Unicode
တကယ်လို့ကိုယ့်ကလေးကမသေဘူးဆိုရင်ရော
_________________________________________
တခြားအသင်းသားတွေ သက်ပြင်းချနေကြတဲ့အချိန်မှာ ဝန်ထမ်းတစ်ယောက်ရောက်လာပြီး "အားလုံး အဝတ်စမ်းဝတ်ကြည့်ပြီးသွားရင် ချွတ်လိုက်လို့ရပါပြီ ပြီးသွားရင်လေ့ကျင့်တဲ့အခန်းထဲမှာ အကလေ့ကျင့်ရတော့မှာပါ"
အားလုံးကလိုက်နာကြတယ်။
ဒီတစ်ခေါက်ကဖျော်ဖြေမှုက လာကြည့်ကြတဲ့ပရိသတ်တွေပါရှိမှာဖြစ်တယ်။ ပြီးတော့ သင်တန်းသားတော်တော်များများရဲ့ မိသားစုတွေကလည်း ချမ်းသာတဲ့အထဲပါကြတယ်။ အဲ့တာကြောင့်လာကြည့်တဲ့ပရိသတ်တွေ နည်းမှာမဟုတ်ဘူး။ တကယ်တော့ သင်တန်းသားတော်တော်များများရဲ့ မိသားစုဝင်တွေကလည်း လာကြမှာဖြစ်တယ်။ တကယ့်ဖျော်ဖြေပွဲမစခင်ကတည်းက ဒီတစ်ခေါက်တော့အိမ်ကဘယ်သူလာမှာဆိုပြီး တိုင်ပင်နေကြတဲ့သူတွေရှိနေကြပြီ။
ဂျန်ရှင်းဆွေ့ လေ့ကျင့်တဲ့အခန်းမှာ အကလေ့ကျင့်နေတယ်။ သူ့ရဲ့အကအခြေခံအဆိုးဝါးဆုံးပဲ။ အကဆရာဂရုအစိုက်ဆုံးကျောင်းသားလည်းဖြစ်တယ်။
"ဂျန်ရှင်းဆွေ့ မှားနေပြီနော်"
"ဖြေးဖြေး ဖြေးဖြေး"
"ဂျန်ရှင်းဆွေ့ ဒီဘက်"
တခြားအသင်းသားတွေပြီးသွားတဲ့နောက် ဂျန်ရှင်းဆွေ့ကသူ့ဘာသူဆက်လေ့ကျင့်ဖို့ နေခဲ့လေ့ရှိတယ်။
တခြားအသင်းသားတွေကို ဆွဲချသလိုဖြစ်နေတာကြောင့် သူလည်းအပြစ်ရှိသလိုခံစားနေရတယ်။ အဲ့တာကြောင့်သူညတိုင်း ညနက်တဲ့အထိ လေ့ကျင့်နေတတ်တယ်။ ဒီလိုဆိုပေမဲ့ သူကအသင်းသားတွေကိုဆွဲချသလိုဖြစ်နေတုန်းပဲ။ ဒါပေမဲ့ သူ့အသင်းသားတွေက ကောင်းသေးတယ်လို့ပြောရမယ်။ ပြီးတော့သူ့ကိုလည်းအပြစ်မတင်ကြဘူး။
အစမ်းလေ့ကျင့်တာ၃ရက်မြောက်နေ့ကိုရောက်တော့ ခေါင်းဆောင်ကအစည်းအဝေးအသေးစားသေး ခေါ်လိုက်တယ်။
ရှန်ရှင်းချန်ကအလယ်မှာ ခြေချိတ်ပြီးထိုင်နေလေတယ်။ ပြီးတော့သူက "ငါတို့ရွေးထားတဲ့သီချင်းစာသားကမဆိုးဘူး ဒါပေမဲ့ငါတို့ကကွက်တွေကို ထိန်းချုပ်ထားတဲ့သံစဉ်က နည်းနည်းနှေးနေတယ် မင်းတို့လည်းသိပါတယ် ကကွက်တွေကအရမ်းရိုးရှင်းတယ်ဆိုတာ ပြီးတော့ တခြားအဖွဲ့ကသီချင်းတွေနဲ့ယှဥ်ရင် ငါတို့သီချင်းကတက်ကြွမှုသိပ်မရှိသလိုဖြစ်နေတယ်"
တခြားအသင်းသားတွေကလည်းသဘောတူကြတယ်။
အန်းရန်ကရိုးရာအကတွေကတဲ့နေရာမှာတော်တယ်။ သူ့ပါသူကတော့သေချာပေါက် ချိန်ညှိပြီးကတတ်တာပေါ့။ အဲ့တာကြောင့်သူက မဝံ့မရဲနဲ့ပြောလာတယ် "ငါတို့ပိုကြိုးစားပြီး ဖျော်ဖြေတာပိုကောင်းအောင်လုပ်နိုင်ရင် တခြားအဖွဲ့တွေကိုလည်းပြိုင်နိုင်မှာပါ"
ရှန်ရှင်းချန်ကဒေါသကြီးတဲ့သူဖြစ်လေတယ်။ သူအတော်ဆုံးက တုံးအတဲ့သူတွေကို ပြန်ပက်ရတာပဲ "ဘယ်အဖွဲ့ကစင်ပေါ်မှာကောင်းကောင်းမဖျော်ဖြေမှာမလို့လဲ? အခုတကယ့်ပြဿနာက အဲ့ဟာမှမဟုတ်တာ"
အန်းရန်ကရှက်ရွံ့စွာနဲ့ခေါင်းငုံ့လိုက်တယ်။ ပြီးတော့ သနားဖွယ်ကြည့်ကာ "ငါကအားလုံးကို အရမ်းကြီးအဆိုးမြင်မနေစေချင်လို့ပါ"
ရှန်ရှင်းချန်မှာသူ့ကိုဂရုစိုက်နေဖို့အချိန်မရှိဘူး "အခုကအဆိုးမြင်နေရမဲ့အချိန်မဟုတ်ဘူး ငါတို့လုပ်တာဘယ်လောက်ကောင်းကောင်း တခြားအဖွဲ့တွေရဲ့ပိုမြူးတဲ့သီချင်းတွေနဲ့ ယှဥ်လို့ရမှာမဟုတ်ဘူး တကယ်တော့ ငါ့မှာအတွေးတစ်ခုရှိတယ် ဆွေ့ဆွေ့ မင်းပထမပွဲတုန်းက ကျိုးရွှင်ရဲ့rapကို အချစ်သီချင်းအဖြစ်ပြောင်းလိုက်နိုင်တယ်မလား မင်းအဲ့တာဆိုဒီသီချင်းကိုရော နည်းနည်းပြောင်းပေးလို့ရလောက်လား?"
ရှန်ရှင်းချန်ကဒီလောက်ကြီးတဲ့တာဝန်ကို သူ့ကိုပေးလိမ့်မယ်လို့ ဂျန်ရှင်းဆွေ့ မထင်ထားမိဘူး။
တခြားအသင်းသားတွေကတဖြည်းဖြည်း တုံ့ပြန်လာကြတယ် :
"ဟုတ်သားပဲ!"
"ရှင်းဆွေ့ မင်းပြောင်းထားတဲ့သီချင်းကို အခုထိတောင်ငါမှတ်မိသေးတယ်!"
"မင်းကတကယ့်နတ်ဘုရားပဲ!"
"မင်းငါတို့ကို ကူပြီးပြင်ပေးလို့ရမလား?"
ဂျန်ရှင်းဆွေ့ကြောင်သွားတော့တယ်။ အားလုံးကသူ့ကိုယုံကြည်ပေးကြလိမ့်မယ်လို့ မထင်ထားဘူး။ အရင်တုန်းက သူကအသင်းသားတွေကို ဆွဲချနေတဲ့သူတစ်ယောက်သာသာပဲ။ အခုတော့အသင်းကို အကျိုးပြုပေးနိုင်တော့မယ်။
အန်းရန်က ဂျန်ရှင်းဆွေ့ကြောင်နေတာမြင်တော့ အပြုံးလေးနဲ့ပြောလာလေတယ် "ထားလိုက်တော့ ထားလိုက်တော့ ဆွေ့ဆွေ့ကနေ့တိုင်း အကလေ့ကျင့်နေရတာနဲ့တင် ပင်ပန်းလှပြီ အားလုံးသူ့ကိုခက်ခဲအောင်လုပ်မနေနဲ့တော့"
ရှန်ရှင်းချန်က ဂျန်ရှင်းဆွေ့ကို တိုက်ရိုက်ပဲမေးလိုက်တယ် "မင်းအဆင်ပြေလား?"
တကယ်လို့အကလေ့ကျင့်ရတာအပြင် သီချင်းစာသားတွေပါပြင်ရအုန်းမယ်ဆိုရင် ဒါကတကယ်မလွယ်တော့ဘူး။ သူငြင်းလိုက်တယ်ဆိုရင်တောင် တခြားသူတွေကလည်းသူ့ကို အပြစ်ပြောကြမှာ မဟုတ်ဘူး။
ဂျန်ရှင်းဆွေ့က တစ်ခဏလောက်တိတ်ဆိတ်သွားပြီးတော့မှ "အဆင်ပြေတယ်"
တခြားသူတွေအကုန်ပြုံးကုန်ကြတယ်။ အန်းရန်တစ်ယောက်ပဲ အပြုံးကဖျော့တော့နေတာဖြစ်တယ်။ သူက "ရှင်းဆွေ့ မင်းအဲ့တာဆိုလေ့ကျင့်ဖို့မှီပါ့မလား? မင်းကိုနှောင့်နှေးစေမိအုန်းမယ်"
သူကဂျန်ရှင်းဆွေ့ရဲ့ စာသားပြောင်းနိုင်စွမ်းကို သေချာသိတာပေါ့။
တကယ်လို့သူ့ကို ကျော်ကြားစေမိသွားရင် သူတောက်ပဖို့နေရာရှိပါအုန်းမလား?
ဂျန်ရှင်းဆွေ့က ညှင်သာစွာနဲ့ "ငါ့ရဲ့အကကအခြေခံမရှိဘူး ထပ်ပြီးလေ့ကျင့်ရင်တောင် မင်းတို့ကိုဆွဲချမိမှာပဲ တကယ်လို့စာသားပြောင်းပေးတာက အသင်းသားတွေကိုကူညီရာရောက်တယ်ဆိုရင် ငါလုပ်ပေးချင်တယ်"
အဲ့တာကိုပြောလိုက်တော့ အသင်းသားတွေကသူ့ကိုရိုက်ချင်နေကြတယ်လို့ ဂျန်ရှင်းဆွေ့ ခံစားလိုက်ရတယ်။
ရှန်ရှင်းချန်ကအနားရောက်လာကာ ဂျန်ရှင်းဆွေ့ရဲ့လည်ပင်းနားမှာ လက်တင်လိုက်တယ်။ ပြီးတော့ "ဘာတွေလျှောက်ပြောနေတာလဲ? ဒီသခင်ကြီးရဲ့အသင်းထဲမှာ အရှုံးဆိုတဲ့စာလုံးမရှိဘူး စာသားကိုမြန်မြန်ပြောင်းလိုက် ငါ မင်းရဲ့ ကကွက်တွေကို၃ရက်၃ညကူပြီးလေ့ကျင့်ပေးမယ်"
တခြားအသင်းသားတွေကလည်း ဒီစကားကြားတော့မှ စိတ်သက်သာရာရသွားတော့တယ် :
"ငါတို့လည်းကူပြီးလေ့ကျင့်ပေးမယ်"
"မကတတ်ရုံပဲမလား ငါတတ်တယ်လေ"
"ဆွေ့ဆွေ့တူတူလေ့ကျင့်တာပေါ့"
အားလုံးကဝိုင်းအုံလာကြတယ်။ အန်းရန်တစ်ယောက်ပဲမူလနေရာမှာရပ်နေခဲ့တာဖြစ်တယ်။
အရင်ရက်တွေတုန်းက အန်းရန်ရဲ့ရိုးရာအကစွမ်းရည်ကြောင့် အားလုံးကသူ့နားကပ်ပြီး ချီးမွမ်းကြတယ်။ အခုကျတော့သူကိုလူပိုတစ်ယောက်လိုသဘောထားလိုက်ကြတယ်။ အားလုံးကဂျန်ရှင်းဆွေ့နားပဲဝိုင်းနေကြတယ်။
ဒီလူအုပ်စုမမြင်နိုင်တဲ့နေရာမှာ အန်းရန်ရဲ့နွေးထွေးတဲ့မျက်နှာလေးက အေးစက်သွားတော့တယ်။ မျက်လုံးထဲမှာလည်းစူးရှတဲ့အကြည့်တွေတွေ့ရတယ်။
..........
ရက်အနည်းငယ်ကြာပြီးနောက်မှာ ဖျော်ဖြေပွဲနေ့ရောက်လို့လာတော့တယ်။
စင်နောက်က ရိုက်ကူးရေးအဖွဲ့က အသက်ဝင်လှနေတယ်။ ပြိုင်ပွဲဝင်တွေကလည်း အားလုံးကစင်နောက်မှာ အဆင်သင့်ဖြစ်နေကြပြီ။ သူတို့ကစိတ်လှုပ်ရှားနေကြတဲ့အတွက် သူ့တို့ပါသာပဲစကားစမြည်ပြောနေကြတယ်။
အားလပ်ချိန်မှာ ဝမ်းရှန်းကောက အနားလာပြီးတော့ "ဆွေ့ဆွေ့ မင်းသိလား ငါပြောသံကြားတာလေ အွန်လိုင်းပေါ်ကvoteပေးတဲ့စာရင်းကထွက်လာပြီတဲ့ ဒီတစ်ခေါက်က ပွဲဦးထွက်နေရာက အရမ်းနည်းတယ်လို့ပြောတယ် အားလုံးပေါင်းမှ၆နေရာပဲရှိတာတဲ့ မင်းထိပ်ဆုံး၆ယောက်ကဘယ်သူလဲသိလား?"
ဂျန်ရှင်းဆွေ့ကရိုးသားစွာပဲ ပြန်ဖြေလိုက်တယ် "မသိဘူး"
"ငါကြားထားတာရှိတယ်" ဝမ်းရှန်းကောကအနားကပ်လာကာ အသံတိုးတိုးနဲ့ "ပထမနေရာကချန်ကော ဒုတိယနေရာကအန်းရန်"
ဂျန်ရှင်းဆွေ့ဘာမှထူးဆန်းတယ်လို့မထင်မိဘူး။
ဝမ်းရှန်းကောက သူဒီလောက်တိတ်ဆိတ်နေလိမ့်မယ်လို့ မထင်ထားဘူး "မင်းဘာမှမအံ့သြဘူးလား?"
ဂျန်ရှင်းဆွေ့သေချာပေါက်မအံ့သြပါဘူး။ ဇာတ်လိုက်shouရဲ့ ချောမွေ့လှတဲ့လမ်းက ဒီမှာတင်ရပ်မှာမဟုတ်မှန်းသူသိတာပေါ့။ သူကCenterအနေနဲ့ပွဲဦးထွက်လိမ့်မယ်။ ပြီးရင်သူကျော်ကြားလာမဲ့ ရသစုံရှိုးတစ်ခုမှာလည်းပါဝင်လိမ့်မယ်။ အဲ့တာပြီးရင်တော့ သူ့ဘဝရဲ့အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်။
"ငါကဒါကိုထူးဆန်းတယ်လို့ ထင်နေတာနဲ့ သွားစုံစမ်းကြည့်တာ အံ့သြစရာကောင်းတဲ့သတင်းတစ်ခုရလာခဲ့တယ် မင်းမသိချင်ဘူးလား?" ဝမ်းရှန်းကောကအနားကပ်လာကာ "အဲ့ဒီ့အန်းရန်က နာမည်ကြီးstarတစ်ယောက်ဖြစ်တဲ့ ဂျန်ကျစ်ရဲ့ညီတဲ့လေ"
ဂျန်ရှင်းဆွေ့လှုပ်ရှားနေတာတွေ ရပ်တန့်သွားတော့တယ်။
"ဂျန်ကျစ်တဲ့ တကယ်အားကျစရာပဲ အန်းရန်ဒီလောက်ကျော်ကြားနေတာ မထူးဆန်းတော့ပါဘူး နောက်ခံရှိလို့ကိုး" ဝမ်းရှန်းကောကသက်ပြင်းတစ်ချက်ချကာ "သူ့ဘဝကတော်တော်ကောင်းတာပဲ ငါတို့ဘယ်လိုမှမယှဉ်နိုင်ဘူး ပြီးတော့အရေးအကြီးဆုံးက ဒီလောက်နှိမ့်ချနေတတ်သေးတယ် ငါ့မှာသာဒီလိုအစ်ကိုမျိုးရှိရင် ငါတော့နေ့တိုင်းကြွားနေမိမှာပဲ"
နေ့တိုင်းကြွားမယ်?
ဂျန်ရှင်းဆွေ့ခေါင်းငုံ့လိုက်တယ်။ အရင်ဘဝက မှတ်ဥာဏ်တွေကို ယောင်ဝါးဝါးနဲ့ပြန်မှတ်မိလာတယ်။ ဒီမှတ်ဉာဏ်အပိုင်းအစတွေကို ပြန်သတိရမိသွားတဲ့အချိန်မှာ သူ့နှလုံးသားဟာ ဖန်ကွဲစတွေစိုက်ဝင်နေသလို နာကျင်ရတယ်။
"ငါ့အစ်ကိုကဂျန်ကျစ်လေ!"
"မင်းဘာကိစ္စငါ့အစ်ကိုကို ဆဲတာလဲ? ရန်ဖြစ်ချင်နေတာလား?"
"ကောကော ကောကော ......."
ငယ်ငယ်ကတည်းက သူသဘောအကျရဆုံးကအစ်ကိုတွေပဲ။ ဒါပေမဲ့သူကတုံးလွန်းခဲ့တယ်။ အမြဲတမ်းအစ်ကိုတွေစိတ်ဆိုးမဲ့အမှားတွေပဲ လုပ်မိခဲ့တယ် :
"အားလုံးကမင်းကြောင့်ပဲ မင်းငါ့ကိုလာရှာလို့ ပါပါရာဇီတွေကမင်းနောက်လိုက်ပြီး ငါ့အတင်းအဖျင်းတွေဓာတ်ပုံရိုက်မိသွားကြပြီ"
"မင်းကိစ္စမရှိပဲနဲ့ ဘာလို့ရန်ဖြစ်တာလဲ? မီဒီယာမှာ ငါ့ညီကလူဆိုးလို့ပြောနေကြပြီ"
"ဂျန်ရှင်းဆွေ့ မင်းငါ့အတွက်မျက်နှာသာနည်းနည်းပေးလို့မရဘူးလား?"
တကယ်တော့ သူအစောကတည်းကသိပြီးသားပါ။ သူကသာမညောင်ည လူတစ်ယောက်ပဲဖြစ်ပြီးတော့ ဘယ်အရာမှမထူးချွန်ဘူးဆိုတာ။ ဒါပေမဲ့ အစ်ကိုတွေရဲ့ထူးချွန်မှုက သူ့ကိုတောက်ပစေခဲ့တယ်။ ဒါကသူ့အတွက်ကံကောင်းမှုတစ်ခုလို့ သူတစ်လျှောက်လုံးထင်နေခဲ့တာ။ ဒါကသူ့ဘဝတစ်လျှောက်လုံးအတွက် နာကျင်မှုနဲ့အဟန့်အတားတွေပဲ ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ကိစ္စတော်တော်များများက အစကတည်းကမှားနေခဲ့တာဖြစ်နိုင်ပါတယ်လေ။
ဝမ်းရှန်းကောက ဗလုံးဗထွေးနဲ့ဆက်ပြောနေတယ် "ဒီနေ့တကယ်တော့ လူတွေအများကြီးရဲ့မိဘတွေလာကြမှာ ချန်ကောရဲ့အမေလည်းလာတယ်လို့ပြောတယ် ရှန်မိသားစုရဲ့ သခင်မကြီးလေ ရှန်ကတော်ကတော်တော်လေးကြည့်ကောင်းတယ်လို့ ပြောကြတယ် ချန်ကောကိုဒေါသအိုးမျိုးကို မွေးထုတ်ပေးခဲ့တဲ့မိန်းမသားက ဘယ်လိုပုံစံမျိုးလဲဆိုတာ သိချင်ပါရဲ့"
ဂျန်ရှင်းဆွေ့ရဲ့စိတ်က အခြေအနေသိပ်မကောင်းလေဘူး။ သူကသိပ်လည်း စိတ်မဝင်စားလေဘူး။ သူက "ငါtoiletခဏသွားအုန်းမယ်"
ဝမ်းရှန်းကောကလည်း "အိုး အဲ့တာဆို မင်းမြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့နော်"
"အင်း"
ဂျန်ရှင်းဆွေ့ ဂျန်ကျစ်ရဲ့ရှေ့မှာဖျော်ဖြေရမှာသိတော့ စိတ်ထဲမှုရှုပ်ထွေးနေတော့တယ်။ toiletကထွက်လာပြီးတော့ ဘေစင်မှာမျက်နှာကို ရေအေးနဲ့သစ်နေလိုက်တယ်။ မျက်နှာသစ်နေတုန်း အနောက်ကနေအသံတစ်သံကြားလိုက်ရတယ် "ဂျန်ရှင်းဆွေ့"
ရင်းနှီးသလိုနဲ့ သူစိမ်းဆန်နေတဲ့အသံက သူ့ကိုယ်ကိုတောင့်ခဲသွားစေတော့တယ်။
ဂျန်ရှင်းဆွေ့လှည့်ကြည့်လိုက်တော့ သူ့ကိုစိုးရိမ်ကြောင့်ကြသွားစေတဲ့ မျက်နှာတစ်ခုကိုတွေ့လိုက်ရတယ်။ သူကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ "အာ့ကော(ဒုတိယအစ်ကို)......မစ္စတာဂျန်"
ဂျန်ကျစ်ကဘေစင်ဘေးမှာရပ်လိုက်တယ်။ ဒီနေ့သူကတစ်ကိုယ်လုံး အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတယ်။ သူ့ကြည့်ရတာ ချောမောနေပြီး ဖြောင့်မတ်တဲ့ပုံပေါက်နေလေတယ်။
ဂျန်ကျစ်ကဘေစင်မှာ ရေဖွင့်လိုက်ပြီးတော့ အသံနိမ့်နိမ့်နဲ့ပြောတယ် "မဆိုးဘူး တိုးတက်လာပြီပဲ ငါ့ကိုမစ္စတာဂျန်လို့ ခေါ်ရကောင်းမှန်းသိပြီပေါ့"
ဂျန်ရှင်းဆွေ့စကားမပြောလေဘူး။
"မင်းထွက်သွားတုန်းက အစ်ကိုကြီးနဲ့အဖေ့ဆီက ပိုက်ဆံယူမသွားဘူးဆို?" ဂျန်ကျစ်စကားပြောနေတဲ့အချိန်မှာ လှောင်ပြောင်တဲ့အသံစွက်လို့နေတယ် "မင်းထွက်သွားတုန်းကတော့ ရိုးရိုးရှင်းရှင်းလေးပဲထွက်သွားခဲ့ပြီးတော့ အခုတော့မင်းက ရန်ရန်ရဲ့ရှိုးကိုလာပြီးတော့ သူ့ကိုပဲပစ်မှတ်ထားနေတယ် မင်းဘာဖြစ်ချင်နေတာလဲ?"
ဂျန်ရှင်းဆွေ့က သံသယဖြစ်စွာနဲ့ "ကျွန်တော်ဘယ်တုန်းကသူ့ကိုပစ်မှတ်ထားလို့လဲ?"
"သူမင်းကိုကြောက်တာသိလို့ ဒီရှိုးကိုလာသေးတယ် ပြီးတော့ပိုက်ဆံ၂သောင်းအတွက်နဲ့ဘာနဲ့ သာ့ကော(အစ်ကိုကြီး)နဲ့အဖေမင်းကို ၁၀သိန်းလောက်ပေးတာကြတော့ မယူဘဲနဲ့လေ ဒီကိုလာပြီး သနားစရာကောင်းအောင် လာလုပ်ပြနေတယ်" ဂျန်ရှင်းဆွေ့ကိုကြည့်နေတဲ့ ဂျန်ကျစ်ရဲ့မျက်လုံးထဲမှာ မုန်းတီးမှုတွေနဲ့ပြည့်နှက်နေတယ် "မင်းကတကယ်မုန်းဖို့ကောင်းတာပဲ"
ဒီစကားတစ်ခွန်းက နားထဲဝင်သွားတဲ့အချိန် ဂျန်ရှင်းဆွေ့အစောကတည်းက စိတ်ထဲဂရုမစိုက်တော့ဘူးလို့ထင်ခဲ့ပေမဲ့ နှလုံးသားထဲကနာကျင်နေရအုန်းမယ်လို့ မထင်ထားခဲ့ဘူး။
သူမျက်နှာလွှဲလိုက်တော့တယ်။ စိတ်ထိခိုက်နေတဲ့သူ့မျက်လုံးတွေကို ဂျန်ကျစ်မြင်မသွားစေချင်ဘူး။ သူကဂရုမစိုက်သလိုပဲဆက်ပြောလိုက်တယ် "ကျွန်တော်လုပ်သမျှကို ခင်ဗျားကိုရှင်းပြနေစရာလည်းမလိုပါဘူး ကျွန်တော်သနားစရာကောင်းအောင် လုပ်လုပ်မလုပ်လုပ်ပေါ့ ခင်ဗျားအဲ့လိုထင်လည်း ကျွန်တော့်မှာဘာမှပြောစရာမရှိဘူး"
ဂျန်ကျစ်က ဂျန်ရှင်းဆွေ့ပြန်ပက်ပြောနေလိမ့်အုန်းမယ်လို့ မထင်ထားဘူး။
သူကတစ်ချက်ရယ်လိုက်ကာ ရေပိုက်ကိုပိတ်လိုက်တယ်။ ပြီးတော့တစ်ရှူးတစ်ရွက်ကို ဖြည်းညှင်းစွာယူလိုက်ပြီးတော့ လက်သုတ်လိုက်တယ် "မင်းဟန်ဆောင်နေတာမဟုတ်ဘူးဆိုရင်တော့ ငါမင်းကိုတကယ်လေးစားပါတယ် ဒါပေမဲ့ဒီတစ်ခေါက်ငါလာတာက မင်းကိုသတိပေးဖို့အတွက်ပဲ မင်းရန်ရန်ကိုနှောင့်ယှက်ဖို့မစဥ်းစားနဲ့ ဘာလို့ဆို သူကအခုငါ့ညီဖြစ်နေပြီ"
ဂျန်ရှင်းဆွေ့ရဲ့နှလုံးသားလေး တဖြည်းဖြည်းနဲ့အေးစက်သွားတော့တယ်။
ဂျန်ကျစ်ကခေါင်းမော့လိုက်ပြီးတော့ သူ့ကိုတည့်တည့်ကြည့်ပြီး ပြောလာတယ် "ပြီးတော့ ဒီအနုပညာလောကထဲမှာ ငါကမင်းအစ်ကိုဆိုတာ ဘယ်တော့မှမပြောနဲ့"
အသံဆုံးသွားပြီးတဲ့နောက်မှာ ဂျန်ကျစ်က ဂျန်ရှင်းဆွေ့ရဲ့တုံ့ပြန်မှုကိုစောင့်နေပေမဲ့ လူငယ်လေးကတော့ မူလနေရာမှာပဲရပ်နေပြီး ဘာမှတုံ့ပြန်မလာလေဘူး။ ခံစားရတာများလွန်းလို့ ထုံသွားတာဖြစ်နိုင်ပါရဲ့။ အဲ့ဒီ့အချိန်မှာ ဘာလို့မှန်းမသိ ဂျန်ကျစ်အရင်တုန်းက နွေးထွေးပြီးမျှော်လင့်ချက်တွေအပြည့်နဲ့ ကောင်လေးတစ်ယောက် သူ့နောက်ကနေလိုက်နေတာတွေကိုအမှတ်ရမိတယ် "ကောကော ကောကော"
ဒါပေမဲ့အခုတော့ အဲ့ဒီ့ကောင်လေးက တိတ်တဆိတ်ဦးညွတ်ပြီး ကိုယ်ကိုလှည့်ကာ ကျောခိုင်းသွားတော့တယ်။
တကယ်တော့ အစကသူဒီကိုလာတာ ဂျန်ရှင်းဆွေ့ကို ငိုအောင်လုပ်ပြီး သူ့ကိုတောင်းပန်လာအောင်လုပ်မလို့ပဲ။ ဒါပေမဲ့ဂျန်ရှင်းဆွေ့ရဲ့ ထွက်ခွာသွားတဲ့ကျောပြင်လေးကို မြင်ပြီးတဲ့နောက်မှာ သူစိတ်တွေရှုပ်ထွေးလာရတော့တယ်။
..........
တခြားတစ်ဖက်မှာတော့ ဘာအမူအရာမှမပြခဲ့တဲ့ ဂျန်ရှင်းဆွေ့ကtoiletကနေထွက်လာပြီးနောက်မှာ ကိုယ်ကိုလှည့်ပြီး cctvမရှိတဲ့လှေကားအိမ်ထဲဝင်သွားတော့တယ်။
စောနကသူတောင့်ခံနေခဲ့ပြီး အခုတော့အေးစက်နေတဲ့နံရံကိုအမှီပြုထားရတယ်။ သူ့နှုတ်ခမ်းတွေဟာအနည်းငယ် တုန်ရင်နေပြီး မျက်လုံးတွေဟာလည်းနီရဲနေခဲ့တယ်။ နောက်ဆုံးတော့လည်း မျက်ရည်နှစ်ကြောင်းကို ထိန်းမထားနိုင်ခဲ့ပါဘူး။ ကောင်လေးရဲ့ပခုံးတွေ နံရံကိုမှီထားတဲ့အချိန် အပြင်ဘက်ကနေလူလာနေတဲ့ ခြေသံကြားလိုက်ရတယ်။ သူရှိုက်သံမထွက်အောင်ထိန်းလိုက်ပြီး နှလုံးသားထဲကနာကျင်မှုကို လျော့နည်းသွားအောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်။
အဲ့ဒီအချိန်မှာ ဒေါက်ဖိနပ်သံကလှေကားကနေထွက်ပေါ်လာခဲ့တယ်။ အဲ့ဒါကနူးညံ့တဲ့အမျိုးသမီးတစ်ယောက် တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတဲ့အသံဖြစ်တယ် "ချန်ချန် မင်းပြောတဲ့နေရာက ဘယ်မှာလဲ မားမားရှာမတွေ့ဘူး..."
သူမအသံကလွဲလို့ နေရာတစ်ခုလုံးဟာတိတ်ဆိတ်နေတယ်။
အမျိုးသမီးကစကားပြောတာရပ်လိုက်ပြီး နံရံထောင့်ကကောင်လေးကိုကြည့်လိုက်တယ်။ ရှန်ရှင်းချန်ကဖုန်းထဲကနေ ဆက်ပြောနေတုန်းပဲဖြစ်တယ် "ဟယ်လို မား? ဘာလို့စကားမပြောတော့တာလဲ?"
ရွှီအန်းကျန်းက စကားနှစ်ခွန်းလောက်ထပ်ပြောလိုက်ပြီး ဖုန်းချလိုက်တော့တယ်။ သူမကရှေ့ကိုလှမ်းသွားလိုက်ပြီး ဂျန်ရှင်းဆွေ့ဆီလျှောက်သွားလိုက်တယ်။ ပြီးတော့နူးနူးညံ့ညံ့နဲ့ပြောလာတယ် "ကလေး မင်းဘာဖြစ်တာလဲ အဆင်ပြေရဲ့လား?"
အမျိုးသမီးရဲ့နူးညံ့တဲ့အသံက ကောင်လေးရဲ့နောက်ဆုံးခုခံထားမှုကို ပျက်စီးသွားစေခဲ့တယ်။
ဂျန်ရှင်းဆွေ့ကသူ့ခေါင်းကို မြန်မြန်ပဲခါရမ်းလိုက်တယ်။ သူ့အသံကရှိုက်သံစွက်နေပြီးတော့ "အဆင်ပြေပါတယ်....အဆင်ပြေပါတယ်..."
သူ့မျက်နှာကိုအောက်ငုံ့ထားပြီး လှေကားရဲ့မီးရောင်က အနည်းငယ်မှိန်နေတာကြောင့် အဲ့ဒီတစ်ခဏမှာ ရွှီအန်းကျန်းက သူ့သားငယ်လေးကိုမြင်လိုက်ရတယ်လို့တောင် အထင်ရှိသွားတော့တယ်။ ဒါပေမဲ့ ဂျန်ရှင်းဆွေ့က ရှန်ရှင်းချန်နဲ့ယှဉ်လိုက်ရင် နည်းနည်းပိုမရင့်ကျက်ပြီး ပိုငယ်လေတယ်။ ဆောင့်ကြောင့်ထိုင်နေတဲ့ကောင်လေးက ကသိကအောက်ဖြစ်စွာ တိတ်တဆိတ်မျက်ရည်သုတ်နေလေတယ်။ သူတို့ကသေချာမသိကြပေမဲ့ ရွှီအန်းကျန်းကဒီကလေးအတွက် ရင်မနာပဲမနေနိုင်ဘူး။ စိုးထိတ်မှုနဲ့ ဝမ်းနည်းမှုက သူမရဲ့နှလုံးသားထဲကနေ အရင်ခံလာတာဖြစ်တယ်။
သူမအတွေးတစ်ခုတောင်ဝင်လာခဲ့သေးတယ်။ တကယ်လို့ သူမရဲ့တတိယမြောက်ကလေးသာမသေရင် သူကအခုဆိုဒီကလေးအရွယ်ရောက်နေလောက်ပြီ။
____________________
Word – 4289
Aug 26th, 2022(Fri)
Xiao Dream
Dreamတော်တော်လေးနောက်ကျသွားပါတယ်ဗျို့။ တစ်ပိုင်းအကြွေးကျန်သေးတာသိပါတယ်နော်။ နောက်နေ့ကျတင်ပေးပါမယ်။ love ya~~
Zawgyi
တကယ္လို႔ကိုယ့္ကေလးကမေသဘူးဆိုရင္ေရာ
_________________________________________
တျခားအသင္းသားေတြ သက္ျပင္းခ်ေနၾကတဲ့အခ်ိန္မွာ ဝန္ထမ္းတစ္ေယာက္ေရာက္လာၿပီး "အားလုံး အဝတ္စမ္းဝတ္ၾကည့္ၿပီးသြားရင္ ခြၽတ္လိုက္လို႔ရပါၿပီ ၿပီးသြားရင္ေလ့က်င့္တဲ့အခန္းထဲမွာ အကေလ့က်င့္ရေတာ့မွာပါ"
အားလုံးကလိုက္နာၾကတယ္။
ဒီတစ္ေခါက္ကေဖ်ာ္ေျဖမႈက လာၾကည့္ၾကတဲ့ပရိသတ္ေတြပါရွိမွာျဖစ္တယ္။ ၿပီးေတာ့ သင္တန္းသားေတာ္ေတာ္မ်ားမ်ားရဲ႕ မိသားစုေတြကလည္း ခ်မ္းသာတဲ့အထဲပါၾကတယ္။ အဲ့တာေၾကာင့္လာၾကည့္တဲ့ပရိသတ္ေတြ နည္းမွာမဟုတ္ဘူး။ တကယ္ေတာ့ သင္တန္းသားေတာ္ေတာ္မ်ားမ်ားရဲ႕ မိသားစုဝင္ေတြကလည္း လာၾကမွာျဖစ္တယ္။ တကယ့္ေဖ်ာ္ေျဖပြဲမစခင္ကတည္းက ဒီတစ္ေခါက္ေတာ့အိမ္ကဘယ္သူလာမွာဆိုၿပီး တိုင္ပင္ေနၾကတဲ့သူေတြရွိေနၾကၿပီ။
ဂ်န္ရွင္းေဆြ႕ ေလ့က်င့္တဲ့အခန္းမွာ အကေလ့က်င့္ေနတယ္။ သူ႔ရဲ႕အကအေျခခံအဆိုးဝါးဆုံးပဲ။ အကဆရာဂ႐ုအစိုက္ဆုံးေက်ာင္းသားလည္းျဖစ္တယ္။
"ဂ်န္ရွင္းေဆြ႕ မွားေနၿပီေနာ္"
"ေျဖးေျဖး ေျဖးေျဖး"
"ဂ်န္ရွင္းေဆြ႕ ဒီဘက္"
တျခားအသင္းသားေတြၿပီးသြားတဲ့ေနာက္ ဂ်န္ရွင္းေဆြ႕ကသူ႔ဘာသူဆက္ေလ့က်င့္ဖို႔ ေနခဲ့ေလ့ရွိတယ္။
တျခားအသင္းသားေတြကို ဆြဲခ်သလိုျဖစ္ေနတာေၾကာင့္ သူလည္းအျပစ္ရွိသလိုခံစားေနရတယ္။ အဲ့တာေၾကာင့္သူညတိုင္း ညနက္တဲ့အထိ ေလ့က်င့္ေနတတ္တယ္။ ဒီလိုဆိုေပမဲ့ သူကအသင္းသားေတြကိုဆြဲခ်သလိုျဖစ္ေနတုန္းပဲ။ ဒါေပမဲ့ သူ႔အသင္းသားေတြက ေကာင္းေသးတယ္လို႔ေျပာရမယ္။ ၿပီးေတာ့သူ႔ကိုလည္းအျပစ္မတင္ၾကဘူး။
အစမ္းေလ့က်င့္တာ၃ရက္ေျမာက္ေန႔ကိုေရာက္ေတာ့ ေခါင္းေဆာင္ကအစည္းအေဝးအေသးစားေသး ေခၚလိုက္တယ္။
ရွန္ရွင္းခ်န္ကအလယ္မွာ ေျခခ်ိတ္ၿပီးထိုင္ေနေလတယ္။ ၿပီးေတာ့သူက "ငါတို႔ေ႐ြးထားတဲ့သီခ်င္းစာသားကမဆိုးဘူး ဒါေပမဲ့ငါတို႔ကကြက္ေတြကို ထိန္းခ်ဳပ္ထားတဲ့သံစဥ္က နည္းနည္းေႏွးေနတယ္ မင္းတို႔လည္းသိပါတယ္ ကကြက္ေတြကအရမ္း႐ိုးရွင္းတယ္ဆိုတာ ၿပီးေတာ့ တျခားအဖြဲ႕ကသီခ်င္းေတြနဲ႔ယွဥ္ရင္ ငါတို႔သီခ်င္းကတက္ႂကြမႈသိပ္မရွိသလိုျဖစ္ေနတယ္"
တျခားအသင္းသားေတြကလည္းသေဘာတူၾကတယ္။
အန္းရန္က႐ိုးရာအကေတြကတဲ့ေနရာမွာေတာ္တယ္။ သူ႔ပါသူကေတာ့ေသခ်ာေပါက္ ခ်ိန္ညႇိၿပီးကတတ္တာေပါ့။ အဲ့တာေၾကာင့္သူက မဝံ့မရဲနဲ႔ေျပာလာတယ္ "ငါတို႔ပိုႀကိဳးစားၿပီး ေဖ်ာ္ေျဖတာပိုေကာင္းေအာင္လုပ္ႏိုင္ရင္ တျခားအဖြဲ႕ေတြကိုလည္းၿပိဳင္ႏိုင္မွာပါ"
ရွန္ရွင္းခ်န္ကေဒါသႀကီးတဲ့သူျဖစ္ေလတယ္။ သူအေတာ္ဆုံးက တုံးအတဲ့သူေတြကို ျပန္ပက္ရတာပဲ "ဘယ္အဖြဲ႕ကစင္ေပၚမွာေကာင္းေကာင္းမေဖ်ာ္ေျဖမွာမလို႔လဲ? အခုတကယ့္ျပႆနာက အဲ့ဟာမွမဟုတ္တာ"
အန္းရန္ကရွက္႐ြံ႕စြာနဲ႔ေခါင္းငုံ႔လိုက္တယ္။ ၿပီးေတာ့ သနားဖြယ္ၾကည့္ကာ "ငါကအားလုံးကို အရမ္းႀကီးအဆိုးျမင္မေနေစခ်င္လို႔ပါ"
ရွန္ရွင္းခ်န္မွာသူ႔ကိုဂ႐ုစိုက္ေနဖို႔အခ်ိန္မရွိဘူး "အခုကအဆိုးျမင္ေနရမဲ့အခ်ိန္မဟုတ္ဘူး ငါတို႔လုပ္တာဘယ္ေလာက္ေကာင္းေကာင္း တျခားအဖြဲ႕ေတြရဲ႕ပိုျမဴးတဲ့သီခ်င္းေတြနဲ႔ ယွဥ္လို႔ရမွာမဟုတ္ဘူး တကယ္ေတာ့ ငါ့မွာအေတြးတစ္ခုရွိတယ္ ေဆြ႕ေဆြ႕ မင္းပထမပြဲတုန္းက က်ိဳး႐ႊင္ရဲ႕rapကို အခ်စ္သီခ်င္းအျဖစ္ေျပာင္းလိုက္ႏိုင္တယ္မလား မင္းအဲ့တာဆိုဒီသီခ်င္းကိုေရာ နည္းနည္းေျပာင္းေပးလို႔ရေလာက္လား?"
ရွန္ရွင္းခ်န္ကဒီေလာက္ႀကီးတဲ့တာဝန္ကို သူ႔ကိုေပးလိမ့္မယ္လို႔ ဂ်န္ရွင္းေဆြ႕ မထင္ထားမိဘူး။
တျခားအသင္းသားေတြကတျဖည္းျဖည္း တုံ႔ျပန္လာၾကတယ္ :
"ဟုတ္သားပဲ!"
"ရွင္းေဆြ႕ မင္းေျပာင္းထားတဲ့သီခ်င္းကို အခုထိေတာင္ငါမွတ္မိေသးတယ္!"
"မင္းကတကယ့္နတ္ဘုရားပဲ!"
"မင္းငါတို႔ကို ကူၿပီးျပင္ေပးလို႔ရမလား?"
ဂ်န္ရွင္းေဆြ႕ေၾကာင္သြားေတာ့တယ္။ အားလုံးကသူ႔ကိုယုံၾကည္ေပးၾကလိမ့္မယ္လို႔ မထင္ထားဘူး။ အရင္တုန္းက သူကအသင္းသားေတြကို ဆြဲခ်ေနတဲ့သူတစ္ေယာက္သာသာပဲ။ အခုေတာ့အသင္းကို အက်ိဳးျပဳေပးႏိုင္ေတာ့မယ္။
အန္းရန္က ဂ်န္ရွင္းေဆြ႕ေၾကာင္ေနတာျမင္ေတာ့ အၿပဳံးေလးနဲ႔ေျပာလာေလတယ္ "ထားလိုက္ေတာ့ ထားလိုက္ေတာ့ ေဆြ႕ေဆြ႕ကေန႔တိုင္း အကေလ့က်င့္ေနရတာနဲ႔တင္ ပင္ပန္းလွၿပီ အားလုံးသူ႔ကိုခက္ခဲေအာင္လုပ္မေနနဲ႔ေတာ့"
ရွန္ရွင္းခ်န္က ဂ်န္ရွင္းေဆြ႕ကို တိုက္႐ိုက္ပဲေမးလိုက္တယ္ "မင္းအဆင္ေျပလား?"
တကယ္လို႔အကေလ့က်င့္ရတာအျပင္ သီခ်င္းစာသားေတြပါျပင္ရအုန္းမယ္ဆိုရင္ ဒါကတကယ္မလြယ္ေတာ့ဘူး။ သူျငင္းလိုက္တယ္ဆိုရင္ေတာင္ တျခားသူေတြကလည္းသူ႔ကို အျပစ္ေျပာၾကမွာ မဟုတ္ဘူး။
ဂ်န္ရွင္းေဆြ႕က တစ္ခဏေလာက္တိတ္ဆိတ္သြားၿပီးေတာ့မွ "အဆင္ေျပတယ္"
တျခားသူေတြအကုန္ၿပဳံးကုန္ၾကတယ္။ အန္းရန္တစ္ေယာက္ပဲ အၿပဳံးကေဖ်ာ့ေတာ့ေနတာျဖစ္တယ္။ သူက "ရွင္းေဆြ႕ မင္းအဲ့တာဆိုေလ့က်င့္ဖို႔မွီပါ့မလား? မင္းကိုေႏွာင့္ေႏွးေစမိအုန္းမယ္"
သူကဂ်န္ရွင္းေဆြ႕ရဲ႕ စာသားေျပာင္းႏိုင္စြမ္းကို ေသခ်ာသိတာေပါ့။
တကယ္လို႔သူ႔ကို ေက်ာ္ၾကားေစမိသြားရင္ သူေတာက္ပဖို႔ေနရာရွိပါအုန္းမလား?
ဂ်န္ရွင္းေဆြ႕က ညႇင္သာစြာနဲ႔ "ငါ့ရဲ႕အကကအေျခခံမရွိဘူး ထပ္ၿပီးေလ့က်င့္ရင္ေတာင္ မင္းတို႔ကိုဆြဲခ်မိမွာပဲ တကယ္လို႔စာသားေျပာင္းေပးတာက အသင္းသားေတြကိုကူညီရာေရာက္တယ္ဆိုရင္ ငါလုပ္ေပးခ်င္တယ္"
အဲ့တာကိုေျပာလိုက္ေတာ့ အသင္းသားေတြကသူ႔ကို႐ိုက္ခ်င္ေနၾကတယ္လို႔ ဂ်န္ရွင္းေဆြ႕ ခံစားလိုက္ရတယ္။
ရွန္ရွင္းခ်န္ကအနားေရာက္လာကာ ဂ်န္ရွင္းေဆြ႕ရဲ႕လည္ပင္းနားမွာ လက္တင္လိုက္တယ္။ ၿပီးေတာ့ "ဘာေတြေလွ်ာက္ေျပာေနတာလဲ? ဒီသခင္ႀကီးရဲ႕အသင္းထဲမွာ အရႈံးဆိုတဲ့စာလုံးမရွိဘူး စာသားကိုျမန္ျမန္ေျပာင္းလိုက္ ငါ မင္းရဲ႕ ကကြက္ေတြကို၃ရက္၃ညကူၿပီးေလ့က်င့္ေပးမယ္"
တျခားအသင္းသားေတြကလည္း ဒီစကားၾကားေတာ့မွ စိတ္သက္သာရာရသြားေတာ့တယ္ :
"ငါတို႔လည္းကူၿပီးေလ့က်င့္ေပးမယ္"
"မကတတ္႐ုံပဲမလား ငါတတ္တယ္ေလ"
"ေဆြ႕ေဆြ႕တူတူေလ့က်င့္တာေပါ့"
အားလုံးကဝိုင္းအုံလာၾကတယ္။ အန္းရန္တစ္ေယာက္ပဲမူလေနရာမွာရပ္ေနခဲ့တာျဖစ္တယ္။
အရင္ရက္ေတြတုန္းက အန္းရန္ရဲ႕႐ိုးရာအကစြမ္းရည္ေၾကာင့္ အားလုံးကသူ႔နားကပ္ၿပီး ခ်ီးမြမ္းၾကတယ္။ အခုက်ေတာ့သူကိုလူပိုတစ္ေယာက္လိုသေဘာထားလိုက္ၾကတယ္။ အားလုံးကဂ်န္ရွင္းေဆြ႕နားပဲဝိုင္းေနၾကတယ္။
ဒီလူအုပ္စုမျမင္ႏိုင္တဲ့ေနရာမွာ အန္းရန္ရဲ႕ေႏြးေထြးတဲ့မ်က္ႏွာေလးက ေအးစက္သြားေတာ့တယ္။ မ်က္လုံးထဲမွာလည္းစူးရွတဲ့အၾကည့္ေတြေတြ႕ရတယ္။
..........
ရက္အနည္းငယ္ၾကာၿပီးေနာက္မွာ ေဖ်ာ္ေျဖပြဲေန႔ေရာက္လို႔လာေတာ့တယ္။
စင္ေနာက္က ႐ိုက္ကူးေရးအဖြဲ႕က အသက္ဝင္လွေနတယ္။ ၿပိဳင္ပြဲဝင္ေတြကလည္း အားလုံးကစင္ေနာက္မွာ အဆင္သင့္ျဖစ္ေနၾကၿပီ။ သူတို႔ကစိတ္လႈပ္ရွားေနၾကတဲ့အတြက္ သူ႔တို႔ပါသာပဲစကားစျမည္ေျပာေနၾကတယ္။
အားလပ္ခ်ိန္မွာ ဝမ္းရွန္းေကာက အနားလာၿပီးေတာ့ "ေဆြ႕ေဆြ႕ မင္းသိလား ငါေျပာသံၾကားတာေလ အြန္လိုင္းေပၚကvoteေပးတဲ့စာရင္းကထြက္လာၿပီတဲ့ ဒီတစ္ေခါက္က ပြဲဦးထြက္ေနရာက အရမ္းနည္းတယ္လို႔ေျပာတယ္ အားလုံးေပါင္းမွ၆ေနရာပဲရွိတာတဲ့ မင္းထိပ္ဆုံး၆ေယာက္ကဘယ္သူလဲသိလား?"
ဂ်န္ရွင္းေဆြ႕က႐ိုးသားစြာပဲ ျပန္ေျဖလိုက္တယ္ "မသိဘူး"
"ငါၾကားထားတာရွိတယ္" ဝမ္းရွန္းေကာကအနားကပ္လာကာ အသံတိုးတိုးနဲ႔ "ပထမေနရာကခ်န္ေကာ ဒုတိယေနရာကအန္းရန္"
ဂ်န္ရွင္းေဆြ႕ဘာမွထူးဆန္းတယ္လို႔မထင္မိဘူး။
ဝမ္းရွန္းေကာက သူဒီေလာက္တိတ္ဆိတ္ေနလိမ့္မယ္လို႔ မထင္ထားဘူး "မင္းဘာမွမအံ့ၾသဘူးလား?"
ဂ်န္ရွင္းေဆြ႕ေသခ်ာေပါက္မအံ့ၾသပါဘူး။ ဇာတ္လိုက္shouရဲ႕ ေခ်ာေမြ႕လွတဲ့လမ္းက ဒီမွာတင္ရပ္မွာမဟုတ္မွန္းသူသိတာေပါ့။ သူကCenterအေနနဲ႔ပြဲဦးထြက္လိမ့္မယ္။ ၿပီးရင္သူေက်ာ္ၾကားလာမဲ့ ရသစုံရႈိးတစ္ခုမွာလည္းပါဝင္လိမ့္မယ္။ အဲ့တာၿပီးရင္ေတာ့ သူ႔ဘဝရဲ႕အထြတ္အထိပ္ကို ေရာက္သြားလိမ့္မယ္။
"ငါကဒါကိုထူးဆန္းတယ္လို႔ ထင္ေနတာနဲ႔ သြားစုံစမ္းၾကည့္တာ အံ့ၾသစရာေကာင္းတဲ့သတင္းတစ္ခုရလာခဲ့တယ္ မင္းမသိခ်င္ဘူးလား?" ဝမ္းရွန္းေကာကအနားကပ္လာကာ "အဲ့ဒီ့အန္းရန္က နာမည္ႀကီးstarတစ္ေယာက္ျဖစ္တဲ့ ဂ်န္က်စ္ရဲ႕ညီတဲ့ေလ"
ဂ်န္ရွင္းေဆြ႕လႈပ္ရွားေနတာေတြ ရပ္တန္႔သြားေတာ့တယ္။
"ဂ်န္က်စ္တဲ့ တကယ္အားက်စရာပဲ အန္းရန္ဒီေလာက္ေက်ာ္ၾကားေနတာ မထူးဆန္းေတာ့ပါဘူး ေနာက္ခံရွိလို႔ကိုး" ဝမ္းရွန္းေကာကသက္ျပင္းတစ္ခ်က္ခ်ကာ "သူ႔ဘဝကေတာ္ေတာ္ေကာင္းတာပဲ ငါတို႔ဘယ္လိုမွမယွဥ္ႏိုင္ဘူး ၿပီးေတာ့အေရးအႀကီးဆုံးက ဒီေလာက္ႏွိမ့္ခ်ေနတတ္ေသးတယ္ ငါ့မွာသာဒီလိုအစ္ကိုမ်ိဳးရွိရင္ ငါေတာ့ေန႔တိုင္းႂကြားေနမိမွာပဲ"
ေန႔တိုင္းႂကြားမယ္?
ဂ်န္ရွင္းေဆြ႕ေခါင္းငုံ႔လိုက္တယ္။ အရင္ဘဝက မွတ္ဥာဏ္ေတြကို ေယာင္ဝါးဝါးနဲ႔ျပန္မွတ္မိလာတယ္။ ဒီမွတ္ဉာဏ္အပိုင္းအစေတြကို ျပန္သတိရမိသြားတဲ့အခ်ိန္မွာ သူ႔ႏွလုံးသားဟာ ဖန္ကြဲစေတြစိုက္ဝင္ေနသလို နာက်င္ရတယ္။
"ငါ့အစ္ကိုကဂ်န္က်စ္ေလ!"
"မင္းဘာကိစၥငါ့အစ္ကိုကို ဆဲတာလဲ? ရန္ျဖစ္ခ်င္ေနတာလား?"
"ေကာေကာ ေကာေကာ ......."
ငယ္ငယ္ကတည္းက သူသေဘာအက်ရဆုံးကအစ္ကိုေတြပဲ။ ဒါေပမဲ့သူကတုံးလြန္းခဲ့တယ္။ အၿမဲတမ္းအစ္ကိုေတြစိတ္ဆိုးမဲ့အမွားေတြပဲ လုပ္မိခဲ့တယ္ :
"အားလုံးကမင္းေၾကာင့္ပဲ မင္းငါ့ကိုလာရွာလို႔ ပါပါရာဇီေတြကမင္းေနာက္လိုက္ၿပီး ငါ့အတင္းအဖ်င္းေတြဓာတ္ပုံ႐ိုက္မိသြားၾကၿပီ"
"မင္းကိစၥမရွိပဲနဲ႔ ဘာလို႔ရန္ျဖစ္တာလဲ? မီဒီယာမွာ ငါ့ညီကလူဆိုးလို႔ေျပာေနၾကၿပီ"
"ဂ်န္ရွင္းေဆြ႕ မင္းငါ့အတြက္မ်က္ႏွာသာနည္းနည္းေပးလို႔မရဘူးလား?"
တကယ္ေတာ့ သူအေစာကတည္းကသိၿပီးသားပါ။ သူကသာမေညာင္ည လူတစ္ေယာက္ပဲျဖစ္ၿပီးေတာ့ ဘယ္အရာမွမထူးခြၽန္ဘူးဆိုတာ။ ဒါေပမဲ့ အစ္ကိုေတြရဲ႕ထူးခြၽန္မႈက သူ႔ကိုေတာက္ပေစခဲ့တယ္။ ဒါကသူ႔အတြက္ကံေကာင္းမႈတစ္ခုလို႔ သူတစ္ေလွ်ာက္လုံးထင္ေနခဲ့တာ။ ဒါကသူ႔ဘဝတစ္ေလွ်ာက္လုံးအတြက္ နာက်င္မႈနဲ႔အဟန္႔အတားေတြပဲ ျဖစ္လာလိမ့္မယ္လို႔ မထင္ထားမိခဲ့ဘူး။ ကိစၥေတာ္ေတာ္မ်ားမ်ားက အစကတည္းကမွားေနခဲ့တာျဖစ္ႏိုင္ပါတယ္ေလ။
ဝမ္းရွန္းေကာက ဗလုံးဗေထြးနဲ႔ဆက္ေျပာေနတယ္ "ဒီေန႔တကယ္ေတာ့ လူေတြအမ်ားႀကီးရဲ႕မိဘေတြလာၾကမွာ ခ်န္ေကာရဲ႕အေမလည္းလာတယ္လို႔ေျပာတယ္ ရွန္မိသားစုရဲ႕ သခင္မႀကီးေလ ရွန္ကေတာ္ကေတာ္ေတာ္ေလးၾကည့္ေကာင္းတယ္လို႔ ေျပာၾကတယ္ ခ်န္ေကာကိုေဒါသအိုးမ်ိဳးကို ေမြးထုတ္ေပးခဲ့တဲ့မိန္းမသားက ဘယ္လိုပုံစံမ်ိဳးလဲဆိုတာ သိခ်င္ပါရဲ႕"
ဂ်န္ရွင္းေဆြ႕ရဲ႕စိတ္က အေျခအေနသိပ္မေကာင္းေလဘူး။ သူကသိပ္လည္း စိတ္မဝင္စားေလဘူး။ သူက "ငါtoiletခဏသြားအုန္းမယ္"
ဝမ္းရွန္းေကာကလည္း "အိုး အဲ့တာဆို မင္းျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္ခဲ့ေနာ္"
"အင္း"
ဂ်န္ရွင္းေဆြ႕ ဂ်န္က်စ္ရဲ႕ေရွ႕မွာေဖ်ာ္ေျဖရမွာသိေတာ့ စိတ္ထဲမႈရႈပ္ေထြးေနေတာ့တယ္။ toiletကထြက္လာၿပီးေတာ့ ေဘစင္မွာမ်က္ႏွာကို ေရေအးနဲ႔သစ္ေနလိုက္တယ္။ မ်က္ႏွာသစ္ေနတုန္း အေနာက္ကေနအသံတစ္သံၾကားလိုက္ရတယ္ "ဂ်န္ရွင္းေဆြ႕"
ရင္းႏွီးသလိုနဲ႔ သူစိမ္းဆန္ေနတဲ့အသံက သူ႔ကိုယ္ကိုေတာင့္ခဲသြားေစေတာ့တယ္။
ဂ်န္ရွင္းေဆြ႕လွည့္ၾကည့္လိုက္ေတာ့ သူ႔ကိုစိုးရိမ္ေၾကာင့္ၾကသြားေစတဲ့ မ်က္ႏွာတစ္ခုကိုေတြ႕လိုက္ရတယ္။ သူကအသက္ျပင္းျပင္းတစ္ခ်က္ရႉလိုက္ကာ "အာ့ေကာ(ဒုတိယအစ္ကို)......မစၥတာဂ်န္"
ဂ်န္က်စ္ကေဘစင္ေဘးမွာရပ္လိုက္တယ္။ ဒီေန႔သူကတစ္ကိုယ္လုံး အေနာက္တိုင္းဝတ္စုံကိုဝတ္ဆင္ထားတယ္။ သူ႔ၾကည့္ရတာ ေခ်ာေမာေနၿပီး ေျဖာင့္မတ္တဲ့ပုံေပါက္ေနေလတယ္။
ဂ်န္က်စ္ကေဘစင္မွာ ေရဖြင့္လိုက္ၿပီးေတာ့ အသံနိမ့္နိမ့္နဲ႔ေျပာတယ္ "မဆိုးဘူး တိုးတက္လာၿပီပဲ ငါ့ကိုမစၥတာဂ်န္လို႔ ေခၚရေကာင္းမွန္းသိၿပီေပါ့"
ဂ်န္ရွင္းေဆြ႕စကားမေျပာေလဘူး။
"မင္းထြက္သြားတုန္းက အစ္ကိုႀကီးနဲ႔အေဖ့ဆီက ပိုက္ဆံယူမသြားဘူးဆို?" ဂ်န္က်စ္စကားေျပာေနတဲ့အခ်ိန္မွာ ေလွာင္ေျပာင္တဲ့အသံစြက္လို႔ေနတယ္ "မင္းထြက္သြားတုန္းကေတာ့ ႐ိုး႐ိုးရွင္းရွင္းေလးပဲထြက္သြားခဲ့ၿပီးေတာ့ အခုေတာ့မင္းက ရန္ရန္ရဲ႕ရႈိးကိုလာၿပီးေတာ့ သူ႔ကိုပဲပစ္မွတ္ထားေနတယ္ မင္းဘာျဖစ္ခ်င္ေနတာလဲ?"
ဂ်န္ရွင္းေဆြ႕က သံသယျဖစ္စြာနဲ႔ "ကြၽန္ေတာ္ဘယ္တုန္းကသူ႔ကိုပစ္မွတ္ထားလို႔လဲ?"
"သူမင္းကိုေၾကာက္တာသိလို႔ ဒီရႈိးကိုလာေသးတယ္ ၿပီးေတာ့ပိုက္ဆံ၂ေသာင္းအတြက္နဲ႔ဘာနဲ႔ သာ့ေကာ(အစ္ကိုႀကီး)နဲ႔အေဖမင္းကို ၁၀သိန္းေလာက္ေပးတာၾကေတာ့ မယူဘဲနဲ႔ေလ ဒီကိုလာၿပီး သနားစရာေကာင္းေအာင္ လာလုပ္ျပေနတယ္" ဂ်န္ရွင္းေဆြ႕ကိုၾကည့္ေနတဲ့ ဂ်န္က်စ္ရဲ႕မ်က္လုံးထဲမွာ မုန္းတီးမႈေတြနဲ႔ျပည့္ႏွက္ေနတယ္ "မင္းကတကယ္မုန္းဖို႔ေကာင္းတာပဲ"
ဒီစကားတစ္ခြန္းက နားထဲဝင္သြားတဲ့အခ်ိန္ ဂ်န္ရွင္းေဆြ႕အေစာကတည္းက စိတ္ထဲဂ႐ုမစိုက္ေတာ့ဘူးလို႔ထင္ခဲ့ေပမဲ့ ႏွလုံးသားထဲကနာက်င္ေနရအုန္းမယ္လို႔ မထင္ထားခဲ့ဘူး။
သူမ်က္ႏွာလႊဲလိုက္ေတာ့တယ္။ စိတ္ထိခိုက္ေနတဲ့သူ႔မ်က္လုံးေတြကို ဂ်န္က်စ္ျမင္မသြားေစခ်င္ဘူး။ သူကဂ႐ုမစိုက္သလိုပဲဆက္ေျပာလိုက္တယ္ "ကြၽန္ေတာ္လုပ္သမွ်ကို ခင္ဗ်ားကိုရွင္းျပေနစရာလည္းမလိုပါဘူး ကြၽန္ေတာ္သနားစရာေကာင္းေအာင္ လုပ္လုပ္မလုပ္လုပ္ေပါ့ ခင္ဗ်ားအဲ့လိုထင္လည္း ကြၽန္ေတာ့္မွာဘာမွေျပာစရာမရွိဘူး"
ဂ်န္က်စ္က ဂ်န္ရွင္းေဆြ႕ျပန္ပက္ေျပာေနလိမ့္အုန္းမယ္လို႔ မထင္ထားဘူး။
သူကတစ္ခ်က္ရယ္လိုက္ကာ ေရပိုက္ကိုပိတ္လိုက္တယ္။ ၿပီးေတာ့တစ္ရႉးတစ္႐ြက္ကို ျဖည္းညႇင္းစြာယူလိုက္ၿပီးေတာ့ လက္သုတ္လိုက္တယ္ "မင္းဟန္ေဆာင္ေနတာမဟုတ္ဘူးဆိုရင္ေတာ့ ငါမင္းကိုတကယ္ေလးစားပါတယ္ ဒါေပမဲ့ဒီတစ္ေခါက္ငါလာတာက မင္းကိုသတိေပးဖို႔အတြက္ပဲ မင္းရန္ရန္ကိုေႏွာင့္ယွက္ဖို႔မစဥ္းစားနဲ႔ ဘာလို႔ဆို သူကအခုငါ့ညီျဖစ္ေနၿပီ"
ဂ်န္ရွင္းေဆြ႕ရဲ႕ႏွလုံးသားေလး တျဖည္းျဖည္းနဲ႔ေအးစက္သြားေတာ့တယ္။
ဂ်န္က်စ္ကေခါင္းေမာ့လိုက္ၿပီးေတာ့ သူ႔ကိုတည့္တည့္ၾကည့္ၿပီး ေျပာလာတယ္ "ၿပီးေတာ့ ဒီအႏုပညာေလာကထဲမွာ ငါကမင္းအစ္ကိုဆိုတာ ဘယ္ေတာ့မွမေျပာနဲ႔"
အသံဆုံးသြားၿပီးတဲ့ေနာက္မွာ ဂ်န္က်စ္က ဂ်န္ရွင္းေဆြ႕ရဲ႕တုံ႔ျပန္မႈကိုေစာင့္ေနေပမဲ့ လူငယ္ေလးကေတာ့ မူလေနရာမွာပဲရပ္ေနၿပီး ဘာမွတုံ႔ျပန္မလာေလဘူး။ ခံစားရတာမ်ားလြန္းလို႔ ထုံသြားတာျဖစ္ႏိုင္ပါရဲ႕။ အဲ့ဒီ့အခ်ိန္မွာ ဘာလို႔မွန္းမသိ ဂ်န္က်စ္အရင္တုန္းက ေႏြးေထြးၿပီးေမွ်ာ္လင့္ခ်က္ေတြအျပည့္နဲ႔ ေကာင္ေလးတစ္ေယာက္ သူ႔ေနာက္ကေနလိုက္ေနတာေတြကိုအမွတ္ရမိတယ္ "ေကာေကာ ေကာေကာ"
ဒါေပမဲ့အခုေတာ့ အဲ့ဒီ့ေကာင္ေလးက တိတ္တဆိတ္ဦးၫြတ္ၿပီး ကိုယ္ကိုလွည့္ကာ ေက်ာခိုင္းသြားေတာ့တယ္။
တကယ္ေတာ့ အစကသူဒီကိုလာတာ ဂ်န္ရွင္းေဆြ႕ကို ငိုေအာင္လုပ္ၿပီး သူ႔ကိုေတာင္းပန္လာေအာင္လုပ္မလို႔ပဲ။ ဒါေပမဲ့ဂ်န္ရွင္းေဆြ႕ရဲ႕ ထြက္ခြာသြားတဲ့ေက်ာျပင္ေလးကို ျမင္ၿပီးတဲ့ေနာက္မွာ သူစိတ္ေတြရႈပ္ေထြးလာရေတာ့တယ္။
..........
တျခားတစ္ဖက္မွာေတာ့ ဘာအမူအရာမွမျပခဲ့တဲ့ ဂ်န္ရွင္းေဆြ႕ကtoiletကေနထြက္လာၿပီးေနာက္မွာ ကိုယ္ကိုလွည့္ၿပီး cctvမရွိတဲ့ေလွကားအိမ္ထဲဝင္သြားေတာ့တယ္။
ေစာနကသူေတာင့္ခံေနခဲ့ၿပီး အခုေတာ့ေအးစက္ေနတဲ့နံရံကိုအမွီျပဳထားရတယ္။ သူ႔ႏႈတ္ခမ္းေတြဟာအနည္းငယ္ တုန္ရင္ေနၿပီး မ်က္လုံးေတြဟာလည္းနီရဲေနခဲ့တယ္။ ေနာက္ဆုံးေတာ့လည္း မ်က္ရည္ႏွစ္ေၾကာင္းကို ထိန္းမထားႏိုင္ခဲ့ပါဘူး။ ေကာင္ေလးရဲ႕ပခုံးေတြ နံရံကိုမွီထားတဲ့အခ်ိန္ အျပင္ဘက္ကေနလူလာေနတဲ့ ေျခသံၾကားလိုက္ရတယ္။ သူရႈိက္သံမထြက္ေအာင္ထိန္းလိုက္ၿပီး ႏွလုံးသားထဲကနာက်င္မႈကို ေလ်ာ့နည္းသြားေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားေနတယ္။
အဲ့ဒီအခ်ိန္မွာ ေဒါက္ဖိနပ္သံကေလွကားကေနထြက္ေပၚလာခဲ့တယ္။ အဲ့ဒါကႏူးညံ့တဲ့အမ်ိဳးသမီးတစ္ေယာက္ တစ္ေယာက္ေယာက္နဲ႔ ဖုန္းေျပာေနတဲ့အသံျဖစ္တယ္ "ခ်န္ခ်န္ မင္းေျပာတဲ့ေနရာက ဘယ္မွာလဲ မားမားရွာမေတြ႕ဘူး..."
သူမအသံကလြဲလို႔ ေနရာတစ္ခုလုံးဟာတိတ္ဆိတ္ေနတယ္။
အမ်ိဳးသမီးကစကားေျပာတာရပ္လိုက္ၿပီး နံရံေထာင့္ကေကာင္ေလးကိုၾကည့္လိုက္တယ္။ ရွန္ရွင္းခ်န္ကဖုန္းထဲကေန ဆက္ေျပာေနတုန္းပဲျဖစ္တယ္ "ဟယ္လို မား? ဘာလို႔စကားမေျပာေတာ့တာလဲ?"
႐ႊီအန္းက်န္းက စကားႏွစ္ခြန္းေလာက္ထပ္ေျပာလိုက္ၿပီး ဖုန္းခ်လိုက္ေတာ့တယ္။ သူမကေရွ႕ကိုလွမ္းသြားလိုက္ၿပီး ဂ်န္ရွင္းေဆြ႕ဆီေလွ်ာက္သြားလိုက္တယ္။ ၿပီးေတာ့ႏူးႏူးညံ့ညံ့နဲ႔ေျပာလာတယ္ "ကေလး မင္းဘာျဖစ္တာလဲ အဆင္ေျပရဲ႕လား?"
အမ်ိဳးသမီးရဲ႕ႏူးညံ့တဲ့အသံက ေကာင္ေလးရဲ႕ေနာက္ဆုံးခုခံထားမႈကို ပ်က္စီးသြားေစခဲ့တယ္။
ဂ်န္ရွင္းေဆြ႕ကသူ႔ေခါင္းကို ျမန္ျမန္ပဲခါရမ္းလိုက္တယ္။ သူ႔အသံကရႈိက္သံစြက္ေနၿပီးေတာ့ "အဆင္ေျပပါတယ္....အဆင္ေျပပါတယ္..."
သူ႔မ်က္ႏွာကိုေအာက္ငုံ႔ထားၿပီး ေလွကားရဲ႕မီးေရာင္က အနည္းငယ္မွိန္ေနတာေၾကာင့္ အဲ့ဒီတစ္ခဏမွာ ႐ႊီအန္းက်န္းက သူ႔သားငယ္ေလးကိုျမင္လိုက္ရတယ္လို႔ေတာင္ အထင္ရွိသြားေတာ့တယ္။ ဒါေပမဲ့ ဂ်န္ရွင္းေဆြ႕က ရွန္ရွင္းခ်န္နဲ႔ယွဥ္လိုက္ရင္ နည္းနည္းပိုမရင့္က်က္ၿပီး ပိုငယ္ေလတယ္။ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ေကာင္ေလးက ကသိကေအာက္ျဖစ္စြာ တိတ္တဆိတ္မ်က္ရည္သုတ္ေနေလတယ္။ သူတို႔ကေသခ်ာမသိၾကေပမဲ့ ႐ႊီအန္းက်န္းကဒီကေလးအတြက္ ရင္မနာပဲမေနႏိုင္ဘူး။ စိုးထိတ္မႈနဲ႔ ဝမ္းနည္းမႈက သူမရဲ႕ႏွလုံးသားထဲကေန အရင္ခံလာတာျဖစ္တယ္။
သူမအေတြးတစ္ခုေတာင္ဝင္လာခဲ့ေသးတယ္။ တကယ္လို႔ သူမရဲ႕တတိယေျမာက္ကေလးသာမေသရင္ သူကအခုဆိုဒီကေလးအ႐ြယ္ေရာက္ေနေလာက္ၿပီ။
____________________
Word – 4289
Aug 26th, 2022(Fri)
Xiao Dream
Dreamေတာ္ေတာ္ေလးေနာက္က်သြားပါတယ္ဗ်ိဳ႕။ တစ္ပိုင္းအေႂကြးက်န္ေသးတာသိပါတယ္ေနာ္။ ေနာက္ေန႔က်တင္ေပးပါမယ္။ love ya~~