COTAW(Zawgyi)

By Phyomyatsoe

257K 49.2K 791

bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi

248-250

344 84 1
By Phyomyatsoe


Chapter(248)
သုံး-ခုနှစ်ကျောက်တုံး(1)

"အရှင်မင်းသား အခုချိန်မှာ အရှင်ကနောက်ထပ် ဂရန်းမစ္စတာ တစ်ယောက်ကို ရှာထားဖို့ ကြိုစားသင့်တယ်"ဟေးရန်က ပြောပြီးတာနှင့်ပျောက်ကွယ်သွားတယ်။

လင်းမိုဟန်က ထိတ်လန့်သွားပြီး စိတ်လှုပ်ရှားသွားတယ်။သူကနောက်ဆုံးမှာတော့ ဝူချန်ဇီကို ဂရန်းမစ္စတာဆိုတဲ့ နေရာကနေ ကန်ထုတ်နိုင်တော့မယ်။ဒါပေမဲ့ သူက အစီအစဉ်ကောင်းကောင်းချဖို့တော့လိုတယ်။ဘာဘဲဖြစ်ဖြစ် ဝူချန်ဇီက ဂရန်းမစ္စတာဆိုတဲ့ နေရာကို ဆယ်နှစ်ကျော်အောင် နေရာရထားတာကြောင့် သူက သေချာလုပ်ဖို့တော့တယ်။ဒီအချိန်မှာလဲ အလွယ်တကူတော့ ကန်ထုတ်လို့ရမှာ မဟုတ်ဘူး။

ဝူရုန်ရဲ့ အကူအညီကြောင့် လင်းမိုဟန်က ကုသရေးမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ငါးရက်အတွင်းမှာဘဲ လုချန်မြို့နဲ့ အနီးအနားက မြို့တွေက ရောဂါတွေကို ထိန်းချုပ်သွားနိုင်ခဲ့တယ်။

အိမ်ရှေ့စံမင်းသားရဲ ခရီးသွားလှည့်လည်ပြီး အလှူဒါနပြုမှု ဆေးကုသပေးမှုတွေက မကြာခင်မှာဘဲ မြို့တော်ထိတိုင်အောင် သတင်းပြန့်လာခဲ့တယ်။ရုံးတော်က အရာရှိတွေကလည်း သူ့ရဲအပြုအမူတွေကို လေးစားချီးမွန်းလာကြတယ်။အင်ပါယာအရှင်မင်းကြီးကလည်း အိမ်ရှေ့စံရဲ့ အောင်မြင်မှုကို အလွန်ဝမ်းမြှောက် ဂုဏ်ယူတယ်။သူက အိမ်ရှေ့စံမင်းသားပြန်ရောက်လာတဲ့အခါ အမြင့်ဆုံးဆုချီးမြှင့်မယ်လို့တောင် ကတိပေးခဲ့တယ်။ဒါကို ကြားတော့ ဒုတိယမင်းသားနဲ့ ဝူချန်ဇီက ဒေါသအရမ်းထွက်ပေမဲ့ သူတို့က အင်ပါယာအရှင်မင်းမြတ်က သူတို့ကိုစိတ်ဆိုးလာမှာစိုးတာကြောင့် သူတို့ရဲ့ဒေါသကို ထုတ်မပြနိုင်ဘူး။အခုချိန်မှာ သူတို့ရဲ့ဂုဏ်သတင်းက မြို့တော်ထဲမှာ နိမ့်ကျသွားခဲ့တယ်။တကယ်လို့သာ အင်ပါယာအရှင်မင်းမြတ်က သူတို့ကို ရုံးတော်အရာရှိတွေရှိမှာ ဆူပူခဲ့မယ်ဆိုရင် သူတို့က အရှက်ရပါလိမ့်မယ်။

---

တစ်နိုင်ငံလုံးက ရောဂါကုသဖို့ အလှုပ်များနေတဲ့ အချိန်မှာတော့ ဟေးအိမ်တော်က အရမ်းကို ငြိမ်းချမ်းနေတယ်။ရောဂါတွေ ကူးစက်ခံရမှုမရှိဖို့ရန် သူတို့က အိမ်တော်ထဲမှာသာ နေထိုင်တယ်။

မနက်တိုင်းမှာ ဝူရုန်က ဟေးရွမ်ရီထံက ဓားသိုင်းနှင့်ကျင့်ကြံခြင်းပညာရပ်တွေကို သင်ယူလေ့လာတယ် မဟုတ်ရင်တော့ သူ့ရဲ့တိုက်ခိုက်မှုကျွမ်းကျင်အောင် အခြားလူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တယ်။

နေ့လယ်ပိုင်းမှာတော့ သူက တရားထိုင်တယ် မဟုတ်ရင် နူမူထံက ဆေးသန့်စင်တဲ့ပညာရပ်တွေကို သင်ယူတယ် မဟုတ်ရင် သူ့သားနှင့်အတူ အချိန်ဖြုန်းတယ်။သူ့ရဲ့ဘဝငအလွန် အလှုပ်ရှုပ်နေပေမဲ့  ငြိမ်းချမ်းတယ်။ဒီနရာမှ အမုန်းတရားတွေမရှိဘူး တစ်ယောက်ကို တစ်ယောက် သတ်စရာမလိုဘူး။သူ့ကို ဆန့်ကျင်တဲ့လူလည်းမရှိဘူး။ဒါပေမဲ့ အိမ်မှာနေနေရင်းနှင့်လည်း ပြသနာတွေက မရောက်လာနိုင်ဘူးလို့ မဆိုလိုဘူး။

တစ်ရက်မှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီက နေ့လယ်စာစားပြီး နားနေတဲ့အချိန်မှာတော့ တံခါးစောင့်က တင်ပြလာတယ်"ကြင်ယာတော် လူတစ်ယောက်က ကြင်ယာတော်ကို တွေ့ချင်နေပြီး ကြင်ယာတော်ကို စာတစ်စောင်အကြောင်း ပြောစရာရှိတယ်လို့ ပြောပါတယ်"

ဝူရုန်က ဘယ်သူလဲဆိုတာ မတွေးမိတာကြောင့် မေးလိုက်တယ်"သူ့ကိုယ်သူ ဘယ်သူလို့ပြောလဲ?ဘယ်သူရေးတဲ့စာအကြောင်း ပြောဖို့လာတာလဲ?"

"သူက ဘာမှ မပြောခဲ့ဘူး"

ဟေးရှင်းက ဖုန်းကွယ်ထားတဲ့ အန္တရာယ်ရှိမှာစိုးတာကြောင့် အကြံပေးလိုက်တယ်"ကျွန်တော်က ဘယ်သူလဲဆိုတာ အရင်သွားကြည့်ပြီးမှ ကြင်ယာတော်ကို လာပြောပြမယ်လေ"

ဝူရုန်က ခေါင်းငြိမ့်လိုက်တယ်။

ဟေးရှင်းက ထွက်သွားပြီး မကြာခင်မှာတော့ ဝင်ပေါက်မှာ တစ်ခုခုမှားယွင်းတာဖြစ်ပျက်သွားတယ်။သူတို့က ခန်းမရဲအပြင်ကို ပြေးထွက်လာပြီး ဝင်ပေါက်ကို ရောက်လာတဲ့အချိန်မှာတော့ သူတို့က ဟေးရှင်းရဲ့လည်ပင်ကို ဓားထောက်ပြီး ဟေးရှင်းရဲ့အသက်ကို ခြိမ်းခြောက်နေတဲ့ တစ်စုံတစ်ယောက်ကို မြင်လိုက်ရတယ်။

လူတိုင်းက ရှေ့တက်သွားကြတယ်။

"မင်းကဘယ်သူလဲ?ဘာကြောင့် ငါတို့အိမ်တော်ထိန်းကို ခြိမ်းခြောက်နေရတာလဲ?"ဟေးဂန်းကအော်လိုက်တယ်။

အဲဒီလူက ဟေးရှင်းကို ဓားနှင့်ထောက်ပြီး ရှေ့တက်လာတယ်။ဝူရုန်နှင့်ဟေးရွမ်ရီက အဲဒီလူကို အနီးကပ်မြင်ရတဲ့ အချိန်မှ ဒီလူက လွန်ခဲ့တဲ့ရက်တုန်းက ကျင်းရှင်ကို လာရှာတဲ့ နတ်ဆိုးဆိုတာ သိသွားတယ်။

အဲဒီလူက ဝူရုန်ကို ကြည့်လိုက်တယ်။သူ့ရဲ့မူလအစီအစဉ်က ဝူရုန်ကို အပြင်ထွက်လာအောင် လှည့်စားပြီး ခြိမ်းခြောက်ဖို့ဖြစ်တယ်။အဲဒီအစား အိမ်တော်ထိန်းကသာ သူလှည့်စားမှုထဲကို ဝင်လာတာဖြစ်တယ်။

အဲဒီနောက်မှာတော့ သူကဝူရုန်ရဲ့ဘေးမှာ ကျင်းရှင်ကို တွေ့လိုက်ရတယ်။သူကဖျက်ခနဲ လှုပ်ရှားလိုက်ပြီး ကျင်းရှင်ဘေးကို ရောက်သွားတယ်။

ကျင်းရှင်က ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။

အဲဒီလူက လျှင်မြန်စွာ ကျင်းရှင်ရဲ့အင်္ကျီကိုဆွဲထားလိုက်ပြီးအေးစက်စွာ မေးလိုက်တယ်"ဘယ်ကိုထွက်ပြေးချင်နေတာလဲ?"

တကယ်လို့ ဒီအိမ်တော်ကိုသာ စွမ်းအားမြင့်အစီရင်က မကာကွယ်ထားဘူးဆိုရင် သူက ဒီလိုမျိုးနည်းလမ်းကို သုံးပြီး သူ့ကိုဖမ်းစရာမလိုဘဲ တိုက်ရိုက်ဘဲဝင်ဖမ်းလို့ရမှာဖြစ်တယ်။

"ရီကျဲ မင်းလက်က ငါ့ကိုလွတ်ပေးစမ်း"ကျင်းရှင်ကအော်လိုက်တယ်။

ရီကျဲက သူ့လက်ထဲက ခြောက်နှစ်သားကလေးကို ချုပ်ထားလိုက်ပြီး ကြည့်လိုက်ပြီး"ဘာကြောင့် မင်းက ဒီလိုမျိုးပြောင်းလဲသွားရတာလဲ?"

"ဘာကြောင့် ငါက မင်းကိုပြောပြဖို့လိုမှာလဲ?"ကျင်းရှင်က သူ့လက်မောင်းတွေကို တွန်းထုတ်ပြီး မေးလိုက်တယ်။

"သူတို့က တစ်ယောက်နဲ့တစ်ယောက် သိတာလား?"ဝူချွင်ချင်က ဝူရုန်ကို အသံနိမ့်ပြီးမေးလိုက်တယ်။

ဝူရုန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်"သူတို့သိတာ ဖြစ်နိုင်တယ်။အဖေ  အမေကိုခေါ်ပြီး အဖေတို့က အရင်ဆုံးပြန်နားလိုက်အုန်း။ကျွန်တော်နဲ့ ရွမ်ရီက ဒီမှာနေပြီး ဘာဆက်လုပ်ရမလဲ ကြည့်ရအုန်းမယ်"

ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်ပြီး ဂေါင်တုန်နှင့်ဝူရှိကိုခေါ်ပြီး သူတို့ခြံဝင်းကို ပြန်သွားလိုက်တယ်။

နူမူကလည်း နတ်ဆိုးတွေနှင့်ပတ်သက်ပြီး ပါဝင်ဖို့ စိတ်မဝင်စားဘူး။သူက သန်းဝေပြီး ပြောလိုက်တယ်"ငါ ငါ့ခြံဝင်းကို ပြန်ပြီး တစ်ရေးအိပ်လိုက်အုန်းမယ်"

"သုံး-ခုနှစ်ကျောက်တုံး ဘယ်မှာလဲ?"ရီကျဲကမေးလိုက်တယ်။

"ငါ အဲဒါကို တစ်နေရာမှာ ဝှက်ထားတယ်"ကျင်းရှင်က ယုံကြည်ချက်မရှိစွာ ပြောလိုက်တယ်။

"မင်းဝှက်ထားတာလား?"ရီကျဲက နှာခေါင်းရှုံ့လိုက်ပြီး"မင်း တစ်စုံတစ်ယောက်အတွက် အသုံးပြုလိုက်တာ မဟုတ်ဘူးလား?"

"မင်းဘာဆိုလိုချင်တာလဲ?"ကျင်းရှင်က စိတ်ရှုပ်စွာမေးလိုက်တယ်။

ဒါပေမဲ့ သူကမကြာခင်မှာတော့ တွေးရင်းတွေးရင်းနဲ့ စိုးရိမ်စွာပြောလိုက်တယ်"မင်းပြောတာက သုံး-ခုနှစ်ကျောက်တုံးကို တစ်စုံတစ်ယောက်က အသုံးပြုလို့ရတယ်လား?"

ရီကျဲက ကျင်းရှင်ရဲ့စကားကြောင့် ဒေါသထွက်လွန်းတာကြောင့် သူ့ရဲ့မျက်နှာက အေးစက်လာတယ်။

-----------------------------------------------------------------------

Chapter(249)
သုံး-ခုနှစ်ကျောက်တုံး(2)

"ဘာကြောင့် မင်းကစကားမပြောရတာလဲ?"ကျင်းရှင်က မျက်မှောင်ကြုတ်လိုက်တယ်။ရီကျဲကစကားတစ်လုံးတောင်မှမပြောပါဘူး။

ကျင်းရှင်က ကိစ္စတစ်ခုလုံးလုံးကို ဆက်ဆက်ပြီး ရှင်းပြလိုက်တယ်"မင်းပြောတာက ငါ ကျင်းရှင်က တစ်စုံတစ်ယောက် အတွက် သုံး-ခုနှစ်ကျောက်တုံးကို အသုံးပြုလိုက်တာလား?ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?အမှန်အတိုင်းပြောရရင် ငါက အဲဒါကိုပျောက်သွားခဲ့တာ။အသေးစိတ်ပြောရရင်တော့ ငါ့စီကနေ တစ်စုံတစ်ယောက်က ခိုးသွားခဲ့တာဘဲ"

တကယ်လို့ ဒီအမျိုးသားကသာ သူ့အပေါ်နားလည်မှုလွှဲတာကို မရပ်တန့်စေချင်ဘူးဆိုရင် သူကဒီလိုမျိုးရှက်စရာကောင်းတဲ့ သူထံကတစ်ယောက်ယောက်က ခိုးယူသွားခဲ့တာကို ပြောမှာ မဟုတ်ဘူး။ဘယါလိုလုပ်ပြီး သူက အခြားတစ်ယောက်က သူ့ထံက ခိုးယူဖို့ အခွင့်အရေးကို ပေးချင်မှာလဲ?

ရီကျဲက ကျင်းရှင်က သူ့ကိုမလိမ်ညာတော့တာကြောင့် မေးလိုက်တယ်"ကောင်းပြီ။မင်းပြောသလို တစ်စုံတစ်ယောက်က ခိုးသွားခဲ့တာဆိုရင် ဒီကလေးအကြောင်းကို ဘယ်လိုရှင်းပြမလဲ?"

ရီကျဲက ဟေးရွမ်ရီချီထားတဲ့ ဥကလေးကိုကြည့်ပြီးပြောလိုက်တယ်။

"ဥကလေးက ဘာဖြစ်လို့လဲ?"ကျင်းရှင်က ဥကလေးကို ကြည့်ပြီး စိတ်ရှုပ်စွာပြောလိုက်တယ်။

ကျင်းရှင်က မျက်တောင်ခတ်လိုက်ပြီး တွေးတောနေရင်းနောက်ဆုံးမှာတော့ သူက ရီကျဲဆိုလိုတာကို နားလည်သွားပြီး"မင်းပြောတာက....."

သူကထိန်လန့်သွားတယ်။

"သူကမဟုတ်ဘူး"ကျင်းရှင်က ချက်ချင်းဘဲ ငြင်းဆန်လိုက်တယ်။

ရီကျဲက ကလေးစီက အကြည့်လွှဲပြီး ကျင်းရှင်ကို ပြန်ကြည့်လိုက်တယ်။

ကျင်းရှင်က ရှင်းပြလိုက်တယ်"သုံး-ခုနှစ်ကျောက်တုံး မခိုးခံရခင် အချိန်ကတည်းက သူကတည်ရှိတယ်"

"မဖြစ်နိုင်ဘူး.,အနည်းဆုံးတော့.."ရီကျဲက ပြန်ငြင်းခုံလိုက်တယ်။

ရုတ်တရက် သူကတစ်စုံတစ်ခုကို တွေးမိသွားတယ်။သူကနှာခေါင်းရှုံ့လိုက်ပြီး ကျင်းရှင်ကို သူ့လက်မောင်းထဲမှာ ထားပြီး ခြံဝင်းတစ်ခုကို လျှောက်သွားလိုက်တယ်။

"ရွမ်ရီ ခင်ဗျားကရော သုံး-ခုနှစ်ကျောက်တုံး အကြောင်းကိုသိလား?"ဝူရုန်က ဟေးရွမ်ရီကို မေးလိုက်တယ်။

ဟေးရွမ်ရီက သူ့လက်ထဲကဥကလေးကို ဟေးရှင်းကိုပေးလိုက်ပြီး သူ့ခြံဝင်းကိုခေါ်သွားစေလိုက်ပြီးမှ ပြောလိုက်တယ်"အဲဒီကျောက်တုံးက ဝိညာဉ်သုံးခု အသိစိတ်ခုနှစ်ခုရှိတဲ့ ကျောက်တုံးဖြစ်ပြီး အဲဒါကို သုံး-ခုနှစ်ကျောက်တုံးလို့ အတိုကောက်ခေါ်တာဘဲ။အဲဒီသုံး-ခုနှစ်ကျောက်တုံးက ကလေးကမွေးဖို့ ကူညီပေးနိုင်တယ်။မင်းတို့က မင်းတို့ရဲ့အသွေးအသားနဲ့ သုံး-ခုနှစ်ကျောက်တုံးကို ပေါင်းစပ်ပြီး အချိန်အတိုင်းအတာတစ်ခုကြာအောင် စိတ်စွမ်းအင်သုံးပြီး ကောင်းကောင်းဂရုစိုက်ရမယ်။ဒီလိုဆိုရင် နောက်ဆုံးမှာ ကလေးအဖြစ်ဖွံ့ဖြိုးလာပြီး ပခေးက မင်းနဲသွေးသားချည်နှောင်ထားလိမ့်မယ်"

"သူက ဥကလေးကို ကြည့်ပြီး ပြောသွားတဲ့အတိုင်းဆိုရင် ဥကလေးက သုံး-ခုနှစ်ကျောက်တုံးက မွေးဖွားလာတာလား?"

ဟေးရွမ်ရီက သုံး-ခုနှစ်ကျောက်တုံးအကြောင်းကို ကောင်းကောင်းသိကတည်းက ဝူရုန်က အကြောင်းအရာတစ်ခုကိုတွေးမိလာတယ်။အရင်ဘဝတုန်းက ဟေးရွမ်ရီက သုံး-ခုနှစ်ကျောက်တုံးကို ခိုးယူပြီး သူ့အသွေးအသားကို သုံးပြီး ဥကလေးကိုဖန်တီးခဲ့တာဖြစ်နိုင်တယ်။ဒါလိုဆိုရင် ဥကလေးက ဟေးရွမ်ရီနှင့်အရမ်းတူနေတာကို ရှင်းလို့ရသွားပြီ။

ဒါပေမဲ့ ဥကလေးက ဘာကြောင့် သူနဲ့လည်း ဆက်နွယ်မှုရှိနေတာလဲ?

အရင်ဘဝတုန်းက သူသေဆုံးသွားပြီး သူ့ရဲခန္ဓာကိုယ်ကို ဟေးရွမ်ရီက သယါဆောင်လာကတည်းက သူရဲ့သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို မမြင်ခဲ့ရတာဖြစ်တယ်။သူထင်ခဲ့တာက ဟေးရွမ်ရီက သူက သူ့ရဲ့သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး ဒေါသထွက် ဝမ်းနည်းမှာ စိုးတာကြောင့် ဟေးရွမ်ရီက မီးရှို့လိုက်တာ မဟုတ်ရင် မြေမြှုပ်လိုက်တာလို့ဘဲ သူကယူဆခဲ့တာဖြစ်တယ်။ဒါကြောင့် သူက ဘယ်တော့မှ ဒီအကြောင်းကို မမေးခဲ့ဘူး။အခုပြန်တွေး ကြည့်မှ အရင်ဘဝတုန်းက ဟေးရွမ်ရီက သူ့ရဲ့အသွေးအသားကိုလည်း ဥကလေးပေါ်မှာ အသုံးပြုခဲ့တာဖြစ်မယ်။

"ဒါဖြစ်နိုင်တယ်"ဟေးရွမ်ရီကလည်း စိတ်ရှုပ်နေတယ်။သုံး-ခုနှစ်ကျောက်တုံးနှင့်ကလေးတစ်ယောက် ဖြစ်အောင်လုပ်ဖို့ဆိုရင် အသွေးအသားတွေ အများကြီးလိုအပ်တယ်။ဒါပေမဲ့ သူကဘယ်တော့ကမှ သူ့ရဲ့အသွေး အသားကို မသုံးခဲ့ဖူးဘူး။ပြီးတော့ ဘယ်သူက ဥကလေးကို ဝူရုန်ထံကို ပို့ပေးခဲ့တာလဲ?

"ရွမ်ရီ ခင်ဗျားက ဥကလေးနဲ့ဆက်နွယ်ချက်ရှိတယ်လို့ခံစားရလား? ကျွန်တော်ပြောချင်တာက ဥကလေးက ခင်ဗျးနဲ့အရမ်းတူတယ်လေ။ဒါကြောင့် ခင်ဗျားက ဥကလေးနဲ့ သွေးသားဆက်နွယ်မှုရှိတယ်လို့ခံစားရလား?"ဝူရုန်က မေးလိုက်တယ်။

"ကိုယ်ခံစားရတယ်"ဟေးရွမ်ရီက ခေါင်းငြိမ့်လိုက်တယ်။ဒါကဘဲ သူက အကြောင်းပြချက်မရှိဘဲ ဥကလေးကို သူ့နားမှာ နေခိုင်းခဲ့တာလဲဆိုဖြစ်တယ်။

ဝူရုန်က ဥကလေးက အရင်ဘဝတုန်းက ဟေးရွမ်ရီပို့လိုက်တဲ့ သူတို့ရဲ့ကလေးဆိုတာ လုံးဝသေချာတာကြောင့် ဟေးရွမ်ရီကိုဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ဥကလေးက ကျွန်တော်တို့သား တစ်ယောက်ကမှ သူ့ကိုနည်းနည်းလေးတောင် အန္တရာယ်မပေးရဘူး"

သူကရီကျဲက သုံး-ခုနှစ်ကျောက်တုံးကို ဘာကြောင့်ရှာနေလဲဆိုတာ သူမသိဘူး။ဒါပေမဲ့ ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် သူ့သားကို ရီကျဲကို မပေးနိုင်ဘူး။ဒါ့အပြင် ဥကလေးက အရင်ဘဝက ပို့လိုက်တာဘဲ။ရီကျဲ ရှာနေတာက ဒီဘဝက သုံး-ခုနှစ်ကျောက်တုံးဘဲ။

"အင်း"ဟေးရွမ်ရီက သူ့လက်မောင်းထဲကလူကို ပြန်ဖက်ထားလိုက်ပြီး မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်"ကိုယ်ကြားတာတော့ သုံး-ခုနှစ်ကျောက်တုံးက နတ်ဆိုးဧကရာဇ်ပိုင်ဆိုင်တဲ့ မြင့်မြတ်တဲ့ အိုင်တမ်တစ်ခုလို့ပြောတာဘဲ"

"ခင်ဗျားပြောချင်တာ အဲဒီလူက နတ်ဆိုးဧကရာဇ်လို့ဆိုလိုချင်တာလား?"ဝူရုန်က အံ့အားသင့်စွာမေးလိုက်တယ်။

ဟေးရွမ်ရီက ခေါင်းခါလိုက်ပြီး"ကိုယ်မသိဘူး။ကိုယ်အရင်က နတ်ဆိုးဧကရာဇ်ကို မမြင်ဖူးဘူး။ဒါပေမဲ့ မစိုးရိမ်နဲ့။သူက သုံး-ခုနှစ်ကျောက်တုံးကို ယူဖို့ဒီနေရာကို လာတာဆိုရင် သူကမြန်မြန်ကြီး ထွက်သွားမှာ မဟုတ်ဘူး"

အဲဒီညမှာတော့ ရီကျဲက ဟေးအိမ်တော်မှာဘဲ ညစာစားပြီး သူကဒီမှာ အချိန်အတော်ကြာနေဖို့ ဆုံးဖြတ်လိုက်တယ်။

------------------------------

Chapter(250)A
သုံး-ခုနှစ်ကျေက်တုံး(3)

ဝူရှိက စားစရာတွေကို ပါးစပ်အပြည့်မျိုချရင်း ပြောလိုက်တယ်"ကလန်လေးခုပွဲတော်ပြီးကတည်းက ငါတို့ကဘာကြောင့် အိမ်တော်ထဲမှာဘဲ နေလဲဆိုတာ နားလည်သွားပြီ"

ဒီအိမ်တော်ထဲမှာ လူပေါင်းရာချီရှတယ်။ဒါပေမဲ့ လူသားတွေနှင့် မကောင်းဆိုးဝါးတွေ နတ်ဆိုးတွေနှင့်မွန်းစတားတွေက အိမ်တော်တစ်ခုထဲမှာရှိနေတယ်။ဘယ်သူကမှ အိမ်တော်တစ်ခုထဲမှာ ဒီလိုမျိုးစုနေလိမ့်မယ်လို့ ထင်မှာမဟုတ်ဘူး။

"......."လူတိုင်း

"မင်းပြောတာမှန်တယ်"နူမူက ရယ်လိုက်တယ်။

ညစာစားပြီး လူတိုင်းက ထွက်သွားတဲ့အချိန်မှ ဝူရုန်က ရီကျဲကို ပြောလိုက်တယ်"မင်းက ဒီမှာနေနိုင်တယ်။ဒါပေမဲ့ ကျွန်တော့်ရဲသားကို အန္တရာယ်မပေးရဘူး"

"ကျုပ်က သုံး-ခုနှစ်ကျောက်တုံးကိုဘဲ စိတ်ဝင်စားတယ်။ကျုပ်က ကလေးတွေကို စိတ်မဝင်စားဘူး"ရီကျဲကပြောလိုက်တယ်။

ကျင်းရှင်က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမပြောပါဘူး။ဒါပေမဲ့ သူက နောက်ဆုံးမှာတော့ ဥကလေးက နတ်ဆိုးတွေရဲ့ပညာရပ်ကို သင်ကြားရာမှာ ဘာပြသနာမှမရှိဘဲ အခြားသောနတ်ဆိုးကလေးတွေလို ပြသနာရှာတတ်တာကို နားလည်သွားတယ်။ဒါတွေအားလုံးက ဥကလေးက သုံး-ခုနှစ်ကျောက်တုံးက မွေးဖွားလာတာကြောင့်ဖြစ်တယ်။

"မင်းက ဘယ်လိုလုပ်ပြီး သုံး-ခုနှစ်ကျောက်တုံးကို ခိုးခံရတာလဲ?"ဝူရုန်က ကျင်းရှင်ကို မေးလိုက်တယ်။

"ငါဒဏ်ရာရနေတုန်းက လူတစ်ချို့ကခိုးသွားတာ။အခုငါက အဲဒါကို မရှာနိုင်တော့ဘူး"

ဝူရုန်က သူ့ကိုမျက်လုံးလန်ကြည့်လိုက်ပြီး"မင်းကအိမ်မှာဘဲ နေ့တိုင်းနေနေပြီး ဘယ်လိုလုပ်ရှာတွေ့မှာလဲ?"

"......."ကျင်းရှင်

သူက ရီကျဲကိုတွေ့ရမှာ အရှက်ရတဲ့အတွက် အိမ်ထဲမှာဘဲ နေ့တိုင်းနေခဲ့တာဖြစ်တယ်။

"သုံး-ခုနှစ်ကျောက်တုံးကို ဘယ်သူခိုးသွားသလဲဆိုတာ မင်းသိသလား?"ဟေးရွမ်ရီက တည်ငြိမ်စွာမေးလိုက်တယ်။

"သုံး-ခုနှစ်ကျောက်တုံးကို ခိုးခံရတဲ့အချိန်တုန်းက ငါကဒဏ်ရာရနေခဲ့တာ။ဒါပေမဲ့ ငါက အဲဒီလူရဲ့ငယ်ရွယ်တဲ့မျက်နှာကိုတော့ မြင်လိုက်တယ်။အဲဒီလူက အဖြူရောင်ဝတ်စုံဝတ်ထားပြီး ရှည်လျားတဲ့ဆံပင်တွေရှိပြီး လူကြီးလူကောင်းတစ်ယောက်နဲ့တူတယ်။တကယ်လို့ ငါသာသူ့ကို ထပ်တွေ့ရင် ငါသူ့ကိုမှတ်မိတယ်"ကျင်းရှင်က ပြောနေရင်းနဲ့ ဒေါသထွက်လာပြီး"အဲဒီခွေးမသားတွေ..သူတို့ကငါ့စီကပစ္စည်းခိုးပြီး ငါ့ကိုတောင် သတ်ဖို့တောင် လုပ်သေးတယ်။တကယ်လို့ တစ်စုံတစ်ယောက်သာ ငါ့အသက်ကို မကယ်ခဲ့ရင် ငါကသေသွားလောက်ပြီ"

"မင်းကို ကယ်ခဲ့တဲ့သူကဘယ်သူလဲ?"ရီကျဲကမေးလိုက်တယ်။

"လူသားတစ်ယောက်ဘဲ"ကျင်းရှင်က အဲဒီလူအကြောင်းပြောတော့ စိတ်လျော့သွားပြီး"အဲဒီလူရောက်လာတဲ့အချိန်မှာ အဲဒီလူတွေကို  အပြစ်ရှိတဲ့ စိတ်ကြောင့် ထွက်ပြေးသွားခဲ့တယ်။အဲဒီနောက်မှာတော့ အဲဒီလူက ငါ့ကိုသယ်ပြီး ထွက်ပြေးခဲ့တယ်။အဲဒီနောက်မှာ နတ်ဆိုးတွေကြောင့် ငါတို့ကပြေးနေရင်းနဲ့ ငါကဒဏ်ရာရသွားတယ်။နောက်တော့ ငါ့နောက်ကိုလိုက်နေတဲ့ နတ်ဆိုးတွေကို မျက်ခြေဖျက်ဖို့ သူက မှော်လက်နက်တစ်ခုကို သုံးပြီး ငါ့ရဲအော်ရာကို ဖုန်းကွယ်ပေးပြီး ငါ့ကို အပင်ပုတွေကြားမှာ ဝှက်ထားပေးခဲ့တယ်။အဲဒီနောက်မှာ သူကနတ်ဆိုးတွေကို မျှားခေါ်ပြီး တစ်ခြားဘက်ကို ပြေးသွားခဲ့တယ်"

အဲဒီနောက်မှာတော့ သူက သူ့ရဲ့အင်္ကျီလက်ထဲက သေးငယ်တဲ့ မီးပုံးသဏ္ဍာန် မှော်လက်နက်ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်ကို တင်လိုက်ပြီး"သူ သုံးခဲ့တဲ့ ငါ့ရဲအော်ရာကို ဖုန်းကွယ်ပေးခဲ့တဲ့ မှော်လက်နက်က ဒီဟာဘဲ"

ဟေးရွမ်ရီရဲ့မျက်လုံးတွေက လှုပ်ရှားသွားတယ်။

ဝူရုန်က မှော်လက်နက်ကို ကောက်ယူပြီး အနီးကပ်ကြည့်လိုက်ပြီး"ဒါကို ကြည့်ရတာ အရမ်းကို ရင်းနှီးနေတယ်"

အဲဒီနောက်မှာတော့ သူကမှော်လက်နက်ရဲ့အောက်ချေမှာ ဟေးရွမ်ရီရဲ့အမည်ကို တွေ့လိုက်ရတယ်။ဒီစကားလုံးတွေက သေချာအာရုံမစိုက်ကြည့်ရင် မမြင်နိုင်ဘူး။

သူက အဲဒါကို ကြည့်ပြီး ရုတ်တရက် ဟေးရွမ်ရီကို ကြည့်လိုက်ပြီး ထိတ်လန့်စွာနဲ့"ဒါပေမဲ့...ရွမ်ရီ ဒါက ခင်ဗျားလုပ်ထားတဲ့ မှော်လက်နက် မဟုတ်လား?ဒါဆို ကျင်းရှင်ကို ကယ်လိုက်တဲ့သူက ကျွန်တော့်ရဲ့အကိုကြီးလို့ဆိုလိုတာလား?"

ဟေးရွမ်ရီက မှော်လက်နက်ကို ယူကြည့်လိုက်ပြီး ခိုင်မာစွာပြောလိုကါတယ်"ဟုတ်တယ်။ဒါက ကိုယ်လုပ်ထားတဲ့ မှော်လက်နက်ဘဲ"

ဝူရုန်က မေးလိုက်တယ်"ကျင်းရှင် မင်းကို ကယ်ခဲ့တဲ့လူက ကြည့်ကောင်းတယ်မဟုတ်လား?သူ့ကို ကြည့်...ကြည့်ရတာ ငါ့အဖေနဲ့တူတယ်မလား?"

ကျင်းရှင်က သူ့ရဲ့မှတ်ဥာဏ်ထဲမှ အဲဒီလူကို ပြန်စဉ်းစားလိုက်ပြီး"မင်းအဲလိုပြောမှဘဲ သူက မင်းအဖေနဲ့အရမ်းတူတယ်"

"ဒါဆို အကိုကြီးဆိုတာ သေချာသွားပြီ။သူ့ကို နတ်ဆိုးတွေက ဖမ်းသွားတာလား?"ဝူရုန်က ပြောရင်းနဲ့ဒေါသထွက်လာပြီး"သူ့ကို နတ်ဆိုးတွေက သတ်လိုက်တာလား?"

"သူက အသက်ရှင်သေးတယ်"ကျင်းရှင်က ပြောလိုက်တယ်"ဘာကြောင့်လဲဆိုတော့ သူက အသုံးဝင်နေသေးလို့ဘဲ။နတ်ဆိုးတွေက သူ့ကို ငါ့ကိုထွက်ပေါ်လာဖို့ အသုံးချလိမ့်မယ်"

"ဘာကြောင့် သူတို့က မင်းကို သတ်ချင်နေတာလဲ?"ဝူရုန်က ကျင်းရှင်ကို မေးလိုက်တယ်။

------------------------

Chapter(250)B
သုံး-ခုနှစ်ကျောက်တုံး(3)

"မင်းသူ့ကိုမေးကြည့်လိုက်"ကျင်းရှင်က ရီကျဲကို ခက်ထန်စွာစိုက်ကြည့်ပြီး ပြောလိုက်တယ်။

ရီကျဲက ဘာကြောင့်လဲဆိုတာ မပြောဘဲ သူကပြောလိုက်တယ်"ငါ မင်ူအကိုကို ကယ်ပေးမယ်"

"သူတို့က ငါ့အကိုကြီးကို ဘယ်ခေါ်သွားတာလဲ?နတ်ဆိုးကလန်လား?"ဝူရုန်က မေးလိုက်တယ်။

ကျင်းရှင်က ခေါင်းခါလိုက်ပြီး"ငါက ငါ့နောက်လိုက်တွေကို သူ့ကိုရှာဖို့လွတ်သေးတယ်။မင်းအကိုက နတ်ဆိုးကလန်မှ မရှိဘူး။တကယ်လို့နတ်ဆိုးကလန်မှာ မဟုတ်ရင် ကိစ္စတွေက အရမ်းလွယ်သွားပြီ"

ဟေးရွမ်ရီက ကျင်းရှင်က နတ်ဆိုးကလန်မှာမဟုတ်ရင်လွယ်တယ်လို့ ပြောလိုက်တာကြောင့် သူက သတိဝင်လိုက်ပြီး သူ့လက်ထဲက မှော်လက်နက်ကို ချထားလိုက်ပြီး မေးလိုက်တယ်"မင်းကို သတ်ချင်တဲ့သူက နတ်ဆိုးကလန်မှာ အဆင့်အတန်းမြင့်မားတဲ့ သူလား?"

"ဟုတ်တယ်။နတ်ဆိုးကလန်က မင်းသမီးဘဲ"

ဝူရုန်က ကျင်းရှင်ကို လည်ပင်းညစ်ချင်စိတ်ပေါက်လာပြီး"မင်းက သူမကိုဘယ်လိုရန်စခဲ့တာလဲ?"

နတ်ဆိုးမင်းသမီနဲ့ ပြသနာဖြစ်တာက နတ်ဆိုးကလန်တစ်ခုလုံးနဲ့ ပြသနာဖြစ်တာနဲ့တူနေတယ်။သူတို့က နတ်ဆိုးကလန်မှာ သူ့အကိုကို သွားကယ်ရမယ်ဆိုရင် အလွန်အလွန်ကို ခက်ခဲနိုင်တယ်။

ကျင်းရှင်က ရီကျဲကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြီး"မင်း သူ့ကိုမေးနိုင်တယ်"

ဝူရုန်က ရီကျဲက အလွန်ရုပ်ချောနေကတည်းက ဘာကြောင့်လဲဆိုတာ ခန့်မှန်းနိုင်တယ်။

"ကိုယ်တို့က မင်းအကိုဘယ်မှာလဲဆိုတာ သိဖို့နီးလာပြီ။အခုဆိုရင် ကိစ္စတွေက ပိုလွယ်လာပါပြီ"ဟေးရွမ်ရီက ဝူရုန်ရဲ့လက်ကိုကိုင်ပြီး ပြောလိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကို ပြန်ဆုတ်ကိုင်လိုက်ပြီး စိတ်သက်သာမှုအများကြီးရလာတယ်။အံ့သြစရာကောင်းစွာဘဲ ကျင်းရှင်က ဝူဇူရဲ့ပျောက်ဆုံးမှုနဲ့ဆက်နွယ်နေတယ်။ရုတ်တရက် သူက လူတစ်ယောက်ကို တွေးမိသွားပြီး"သုံး-ခုနှစ်ကျောက်တုံးကို ဘယ်သူခိုးသွားလဲဆိုတာ ငါသိပြီလို့ထင်တယ်"

"အဲဒါ ဘယ်သူလဲ?"ရီကျဲရဲ့မျက်လုံးတွေက ခက်ထန်လာပြီး မေးလိုက်တယ်။

"ဝူယုဘဲ"သူက အင်ပါယာမြို့တော်ကို ရောက်ကတည်းက သူ့အကိုရဲ့ပျောက်ဆုံးမှုက ဝူယုနဲ့တစ်စုံတစ်ရာ ဆက်နွယ်မှုရှိမှန်း သံသယဝင်နေတာဖြစ်တယ်။အခု ကျင်းရှင်ပြောတာကို နားထောင်ပြီးတော့ ဝူယုက ကျင်းရှင်ထံက သုံး-ခုနှစ်ကျောက်တုံး ခိုးတဲ့ သူမှန်း လုံးဝသေချာသွားတယ်။

"သူက ဘယ်သူလဲ?"

"ဝူမိသာစုဝင်တစ်ယောက်ဘဲ ငါ့ရဲငါးယောက်မြှောက်ဝမ်းကွဲလည်း ဟုတ်တယ်"

"မင်းရဲ့ငါးယောက်မြှောက်ဝမ်းကွဲက ငါ့ကိုသတ်ချင်တဲ့သူဖြစ်ပြီး မင်းအကိုကြီးကတော့ ငါ့ကိုကယ်ခဲ့တဲ့သူပေါ့"ကျင်းရှင်က ပြောစရာ စကားတောင်မရှိတော့ဘူး။

ဝူရုန်က တည်ငြိမ်စွာပြောလိုက်တယ်"ဝူယုက ငါတို့ဘက်ကမဟုတ်ဘူး။ပိုပြီးအသေးစိတ်ပြောရရင် ဝူမိသားစုတစ်ခုလုံးက ငါ့တို့ဘက်ကမဟုတ်ဘူး"

ကျင်းရှင်က သူတို့နှင့်အတူအချိန်အတော်ကြာ ရှိေိကတည်းက သူကလည်း သူတို့နှင့် ဝူမိသားစုရဲ့ဆက်နွယ်မှုကို သိနေပြီဖြစ်တယ်။

"ဝူယုက အခုဘယ်မှာလဲ?"ရီကျဲကမေးလိုက်တယ်။

"ကလန်လေးခုပွဲတော်တုန်းက သူကမွန်းစတားကလန်ကို သွားနေရာကနေပြန်မလာသေးဘူး။သူ့ရဲ့အကူအညီတွေကြောင့် ကျုပ်ရဲ့နောက်လိုက်တွေကဘသူ့ကိုမျက်ခြေပြတ်သွားတယ်။အခုသူဘယ်မှာလဲဆိုတာ ကျုပ်တို့လည်း မသိဘူး"ဟေးရွမ်ရီက ပြောလိုက်တယ်။

ကျင်းရှင်က လေးလံစွာပြောလိုက်တယ်"ဒါဆို ငါတို့က သူပြန်လာတဲ့ အချိန်အထိစောင့်နေသင့်လား?"

ဝူရုန်က"အခုတော့ ဒီလိုဘဲ လုပ်စရာရှိတယ်။ဝူယုက သူ့သူငယ်ချင်းတွေနဲ့သွားတာ။ငါခန့်မှန်းတဲ့အတိုင်းဆိုရင် သူနဲ့သူ့သူငယ်ချင်းတွေက မင်းရဲ့သုံး-ခုနှစ်ကျောက်တုံးတွေကို ခိုးတဲ့အဖွဲ့ဖြစ်လိမ့်မယ်"

"ဒါပေမဲ့ စောင့်နေတာက ကောင်းတဲ့ စိတ်ကူးတော့ မဟုတ်ဘူး။ငါတို့က သူဘယ်အချိန်ပြန်လာမလဲဆိုတာ မသိဘူးလေ"

"သူတို့က မွန်းစတားတွေမဟုတ်ဘူး။သူတို့က နောက်ကျတာနဲ့စောတာဘဲရှိတာ သူတို့က ပြန်လာလိမ့်မယ်။ဖြစ်နိုင်တာတော့ နောက်တစ်ကြိမ် ကလန်လေးခုပွဲတော်မှာ ပြန်လာလိမ့်မယ်။အခုဦးစားပေးအစီအစဉ်က ငါ့အကိုကြီးကို ရှာတွေ့ဖို့ဘဲ"

ရီကျဲက ဝူရုန်ကို ကတိပေးလိုက်တယ်"ကျုပ်မင်းရဲ့အကိုကြီးကို ရှာပေးမယ်လို့ကတိပေးတယ်"

"ခင်ဗျားက ကျွန်တော့အကိုကြီးကို ဘယ်မှာရှိလဲသိပြီဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသိပေးပါ"

"ကောင်းပြီ"ရီကျဲက ခဏလောက်တွေးပြီးမှ ဆက်ပြောလိုက်တယ်"မင်းရဲ့သားကို ကာကွယ်ထား။နတ်ဆိုးမင်းသမီးက မင်းရဲ့သားကို တိုက်ခိုက်လာလိမ့်မယ်"

ဝူရုန်ရဲ့နှလံသားက စိုးရိမ်သွားပြီး"သုံး-ခုနှစ်ကျောက်တုံးကြောင့်လား?"

ရီကျဲက ခေါင်းငြိမ့်လိုက်တယ်။

"ဒါဆို ခင်ဗျားက သုံး-ခုနှစ်ကျောက်တုံးကို နတ်ဆိုးမင်းသမီးစီက ခိုးခဲ့တာလား?"

"........"ရီကျဲ

"သူက သူမကို လက်ထပ်မယ်ဆိုပြီး လှည့်စားပြီး လိမ်ယူခဲ့တာလေ"ကျင်းရှင်က လှောင်လိုက်တယ်။

"........"ရီကျဲ

"........"ဝူရုန်

"........"ဟေးရွမ်ရီ

------------------------------------------
------------------------------------------
paid gpဝင်လို့ရပြီနော်။

Continue Reading

You'll Also Like

229K 8.5K 38
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
142K 20.8K 113
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
104K 16.5K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
843K 115K 66
(Zawgyi versionလည်း ရှိပါတယ်၊ Profile မှာ ၀င်ရှာကြည့်ပါ) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်...