွင်ချင်ကို ပြောလိုက်တယ်။
"သွားတော့"
-------------------------------------
Chapter(274)
ပြိုင်ပွဲအတွက်စာရင်းသွင်းခြင်း(3)
ဝူယုက သူ့သူငယ်ချင်းတွေစီကို ပြန်သွားပြီး သူငယ်ချင်းတစ်ယောက်က မေးလိုက်တယ်"ဝူယု သူတို့ကဘယ်သူလဲ?"
"ငါ့ရဲ့တတိယဦးလေး သူ့သားနဲ့သမီး"ဝူယုကရှင်းပြလိုက်တယ်။
ဝူယုရဲ့သူငယ်ချင်းက နှာခေါင်းရှုံ့လိုက်ပြီး"ဒါဆို မင်းရဲ့စိတ်စွမ်းအင်မရှိတဲ့ ဝမ်းကွဲပေါ့။ငါမင်းကို သူတို့နဲ့ဝေးဝေးနေဖို့ အကြံပေးလိုက်မယ်။အထူးသဖြင့် လူတွေ့ရှေ့မှာ။သူက အရှက်မရှိတဲ့သူဘဲ။မင်း သူတို့နဲ့ဖြစ်နိုင်သမျှ ဝေးဝေးမနေဘူးဆိုရင် မင်းကလည်း အရှက်မရှိတဲ့သူဖြစ်လာလိမ့်မယ်"
ဝူရှိက သူတို့ပြောနေတာတွေကို ကြားနေရတာကြောင့် ဒေါသထွက်သွားတယ်။
"စိတ်ထဲမထားနဲ့"ဝူချွင်ချင်က လေးလံစွာပြောလိုက်တယ်။ဝူချန်လွီက သူတို့ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်တယ်"ရှိအာ မင်းအဖေပြောတာမှန်တယ်။သူတို့အတွက် ငါတို့အချိန်ဖြုန်းဖို့မတန်ဘူး"
"ငါ့အကိုအတွက် ဝမ်းနည်းတယ်"ဝူရှိကမျက်ရည်ဝိုင်းပြီး ပြောလိုက်တယ်။
"......."ဝူရုန်က ဝူယုရဲ့သူငယ်ချင်းတွေကို စိုက်ကြည့်ပြီး စိတ်ထဲမှာ မှတ်ထားလိုက်ပြီးနောက် ဝူရှိကို နှစ်သိမ့်ပေးလိုက်တယ်"ရှိအာ ငါ့အတွက် ဝမ်းမနည်းနဲ့။စိတ်စွမ်းအင်ရှိတာ မရှိတာက ငါ့ရဲ့ကံတရားဘဲလေ"
ဝူယုရဲ့သူငယ်ချင်းတွေက သူတို့ကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်တယ်"ဝူယု မင်းရဲ့စိတ်စွမ်းအားကို စစ်ဆေးတော့"
ဝူယုက သူ့ရဲ့မျက်လုံးထောင့်ကနေ ဝူရှိဒေါသထွက်နေတာကို ကြည့်ပြီး စိတ်ထဲကနေ လှောင်လိုက်တယ်။သူက စိတ်ဝိညာဉ်မှန်ရှေ့ကို လျှောက်သွားပြီး သူ့လက်ကို တင်လိုက်ပြီး သူ့ရဲ့စိတ်စွမ်းအားတွေကို ထုတ်လွတ်လိုက်တော့ ခြောက်ဆိုတာ ပေါ်လာခဲ့တယ်။
ဝူယုရဲ့သူငယ်ချင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ဝူယု မင်းကနောက်တစ်ဆင့်ကို ရောက်သွားပြီဘဲ။ဘုရားသခင် မင်းရဲ့ပါရမီက မယုံနိုင်စရာဘဲ။ကလန်လေးခုပွဲတော်တုန်းကမှ မင်းက အဆင့်ငါးဘဲရှိသေးတယ်။အခုတော့ မင်း အချိန်တိုအတွင်းမှာ အဆင့်ခြောက်ကို ရောက်သွားပြီ"
ဝူချွင်ချင်နှင့်ဝူရှိကလည်း အံ့အားသင့်သွားတယ်။ဝူယုက လေ့ကျင့်ရေးမသွားခင်တုန်းက အဆင့်လေးသာရှိသေးတယ်။သူက နှစ်ဝက်အတွင်းကို အဆင့်နှစ်ခုတောင် ချိုးဖြတ်နိုင်ခဲ့တယ်။သူက အခုဆိုရင် ဝူချွင်ချင်ထက်တောင်မြင့်သွားပြီ။ဝူချွင်ချင်က အစောတုန်းက ဒဏ်ရာရရှိခဲ့တာကြောင့် အဆင့်ငါးသာရောက်နေတာဖြစ်တယ်။ဒါကြောင့် ဝူချွင်ချင်က နောက်နှစ်အနည်းငယ်မှသာ နောက်တစ်ဆင့်ကို ရောက်နိုင်မှာဖြစ်တယ်။
ဝူရုန်က ဝူယု အဆင့်ခြောက်ကို ရောက်နေပြီဆိုတာ ကြားတော့ သူတစ်စုံတစ်ခုကို တွေးမိသွားတယ်။
"အင်း ငါလည်းဒီလောက်မြန်မြန် နောက်တစ်ဆင့်ကိုရောက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"ဝူယုက ပြုံးပြီးပြောလိုက်တယ်။
သူက ဝူရုန်တို့ဘက်ကိုလည်း လှည့်ပြီးပြောလိုက်တယ်"ဦးလေး ရုန်အာ ရှိအာ ငါက အဆင့်ခြောက်ကို ရောက်သွားပြီ"
ဝူရှိက နှာခေါင်းရှုံ့လိုက်တယ်။
ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။
ဝူရုန်ကပြုံးပြီး သူ့ကိုဂုဏ်ပြုပေးလိုက်တယ်"ဂုဏ်ယူပါတယ် ဝမ်းကွဲအကို မင်း အဆင့်ခုနှစ်ကိုလည်း အမြန်ချိုးဖြတ်နိုင်ပါစေ"
"ငါလည်းဘဲ မျှော်လင့်တယ်"
ဝူရုန်က ဝူချွင်ချင်ကို ပြောလိုက်တယ်"အဖေ သွားစို့"
ဝူရုန်ပြောတာကို ကြားတာနှင့်ဝူရှိက ဝူချန်လွီကို ဆွဲခေါ်သွားလိုက်တယ်။ဘာကြောင့်လဲဆိုတော့ သူမက ဝူရှိနဲ့သူ့သူငယ်ချင်းတွေနှင့်အတူ နည်းနည်းလေးတောင် အချိန်မဖြုန်းချင်တာကြောင့်ဖြစ်တယ်။
သူတို့ထွက်သွားပြီးနောက် ဝူယုက သူ့သူငယ်ချင်းကို ပြုံးပြီးမေးလိုက်တယ်"ရှူယန် ငါ့ဦးလေးက အဆင့်ဘယ်လောက်လဲ?"
ဝူရှူယန်က လှောင်လိုက်တယ်"စစ်ဆေးတဲ့သူပြောတာတော့ အဆင့်ငါးတဲ့။မင်းထက်နိမ့်တယ်။ငါကြားတာတော့ မင်းဦးလေးက မင်းတို့မိသားစုမှာ ပါရမီအရှိဆုံးဆို။ဒါပေမဲ့ ကြည့်ရတာတော့ သာမန်ပါဘဲ။ဝူယု မင်းသာကြိုးစားမယ်ဆိုရင် မင်း ဆယ်စုနှစ်အတွင် အဆင့်ကိုးကို ချိုးဖြတ်နိုင်လိမ့်မယ်လို့ ငါပြောရဲတယ်"
ဝူယုက "ကိုး"ဆိုတဲ့စကားလုံးကို ကြားတာနှင့်သူ့မျက်လုံးတွေက တောက်ပလာပြီး သူကဖြစ်နိုင်မယ်ဆိုရင် နောက်တစက္ကန်အတွင်း အဆင့်ကိုးကျင့်ကြံသူဖြစ်ချင်တယ်။
ဝူရှူယန်က သူ့ပခုံးကိုပုတ်ပြီး ပြောလိုက်တယ်"မင်းရဲ့နာမည်ကို စာရင်းပေးလိုက်အုန်း"
"အင်း"
ဝူယုနဲ့သူ့သူငယ်ချင်းတွေက စာရင်းပေးပြီးနောက် ထွက်သွားကြတယ်။
ခေါင်းဆောင်ဝူက သူတို့ထွက်သွားတဲ့အချိန်မှ ထောင့်တစ်နေရာကနေ ထွက်လာပြီး စာရင်းမှတ်တဲ့လူကို ဘယ်သူမှမရှိတဲ့ ထောင့်တစ်နေကို ဆွဲခေါ်သွားလိုက်ပြီး အသံတိုးတိုးနှင့်ပြောလိုက်တယ်။
စာရင်းမှတ်တဲ့သူက ပြောလိုက်တယ်"ခေါင်းဆောင်ဝူက ဒီလိုလုပ်ချင်တာ သေချာရဲ့လား?ကျွန်တော် ဒီလိုလုပ်သင့်တယ်လို့မထင်ဘူး။ကျွန်တော့်ကို ဖမ်းမိသွားရင် အပြစ်ပေးခံရလိမ့်မယ်"
ခေါင်းဆောင်ဝူက ကတိပေးလိုက်တယ်"ဒီကိစ္စနဲ့ပက်သတ်ပြီး မင်း ဘာမှမဖြစ်စေရဘူး။မစိုးရိမ်နဲ့။မင်းကို ဖမ်းမိသွားရင်တောင် ဂရန်းမစ္စတာက မင်းကိုဂရုစိုက်ပေးလိမ့်မယ်။မင်း အပြစ်ပေးခံရမှာမဟုတ်ဘူး"
"ခေါင်းဆောင်ဝူ သေချာရဲ့လား?"စာရင်းမှတ်တဲ့လူက ထပ်မေးလိုက်တယ်။
ခေါင်းဆောင်ဝူက ဘဏ်လက်မှတ်တွေကို စစ်ရင်းမှတ်တဲ့လူရဲ့လက်ထဲကို ထည့်ပေးလိုက်ပြီး ပြောလိုက်တယ်"မင်းက ငါ့စကားအတိုင်းသာလုပ်ပါ။ငါပြောသလိုသာလုပ်လိုက်"
စာရင်းမှတ်တဲ့လူက ဘဏ်လက်မှတ်တွေကို သူ့အင်္ကျီလက်ထဲကို ထည့်ပြီး ဘယ်လောက်ထူသလဲဆိုတာ စမ်းကြည့်လိုက်တယ်။ဘဏ်လက်မှတ်တွေက အများကြီးဘဲ။သူက ပျော်ရွှင်စွာ ပြောလိုက်တယ်"ကောင်းပြီ။ကျွန်တော် အလုပ်ပြီးရင် လုပ်လိုက်မယ်"
ခေါင်းဆောင်ဝူက ကျေနပ်စွာ ပြုံးပြီး သူမထွက်သွားခင် နှစ်ကြိမ်မြှောက် သူခိုင်းတာကို လုပ်ဖို့ သတိပေးပြီး ထွက်သွားလိုက်တယ်။
စာရင်းမှတ်တဲ့လူက လှောင်လိုက်တယ်"အဲဒီလူကလည်း သူ့ကလန်ကလူဘဲ မဟုတ်လား?ဒါပေမဲ့ သူကဘယ်လိုလုပ်ပြီး ကိုယ့်လူကိုယ် အန္တရာယ်ပေးနိုင်ရတာလဲ?ကံကောင်းစွာဘဲ ငါက ဝူကလန်မဟုတ်ဘူး"
သူက သူ့နေရာကို ပြန်လာလိုက်ပြီး သူ့အလုပ်ကို ပြီးအောင်ဆက်လုပ်လိုက်တယ်။သူ့အလုပ် ပြီးသွားပြီး တစ်ယောက်မှ မရှိတော့တဲ့အချိန်မှ သူက အဆင့်တစ်ပြိုင်ပွဲဝင်နေရာက ဝူရုန်ရဲ့အမည်ကို ဖျက်ပြီး အဆင့်ရှစ်ပြိုင်ပွဲဝင်နေရာမှာ ဖြည့်ပြီးမှ ကြီးကြပ်ရေးမှူးထံ အပ်နှံလိုက်တယ်။
ဝူရုန်က သူ့ရဲ့ပြိုင်ပွဲဝင်နေရာက ပြောင်းလဲသွားတာကို မသိပါဘူး။သူတို့ ဟေးအိမ်တော်ကို ပြန်ရောက်လာတော့ ဝူချွင်ချင်နှင့်ဝူရှိက သူတို့ရဲ့ခြံဝင်းကို ပြန်သွားတဲ့အခါမှ ဝူရုန်က ရထားလုံးရပ်ထားတဲ့ဟေးအိမ်တော်ရဲ့ဝင်ပေါက်ကို ပြန်သွားလိုက်တယ်။
ဝူရုန်က ရထားလုံးကို မောင်းဖို့လည်းမပြောဘူး။သူက အထဲမှာသာထိုင်နေခဲ့တယ်။ဝူရုန်က ရထားလုံးထဲမှာ တစ်စုံတစ်ခုပြုလုပ်နေတဲ့ပုံလည်း မပေါ်တာကြောင့် တံခါးစောင့်က ဝူရုန်ရဲ့အပြုအမူကို စိတ်ရှုပ်သွားတယ်။
သုံးနာရီလောက်ကြာပြီးချိန်မှာ ဝူရုန်က ရထားလုံးထဲကနေ ဒေါသတကြီး ထွက်လာပြီး ဟေးအိမ်တော်၏ခန်းမထဲကို သွားလိုက်တယ်။
ဟေးရွမ်ရီနှင့် ဆွေးနွေးနေတဲ့ ဟေးရွမ်ထန်က ဝူရုန်က ဒေါသထွက်နေတာကို ကြည့်ပြီး မေးလိုက်တယ်"မင်းက ဘာဖြစ်လို့လဲ?ဘယ်သူက မင်းကို မပျော်အောင် လုပ်တာလဲ?"
ဝူရုန်က ဟေးရွမ်ရီသောက်လက်စ စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ယူပြီး သောက်ပြီး ခွက်ကွဲအောင်ဒေါသတကြီး စောင့်ချလိုက်ပြီး"ကျွန်တော်အဆင်ပြေတယ်"
"........"ဟေးရွမ်ရီ
ဘယ်လိုလုပ်ပြီး သူအဆင်ပြေမှာလဲ?သူ ဒေါသအရမ်းထွက်နေတာ သိသာနေတာကို။
ဟေးရွမ်ထန်က ဟေးရွမ်ရီကို အသံတိုးတိုးနှင့်ပြောလိုက်တယ်"အကိုကြီး မနေ့ညတုန်းက သူ့ကို မကျေနပ်စေတာလား?"
ဟေးရွမ်ရီက သူ့ကိုစိုက်ကြည့်လိုက်ပြီးမှ အကြည့်လွှဲပြီး ဝူရုန်ကို မေးလိုက်တယ်"မင်းတကယ်ဘဲ အဆင်ပြေရဲ့လာ?"
"ကျွန်တော်တကယ်ဘဲ အဆင်ပြေတယ်"ဝူရုန်က အေးစက်စွာပြုံးလိုက်ပြီး"ကျွန်တော်တကယ်ကို ပျော်နေတာ"
"မင်းရွဲ့ပြောနေတာလား?မင်းကို ကြည့်ရတာ ပျော်နေတာနဲ့လုံးဝမတူဘူး"
ဝူရုန်က သူ့ကိုတင်းမာစွာ စိုက်ကြည့်လိုက်ပြီး"ငါ ပျော်တယ်လို့ ပြောရင် ပျော်တယ်ပေါ့။ငါ ပျော်နေတယ်။မိသားစုဆယ်စုရဲ့ပြိုင်ပွဲက ရောက်ခါနီးပြီ။မင်း ပြိုင်ပွဲမှာ ငါ့ကို လာကြည့်ရမယ်။မင်းငါ့ကို လောင်းကြေးထပ်ရမယ်"
"ငါ လောင်းမှာ သေချာတာပေါ့"
"မင်းရဲ့ငွေတွေအားလုံး ငါ့ကို လောင်းရမယ်"
"........"ဟေးရွမ်ထန်
"........."ဟေးရွမ်ရီ
------------------------