Chapter(246)
မင်းပြောတာအမှန်ဘဲလား?
ဝူပုဖန်က စိုးရိမ်စွာမေးလိုက်တယ်"အရင်နေ့တုန်းက ဝူရုန်ငါတို့ကို ပို့ထားတဲ့ ကောက်ရိုးရိုင်းတွေက ဘယ်မှာလဲ?"
"အဲဒါတွေက ကျွန်တော့်အခန်းထဲမှာလေ။ဘာဖြစ်လို့လဲ?"
"အဲဒါတွေကို သွားယူပြီး အစေခံတွေကို ပြုတ်ခိုင်းဖို့ စီစဉ်လိုက်။ငါတို့က အဲဒါကို သောက်ဖို့လိုတယ်။အခုသွားလုပ်တော့"ဝူပုဖန်က ပြောလိုက်တယ်။
ဝူဘိုင်က သူ့အခန်းကိုပြန်သွားပြီး ကောက်ရိုးရိုင်းတွေကို သွားယူလာခဲ့တယ်။
"အဖေ ဘာတွေဖြစ်နေတာလဲ?"ဝူရှောင်ရန်က သိချင်စွာမေးလိုက်တယ်။
ဝူပုဖန်က ဘာကြောင့်လဲဆိုတာ ရှင်းပြဖို့ ပါးစပ်ဟလ်ုက်ပေမဲ့ သူက ဒီလူတွေက ဘယ်လိုမျိုး တကိုယ်ကောင်းဆန်တယ်ဆိုတာ သိတာကြောင့် အားလုံးက ဆေးပြုတ်ရည်သောက်ပြီးတဲ့ အချိန်မတိုင်ခင်အထိ မပြောဖို့ ဆုံးဖြတ်လိုက်တယ်။
တစ်နာရီအတွင်းမှာဘဲ ဆေးပြုတ်ရည်က ချက်ပြီးသွားတယ်။
ဝူပုဖန်က ဒီဆေးပြုတ်ရည်ကို အားလုံးကသောက်သင့်ကြောင်း ပြောလိုက်ပြီးတော့ သူကဝူရှောင်ရန်နဲ့အခြားလူတွေကိုလည်း တစ်ခွက်စီသောက်ဖို့ ပြောလိုက်တယ်။အစေခံတွေကိုလည်း နောက်ဆုံးမှာ သောက်စေလိုက်တယ်။အဲဒီအချိန်မှ ဝူပုဖန်က အခြေအနေကို ရှင်းပြလိုပ်တယ်။
"အပြင်က လူတွေအများကြီးက အဖျားရောဂါကို ခံစားနေရတယ်။သူတို့က ရုတ်တရက်ကြီး အကြောင်းပြချက်မရှိဘဲ မေ့မျောသွားပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေက အလွန်ပူလောင်လာတယ်။ဒါပေမဲ့ သမားတော်တစ်ယောင်ကမှ သူတို့ရဲ့သွေးခုန်နှုန်းကို စမ်းသပ်ပြီးတဲ့နောက်မှာ သူတို့ အခြေအနေက ဘာမှားနေလဲဆိုတာ မပြောနိုင်ဘူး။သမားတော်တစ်ယောက်ကမှ ဘယ်ကနေ စတင်ပြီး ဘယ်လိုကုသရမလဲဆိုတာ မသိဘူး။ဒါပေမဲ့ ငါကရုတ်တရက် ဝူရုန်ရဲ့အစောင့်လာပို့ပေးခဲ့တဲ့ ကောက်ရိုးရိုင်းအကြောင်းကို တွေးမိတယ်။ငါက ဒါကအလုပ်ဖြစ်မလားဆိုတာ ကြိုးစားကြည့်တာ"
အဓိကအချက်ကတော့ အခုချိန်မှာ ဘယ်ဆိုင်မှာမှ ကောက်ရိုးရိုင်းကို ဝယ်လို့မရတော့ဘူး။မဟုတ်ရင် သူကဒီကိုလာပြီး ဆေးလာသောက်မှာ မဟုတ်ဘူး။
"ဘာ?"ဝူရှောင်ရန်တို့က ထိတ်လန့်သွားပြီး ဝူပုဖန်နဲ့အတူ ပါလာတဲ့လူတွေနဲ့ မီတာအနည်းငယ်လောက်ဝေးအောင် နောက်ဆုတ်သွားကြတယ်။
ဒီအခြေအနေကို ဝူပုဖန်က ကြိုတင်မျှော်လင့်ထားပြီးသား ဆိုပေမဲ့ သူတို့က ဒီလိုလုပ်လာတဲ့အချိန်မှာတော့ သူကဒေါသထွက်သွားတယ်။
အဲဒီအချိန်မှာဘဲ အကြီးအကဲယောင်က စိတ်လှုပ်ရှားစွာ အော်လိုက်တယ်"ကြည့် ကြည့် ရှောင်ရာက သတိရလာပြီ"
ရှောင်ရာက သူ့ရဲ့အငယ်ဆုံးမြေးဖြစ်တယ်။ရှောင်ရာက ရောဂါကူးစက်ခံရပြီး မေ့မျောသွားတုန်းက သူတို့တစ်အိမ်လုံးက စိုးရိမ်နေတာဖြစ်တယ်။သူသတိပြန်ရလာတာက အကြီးမားဆုံး စိတ်သက်သာရာရမှုဘဲ။
"သူ့ရဲ့အခြေအနေကကောင်းသွားပြီ"ဝူပုဖန်က စိတ်လှုပ်ရှားစွာပြောလိုက်တယ်။
"ကောင်းတယ်"အကြီးအကဲယောင်ကလည်း သူ့မြေးရဲ့အခြေအနေကို အမြန်စစ်ဆေးကြည့်လိုက်တယ်"သူ့ရဲ့ကိုယ်ပူချိန်က ကျသွားပြီ။သူ့ရဲ့သွေးခုန်နှုန်းက အားနည်းနေသေးတယ်ဆိုပေမဲ့ ဒါက သူကသာမန်အအေးမိရုံလောက်ဘဲ။သူသာကောင်းကောင်း အနားယူလိုက်ရင် ဘာပြသနာကြီးမှ ရှိမှာမဟုတ်တော့ဘူး"
"ရှောင်ရှန်းလည်း နိုးလာပြီ"အခြားအကြီးအကဲတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာပြောလိုက်တယ်။
ရှောင်ရှန်းနဲ့ရှောင်ရာနှစ်ယောက်လုံးက အဖျားရောဂါခံစားခဲ့ရတာဖြစ်တယ်။
"အဖေ ကျွန်တော်တို့ကရော ကျွန်တော်တို့ကလည်း ရောဂါကူးစက်နိုင်ချေရှိလား?"ဝူရှောင်ရန်က ဝူပုဖန်ကို အဝေးကနေမေးလိုက်တယ်။
"တကယ်လို့ မင်ကသေချင်ရင်တောင် မင်းကသေမှာမဟုတ်ဘူး"ဝူပုဖန်က ပျက်ရယ်ပြုလိုက်တယ်"မင်း ဝူရုန် ပြောခဲ့တာကို မကြားခဲ့ဘူးလား?သူက ကောက်ရိုးရိုင်းက ရောဂါမကူးစက်အောင် ကာကွယ်ပေးလိမ့်မယ်လို့ပြောခဲ့တယ်"
"ဒါကကောင်းတယ်"လူတိုင်းက စိတ်သက်သာရာရသွားတယ်။
အပြင်ကနေ ချောင်းနားထောင်နေတဲ့ ဝူချန်ဇီက ဒီသတင်းကို ကြားတော့ သူကလျှင်မြန်စွာ ထွက်သွားပြီး ကောက်ရိုးရိုင်းက အဖျားရောဂါကိုပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ သတင်းကိုမပျံ့နှံ့စေဖို့ အစောင့်တွေကို ဝူပုဖန်နဲ့သူ့မိသားစုတွေကို အိမ်တော်ထဲမှာ ထိန်းသိမ်းထားဖို့ အမိန့်ပေးလိုက်တယ်။သူက အဖျားရောဂါအကြောင်းကို မသိသော်လည်း အနည်းဆုံးတော့ သူက ကောက်ရိုးရိုင်းက အဖျားရောဂါကို ကုသနိုင်တယ်ဆိုတာ သိသွားပြီ။
ဟုတ်ပြီ...ဝူရုန်ကိုလည်း စောင့်ကြည့်ဖို့လူလွတ်ထားရမယ်။
ဝူချန်ဇီက အိမ်ကမထွက်ခင်မှာ သူ့ရဲ့နောက်လိုက်တွေကို ကောက်ရိုးရိုင်းတွေကို လျှို့ဝှက်စွာ ဝယ်ယူဖို့အမိန့်ပေးလိုက်တယ်။သူကနန်းတော်ကို မသွားခင်မှာ ဒုတိယမင်းသားကို အရင်သွားတွေ့ပြီးမှ အင်ပါယာအရှင်မင်းမြတ်နဲ့တွေ့ဖို့ သူက ဒုတိယမင်းသားနှင့်အတူ နန်းတော်ထဲကိုသွားလိုက်တယ်။သူက ဂရုတစိုက်နဲ့ တော်ဝင်ဆေးခန်းမှာ ကောက်ရိုးရိုင်းကို ကျိုချက်ပြီး ကိုယ်လုပ်တော်တွေနဲ့မင်းသားတွေကို ကုသပေးလိုက်တယ်။တစ်နာရီအတွင်းမှာဘဲ နန်းတော်ထဲက အဖျားရောဂါ ခံစားနေရတဲ့ သူတွေက သတိပြန်လည်လာကြတယ်။
အင်ပါယာအရှင်မင်းမြတ်က ဒါကိုတွေ့တော့ အရမ်းကျေနပ်သွားတယ်။သူက ဒုတိယမင်းသားနဲ့ဝူချန်ဇီကို မြို့ထဲက အဖျားရောဂါခံစားနေရတဲ့သူတွေကို ကုသဖို့ တာဝန်ပေးလိုက်တယ်။
လင်းမိုဟန်က ရောဂါကုသဖို့ဆွေးနွေးနေတဲ့ အချိန်မှာဘဲ သူက ဒီသတင်းကို ကြားလိုက်ရတယ်။သူက သူ့ရဲ့ရည်ရွယ်ချက်တွေက ကျဆုံးသွားတာကြောင့် ဒေါသထွက်သွားတယ်။
"ဝမ်းကွဲ အကိုတော် ဒေါသမထွက်နဲ။ငါတို့က အခုလုပ်စရာရှိသေးတယ်။ငါတို့က....."လင်းကျီရှန်းက ပြောနေရင်းရပ်လိုက်ပြီး သူက အရှေ့ကိုကြည့်လိုက်ပြီး ခက်ထန်စွာပြောလိုက်တယ်"မင်းကိုယ်မင်းဖော်ပြစမ်း"
အဲဒီနောက်မှာတော့ အဖြူရောင် ပုံရိပ်တစ်ခုကပေါ်လာပြီး"ဟေးရန်က အရှင်မင်းသားကို နှုတ်ဆက်ပါတယ်"
လင်းမိုဟန်က ဟေးရန်မှန်းသိတော့ သူ့ရဲ့ဒေါသက လျော့ကျသွားပြီး"ငါကြားတာတော့ မင်းကလွန်ခဲ့တဲ့ရက်တုန်းက ဒဏ်ရာရထားတယ်ဆို။အဲဒါက ပြင်းထန်လား?"
ပြီးတော့ ဆေးပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဟေးရန်ကို ပေးလိုက်ပြီး"ဒါက မကောင်းဆိုးဝါးတွေအတွက် အထူးဖော်စပ်ထားတဲ့ ဆေးဘဲ။ဒါကို ယူပြီးသုံးကြည့်လိုက်"
"ကျေးဇူးတင်ပါတယ် မင်းသား"ဟေးရန်က ဆေးပုလင်းကိုလက်ခံလိုက်ပြီး ပြောလိုက်တယ်"မင်းသား ကျွန်တော့်သခင်မက မင်းသားကို သတင်းပါးခိုင်းလိုက်တယ်။သူပြောလိုက်တာက သင့်ရဲ့နောက်လိုက်တွေကို အဖျားရောဂါနဲ့မသက်ဆိုင်တဲ့ အအေးမိရင်ကုသတဲ့ ဆေးဝါးတွေကို လျှို့ဝှက်စွာ ဝယ်ယူခိုင်းသင့်တယ်"
"ဘာကြောင့် ဒီလိုပြောတာလဲ?"လင်းမိုဟန်ကမျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
"သူပြောတာတော့ ဒါတွေက အပူကို ကုသနိုင်တယ်တဲ့"
"အခု ဂရမ်းမစ္စတာ အဖျာရောဂါကို ကုသတဲ့ ဆေးနည်းကိုတွေ့သွားပြီ။ငါတို့ကဒါတွေကို အသုံးပြုနိုင်အုန်းမှာလား?"လင်းကျီရှန်းကလှောင်လိုက်တယ်။
ဟေးရန်က သူ့ကိုစိုက်ကြည့်လိုက်ပြီးနောက်ပျောက်ကွယ်သွားတယ်။
"ဝမ်းကွဲ အကိုတော် သူကဘယ်သူလဲ?သူ့ရဲ့သခင်မက ဘယ်သူလဲ?"လင်းကျီရှန်းကမေးလိုက်တယ်။
"ဝူမိသားစုကို အရမ်းမုန်းတဲ့သူတစ်ယောက်"လင်းမိုဟန်က ဆက်ပြောလိုက်တယ်"သူပြောသွားတဲ့အတိုင်းလုပ်လိုက်။ပြီးတော့ ဒီအကြောင်းကို ဒုတိယညီတော်နဲ့ဝူချန်ဇီမသိအောင် လျှို့ဝှက်ထား"
"ဝမ်းကွဲအကိုတော် ဂရန်းမစ္စတာက အဖျားရောဂါကို ကုသဖို့နည်းလမ်းကို တွေ့သွားကတည်းက ငါတို့ဒီလိုလုပ်တာက ငါ့တို့ရဲ့အချိန်ကိုဖြုန်းတာနဲမတူဘူးလား?"
လင်းမိုဟန်က ဝူရုန်ပြောတာတဲ့အတိုင်းလုပ်တဲ့အချိန်တိုင်း အလုပ်ဖြစ်သွားတာဘဲ။ဒီတစ်ကြိမ်လည်း ဝူရုန်က သူ့ကို အကြောင်းမရှိဘဲ လုပ်ခိုင်းမှာမဟုတ်ဘူး။
"ဒါက ပြသနာမှမများတာ။အခုသွားလုပ်တော့"
"ကောင်းပြီ ကျွန်တော်အခုဘဲ သွားလုပ်လိုက်မယ်"လင်းကျီရှန်းကပြောလိုက်တယ်။
------------------------------------------------------------------------------------
Chapter(247)
မင်းပြောတာ အမှန်ဘဲလား?(2)
သူထွက်သွားပြီး မကြာခင်မှာတော့ လင်းမိုဟန်က သူရဲနောက်လိုက်တွေကို ဝူချန်ဇီက ရောဂါကိုဘယ်နည်းလမ်းနဲ့ကုသတာလဲဆိုတာ စုံစမ်းခိုင်းလိုက်တယ်။မကြာခင်မှာတော့ သူက ဝူချန်ဇီသည် ကောက်ရိုးရိုင်းကို သုံးပြီး ကုသတယ်ဆိုတာ သိသွားတယ်။ဒါကြောင့် သူကဝူချန်ဇီရဲ့အစီအစဉ်ကို ဖျက်ဖို့ သူ့လူတွေကို ကောက်ရိုးရိုင်းတွေကို ဝယ်ယူဖို့ခိုင်းလိုက်တယ်။သို့သော်လည်း သူတို့က ဝူချန်ဇီတို့ထက် ခြေတစ်လှမ်းနောက်ကျသွားပြီဆိုတာ သိလိုက်တယ်။
လင်းမိုဟန်က အခုချိန်ဆို ဒုတိယမင်းသားက ဒီရောဂါကို ကုသနိုင်တဲ့ အတွက် အလွန်ကို မာန်မာနကြီးနေလောက်ပြီဟုတွေးနေလိုက်တယ်။သို့သော်လည်း အံ့သြစရာကောင်းတာက သူဝူချန်ဇီထံမှာ သူလျိုလွတ်ထားတဲ့သူတွေ တင်ပြလာတာက ဝူချန်ဇီက ကောက်ရိုးရိုင်းတွေကို ဝယ်လို့မရလိုက်ဘူးဆိုတာဘဲ။သူတို့က အခြားမြို့တွေမှာ ကောက်ရိုးရိုင်းတွေကို ဝယ်ဖို့လုပ်ပေမဲ့လည်း လက်ဗလာနဲ့ပြန်လာခဲ့ရတာဘဲ။အခြားတစ်ယောက်က အရင်ဦးသွားခဲ့ပြီ။ကူးစက်မှုက ပိုပိုဆိုးဝါးလာပြီး နောက်ဆုံးမှာတော့ အရပ်သားတွေ သေဆုံးတဲ့အထိဖြစ်လာတယ်။
အင်ပါယာက ဒီသတင်းကို ကြားတော့ ဒေါသအမြတ်ခြောင်းခြောင်းထွက်တယ်။သူက တစ်မနက်လုံး ဝူချန်ဇီနှင့်ဒုတိယမင်းသားကို ဆူပူတော့တယ်။သူတို့နှစ်ယောက်က အင်ပါယာက နေ့လယ်ခင်းစာကြည့်ခန်းထဲကို သွားတဲ့ အချိန်မှ စိတ်သက်သာရာရတော့တယ်။
"ဘိုးဘိုးကြီး လင်းမိုဟန်က ကောက်ရိုးရိုင်းတွေကို ကျွန်တော်တို့ဝယ်လို့မရအောင် လုပ်ထားတာဖြစ်နိုင်လား?"ဒုတိယမင်းသားက ပြောလိုက်တယ်။
နောက်ဆုံးမှာတော့ သူကဒီတစ်ကြိမ်မှာ သူကအနိုင်ရပြီလို့ မျှော်လင့်ထားတာဖြစ်တယ်။ဒါပေမဲ့ သူကကြာကြာတောင် မရယ်လိုက်နိုင်ဘူး။ဒါက တကယ်ကို ဆိုးဝါးလွန်းတယ်။
ဝူချန်ဇီက သူ့ကိုစောင်းကြည့်လိုက်ပြီး ပြောလိုက်တယ်" အကျပ်အတည်းက တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အခြေအနေဘဲ ။ဂမ္ဘီရပညာကို သုံးပြီးကြည့်ခဲ့ပေမဲ့လည်း ဒီပျက်စီးကိန်းက တစ်နိုင်ငံလုံးနဲ့သက်ဆိုင်နေတယ်ဆိုတာက လွှဲပြီး အသေးစိတ်ကိုဖတ်မရခဲ့ဘူး။လင်းမိုဟန် ငှားရမ်းခဲ့တဲ့ ဂမ္ဘီရပညာရှင်က ငါ့ထက်ပိုပြီးအစွမ်းမထက်ရင် သူကဘယ်လိုနည်းနဲ့မှ ကောက်ရိုးရိုင်းတွေကို ဝယ်ထားဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ဒီကိစ္စကိုပြောရမယ်ဆိုရင် သူက ကောက်ရိုးရိုင်းတွေကို ငါတို့ကဝယ်နိုင်လိမ့်မယ်လို့ဘဲ ထင်ထားလောက်တယ်။ဒါကြောင့်သူက ငါတို့ကို ဒီတာဝန်ကို အောင်မြင်အောင် ဘယ်အခွင့်အရေးမှ ပေးမှာမဟုတ်ဘူး။ မဟုတ်ရင် ငါတို့က မင်းသားတွေနဲ့ကိုယ်လုတော်တွေကို ကုသပေးတာ အောင်မြင်သွားတဲ့အချိန်တုန်းက သူကနန်းတော်က ကန်ထုတ်ခံရတုန်းက သူ့ရဲ့ရည်ရွယ်ချက်တွေ ပျက်စီးသွားလို့ ဒေါသထွက်နေမှာ မဟုတ်ဘူး"
"တကယ်လို့ သူမဟုတ်ရင် ဘယ်သူက ကောက်ရိုးရိုင်းတွေကို ဝယ်သွားတာလဲ?"ဒုတိယမင်းသားက မပျော်မရွှင်ပြောလိုက်တယ်"ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ?ကျွန်တော်တို့မှာ ကောက်ရိုးရိုင်းတွေမရှိဘူး"
သူတို့က အဖျားရောဂါကို ကုသပေးနိုင်တယ်ဆိုတဲ့ စကားကပျံ့နှံ့သွားပြီးဖြစ်တယ်။ဒါပေမဲ့ သူတို့က ဘာမလုပ်ရသေးခင်မှာဘဲ မြို့သူမြို့သားတွေရဲ့ သေဆုံးမှုက များပြားလာပြီဖြစ်တယ်။အခုဆိုရင် မြို့သူမြို့သားတွေက လုံးဝဒေါသထွက်နေလောက်ပြီ။
"အခု ဘယ်သူက ကောက်ရိုးရိုင်းတွေကို ဝယ်သွားလဲဆိုတာဟစုံစမ်းရမယ်။ပြီးတော့ သူ့ရှိက တစ်ချို့ကို ပြန်ဝယ်ဖို့ နည်းလမ်းရှာရမယ်"ဝူချန်ဇီကပြောလိုက်တယ်။
အခုချိန်မှာ ကောက်ရိုးရိုင်းတွေကို ဝယ်သွားတဲ့သူက အိမ်ရှေ့မင်းသားဘက်မှာမရှိဖို့ဘဲ မျှော်လင့်တယ်။
လင်းမိုဟန်က ဒီကိစ္စတစ်ခုလုံးက ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ဒါက သူ့ကိုအရမ်းအံ့အားသင့်စေတယ်။ဒီကိစ္စရဲနောင်ကွယ်မှာ ရှိတဲ့သူက ဝူရုန်လို့ထင်တယ်။ဝူရုန်က တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကောက်ရိုးရိုင်းတွေကို ဝယ်သွားတာဖြစ်လိမ့်မယ်။
ဒီအကြောင်းကို တွေးမိတာနဲ့ သူက သူ့ကိုယ်သူ ဝူရုန်နဲ့အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာကို ကံကောင်းတယ်လို့ခံစားရတယ်။
မဟုတ်ရင် သူက ဘယ်တော့မှ ဝူမိသားစုကို ကျဆုံးအောင် လုပ်နိုင်တဲ့ အကူအညီလိုမျိုးကို ရနိုင်မှာမဟုတ်ဘူး။
အဲဒီအချိန်မှာဘဲ ဝူရုန်က ဟေးရန်က တစ်ဆင့်လင်းမိုဟန်ကို ဆင်းရဲချို့တဲ့သည့်နေရာကိုသွားပြီးတော့ ဆန်ပြုတ်ဝေဖို့ အရပ်သားတွေကို အခမဲ့ ဆေးကုသမှုပေးဖို့ သတင်းပို့လာတယ်။
လင်းမိုဟန်နဲ့ သူ့ရဲ့နောက်လိုက်တွေက အင်ပါယာမြို့တော်နဲ့ အဝးဆုံးမှာ ရှိတဲ့ လင်းချန်မြို့ကို ဟေးရန်နှင့် တွေ့ဆုံဖို့ရောက်ရှိလာကြတယ်။ဒီမြို့က ရောဂါသက်ရောက်မှု အများဆုံးခံရတဲ့မြို့ဖြစ်တယ်။
ဟေးရန်က ကောက်ရိုးရိုင်းနှင့်ဖော်စပ်ထားတဲ့ ဆေးပုလင်းကို လင်းမိုဟန်ကို ပေးလိုက်ပြီး ပြောလိုက်တယ်"ကျွန်တော့်ရဲ့သခင်မက ဒီဆေးက ကောက်ရိုးရိုင်းနဲ့ဖော်စပ်ထားတယ်လို့ပြောတယ်။လူနာတွေက ဒီဆေးကို သောက်လိုက်တာနဲ့ ရောဂါတွေက ပျောက်ကင်းသွားလိမ့်မယ်။အရှင်မင်းသားက စိုးရိမ်စရာမလိုအပ်ဘူး။ဒီဆေးက ကောက်ရိုးရိုင်းကနေ ဖော်စပ်ထားတယ်ဆိုတာ တစ်ယောက်ကမှ မတွေ့ရှိနိုင်ဘူး။ဒီဆေးကို သောက်ပြီးရင် သာမန်အအေးမိတဲ့ ရောဂါ လက္ခဏာဘဲ ကျန်နေလိမ့်မယ်။မင်းသားရဲ့သမားတော်တွေက ဒီအအေးမိတာကို ကုသပေးလိုက်ရုံဘဲ"
"မင်းရဲ့သခင်မကို ကျေးဇူးတင်တယ်လို့ပြောလိုက်အုံး"လင်းမိုဟန်က တည်ငြိမ်စွာ ပြောလိုက်ပေမဲ့ သူ့ရဲ့စိတ်ထဲမှာတော ဝူရုန်ရဲ့တွေးတောပေးမှုကို ပိုပို သဘောကျလာတယ်။ဒီိကိစ္စမှာဆိုရင် သူက ဝူချန်ဇီက သူကကောက်ရိုးရိုင်းတွေကို ဝယ်သွားတဲ့သူလို့ သံသယဖြစ်မှာကို စိုးနေခဲ့တယ်။သူ့ကိုသာ သံသယဝင်သွားရင် ဝူချန်ဇီက သူက သူ့ကို နောက်ယောင်ခံလိုက်ပြီး ကောက်ရိုးရိုင်းတွေကို ဝယ်ယူသွားပြီး အရပ်သားတွေရဲ့အသက်ကို သေစေတဲ့သူလို့ စွပ်စွဲလိမ့်မယ်။
"ကျွန်တော့်ရဲ့သခင်မက ဒီအဖျားရောဂါက နတ်ဆိုးတွေစီက လာတယ်လို့ပြောခိုင်းလိုက်သေးတယ်။အရှင်မင်းသား မင်းသားက ဘာဆက်လုပ်သင့်တယ်ဆိုတာ သိမယ်လို့ ထင်ပါတယ်"ဟေးရန်က ဆက်ပြောလိုက်တယ်။
လင်းမိုဟန်က ဒါကို ကြားတော့ အံ့အားသင့်သွားပြီးပြောလိုက်တယ်"မင်းပြောတာ အမှန်ဘဲလား?"
သူတို့က ဒီအဖျားရောဂါရဲ့အရင်းအမြစ်ကို ရှာပေမဲ့ ဘာမှမတွေ့ရှိခဲ့ဘူး။အခုတော့ ဒီရောဂါက နတ်ဆိုးတွေထံက တစ်ဆင့်ကူးစက်ပျံ့နှံ့လာတာဖြစ်တယ်။ဒီလိုဆိုရင် ဒီရောဂါက ဝူချန်ဇီ ကျင်းပပြုလုပ်ပေးတဲ့ ကလန်လေးခုပွဲတော်ကနေ စတင်တာဖြစ်လိမ့်မယ်။တကယ်လို့ ဒီအဖျားရောဂါကသာ နတ်ဆိုးတွေထံက ကူးစက်လာတာကို သက်သေပြနိုင်ရင် ဒါဆိုရင်.....
လင်းမိုဟန်က ဒီအကြောင်းကနေ ဝူချန်ဇီကို စွပ်စွဲ အပြစ်တင်မဲ့ အစီအစဉ်ကို လုပ်ဆောင်ဖို့ တွေးလိုက်တယ်။
-------------------------------------------
---------------------------------------------------