Chapter(224)
မွန်းစတားကလန်မှအမျိုးသား(1)
ကျင်းရှင်က မျက်တောင်တစ်ခတ်အတွင်းမှာဘဲ နောက်ကို ဆုတ်သွားပြီး ဝူရုန်ကိုမေးလိုက်တယ်"မင်း ဘယ်လိုလုပ်ပြီး ငါ့ရဲ့စိတ်စွမ်းအင်ကို စုတ်ယူရဲရတာလဲ?"
ဝူရုန်က သူ့ရဲ့ခန္ဓာကိုယ်က ဒီလိုထပ်ပြီးတော့ ဖြစ်သွားတာကို မယုံကြည်နိုင်ဘဲ မေးလိုက်တယ်"ငါ မင်းရဲ့စိတ်စွမ်းအင်ကို စုတ်ယူလိုက်တာလား?"
ဒါကအတိအကျကို ဝူချန်ဇီရဲ့မွေးနေ့ဧည့်ခံပွဲတုန်းက တခြားစိတ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး ပေါင်းစပ်သွားတဲ့ ခံစားချက်နှင့်အတူတူဘဲ။
"တကယ်ကိုဘဲ မင်းပေါ့"ကျင်းရှင်က မြေပေါ်ကိုဆင်းလိုက်တယ်။
ကံကောင်းစွာနှင့်ဘဲ သူက သူ့ရဲ့စိတ်စွမ်းအင်တွေအားလုံးကို မစုတ်ယူနိုင်လိုက်ခင် အချိန်မှီနောက်ဆုတ်လိုက်နိုင်တယ်။
"ငါက ရုတ်တရက်ကြီးငါ့ရဲ့ခန္ဓာကိုယ်ထဲကို ငါနဲ့ မသက်ဆိုင်တဲ့ စိတ်စွမ်းအင်တွေ ဝင်ရောက်လာတာကို ခံစားရတယ်။ဒါပေမဲ့..."ဝူရုန်က စိတ်ရှုပ်စွာဆက်ပြောလိုက်တယ်"ဒါပေမဲ့ ငါကဘယ်လိုလုပ်လိုက်တာလဲဆိုတာ မသိဘူး"
"ငါက ဘယ်လိုသိမှာလဲ?"ကျင်းရှင်က ဝူရုန်ကိုယ်တိုင်ကလည်း မသိဘူးဆိုတာကြောင့် သူ့ရဲ့ဒေါသက လျော့ကျသွားတယ်"မင်းမှာ စိတ်စွမ်းအင်ကို စုတ်ယူတဲ့ မှော်လက်နက်ရှိတာလား?"
ဝူရုန်က ခေါင်းခါလိုက်ပြီးပြောလိုက်တယ်"တကယ်လို့ငါ့မှာသာ အဲဒီမှော်လက်နက်ရှိရင်တောင် မင်းနဲ့ဥကလေးရှိက စိတ်စွမ်းအင်တွေကို စုတ်ယူပါ့မလား?"
တကယ်လို့သူ့မှာသာ ကျင်းရှင်ပြောသလိုမျိုး အဖိုးတန်မှော်လက်နက်ရှိရင် သူက အခြားလူတွေစီကဘဲ စိတ်စွမ်းအင်တွေကိုဘဲ စုပ်ယူမှာပေါ့!
ဒါကိုကြားတော့ ကျင်းရှင်က သတိဝင်သွားတယ်။ရုတ်တရက် ကျင်းရှင်က စိတ်ခံစားမှုတစ်ခုရလိုက်ပြီးပြောလိုက်တယ်"ငါ့အကြောင်းကို လျှောက်မပြောနဲ့"သူကပြောပြီးတာနှင့်လျှင်မြန်စွာ ပျောက်ကွယ်သွားလိုက်တယ်။
နောက်တော့ ကျင်းရှင် ရပ်နေတဲ့ နေရာမှာ အမဲရောင် အရိပ်တစ်ခုက ပေါ်ပေါက်လာတယ်။
ဒါက ချောမောတဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်။သူ့ရဲ့ရှည်လျားတဲ့ဆံပင်တွေက နောက်ကျောမှာ ဖြန့်ချထားတယ်။သူ့ရဲ့မျက်ခုံးတွေက ထူထဲပြီးရှည်သွယ်တယ်။သူ့ရဲ့မျက်လုံးတွေက အဖြူရောင်လုံးဝမရှိဘဲ နက်မှောင်နေတယ်။သူ့ရဲ့ဝတ်စုံက အနီရောင်ဖြစ်ပြီး နတ်ဆိုးတွေရဲ့ သင်္ကေတကို ပန်းထိုးထားတယ်။သူ့ရဲ့ရှည်သွယ်တဲ့ လက်ချောင်းတွေမှာ အနီရောင်ကျောက်စိမ်းပုလွေကို ကိုင်ထားတယ်။သူ့ကိုကြည့်ရတာ လူကြီးလူကောင်းပုံပေါ်ပေမဲ့ ဆိုးသွမ်းတဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားပုံလည်းပေါ်တယ်။
ဝူရုန်က ဒီလူကမွန်းစတားကလန်ကဆိုတာ မှတ်မိလိုက်တာနှင့် သူကလျှင်မြန်စွာ ဥကလေးကို သူ့လက်မောင်းထဲမှာ ကာကွယ်ထားလိုက်တယ်။
ဒီအမျိုးသားက ကွဲကြေနေတဲ့ကျောက်တုံးတွေကို ကြည့်လိုက်ပြီး အေးစက်စွာမေးလိုက်တယ်"ကျင်းရှင် ဘယ်မှာလဲ?"
ဝူရုန်က ကျင်းရှင်က သူမပျောက်ကွယ်သွားခင် ပြောခဲ့တာကို သတိရသွားတယ်။သူက သတိထားနေတဲ့မျက်နှာ အမူအရာဟန်ဆောင်ပြီး အဲဒီလူကို ခိုင်မာစွာစိုက်ကြည့်လိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ ဒီလူက ဒီကိုရောက်ကတည်းက ဘာကြောင့်ကျင်းရှင်က ထွက်သွားပြီဆိုတာ မသိရတာလဲဆိုပြီး တွေးနေတယ်။ပြီးတော့ ကျင်းရှင်က ဘယ်လိုလုပ်ပြီး ဒီလူရဲ့စိတ်ဝင်စားမှုကို ရသွားရတာလဲဆိုတာ တွေးနေတယ်။
ဥကလေးက ကြည့်လိုက်ပြီး သူကမျက်တောင်ခတ်လိုက်ပြီး မေးလိုက်တယ်"အဘိုး အဘိုးက ဘာကိုပြောတာလဲ?"
အဘိုးဟုတ်လား?အဲဒီအမျိုးသားက ကလေးကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။
ဝူရုန်ရဲ့နှုတ်ခမ်းတွေက လှုပ်သွားတယ်။ဥကလေးက တကယ်ကိုဘဲပြောရဲဘဲ!
ဒီလူက ဝူရုန်ရဲ့အနီးကိုပျံသန်းလာပြီး ဥကလေးကို ခက်ထန်စွာ စိုက်ကြည့်လိုက်တယ်။
ဝူရုန်က ဥကလေးကို သူ့လက်မောင်းထဲမှာ ပိုပြီးတင်းကျပ်စွာ ကာကွယ်ထားလိုက်တယ်။
အဲဒီအချိန်မှာဘဲ အနက်ရောင်အလင်းတန်း တစ်ခုက နတ်ဆိုးဆန်သည့်အမျိုးသားထံကို ပစ်လွင့်လာတယ်။
အဲဒီအမျိုးသားက ချက်ချင်းသတိထားမိပြီး ဝူရုန်ရဲ့အဝေးကို ခုန်ဆုတ်လိုက်တယ်။
အဲဒီနောက်မှာတော့ နက်ပြာရောင်ဝတ်ထားတဲ့အမျိုးသားက ဆင်းသက်လာပြီး ဝူရုန်နှင့်ဝူရုန်တင်းကျပ်စွာဖက်ထားတဲ့ ဥကလေးကို သူ့နောက်ကို ပို့လိုက်တယ်။
ဥကလေးရဲ့မျက်လုံးတွေက တောက်ပလာပြီးခေါ်လိုက်တယ်"ဖေဖေ"
ဟေးရွမ်ရီက သူ့နောက်ကို စောင်းကြည့်လိုက်ပြီးမေးလိုက်တယ်"မင်းတို့ အဆင်ပြေရဲ့လား?"
သူက အကာအကွယ်အစီအရင်ကို ကျူးကျော်ခံရတယ်လို့ခံစားမိတာကြောင့် ဒီကိုအပြေးအလွားလာခဲ့တာဖြစ်တယ်။
"ကျွန်တော်တို့အဆင်ပြေတယ်"ဝူရုန်က စိတ်သက်သာရာရသွားတယ်။
အဲဒီအမျိုးသားက ဥကလေးကိုကြည့်လိုက်တယ်။ပြီးတော့ ဟေးရွမ်ရီကိုထပ်ကြည့်လိုက်ပြီး မေးလိုက်တယ်"မင်းရဲ့သားလား?"
"ဟုတ်တယ်။မင်း ဒီနေရာကို ဘာကြောင့်ရောက်လာသလဲဆိုတာ သိခွင့်ရမလား?"ဟေးရွမ်ရီကပြောလိုက်တယ်။
အဲဒီအမျိုးသားက ဟေးရွမ်ရီက အလွယ်တကူရင်ဆိုင်လို့ရတဲ့သူမဟုတ်မှန်းသတိထားမိတာကြောင့်ပြောလိုက်တယ်"ကျုပ်က ကျုပ်ရဲ့အဖွဲ့ဝင်ကိုလာရှာတာ။သူကဒီမှာရှိသလား?သူ့ကိုသိသလား?"
"ကျုပ်တို့က မွန်းစတားကလန်ကဘယ်သူ့ကိုမှမသိဘူး"ဟေးရွမ်ရီကငြင်းဆန်လိုက်တယ်။
"တကယ်လား?"ဒီအမျိုးကဒါကိုလုံးဝမယုံပါဘူး။ဒါပေမဲ့သူကဟေးရွမ်ရီကို ကျော်ပြီး မလုပ်နိုင်တာကြောင့် သူကထွက်သွားရုံသာရှိတယ်။
ဟေးရွမ်ရီက နောက်လှည့်လိုက်ပြီး ဝူရုန်နှင့်ဥကလေးကို သူ့လက်မောင်းထဲမှာဖက်ထားလိုက်ပြီး သူတို့ခြံဝင်းကိုပြန်ခဲ့တယ်။သူတို့ အိပ်ခန်းထဲကိုပြန်ရောက်လာတဲ့အခါမှ မေးလိုက်တယ်"သူက ကျင်းရှင်ကိုလာရှာတာလား?"
"အင်း"ဝူရုန်က ခဏလောက်တွေးလိုက်ပြီးတော့ သူကကျင်းရှင်ရဲ့စိတ်စွမ်းအင်ကို စုတ်ယူလိုက်တဲ့အကြောင်းပြောပြဖို့ဆုံးဖြတ်လိုက်တယ်"ကျွန်တော် တခြားလူတွေရဲ့စိတ်စွမ်းအင်တွေကို ကျွန်တော့်ကိုယ်ပိုင်အဖြစ် စုပ်ယူနိုင်တယ်ထင်တယ်။ဒါပေမဲ့ကျွန်တော်က ဘယ်လိုလုပ်တာလဲဆိုတာတော့ မသိဘူး"
"မင်း ကိုယ့်ကို ကြိုးစားကြည့်လို့ရတယ်လေ"ဟေးရွမ်ရီကပြောလိုက်တယ်။
ဝူရုန်က ခေါင်းခါပြီးပြောလိုက်တယ်"ကျွန်တော်က ဒီပညာရပ်ကို ကျွမ်းကျင်တာ မဟုတ်ဘူး။တကယ်လို့ ခင်ဗျားရဲ့စိတ်စွမ်းအင်တွေအားလုံးကို စုတ်ယူမိရင် ဘယ်လိုလုပ်မလဲ?"
"ကျင်းရှင်ကတောင် နောက်ဆုတ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်ပါတယ်"ဟေးရွမ်ရီ ယုံကြည်ချက်ရှိစွာပြောလိုက်တယ်။
ဝူရုန်က မျက်မှောင်ကြုတ်လိုက်ပြီး သူကဘယ်နေရာနေ ဘယ်လိုစရမလဲဆိုတာ မသိဘူး။သူက ဟေးရွမ်ရီ၏ခန္ဓာကို်ယ်ကို စတင်ဖို့ ထိလိုက်ပြီး ဘာမှမဖြစ်လာပါဘူး။
ဟေးရွမ်ရီက ဒီအကြောင်းကိုတွေးလိုက်ပြီးပြောလိုက်ပါတယ်"ကျင်းရှင်ရဲ့စိတ်စွမ်းအင်ကို မစုတ်ယူခင် ဘာတွေလုပ်ကြသလဲဆိုတာ ကိုယ့်ကို ပြောပြ"
ဝူရုန်က သူတရားထိုင်တာကစပြီး ကျင်းရှင်ရဲ့စိတ်စွမ်းအင်ကို စုပ်ယူလိုက်တဲ့အထိ အရာရာတိုင်းကိုပြောပြလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ကရှည်လျားစွာပြောပြနေတာကို နားထောင်ပြီးနောက် သူကဝူချန်ဇီရဲ့မွေးနေ့မှာဖြစ်ခဲ့တာတွေကို ဆက်စပ်တွေးတောလိုက်ပြီး သူကစိတ်ကူးတစ်ခုဝင်လာကာပြောလိုက်တယ်"ကိုယ် ကိုယ်တို့ကလန်က လျှို့ဝှက်ပညာရပ်ကိုပြမယ်။ကိုယ့်ကိုကြည့်"
**************************************************************-*****************
Chapter(225)
မွန်းစတားကလန်မှအမျိုးသား(2)
ဝူရုန်က ဒီဘဝမှာဘဲဖြစ်ဖြစ် အရင်ဘဝမှာဘဲဖြစ်ဖြစ် ဟေးရွမ်ရီရဲ့လျှို့ဝှက်ပညာရပ်တွေကို ကြည့်ဖို့အတွက် အခွင့်အရေးများများမရခဲ့ဘူး။သူကနောက်ဆုံးမှာတော့ ဒါကိုမြင်တွေ့ခွင့်ရတော့မယ်။သူဘာတစ်ခုမှကို လွတ်သွားလို့မဖြစ်ဘူး။
ဟေးရွမ်ရီက သူ့ရဲ့လက်ချောင်းတွေကို သုံးပြီးလက်ဟန်အမူအရာ လုပ်ပြီး သူ့ရင်ဘတ်မှာ လက်တွေကိုကပ်ထားလိုက်ပြီးနောက် သူ့လက်ကိုရှေ့ကိုလွှဲလိုက်ပြီး သူ့ရဲ့လက်သုံးချောင်းနှင့် လေထဲမှာရှုပ်ထွေးတဲ့ အက္ခရာတွေကိုရေးဆွဲလိုက်ပြီးနောက် နောက်ဆုံးမှာတော့ သူ့လက်တွေကိုမြေကြီးပေါ်ကိုညွှန်ပြလိုက်တယ်။သူ့ရဲ့လှုပ်ရှားမှုတွေက သဘာဝကျကျဘဲ သိမ်မွေ့နေပြီး ကြည့်ကောင်းလှတယ်။
ဝူရုန်က ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာကိုစိုက်ကြည့်နေတယ်။အနက်ရောင် အလင်းတန်းတွေက ဟေးရွမ်ရဲ့ဝမ်းဗိုက်မှာ လည်ပတ်၍အထက်ကိုတက်ပြီး သူ့ရဲ့စိတ်စွမ်းအင်နယ်မြေမှာ သုံးကြိမ်လောက်လှည့်ပတ်နေပြီး ရုတ်တရက် အလင်းတန်းတွေရဲ့တောက်ပမှုက မလျော့နည်း သွားခင်မှာ အဲဒီအလင်းတန်းတွေက ယန်နေရာနှင့် ယုထင်းနေရာကို လည့်လည်စီးဆင်းသွားတယ်။
ဒါကိုကြည့်ရတာ ဟေးရွမ်ရီက သူ့ရဲ့စိတ်စွမ်းအင်တွေကို ထိန်းချုပ်လိုက်ပုံပေါ်တယ်။အဲဒီနောက်မှာတော့ အလင်းတန်းတွေက ယန်နေရာရဲ့ထပ်ကိုတက်သွားပြီး ယွင်မင် နှင့် ရှိုးရှန်းကနေတစ်ဆင့် ဟေးရွမ်ရီရဲ့ညာဘက်လက်မောင်းကိုရောက်သွားတယ်။နောက်ဆုံးမှာတော့ အလင်းတန်းတွေက သူ့ရဲ့လက်ချောင်းထိပ်တွေကနေထွက်ပေါ်လာတယ်။အဲဒီနောက်မှာတော့ မြေကြီးအောက်ကနေ တစ်ခုခုကထွက်ပေါ်လာချင်သလိုမျိုး မြေကြီးတွေက တုန်ခါလာတယ်။ရေကန်က ရေတွေက နောက်ကျိလာတယ်။
ရုတ်တရက် လက်မောင်းပုံအရိုးခြောက်ငါးခုက ရေကန်ထဲကနေထိုးထွက်လာပြီး ရေကန်ရဲ့အထက်မှာပေါ်လာတယ်။အဲဒီနောက်မှာတော့ အရိုးခြောက်တွေက ရေကန်ရဲ့အပြင်ကိုခုန်ထွက်လာပြီး ဝူရုန်နားကိုမရောက်ခင် မြေပေါ်မှာ ဆင်းလိုက်တယ်။
အဲဒီနောက်မှာတော့ သူတို့က လူပုံသဏ္ဍာန်အရိုးခြောက်ငါးခုအဖြစ်ပြောင်းသွားတယ်။
ဥကလေးက သူတို့စီကို စိတ်လှုပ်ရှားစွာပြေးသွားလိုက်ပြီး သူ့ရဲ့လက်ချောင်းတွေနှင့်အရိုးခြောက်တစ်ခုကိုထိကြည့်လိုက်တယ်။
အရိုးခြောက်က သူ့ကိုကောက်ယူလိုက်ပြီး လေထဲကိုလွင့်ပစ်လိုက်တယ်။
ဝူရုန်က အသက်တောင်မရှူရဲတော့ဘူး။
ဥကလေးက လေထဲမှာပစ်လွတ်ခံလိုက်ရတာကို တခစ်ခစ်ရယ်မောလိုက်ပြီး သူကမြေကြီးပေါ်ပြုတ်ကျမှာကို နည်းနည်းလေးတောင်မစိုးရိမ်ဘူး။သူကမြေကြီးနဲ့ထိမဲ့ တစ်စက္ကန့်လောက်လိုတဲ့အချိန်လောက်မှာဘဲ အရိုးခြောက်က သူ့ကိုဖမ်းလိုက်တယ်။
"သားသား ဒါကိုချစ်တယ်။အရမ်းပျော်စရာကောင်းတယ်"ဥကလေးကပျော်ရွှင်စွာပြောလိုက်ပြီး မြေကြီးပေါ်ကို လျောဆင်းလိုက်ပြီး ဟေးရွမ်ရီရဲ့ပေါင်ကိုပြေးဖက်လိုက်ပြီး ပြောလိုက်တယ်"ဖေဖေ သားသားကို ဒါသင်ပေး။သားသားက ဒါကိုသင်ချင်တယ်"
"ဖေဖေ အချိန်ရရင် သားကိုသင်ပေးမယ်"ဟေးရွမ်ရီက ဥကလေးကို ကြည့်ပြီးပြောလိုက်တယ်။
ဥကလေးက ပျော်ရွှင်သွားပြီး အရိုးခြောက်တွေနှင့်ကစားဖို့ ထပ်ပြီးပြေးသွားလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်နားကို တိုးကပ်လာခဲ့ပေမဲ့ ဝူရုန်က သူ့ရဲ့စိတ်စွမ်းအင်ကို စုတ်ယူလိုက်တာကို မခံစားရဘူး။
ဒါကစိတ်ရှုပ်စရာဘဲ။သူကဝူရုန်နားကို လျှောက်သွားလိုက်ပြီး သူ့ရဲ့အရိပ်က ဝူရုန်ရဲ့အရိပ်နှင့်ထိသွားတဲ့အချိန်မှာတော့ သူ့ရဲ့စိတ်စွမ်းအင် ထွက်သွားတာကို ခံစားလိုက်ရတယ်။
တစ်ချိန်ထဲမှာဘဲ ဝူရုန်က တခြားစိတ်အင်တွေက ဝင်ရောက်လာတာကို ခံစားလိုက်ရပြီး သူကဟေးရွမ်ရီနှင့်ဝေးရာကို လျှင်မြန်စွာနောက်ဆုတ်လိုက်တယ်။သူကဟေးရွမ်ရီကို ထိတ်လန့်စွာပြောလိုက်တယ်"ကျွန်တော် ခင်ဗျားရဲ့စိတ်စွမ်းအင်ကို စုပ်ယူလိုက်တယ်"
"အခုကိုယ်တို့က မင်းကအရိပ်ကနေတစ်ဆင့် စုတ်ယူတာကို သိလိုက်ပြီ"ဟေးရွမ်ရီကပြောလိုက်တယ်။
အရိပ်လား?ထပ်ပြီးတော့ အရိပ်ကြောင့်ဘဲ!သူ့ရဲ့လျှို့ဝှက်ပညာရပ်အားလုံးက အရိပ်နှင့်ဆက်နွယ်နေတာကြောင့် အံ့သြသွားတယ်။
ဟေးရွမ်ရီကဆက်ပြောလိုက်တယ်"မင်းကဒါကဘယ်လိုအလုပ်လုပ်တာလဲဆိုတာ မသိတာကြောင့် အခြားလူတွေရဲ့စိတ်စွမ်းအင်ကို လွယ်တကူစုတ်ယူနိုင်ခဲ့တာဘဲ။ဒါပေမဲ့ အခုဒါကိုမင်းနားလည်သွားတာကြောင့် အခြားလူတွေရဲ့စိတ်စွမ်းအင်ကို အလိုရှိတိုင်း စုတ်ယူနိုင်တော့မှာ မဟုတ်ဘူး"
"မင်းမှာ ဘယ်လိုစွမ်းရည်တွေရှိနေတာလဲ?ဒါကအရမ်းကို ပြုစားလွန်းတယ်"အနီရောင်ဝတ်စုံနှင့်လူကထွက်ပေါ်လာတယ်။
ဒါကကျင်းရှင်ဖြစ်တယ်။
"အဲဒီနတ်ဆိုးက ဘယ်သူလဲ?"ဝူရုန်ကမေးလိုက်တယ်။
"ငါစီက တစ်စုံတစ်ခုကိုခိုးချင်တဲ့ မကောင်းတဲ့ကောင်ဘဲ"ကျင်းရှင်ကပြောလိုက်တယ်။
သူကတစ်စုံတစ်ယောက်ကို ရှောင်ရှားချင်တဲ့အတွက် သူကသူ့ရဲ့စွမ်းရည်တွေကို အလွယ်တကူ မထုတ်သုံးခဲ့တာဖြစ်တယ်။
ဒါကြောင့် သူ့ရဲ့စွမ်းရည်တွေကို အသုံးပြုလိုက်တာက သူ့ကိုယ်သူရောင်းစားလိုက်တာနှင့်တူတယ်။
"မင်း ငါတို့ကိုထားပြီး တစ်ယောက်တည်း ထွက်သွားတယ်။သူ ငါတို့ကို သတ်လိုက်မှာ မင်းမစိုးရိမ်ဘူးလား?"ဝူရုန်ကမေးလိုက်တယ်။
"သူ့ရဲ့ပစ်မှတ်က ငါဘဲ။သူကအခြားလူတွေကို အကြောင်းပြချက်မရှိဘဲ သတ်မှာမဟုတ်ဘူး။ဒါ့အပြင် မင်းယောကျာ်းက ဒီနားမှာရှိကတည်းက သူမလုပ်နိုင်ဘူး"ကျင်းရှင်ကပြောပြီးသာနှင့် ဟေးရွမ်ရီကို ဆက်ပြောလိုက်တယ်"မင်းတို့ရဲ့အကာအကွယ် အစီအရင်က အဆင့်ခုနှစ်ထက်မြင့်တဲ့လူတွေကို တားဆီးဖို့ မလုံလောက်ဘူး။မင်း အဲဒီလိုလူမျိုးအဆင့်ကိုးရှိတဲ့သူတွေကို တားဆီးနိုင်တဲ့ ပိုကောင်းတဲ့အစီအရင် အကာအကွယ်တစ်ခုလုပ်သင့်တယ်"
ဟေးရွမ်ရီက သူ့ကိုဘဲစိုက်ကြည့်နေတယ်။
သူကတုတ်တုတ်မျှမလုပ်ကတည်းက ကျင်းရှင်က ဝူရုန်နှင့်ဥကလေးကိုသာ အကြောင်းပြချက် တစ်ခုအဖြစ်သုံးဖို့သာ ရွေးချယ်ဖို့ရှိပြီးပြောလိုက်တယ်"မင်းက မင်းရဲ့ဇနီးနဲ့မင်းသားကို မကောင်းတာတစ်ခုခုမဖြစ်စေချင်ဘူးဆိုရင် မင်းလုပ်သင့်တယ်။လူတိုင်းအတွက် အကောင်းဆုံးဖြစ်စေဖို့ ပိုကောင်းတဲ့အစီအရင် အကာအကွယ်တစ်ခုလိုအပ်တယ်လို့ မင်းမထင်ဘူးလား?"
ဟေးရွမ်ရီက ဒီအကြောင်းကို ခဏလောက်တွေးလိုက်ပြီး သူကအကာအကွယ်အစီအရင်လုပ်ဖို့ထွက်သွားလိုက်တယ်။
"မင်းက အခြားလူတွေကို ကောင်းကောင်း ကြိုးကိုင်ချယ်လှယ်တတ်တာဘဲ"
********************************************************************