အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 303K 23.4K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 25.1

12.1K 2K 174
By Xiao_Dream

Unicode

ရုပ်ရှင်ဧကရာဇ်ရိုက်ကူးရေးအဖွဲ့ကိုသွားရှာပြီ
_________________________________________

အခန်းထဲကလေဖိအားက ရေခဲမှတ်ရောက်တော့မလို အေးစက်နေတယ်။

လက်ထောက်လေးအထင် ရုပ်ရှင်ဧကရာဇ်ဖုကိုယ်ပေါ်က ဖိအားတွေကပြင်းလွန်းလို့ လူတစ်ယောက်ကိုတောင် ဖိသတ်လို့ရလောက်တယ်။ ပုံမှန်ရက်တွေမှာ ရုပ်ရှင်ဧကရာဇ်ဖုက အမြဲပြုံးနေတတ်ပေမဲ့ ဒေါသထွက်မနေလည်း လူကိုသတိထားနေစေတယ်။ ဒါပေမဲ့မထင်မှတ်ထားတာက စိတ်ဆိုးနေတဲ့ဖုကျင်းရှောင်း ကြောက်စရာကောင်းလိုက်တာမှ လွန်ရောပဲ။

လက်ထောက်လေးက တစ်ခုခုပြောဖို့သေချားစဥ်းစားနေတုန်းမှာပဲ ဖုကျင်းရှောင်းကtabletကိုချလိုက်ပြီးတော့ ပါးစပ်ဖွင့်ဟလာတယ် "မိန်စန့်ကိုဖုန်းခေါ်လိုက်"

သူ့မန်နေဂျာဖြစ်တယ်။

ပုံမှန်အားဖြင့် ရုပ်ရှင်ဧကရာဇ်ဖုရဲ့အလုပ်တွေက မန်နေဂျာနောက်ကနေလိုက်နေဖို့ မလိုတော့ဘူး။ နှစ်တွေအများကြီးကျင်လည်ခဲ့တော့ ရုပ်ရှင်ဧကရာဇ်ဖုမှာ အလုပ်အရည်အချင်းတွေ အများကြီးရှိတယ်။ အခြေခံအားဖြင့် အလုပ်ကိုလက်ထောက်နဲ့သွားရုံနဲ့တင်ကို ဘာပြဿနာမှမရှိနိုင်ဘူး။ အဲ့တာကြောင့်ရုပ်ရှင်ဧကရာဇ်ဖုက မန်နေဂျာကိုဆက်သွယ်ခဲတယ်။ ဒါမှမဟုတ် လုံးဝကိုမဆက်သွယ်ဖြစ်ဘူးလို့ ပြောရမလားပဲ။

ဝမ်မိန်စန့်ဖုန်းကိုင်လိုက်တော့ သူမကချက်ချင်းပဲပြောလာတယ် "ဟယ်လို ကျင်းရှောင်းလား ငါWeiboကြည့်ပြီးသွားပြီ"

ပရော်ဖက်ရှင်နယ်မန်နေဂျာတွေက အရမ်းကောင်းတဲ့ထိုးထွင်းသိနိုင်စွမ်းနဲ့ အကဲခတ်နိုင်စွမ်းရှိကြတယ်။ ခေတ်စားနေတဲ့ဟာတွေနဲ့ ကိုယ့်အနုပညာရှင်အပေါ် ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုလည်း ကြိုသိမြင်နိုင်ကြတယ်။

"အဲ့ဒီ့အစီအစဥ်ကလည်း တကယ်ပဲ အဲ့တာကသတ်သတ်မဲ့ ပစ်မှတ်ထားနေတာဆိုတာ ဒီလောကထဲကလူတွေအကုန်သိတယ်" ဝမ်မိန်စန့်ကသည်းမခံနိုင်တဲ့ပုံနဲ့ "ပြီးတော့ ဒီတစ်ခေါက်သူတို့editထားတာက တမင်သက်သက်အငြင်းပွားကြအောင် လုပ်ထားတာ ပြီးတော့ သူတို့ကဉာဏ်ကောင်းစွာပဲ ပိုကျော်ကြားတဲ့ပြိုင်ပွဲဝင်ကို ပစ်မှတ်ထားထားသေးတယ် ဒါကြီးကတော်တော်မောက်မာတာပဲ ဒါပေမဲ့အခုပုံစံကိုကြည့်ရတာ ကျန်အန်းရန်ကအဓိကဖြစ်လောက်တယ် သူ့နောက်ခံအင်အားကြီးပြီးတော့ အရမ်းသန်မာတာမျိုးဖြစ်နိုင်တယ်"

ဖုကျင်းရှောင်းက နှုတ်ခမ်းတွေကိုတွန့်ချိုးလိုက်ပြီး ပြောလာတယ် "သန်မာတယ် ဘယ်လောက်သန်မာတာလဲ?"

ဝမ်မိန်စန့်က ဖုကျင်းရှောင်းစကားလုံးတွေထဲကနေ အေးစက်မှုတွေခံစားလိုက်ရတယ်။

"ငါ့ကို ငါးစာအဖြစ်သုံးနိုင်လောက်တဲ့အထိ သန်မာနေတာလား?" ဖုကျင်းရှောင်းရဲ့စကားတွေက အရွဲ့တိုက်မှုတွေပါဝင်နေတယ် "အဲ့တာဆိုရင်တော့ ငါတကယ်ပဲတွေ့ဖူးချင်ပါရဲ့"

ဝမ်မိန်စန့်သူက ဒီအပြုအမူမျိုးမနှစ်မြို့တာလို့ ထင်လိုက်တာကြောင့် အလျင်အမြန်ဖြောင်းဖြလာတယ် "မင်းစိတ်မဆိုးပါနဲ့ ဒီတစ်ခေါက်မကောင်းလုပ်တာက တကယ်ပဲရှိနေခဲ့တာဆိုပေမဲ့ ရိုက်ကူးရေးအဖွဲ့ကို အင်အားတစ်ရာလောက်ပေးရင်တောင် ဒီလုပ်ရပ်မျိုးမင်းအပေါ်မလုပ်ရဲပါဘူး"

ဖုကျင်းရှောင်းက "ပေါက်ကရတွေ ငါသေချာပေါက်သိတာပေါ့"

ဝမ်မိန်စန့်ကြောင်အသွားကာ "အဲ့တာဆိုမင်း...မင်းကဘာကိုစိတ်ဆိုးနေတာလဲ?"

"Hot Searchကိုကြည့်လိုက်" ဖုကျင်းရှောင်းက လိုရင်းပဲပြောလိုက်တယ် "ပြိုင်ပွဲကအဲ့အပိုင်းမှာ ငါချီးကျုးတဲ့သူက ကျန်ရှင်းဆွေ့"

ဝမ်မိန်စန့်က Weiboကိုအပြေးသွားကြည့်လိုက်တယ်။ အဲ့ကျတော့မှ သူ့အိမ်ကမင်းသား ဘာကိုရည်ညွှန်းလဲဆိုတာ နားလည်တော့တယ်။ တစ်ချိန်တည်းမှာပဲ [StarLight]အပေါ်မုန်းတီးမှုက ပိုလို့နက်ရှိုင်းသွားတော့တယ် "သူတို့ကျန်ရှင်းဆွေ့နဲ့ ရန်စတစ်ခုခုများရှိသလား? ဒီကလေးကောင်းတာတွေကိုတောင် ပရိသတ်ကိုမသိစေချင်ကြဘူးဆိုတော့ ဒါမှမဟုတ် ဒီကလေးကတစ်ယောက်ယောက်ကို အပြစ်လုပ်မိထားလို့ ဆုံးမချင်နေတာများလား?"

ဖုကျင်းရှောင်းကလက်တွေကို ထိုင်ခုံပေါ်တင်ထားပြီး ခက်ထန်နေတဲ့မျက်နှာထားနဲ့ ဖြည်းဖြည်းခေါက်နေတယ် "သူဘယ်သူ့ကိုအပြစ်လုပ်ထားမိလဲဆိုတာကို ငါဂရုမစိုက်ဘူး ဂရုစိုက်နေဖို့လည်းပျင်းတယ်"

"ဒါပေမဲ့....."

အဲ့ဒီ့အသံဆွဲနေတာက မန်နေဂျာကိုငရဲတံခါးဝဆီ ပို့ပေးနေသလိုပဲ။

သူမဖုကျင်းရှောင်း အေးစက်စက်နဲ့ဆက်ပြောတာကို ကြားလိုက်ရတယ် "ဒီနှစ်တွေမှာ ပြည်တွင်းဖျော်ဖြေရေးတွေက ပိုပိုဆိုးလာတယ် voteတွေကိုထိန်းချုပ်လာပြီး အမြတ်ထုတ်လာကြတယ် ဒါတွေကိုငါဘာမှမပြောပါဘူး ဂရုစိုက်နေရမှာလည်းပျင်းတယ် ဒါပေမဲ့ငါ့ဖန်တွေနဲ့ ငါ့ကျော်ကြားမှုကို အသုံးချပြီးတော့ ပြိုင်ပွဲဝင်တစ်ယောက်ကို ပစ်မှတ်ထားနေတာ ဘာလဲ ငါဒီနှစ်တွေမှာသဘောကောင်းနေလို့ သူတို့ကိုမျက်နှာသာပေးသလို ဖြစ်သွားတာလား?"

မှတ်ချက်တစ်ချို့နောက်မှာ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ ကြောင်သူတော်မျက်နှာက ကွာကျသွားပြီး ထွက်ပေါ်လာတာကတော့ မာနကြီးပြီး ရိုင်းစိုင်းတဲ့ ကြီးစိုးခြယ်လှယ်ချင်တဲ့ ယောက်ျားတစ်ယောက်ပဲဖြစ်တယ်။

ဖြစ်နိုင်တာက သူအရင်ကအားလုံးကို ပေးစွမ်းထားတဲ့ခံစားချက်က သူကလူတွေအပေါ်ကြင်နာပြီး အလုပ်လုပ်ရင်လည်း သပ်ရပ်ကြော့မော့ကာ ရည်ရည်မွန်မွန်ပဲဖြစ်တယ်။ သူ့ရဲ့ကျော်ကြားမှုကလည်း အရမ်းကောင်းတယ်။ ဒါပေမဲ့အဲ့တာကလည်း နာမည်ကောင်းတစ်ခုနဲ့ ကြင်နာတတ်တဲ့မျက်နှာတစ်ခုကြောင့်ပဲဖြစ်တယ်။ အဲ့တာကတစ်စုံတစ်ခုကိုလုပ်ဖို့ အခန့်သင့်ပဲဖြစ်နေလေတယ်။ အဲ့တာကဖုကျင်းရှောင်းက အနိုင်ကျင့်ဖို့လွယ်တယ်လို့ မဆိုလိုဘူး။ သူတို့သာသေချာဂရုစိုက်မိရင် ဖုကျင်းရှောင်းကိုငြင်းဆန်ဖူးတဲ့သူတိုင်း အခုချိန်မှာအဆုံးသတ်ကောင်းကောင်း မရှိနေကြဘူး။

သူတို့အတူတူရှိတာကြာပြီဖြစ်ပေမဲ့ အခုချိန်မှာ ဝမ်မိန်စန့်ရဲ့နှလုံးသားလေးက တုန်ရင်နေတော့တယ်။

"မင်းအရမ်းစိတ်မဆိုးနေပါနဲ့ မင်းကရှိုးအသေးစားလေးအတွက် ပွဲဦးတောင်မထွက်ရသေးတဲ့ အနုပညာရှင်လေးအတွက်နဲ့ စိတ်ဆိုးနေတာ သူတို့ကတန်လို့လား?" သူမသိတယ်။ ဒီကိစ္စကဖြေရှင်းဖို့ ခက်ခဲနေတော့မှာ။ အဲ့တာကြောင့်ချက်ချင်းပဲပြောလိုက်တယ် "မင်းစိတ်ချ ငါအခုပဲရိုက်ကူးရေးအဖွဲ့ဘက်ကို ဆက်သွယ်ပြီးဖြေရှင်းလိုက်မယ်"

ဖုကျင်းရှောင်းအဲ့ကျမှ စိတ်လျော့သွားကာ ပြောလာတယ် "အင်း ကောင်းပြီ မင်းဖြေရှင်းပြီးသွားရင် ငါ့ဆီဖုန်းပြန်ဆက်ပေး"

ဝမ်မိန်စန့်ကအလျင်အမြန်ပဲ "ကောင်းပြီကောင်းပြီ မင်းလက်ထောက်ကို ဖုန်းတစ်ချက်လောက်ပေးပေးပါ ငါသူမနဲ့နည်းနည်းပြောမလို့"

သူမလက်ထောက်ကို ဒီဘိုးဘေးလေးကို သေချာကြည့်ထားခိုင်းရမယ်။ ဒီနှစ်ပိုင်းဖုကျင်းရှောင်းရဲ့ အချက်အလက်တွေပိုမို မြင့်တက်လာပြီးတော့ အနုပညာလောကထဲမှာ သူ့ကိုမကြိုက်တာဘယ်သူရှိလို့လဲ။ ပြီးတော့ တစ်ယောက်မှလည်းသူ့ကို အပြစ်မလုပ်ရဲကြဘူး။ အဲ့တာကြောင့်တစ်လျှောက်လုံး ဘာပြဿနာမှမရှိခဲ့တာဖြစ်တယ်။ ရိုက်ကူးရေးအဖွဲ့မပြောနဲ့။ သူမတောင်မှဒီဘိုးဘေးလေးရဲ့ ဒေါသကိုမေ့နေပြီ။ အဲ့တာကြောင့်ဝမ်မိန်စန့်က ဖုကျင်းရှောင်းအရင်က ဒေါသတွေပြန်ပေါ်လာပြီး ရိုက်ကူးရေးအဖွဲ့ဘက်ကို ရုတ်တရက်တိုက်ခိုက်လိုက်မှာကို တကယ်ကြောက်တာဖြစ်တယ်။

လက်ထောက်လေးကမြန်မြန်ပဲဖြေလာတယ်။

ပြီးတော့သူမပြန်လာပြီးတဲ့နောက်မှာ စောနကခဏရပ်ထားတဲ့ ဖုကျင်းရှောင်းက tabletပြန်ကိုင်နေတာကို တွေ့လိုက်ရတယ်။

ဖုကျင်းရှောင်းအခုတစ်လောက Hot Searchတွေကို ကြည့်နေတာဖြစ်တယ်။ ဒီတစ်ခေါက်ကတကယ်ပဲ ရိုက်ကူးရေးအဖွဲ့ရဲ့ စျေးကွက်ရှာဖွေရေးအကောင့်တွေက ကျန်ရှင်းဆွေ့ကိုပစ်မှတ်ထားချင်နေကြတာြဖစ်တယ်။ ပြီးတော့သူWeiboပေါ်မှာ အင်တာနက်အသုံးပြုသူတွေ ပြောနေတာကိုလည်း တွေ့ခဲ့သေးတယ် :

"ဖုကောကရန်ရန်ကို တော်တော်လေးကြိုက်တာဆိုတော့ ဒီကလေးကတကယ် အမူအကျင့်ကောင်းတွေ ရှိလို့ပဲဖြစ်ရမယ်"

"ငါလည်းဖုကောရဲ့ဖန်ပဲ ကောရဲ့အမြင်ကမှားမှာမဟုတ်ပါဘူး ငါအန်းရန်ကိုvoteပေးမယ်"

"သူတို့နှစ်ယောက်လုံးက တကယ်တော့ကောင်းကြပါတယ်"

ပြီးတော့ တစ်ချို့သူတွေကဒီအပိုင်းတွေထဲက GIFတွေကိုတောင်အတူတူထားလိုက်ကြသေးတယ်။ အဲ့ထဲကGIFတစ်ခုက အန်းရန်အဲ့နေ့က အနွေးထိန်းဘူးကိုကိုင်ထားပြီး သူ့ကိုစားအုံးမလားမေးနေတဲ့ပုံဖြစ်တယ်။ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ ကောင်းကင်ကပေးတဲ့ ကြင်နာမှုအပြည့်နဲ့မက်မွန်မျက်လုံးတစ်စုံက ဘယ်သူပဲကြည့်ကြည့် ကြင်နာမှုအပြည့်နဲ့ဖြစ်နေလေတယ်။ ပြီးတော့အဲ့ဒီ့GIFကို တစ်ယောက်ကတမင် ပန်းရောင်ပူဖောင်းလေးတွေတောင် ထည့်ပေးထားသေးတော့ နွေးထွေးတဲ့လေထုတွေပိုလာတော့တယ်။

အောက်မှာတော့ ဦးနှောက်မရှိတဲ့အင်တာနက်သုံးသမားတွေက စတင်လာကြတော့တယ် :

"နတ်ဘုရားတို့ရဲ့ချစ်ခြင်းပဲ"

"ရုပ်ရှင်ဧကရာဇ်ဖုက တကယ်ရန်ရန်ကိုအများကြီးကြိုက်တာပဲ"

"ကျန်ရှင်းဆွေ့ကတကယ်မုန်းဖို့ကောင်းလိုက်တာ ဘာနဲ့များရန်ရန်ကို လိုက်ပြိုင်နေလဲမသိဘူး"

ပိုဆိုးတာက ဒီလိုမျိုးCpဆွေးနွေးမှုတွေအောက်မှာ StarLight Weiboက ကောမန့်တစ်ခုကို လက်မပေးထားတာပဲ။ အဲ့တာကဒီဆွေးနွေးမှုကို ပိုများတဲ့လူတွေကို သိသွားစေခဲ့ပြီး လူတွေအများကြီးကို အထင်မြင်မှားသွားစေတော့တယ်။

ကြိုက်နှစ်သက်တယ်?

ဖုကျင်းရှောင်းရဲ့ ပါးစပ်ဖျားမှာ အေးစက်စက်အပြုံးတစ်ပွင့် ဖြစ်တည်လာတယ် "ရိုက်ကူးရေးအဖွဲ့ရေ ငါမင်းတို့ဘိုးဘေးတွေကို အကုန်ကြိုက်နေမိတယ်ထင်တယ်"

..........

ဖုန်းဖြေပြီးလို့ပြန်လာတဲ့ လက်ထောက်လေးကစကားပြောဖို့ပြင်တုန်း ဆိုဖာပေါ်ထိုင်နေတဲ့ဖုကျင်းရှောင်းက tabletကိုဘေးချလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။ သူ့ဆီကရန်လိုမှုတွေက လျော့မသွားသေးဘူး။ အဲ့ယောကျ်ားကအရပ်မြင့်တဲ့အတွက် ဖိနှိပ်ထားတဲ့ခံစားချက် အပြည့်အဝရနေလေတယ်။

လက်ထောက်ကတုန်တုန်ယင်ယင်နဲ့ "ကော ဘယ်သွားမလို့လဲ?"

ဖုကျင်းရှောင်းဆိုဖာပေါ်က ကုတ်ကိုယူလိုက်ပြီး မျက်ခွံတွေပင့်ကာသူမကိုကြည့်လိုက်တယ်။ သူ့မျက်ဝန်းတွေကနက်မှောင်နေကာ လှည့်မကြည့်ပဲစကားတစ်ခွန်းပဲချန်ခဲ့လေတယ် "အားကစားရုံ"

အဲ့တာက[StarLight]ရိုက်ကူးတဲ့နေရာဖြစ်တယ်။

ဝမ်မိန်စန့်ကအဲ့တာကို အာပေါက်မတတ်ပြောနေခဲ့တာြဖစ်တယ်။ လက်ထောက်လေးကိုဒီဘိုးဘေးလေးကို အဲ့နေရာကိုလုံးဝမသွားခိုင်းဖို့ ဖြစ်တယ်။ သူမရဲ့အလုပ်သမားလေးက တော်တော်စိတ်ချရတာပဲ။ ဟင်း!

..........

ညအချိန်

နက်ရှိုင်းတဲ့ညအမှောင်ထဲမှာ တစ်စုံတစ်ယောက်က အားကစားရုံရဲ့ပင်မတံခါးကနေဝင်လာတယ်။ ညအချိန်ရဲ့အေးစက်မှုတွေကိုလည်း သယ်ဆောင်လာသေးတယ်။

ဖုကျင်းရှောင်းဝင်လာပြီး သူဒုတိယထပ်ကိုဖြတ်လာခဲ့တယ်။ အဲ့တာကပြိုင်ပွဲဝင်တွေရဲ့ကန်တင်းနေရာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအားလုံးက သူတို့ရဲ့ညစာကိုစားနေကြတယ်။ စားပြီးသွားကြတဲ့ပြိုင်ပွဲဝင်တွေက နှစ်ယောက်သုံးယောက်နဲ့ အပြင်ထွက်သွားကြတယ်။ စိတ်မဝင်စားဘဲ လှည့်ထွက်သွားဖို့ပြင်နေတဲ့ဖုကျင်းရှောင်းက ထမင်းစားပြီးလို့ထွက်လာတဲ့ ကျန်ရှင်းဆွေ့နဲ့တွေ့လိုက်ရတယ်။

အကြည့်လေးခုဆုံသွားတဲ့အချိန် တိတ်ဆိတ်သွားတော့တယ်။

ဖုကျင်းရှောင်းအစက အနည်းငယ်စိတ်ဓာတ်ကျနေပေမဲ့ ကတုံးပေါက်လေးရဲ့တုံးအအမျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာ ရုတ်တရက်ဘာလို့မှန်းမသိ ပါးစပ်ဖျားမှာအပြုံးတစ်ပွင့်ထွက်ပေါ်လာပြီး စိတ်တွေလည်းပေါ့ပါးသွားသလိုခံစားလိုက်ရတယ်။ သူကလက်ရမ်းပြကာ "ဒီနားလာခဲ့"

ကျန်ရှင်းဆွေ့အစကကြောင်နေပြီး သူ့ကိုခေါ်နေတာလားဆိုတာ မသေချာဘူး။

ဖုကျင်းရှောင်းကစိတ်ရှည်ရည်နဲ့ပဲ လက်ကိုထပ်ပြီးဝှေ့ယမ်းလိုက်တယ်။ ခွေးလေးကိုထွက်လာဖို့ခေါ်နေသလိုပဲ။ ဒါပေမဲ့ကျန်ရှင်းဆွေ့ကတော့ တကယ်ပဲပြေးသွားလိုက်တယ်။

"ဖုကော" ကျန်ရှင်းဆွေ့အနည်းငယ်မောနေကာ ခေါင်းမော့လိုက်ပြီး ဖုကျင်းရှောင်းကိုတောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ကြည့်လိုက်တယ် "ကောဘယ်လိုလုပ်ရောက်လာတာလဲ?"

ဖုကျင်းရှောင်းက မျက်ခုံးပင့်လိုက်ကာ "ကိုယ်လာလို့မရဘူးလား?"

ကျန်ရှင်းဆွေ့ကခေါင်းခါကာ "ဒါပေမဲ့အခုက ကောရိုက်ကူးရေးလုပ်ရမဲ့အချိန်မဟုတ်ဘူးလေ သူတို့ကကောကြေညာစရာရှိတယ်လို့ပြောတယ် အဲ့တာကြောင့်ကောက သွားကြေညာတာလို့ပြောတယ်"

ဖုကျင်းရှောင်း"အင်း?"လို့အသံပြုကာ စနောက်လိုက်တယ် "သတင်းတော်တော်စုံတာပဲ ကိုယ့်ကိုစုံစမ်းနေတာလား?"

"မဟုတ်ပါဘူး" ကျန်ရှင်းဆွေ့ကပြန်ငြင်းချင်ပေမဲ့ ရုပ်ရှင်ဧကရာဇ်ပြောလိုက်တာက အမှန်ဖြစ်နေသလိုပဲ။ သူကရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကိုငုံ့ထားလိုက်တော့တယ်။ နားတွေကလည်း အလိုလျောက်နီရဲလာတော့တယ်။ သူကအသံတိုးတိုးနဲ့ဖြေရှင်းလာတယ် "သူတို့စကားပြောနေတဲ့အချိန်တုန်းက ပြောနေကြတာကို ကျွန်တော်ကြားလိုက်တာ"

သူ့ရဲ့ရိုးရှင်းတဲ့ဖြေရှင်းချက်ရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးကို ဖုကျင်းရှောင်းတွေ့လိုက်ရတော့ စိတ်အခြေနေပိုလို့ကောင်းလာတော့တယ်။

နောက်ကနေအလျင်အမြန်လိုက်လာတဲ့ လက်ထောက်လေးကရန်မဖြစ်ဖို့ တားရအောင်ဖြောင်းဖြဖို့လာခဲ့တာဖြစ်တယ်။ ဒါပေမဲ့သူအပြေးလာလိုက်တဲ့အချိန်မှာ ရုပ်ရှင်ဧကရာဇ်ကြီးကခေါင်းငုံ့ကာ ကျောင်းသားလေးတစ်ယောက်နဲ့ စကားပြောနေတာဖြစ်တယ်။ ပါးစပ်ဖျားမှာလည်း အပြုံးတစ်ပွင့်ကိုချိတ်ဆွဲထားသေးတယ်။ ခေါင်းငုံ့ပြီးကြည့်နေတဲ့မျက်ဝန်းတွေက နွေးထွေးလို့နေတယ်။ အဲ့ဒီအတုအယောင်အကြည့်တွေနဲ့မတူဘူး။ အဲ့တာကရေတွေပြည့်လျှံနေတဲ့နွေးထွေးမှုမျိုး။ လက်ထောက်လေးရုပ်ရှင်ဧကရာဇ်ကြီးနောက်လိုက်ခဲ့တဲ့တစ်လျှောက်လုံး မတွေ့ခဲ့ဖူးတဲ့အကြည့်မျိုးဖြစ်တယ်။

ပြီးတော့ လက်ထောက်လေးက ဖုကျင်းရှောင်းပြောလာတာကို ကြားလိုက်ရသေးတယ် "မင်းဒီမှာလေ့ကျင့်နေတာ ဒီနေ့ထုတ်လွှင့်လိုက်တဲ့Editဗားရှင်းကို တွေ့ပြီးပြီလား?"

သူစကားပြောလိုက်တော့ ကျန်ရှင်းဆွေ့တစ်ခဏလောက် ငြိမ်သက်သွားပြီးမှ ဖြည်းဖြည်းခေါင်းငြိမ်းလာတယ် "ကျွန်တော်တို့မှာဖုန်းမရှိဘူး ဒါပေမဲ့ရှိတဲ့သူမှာတော့ရှိတယ် သူတို့ကျွန်တော့ကိုနည်းနည်းတော့ ပြောပြထားတယ်"

ဖုကျင်းရှောင်းက အနည်းငယ်သံသယဝင်စွာနဲ့ မျက်ခုံးပင့်လိုက်တယ် "ဝမ်းမနည်းဘူးလား?"

ဒီကလေးကပုံမှန်အချိန်ဆို တုံးအပုံပေါ်လေတယ်။ ဒါပေမဲ့ဖုကျင်းရှောင်း မထင်ထားတာက ဒီလိုမျိုးကိစ္စကြီးပေါ်မှာတောင် သူကစိတ်ငြိမ်နေတုန်းပဲ။

ကျန်ရှင်းဆွေ့က ရိုးသားစွာပဲ "အဆင်ပြေပါတယ်"

ဖုကျင်းရှောင်းကငုံ့ကြည့်ကာ "ကိုယ်မင်းကိုချီးကျုးနေတဲ့အပိုင်းက editခံလိုက်ရတာ....."

ကျန်ရှင်းဆွေ့အဲ့ကိစ္စကိုသိတယ်။ သူကချီးကျုးခံရတာပေမဲ့ လူလဲခံလိုက်ရတယ်။ အရမ်းစိတ်ဆိုးနေသင့်တာပေမဲ့ သူတစ်ခဏလောက်တွေးတောလိုက်ပြီး ခေါင်းမော့ကာဖွဖွပြုံးပြလိုက်တယ် "အင်းကျွန်တော်သိတယ် တကယ်တော့ကျွန်တော်နည်းနည်းကံကောင်းတယ်"

ဖုကျင်းရှောင်းကကြောင်အသွားကာ သဘောမကျဖြစ်သွားတယ် "ကံကောင်းတယ်?"

"ဟုတ်တယ်" ကျန်ရှင်းဆွေ့ရဲ့အသံကတိုးညှင်းကာ "အရှေ့ပိုင်းမှာရိုက်ကူးရေးအဖွဲ့editလိုက်တဲ့အပိုင်းက လူတွေကိုကျွန်တော့ကိုမုန်းဖို့ လုံလောက်သွားစေပြီးပြီ တကယ်လို့ ဖုကောကဒီအချိန်မှာ ကျွန်တော့ကိုချီးကျုးမယ်ဆိုရင် သူတို့ကောကိုလည်းစိတ်ဆိုးသွားလောက်တယ်"

ကျန်ရှင်းဆွေ့က သူ့ရဲ့သန့်ရှင်းတဲ့မျက်လုံးတွေကိုကြည့်နေတယ်။ အဲ့ဒီအချိန်မှာ သူကသူ့ရဲ့နစ်နာမှုအားလုံးကိုမျိုသိပ်ထားကာ စိတ်သက်သာရာရတဲ့ပုံနဲ့ "ကောကိုပါ မထိခိုက်သွားစေလို့ တော်ပါသေးတယ်"

".........."

____________________
Word – 3633
Sep 20th, 2022(Tue)
Xiao Dream

ဒီထိအရင်တင်လိုက်မယ်နော်။ ဒါကမပြီးသေးပါဘူး။ နောက်တစ်ဝက်လောက်ကျန်သေးတယ်။ ချစ်လေးတို့အကြာကြီးစောင့်နေရမှာစိုးလို့ မအိပ်ခင်ဖတ်သွားရအောင် အရင်တင်လိုက်မယ်နော်။ ကျန်တဲ့ဟာကို ပြီးရင်ဆက်တင်ပေးမယ်နော်။ ဂွတ်နိုက်ပါ။



Zawgyi

႐ုပ္ရွင္ဧကရာဇ္႐ိုက္ကူးေရးအဖြဲ႕ကိုသြားရွာၿပီ
_________________________________________

အခန္းထဲကေလဖိအားက ေရခဲမွတ္ေရာက္ေတာ့မလို ေအးစက္ေနတယ္။

လက္ေထာက္ေလးအထင္ ႐ုပ္ရွင္ဧကရာဇ္ဖုကိုယ္ေပၚက ဖိအားေတြကျပင္းလြန္းလို႔ လူတစ္ေယာက္ကိုေတာင္ ဖိသတ္လို႔ရေလာက္တယ္။ ပုံမွန္ရက္ေတြမွာ ႐ုပ္ရွင္ဧကရာဇ္ဖုက အၿမဲၿပဳံးေနတတ္ေပမဲ့ ေဒါသထြက္မေနလည္း လူကိုသတိထားေနေစတယ္။ ဒါေပမဲ့မထင္မွတ္ထားတာက စိတ္ဆိုးေနတဲ့ဖုက်င္းေရွာင္း ေၾကာက္စရာေကာင္းလိုက္တာမွ လြန္ေရာပဲ။

လက္ေထာက္ေလးက တစ္ခုခုေျပာဖို႔ေသခ်ားစဥ္းစားေနတုန္းမွာပဲ ဖုက်င္းေရွာင္းကtabletကိုခ်လိုက္ၿပီးေတာ့ ပါးစပ္ဖြင့္ဟလာတယ္ "မိန္စန္႔ကိုဖုန္းေခၚလိုက္"

သူ႔မန္ေနဂ်ာျဖစ္တယ္။

ပုံမွန္အားျဖင့္ ႐ုပ္ရွင္ဧကရာဇ္ဖုရဲ႕အလုပ္ေတြက မန္ေနဂ်ာေနာက္ကေနလိုက္ေနဖို႔ မလိုေတာ့ဘူး။ ႏွစ္ေတြအမ်ားႀကီးက်င္လည္ခဲ့ေတာ့ ႐ုပ္ရွင္ဧကရာဇ္ဖုမွာ အလုပ္အရည္အခ်င္းေတြ အမ်ားႀကီးရွိတယ္။ အေျခခံအားျဖင့္ အလုပ္ကိုလက္ေထာက္နဲ႔သြား႐ုံနဲ႔တင္ကို ဘာျပႆနာမွမရွိႏိုင္ဘူး။ အဲ့တာေၾကာင့္႐ုပ္ရွင္ဧကရာဇ္ဖုက မန္ေနဂ်ာကိုဆက္သြယ္ခဲတယ္။ ဒါမွမဟုတ္ လုံးဝကိုမဆက္သြယ္ျဖစ္ဘူးလို႔ ေျပာရမလားပဲ။

ဝမ္မိန္စန္႔ဖုန္းကိုင္လိုက္ေတာ့ သူမကခ်က္ခ်င္းပဲေျပာလာတယ္ "ဟယ္လို က်င္းေရွာင္းလား ငါWeiboၾကည့္ၿပီးသြားၿပီ"

ပေရာ္ဖက္ရွင္နယ္မန္ေနဂ်ာေတြက အရမ္းေကာင္းတဲ့ထိုးထြင္းသိႏိုင္စြမ္းနဲ႔ အကဲခတ္ႏိုင္စြမ္းရွိၾကတယ္။ ေခတ္စားေနတဲ့ဟာေတြနဲ႔ ကိုယ့္အႏုပညာရွင္အေပၚ ျဖစ္လာႏိုင္တဲ့အႏၲရာယ္ေတြကိုလည္း ႀကိဳသိျမင္ႏိုင္ၾကတယ္။

"အဲ့ဒီ့အစီအစဥ္ကလည္း တကယ္ပဲ အဲ့တာကသတ္သတ္မဲ့ ပစ္မွတ္ထားေနတာဆိုတာ ဒီေလာကထဲကလူေတြအကုန္သိတယ္" ဝမ္မိန္စန္႔ကသည္းမခံႏိုင္တဲ့ပုံနဲ႔ "ၿပီးေတာ့ ဒီတစ္ေခါက္သူတို႔editထားတာက တမင္သက္သက္အျငင္းပြားၾကေအာင္ လုပ္ထားတာ ၿပီးေတာ့ သူတို႔ကဉာဏ္ေကာင္းစြာပဲ ပိုေက်ာ္ၾကားတဲ့ၿပိဳင္ပြဲဝင္ကို ပစ္မွတ္ထားထားေသးတယ္ ဒါႀကီးကေတာ္ေတာ္ေမာက္မာတာပဲ ဒါေပမဲ့အခုပုံစံကိုၾကည့္ရတာ က်န္အန္းရန္ကအဓိကျဖစ္ေလာက္တယ္ သူ႔ေနာက္ခံအင္အားႀကီးၿပီးေတာ့ အရမ္းသန္မာတာမ်ိဳးျဖစ္ႏိုင္တယ္"

ဖုက်င္းေရွာင္းက ႏႈတ္ခမ္းေတြကိုတြန္႔ခ်ိဳးလိုက္ၿပီး ေျပာလာတယ္ "သန္မာတယ္ ဘယ္ေလာက္သန္မာတာလဲ?"

ဝမ္မိန္စန္႔က ဖုက်င္းေရွာင္းစကားလုံးေတြထဲကေန ေအးစက္မႈေတြခံစားလိုက္ရတယ္။

"ငါ့ကို ငါးစာအျဖစ္သုံးႏိုင္ေလာက္တဲ့အထိ သန္မာေနတာလား?" ဖုက်င္းေရွာင္းရဲ႕စကားေတြက အ႐ြဲ႕တိုက္မႈေတြပါဝင္ေနတယ္ "အဲ့တာဆိုရင္ေတာ့ ငါတကယ္ပဲေတြ႕ဖူးခ်င္ပါရဲ႕"

ဝမ္မိန္စန္႔သူက ဒီအျပဳအမူမ်ိဳးမႏွစ္ၿမိဳ႕တာလို႔ ထင္လိုက္တာေၾကာင့္ အလ်င္အျမန္ေျဖာင္းျဖလာတယ္ "မင္းစိတ္မဆိုးပါနဲ႔ ဒီတစ္ေခါက္မေကာင္းလုပ္တာက တကယ္ပဲရွိေနခဲ့တာဆိုေပမဲ့ ႐ိုက္ကူးေရးအဖြဲ႕ကို အင္အားတစ္ရာေလာက္ေပးရင္ေတာင္ ဒီလုပ္ရပ္မ်ိဳးမင္းအေပၚမလုပ္ရဲပါဘူး"

ဖုက်င္းေရွာင္းက "ေပါက္ကရေတြ ငါေသခ်ာေပါက္သိတာေပါ့"

ဝမ္မိန္စန္႔ေၾကာင္အသြားကာ "အဲ့တာဆိုမင္း...မင္းကဘာကိုစိတ္ဆိုးေနတာလဲ?"

"Hot Searchကိုၾကည့္လိုက္" ဖုက်င္းေရွာင္းက လိုရင္းပဲေျပာလိုက္တယ္ "ၿပိဳင္ပြဲကအဲ့အပိုင္းမွာ ငါခ်ီးက်ဳးတဲ့သူက က်န္ရွင္းေဆြ႕"

ဝမ္မိန္စန္႔က Weiboကိုအေျပးသြားၾကည့္လိုက္တယ္။ အဲ့က်ေတာ့မွ သူ႔အိမ္ကမင္းသား ဘာကိုရည္ၫႊန္းလဲဆိုတာ နားလည္ေတာ့တယ္။ တစ္ခ်ိန္တည္းမွာပဲ [StarLight]အေပၚမုန္းတီးမႈက ပိုလို႔နက္ရႈိင္းသြားေတာ့တယ္ "သူတို႔က်န္ရွင္းေဆြ႕နဲ႔ ရန္စတစ္ခုခုမ်ားရွိသလား? ဒီကေလးေကာင္းတာေတြကိုေတာင္ ပရိသတ္ကိုမသိေစခ်င္ၾကဘူးဆိုေတာ့ ဒါမွမဟုတ္ ဒီကေလးကတစ္ေယာက္ေယာက္ကို အျပစ္လုပ္မိထားလို႔ ဆုံးမခ်င္ေနတာမ်ားလား?"

ဖုက်င္းေရွာင္းကလက္ေတြကို ထိုင္ခုံေပၚတင္ထားၿပီး ခက္ထန္ေနတဲ့မ်က္ႏွာထားနဲ႔ ျဖည္းျဖည္းေခါက္ေနတယ္ "သူဘယ္သူ႔ကိုအျပစ္လုပ္ထားမိလဲဆိုတာကို ငါဂ႐ုမစိုက္ဘူး ဂ႐ုစိုက္ေနဖို႔လည္းပ်င္းတယ္"

"ဒါေပမဲ့....."

အဲ့ဒီ့အသံဆြဲေနတာက မန္ေနဂ်ာကိုငရဲတံခါးဝဆီ ပို႔ေပးေနသလိုပဲ။

သူမဖုက်င္းေရွာင္း ေအးစက္စက္နဲ႔ဆက္ေျပာတာကို ၾကားလိုက္ရတယ္ "ဒီႏွစ္ေတြမွာ ျပည္တြင္းေဖ်ာ္ေျဖေရးေတြက ပိုပိုဆိုးလာတယ္ voteေတြကိုထိန္းခ်ဳပ္လာၿပီး အျမတ္ထုတ္လာၾကတယ္ ဒါေတြကိုငါဘာမွမေျပာပါဘူး ဂ႐ုစိုက္ေနရမွာလည္းပ်င္းတယ္ ဒါေပမဲ့ငါ့ဖန္ေတြနဲ႔ ငါ့ေက်ာ္ၾကားမႈကို အသုံးခ်ၿပီးေတာ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ကို ပစ္မွတ္ထားေနတာ ဘာလဲ ငါဒီႏွစ္ေတြမွာသေဘာေကာင္းေနလို႔ သူတို႔ကိုမ်က္ႏွာသာေပးသလို ျဖစ္သြားတာလား?"

မွတ္ခ်က္တစ္ခ်ိဳ႕ေနာက္မွာ ႐ုပ္ရွင္ဧကရာဇ္ဖုရဲ႕ ေၾကာင္သူေတာ္မ်က္ႏွာက ကြာက်သြားၿပီး ထြက္ေပၚလာတာကေတာ့ မာနႀကီးၿပီး ႐ိုင္းစိုင္းတဲ့ ႀကီးစိုးျခယ္လွယ္ခ်င္တဲ့ ေယာက္်ားတစ္ေယာက္ပဲျဖစ္တယ္။

ျဖစ္ႏိုင္တာက သူအရင္ကအားလုံးကို ေပးစြမ္းထားတဲ့ခံစားခ်က္က သူကလူေတြအေပၚၾကင္နာၿပီး အလုပ္လုပ္ရင္လည္း သပ္ရပ္ေၾကာ့ေမာ့ကာ ရည္ရည္မြန္မြန္ပဲျဖစ္တယ္။ သူ႔ရဲ႕ေက်ာ္ၾကားမႈကလည္း အရမ္းေကာင္းတယ္။ ဒါေပမဲ့အဲ့တာကလည္း နာမည္ေကာင္းတစ္ခုနဲ႔ ၾကင္နာတတ္တဲ့မ်က္ႏွာတစ္ခုေၾကာင့္ပဲျဖစ္တယ္။ အဲ့တာကတစ္စုံတစ္ခုကိုလုပ္ဖို႔ အခန္႔သင့္ပဲျဖစ္ေနေလတယ္။ အဲ့တာကဖုက်င္းေရွာင္းက အႏိုင္က်င့္ဖို႔လြယ္တယ္လို႔ မဆိုလိုဘူး။ သူတို႔သာေသခ်ာဂ႐ုစိုက္မိရင္ ဖုက်င္းေရွာင္းကိုျငင္းဆန္ဖူးတဲ့သူတိုင္း အခုခ်ိန္မွာအဆုံးသတ္ေကာင္းေကာင္း မရွိေနၾကဘူး။

သူတို႔အတူတူရွိတာၾကာၿပီျဖစ္ေပမဲ့ အခုခ်ိန္မွာ ဝမ္မိန္စန္႔ရဲ႕ႏွလုံးသားေလးက တုန္ရင္ေနေတာ့တယ္။

"မင္းအရမ္းစိတ္မဆိုးေနပါနဲ႔ မင္းကရႈိးအေသးစားေလးအတြက္ ပြဲဦးေတာင္မထြက္ရေသးတဲ့ အႏုပညာရွင္ေလးအတြက္နဲ႔ စိတ္ဆိုးေနတာ သူတို႔ကတန္လို႔လား?" သူမသိတယ္။ ဒီကိစၥကေျဖရွင္းဖို႔ ခက္ခဲေနေတာ့မွာ။ အဲ့တာေၾကာင့္ခ်က္ခ်င္းပဲေျပာလိုက္တယ္ "မင္းစိတ္ခ် ငါအခုပဲ႐ိုက္ကူးေရးအဖြဲ႕ဘက္ကို ဆက္သြယ္ၿပီးေျဖရွင္းလိုက္မယ္"

ဖုက်င္းေရွာင္းအဲ့က်မွ စိတ္ေလ်ာ့သြားကာ ေျပာလာတယ္ "အင္း ေကာင္းၿပီ မင္းေျဖရွင္းၿပီးသြားရင္ ငါ့ဆီဖုန္းျပန္ဆက္ေပး"

ဝမ္မိန္စန္႔ကအလ်င္အျမန္ပဲ "ေကာင္းၿပီေကာင္းၿပီ မင္းလက္ေထာက္ကို ဖုန္းတစ္ခ်က္ေလာက္ေပးေပးပါ ငါသူမနဲ႔နည္းနည္းေျပာမလို႔"

သူမလက္ေထာက္ကို ဒီဘိုးေဘးေလးကို ေသခ်ာၾကည့္ထားခိုင္းရမယ္။ ဒီႏွစ္ပိုင္းဖုက်င္းေရွာင္းရဲ႕ အခ်က္အလက္ေတြပိုမို ျမင့္တက္လာၿပီးေတာ့ အႏုပညာေလာကထဲမွာ သူ႔ကိုမႀကိဳက္တာဘယ္သူရွိလို႔လဲ။ ၿပီးေတာ့ တစ္ေယာက္မွလည္းသူ႔ကို အျပစ္မလုပ္ရဲၾကဘူး။ အဲ့တာေၾကာင့္တစ္ေလွ်ာက္လုံး ဘာျပႆနာမွမရွိခဲ့တာျဖစ္တယ္။ ႐ိုက္ကူးေရးအဖြဲ႕မေျပာနဲ႔။ သူမေတာင္မွဒီဘိုးေဘးေလးရဲ႕ ေဒါသကိုေမ့ေနၿပီ။ အဲ့တာေၾကာင့္ဝမ္မိန္စန္႔က ဖုက်င္းေရွာင္းအရင္က ေဒါသေတြျပန္ေပၚလာၿပီး ႐ိုက္ကူးေရးအဖြဲ႕ဘက္ကို ႐ုတ္တရက္တိုက္ခိုက္လိုက္မွာကို တကယ္ေၾကာက္တာျဖစ္တယ္။

လက္ေထာက္ေလးကျမန္ျမန္ပဲေျဖလာတယ္။

ၿပီးေတာ့သူမျပန္လာၿပီးတဲ့ေနာက္မွာ ေစာနကခဏရပ္ထားတဲ့ ဖုက်င္းေရွာင္းက tabletျပန္ကိုင္ေနတာကို ေတြ႕လိုက္ရတယ္။

ဖုက်င္းေရွာင္းအခုတစ္ေလာက Hot Searchေတြကို ၾကည့္ေနတာျဖစ္တယ္။ ဒီတစ္ေခါက္ကတကယ္ပဲ ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ ေစ်းကြက္ရွာေဖြေရးအေကာင့္ေတြက က်န္ရွင္းေဆြ႕ကိုပစ္မွတ္ထားခ်င္ေနၾကတာျဖစ္တယ္။ ၿပီးေတာ့သူWeiboေပၚမွာ အင္တာနက္အသုံးျပဳသူေတြ ေျပာေနတာကိုလည္း ေတြ႕ခဲ့ေသးတယ္ :

"ဖုေကာကရန္ရန္ကို ေတာ္ေတာ္ေလးႀကိဳက္တာဆိုေတာ့ ဒီကေလးကတကယ္ အမူအက်င့္ေကာင္းေတြ ရွိလို႔ပဲျဖစ္ရမယ္"

"ငါလည္းဖုေကာရဲ႕ဖန္ပဲ ေကာရဲ႕အျမင္ကမွားမွာမဟုတ္ပါဘူး ငါအန္းရန္ကိုvoteေပးမယ္"

"သူတို႔ႏွစ္ေယာက္လုံးက တကယ္ေတာ့ေကာင္းၾကပါတယ္"

ၿပီးေတာ့ တစ္ခ်ိဳ႕သူေတြကဒီအပိုင္းေတြထဲက GIFေတြကိုေတာင္အတူတူထားလိုက္ၾကေသးတယ္။ အဲ့ထဲကGIFတစ္ခုက အန္းရန္အဲ့ေန႔က အေႏြးထိန္းဘူးကိုကိုင္ထားၿပီး သူ႔ကိုစားအုံးမလားေမးေနတဲ့ပုံျဖစ္တယ္။ ႐ုပ္ရွင္ဧကရာဇ္ဖုရဲ႕ ေကာင္းကင္ကေပးတဲ့ ၾကင္နာမႈအျပည့္နဲ႔မက္မြန္မ်က္လုံးတစ္စုံက ဘယ္သူပဲၾကည့္ၾကည့္ ၾကင္နာမႈအျပည့္နဲ႔ျဖစ္ေနေလတယ္။ ၿပီးေတာ့အဲ့ဒီ့GIFကို တစ္ေယာက္ကတမင္ ပန္းေရာင္ပူေဖာင္းေလးေတြေတာင္ ထည့္ေပးထားေသးေတာ့ ေႏြးေထြးတဲ့ေလထုေတြပိုလာေတာ့တယ္။

ေအာက္မွာေတာ့ ဦးေႏွာက္မရွိတဲ့အင္တာနက္သုံးသမားေတြက စတင္လာၾကေတာ့တယ္ :

"နတ္ဘုရားတို႔ရဲ႕ခ်စ္ျခင္းပဲ"

"႐ုပ္ရွင္ဧကရာဇ္ဖုက တကယ္ရန္ရန္ကိုအမ်ားႀကီးႀကိဳက္တာပဲ"

"က်န္ရွင္းေဆြ႕ကတကယ္မုန္းဖို႔ေကာင္းလိုက္တာ ဘာနဲ႔မ်ားရန္ရန္ကို လိုက္ၿပိဳင္ေနလဲမသိဘူး"

ပိုဆိုးတာက ဒီလိုမ်ိဳးCpေဆြးေႏြးမႈေတြေအာက္မွာ StarLight Weiboက ေကာမန္႔တစ္ခုကို လက္မေပးထားတာပဲ။ အဲ့တာကဒီေဆြးေႏြးမႈကို ပိုမ်ားတဲ့လူေတြကို သိသြားေစခဲ့ၿပီး လူေတြအမ်ားႀကီးကို အထင္ျမင္မွားသြားေစေတာ့တယ္။

ႀကိဳက္ႏွစ္သက္တယ္?

ဖုက်င္းေရွာင္းရဲ႕ ပါးစပ္ဖ်ားမွာ ေအးစက္စက္အၿပဳံးတစ္ပြင့္ ျဖစ္တည္လာတယ္ "႐ိုက္ကူးေရးအဖြဲ႕ေရ ငါမင္းတို႔ဘိုးေဘးေတြကို အကုန္ႀကိဳက္ေနမိတယ္ထင္တယ္"

..........

ဖုန္းေျဖၿပီးလို႔ျပန္လာတဲ့ လက္ေထာက္ေလးကစကားေျပာဖို႔ျပင္တုန္း ဆိုဖာေပၚထိုင္ေနတဲ့ဖုက်င္းေရွာင္းက tabletကိုေဘးခ်လိုက္ၿပီး မတ္တပ္ရပ္လိုက္တယ္။ သူ႔ဆီကရန္လိုမႈေတြက ေလ်ာ့မသြားေသးဘူး။ အဲ့ေယာက်္ားကအရပ္ျမင့္တဲ့အတြက္ ဖိႏွိပ္ထားတဲ့ခံစားခ်က္ အျပည့္အဝရေနေလတယ္။

လက္ေထာက္ကတုန္တုန္ယင္ယင္နဲ႔ "ေကာ ဘယ္သြားမလို႔လဲ?"

ဖုက်င္းေရွာင္းဆိုဖာေပၚက ကုတ္ကိုယူလိုက္ၿပီး မ်က္ခြံေတြပင့္ကာသူမကိုၾကည့္လိုက္တယ္။ သူ႔မ်က္ဝန္းေတြကနက္ေမွာင္ေနကာ လွည့္မၾကည့္ပဲစကားတစ္ခြန္းပဲခ်န္ခဲ့ေလတယ္ "အားကစား႐ုံ"

အဲ့တာက[StarLight]႐ိုက္ကူးတဲ့ေနရာျဖစ္တယ္။

ဝမ္မိန္စန္႔ကအဲ့တာကို အာေပါက္မတတ္ေျပာေနခဲ့တာျဖစ္တယ္။ လက္ေထာက္ေလးကိုဒီဘိုးေဘးေလးကို အဲ့ေနရာကိုလုံးဝမသြားခိုင္းဖို႔ ျဖစ္တယ္။ သူမရဲ႕အလုပ္သမားေလးက ေတာ္ေတာ္စိတ္ခ်ရတာပဲ။ ဟင္း!

..........

ညအခ်ိန္

နက္ရႈိင္းတဲ့ညအေမွာင္ထဲမွာ တစ္စုံတစ္ေယာက္က အားကစား႐ုံရဲ႕ပင္မတံခါးကေနဝင္လာတယ္။ ညအခ်ိန္ရဲ႕ေအးစက္မႈေတြကိုလည္း သယ္ေဆာင္လာေသးတယ္။

ဖုက်င္းေရွာင္းဝင္လာၿပီး သူဒုတိယထပ္ကိုျဖတ္လာခဲ့တယ္။ အဲ့တာကၿပိဳင္ပြဲဝင္ေတြရဲ႕ကန္တင္းေနရာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ေတြအားလုံးက သူတို႔ရဲ႕ညစာကိုစားေနၾကတယ္။ စားၿပီးသြားၾကတဲ့ၿပိဳင္ပြဲဝင္ေတြက ႏွစ္ေယာက္သုံးေယာက္နဲ႔ အျပင္ထြက္သြားၾကတယ္။ စိတ္မဝင္စားဘဲ လွည့္ထြက္သြားဖို႔ျပင္ေနတဲ့ဖုက်င္းေရွာင္းက ထမင္းစားၿပီးလို႔ထြက္လာတဲ့ က်န္ရွင္းေဆြ႕နဲ႔ေတြ႕လိုက္ရတယ္။

အၾကည့္ေလးခုဆုံသြားတဲ့အခ်ိန္ တိတ္ဆိတ္သြားေတာ့တယ္။

ဖုက်င္းေရွာင္းအစက အနည္းငယ္စိတ္ဓာတ္က်ေနေပမဲ့ ကတုံးေပါက္ေလးရဲ႕တုံးအအမ်က္ႏွာကို ျမင္လိုက္ရတဲ့အခ်ိန္မွာ ႐ုတ္တရက္ဘာလို႔မွန္းမသိ ပါးစပ္ဖ်ားမွာအၿပဳံးတစ္ပြင့္ထြက္ေပၚလာၿပီး စိတ္ေတြလည္းေပါ့ပါးသြားသလိုခံစားလိုက္ရတယ္။ သူကလက္ရမ္းျပကာ "ဒီနားလာခဲ့"

က်န္ရွင္းေဆြ႕အစကေၾကာင္ေနၿပီး သူ႔ကိုေခၚေနတာလားဆိုတာ မေသခ်ာဘူး။

ဖုက်င္းေရွာင္းကစိတ္ရွည္ရည္နဲ႔ပဲ လက္ကိုထပ္ၿပီးေဝွ႔ယမ္းလိုက္တယ္။ ေခြးေလးကိုထြက္လာဖို႔ေခၚေနသလိုပဲ။ ဒါေပမဲ့က်န္ရွင္းေဆြ႕ကေတာ့ တကယ္ပဲေျပးသြားလိုက္တယ္။

"ဖုေကာ" က်န္ရွင္းေဆြ႕အနည္းငယ္ေမာေနကာ ေခါင္းေမာ့လိုက္ၿပီး ဖုက်င္းေရွာင္းကိုေတာက္ပေနတဲ့ မ်က္ဝန္းေတြနဲ႔ၾကည့္လိုက္တယ္ "ေကာဘယ္လိုလုပ္ေရာက္လာတာလဲ?"

ဖုက်င္းေရွာင္းက မ်က္ခုံးပင့္လိုက္ကာ "ကိုယ္လာလို႔မရဘူးလား?"

က်န္ရွင္းေဆြ႕ကေခါင္းခါကာ "ဒါေပမဲ့အခုက ေကာ႐ိုက္ကူးေရးလုပ္ရမဲ့အခ်ိန္မဟုတ္ဘူးေလ သူတို႔ကေကာေၾကညာစရာရွိတယ္လို႔ေျပာတယ္ အဲ့တာေၾကာင့္ေကာက သြားေၾကညာတာလို႔ေျပာတယ္"

ဖုက်င္းေရွာင္း"အင္း?"လို႔အသံျပဳကာ စေနာက္လိုက္တယ္ "သတင္းေတာ္ေတာ္စုံတာပဲ ကိုယ့္ကိုစုံစမ္းေနတာလား?"

"မဟုတ္ပါဘူး" က်န္ရွင္းေဆြ႕ကျပန္ျငင္းခ်င္ေပမဲ့ ႐ုပ္ရွင္ဧကရာဇ္ေျပာလိုက္တာက အမွန္ျဖစ္ေနသလိုပဲ။ သူကရွက္ကိုးရွက္ကန္းနဲ႔ ေခါင္းကိုငုံ႔ထားလိုက္ေတာ့တယ္။ နားေတြကလည္း အလိုေလ်ာက္နီရဲလာေတာ့တယ္။ သူကအသံတိုးတိုးနဲ႔ေျဖရွင္းလာတယ္ "သူတို႔စကားေျပာေနတဲ့အခ်ိန္တုန္းက ေျပာေနၾကတာကို ကြၽန္ေတာ္ၾကားလိုက္တာ"

သူ႔ရဲ႕႐ိုးရွင္းတဲ့ေျဖရွင္းခ်က္ရဲ႕ ခ်စ္စရာေကာင္းတဲ့အမူအရာေလးကို ဖုက်င္းေရွာင္းေတြ႕လိုက္ရေတာ့ စိတ္အေျခေနပိုလို႔ေကာင္းလာေတာ့တယ္။

ေနာက္ကေနအလ်င္အျမန္လိုက္လာတဲ့ လက္ေထာက္ေလးကရန္မျဖစ္ဖို႔ တားရေအာင္ေျဖာင္းျဖဖို႔လာခဲ့တာျဖစ္တယ္။ ဒါေပမဲ့သူအေျပးလာလိုက္တဲ့အခ်ိန္မွာ ႐ုပ္ရွင္ဧကရာဇ္ႀကီးကေခါင္းငုံ႔ကာ ေက်ာင္းသားေလးတစ္ေယာက္နဲ႔ စကားေျပာေနတာျဖစ္တယ္။ ပါးစပ္ဖ်ားမွာလည္း အၿပဳံးတစ္ပြင့္ကိုခ်ိတ္ဆြဲထားေသးတယ္။ ေခါင္းငုံ႔ၿပီးၾကည့္ေနတဲ့မ်က္ဝန္းေတြက ေႏြးေထြးလို႔ေနတယ္။ အဲ့ဒီအတုအေယာင္အၾကည့္ေတြနဲ႔မတူဘူး။ အဲ့တာကေရေတြျပည့္လွ်ံေနတဲ့ေႏြးေထြးမႈမ်ိဳး။ လက္ေထာက္ေလး႐ုပ္ရွင္ဧကရာဇ္ႀကီးေနာက္လိုက္ခဲ့တဲ့တစ္ေလွ်ာက္လုံး မေတြ႕ခဲ့ဖူးတဲ့အၾကည့္မ်ိဳးျဖစ္တယ္။

ၿပီးေတာ့ လက္ေထာက္ေလးက ဖုက်င္းေရွာင္းေျပာလာတာကို ၾကားလိုက္ရေသးတယ္ "မင္းဒီမွာေလ့က်င့္ေနတာ ဒီေန႔ထုတ္လႊင့္လိုက္တဲ့Editဗားရွင္းကို ေတြ႕ၿပီးၿပီလား?"

သူစကားေျပာလိုက္ေတာ့ က်န္ရွင္းေဆြ႕တစ္ခဏေလာက္ ၿငိမ္သက္သြားၿပီးမွ ျဖည္းျဖည္းေခါင္းၿငိမ္းလာတယ္ "ကြၽန္ေတာ္တို႔မွာဖုန္းမရွိဘူး ဒါေပမဲ့ရွိတဲ့သူမွာေတာ့ရွိတယ္ သူတို႔ကြၽန္ေတာ့ကိုနည္းနည္းေတာ့ ေျပာျပထားတယ္"

ဖုက်င္းေရွာင္းက အနည္းငယ္သံသယဝင္စြာနဲ႔ မ်က္ခုံးပင့္လိုက္တယ္ "ဝမ္းမနည္းဘူးလား?"

ဒီကေလးကပုံမွန္အခ်ိန္ဆို တုံးအပုံေပၚေလတယ္။ ဒါေပမဲ့ဖုက်င္းေရွာင္း မထင္ထားတာက ဒီလိုမ်ိဳးကိစၥႀကီးေပၚမွာေတာင္ သူကစိတ္ၿငိမ္ေနတုန္းပဲ။

က်န္ရွင္းေဆြ႕က ႐ိုးသားစြာပဲ "အဆင္ေျပပါတယ္"

ဖုက်င္းေရွာင္းကငုံ႔ၾကည့္ကာ "ကိုယ္မင္းကိုခ်ီးက်ဳးေနတဲ့အပိုင္းက editခံလိုက္ရတာ....."

က်န္ရွင္းေဆြ႕အဲ့ကိစၥကိုသိတယ္။ သူကခ်ီးက်ဳးခံရတာေပမဲ့ လူလဲခံလိုက္ရတယ္။ အရမ္းစိတ္ဆိုးေနသင့္တာေပမဲ့ သူတစ္ခဏေလာက္ေတြးေတာလိုက္ၿပီး ေခါင္းေမာ့ကာဖြဖြၿပဳံးျပလိုက္တယ္ "အင္းကြၽန္ေတာ္သိတယ္ တကယ္ေတာ့ကြၽန္ေတာ္နည္းနည္းကံေကာင္းတယ္"

ဖုက်င္းေရွာင္းကေၾကာင္အသြားကာ သေဘာမက်ျဖစ္သြားတယ္ "ကံေကာင္းတယ္?"

"ဟုတ္တယ္" က်န္ရွင္းေဆြ႕ရဲ႕အသံကတိုးညႇင္းကာ "အေရွ႕ပိုင္းမွာ႐ိုက္ကူးေရးအဖြဲ႕editလိုက္တဲ့အပိုင္းက လူေတြကိုကြၽန္ေတာ့ကိုမုန္းဖို႔ လုံေလာက္သြားေစၿပီးၿပီ တကယ္လို႔ ဖုေကာကဒီအခ်ိန္မွာ ကြၽန္ေတာ့ကိုခ်ီးက်ဳးမယ္ဆိုရင္ သူတို႔ေကာကိုလည္းစိတ္ဆိုးသြားေလာက္တယ္"

က်န္ရွင္းေဆြ႕က သူ႔ရဲ႕သန္႔ရွင္းတဲ့မ်က္လုံးေတြကိုၾကည့္ေနတယ္။ အဲ့ဒီအခ်ိန္မွာ သူကသူ႔ရဲ႕နစ္နာမႈအားလုံးကိုမ်ိဳသိပ္ထားကာ စိတ္သက္သာရာရတဲ့ပုံနဲ႔ "ေကာကိုပါ မထိခိုက္သြားေစလို႔ ေတာ္ပါေသးတယ္"

".........."

____________________
Word – 3633
Sep 20th, 2022(Tue)
Xiao Dream

ဒီထိအရင္တင္လိုက္မယ္ေနာ္။ ဒါကမၿပီးေသးပါဘူး။ ေနာက္တစ္ဝက္ေလာက္က်န္ေသးတယ္။ ခ်စ္ေလးတို႔အၾကာႀကီးေစာင့္ေနရမွာစိုးလို႔ မအိပ္ခင္ဖတ္သြားရေအာင္ အရင္တင္လိုက္မယ္ေနာ္။ က်န္တဲ့ဟာကို ၿပီးရင္ဆက္တင္ေပးမယ္ေနာ္။ ဂြတ္ႏိုက္ပါ။

Continue Reading

You'll Also Like

1M 56.2K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.6M 66.3K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.5K 310 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...