Ch(209+210)
Chapter(209)
မင်းကအထီးလား(1)
မကြာခင်သူတို့အိမ်တော်ကိုပြန်ရောက်လာပြီး အိမ်တော်ထဲကို ဝင်လာတဲ့အချိန်မှာ ဂေါင်တုန်က သူတို့ကို ခန်းမအပြင်မှာထွက်ပြီး စောင့်နေတာကိုတွေ့လိုက်ရတယ်။
"ရှင်တို့ ဘာဖြစ်လို့နောက်ကျနေတာလဲ?ပြသနာတစ်ခုခုရှိလို့လား?"
ဝူချွင်ချင်ကရှင်းပြလိုက်တယ်"ကိုယ်တို့က ကိုယ့်အဖေကို ဝူမိသားစုကို ပို့ပြီးတော့ ဈေးဝယ်ထွက်နေတာ။ဒါကြောင့်အချိန်ပိုကြာသွားတာ"
ဂေါင်တုန်က စိတ်သက်သာရာရသွားပြီး"ရှင်တို့လုံခြုံတယ်ဆိုရင် အဆင်ပြေပြီ။ရှင့်ရဲ့မိဘတွေကရော ဘယ်လိုနေလဲ?"
ဝူချွင်ချင်က သက်ပြင်းချလိုက်ပြီးပြောလိုက်တယ်"ကိုယ့်အဖေက မျက်စိတစ်ဖက်ဆုံးရှုံးသွားတယ်။ကိုယ့်အမေက ခြေထောက်နှစ်ချောင်းလုံးမရှိတော့ဘူး။သူမက လမ်းလျှောက်ဖို့အတွက် ပြသနာဖြစ်သွားပြီ"
ဂေါင်တုန်ကတိတ်ဆိတ်သွားတယ်။
အရင်တုတ်းကဆိုရင်တော့ သူမက ဝူချွင်ချင်ကို သူ့မိဘတွေကိုဂရုစိုက်ဖို့အကြံပေးပါလိမ့်မယ်။
"အမေ ရွမ်ရီ ဘယ်မှာလဲ?"ဝူရုန်ကမေးလိုက်တယ်။
"ဟေးရှင်းပြောတာတော့ သူကစာကြည့်ခန်းထဲမှာ စာဖတ်နေတာတဲ့"
ဝူရုန်ကအနောက်ဘက်ခြံဝင်းထဲကိုလျှောက်လာတော့ ဥကလေး ကျင်းရှင် ကွတ်ခူးနဲ့ ဟွမ်ရီတို့က ညစာစားဖို့ပြေးလာတာကိုတွေ့လိုက်ရတယ်။
"ပါးပါး ပါးပါး"ဥကလေးက ဝူရုန်ထံကိုပြေးလာပြီး ဝူရုန်ရဲ့ခြေထောက်ကိုဖက်ထားလိုက်ပြီးနောက် သူကသူ့လက်တွေကိုမြှောက်လိုက်ပြီး ဝူရုန်ကိုပွေ့ခိုင်းလိုက်တယ်။
ဝူရုန်က ဥကလေးကိုပွေ့ချီလိုက်ပြီး ဟေးရွမ်ရီနှင့်တူလွန်းတဲ့ မျက်နှာသေးသေးလေးကိုတွေ့တော့ တင်းကျပ်စွာဖက်ထားလိုက်တယ်။သူတစ်ခါပြောခဲ့ဖူးတာက ဟေးရွမ်ရီနဲ့တူတဲ့ကလေးလေးကိုလိုချင်တယ်လို့ပြောခဲ့ဖူးပြီး ဟေးရွမ်ရီက သူ့ကတိကိုတည်ပြီး သူ့ကိုတစ်ယောက်ပို့ပေးခဲ့တယ်။ဥကလေးက အရင်ဘဝတုန်းက ဟေးရွမ်ရီက ပို့ပေးလိုက်တာဖြစ်နိုင်လား?ဒါကအရမ်းဖြစ်နိုင်တယ်။
"ပါးပါး ပါးပါးက သားကိုနာအောင်လုပ်မိနေပြီ"ဥကလေးကနှုတ်ခမ်းဆူလိုက်တယ်။
"တောင်းပန်ပါတယ်"ဝူရုန်က သူပွေ့ဖက်ထားတာကိုလျော့ပေးလိုက်တယ်။ဒါကအရင်ဘဝတုန်းက ဟေးရွမ်ရီကပေးထားတဲ့ သူ့ရဲ့တန်ဖိုးအကြီးဆုံးရတနာလေးဘဲ။သူကဒီကလေးလေးကို အလွန်ကိုချစ်ခင်မြတ်နိုးတယ်။
"ပါးပါး နေလို့ကောင်းရဲ့လား?"ဥကလေးက ဝူရုန်ရဲ့လည်ပင်းကို သူ့လက်တွေနဲ့သိုင်းဖက်ထားလိုက်တယ်။
"ပါးပါးက နေကောင်းပါတယ်"ဝူရုန်က ဥကလေးကသူ့ကိုအရမ်းဂရုစိုက်တာကြောင့် ပျော်ရွှင်သွားတယ်။သူကတစ်ခါတစ်ရံမှာ ဆိုးသွမ်းသော်လည်းဘဲ သူ့ကိုတော့အရမ်းဂရုစိုက်တယ်။
ကျင်းရှင်ကလှောင်လိုက်တယ်"ငါမင်းကိုပြောမယ်။မင်းကတကယ်ကို အားနည်းတာဘဲ။မင်းကဒီသေးငယ်တဲ့ပုံစံနဲ့ ကိစ္စကြီးတွေကိုဘယ်လိုဖြတ်ကျော်နိုင်မှာလဲ?"
ဝူရုန်က သူ့ကိုမရှင်းပြဘူး။သူကဥကလေးကို အောက်ချပေးလိုက်ပြီး သူကဟေးရွမ်ရီရဲ့မျက်နှာဖုံးတုကို ထုတ်ယူလိုက်ပြီးမေးလိုက်တယ်"ကျင်းရှင် မင်းကဒီအရည်နဲ့ပတ်သက်ပြီး တစ်ခုခုသိသလား?"
ကျင်းရှင်ကမျက်နှာဖုံးကိုစစ်ဆေးလိုက်ပြီး မေးလိုက်တယ်"ဒါကဆွေးမြေ့တိုက်စားမှုကိုဖြစ်စေတဲ့ဟာလား?"
"ဟုတ်တယ်"
ကျင်းရှင်က အနံ့ခံကြည့်လိုက်ပြီး "ဒီမှာအနံ့နည်းနည်းရှိတယ်။မွန်းစတားရဲ့တံတွေးလိုဘဲ"
ဝူရုန်ကလည်းဒါကိုသဘောတူတယ်။ဟွန်ရီရဲ့တံတွေးကလည်း ဆွေးမြေ့တိုက်စားနိုင်တယ်လေ။
ကျင်းရှင်က ကွတ်ခူးနဲ့ဟွန်ရီကိုဟလက်ညှိုးထိုးလိုက်ပြီးပြောလိုက်တယ်"မင်းသူတို့ကို မေးနိုင်တယ်။သူတို့ဒီတံတွေးက ဘာတံတွေးအမျိုးစားလဲဆိုတာသိလိမ့်မယ်"
ဝူရုန်ကသူတို့ကို ပြလိုက်တယ်။
ကွတ်ခူးကအနံ့ခံလိုက်ပြီး"ကွတ်ခူး"
ဟွန်ရီကလည်းအနံ့ခံလိုက်ပြီး"ဝူဝူ"
ဝူရုန်ရဲ့မျက်လုံးတွေကပျူးကျယ်သွားပြီး "မင်းတို့က မင်းတိုစကားပြောနိုင်တာကို ငါမသိဘူးလို့များထင်နေတာလား?"
အရင်ဘဝတုန်းကသူက ဟွန်ရီနှင့်စာချုပ်ချုက်ထားခဲ့တယ်။သူကဟွန်ရီက လူသားဘာသာစကားကို ပြောနိုင်တယ်ဆိုတာ သိပြီးသားဘဲ။ကွတ်ခူးကလည်း ဟွန်ရီထက်ပိုပြီး စွမ်းအားမြင့်တယ်။ဒါကြောင့် သူကလည်းစကားပြောနိုင်တာဖြစ်နိုင်တယ်။
"....... "ကြတ္ခူး
"......."ဟွန်ရီ
"မင်းကအရူးတော့မဟုတ်ဘူးဘဲ"ကျင်းရှင်ကပြောလိုက်တယ်။
ကွတ်ခူးက ဟွန်ရီကိုရိုက်လိုက်ပြီး မေးလိုက်တယ်"မင်းကစကားပြောတတ်ရဲ့သားနဲ့ ဘာကြောင့် ဝူဝူ လို့ဘဲအော်နေရလဲ?"
ဟွန်ရီက ကွတ်ခူးနဲ့တစ်လျှောက်လုံးကစားနေတာကြောင့်သူကမြေကြီးပေါ်လဲကျဟန်ဆောင်လိုက်တယ်။
*********************************************************
Chapter(210)
မင်းကအထီးလား(2)
ဝူရုန်က ကွတ်ခူးရဲ့အသံကိုကြားတော့ ထိတ်လန့်သွားပြီးမေးလိုက်တယ်"မင်းကအထီးလား?"
"ဘယ်အရာကများ ကျွန်တော့်ကိုအမလို့ထင်အောင် မင်းကိုလုပ်ပေးလိုက်တာလဲ?"ကွတ်ခူးကပြောစရာ စကားတောင်ပျောက်သွားတယ်။
"မင်းက ဥကလေးကို ဝပ်ပေးခဲ့တာလေ။ဒါကြောင့် မင်းကအမလို့ငါထင်ခဲ့တာ"
"........"ကွတ်ခူး
"မင်းတို့ စကားပြောတတ်ရဲ့သားနဲ့ဘာကြောင့်တစ်ခါမှ မပြောခဲ့ရတာလဲ?"ဝူရုန်ကမေးလိုက်တယ်။
"ကျွန်တော်တို့ ဒါကိုသုံးဖို့မလိုခဲ့ဘူးလေ"
"ထားပါတော့"ဝူရုန်က မျက်နှာဖုံးပေါ်က တိုက်စားဆွေ့မြေ့စေတဲ့ အရည်ကိုလက်ညှိုးထိုးပြပြီးမေးလိုက်တယ်"မင်းကဒါကိုဘာလဲဆိုတာသိလား?ဒါကမွန်းစတားရဲ့တံတွေးလား?"
"ဒါကမွန်းစတားရဲ့တံတွေးဘဲ။ကမ္ဘာပေါ်မှာ မွန်းစတားတွေကအများကြီးရှိတယ်။ ကျွန်တော် ဒါကိုသိရဖို့တစ်ယောက်ယောက်ကို သွားရှာဖို့လိုအပ်တယ်"ကွတ်ခူးကပြောလိုက်တယ်။
"ကောင်းပြီလေ။မင်းကဒါကိုစုံစမ်းကြည့်။မင်းကဒီထက်ပိုတဲ့အကြောင်းရင်းတွေကိုတောင်မှရလာနိုင်တယ်"ဝူရုန်ကပြောလိုက်တယ်။
ကွတ်ခူးက တုံ့ဆိုင်းနေပြီးမှပြောလိုက်တယ်"တကယ်လို့ မင်းဒီအကြောင်းကိုတကယ်သိချင်တယ်ဆိုရင် ကျွန်တော် မွန်စတားကလန်ကိုသွားဖို့လိုတယ်။ပြီးတော့သခင်ရဲ့ခွင့်ပြုချက်တောင်းဖို့လိုတယ်"
"ဘာအတွက်ခွင့်ပြုချက်လဲ?"ဟေးရွမ်ရီက အပြင်ဘက်မှာစကားပြောသံတွေကို ကြားရတာကြောင့်ဟစာကြည့်ခန်းကနေထွက်လာခဲ့ပြီး မေးလိုက်တယ်။
"ကျွန်တော် မျက်နှာဖုံးပေါ်က တံတွေးအကြောင်းကို ကွတ်ခူးကို မွန်းစတား ကလန်မှာစုံစမ်းခိုင်းတာ။ဒါပေမဲ့ သူကခင်ဗျားရဲ့ခွင့်ပြုချက်လိုတယ်လို့ပြောတယ်"ဝူရုန်ကပြောလိုက်တယ်။
"မြန်မြန်လုပ်ပေးလိုက်"ဟေးရွမ်ရီက ခေါင်းငြိမ့်လိုက်တယ်။
"ကွတ်..ခူး"ကွတ်ခူးက စိတ်လှုပ်ရှားစွာ သူ့ရဲ့အတောင်တွေကို ရိုက်ခတ်လိုက်တယ်။
ဥကလေးက ဝူရုန်ရဲ့ဝတ်ရုံစကို ဆွဲလိုက်ပြီး တောင်းဆိုလိုက်တယ်"ပါးပါး သားသားလည်းသွားချင်တယ်"
"မရဘူး"ဝူရုန်က ငြင်းဆန်လိုက်တယ်။တကယ်လို့သူသာ မွန်းစတားကလန်ကိုသွားလိုက်ရင် ကမ္ဘာကြီးက ပရမ်းပတာဖြစ်သွားလိမ့်မယ်။
"ပါးပါး"ဥကလေးက ဝူရုန်ကို ပါပီမျက်လုံးလေးနှင့်ကြည့်ပြီး ထပ်ပြီးတောင်းဆိုလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီနှင့်တူတဲ့မျက်နှာသေးသေးလေးက သနားစရာမျက်လုံးလေးတွေနှင့်တောင်းဆိုတာကို ငြင်းဆန်ဖို့အတွက် သူ့နှလုံးသားကမခိုင်မာဘူး။သူကအဝေးကိုကြည့်ပြီးပြောလိုက်တယ်"မင်းဖေဖေကိုပြော"
"မရဘူး"ဟေးရွမ်ရီက သူ့ကိုတစ်ချက်ဘဲကြည့်ပြီး ပြတ်သားစွာပြောလိုက်တယ်။
ဥကလေးက ဟေးရွမ်ရီရဲ့ပြတ်သားစွာပြောဆိုမှုကြောင့် သူကနှစ်ခါထပ်ပြီး မတောင်းဆိုရဲဘူး။
ဝူရုန်က ဥကလေးကိုကောက်ချီလိုက်ပြီးပြောလိုက်တယ်"အခု ညစာသွားစားရအောင်"
ကွတ်ခူးသည် အဝေးကိုပျံသန်းသွားပြီး သူကသုံးရက်ကြာပြီးနောက် တံတွေးတစ်ပုလင်းနှင့်အတူ ပြန်ရောက်လာတယ်။
"ဒါကအဆိပ်ပြင်းစလေးဗားမြွေရဲ့တံတွေးဘဲ"
"ကလန်ထဲမှာ စလေးဗားမြွေအများကြီးရှိလား?"ဝူရုန်ကမေးလိုက်တယ်။
"အများကြီးမရှိဘူး။သူတို့တစ်မိသားစုလုံးပေါင်းမှ စလေးဗားမြွေက(၃၂)ကောင်ဘဲရှိတယ်။တစ်ကောင်က လွန်ခဲ့တဲ့တစ်နှစ်တုန်းက လူသားတွေနေထိုင်ရာကို သွားခဲ့တယ်။ဒါကြောင့်(၃၁)ကောင်ဘဲရှိတယ်"ကွတ်ခူးကပြောလိုက်တယ်။
"ကျေးဇူး"ဝူရုန်က ဒါကိုကြားတော့အတွေးတစ်ခုဝင်လာပြီးကျေးဇူးတင်စကားပြောလိုက်တယ်။
ဝူရုန်က တံတွေးတွေကိုယူပြီး သူကအဂ္ဂရိတ်အခန်းထဲလေ့လာဖို့အတွက်ယူသွားလိုက်တယ်။သူကအခန်းထဲကပြန်ထွက်လာတော့ သူက ပုလင်းတစ်ခုပါလာပြီးဟေးရန်ကိုပြောလိုက်တယ်"ကျေးဇူးပြုပြီး ဒါကိုဟေးရင်းကိုပေးလိုက်။ပြီးတော့ သူ့ကိုပြောလိုက်..."
ဝူရုန်က ဟေးရန်၏နား နားကိုအသံတိုးတိုးနဲ့ပြောလိုက်တယ်။ဟေးရန်က ခေါင်းငြိမ့်လိုက်ပြီး ပျောက်ကွယ်သွားတယ်။သူကမကြာခင်မှာတော့ ပြန်ရောက်လာပြီးပြောလိုက်တယ်"လင်းမိုဟန်ပြောခဲ့တာက သူအယုံသွင်းထားတဲ့သမားတော်စီကနေ ဝူဝေ့ရွယ်က ပြုစားကပ်ပါးတွေကြောင့် ဝေဒနာခံစားနေရတာလို့ပြောတယ်။ဒီမနက်မှာ ဝူမိသားစုက သူမအတွက် ကပ်ပါးတွေကိုရှင်းထုတ်ရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ကိုငှားထားပြီးပြီ။အခုသူမ သတိပြန်ရလာပြီး သခင့်ကြောင့်ရတဲ့ဒဏ်ရာတွေလည်းကောင်းနေပြီလို့ပြောတယ်"
ဟေးရန်က စိတ်ရှုပ်သွားတယ်။
"ကျွန်တော်တော့ ဒါကိုသိပ်မဟုတ်သေးဘူးလို့ထင်တယ်။မင်းက ဝူဝေ့ရွယ်ကြောင့် သတိလစ်သွားတာလေ။ဒါကိုဘာကြောင့် ဝူမိသားစုက ဝူဝေ့ရွယ်က သာမန်ဆေးဝါးတတ်မြှောက်မှုအဆင့်သာရှိတယ်လို့ အခိုင်အမာပြောနေရတာလဲ?"
ဝူရုန်က သူသတိမေ့တာကို လူတိုင်းက ဝူဝေ့ရွယ်လုပ်တာလို့ ထင်နေတာနှင့်ပတ်သတ်ပြီး သူကပြောစရာစကားတောင်မရှိတော့ဘူး။ပြီးတော့ သူကိုယ်တိုင်ကလည်း ဒီအကြောင်းကို ဘယ်လိုရှင်းပြရမလဲဆိုတာ မသိတာကြောင့် ဒါကအကောင်းဆုံးနည်းသာဖြစ်တယ်။
"ဒါကအတိအကျကို တစ်စုံတစ်ယောက်က ငါတို့ကိုဆန့်ကျင်ဖို့ ဝူဝေ့ရွယ်ကိုထိန်းချုပ်ဘဲလေ။ငါတို့ကဝူမိသားစုနဲ့ မိတ်ဆွေမဖြစ်ချင်ပေမဲ့ ဒီအခြေအနေမှာ တစ်ယောက်ယောက်က အကျိုးရှိသွားမှာကိုမလိုချင်ဘူး။ဒီအတိုင်းဆိုရင် ငါတို့ ဝူဝေ့ရွယ်ကို ကပ်ပါးတွေနဲ့ပြုစားထားတဲ့လူကို ငါးစာချရမယ်။ဒါ့အပြင် ဒီဖြစ်စဉ်မှာ ဝူဝေ့ရွယ်မပါဘဲ မဖြစ်နိုင်ဘူး"
"မင်းပြောတာက ဝူဝေ့ရွယ်ကို ကပ်ပါးတွေလာထုတ်ပေးတဲ့တစ်ယောက်က ပြုစားထားတဲ့လူပေါ့ အဲလိုလား?"ဟေးရန်ကခန့်မှန်းလိုက်တယ်။
"အင်း...အဲဒီလူက သူ့ရဲ့နည်းလမ်းက အလုပ်မဖြစ်ကတည်းက သူက ငါတို့ကို ဆန့်ကျင်ဖို့ ဝူမိသားစုကို ချဉ်းကပ်ဖို့ နောက်တစ်နည်းကိုသုံးလိမ့်မယ်။အဲဒီလူအကြောင်းကို စုံစမ်းလိုက်။ပြီးတော့ လင်းမိုဟန်ကဘာအကြောင်းထပ်ပြောခဲ့သေးလဲ?"ဝူရုန်ကပြောလိုက်တယ်။
"သူပြောခဲ့တာက အခုရက်ပိုင်းမှာ ဝူချန်ဇီကပင်ပန်းနေတယ်။သူကဂိုလင်းမြို့က ဝူမိသားစုဝင်တွေကို ကုသဖို့စွမ်းအင်တွေအများကြီးကို အသုံးပြုလိုက်တာဖြစ်နိုင်တယ်။ဒါပေမဲ့ ဂိုလင်းမြို့ကဝူမိသားစုဝင်တွေက လောဘကြီးလွန်းပြီး သူတို့က ဝူချန်ဇီကို သူတို့လိုအပ်တာထက်ကို ပိုပြီးတန်ဖိုးကြီးတဲ့ဆေးဝါးတွေကို ဝယ်ပေးဖို့တောင်းဆိုခဲ့တယ်။အဆိုးဝါးဆုံးက သူတို့က အရင်နေ့ကထက် ဒီနေ့မှာပိုပြီးမသက်သာလာဘူးဆိုရင် သူတို့က ပိုပြီးကြီးမားတာကိုတောင်းဆိုတယ်။ဘာကြောင့်သူတို့ဒီလောက်ထိ သတ္တိရှိနေတာလဲဆိုရင် သူတို့က သူတို့လက်ထဲမှာ အင်ပါယာအမိန့်စာရှိနေလို့ဘဲ။နောက်တော့လင်းမိုဟန်က ဝူချန်ဇီကို စောင့်ကြည့်ဖို့ စစ်သည်တော်တွေကို စေလွတ်ထားခဲ့တယ်။ဝူချန်ဇီက ဂိုလင်းမြို့ကဝူမိသားစုတွေကို နည်းနည်းလေးဖြစ်ဖြစ် ခံစားစေခဲ့မယ်ဆိုရင် လင်းမိုဟန်က အင်ပါယာအရှင်မင်းမြတ်ကိုတင်ပြလိမ့်မယ်။အခုဆိုရင် ဝူချန်ဇီက သူတို့ကိုတန်ဖိုးကြီးဆေးဖက်ဝင်ပစ္စည်းတွေ ဆေးတွေနဲ့ ကုသပေးနေရတယ်။ဒါ့ကြောင့် ဝူမိသားစုထဲမှာလည်း ဝူချန်ဇီကိုမကျေမနပ်ပြောနေကြတဲ့လူတွေရှိတယ်"
"အခုလင်းမိုဟန် အရမ်းပျော်နေမှာပေါ့"ဝူရုန်ရဲ့နှုတ်ခမ်းတွေကကော့တက်သွားပြီးပြောလိုက်တယ်။
"ဟုတ်တယ်။သူကကျွန်တော်သွားတွေ့တုန်းကဆိုရင် သူ့ရဲ့အပြုံးတွေတောင် မရပ်နိုင်ဘူး"
"သူက ဒီလိုကိစ္စသေးသေးလေးကိုတောင် ဒီလောက်ထိပျော်နေတာလား?သူ့ကိုစိတ်ကျေနပ်အောင် လုပ်ဖို့လွယ်လွန်းတယ်။အခု ပြုစားကပ်ပါးတွေကို ထုတ်ပေးတဲ့သူအကြောင်းနဲ့ဝူချန်ဇီရဲ အစောင့်ယိုအကြောင်းကို စုံစမ်းလိုက်"ဝူရုန်ကပြောလိုက်တယ်။
အရင်ဘဝတုန်းက အစောင့်ယိုက သူ့ကိုဗုဒ္ဓမှော်လက်နက်နှင့်သတ်ဖို့ကြိုးစားခဲ့ပြီး ဒါကြောင့်ဘဲ သူနှင့်ဟေးရွမ်ရီကို ခွဲခွာသွားစေခဲ့တယ်။
"ဟုတ်ကဲ့"ဟေးရန်က ပျောက်ကွယ်သွားတယ်။
တံခါးစောင့်က ဝင်ရောက်လာပြီး တင်ပြလိုက်တယ်"ကြင်ယာတော် အထည်ဆိုင်ပိုင်ရှင်နဲ့ လက်ဝတ်ရတနာဆိုင်ပိုင်ရှင်က ရောက်လာပြီး ကြင်ယာတော်ကိုတွေ့ချင်နေပါတယ်။သူတို့ပြောတာတော့ သူတို့က ကြင်ယာတော်တောင်းဆိုထားတာတွေကိုပြီးသွားတာကြောင့်လို့ပြောပါတယ်"
*******************************************************************