Ch(204 to 205)
Chapter(204)
ခင်ဗျားဟာ မာလာပြီ(1)
"ရွမ်ရီ မသွားနဲ့။ကျွန်တော် ခင်ဗျားကို ထားမသွားနိုင်ဘူး"ဝူရုန်သည် ဟေးရွမ်ရီထွက်သွားတာကိုကြည့်ပြီး သူ့နှလုံးသားတွေက ကွဲကြေသွားသလိုခံစားရတယ်။
"ဝူရုန် ငါတို့လုပ်ပေးတာကိုအပြစ်မတင်ပါနဲ့။အတိတ်ကိုသွားပြီး မင်းမိသားစုကိုကာကွယ်ပါ။မင်းနဲ့ဟေးရွမ်ရီ ပျော်ရွှင်စွာနေထိုင်ရပါလိမ့်မယ်"ထူးဆန်းတဲ့ဆရာသခင်က စတင်ပြီး ဂါထာတွေကိုရွတ်ဆိုလိုက်တယ်။အစီရင်က တောက်ပလာပြီးစတင်ပြီး စီးစင်းလာတဲ့အချိန်မှာတော့ ဝူရုန်က အသိစိတ်ကို ဆုံးရှုံးလာတယ်။
"ရုန်အာ!ရုန်အာ"
ဝူရုန်က ဝမ်းနည်းစွာငိုကြွေးနေတဲ့အသံတွေကို ကြားရတယ်။ဒီအသံတွေက သူ့အဖေ သူ့အမေနဲ့ ဟေးရွမ်ရီ၏အသံနဲ့တူတယ်။သူကဟေးရွမ်ရီ၏အသံကို မှတ်မိသွားတော့ သူကစိုးရိမ်သွားပြီး သူ့မျက်လုံးတွေကိုဖွင့်ဖို့ ကြိုးစားလိုက်ပြီး"ဟေးရွမ်ရီ ဟေးရွမ်ရီ"
"ရွမ်ရီ...သူမင်းနာမည်ကိုခေါ်နေတယ်။သူ့ကိုဖြေလိုက်အုန်း"ဒါကဂေါင်တုန်ရဲ့အသံဘဲ။
"ဝူဝေ့ရွယ်...မကောင်းတဲ့မိန်းမဘဲ။သူ့ကြောင့်သာမဟုတ်ရင် ငါ့အကိုကဒီလိုမျိုးဝေဒနာခံစားရမှာမဟုတ်ဘူး။ကြည့်လိုက်!သူငိုတောင်မှငိုနေပြီ"ဒါကဝူရှိရဲ့အသံဘဲ။
ဝူရုန်က သူ့လက်ကိုတစ်ယောက်ယောက်က တင်းကျပ်စွာ ဆုတ်ကိုင်ထားပြီးဒီကနေ သူ့ကိုဆုံးရှုံးရမှာ ဘယ်လောက်တောင်ကြောက်နေလဲဆိုတာသိနိုင်တယ်။ဝူရုန်က မျက်ရည်တွေစီးကျလာတဲ့အခါမှာ သူကစိုးရိမ်ပြီး အက်ကွဲနေတဲ့အသံနှင့်ပြောနေတာကိုကြားလိုက်ရတယ်"ရုန်အာ သတိရလာပါတော့...ထတော့...ကိုယ်ဒီမှာရှိတယ်"
ဝူရုန်က ဟေးရွမ်ရီက သူ့ကိုစိုးရိမ်ပြီး ဝမ်းမနည်းစေချင်တာကြောင့် သူမျက်လုံးဖွင့်ဖို့ကြိုးစားလိုက်တယ်။သူကမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ သူကမျက်ရည်ဝဲနေပြီး ပြုံးရောင်သန်းလာတဲ့မျက်လုံးတွေနဲ့ ဟေးရွမ်ရီရဲ့မျက်ရည်ဝဲနေတဲ့မျက်လုံးကိုတွေ့လိုက်ရတယ်။
"ရုန်အာ နောက်ဆုံးတော့မင်းနိုးလာပြီ"ဂေါင်တုန်က ရှိုက်ငိုနေတဲ့အသံနှင့် ပြောလိုက်တယ်။
ဝူချွင်ချင်ကလည်း ရှိုက်သံနှင့်"ရုန်အာ မင်းနိုးလာတာအရမ်းကောင်းတယ်။သမားတော်က မင်းအကြာကြီးအိပ်မနေဘူးလို့ပြောသားဘဲ"
ဝူရှိကမျက်ရည်တွေ သုတ်ပစ်လိုက်ပြီး စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်"ရုန်အာ ငါတို့ မင်းနေမကောင်းတာကြောင့် စိုးရိမ်နေကြတာ"
ဟေးရှင်းပွေ့ချီထားတဲ့ ဥကလေးကလည်းငိုပြီးပြောလိုက်တယ်"ပါးပါး သားသားကိုပွေ့ သားသား ပါးပါးကိုဖက်ထားချင်တယ်"
"အခုမဟုတ်သေးဘူး။သူပိုပြီးနေလို့ကောင်းတဲ့အချိန်ကျရင် သခင်လေးကိုပွေ့လိမ့်မယ်"ဟေးရှင်းက ဥကလေးကိုနှစ်သိမ့်လိုက်တယ်။
ကျင်းရှင်က နှာမှုတ်လိုက်ပြီး ဝူရုန်ကိုကြည့်ပြီးပြောလိုက်တယ်"ငါပြောသားဘဲ။သူပြန်ကောင်းလာလိမ့်မယ်လို့ ။မင်းမှငါ့ကိုမယုံကြည်တာ"
"ဒါပေမဲ့ သူကနှစ်ရက်တောင်မှမေ့နေတာလေ။ငါတို့စိုးရိမ်တာပေါ့"ဝူရှိကပြောလိုက်တယ်။
ဟေးဂန်းက အိပ်ရာဘေးမှာရှိနေတဲ့ သမားတော်ကို ပြောလိုက်တယ်"သူ့ခန္ဓာကိုယ်ကို စစ်ဆေးပေးအုန်း"
"သူ အရမ်းကျန်းမာတယ်"သမားတော်က ဝူရုန်၏သွေးခုန်နှုန်းကိုစမ်းပြီး ပြောလိုက်တယ်။
"ဒါဆို ဘာကြောင့်သူကသတိလစ်သွားရတာလဲ?"
"အရင်ကလည်း ကျုပ်ပြောဖူးပါတယ်။ဖြစ်နိုင်တာက သူရဲ့စိတ်ခံစားချက်ကြောင့်ဘဲ"သမားတော်ကထပ်ပြီးပြောလိုက်တယ်။
"ဒါတွေအားလုံးက အဲဒီမကောင်းတဲ့မိန်းမကြောင့်ဘဲ"ဝူရှိကအော်ပြောလိုက်တယ်။
"ဒီအကြောင်းကိုထပ်မပြောနဲ့တော့ မဟုတ်ရင် မင်းအကိုက အဲဒီနေ့ကအကြောင်းကိုထပ်ပြီးတွေးမိလိမ့်မယ်"ဝူချွင်ချင်ကပြောလိုက်တယ်။
"ရုန်အာ မင်းတကယ်ဘဲ အဆင်ပြေရဲ့လား?"ဟေးရွမ်ရီက ဝူရုန်လက်ကိုကိုင်ပြီး မေးလိုက်တယ်။
အချိန်အတော်ကြာမှ ဝူရုန်က သတိပြန်ဝင်လာတယ်။သူကဟေးရွမ်ရီရဲ့လက်ကိုဆုတ်ကိုင်လိုက်ပြီး အားနည်းပြီး အက်ကွဲတဲ့အသံနှင့်ပြောလိုက်တယ်"ကျွန်တော် အဆင်ပြေတယ်"
သူ့အသံက ဆယ်နှစ်လောက် စကားမပြောခဲ့သလိုမျိုး အက်ကွဲပြီး ကြမ်းရှနေတယ်။
"အခုသူ ပိုပြီးအိပ်ဖို့လိုတယ်။ကျွန်တော်တို့ သူ့ကိုတစ်ယောက်ထဲ ထားသင့်တယ်"ဟေးရှင်းကအကြံပြုလိုက်တယ်။
"ဒါဆို ငါတို့ အခုသွားသင့်ပြီ"ဂေါင်တုန်က ခေါင်းငြိမ့်လိုက်တယ်။
"ရုန်အာ ငါတို့ မနက်ဖြန်မှလာတွေ့မယ်"လူတိုင်းကအခန်းထဲကထွက်သွားလိုက်တယ်။
ဝူရုန်သည် ဟေးရွမ်ရ၏မျက်ဝန်းတွေကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့မျက်ဝန်းက မျက်ရည်တွေစီးကျလာတယ်။သူသိခဲ့တယ်။ဟေးရွမ်ရီနှင့်ထူးဆန်းတဲ့ဆရာသခင်သည် သူ့ရဲ့ကံတရားကိုပြောင်းလဲဖို့ သူတို့လက်ထပ်ပြီးစ အတိတ်အချိန်ကိုပို့ပေးခဲ့တယ်။အခုချိန်မှာလည်း သူနှင့်ဟေးရွမ်ရီက တစ်ကြိမ်ထပ်ပြီးတော့ ချစ်ကျွမ်းဝင်ခဲ့ပြီ။အခုချိန်မှာ သူကဟေးရွမ်ရီကို အရမ်းကိုချစ်တယ်ဆိုတာသူသိတယ်။
ဟေးရွမ်ရီသည် သူ့မျက်ရည်တွေကို သုတ်ပေးပြီး နူးညံ့စွာမေးလိုက်တယ်"နေလို့မကောင်းသလိုခံစားရလို့လား?"
"ကျွန်တော် အဆင်ပြေတယ်"ဝူရုန်က သူ့လက်ကိုမြှောက်ပြီး ဟေးရွမ်ရီရဲမျက်နှာပေါ်က အစိတ်အပိုင်းတွေဖြစ်သည့် မျက်ခုံးတွေ နှာခေါင်း နှုတ်ခမ်းတွေကိုချစ်ခင်စွာပွတ်သပ်လိုက်တယ်။သူကအရင်ဘဝတုန်းက ဟေးရွမ်ရီအကြောင်းကို မတွေးဘဲမနေနိုင်ဘူး။
ဟေးရွမ်ရီ!သူ့ရဲ့လူ!
အရင်ဘဝတုန်းက ဟေးရွမ်ရီသည် တစ်ယောက်ထဲကျန်နေရစ်ခဲ့တယ်။ဒါကသူ့ထက်တောင် ဟေးရွမ်ရီကိုပိုပြီး ဝမ်းနည်းနေစေလိမ့်မယ်ဆိုတာ သူခံစားမိတယ်။
ဟေးရွမ်ရီသည် ငိုနေသည့်ဝူရုန်ကို သူ့လက်မောင်းထဲဆွဲသွင်းပြီးမေးလိုက်တယ်"ဘာကြောင့်ငိုနေရတာလဲ?"
ဝူရုန်က ခေါင်းခါပြီး ဟေးရွမ်ရီကို တင်းကျပ်စွာဖက်ထားလိုက်ပြီး "ရွမ်ရီ.."
"ဟန်?"ဟေးရွမ်ရီက ဝူရုန်ရဲ့နဖူးပေါ်ကိုနမ်းလိုက်တယ်။
ဝူရုန်က သူ့ကိုမော့ကြည့်လိုက်တယ်။သူ့စိတ်ထဲမှာ ဒီဟေးရွမ်ရီနဲ့ အရင်ဘဝတုန်းက ဟေးရွမ်ရီသည် အတူတူဘဲလားဆိုတာ ရှုပ်ထွေးနေတယ်။ဒါပေမဲ့ သူက သူ့ကိုပွေ့ဖက်ထားတဲ့လူကိုချစ်တာဆိုရင် သူအပြစ်ရှိသလိုခံစားရသင့်သလားဆိုတာ မသေချာဘူး။
မဟုတ်ဘူး!ဒါကမမှန်ကန်ဘူး!သူဒီလိုမျိုးမတွေးသင့်ဘူး!သူတို့က တစ်ယောက်ထဲဘဲလေ!သူတို့ကြားမှာ ကွာခြားချက်ဆိုတာမရှိဘူး။
ဟေးရွမ်ရီက ဝူရုန်၏မျက်ရည်တွေစိုစွတ်နေတဲ့ မျက်တောင်တွေကိုနမ်းလိုက်ပြီး"မင်းစားချင်တာတစ်ခုခုရှိလား?"
"ဒါထက် ကျွန်တော်က အရင်ဆုံးရေချိုးချင်တယ်"ဝူရုန်ကပြောလိုက်တယ်။
"မင်း တစ်ချိန်ထဲမှာ နှစ်မျိုးလုံးလုပ်လို့ရတယ်"
ဟေးရွမ်ရီသည် ဝူရုန်ကိုရေချိုးခန်းထဲကို ပွေ့ချီသွားပြီး အဝတ်စားတွေကိုချွတ်ပေးပြီး ရေချိုးစည်ထဲကိုထည့်ပေးလိုက်တယ်။
ပြီးတော့ သူကဆန်ပြုတ်တစ်ပန်းကန်ကို ယူလာပြီး အနားမှာနောက်ထပ်ရေချိုးစည်ကိုလည်း ရွှေ့လိုက်တယ်။
"ကျွန်တော်နဲ့အတူတူချိုး"ဝူရုန်ကပြောလိုက်တယ်။
ဟေးရွမ်ရီရဲ့မျက်ခုံးတွေက မြင့်တက်သွားပြီး သူကအဝတ်စားတွေကို ချွတ်လိုက်ပြီး ရေချိုးစည်ထဲကိုဝင်လိုက်တယ်။
ဝူရုန်က သူ့နားကိုတိုးကပ်သွားလိုက်ပြီး သူ့ကိုနမ်းလိုက်တယ်။ဟေးရွမ်ရီက ဝူရုန်ရဲ့နူးညံ့တဲ့ အသားရည်ကိုထိတွေ့မိတာကြောင့် သူ့ခန္ဓာကိုယ်ကပြောင်းလဲလာတယ်။
ဝူရုန်က တိုးတိမ်တဲ့အသံလေးနဲ့"ရွမ်ရီ ချစ်တင်းနှောရအောင်"
"........"ဟေးရွမ်ရီသည် သူကသူ့ကိုယ်သူထိန်းချုပ်မှုလွတ်လုနီးပါးဖြစ်သွားပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး"အခုတော့မဟုတ်ဘူး။မင်း အရမ်းအားနည်းနေတယ်။ကိုယ်တို့ မင်းပိုပြီးနေကောင်းလာမှ လုပ်ကြမယ်"
"ဒါပေမဲ့ ခင်ဗျားဟာကမာနေပြီ"
"အဲဒါကိုထားလိုက်"ဟေးရွမ်ရီက ဝူရုန်ကိုဆန်ပြုတ်ခွံ့ကျွေးလိုက်တယ်။
*****************************************************************
Chapter(205)
ခင်ဗျားဟာမာလာပြီ(2)
ဝူရုန်ကတစ်ခစ်ခစ်ရယ်လိုက်တယ်။သူက ဟေးရွမ်ရီခွံ့ကျွေးတဲ့ဆန်ပြုတ်ကို စားလိုက်ပြီး ဟေးရွမ်ရီကို ကူညီဖို့ သူ့လက်ကိုလမ်းလိုက်တယ်။သူကဟေးရွမ်ရီရဲ့နားထဲကို လေမှုတ်ထုတ်လိုက်ပြီး သူကအတိုးတိုးလေးပြောလိုက်တယ်"ဒီရက်တွေမှာ စာများများဖတ်ပြီး ချစ်တင်းနှောတဲ့အကြောင်း လေ့လာထား။ကျွန်တော်တို့ချစ်တဲ့အချိန်မှာ ကျွန်တော့်ကိုမနာကျင်စေနဲ့"
အရင်ဘဝတုန်းက သူတို့ပထမဆုံးချစ်တုန်းက အရာအားလုံးက ကောင်းမွန်သည့်အခြေအနေဖြစ်ခဲ့တာမဟုတ်ဘူး။အကြောင်းရင်းကတော့ အဲဒီအချိန်တုန်းက နှစ်ယောက်လုံးက လူပျိုတွေသာ ဖြစ်ကြပြီး ဒီဆက်နွယ်မှုနဲ့သက်ဆိုင်တဲ့ဗဟုသုတလည်း မရှိခဲ့တာကြောင့်ဖြစ်တယ်။ချစ်တင်းနှောစဉ်မှာ နာကျင်မှုသာ ခံစားခဲ့ပြီး သူ့ရဲ့ခရေပွင့်ကလေးကလည်း သွေးတွေနှင့်ရွဲနှစ်နေခဲ့တယ်။သူအကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးခဲ့ပြီး သူကရက်အနည်းငယ်ကြာတဲ့အထိ အိပ်ရာထဲမှာဘဲနေခဲ့ရတယ်။
ဟေးရွမ်ရီက အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ဝူရုန်ကို စိုက်ကြည့်လိုက်ပြီး"မင်းအခုဒီလိုလုပ်ပြီး ကိုယ့်ကိုစိန်ခေါ်နေတာလား?"
"ကောင်းတယ်!ခင်ဗျားကိုအမြဲတမ်းကြိုဆိုတယ်"ဝူရုန်က သူ့လက်အထက်အောင်လှုပ်ရှားမှုကို မြန်ဆန်လိုက်တယ်။
ဟေးရွမ်ရီသည် သူ့ရဲ့ဆန့်ကျင်ဘက်မှာရှိတဲ့ခန္ဓာကို်ယ်ကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး နောက်ဆုံးမှာတော့ ထုတ်လွတ်လိုက်တယ်။သူက ဝူရုန်၏နှုတ်ခမ်းတွေကိုနမ်းရှိက်လိုက်တယ်။
ဝူရုန်က တစ်ဖက်လူရဲ့ပခုံးပေါ်မှာ အမောဖြေလိုက်ပြီး မေးလိုက်တယ်"ကျွန်တော် ရှိအာပြောတာကြားတာတော့ ကျွန်တော် မနိုးလာခင် နှစ်ရက်လောက်အိပ်ပျော်နေတာဆို"
ဟေးရွမ်ရီက သူ့လက်မောင်းထဲကလူကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပြီး"အင်း"ဟုပြောလိုက်တယ်။
ဝူရုန်က ရုတ်တရက်အိပ်ရာပေါ်မှာ လဲကျသွားပြီး နှစ်ရက်ကြာ သတိမေ့နေခဲ့တာက သူ့ကိုတကယ့်ကိုကြောက်ရွံ့စေတယ်။တကယ်လို့ ဒီလိုမျိုးသာ ထပ်ဖြစ်ခဲ့မယ်ဆိုရင် သူ့နှလုံးသားက ဘယ်လိုမျိုးကွဲကြေသွားမလဲဆိုတာ ပုံမဖော်နိုင်ဘူး။သူကဝူဝေ့ရွယ်ကို သတ်ပစ်ဖို့တောင် စီစဉ်ခဲ့တယ်။
"ဒါမနက်ဖြန်ကျရင် ကျွန်တော့်ဦးလေးတွေ ရောက်လာလိမ့်မယ်လို့ဆိုတဲ့ အဓိပ္ပာယ်ပေါ့"
"မနက်ဖြန် နေ့လယ်လောက်ဖြစ်နိုင်တယ်"
"ခင်ဗျားက သူတို့ကို ဝူချန်ဇီရန်ကနေကာကွယ်ဖို့ လူလွတ်သင့်တယ်။သူက သူတို့ကိုမြို့ထဲမဝင်နိုင်အောင် ချောင်းမြောင်းလုပ်ကြံလိမ့်မယ်"
"ကိုယ်လုပ်လိုက်မယ်"ဟေးရွမ်ရီက အစကတည်းက စီစဉ်ထားပြီးဖြစ်တယ်။
နောင်တစ်နေ့နံနက် မနက်စာစားပြီးချိန်မှာတော့ လင်းမိုဟန်က အင်ပါယာအမိန့်စာနှင့်လာရောက်ခဲ့တယ်။သူကဝူရုန်ကို အမိန့်ပြန်တမ်း ပေးလိုက်ပြီးပြောလိုက်တယ်"ဒါ မင်းတောင်းဆိုထားတဲ့ အမိန့်ပြန်စာဘဲ"
"သူတို့ ဒီနေရာကိုတောင် မရောက်သေးဘူး။မင်းသားက ကျွန်တော့်ကိုအမိန့်စာကို ယူလာပေးပြီ။မင်းသားက တကယ်ကို လုပ်နိုင်စွမ်းရှိတာဘဲ"ဝူရုန်ကပြုံးပြီးပြောလိုက်တယ်။
"ငါက ဝန်ကြီးချုပ်ရဲ့ ဧည့်ခံပွဲပြီးတာနဲ့နောက်တစ်နေ့မှာ ဒီကိစ္စမှာအမှားအယွင်းဖြစ်လာမှာစိုးလို့ ဒီအမိန့်စာကိုတောင်းဆိုလိုက်တာ"လင်းမိုဟန်ကနှာခေါင်းရှုံ့လိုက်တယ်။
ပြီးတော့ သူကပြင်းထန်စွာပြောလိုက်တယ်"ငါက ငါ့ခမည်းတော်ရဲ့သမားတော်ကို စုံစမ်းစစ်ဆေးလိုက်တော့ သူကငါ့ရဲ့ဒုတိယညီတော်အတွက် အလုပ်လုပ်ပေးတာဖြစ်နေတယ်"
လင်းမိုဟန်သည် စားပွဲကိုထုပြီး ဒေါသဖြင့်စွာ ပြောလိုက်တယ်"သူဘယ်လိုလုပ်ရဲတာလဲ!သူက သူလျိုဘဲ!"
ဒါက ဝူရုန်မျှော်လင့်ထားတဲ့အတိုင်းဖြစ်နေတာကြောင့် မေးလိုက်တယ်"ဒါဆို မင်း အဲဒီသမားတော်ကိုဘယ်လိုဆက်လုပ်မှာလဲ?"
"ငါအခုချိန်မှာ သူတို့ကို သတိပေးသလိုမျိုးဖြစ်သွားမှာစိုးတာကြောင့် ဘာမှမလုပ်ချင်သေးဘူး"သူက ဝူရုန်ကိုမေးလိုက်တယ်"မင်း အဲဒီသမားတော်က တစ်ခုခုမှားနေမှန်းဘယ်လိုသိတာလဲ?"
"ကျွန်တာ် ဒီအကြောင်းကိုမသိပါဘူး။ကျွန်တော်က ဒီသမားတော်ကဘယ်သူလဲဆိုတာတောင်မသိဘူး။ဒါပေမဲ့ ကျွန်တော်က ဆေးပညာတတ်ကျွမ်းတာကြောင့် မင်းရဲ့ခမည်းတော် ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတယ်ဆိုတာ သိလိုက်တာ"
လင်းမိုဟန်က အံ့သြသွားပြီးပြောလိုက်တယ်"မင်းက ဆေးပညာကိုတတ်ကျွမ်းတာလား?ပြီးတော့ မင်းတစ်ချက်ကြည့်လိုက်တာနဲ့ ငါ့ခမည်းတော်ရဲ့ကျန်းမာရေးအခြေအနေကိုသိနိုင်တယ်။ဒါက မင်းကဆေးပညာမှာ အရမ်းကျွမ်းကျင်တယ်လို့ဆိုလိုတာပေါ့"
"အရမ်းကျွမ်းကျင်တာတော့မဟုတ်ဘူး"
"မင်းငါ့ခမည်းတော်ကို ကုသနိုင်လား?"လင်းမိုဟန်ကမေးလိုက်တယ်။
ဝူရုန်ကခေါင်းခါလိုက်ပြီး"ကျွန်တော်က နန်းတော်ထဲဝင်ဖို့အရည်ချင်းမမှီဘူး။မင်းကအခြားအရည်အချင်းရှိတဲ့ သမားတော်တွေကို ငှားရမ်းပြီး မင်းရဲ့ခမည်းတော်ရဲ့ရောဂါအခြေအနေကို ကျွန်တော်နဲ့မျှဝေခိုင်းလိုက်။ကျွန်တော်က သူတို့ရဲ့ယူလာတဲ့ရောဂါအခြေအနေကိုကြည့်ပြီးမင်းခမည်းတ်ာကို ကုသဖို့ကူညီပေးမယ်"
"အခြားသမားတော်တွေကိုရော ငါ့ရဲ့ညီတော် လာဘ်ထိုးထားသလားဆိုတာဘယ်သိနိုင်မှာလဲ?"
ဝူရုန်က မျက်လုံးလှန်ကြည့်လိုက်ပြီး"မင်းက အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်ပေမဲ့ အသုံးမဝင်ဘူးဘဲ။ဒါပေမဲ့မင်းကစိုးရိမ်စရာမလိုပါဘူး။အဲဒီသမားတော်တွေက လိမ်သလားမလိမ်ဘူးလားဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်"
လင်းမိုဟန်က ဝူရုန်က သူ့လိုအိမ်ရှေ့မင်းသားတစ်ယောက်ပို ကောင်းမွန်စွာ ပြုမူမဆက်ဆံပေမဲ့ ဝူရုန် ပြောတာကအမှန်ဖြစ်တာကြောင့်သူကစိတ်ထဲမထားဘူး။
"ကောင်းပြီလေ။ငါနောက်ထပ်သမားတော်တစ်ယောက်ကို ရှာလိုက်မယ်။ကောင်းပြီ...ငါကြားတာတော့ ဝူဝေ့ရွယ်က ဒီနေရာကိုလာပြီး ရှုပ်ထွေးအောင်လုပ်သွားတယ်ဆို။ဒါကဘယ်လိုဖြစ်တာလဲ?ဘာကြောင့် သူမက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး မင်းကရောသတိလစ်သွားရတာလဲ?"
ဝူရုန်က အဲဒီနေ့ကဖြစ်ပျက်တာတွေကို ပြောပြလိုက်ပြီး"ကျွန်တော် ခန့်မှန်းတာတော့ ဝူဝေ့ရွယ်က တစ်ယောက်ယောက်ရဲ့ပြုစားတာကိုခံရတာ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ထိန်းချုပ်မှုကိုခံရတာဖြစ်နိုင်တယ်"
လင်းမိုဟန်ကခေါင်းငြိမ့်လိုက်ပြီး"ငါကမင်းပြောတာ သဘောတူတယ်။မဟုတ်ရင် သူမလို မာနကြီးတဲ့သူက ယောကျာ်းရှိတဲ့သူတစ်ယောက်ကို အချစ်ကဗျာတွေရေးပေးပြီး လိုက်နှောင့်ယှက်မှာလဲ?ဒါကသူမရဲ့ပုံစံမဟုတ်ဘူး။ဒါပေမဲ့ ဘယ်သူကသူမကို ပြုစားမှာလဲ?"
"ဒါကသဲလွန်စမရှိဘူး။ဒါပေမဲ့ ကျွန်တော်က ဒီလိုလုပ်ထားတယ်ဆိုတာ သေချာတယ်။ကျွန်တော်တို့က ပစ်မှတ်ဖြစ်နိုင်တယ်"
"ငါတို့ကဘာတွေဖြစ်နေမှန်းမသိခင် ပိုပြီးဂရုစိုက်ဖို့လိုအပ်တယ်။တကယ်လို့မင်းက ငါ့အကူအညီလိုရင် ဘာဘဲဖြစ်ဖြစ်ပြောနိုင်တယ်"
"ကောင်းပြီ"ဝူရုန်ကပြောလိုက်တယ်"ဘာဘဲဖြစ်ဖြစ် မင်းကကျွန်တော်တို့စီကိုလူသိရှင်ကြားလာလှည်တာက ဝူမိသားစုက ကျွန်တော်တို့ကြားက ဆက်ဆံရေးကို တွေးနေတော့မှာကို မင်းကမစိုးရိမ်ဘူးလား?သူတို့က ကျွန်တော်တို့ကမင်းဘက်မှာရှိနေတာကိုအဆင်ပြေလိမ့်မယ်လို့ထင်လား?
လင်းမိုဟန်ကလှောင်လိုက်ပြီးပြောလိုက်တယ်"တစ်မြို့လုံးက ငါကဝူမိသားစုကိုမုန်းတယ်ဆိုတာသိတယ်။သူတို့ရဲ့မိသားစုအခွဲကဆိုရင်တောင်မှပေါ့။ဒါကြောင့် ငါကဒီကိုလာတာက မင်းဒဏ်ရာရနေတာကို လာလှောင်တာလို့ဘဲတွေးကြလိမ့်မယ်။သူတို့က ငါတို့က ပါတနာတွေဖြစ်နေလိမ့်မယ်လို့ဘယ်တော့မှတွေးမိမှာ မဟုတ်ဘူး"
"မင်းကဒီကိုလာတာက အင်ပါယာအမိန့်စာကို ပေးဖို့အတွက်လာဘဲလား?"
"အင်း။ဒါပေမဲ့ ငါကမင်းကဝူမိသားစုကိုဘယ်လိုရင်ဆိုင်မလဲဆိုတာသိချင်သေးတယ်"
ဝူရုန်ကသူ့ကိုမျက်စိစွေကြည့်လိုက်ပြီး နှာခေါင်းရှုံ့ပြီးပြောလိုက်တယ်"ကျွန်တော်က ဝူဝေ့ရွယ်ကနေစရလိမ့်မယ်။ဘယ်လိုလုပ်ပြီး သူမကငါ့လူအပေါ်မှာခံစားချက်ရှိရဲတာလဲ?"
"တကယ်လို့လွန်ခဲ့တဲ့နှစ်ရက်ကသာ မင်းကသတိလစ်သလိုဟန်မဆောင်ဘူးဆိုရင် ဝူမိသားစုက မင်းစီကိုလာပြီး အတိအကျကို ထိပ်တိုက်ရင်ဆိုင်လိမ့်မယ်"
"......"ဝူရုန်
သူကသတိလစ်သလို ဟန်မဆောင်ပါဘူး။သူကတကယ်ကို သတိလစ်နေတာပါ။ဒါပေမဲ့ သူကလင်းမိုဟန်ကို အမှန်အတိုင်းပြောဖို့တော့ စိတ်ကူးမရှိဘူး။
လင်းမိုဟန်နှင့်ဝူရုန်က အနာဂတ်မှာဘယ်လိုတွေဆက်သွယ်ကြမယ်ဆိုတာ ဆွေးနွေးပြီးသွားသည့်နောက်မှာတော့ လင်းမိုဟန်ကထွက်သွားလိုက်တယ်။
အခုချိန်မှာတော့ ဝူရုန်က အင်ပါယာအမိန့်စာကိုဖွင့်ဖတ်ဖို့အချိန်ရလာပြီဖြစ်တာကြောင့် သူကဒါကိုအရိပ်သိုလှောင်ရာနေရာမှာ မထည့်လိုက်ခင် သူကြိုတင်မျှော်လင့်ထားတာနှင့်ကိုက်ညီမှုရှိသလားဆိုတာ သေချာဖတ်ပြီးမှ သိမ်းဆည်းထားလိုက်တယ်။
************************************************************************
paid gpဝင်လို့ရပြီနော်