265-267
Chapter(265)
အသားရောင်(1)
နေ့လယ်စာစားပြီးချိန်မှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီက ဝူရုန်က ဟေးရွမ်ရီရဲ့လျှို့ဝှက်စွမ်းရည်ကို စမ်းကြည့်ဖို့အတွက် ဥကလေးနှင့်ကျင်းရှင်ရဲ့ခြံဝင်းကို လာခဲ့ကြတယ်။
"ကျွန်တော်တို့ ဘာကြောင့် ဥကလေးရဲ့ခြံဝင်းကို လာတာလဲ?"ဝူရုန်က စိတ်ရှုပ်သွားတယ်။
ဟေးရွမ်ရီက ရှင်းပြလိုက်တယ်"ကိုယ်တို့ အသုံးပြုမယ့်စွမ်းရည်ကို အဖြူရောင် အရိုးနည်းပညာလို့ခေါ်တယ်။မင်းက မြေအောက်မှာရှိတဲ့ အရိုးတွေကို စစ်သားတွေ အခြားလူတွေကို တိုက်ခိုက်ဖို့ ဆင်ခေါ်နိုင်တယ်။ကိုယ် အရင်က ကိုယ်တို့ခြံဝင်းမှာ ဆင့်ခေါ်ခဲ့တာကို မှတ်မိလား?ဒါကြောင့် ကိုယ်တို့က ဥကလေးရဲ့ခြံဝင်းမှာဘဲ ဆင့်ခေါ်သင့်တယ်"
"အခု ကျွန်တော်သိပြီ။ခင်ဗျားပြောချင်တာက ဆင့်ခေါ်လိုက်တဲ့ အရိုးတွေက ခင်ဗျားရဲ့စိတ်စွမ်းအင် အဆင့်ပေါ်မှာ မူတယ်တယ်လို့ ဆိုလိုချင်တာလား?"
"အင်း"
"အခု ကျွန်တော်က ခင်ဗျားတို့ရဲ့လျှို့ဝှက်စွမ်းရည်ကို ကြိးုစားကြည့်မယ်"ဝူရုန်က ပြောလိုက်တယ်။
သူက ဟေးရွမ်ရီရဲ့လှုပ်ရှားမှုအတိုင်း စိတ်စွမ်းအင်တွေကို ထုတ်ဖော်လိုက်တယ်။
ဟေးရွမ်ရီက သတိပေးလိုက်တယ်"မင်းရဲ့ စိတ်စွမ်းအင်ကို ထိန်းချုပ်ထား။တစ်အိမ်လုံးက အရိုးတွေကို မဆင့်ခေါ်နဲ့။မဟုတ်ရင် မင်းမိဘတွေကို ခြောက်လန့်သလိုဖြစ်သွားမယ်"
ဝူရုန်က သူ့ရဲ့စိတ်စွမ်းအင်တွေကို ထိန်းချုပ်ထားလိုက်ပြီး သူ့ရဲလက်ချောင်းထိပ်ကို ပို့လွှတ်လိုက်တယ်။နောက်တော့ သူက မြေကြီးပေါ်ကို ညွှန်ပြလိုက်တာနှင့် ငလျင်လှုပ်သလိုမြေကြီးက တုန်ခါလာပြီး အရိုးခြောက်အနည်းငယ် ထွက်ပေါ်လာတယ်။
"ဒီတော့ ကျွန်တော်က တကယ်ဘဲ ခင်ဗျားတို့ စွမ်းရည်ကို အသုံးပြုနိုင်တာပေါ့"ဝူရုန်က အရိုးခြောက်တွေကို ကြည့်ပြီး အံ့အားသင့်စွာပြောလိုက်တယ်။
"အင်း"ဟေးရွမ်ရီက အဖြူရောင်အရိုးတွေကို ကြည့်ပြီး ပြောလိုက်တယ်။
ဝူရုန်က သူ့ရဲ့လက်ကို မယုံနိုင်စွာကြည့်လိုက်ပြီး"ဒါပေမဲ့ ဘယ်လိုလုပ်ပြီးတော့လဲ?ကျွန်တော်က ခင်ဗျားတို့ကလန်ရဲ့အဖွဲ့ဝင် မဟုတ်ဘူးလေ။ကျွန်တော်က ဘယ်လိုလုပ်ပြီး....."
ဘယ်လိုဘဲ ရှားပါးပြီး ပါရမီထူးချွန်တဲ့ ကျင့်ကြံသူတွေဖြစ်စေ ပုံမှန်ကျင့်ကြံသူတွေဖြစ်စေ အမျိုးစားတူတဲ့ပညာရပ်ကိုသာ သင်ယူနိုင်တယ်။အကြောင်းရင်းကတော့ အမျိုးအစားမတူတဲ့ ပညာရပ်တွေကို လေ့ကျင့်တဲ့အခါ စိတ်စွမ်းအင်တွေက အချင်းချင်းဆန့်ကျင်တာကြောင့်ဖြစ်တယ်။ခန္ဓာကိုယ်ထဲမှာ စိတ်စွမ်းအင်နှစ်မျိုးရှိတယ်ဆိုရင် စိတ်စွမ်းအင်တွေက အချင်းချင်းဆန့်ကျင်ပြီး ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်။
ဝူရုန်ရဲ့ခန္ဓာကိုယ်က အစကတည်းက အထူးကောင်းမွန်တယ်။သူက ယင်ယန်ပညာရပ်ရော သူ့ရဲ့ကိုယ်ပိုင်အရိပ်စွမ်းရည်တွေကိုရော တစ်ချိန်ထဲအသုံးပြုနိုင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ သူကဘယ်လိုလုပ်ပြီး အခြားကလန်ရဲ့စွမ်းရည်တွေကို သင်ယူနိုင်ရတာလဲ?
ဒါပေမဲ့ ဘယ်အရာက သူ့ကို ဒီလိုထူးခြားစေတာလဲ?
သူက အခြားလူတွေရဲ့စိတ်စွမ်းအင်ကို စုတ်ယူလိုက်လို့ဖြစ်နိုင်လား?
------
ဟေးရွမ်ရီက ဝူရုန်နားကို ချဉ်းကပ်ပြီး ပြောလိုက်တယ်"ကိုယ်ထင်တာတော့ အနက်ရောင်ဈေးပိုင်ရှင်က မင်းက အခြားကလန်တွေရဲ့လျှို့ဝှက်စွမ်းရည်နည်းပညာရပ်တွေကို သင်ယူနိုင်မှန်းသိတာကြောင့် သူက မင်းကို အရိုးဖြူနည်းပညာကို ထပ်ခါထပ်ခါ မေးတာဖြစ်လိမ့်မယ်။ဒါကြောင့် သူက မင်းကိုအဲဒီလှုပ်ရှားမှုတွေကို ထပ်ခါထပ်ခါလုပ်ခိုင်းတာဖြစ်မယ်။သူက မင်းရဲ့ပါရမီကို အရိပ်အမြွက်ပေးချင်တာဖြစ်လိမ့်မယ်"
ဝူရုန်က ဒီရှာဖွေတွေ့ရှိမှုအတွက် အံ့သြနေမိတယ်။ဒါပေမဲ့ ဟေးရွမ်ရီ ပြောလိုက်တာက သူ့ကိုအသိဝင်စေတယ်။ဒါကြောင့် အနက်ရောင်ဈေးပိုင်ရှင်က သူ့ကို ထပ်ခါထပ်ခါပြောပြီး လှုပ်ရှားစေခဲ့တာလား?သူက ဘယ်လိုလုပ်ပြီး သူ(ဝူရုန်)က အခြားကလန်ရဲ့စွမ်းရည်တွေကို သင်ယူနိုင်တာကို သိနေရတာလဲ?
အား ဟုတ်သားဘဲ!ဝူရုန်က သူ့ရဲ့အသက်ရှည်အချပ်ပြားကို သူ့အဘိုးက ကြီးကြပ်ရေးမှူးလုကနေ တစ်ဆင့် ပို့ပေးခဲ့တာကို သတိရသွားတယ်။ဒါက သူ့အဘိုးက အနက်ရောင်ဈေးပိုင်ရှင်နှင့်တစ်စုံတစ်ရာ ဆက်နွယ်မှုရှိနေတယ်လို့ဆိုလိုတာမဟုတ်လား?ဒါကြောင့်ဘဲ အနက်ရောင်ဈေးပိုင်ရှင်က သူ့ရဲ့ပါရမီကို သိနေတာလား?ဒါကြောင့်ဘဲ အနက်ရောင်ဈေးပိုင်ရှင်က သူ့ရဲ့ပါရမီကို သိစေဖို့အရိပ်အမြွက်ပေးခဲ့တာ ဖြစ်လိမ့်မယ်။
ဝူရုန်က သူ့ခန္ဓာကိုယ်က ပုံမှန်ထက်ထူးခြားတယ်ဆိုတာ လက်ခံလိုကတယ်။ဒါကြောင့် သူက သူ့ရဲ့ကိုယ်ပိုင်လျှို့ဝှက်အရိပ်စွမ်းရည်တွေကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။အရိပ်သူခိုးစွမ်းရည်ကလွှဲပြီး အခြားသော အရိပ်စွမ်းရည်ကို သင်ယူကြတယ်။သူ့ရဲ့နားလည်သဘောပေါက်မှုအရ အရိပ်သူခိုးစွမ်းရည်က အခြားလူတွေရဲ့စိတ်စွမ်းအင် စီးဆင်းမှုကို မြင်နိုင်ပြီး အခြားလူရဲ့စိတ်စွမ်းအင်ကို အရိပ်ကနေတစ်ဆင့်စုတ်ယူနိုင်ပြီး အခြားနည်းကညာစွမ်းရည်တွေကိုလည်း သင်ယူနိုင်တာဖြစ်မယ်။
ဒီလိုကိစ္စရပ်တွေကြောင့် အရိပ်သူခိုးစွမ်းရည်က လူတိုင်းလိုချင်တဲ့ ထူးခြားတဲ့ စွမ်းရည်ဖြစ်နေတာဘဲ။ဒါကြောင့်ဘဲ အရင်ဘဝတုန်းက ကောလဟာလတွေမှာ ပြောခဲ့ကြတာက အရိပ်သူခိုးစွမ်းရည်ကို ပိုင်ဆိုင်ရင် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်တယ်လို့ပြောကြတာပေါ့။ဒါကြောင့်ဘဲ သူ့အမေက ဘယ်သူ့ကိုမှမပြောဖို့ သတိပေးခဲ့တာပေါ့။သူ့ကသာ အရိပ်သူခိုးစွမ်းရည်ပိုင်ဆိုင်မှန်းသိရင် ကျင့်ကြံသူတွေက သူ့ကိုဖမ်းဆီးပြီး အရိပ်သူခိုးစွမ်းရည်ကို ထုတ်ပေးအောင် လုပ်ကြလိမ့်မယ်။
-----------------------
Chapter(266)
အသားရောင်(2)
"ဥကလေးက သုံး-ခုနှစ်ကျောက်တုံးကနေ တစ်ဆင့်မွေးဖွားလာသူဘဲ။သူက အခြားကလန်တွေရဲ့စွမ်းရည်တွေကို သင်ကြားနိုင်တာ မထူးဆန်းဘူး။ဒါပေမဲ့ သူ့ရဲပါးပါး မင်းကတော့ လုံးဝထူးခြားတယ်။တကယ်ကို ထူးခြားသာလွန်းတယ်"ကျင်းရှင်က ဝူရုန်ရဲ့အနောက်ဘက်ကနေ ပြောလိုက်တယ်။
ကျင်းရှင်က ဝူရုန်ကို လှည့်ပတ်ကြည့်ပြီး လျှောက်နေရင်း"ဒါက ကလန်တစ်ခုရဲ့အဖွဲ့ဝင်လိုဘဲ"
"ဘာကလန်လဲ?"ဝူရုန်က မေးလိုက်တယ်။
ကျင်းရှင်က ပါးစပ်ဖွင့်ပေမဲ့ ရုတ်တရက် စူးရှပြင်းထန်တဲ့အကြည့်ကို ခံစားလိုက်ရတယ်။သူက ဟေးရွမ်ရီကို ကြည့်လိုက်တော့ သူ့ကို အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောဖို့ သတိပေးနေတဲ့အကြည့်နဲ့ စိုက်ကြည့်နေတာကို သိလိုက်တယ်။
"ငါ အဲဒီကလန်ကလူတွေက ဘယ်လိုစွမ်းရည်နည်းပညာကိုမဆိုသင်ယူနိုင်တယ်ဆိုတာဘဲ မှတ်မိတော့တယ်။ဒါပေမဲ့ အဲဒါက ဘယ်ကလန်ကလဲဆိုတာတော့ မမှတ်မိတော့ဘူး။ဒါ့အပြင် ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက ဖြစ်ခဲ့တာလေ။နတ်ဆိုးကလန်က အကြီးအကဲတွေသာ ဒီအကြောင်းကို သိနိုင်တယ်"
"ငါသိပြီ"ဝူရုန်က ကျင်းရှင်က မမှတ်မိကတည်းက သူကစကားလမ်းကြောင်းလွှဲလိုက်တယ် "ကျင်းရှင် ဥကလေးက မကြာခင်တုန်းက ဗိုက်ပြည့်တယ်လို့မခံစားခဲ့ရဘူး။သူက စိတ်စွမ်းအင်ပါဝင်တဲ့ အစားအစာကိုစားမှဘဲ ဗိုက်ပြည့်တယ်လို့ပြောတယ်။မင်း ဒါကဘာကြောင့်လဲဆိုတာ သိလား?"
"ငါ ဘယ်တုန်းကမှ သုံး-ခုနှစ်ကျောက်တုံးကနေတစ်ဆင့် မွေးတဲ့ကလေးကို မပျိုးထောင်ဖူးဘူး။ငါက ဘယ်လိုလုပ်ပြီး ဥကလေးက ဘာမှားနေလဲဆိုတာ သိမှာလဲ?"ကျင်းရှင်က သုံး-ခုနှစ်ကျောက်တုံးအကြောင်းပြောတဲ့အချိန်မှာ ဒေါသအရမ်းထွက်လာတယ်။
"မင်းနဲ့ရီကျဲ အဆင်ပြေရဲ့လား?"ဝူရုန်က ဂရုတစိုက်မေးလိုက်တယ်။
"ဘယ်လိုလုပ်ပြီး ငါတို့ အဆင်မပြေရမှာလဲ?ငါနဲ့သူက ဘာပြသနာမှ ဖြစ်စရာအကြောင်းမရှိဘူး"ကျင်းရှင်က အံ့ကြိတ်ပြီးဖြေလိုက်တယ်။
ဝူရုန်က ကျင်းရှင်ရဲ့အနောက်တစ်နေရာကိုညွှန်ပြလိုက်တယ်။
ကျင်းရှင်က လှည့်ကြည့်လိုက်တော့ တံခါးကိုမှီပြီးရပ်နေတဲ့ ရီကျဲကိုတွေ့လိုက်ရတယ်။
သူကနှာခေါင်းရှုံ့ပြီး သူ့အခန်းကိုပျံသန်းသွားပြီး တံခါးကိုအသံမြည်အောင် အကျယ်ကြီးပိတ်ချလိုက်တယ်။
ဝူရုန်က သူရပ်နေတဲ့နေရာကနေပြီးတောင် အိမ်က တသိမ့်သိမ့်တုန်သွားတာကို ခံစားလိုက်ရတယ်။သူက တံခါးရဲ့အရှိန်ပြင်းစွာ ရိုက်ခိုက်မှုကြောင့် လေထဲမှာ ဖုန်တွေလွင့်လာတာကိုတောင် တွေ့လိုက်ရတယ်။
ရီကျဲရဲ့မျက်နှာမှာ ဘာအမူအရာမှ မဖော်ပြသော်လည်း သူကအကူအညီမဲ့သလိုခံစားလိုက်ရတယ်။သူက ဝူရုန်နားကိုချဉ်းကပ်ပြီး ပြောလိုက်တယ် "သုံး-ခုနှစ်ကျောက်တုံးမှတစ်ဆင့်မွေးဖွားလာတဲ့ကလေးတွေက ဆယ်စုနှစ်တစ်စုစလောက် အစာမစားရရင်တောင် ဆာလောင်ပြီး သေသွားမှာမဟုတ်ဘူး"
"........"ဝူရုန်
သူက သူ့ရဲ့ကလေးကို ဆာလောင်ငတ်မွတ်အောင်နေစေတဲ့အထိ မဆင်းရဲသေးဘူး။
"တခြားအချက်တွေရှိသေးလား?"ဟေးရွမ်ရီကမေးလိုက်တယ်။
"တကယ်လို့ မင်းတို့စိုးရိမ်နေရင် သူ့ကိုစိတ်စွမ်းအင်တွေပါဝင်တဲ့ အစားအစာတစ်ချို့ကို မကြာခဏကျွေးနိုင်တယ်"ရီကျဲကပြောပြီးတာနှင့် ကျင်းရှင်ရဲ့အခန်းတံခါးကို သွားပြီး တံခါးခေါက်လိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကို ဆွဲပြီး အသံတိုးတိုးနှင့်ပြောလိုက်တယ်"သွားစို့...သူတို့ဘာသာနေပါစေ"
သူတို့က ဥကလေးရဲ့ခြံဝင်ကနေ ထွက်လာတော့ ဝူရုန်က ဟေးရွမ်ရီရဲ့လက်မောင်းကိုဖက်ပြီး ပြောလိုက်တယ်"ကျင်းရှင်နဲ့ရီကျဲက ကျွန်တော့်ကို သတိပေး..."
ဝူရုန်က ရပ်လိုက်တယ်။
ဘယ်လိုဘဲ ဖြစ်ဖြစ်ဒါက သူ့ကိုအရင်ဘဝတုန်းက အကြောင်းကို သတိပေးနေသလိုဘဲ။အရင်ဘဝတုန်းက သူနှင့်ဟေးရွမ်ရီက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုမှု မရှိတာကြောင့် ဆယ့်သုံးနှစ်ကြာအောင် လွှဲချော်ခဲ့ရတယ်။အခုချိန်မှာ ဒီအကြောင်းတွေးမိတော့ ဝူရုန်က သူတို့အမှားလုပ်ခဲ့မိတဲ့အတွက်နောင်တရတယ်။
"မင်းကို ဘာကိုသတိပေးနေတာလဲ?"ဟေးရွမ်ရီက သူ့ကိုငုံ့ကြည့်ပြီးပြောလိုက်တယ်။
"ကျွန်တော့်ကို သတိပေးနေတာက ကျွန်တော်နဲ့ခင်ဗျားရဲ့အကြောင်းဘဲ။အနာဂတ်မှာကျရင် ကျွန်တော်တို့ ရန်မဖြစ်ဖို့မျှော်လင့်တယ်။ကျွန်တော်တို့ နားလည်မှုလွှဲခဲ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက်ရှင်းပြဖို့ အခွင့်အရေးပေးသင့်တယ်"
ဟေးရွမ်ရီက သူ့ကိုခဏလောက်ကြာအောင် စိုက်ကြည့်နေပြီးမှ အက်ကွဲနေတဲ့ အသံနှင့်ပြောလိုက်တယ်"အနာဂတ်ကျရင် မင်း မင်းရဲ့စကားကိုမှတ်မိနေဖို့ ကိုယ်မျှော်လင့်တယ်"
"ကျွန်တော် သေချာတာပေါ့"ဝူရုန်က ဟေးရွမ်ရီပေါ်ကို မှီလိုက်ပြီး"ကျွန်တော်ပင်ပန်းတယ်။ ကျွန်တော့်ရဲ့ခင်ပွန်း အခုခင်ဗျားရဲ့ဇနီးကို သယ်သွားတော့"
ဟေးရွမ်ရီ၏နှုတ်ခမ်းတွေက ကော့တက်သွားပြီး ဝူရုန်ကို သူ့လက်မောင်းထဲမှာ ပွေ့ချီလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီကို ကြည့်လိုက်တယ်။သူ့ခင်ပွန်းက အရမ်းချောတယ်။သူကဖြူဖျော့နေပေမဲ့ နေရောင်ရဲ့အောက်မှာ အသက်ရှူမှားလောက်အောင် ချောမောခန့်ညားနေတုန်းဘဲ။
သူက ဟေးရွမ်ရီရဲ့မျက်နှာကို ကိုင်ပြီး နဖူးပေါ် နမ်းပြီး ပြောလိုက်တယ်"ကျွန်တော် ခင်ဗျားကို ဝှက်ထားဖို့ ဆန္ဒရှိတယ်။ဒါမှ တစ်ယောက်ကမှခင်ဗျားကို မမြင်နိုင်မှာ"
"ကိုယ် မျက်နှာတုကို ပြန်ဝတ်နိုင်တယ်"ဟေးရွမ်ရီက ဝူရုန်ကို ကြည့်ပြီး ပြောလိုက်တယ်။
သူက ဒီစိတ်ကူးကို သဘောတူချင်တယ်။ဒါပေမဲ့ ဟေးရွမ်ရီက တစ်ဘဝလုံး မျက်နှာတုဝတ်ဆင်ထားဖို့ မဖြစ်နိုင်ဘူး။
"စိတ်ထဲမထားနဲ့။အဲဒါက ခင်ဗျားအတွက်မကောင်းဘူး။ခင်းဗျားကို ကြည့်လိုက်...ခင်ဗျားရဲ့မျက်နှာက လူမမာထက်တောင် ပိုပြီး ဖြူနေသေးတယ်"
ဟေးရွမ်ရီက လမ်းဆက်လျှောက်နေရင် ပြောလိုက်တယ်"ကိုယ်တို့ကလန်က လူတွေက အခြားကလန်တွေထက် ပိုပြီး ဖြူကြတယ်။ရွမ်ထန်ကလည်း အသားဖြူတာဘဲ"
ဝူရုန်က ဟေးရွမ်ထန်ကလည်း အသားဖြူတာကို တွေးမိတယ်။
ဒါပေမဲ့ ဟေးရွမ်ထန်က မျက်နှာတုကို မဝတ်ဆင်ခဲ့တာကြောင့် သူ့ခင်ပွန်းလောက်တော့ ဖြူမနေဘူး။ပြီးတော့ ဟေးဂန်းနှင့်ဟေးရှင်းကလည်း နေရောင်အောက်မှာ အနေများတာကြောင့် ဟေးရွမ်ထန်လောက်ဖြူမနေဘူး။အဲဒီလိုဆိုရင်တောင် သူတို့ရဲ့အသားရည်က သာမန်လူတွေထက်တော့ ဖြူနေတုန်းဘဲ။
--------------------------
Chapter(267)
သေဆုံးခြင်းကျိန်စာ(1)
မျက်တောင်တခတ်အတွင်းမှာဘဲ ဆောင်းလယ်ပွဲတော်ကို ရောက်ရှိလာတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက လူတွေက မိသားစု သူငယ်ချင်းတွေအတွက် လက်ဆောင်ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြပြီး ဒီနေ့မှာတော့ သူတို့ကို လက်ဆောင်များ ပေးပို့ကြတယ်။ဆောင်းလယ်ပွဲတော်နေ့မှာ လူတွေက ဘုရားကျောင်းတွေကို သွားပြီး ကောက်ပဲသီးနှံအထွက်တိုးဖို့ မိသားစုဝင်တွေကျန်းမာဖို့ဆုတောင်းကြတယ်။ဒါကြောင့် အင်ပါယာမြို့တော်က မြို့သူမြို့သားတွေ မနက်နှစ်နာရီမထိုးခင်ကတည်းက လင်းဖူဘုရားကျောင်းကို သွားပြီးသွားရောင်ဆန္ဒပြု ဆုတောင်းကြတယ်။
ဝူရုန်နှင့်သူ့မိသားစုကလည်း ချွင်းချက်တော့မဟုတ်ဘူး။သူတို့က မနက်လေးနာရီမှာ အိပ်ရာထ မျက်နှာသစ် သွားတိုက် အဝတ်အစားလဲပြီး မနက်စာစားတော့ ခြောက်နာရီထိုးခါနီးပြီဖြစ်တယ်။ဥကလေး
က မျက်လုံးမဖွင့်ဘဲ မနက်စာစားနေတာကို မြင်တော့ သူတို့ကပေါက်ထွက်မတတ်ရယ်မောကြပြီး သူ့ရဲ့ပါးကို ဆွဲဖဲ့ကြတယ်။
သူတို့က မနက်စာစားပြီးတော့ ရထားလုံးနှင့် ထွက်လာကြတယ်။
မြို့ဝင်ပေါက်က မြို့သူမြို့သားတွေက လင်းဖူဘုရားကျောင်းကို သွားနိုင်ဖို့ အတွက် အစောကြီးကတည်းက ဖွင့်ထားပြီး ဖြစ်တယ်။
လင်းဖူဘုရားကျောင်းက အင်ပါယာမြို့တော်နဲ့မိုင်သုံးဆယ် ကွာဝေးတဲ့ တောင်ပေါ်မှာတည်ရှိတယ်။မြို့သူမြို့သားတွေက လင်းဖူဘုရားကျောင်းကို အုပ်စုလိုက် မြင်းတွေ မြင်းလှည်းတွေ ရထားလုံးတွေစီးပြီး သွားကြတယ်။
သူတို့က လင်းဖူဘုရားကျောင်းရဲ့တောင်ခြေကို ရောက်တဲ့အခါမှာတော့ လင်းဖူဘုရားကျောင်းရဲ့ဝင်ပေါက်ကို ရောက်ဖို့မီတာသုံးရာလောက်မြင့်တဲ့ အမြင့်ကို လေကားထစ်တွေနှင့်တက်ရောက်ရမှာဖြစ်တယ်။
ဥကလေးက ပျားပမ်းလှုပ်ရှားသွားလာသံတွေ စကားပြောသံတွေကြောင့် နိုးလာတယ်။ဥကလေးက ဟေးရွမ်ရီရဲ့လက်မောင်းပေါ်က စိတ်လှုပ်ရှားစွာ ဆင်းလိုက်ပြီး ကစားနေကြတဲ့ကလေးတွေစီကို သွားတော့တယ်။မကြာခင်မှာ ကလေးတွေက တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးလာပြီး အတူတူကစားကြတယ်။ကလေးတွေက ဥကလေးက လှပလွန်းတာကြောင့် သူနှင့်ကစားရတာကို ပျော်ရွှင်ကြတယ်။
ဟေးဂန်းက ဥကလေးကို စောင့်ရှောက်ဖို့အတွက် နေခဲ့တယ်။ဝူရုန်နှင့်ဂေါင်တုန်က ဆုတောင်းဖို့အတွက် ဘုရားကျောင်းထဲကို ဝင်သွားတယ်။တစ်လျှောက်လုံး လင်းဖူဘုရားကျောင်းထဲမှာ အဖြူရောင်မီးခိုးငွေ့တွေနှင့် ပြည့်နေတယ်။
ဝူရုန်နှင့်ဟေးရွမ်ရီက မီးခိုးငွေ့တွေကြောင့် ဘုရားကျောင်းထဲက အမြန်ထွက်လာကြတယ်။
ဝူရုန်က လျှောက်ပတ်ကြည့်ရင်း တောင်အနောက်ဘက်က ရွှေရောင်မျှော်စင်ကိုတွေ့တော့ လက်ညှိုးထိုးပြီး ပြောလိုက်တယ်"ကျွန်တော်ကြားဖူးတာတော့ အဲဒီဘုရားထဲမှာ အဆင့်မြင့်မှော်လက်နက်တွေအများကြီးနဲ့ ကောင်းကင်ဘုံနဲ့သက်ဆိုင်တဲ့မှော်လက်နက်ရှိတယ်တဲ့"
အဲဒီကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်က သူနှင့်ဟေးရွမ်ရီကို ကွဲကွာစေခဲ့တဲ့ မှော်လက်နက်လည်းဖြစ်တယ်။
"ကောင်းကင်ဘုံနဲ့သက်ဆိုင်တဲ့မှော်လက်နက်?မင်းသေချာရဲ့လား?"ဟေးရွမ်ရီက မှော်လက်နက်တွေကို သန့်စင်ရတာကို နှစ်သက်တယ်။သူက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို အရမ်းစိတ်ဝင်စားသွားပြီး"ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံနဲ့သက်ဆိုင်တဲ့မှော်လက်နက် အနည်းငယ်သာရှိတယ်။တကယ်လို့သာဖြစ်နိုင်ရင် ကိုယ် တစ်ရက်ကျရင် အဲဒါကို ကြည့်ခွင့်ရချင်တယ်"
"ခင်ဗျား အဲဒါကို ကြည့်ချင်တာလား?ဒါကမလွယ်ဘူး။အဲဒါကို လင်းဖူဘုရားကျောင်းရဲ့ကျောင်းထိုင်ဆရာတော် အင်ပါယာအရှင်နဲ့ဂရန်းမစ္စတာကလွှဲရင် တစ်ယောက်ကိုမှ ကြည့်ခွင့်မပြုထားဘူး။ဘုရားရဲ့ဝင်ပေါက်ကို အများအားဖြင့်ပိတ်ထားပြီး မရေမတွက်နိုင်တဲ့ ဘုန်းတော်ကြီးတွေက အချိန်ပြည့်စောင့်ကြပ်နေတယ်။တစ်ယောက်မှ ဖောက်ပြီးဝင်ဖို့မဖြစ်နိုင်ဘူး"
အဆင့်ကိုးရှိတဲ့ဘုန်းတော်ကြီးတွေကသာ တစ်နှစ်ပတ်လုံးစောင့်ကြည့်နေတာ မဟုတ်ရင် သူက အရိပ်ဖုန်းကွယ်ခြင်စွမ်းရည်နှင့် ဘုန်းတော်ကြီးတွေကို ဖြတ်ကျော်ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ရှိရာကို သွားဖို့ဖြစ်နိုင်တယ်။ကံမကောင်းစွာဘဲ သူက ကျင်းလန်ရဲ့စိတ်စွမ်းအင်ကို စုတ်ယူပြီးသာတောင် အဆင့်ခြောက်သာရှိသေးတယ်။သူက အဆင့်ကိုးကိုရောက်ရှိဖို့ အဆင့်သုံးဆင့်တောင် ချိုးဖြတ်ဖို့လိုသေးတယ်။
ဟေးရွမ်ရီက ပြန်ကြည့်လိုက်တယ်။သူက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို စိတ်ဝင်စားပေမဲ့ သူက ဘုရားကို ချိုးဖြတ်ပြီး သွားကြည့်ဖိုတော့ ရည်ရွယ်ချက်မရှိဘူး။
"သွားစို့ လျှောက်ပတ်ပြီး ကြည့်ရအောင်။တကယ်လို့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာမရှိရင် တစ်နေရာမှာ သွားထိုင်ရအောင်"ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကို ဆွဲပြီးပြောလိုက်တယ်။
သူတို့က အနောက်ဘက်ခြံဝင်းကို လာခဲ့ပြီး အနီရောင်ဝတ်ရုံဝတ်ဆင်ထားတဲ့ ဘုန်းတော်ကြီးထံကို သွားလိုက်ကြတယ်။သူ့ရဲ့မျက်နှာက ပြုံးနေပြီး သူကကြင်နာတတ်တဲ့ ပုံပေါ်တယ်။သူ့ရဲ့မျက်ခုံးမွေးတွေက မီးခိုးရောင်သန်းနေပြီး ရှည်လျားလှတယ်။သူ့ရဲ့နောက်မှာတော့ နောက်လိုက်ဘုန်းကြီး ခြောက်ယောက်ရှိနေတယ်။
အခြားသောလာရောက်လည်ပတ်သူတွေကလည်း ဘုန်းတော်ကြီးထံ စိတ်လှုပ်ရှားစွာသွားကြပြီး နှုတ်ဆက်လိုက်ကြတယ်။
"အကြီးအကဲထန်းဇောင် တွေ့ရတာဝမ်းသာပါတယ်"
"အတူတူဘဲ"ဘုန်းတော်ကြီးက ရိုးရှင်းစွာပင် ပြန်နှုတ်ဆက်တယ်။
လာရောက်လည်ပတ်သူတွေက အကြီးအကဲထန်းဇောင်နားမှာ စုရုံးပြီး သူတို့ရဲ့ကံကြမ္မာကို မေးမြန်းကြတယ်။
"အကြီးအကဲထန်းဇောင် ကျွန်တော့်သား လက်ထပ်နိုင်အောင် ကျွန်တော် ဘာလုပ်သင့်ပါသလဲ?"
"အကြီးအကဲထန်းဇောင် ကျွန်မရဲမြေးက အခုတလော ကံမကောင်းဘူး။ကျွန်မ ဘာလုပ်သင့်ပါသလဲ?"
"အကြီးအကဲထန်းဇောင် ကျွန်မရဲ့ခင်ပွန်းက လွန်ခဲ့တဲ့နှစ်ဝက်ကတည်းက ခရီးထွက်သွားတာ ပြန်မလာသေးဘူး။သူလုံခြုံရဲ့လား?ကျွန်မကို ပြောပြပါ"
"အကြီးအကဲထန်းဇောင်..."
ဝူရုန်ကလည်း သိချင်တာကြောင် ရှေ့တက်လာခဲ့တယ်။အကြီးအကဲ လူတိုင်းရဲ့အနာဂတ်ကို စိတ်ရှည်စွာ ပြောပြတယ်။ဝူရုန်က ဒီဘုန်းတော်ကြီးက သူ့ရဲ့အနာဂတ်ကို ပြောပြနိုင်ရင် အံ့သြမှာဘဲ။
အကြီးအကဲထန်းဇောင်က လူတိုင်းရဲ့မေးခွန်းတွေကို စိတ်ရှည်စွာ ပြန်လည်ဖြေကြားပေးတယ်။
လာရောက်လည်ပတ်သူတွေကလည်း လောဘကြီးသူတွေမဟုတ်ဘူး။သူတို့မေးခွန်းရဲ့အဖြေကို သိတာနှင့် ထွက်သွားကြတယ်။လျှင်မြန်စွာနှင့် ဝူရုန်နှင့်ဟေးရွမ်ရီကလည်း အဲဒီနေရာကို ရောက်လာတယ်။
----------------------------
paid gpဝင်လို့ရပြီနော်