Chapter(241)
သူတောင်းစား(1)
အဆိပ်ပြင်းမြွေလွတ်သွားတာနှင့် ဝူဝေ့ရွယ်ထံကို တိုက်ရိုက်ဘဲလျှောတိုက်လာခဲ့တယ်။
အဆိပ်ပြင်းမြွေသည် ဝူဝေ့ရွယ်ဖမ်းတာကို ခံခဲ့ရကတည်းက သူကအမျိုးမျိုးနှိပ်စက်ညှင်းပမ်းမှုတွေကို ကြုံခဲ့ရတယ်။ဝူဝေ့ရွယ်က မျက်နှာပျက်စီးစေတဲ့ အရည်ကိုဖော်ဖို့အတွက် သူ့တံတွေးကို အားသုံးပြီး အများကြီး ထုတ်ယူခဲ့တာကြောင့် သူ့သွေးတွေတောင် ပါခဲ့တယ်။ဒါကြောင့် မြွေကဝူဝေ့ရွယ်ကို အလွန်မုန်းတယ်။ဒီအချိန်က သူ့အတွက်ဒီမိန်းမကို သတ်ပစ်ဖို့ အကြီးမားဆုံးအခွင့်အရေးဘဲ။
ဝူဝေ့ရွယ်ရဲ့မျက်နှာက ဖြူရော်သွားပြီး သူကမြွေကို တိုက်ခိုက်ဖို့ အတွက်မှော်လက်နက်ကို ထုတ်ယူပြီး ရှန်းကျီယောင်းကို အော်လိုက်တယ်"အမေ အမေ သမီးကို ကယ်ပါ"
သူမက ဒီမြွေကို ဖမ်းဖို့ လူအများကြီး သုံးခဲ့ရတာဖြစ်တယ်။ပြီးတော့ သူမကလွှဲပြီး ကျန်တဲ့သူအားလုံးက သေသွားခဲ့တာဖြစ်တယ်။
မြွေက ဝူဝေ့ရွယ်က အကူအညီခေါ်နေတာကို တွေ့တော့ သူကဝူဝေ့ရွယ်ဆီကို တိုက်ရိုက်ဘဲ ခုန်လိုက်တယ်။
ဝူဝေ့ရွယ်က ကြောက်လန့်သွားပြီး လျှင်မြန်စွာ မှော်လက်နက်နဲ့ကာဖို့ လုပ်လိုက်တယ်။
မြွေက သူမရဲ့တိုက်ခိုက်မှုကိုရှောင်ရှားလိုက်ပြီး သူ့ရဲ့ပါးစပ်ကို ဖွင့်ပြီး သူမရဲ့မျက်နှာကို ကိုက်လိုက်တယ်။
ဝူဝေ့ရွယ်က အကာအကွယ်မှော်လက်နက်ကို ထုတ်ဖို့လုပ်လိုက်တဲ့ အချိန်မှာဘဲ ရုတ်တရက် လူတစ်ယောက်က သူမရဲ့ပခုံးကို ချုပ်ကိုင်ပြီး မြွေတည့်တည့်မှာ ရပ်နေစေလိုက်တယ်။
မြွေက သူမရဲ့မျက်နှာကို ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး အသားစပါသွားတဲ့ အချိန်မှ လွတ်ပေးလိုက်တယ်။
ဝူဝေ့ရွယ်က နာကျင်စွာနဲ့ သူမရဲ့ပခုံးကို ချုပ်ကိုင်ထားတဲ့ သူကို ကြည့်လိုက်တယ်။သူမက သူမမြင်ရတာကို မယုံနိုင်ဘူး။ဒါက သူမကလေးဘဝကတည်းက ချစ်ခင်အလိုလိုက်ခဲ့တဲ့ သူမအဘိုးဖြစ်နေတယ်။
ဝူချန်ဇီက ခြားနားမှုမရှိစွာဘဲ သူမရဲ့ပခုံးကို လွတ်ပေးလိုက်တယ်။
ဝူဝေ့ရွယ်က ချက်ချင်းဘဲ မြေကြီးပေါ် လဲကျသွားတယ်။သူမရဲ့မျက်နှာက တံတွေးကြောင့် မျက်နှာပေါ်က အရည်ပြားတိုင်းက ပုတ်လာတယ်။ဝူဝေ့ရွယ်က သူမရဲ့မျက်နှာကို လက်နှင့်ကာလိုက်ပြီး နာကျင်စွာ အော်လိုက်တယ်"ငါ့မျက်နှာ ငါ့မျက်နှာ အမေ ငါ့မျက်နှာက အရမ်းနာတယ်"
သူမကနာကျင်စွာ မြေကြီးပေးမှာ လူးလိမ့်နေတယ်။တစ်ခဏအတွင်းမှာဘဲ သူမရဲ့မျက်နှာက ပုတ်သွားပြီး သွေးတွေနဲ့ပုတ်နေတဲ့မျက်နှာသာကျန်ရစ်တယ်။
"ဝေ့ရွယ် ဝေ့ရွယ်"ရှန်းကျီယောင်းက လူးလိမ့်နေတဲ့ ဝူဝေ့ရွယ်နားကို ပြေးသွားလိုက်ပြီး"ဝေ့ရွယ် အဆင်ပြေရဲ့လား?"
သူက ဝူဝေ့ရွယ်ကိုလှည့်လိုက်တဲ့ အခါမှာ ဝူဝေ့ရွယ်ရဲ့ပုတ်နေတဲ့မျက်နှာကြောင့် လွတ်ချမိလိုက်တယ်။
ဆောင်ရန်က ဝူဝေ့ရွယ်ဖြစ်နေတာကို ကြည့်ပြီးပျော်ရွှင်နေတယ်။
ယိုမိသားစုက ဝူချန်ဇီက သူသဘောထား ဒီလောက်မြန်မြန်ပြောင်းသွားတာကို ထိတ်လန့်သွားတယ်။သူက တစ်ဘဝလုံးချစ်မြတ်ခဲ့တဲ့ မြေးမကိုတစ်ခဏအတွင်းမှာဘဲ သူကိုယ်တိုင် မြွေထံရပ်တန့်စေ၍နာကျင်စေပြီး သူမကိုလုံးဝဂရုမစိုက်တော့ဘဲ ပစ်ထားလိုက်တယ်။
သူတို့က ဝူချန်ဇီရဲ့ရုတ်တရက်ပြောင်းလဲသွားမှုကို ဘာမှမတတ်နိုင်ဘူး။
ဝူချန်ဇီက ယိုမိသားစုကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးမေးလိုက်တယ်"မင်းတို့အခုကျေနပ်ပြီလား?"
"......."ယိုမိသားစု
"မင်းတို့ ဘာမှမပြောဘူးဆိုတော့ ငါကဘဲ သဘောတူတယ်လို့ သတ်မှတ်လိုက်မယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး မင်းတို့ ဘာမှ ထပ်ပြောစရာမလိုတော့ဘူး"ဝူချန်ဇီက တင်းမာစွာပြောလိုက်တယ်။
ယိုဂျင်းဟူက ခေါင်းငြိမ့်လိုက်ပြီး သူ့မိသားစုနှင့်အတူ ထွက်သွားကြတယ်။
ဝူချန်ဇီက ခိုးကြောင်ခိုးဝှက်နှင့် ထွက်သွားမလို့လုပ်နေတဲ့ မြွေကို ခင်ထန်စွာ စိုက်ကြည့်လိုက်ပြီးအော်လိုက်တယ်" အယုတ်တမာကောင် ရပ်လိုက်စမ်း!"
သူ့လက်ကိုလှုပ်ရှားလိုက်ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ မြွေကအပိုင်းအစတွေအဖြစ်ပြောင်းလဲသွားတယ်။
ဝူချန်ဇီက ငိုကြွေးနေတဲ့ သားအမိကို ကြည့်လိုက်ပြီးပြောလိုက်တယ်"ငါ ဝေ့ရွယ်ရဲ့မျက်နှာကို ကုသဖို့ အကောင်းဆုံး သမားတော်ကို သွားရှာပေးမယ်"
အဲဒီနောက်မှာတော့ သူကတံခါးနားကိုလျှောက်လာပြီး သူကအပြင်မထွက်ခင် ဆောင်ရန်ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ဆောင်ရန်က ကြောက်လန့်စွာ မြေကြီးပေါ်လဲကျသွားတယ်။ဝူချန်ဇီက သူမကိုအရမ်းကို မုန်းနေလောက်ပြီ။
ဝူဝေ့ရွယ်က အဲဒီညမှာဘဲ ပျောက်ကွယ်သွားခဲ့တယ်။
သုံးရက်ကြာပြီး မနက်ခင်းအချိန်မှာ ဝူရုန်နှင့်ဟေးရွမ်ရီက မနက်စာစားပြီးနောက် လင်းမိုဟန်စီက စာတစ်စောင်ရရှိခဲ့တယ်။သူက သူတို့နှင့် မြို့တော်က အကြီးဆုံးစားသောက်ဆိုင်ဖြစ်တဲ့ ရီပင်းရှင်း စားသောက်ဆိုင်မှာ တွေ့ဆုံလိုတာဖြစ်တယ်။ဒါပေမဲ့ သူကဘာကြောင့်တွေ့ချင်တယ်ဆိုတဲ့ အသေးစိတ်အကြောင်းပြချက်ကိုတော့ မပြောထားဘူး။
ဝူရုန်က လင်းမိုဟန်က သူတို့ကိုတွေ့ချင်တယ်ဆိုတာကြောင့် အံ့သြသွားတယ်။သူတို့က ရီပင်းရှင်းကိုရောက်တော့ ဧည့်သည်တွေက စားသောက်ဆိုင်ထဲကို ဝင်ထွက်သွားလာနေကြတယ်။ပြီးတော့ သူတောင်းစားတွေ အများကိုလည်းတွေ့လိုက်ရတယ်။စားပွဲထိုးက သူတောင်းစားတွေကို မောင်းထုတ်နေတယ်။ဒါပေမဲ့ သူတောင်းစားတစ်ယောက်ကိုတော့ ဆိုင်ရဲ့ဝင်ပေါက်နားက တိုင်မှာချည်ထားပြီး သူ့ကိုတော့ စားပွဲထိုးတွေနှင့်ဆိုင်ရှင်က မောင်းမထုတ်ဘူး။
ဝူရုန်က သူတောင်းစားကို တစ်ချက်သာ ကြည့်လိုက်ပြီး သူနှင့်ဟေးရွမ်ရီက ရထားလုံးပေါ်က ဆင်းလိုက်တယ်။သူတောင်းစားက ညစ်ပေနေတဲ့အဝတ်အစားတွေကို ဝတ်ထားပြီး သူ့ရဲ့ဆံပင်တွေကလည်း ရှုပ်ပွနေတယ်။သူ့ရဲ့မျက်နှာက ပုတ်နေပြီး လူတစ်ယောက်ရဲ့မျက်နှာလို့တောင် ပြောဖို့ခက်တယ်။သူ့ရဲ့လက်တွေ ခြေတွေကလည်း ပျော့ခွေစွာရှိနေတာကြောင့် သူ့ရဲ့လက်တွေ ခြေထောက်တွေက ကျိုးနေတယ်ဆိုတာ သိနိုင်တယ်။သူ့ရဲ့မျက်ဝန်းတွေက မဲမှောင်နေပြီး ဖြတ်သွားဖြတ်လာတွေကို စိုက်ကြည့်နေတယ်။
ဒါပေမဲ့ သူကဝူရုန်နှင့်ဟေးရွမ်ရီကိုတွေ့တော့ သူကရုတ်တရက် အသံတစ်သံထွက်ပေါ်လာပြီး သူ့ရဲ့မျက်နှာကို ကွယ်လိုက်တာကြောင့် သူ့ကို ကြည့်ရတာ တစ်စုံတစ်ခုကို သတိရသွားပုံပေါ်တယ်။
ဟေးရွမ်ရီက မျက်မှောင်ကြုတ်ပြီး ဝူရုန်ကို ကာကွယ်ပြီး စားသောက်ဆိုင်ထဲကို ဝင်သွားလိုက်ပြီး လင်းမိုဟန်က ကြိုတင်မှာထားတဲ့ သီးသန့်ခန်းကို သွားလိုက်ကြတယ်။အခန်းထဲမှာတော့ တစ်ယောက်မှ မရှိဘူး။ဒါပေမဲ့ မှတ်စုတစ်ခုရှိပြီး ဝူရုန်နှင့်လင်းမိုဟန်တို့နှစ်သက်တဲ့အစားအစာတွေကို မှာယူထားနိုင်ကြောင်းရေးထားတယ်။
ပြီးတော့ မှတ်စုထဲမှာဝင်ပေါက်မှာ သူတောင်းစားတစ်ယောက်ကိုတွေ့ခဲ့သလား?ထိုသူတောင်းသားကို သိသလားဟုမေးထားသေးတယ်။
ဝူရုန်က အံ့အာသင့်သွားတယ်။သူကအစကတည်းက စားသောက်ဆိုင်ရဲ့ဝင်ပေါက်မှာ သူတောင်းစားကို ဘာကြောင့်ချည်ထားတာလဲဆိုတာ သိချင်နေတာဖြစ်ပြီး အခုလိုမေးထားတော့ အံ့သြသွားတယ်။
မှတ်စုပေါ်က နောက်ဆုံးစကားလုံးကတော့"ရွယ်"လို့ရေးထားတာဖြစ်တယ်။
ဝူရုန်က စောင်းကြည့်လိုက်ပြီး ဒါက.......ဖြစ်နိုင်လား?
ဟေးရွမ်ရီက မှတ်စုကို ဖတ်ကြည့်လိုက်ပြီး"အောက်ထပ်က သူတောင်းစားက ဝူဝေ့ရွယ်လား?"
သူ့နောက်လိုက်တွေက ဝူဝေ့ရွယ်က ပျောက်သွားတဲ့အကြောင်း တင်ပြဖူးတယ်။ဒါပေမဲ့ သူတို့ကဒါကဝူချန်ဇီက သူမကိုဆေးကုသဖို့ တစ်နေရာကို ပို့ထားတယ်ဟုသာ တွေးခဲ့ကြတာဖြစ်ပြီး ဒီအကြောင်းကိုနောက်ပိုင်းမှာလည်း မစုံစမ်းတော့ဘူး။
----------------------------------------------------------------------------
Chapter(242)
သူတောင်းစား(2)
တစ်မြို့လုံးက ဝူဝေ့ရွယ်ရဲ့မျက်နှာက အဆိပ်ပြင်းမြွေကိုက်ခံရရတယ်ဆိုတာ သိကြတယ်။ဒါကြောင့် ဝူချန်ဇီက ဝူဝေ့ရွယ်ကို တိတ်တဆိတ် ဆေးကုသမှုခံရဖို့အတွက် လုပ်ပေးဖို့မလိုအပ်ဘူး။ဖြစ်နိုင်ချေရှိတာက သူမပြန်ပေးဆွဲခံရတာဖြစ်နိုင်တယ်။ဒီအတွက်ကြောင့်ဘဲ ဘာကြောင့် ရှန်းကျီယောင်းက သူမကိုနေရာတိုင်းမှာ စိုးရိမ်စွာ လိုက်ရှာနေတာလဲဆိုတာ ဖြစ်တယ်။
"ဒါဆို လင်းမိုဟန်က သူမကို အဝေးကို ခေါ်သွားတာပေါ့"ဝူရုန်ကပြောလိုက်တယ်။
သူကပြုံးလိုက်ပြီး"အတိအကျကို သူလုပ်လိုက်တာဘဲ။သူက ကျွန်တော့်အတွက် ကလဲ့စားချေပေးလိုက်တာလား?"
ဟေးရွမ်ရီက မှတ်စုကိုစိတ်စွမ်းအင်သုံးပြီး လောင်ကျွမ်းလိုက်စေတယ်။
"သွားစို့...အနီးကပ်သွားကြည့်ရအောင်"ဝူရုန်က ဟေးရွမ်ရီကိုဆွဲခေါ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။သူတို့ သူတောင်းစားအရှေ့မှာ ရပ်တန့်လိုက်ပြီး ကြည့်လိုက်တော့ သူတောင်းစားက ညစ်ပေနေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်ဆိုတာဘဲ။
သူကငွေတုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး သူတောင်းစားရဲ့ခွက်ထဲကိုထည့်ပေးလိုက်တယ်။ခွက်နှင့်ငွေတုံးရိုက်ခတ်လိုက်တဲ့ အသံက သူတောင်းစားကို ဆွဲဆောင်သွားပြီး သူမကမော့ကြည့်လာခဲ့တယ်။
ဒါပေမဲ့ သူမက ဝူရုန်နှင့်ဟေးရွမ်ရီကို မြင်တာနဲ့ ချက်ချင်းဘဲ အကြည့်လွှဲလိုက်တယ်။
ဝူရုန်ကလှောင်လိုက်တယ်"ဘယ်လိုတောင်ထူးဆန်းတဲ့ သူတောင်းစားလဲ?ကျေးဇူးတင်ပါတယ်လို့ပြောရယ့်အစား မင်းကတော့ အကြည့်လွှဲနေတယ်"
တံခါးနားမှာထိုင်နေတဲ့လူက ချက်ချင်းထလာပြီး သူတောင်းစားကို ပြင်းထန်စွာ ကန်လိုက်တယ်။သူတောင်းစားက နာကျင်စွာနဲ့မြေကြီးပေါ်လဲကျသွားတယ်။
"ဒီသခင်လေးက မင်းကိုငွေပေးနေတာကို မင်းက ဘာကြောင့်အသံတစ်သံတောင်မထွက်ရလဲ?"
အဲဒီလူက ဝူရုန်ကိုတောင်းပန်လိုက်တယ်"တောင်းပန်ပါတယ် ဆရာ သူအနေတယ်။စကားမပြောနိုင်ဘူး"
"အိုး!အနေတာလား?"ဝူရုန်ရဲ့နှုတ်ခမ်းတွေက ကော့တက်သွားတယ်။
"ဟုတ်တယ်။သူမ လျှာမရှိဘူး။ဒါ့ကြောင့် စကားမပြောနိုင်ဘူး"
သူတောင်းစားက မော့ကြည့်လာပြီး အဲဒီလူကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာတယ်။
အဲဒီလူက နှာခေါင်းရှုံ့လိုက်ပြီး"ငါ့ကို စိုက်ကြည့်နေတာရပ်လိုက်!မဟုတ်ရင် ငါက မင်းရဲ့မျက်လုံးတွေကို ကော်ထုတ်ပစ်မယ်"
သူတောင်းစားက ကြောက်လန့်စွာနဲ့ ကိုယ်ကိုကျုံ့သွားတယ်။
ဝူရုန်က ဟေးရွမ်ရီကိုပြောလိုက်တယ် "ရွမ်ရီ ခင်ဗျား ဒီသူတောင်းစားရဲ့မျက်လုံးတွေက ဝူဝေ့ရွယ်ရဲ့မျက်လုံးတွေနဲ့ တူတယ်လို့မထင်ဘူးလား?"
သူတောင်းစားက "ဝူဝေ့ရွယ်"ဆိုတဲ့ အမည်ကိုကြားတာနဲ့တုန်ရီလာပြီး ကိုယ်ကိုပိုပြီးကျုံဝင်သွားတယ်။ဝူရုန်ပြောလိုက်တဲ့ စကားကြောင့် သူမကရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိလာသလိုမျိုးဘဲ။
"အင်း...သူမက သူမနဲ့တူတယ်"ဟေးရွမ်ရီက သဘောတူလိုက်တယ်။
သူတောင်းစားက နောက်ကိုဆုတ်ဖို့ ကြိုးစားပေမဲ့ သူမကျရှုံးသွားတယ်။သူမလုပ်နိုင်တာ အများဆုံးက အော်ရုံသာတတ်နိုင်တယ်။
ဝူရုန်က သူတောင်းစားက ဝူဝေ့ရွယ်ဆိုတာ ပြောနိုင်သွားတယ်။သူက အပြုံးကြီးကြီး ပြုံးလိုက်ပြီး ပြောလိုက်တယ်"သူမက ဘာကြောင့် ဒီလောက်ထိစိတ်လှုပ်ရှားနေတာလဲ?ဖြစ်နိုင်တာက သူမကမိန်းကလေးဝူကို သိလို့လား?မိန်းကလေးဝူက လှပတဲ့မိန်းကလေးဘဲ။အခုချိန်မှာ သူမကလှသေးလားဆိုတာ မပြောနိုင်ပေမဲ့ပေါ့။ဒါပေမဲ့ သူမက တော်ဝင်မိသားစုက မိန်းကလေးလေ။မင်းက သူမနဲ့သိတာဖြစ်နိုင်လို့လား?"
သူတောင်းစားရဲ့မျက်ဝန်းတွေက နီရဲလာပြီး သူမက စူးစူးဝါးဝါးအော်ချင်နေတာကို ထိန်းချုပ်ထားပုံရတယ်။
ဝူရုန်က ငွေတစ်တုံးကို ပန်းကန်လုံးထဲထပ်ထည့်ပေးလိုက်ရင်း "တကယ်လို့မင်းက ဝူဝေ့ရွယ်လို မြင့်မားတဲ့အဆင့်အတန်းရှိခဲ့ရင်တောင် သူမလိုတော့ အမျိုးသားချင်းလက်ထပ်ထားတဲ့ အမျိုးသားတစ်ယောက်ကိုတော့ အတင်းလိုက်ကြိုက်မှာ မဟုတ်ဘူးမလား?"
သူတောင်းစားက အေးခဲသွားပြီး စိုက်ကြည့်လိုက်တော့ ဝူရုန်ရဲ့မျက်ဝန်းထဲမှာ လှောင်ပြောင်သရော်မှုတွေပြည့်နေတာကို တွေ့လိုက်ရတယ်။ဝူရုန်က သူမကိုမှတ်မိတယ်။
"အူးဝူး..."သူမကကျယ်လောင်စွာအော်လိုက်တယ်။ဝူရုန်က သူမကိုပြန်ပေးဆွဲခဲ့ပြီး သူမရဲ့လျှာကိုဖြတ်ခဲ့တာ သူမရဲ့စိတ်စွမ်းအင်နယ်မြေကိုဖျက်စီးခဲ့တာ သူမရဲ့ခြေလက်တွေကိုချိုးပစ်ပြီး အသုံးမကျတဲ့မိန်းမတစ်ယောက်ဖြစ်အောင် လုပ်တာဖြစ်မယ်။သူကြောင့်သာ မဟုတ်ရင် သူမက တောင်ဝင်မိသားစုဝင်ဖြစ်နေအုံးမှာဘဲ။သူမက သူတောင်းစားဖြစ်လာကတည်းက တစ်ယောက်ကမှ သူမကိုမှတ်မိတာမဟုတ်ဘူး။
သူမက ပိုပိုပြီးစိတ်လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်ကို ဝူရုန်စီကိုတိုးဖို့ကြိုးစားလိုက်တယ်။
ငါမင်းကိုသတ်မယ်!ငါမင်းကိုသတ်မယ် ဝူရုန်!!!!
သူမရဲ့မျက်လုံးတွေက နီရဲလာပြီး အမုန်းတရားတွေပြည့်လာတယ်။
အဲဒီလူက သူမရဲ့ခြေထောက်ကို ကန်လိုက်ပြီး သူမကနာကျင်စွာအော်လာတော့ "ပါးစပ်ပိတ်ထားစမ်း!!မင်းက ဒီသခင်လေးကို လန့်သွားစေလိမ့်မယ်။နောက်တောင်ကျတော့မယ်။ငါတို့မြို့ထဲက ထွက်ဖို့အချိန်ကျပြီ"
"မြို့ထဲကထွက်သွားမလို့လား?"ဝူရုန်ကမေးလိုက်တယ်။
"ဟုတ်တယ်...ကျွန်တော် သူမကို တခြားမြို့မှာ သွားရောင်းစားမလို့"အဲဒီလူက ပြန်ဖြေလိုက်ပြီး သူက သူတောင်းစားကို ခွေးတစ်ကောင်လို ကြိုးနဲ့ ဆွဲသွားလိုက်ပြီး"အအမ! သွားစမ်း!"
သူတောင်းစားက ဝူရုန်ကို မုန်းတီးနာကျင်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။
ဝူရုန်က ဟေးရွမ်ရီရဲ့လက်မောင်းကို ဆွဲလိုက်ပြီး"ရွမ်ရီ သွားစို့"
သူတောင်းစားရဲ့အရှေ့မှာဘဲ ဟေးရွမ်ရီက ဝူရုန်ကို ကာကွယ်ပြီး ရထားလုံးထဲကို ခေါ်သွားလိုက်တယ်။
သူတောင်းစားက သူတို့ပျောက်သွားတဲ့အချိန်ထိ စူးစူးဝါးဝါးအော်နေတုန်းဘဲ။အဲဒီအမျိုးသားက သူမကိုဘဲ ထောက်ပံ့ပေးသင့်တာ။သူကို့ သူမဘဲပိုင်ဆိုင်သင့်တာ။
"ပါးစပ် ပိတ်ထားစမ်း!မင်းကခွေးလား?"အဲဒီလူက သူတောင်းစားကို ကြိုးကနေဆွဲပြီး ဒရွတ်တိုက် ဆွဲခေါ်သွားလိုက်တယ်။ဖြတ်သွား ဖြတ်လာတွေက သူတောင်းစားကိုကြည့်ပြီး စာနာသနားလာကြတယ်။
ရထားလုံးထဲမှာတော့ ဝူရုန်က အော်နေအသံကို ကြားတော့ ဟေးရွမ်ရီရဲ့လက်မောင်းထဲကို တိုးဝေ့ဝင်ရောက်လာပြီး မေးလိုက်တယ်"ရွမ်ရီ ကျွန်တော်က မကောင်းတဲ့ သူလို့ထင်လား?"
-------------------------