အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 294K 22.9K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2

Chapter - 1

20.6K 2.2K 107
By Xiao_Dream

Unicode

မင်းသတ္တိရှိရင်တံခါးဖွင့်စမ်း
_____________________

"ဂျန်ရှင်းဆွေ့ တံခါးဖွင့်စမ်း! "

"တံခါးဖွင့်စမ်း မင်းအထဲမှာဘာလုပ်နေတာလဲ မင်းအထဲမှာရှိမှန်းသိတယ်နော်! "

"လူရော? "

ဂျန်ရှင်းဆွေ့ မျက်လုံးဖွင့်လိုက်သောအခါ မူးဝေနေတယ်။ သူ့ရဲ့မှတ်ဉာဏ်တွေက အတိတ်ဘဝသေဆုံးချိန်မှာ ခံစားမိလိုက်တဲ့ နာကျင်မှုတွင်မှာသာ ရပ်တန့်လျက်။ သေဆုံးပြီးတဲ့နောက် သူကချမ်းသာတဲ့မိသားစု​ရဲ့ အစစ်အမှန်သခင်လေးနှင့် အတုအယောင်သခင်လေး တို့​အကြောင်းရေးထားသော ဝတ္ထုထဲကဖြစ်ကြောင်းကို အမှန်မထင်သိရှိလိုက်ရလေတယ်။ သေချာတာပေါ့။ သူသည် ဂျန်မိသားစု​ရဲ့စည်းစိမ်တွေကို မျက်စိကျမက်မောနေသော အတုအယောင်သခင်လေးပင်။ နောက်ဆုံးတွင် သူသည် သူ​၏'ကုသိုလ်'များ​၏အကျိုးဆက်ကို လက်ခံရရှိကာ လောကကြီးမှ ထွက်ခွာသွားခဲ့သော ဗီလိန်တစ်ယောက် ဖြစ်လာပါတော့တယ်။

"ဒုန်း ဒုန်း ဒုန်း"

အပြင်ဘက်တွင်တံခါးခေါက်သံသည်ဆက်လက် ထွက်ပေါ်လျက်ရှိသည်။

"ဂျန်ရှင်းဆွေ့ အထဲမှာသေချင်ယောင်ဆောင်မနေနဲ့ မြန်မြန်ထွက်လာပြီးရှင်းအောင်ပြောစမ်း မင်းတံခါးမဖွင့်ရင် ငါကန်ပြီးဝင်လာတော့မှာနော်!! "

ဂျန်ရှင်းဆွေ့ အစကတည်းက ခေါင်းကိုက်ပြီး မလှုပ်ချင်ပေမဲ့ အပြင်မှအဆက်မပြတ်အသံများကြောင့် ခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး တံခါးထဖွင့်ပေးလိုက်ရတယ်။ သူတံခါးမဖွင့်ပါက တခြားပိုဆိုးတာတွေလုပ်လာမည့်ပုံပင်။

"ကလစ်" (**တံခါးဖွင့်သံ)

တံခါးပွင့်သွားပြီ။

တံခါးအပြင်ဘက်တွင်ရပ်နေသော 'ဂျန်ခေါ့' သည် သူ့​၏သား တံခါးဖွင့်သည်ကိုကြည့်ပြီး ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူဆူတော့မည့်ဆဲဆဲမှာဂျန်ရှင်းဆွေ့​၏ သွေးမရှိသယောင် ဖြူဆွတ်နေသော မျက်နှာနှင့် လေတိုက်လျှင်ပင် လဲကျနိုင်လောက်သောခန္ဓာကိုယ်ကို သတိထားမိသွားတယ်။

အရင်ကဆိုလျှင်တော့ သူစိုးရိမ်ပြီးဂရုစိုက်မိမှာပေမဲ့ အခုတော့သူပိုပြီးတော့မျက်မှောင်ကြုတ်သွားကာ "ဒီတစ်ခေါက်ကရော ဘာကိုသရုပ်ဆောင်အုံးမှာလဲ?"

...............

ဂျန်ရှင်းဆွေ့ သူ့ရှေ့က သူနဲ့စိမ်းနေတဲ့မျက်နှာကိုကြည့်ရင်း တစ်ခဏအတွင်း ခြောက်ခြားသွားရတယ်။

သူ့ရှေ့ကသူက သူ့ရဲ့အဖေမလား မဟုတ်ဘူး ပိုပြီးတိတိကျကျပြောရရင် သူ့ရဲ့ယခင်အဖေပဲ။ 'အန်းရန်' ပေါ်မလာခင်တုန်းက သူ့အဖေက သူ့ကိုနည်းနည်းလေးလောက်တော့ ချစ်သေးတယ်။ ဒါပေမဲ့ ဇာတ်လိုက်ပေါ်လာပြီးနောက်မှာတော့ အကုန်လုံးက သူတို့စိတ်ခံစားချက်တွေပျောက်သွားသလိုမျိုး ပြောင်းလဲသွားကြတယ်။ သူ့ကိုလည်း မုန်းလာကြပြီး ပျောက်ကွယ်သွားစေချင်လာကြတယ်။

"ဘာလို့စကားမပြောတာလဲ?" ဂျန်ခေါ့က နောက်ဆုံးရာဇသံကို ချမှတ်ဖို့လာသလိုမျိုး ဝင်လာလေတယ် "ငါမင်းကိုပြောမယ် မနေ့တုန်းက မင်းအန်းရန်ကို သွားရှာပြီး အဲ့လိုရူးမိုက်တဲ့အလုပ်ကို လုပ်ခဲ့တယ်ပေါ့ ငါလာတာသာနောက်ကျရင် အန်းရန်လိုကြင်နာတတ်တဲ့ ကလေးက မင်းအနိုင်ကျင့်တာကို ဘယ်လောက်တောင် ခံနေရမလဲမသိဘူး ငါမင်းကို နှစ်တွေအကြာကြီး ပျိုးထောင်လာခဲ့တာ မင်းဒီလောက်မောက်မာပြီးအနိုင်ကျင့်လိမ့်မယ်လို့ မထင်ထားဘူး ငါ့ကိုအတော်ကို စိတ်ပျက်စေတာပဲ! "

ပြောနေရင်းနဲ့ ဂျန်ရှင်းဆွေ့ရဲ့ အမူအရာကိုလည်း အကဲခတ်လျက်ရှိတယ်။

ဂျန်ရှင်းဆွေ့ ကြက်သေသေနေတာကိုမြင်တော့ ပိုစိတ်ဆိုးသွားကာ "ကြည့်ရတာမင်း ဘာမှားမှန်းမသိသေးဘူး ထင်တယ် အဲ့ဒါဆိုငါကလည်း အမှားကိုသိသွားအောင် ပြောပေးရမှာပေါ့ ဒီနေ့ မင်းဘယ်လိုပုံစံပဲဖြစ်နေပါစေ ဒီအိမ်ကနေ ထွက်ကိုထွက်သွားရမယ်"

...............

စကားပြောပြီးတဲ့နောက်မှာတော့ ဂျန်ခေါ့က ဂျန်ရှင်းဆွေ့ဒီတစ်ခါရော ဘယ်လိုတုံးအတဲ့ လှည့်ကွက်တွေသုံးမလဲသိချင်တော့ စောင့်ကြည့်နေလိုက်တယ်။ ဒါပေမဲ့ တစ်ခန်းလုံး အပ်ကျသံကြားရလောက်အောင်အထိကို တိတ်ဆိတ်နေတယ်။

နောက်တော့

ဂျန်ရှင်းဆွေ့က ပုံမှန်အတိုင်းပဲ မသေချာသလိုမျိုး သူ့ကိုကြည့်ပြီးပြောလိုက်တယ် "မနေ့တုန်းက? "

ဂျန်ခေါ့ ခဏလောက်ကြောင်သွားတယ်။ ဒါကရော ဘာတွေသရုပ်ဆောင်နေပြန်တာလဲ။ သူစိတ်မရှည်စွာပြန်ပြောလိုက်တယ် "မနေ့ကမဟုတ်လို့ ဘယ်နေ့ကဖြစ်ရမှာလဲ ဘာလဲ? မင်းရူးချင်ယောင်ဆောင်ပြီး မင်းလုပ်တာမဟုတ်ဘူးလို့ ပြောအုံးမှာလား? "

ဂျန်ရှင်းဆွေ့ အားမရှိသလိုမျိုး နောက်ကနံရံကိုမှီလိုက်ပြီးမှ "ခင်ဗျားပြောချင်တာက အခုက19ခုနှစ်ပေါ့"

ဂျန်ခေါ့ သူ့ရဲ့ မဟုတ်မဟတ်စကားတွေကိုနားထောင်ပြီး ပိုလို့တောင် စိတ်ပျက်သွားကာ "မဟုတ်ရင်ရော အဲ့ဒါကိုမေးပြီးတော့ ဘာလုပ်တာလဲ?"

ဂျန်ရှင်းဆွေ့ပြန်မဖြေပဲ သူ့ခေါင်းကိုထိနေပြီးတော့မှ တိုးတိုးလေးရယ်လိုက်တယ်။

ပထမတော့ သူမယုံရဲဘူး။ ဒါပေမဲ့အခုတော့ သူ 'ပြန်လည်မွေးဖွားလာတယ်' ဆိုတာကို မယုံလို့မရတော့ဘူး။ ပြီးတော့ သူပြန်လည်မွေးဖွားလာတဲ့ အချိန်က ဇာတ်လိုက်shouဖြစ်တဲ့ အန်းရန် ဆေးရုံကနေပြန်လာပြီး ဂျန်မိသားစုနှင့် ပူးပေါင်းကာ သူ့ကိုနှင်မထုတ်ခင် အချိန်မှာပဲရှိသေးတယ်။ အရာအားလုံး အချိန်မှီနေသေးတယ်။ အရှက်ရစရာတွေလည်း ဘာမှမဖြစ်သေးဘူး။

သူသေဆုံးပြီးတဲ့နောက်မှာတော့ ဒီကမ္ဘာကြီးက ဝတ္ထုစာအုပ်ဖြစ်နေတယ်ဆိုတာသိလိုက်ရတဲ့အပြင် သူ့ရဲ့ ဇာတ်ကောင်ကိုလည်းသိလိုက်ရတယ်။ မုန်းစရာ၊ စိတ်ရှုပ်စရာကောင်းတဲ့ သူများပုလ္လင်ကိုလုချင်နေတဲ့ အမြောက်စာခံအတုအယောင်သခင်လေးပေါ့။

အန်းရန်က ဒီကမ္ဘာကြီးရဲ့ဗဟိုချက်ဖြစ်တယ်။ အန်းရန်ပြန်လာပြီးတဲ့နောက်မှာတော့ ဂျန်မိသားစုကလူတွေက အန်းရန်ကိုချစ်မြတ်နိုးကြပြီး သူ့ကိုတော့အားလုံးကသေစေချင်နေကြတယ်။ ဂျန်ရှင်းဆွေ့ အနုပညာလောကထဲ ဝင်ရောက်လိုက်တဲ့အချိန်ထိ အရာအားလုံးကချောချောမွေ့မွေ့နဲ့ သူ့ကိုလည်း လိုင်းပေါ်မှာ လူတော်တစ်ယောက်အဖြစ် အားလုံးက လက်ခံထားကြလေတယ်။ နောက်တော့ သူဇာတ်ကားတစ်ခုကြောင့် မင်းသားတစ်ယောက်နဲ့ ချစ်မိသွားခဲ့ပြီး သူကဘဝထဲဝင်လာခဲ့တယ်။ နောက်တော့သူ့မှာ ဘာမှမရှိတော့ဘူး။ ဘယ်သူမှမသိတဲ့နေရာတစ်ခုမှာ ကားaccidentကြောင့် သေသွားခဲ့ရတယ်။ အဲ့ဒီ့သွေးအေးရက်စက်တဲ့ စာဖတ်သူတွေကလည်း ဒီလိုအဆုံးသတ်ကိုမျှော်နေကြမှာပါပဲ။

ဂျန်ရှင်းဆွေ့ သက်ပြင်းချလိုက်ပြီးတော့ သူ့အဖေကိုကြည့်ဖို့ ခေါင်းမော့လိုက်တယ် "အဲ့တော့ အခုကဘယ်အချိန်ရှိပြီလဲ ကျွန်တော့်မိဘအရင်းတွေဆီ ပြန်ရတော့မှာလား?"

ဂျန်ခေါ့ရှေ့က စကားတစ်ဝက်ကို သေချာမကြားလိုက်ပဲ နောက်ကျစကား တစ်ဝက်ကိုပဲ ကြားလိုက်တယ် "ပြန်ရတော့မှာပေါ့ မင်းဒီနေ့ ပြန်ချင်ချင် မပြန်ချင်ချင် သေချာပေါက် ပြန်ကိုပြန်ရမယ် ဘာအကြောင်းပြချက်မှ မလိုချင်ဘူး"

ဂျန်ခေါ့ သေချာစဉ်းစားပြီးပြီ။ ဒီတစ်ခေါက် သူဘာလှည့်ကွက်ပဲသုံးသုံး စိတ်မပြောင်းတော့ဘူး။ ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ ဒီကလေးရဲ့ မကောင်းတဲ့ပင်ကိုစရိုက်တွေကို ပိုပြီးတွေ့လာရတယ်။ လုံးဝကို စိတ်ချလက်ချ ယုံလို့မရဘူး။

အဲ့ဒီနောက်မှာတော့...

ဂျန်ရှင်းဆွေ့ မတ်တပ်ရပ်လိုက်ပြီး သူ့အဖေကို ကြည့်ပြီးတော့ပြောလိုက်တယ် "‌ကောင်းပြီ ကျွန်တော်ပြန်မယ်"

"မင်းဘာပြောပြောအသုံးမဝင်တော့ဘူး.....ဘာ..ဘာကြီး?" ဂျန်ခေါ့ရဲ့စကားက တစ်ဝက်မရောက်ခင် ရပ်သွားလေတယ်။ သူ သူ့နားသူ မယုံရဲဘူး "မင်းစောနက ဘာပြောလိုက်တာ?"

ဂျန်ရှင်းဆွေ့ သူပြောလိုက်တာကို နည်းမလည်တာတွေ့တော့ တစ်ခေါက်ထပ်ပြောလိုက်တယ် "မိဘတွေဆီပြန်မယ်လို့"

ဂျန်ခေါ့က ဒီကောင်စုတ်လေးကို နှင်ထုတ်ဖိုအတွက် စကားတွေနဲ့အသင့်ပြင်ထားပေမဲ့ သူ့စကားတွေက လည်ချောင်းထဲမှာတင်ပျောက်သွားရပြီ။ အကြာကြီးနေမှ "မင်းဘာလှည့်ကွက်တွေ လုပ်နေပြန်တာလဲ?" လို့တစ်ကြောင်းပဲထွက်လာတယ်။

ဂျန်ရှင်းဆွေ့ကလည်း ပြန်မေးလိုက်တယ် "ကျွန်တော်ဘာလှည့်ကွက်တွေများလုပ်နေလို့လဲ?"

ဂျန်ခေါ့ဆွံ့အသွားလေတယ်။

အခန်းထဲမှာရပ်နေတဲ့ ကောင်လေးက ရင်းနှီးတဲ့ပုံစံ မပျောက်သေးဘူး။ ဆေးဆိုးထားတဲ့ အဝါရောင်ဆံပင်က မျက်လုံးကိုဖုံးထားဖို့လုံလောက်တဲ့အထိ ရှည်နေပြီ။ ဝတ်ထားတဲ့အင်္ကျီကလည်း အိတ်ကြီးတစ်လုံးလိုပဲ။ ဆင်ဆယ်ကောင်လောက် ဆံ့လောက်တဲ့အထိကို ကြီးမားနေပြန်တယ်။ တစ်ချိန်ထဲမှာပဲ သူဟာအခန်းထဲမှာတိတ်ဆိတ်စွာရပ်နေတယ်။ စကားပြောတဲ့လေသံဟာလည်း မကျယ်သလို တိုးလည်းတိုးမနေဘူး။ ဒါအပြင် သူ့ကိုတောင် မေးခွန်းပြန်မေးနေသေးတယ်။ ရန်လိုနေတဲ့လေသံလည်းမပေါက်ဘူး။ အဲ့လိုအေးအေးဆေးဆေးဖြစ်နေတာကိုက ယုတ္တိမရှိဖြစ်နေတာ။

မဖြစ်နိုင်လိုက်တာ။ သူကကိုယ့်သားကိုယ်နားမလည်ပဲနေမလား?

ဒီကောင်စုတ်လေးက မကောင်းတဲ့သူဖြစ်နေပြီ။ အခုဒီပုံစံက သေချာပေါက် သရုပ်ဆောင်နေတာနေမှာ။

သူစဉ်းစားရင်း အသံကျယ်ကျယ်နဲ့ပြောလိုက်တယ် "မင်း...မင်းသေချာစဉ်းစားပြီးပြီလား?"

ဂျန်ရှင်းဆွေ့လည်းခေါင်းငြိမ့်ရင်း "ကျွန်တော်အစကတည်းက ထွက်သွားမယ်လို့ ရှင်းရှင်းလင်းလင်းပြောပြီးသား"

ဂျန်ခေါ့ ဒီတစ်ခါလည်းဆွံ့အသွားရပြန်ပြီ။ သူတော်တော် ဒေါသထွက်နေပြီ။ ဒါပေမဲ့ ဂျန်ရှင်းဆွေ့ ရုတ်တရက်ကြီး စကားတွေနားထောင်နေတာကို ကြည့်ရင်း "မင်းသေချာစဉ်းစားရင်တော့ အကောင်းဆုံးပဲပေါ့ ဒီနှစ်တွေမှာ ငါနဲ့မင်းအမေက မင်းကို ငါတို့ရဲ့သားအရင်းလို ဆက်ဆံပေးတာ ဒါပေမဲ့ မင်းရဲ့လုပ်ရပ်တွေက ငါ့တို့ကိုစိတ်ပျက်စေတယ် အန်းရန်က လိမ္မာတဲ့ကလေးပါ သူ့ကိုဒုက္ခမပေးပါနဲ့တော့ ဒါကနောက်ဆုံးတစ်ခေါက်ပဲ မင်းရဲ့ မိဘအရင်းတွေဆီ ပြန်သွားပြီး နောက်ပိုင်း ရန်ရန်ကိုထပ်ပြီး ရန်စရင်တော့ မင်းကိုလွှတ်ပေးမှာမဟုတ်တော့ဘူး နားလည်လား?"

ဂျန်ရှင်းဆွေ့ နားထဲမှာတော့ သူ့ကိုထေ့ငေါ့နေတာပဲ။

ဂျန်ခေါ့က သူနဲ့အန်းရန် ဖြစ်တဲ့ ပဋိပက္ခတွေက သူကပဲအန်းရန်ကို ရန်သွားစနေတယ်လို့ပဲ ထင်နေတာ။ ဂျန်ခေါ့အပြစ်ကင်းစင်တယ်လို့ တွေးနေတဲ့ကလေးလေးက အရင်စပြီး ရန်လာရှာတာလို့ ဘယ်လိုလုပ်တွေးမိမှာလဲ။ ဂျန်ခေါ့က အန်းရန်ဆေးရုံရောက်သွားတာကိုပဲ သိတာ။ ဂျန်ရှင်းဆွေ့ရော ဒဏ်ရာရသွားသေးလားဆိုတာ သူမသိဘူး။

ရှပ်အင်္ကျီလက်ရှည်အောက်က ဒဏ်ရာကတဆစ်ဆစ်ကိုက်နေဆဲပဲ။ ဒါပေမဲ့ သူကတော့ နာကျင်မှု နည်းနည်းလေးတောင် မခံစားရပါဘူး။ အဲ့ဒီ့ဒဏ်ရာထက် နှလုံးသားထဲက နာကြည်းချက်တွေနဲ့ နာကျင်မှုတွေက အဆပေါင်းများစွာ ပိုပြီးနာကျင်ရတယ်။

ဂျန်ခေါ့က သူတိတ်ဆိတ်နေတာမြင်တော့ နစ်နာကြေးကို မကျေနပ်သေးလို့တိတ်ဆိတ်နေတာလို့ ထင်တာကြောင့် "စားပွဲပေါ်မှာချက်လက်မှတ်ရှိတယ် အဲ့ဒါကိုယူပြီးသွားတော့"

ဂျန်ရှင်းဆွေ့ အဲ့ဒီစကားကိုကြားတော့ တိုးတိုးလေး ရယ်လိုက်တယ်။ အရင်ဘဝတုန်းက သူသေသွားခဲ့တာတောင် နောက်ဆုံးမျှော်လင့်ချက်လေး ရှိနေသေးတယ်။ ဒါပေမဲ့ သူအခုပြန်လည်မွေးဖွားလာတော့လည်း ဒီလိုပဲထပ်ပြီးဖြစ်ရပြန်ပြီ။ သူ့နှလုံးသားထဲက မျှော်လင့်ချက်အလင်းရောင်လေးက ငြိမ်းသွားခဲ့ရပြီ။

ဂျန်ခေါ့က သူ့ကို ဆွဲထုတ်မသွားပေမဲ့ သူကတော့ ထွက်ကိုသွားမှာ။

ဂျန်ရှင်းဆွေ့က ပြောလိုက်တယ် "မလိုပါဘူး ဒီပိုက်ဆံကို 'ကြောက်ရွံ့တတ်ပြီး ကျိုးပဲ့လွယ်တဲ့' အန်းရန်ကိုပဲ သူ့ခန္ဓာကိုယ်ကို ကုသဖို့ ပေးလိုက်ပါ"

ဂျန်ခေါ့ သက်ပြင်းချလိုက်တယ်။ ဂျန်ရှင်းဆွေ့က ငြင်းလိမ့်မယ်လို့မထင်ထားဘူး။

ဂျန်ရှင်းဆွေ့ ချက်လက်မှတ်ကို ငြင်းလိုက်ပြီးတော့ ဘာပစ္စည်းမှမယူပဲ ဒီတိုင်းထွက်သွားတာက သူ့ကိုပိုပြီးအံ့အားသင့်စေတယ်။ ဂျန်ခေါ့အံ့အားသင့်စွာမေးလိုက်တယ် "မင်းပစ္စည်းတွေမယူသွားဘူးလား? "

"ပစ္စည်းတွေ? " ဂျန်ရှင်းဆွေ့ရဲ့ အမူအရာက ပုံမှန်ပဲဖြစ်တယ်။ သူက ခမ်းခမ်းနားနားရှိလှတဲ့ အခန်းကြီးကို ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ရင်း "ဒီအိမ်ကြီးကိုကျွန်တော်မပိုင်တော့ဘူးဆိုတော့ ဒီပစ္စည်းတွေကလည်း ကျွန်တော်နဲ့မသက်ဆိုင်တော့ဘူး"

သူလုံးဝနောက်ကိုလှည့်မကြည့်ပဲနဲ့ တန်းတန်းမတ်မတ်လျှောက်သွားတယ်။

လူငယ်လေးတစ်ယောက်ကအခန်းထဲကနေထွက်လာပြီး ကော်ရစ်တာတစ်လျှောက်လျောက်‌သွားလေရဲ့။ တကယ်တော့ပြောရရင် သူနဲ့ဒီနေရာနဲ့ ခွဲခွာခဲ့ရတာ နှစ်တွေအရမ်းအကြာကြီးလဲမဟုတ်ပါဘူး။ အရင်ဘဝတုန်းက အိမ်ကနေနှင်ထုတ်ခံရပြီးနောက်ပိုင်းမှာလည်း နှစ်နှစ်လောက်ပဲ မလာဖြစ်ခဲ့တာ။ ဒီနေရာကသူနှစ်နှစ်ဆယ်လောက် ရှင်သန်ခဲ့တဲ့နေရာပဲ။ အခုကြည့်လိုက်ပြန်တော့လည်း သူနဲ့လုံးဝကို မရင်းနှီးတော့သလိုပဲ။ သူမတိုင်ခင်က ပြင်ဆင်လာခဲ့ပေမဲ့ အကြောင်းအရာတစ်ချို့ကြောင့် နှလုံးသားထဲမှာ နည်းနည်းတော့ နာကျင်နေရတုန်းပဲ။

အနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ ဆက်ဆံရေးတစ်ခု။ တစ်စုံတစ်ယောက်ရဲ့ကြားဝင်မှုကြောင့် နှစ်လအတွင်းပျက်စီးခဲ့ရတယ်။ သူတစ်ချို့လူတွေရဲ့ တကယ့်မျက်နှာကို သေချာမြင်ပြီးသွားပြီ။ တချို့ခံစားချက်တွေက မေ့ပစ်ချင်ပေမဲ့ မေ့လို့မရတာတွေရှိနေသေးတယ်။ ဒါပေမဲ့ သေခြင်းတရားက သူ့ကိုအဲ့ဒီအရာတွေဆီကနေ နိုးထစေဖို့လုံလောက်တယ်။ ဒီအိမ်ကနေ၊ ဒီမိသားစုကနေ ထွက်သွားလိုက်တာနဲ့ သူ့ခံစားချက်တွေ ပိုကောင်းလာမှာပါ။

အနောက်ကနေ ဂျန်ခေါ့ရဲ့အသံကို ‌ကြားလိုက်ရတယ် "မင်းသေချာစဉ်းစားပြီးပြီလား?"

ဂျန်ရှင်းဆွေ့ သူ့အတွေးတွေကို ပြန်ပြီးစုစည်းလိုက်တယ်။ သူလှည့်ပြီး ဂျန်ခေါ့ကို ကြည့်လိုက်တယ်။ တစ်ခဏလောက်ကြည့်ပြီးတဲ့နောက်မှာ သူဦးညွှတ်လိုက်တယ်။ ဒီနှစ်တွေမှာ သူ့ကိုကြင်နာပေးပြီး ပျိုးထောင်ပေးခဲ့တဲ့အတွက်‌ပေါ့ "ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"

နေ့လည်ခင်းရဲ့နေရောင်ခြည်က နွေးထွေးပေမဲ့ ကော်ရစ်တာတစ်လျှောက်ကတော့ အေးစက်မှောင်မိုက်လျက်ရှိတယ်။

လေပြည်လေးတွေက ပြတင်းပေါက်တွေကနေဝင်လာပြီး ကောင်လေးကိုဖြတ်ပြီးတိုက်ခတ်သွားတာကြောင့် ဝတ်ရုံတွေတွေဟာ တဖြူးဖြူးလွင့်လျက်။ ဘယ်လောက်မှမကြာခင်က ဂျန်ခေါ့ဒီကောင်လေးကို ထွက်သွားစေချင်ပေမဲ့ အခုချိန်မှာတော့ ဘာကြောင့်မှန်းမသိ သူ့ရင်ထဲကတစ်စုံတစ်ခု လှုပ်ခတ်သွားသလို ခံစားလိုက်ရတယ်။ အတူတူအကြာကြီးနေထိုင်ပြီးတဲ့နောက်မှာတော့ သူမထိန်းချုပ်ထားနိုင်တော့ပဲခေါ်လိုက်တော့တယ် "ဆွေ့ဆွေ့....."

ဂျန်ရှင်းဆွေ့ ဂျန်ခေါ့ရဲ့ခေါ်သံကြောင့် တုန်လှုပ်မသွားပဲ နောက်တစ်ခါထပ်ပြီးဦးညွှတ်ကာ စကားတစ်ခွန်းပဲပြောသွားခဲ့တယ် "နှုတ်ဆက်ပါတယ်"တဲ့။

____________________

Word - 3409
June 20th, 2022 (Mon)
Xiao Dream

Dreamဘာသာပြန်တာ အဆင်ပြေရဲ့လားပြောပေးကြပါအုံးနော်။ ဝတ္ထုကိုပထမဆုံးစပြန်ဖူးတာဆိုတော့ အဆင်မပြေမှာစိုးလို့ပါ။ နောက်တစ်ပိုင်းကိုကြာသပတေးနေ့ကျရင်တင်ပေးပါမယ်နော်။ တနင်္လာနဲ့ ကြာသပတေး တစ်ပတ်နှစ်ပိုင်းတင်ပေးပါမယ်။ နည်းတာသိပေမဲ့ အများကြီးကျတော့မနိုင်မှာစိုးလို့ပါ။ နောက်ကျရင်များများupနိုင်အောင်ကြိုးစားပါ့မယ်။ နောက်တစ်ပိုင်းမှာပြန်တွေ့ကြပါမယ်။ သကျားကျိုက်ကျန့် !! အိုက်နီရော်😘😘

Zawgyi

မင္းသတၱိရွိရင္တံခါးဖြင့္စမ္း
______________________

"ဂ်န္ရွင္းေဆြ႕ တံခါးဖြင့္စမ္း! "

"တံခါးဖြင့္စမ္း မင္းအထဲမွာဘာလုပ္ေနတာလဲ မင္းအထဲမွာရွိမွန္းသိတယ္ေနာ္! "

"လူေရာ? "

ဂ်န္ရွင္းေဆြ႕ မ်က္လုံးဖြင့္လိုက္ေသာအခါ မူးေဝေနတယ္။ သူ႔ရဲ့မွတ္ဉာဏ္ေတြက အတိတ္ဘဝေသဆုံးခ်ိန္မွာ ခံစားမိလိုက္တဲ့ နာက်င္မွုတြင္မွာသာ ရပ္တန႔္လ်က္။ ေသဆုံးၿပီးတဲ့ေနာက္ သူကခ်မ္းသာတဲ့မိသားစု​ရဲ့ အစစ္အမွန္သခင္ေလးႏွင့္ အတုအေယာင္သခင္ေလး တို႔​အေၾကာင္းေရးထားေသာ ဝတၳဳထဲကျဖစ္ေၾကာင္းကို အမွန္မထင္သိရွိလိုက္ရေလတယ္။ ေသခ်ာတာေပါ့။ သူသည္ ဂ်န္မိသားစု​ရဲ့စည္းစိမ္ေတြကို မ်က္စိက်မက္ေမာေနေသာ အတုအေယာင္သခင္ေလးပင္။ ေနာက္ဆုံးတြင္ သူသည္ သူ​၏'ကုသိုလ္'မ်ား​၏အက်ိဳးဆက္ကို လက္ခံရရွိကာ ေလာကႀကီးမွ ထြက္ခြာသြားခဲ့ေသာ ဗီလိန္တစ္ေယာက္ ျဖစ္လာပါေတာ့တယ္။

"ဒုန္း ဒုန္း ဒုန္း"

အျပင္ဘက္တြင္တံခါးေခါက္သံသည္ဆက္လက္ ထြက္ေပၚလ်က္ရွိသည္။

"ဂ်န္ရွင္းေဆြ႕ အထဲမွာေသခ်င္ေယာင္ေဆာင္မေနနဲ႔ ျမန္ျမန္ထြက္လာၿပီးရွင္းေအာင္ေျပာစမ္း မင္းတံခါးမဖြင့္ရင္ ငါကန္ၿပီးဝင္လာေတာ့မွာေနာ္!! "

ဂ်န္ရွင္းေဆြ႕ အစကတည္းက ေခါင္းကိုက္ၿပီး မလွုပ္ခ်င္ေပမဲ့ အျပင္မွအဆက္မျပတ္အသံမ်ားေၾကာင့္ ခက္ခက္ခဲခဲ ထထိုင္လိုက္ၿပီး တံခါးထဖြင့္ေပးလိုက္ရတယ္။ သူတံခါးမဖြင့္ပါက တျခားပိုဆိုးတာေတြလုပ္လာမည့္ပုံပင္။

"ကလစ္" (**တံခါးဖြင့္သံ)

တံခါးပြင့္သြားၿပီ။

တံခါးအျပင္ဘက္တြင္ရပ္ေနေသာ 'ဂ်န္ေခါ့' သည္ သူ႔​၏သား တံခါးဖြင့္သည္ကိုၾကည့္ၿပီး ျပင္းထန္စြာ မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။ သူဆူေတာ့မည့္ဆဲဆဲမွာဂ်န္ရွင္းေဆြ႕​၏ ေသြးမရွိသေယာင္ ျဖဴဆြတ္ေနေသာ မ်က္ႏွာႏွင့္ ေလတိုက္လၽွင္ပင္ လဲက်နိုင္ေလာက္ေသာခႏၶာကိုယ္ကို သတိထားမိသြားတယ္။

အရင္ကဆိုလၽွင္ေတာ့ သူစိုးရိမ္ၿပီးဂ႐ုစိုက္မိမွာေပမဲ့ အခုေတာ့သူပိုၿပီးေတာ့မ်က္ေမွာင္ၾကဳတ္သြားကာ "ဒီတစ္ေခါက္ကေရာ ဘာကိုသ႐ုပ္ေဆာင္အုံးမွာလဲ?"

...............

ဂ်န္ရွင္းေဆြ႕ သူ႔ေရွ႕က သူနဲ႔စိမ္းေနတဲ့မ်က္ႏွာကိုၾကည့္ရင္း တစ္ခဏအတြင္း ေျခာက္ျခားသြားရတယ္။

သူ႔ေရွ႕ကသူက သူ႔ရဲ့အေဖမလား မဟုတ္ဘူး ပိုၿပီးတိတိက်က်ေျပာရရင္ သူ႔ရဲ့ယခင္အေဖပဲ။ 'အန္းရန္' ေပၚမလာခင္တုန္းက သူ႔အေဖက သူ႔ကိုနည္းနည္းေလးေလာက္ေတာ့ ခ်စ္ေသးတယ္။ ဒါေပမဲ့ ဇာတ္လိုက္ေပၚလာၿပီးေနာက္မွာေတာ့ အကုန္လုံးက သူတို႔စိတ္ခံစားခ်က္ေတြေပ်ာက္သြားသလိုမ်ိဳး ေျပာင္းလဲသြားၾကတယ္။ သူ႔ကိုလည္း မုန္းလာၾကၿပီး ေပ်ာက္ကြယ္သြားေစခ်င္လာၾကတယ္။

"ဘာလို႔စကားမေျပာတာလဲ?" ဂ်န္ေခါ့က ေနာက္ဆုံးရာဇသံကို ခ်မွတ္ဖို႔လာသလိုမ်ိဳး ဝင္လာေလတယ္ "ငါမင္းကိုေျပာမယ္ မေန႔တုန္းက မင္းအန္းရန္ကို သြားရွာၿပီး အဲ့လို႐ူးမိုက္တဲ့အလုပ္ကို လုပ္ခဲ့တယ္ေပါ့ ငါလာတာသာေနာက္က်ရင္ အန္းရန္လိုၾကင္နာတတ္တဲ့ ကေလးက မင္းအနိုင္က်င့္တာကို ဘယ္ေလာက္ေတာင္ ခံေနရမလဲမသိဘူး ငါမင္းကို ႏွစ္ေတြအၾကာႀကီး ပ်ိဳးေထာင္လာခဲ့တာ မင္းဒီေလာက္ေမာက္မာၿပီးအနိုင္က်င့္လိမ့္မယ္လို႔ မထင္ထားဘူး ငါ့ကိုအေတာ္ကို စိတ္ပ်က္ေစတာပဲ! "

ေျပာေနရင္းနဲ႔ ဂ်န္ရွင္းေဆြ႕ရဲ့ အမူအရာကိုလည္း အကဲခတ္လ်က္ရွိတယ္။

ဂ်န္ရွင္းေဆြ႕ ၾကက္ေသေသေနတာကိုျမင္ေတာ့ ပိုစိတ္ဆိုးသြားကာ "ၾကည့္ရတာမင္း ဘာမွားမွန္းမသိေသးဘူး ထင္တယ္ အဲ့ဒါဆိုငါကလည္း အမွားကိုသိသြားေအာင္ ေျပာေပးရမွာေပါ့ ဒီေန႔ မင္းဘယ္လိုပုံစံပဲျဖစ္ေနပါေစ ဒီအိမ္ကေန ထြက္ကိုထြက္သြားရမယ္"

...............

စကားေျပာၿပီးတဲ့ေနာက္မွာေတာ့ ဂ်န္ေခါ့က ဂ်န္ရွင္းေဆြ႕ဒီတစ္ခါေရာ ဘယ္လိုတုံးအတဲ့ လွည့္ကြက္ေတြသုံးမလဲသိခ်င္ေတာ့ ေစာင့္ၾကည့္ေနလိုက္တယ္။ ဒါေပမဲ့ တစ္ခန္းလုံး အပ္က်သံၾကားရေလာက္ေအာင္အထိကို တိတ္ဆိတ္ေနတယ္။

ေနာက္ေတာ့

ဂ်န္ရွင္းေဆြ႕က ပုံမွန္အတိုင္းပဲ မေသခ်ာသလိုမ်ိဳး သူ႔ကိုၾကည့္ၿပီးေျပာလိုက္တယ္ "မေန႔တုန္းက? "

ဂ်န္ေခါ့ ခဏေလာက္ေၾကာင္သြားတယ္။ ဒါကေရာ ဘာေတြသ႐ုပ္ေဆာင္ေနျပန္တာလဲ။ သူစိတ္မရွည္စြာျပန္ေျပာလိုက္တယ္ "မေန႔ကမဟုတ္လို႔ ဘယ္ေန႔ကျဖစ္ရမွာလဲ ဘာလဲ? မင္း႐ူးခ်င္ေယာင္ေဆာင္ၿပီး မင္းလုပ္တာမဟုတ္ဘူးလို႔ ေျပာအုံးမွာလား? "

ဂ်န္ရွင္းေဆြ႕ အားမရွိသလိုမ်ိဳး ေနာက္ကနံရံကိုမွီလိုက္ၿပီးမွ "ခင္ဗ်ားေျပာခ်င္တာက အခုက19ခုႏွစ္ေပါ့"

ဂ်န္ေခါ့ သူ႔ရဲ့ မဟုတ္မဟတ္စကားေတြကိုနားေထာင္ၿပီး ပိုလို႔ေတာင္ စိတ္ပ်က္သြားကာ "မဟုတ္ရင္ေရာ အဲ့ဒါကိုေမးၿပီးေတာ့ ဘာလုပ္တာလဲ?"

ဂ်န္ရွင္းေဆြ႕ျပန္မေျဖပဲ သူ႔ေခါင္းကိုထိေနၿပီးေတာ့မွ တိုးတိုးေလးရယ္လိုက္တယ္။

ပထမေတာ့ သူမယုံရဲဘူး။ ဒါေပမဲ့အခုေတာ့ သူ 'ျပန္လည္ေမြးဖြားလာတယ္' ဆိုတာကို မယုံလို႔မရေတာ့ဘူး။ ၿပီးေတာ့ သူျပန္လည္ေမြးဖြားလာတဲ့ အခ်ိန္က ဇာတ္လိုက္shouျဖစ္တဲ့ အန္းရန္ ေဆး႐ုံကေနျပန္လာၿပီး ဂ်န္မိသားစုႏွင့္ ပူးေပါင္းကာ သူ႔ကိုႏွင္မထုတ္ခင္ အခ်ိန္မွာပဲရွိေသးတယ္။ အရာအားလုံး အခ်ိန္မွီေနေသးတယ္။ အရွက္ရစရာေတြလည္း ဘာမွမျဖစ္ေသးဘူး။

သူေသဆုံးၿပီးတဲ့ေနာက္မွာေတာ့ ဒီကမၻာႀကီးက ဝတၳဳစာအုပ္ျဖစ္ေနတယ္ဆိုတာသိလိုက္ရတဲ့အျပင္ သူ႔ရဲ့ ဇာတ္ေကာင္ကိုလည္းသိလိုက္ရတယ္။ မုန္းစရာ၊ စိတ္ရွုပ္စရာေကာင္းတဲ့ သူမ်ားပုလႅင္ကိုလုခ်င္ေနတဲ့ အေျမာက္စာခံအတုအေယာင္သခင္ေလးေပါ့။

အန္းရန္က ဒီကမၻာႀကီးရဲ့ဗဟိုခ်က္ျဖစ္တယ္။ အန္းရန္ျပန္လာၿပီးတဲ့ေနာက္မွာေတာ့ ဂ်န္မိသားစုကလူေတြက အန္းရန္ကိုခ်စ္ျမတ္နိုးၾကၿပီး သူ႔ကိုေတာ့အားလုံးကေသေစခ်င္ေနၾကတယ္။ ဂ်န္ရွင္းေဆြ႕ အႏုပညာေလာကထဲ ဝင္ေရာက္လိုက္တဲ့အခ်ိန္ထိ အရာအားလုံးကေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ သူ႔ကိုလည္း လိုင္းေပၚမွာ လူေတာ္တစ္ေယာက္အျဖစ္ အားလုံးက လက္ခံထားၾကေလတယ္။ ေနာက္ေတာ့ သူဇာတ္ကားတစ္ခုေၾကာင့္ မင္းသားတစ္ေယာက္နဲ႔ ခ်စ္မိသြားခဲ့ၿပီး သူကဘဝထဲဝင္လာခဲ့တယ္။ ေနာက္ေတာ့သူ႔မွာ ဘာမွမရွိေတာ့ဘူး။ ဘယ္သူမွမသိတဲ့ေနရာတစ္ခုမွာ ကားaccidentေၾကာင့္ ေသသြားခဲ့ရတယ္။ အဲ့ဒီ့ေသြးေအးရက္စက္တဲ့ စာဖတ္သူေတြကလည္း ဒီလိုအဆုံးသတ္ကိုေမၽွာ္ေနၾကမွာပါပဲ။

ဂ်န္ရွင္းေဆြ႕ သက္ျပင္းခ်လိုက္ၿပီးေတာ့ သူ႔အေဖကိုၾကည့္ဖို႔ ေခါင္းေမာ့လိုက္တယ္ "အဲ့ေတာ့ အခုကဘယ္အခ်ိန္ရွိၿပီလဲ ကၽြန္ေတာ့္မိဘအရင္းေတြဆီ ျပန္ရေတာ့မွာလား?"

ဂ်န္ေခါ့ေရွ႕က စကားတစ္ဝက္ကို ေသခ်ာမၾကားလိုက္ပဲ ေနာက္က်စကား တစ္ဝက္ကိုပဲ ၾကားလိုက္တယ္ "ျပန္ရေတာ့မွာေပါ့ မင္းဒီေန႔ ျပန္ခ်င္ခ်င္ မျပန္ခ်င္ခ်င္ ေသခ်ာေပါက္ ျပန္ကိုျပန္ရမယ္ ဘာအေၾကာင္းျပခ်က္မွ မလိုခ်င္ဘူး"

ဂ်န္ေခါ့ ေသခ်ာစဥ္းစားၿပီးၿပီ။ ဒီတစ္ေခါက္ သူဘာလွည့္ကြက္ပဲသုံးသုံး စိတ္မေျပာင္းေတာ့ဘူး။ ဒီကိစၥေတြျဖစ္ၿပီးတဲ့ေနာက္မွာ ဒီကေလးရဲ့ မေကာင္းတဲ့ပင္ကိုစရိုက္ေတြကို ပိုၿပီးေတြ႕လာရတယ္။ လုံးဝကို စိတ္ခ်လက္ခ် ယုံလို႔မရဘူး။

အဲ့ဒီေနာက္မွာေတာ့...

ဂ်န္ရွင္းေဆြ႕ မတ္တပ္ရပ္လိုက္ၿပီး သူ႔အေဖကို ၾကည့္ၿပီးေတာ့ေျပာလိုက္တယ္ "‌ေကာင္းၿပီ ကၽြန္ေတာ္ျပန္မယ္"

"မင္းဘာေျပာေျပာအသုံးမဝင္ေတာ့ဘူး.....ဘာ..ဘာႀကီး?" ဂ်န္ေခါ့ရဲ့စကားက တစ္ဝက္မေရာက္ခင္ ရပ္သြားေလတယ္။ သူ သူ႔နားသူ မယုံရဲဘူး "မင္းေစာနက ဘာေျပာလိုက္တာ?"

ဂ်န္ရွင္းေဆြ႕ သူေျပာလိုက္တာကို နည္းမလည္တာေတြ႕ေတာ့ တစ္ေခါက္ထပ္ေျပာလိုက္တယ္ "မိဘေတြဆီျပန္မယ္လို႔"

ဂ်န္ေခါ့က ဒီေကာင္စုတ္ေလးကို ႏွင္ထုတ္ဖိုအတြက္ စကားေတြနဲ႔အသင့္ျပင္ထားေပမဲ့ သူ႔စကားေတြက လည္ေခ်ာင္းထဲမွာတင္ေပ်ာက္သြားရၿပီ။ အၾကာႀကီးေနမွ "မင္းဘာလွည့္ကြက္ေတြ လုပ္ေနျပန္တာလဲ?" လို႔တစ္ေၾကာင္းပဲထြက္လာတယ္။

ဂ်န္ရွင္းေဆြ႕ကလည္း ျပန္ေမးလိုက္တယ္ "ကၽြန္ေတာ္ဘာလွည့္ကြက္ေတြမ်ားလုပ္ေနလို႔လဲ?"

ဂ်န္ေခါ့ဆြံ႕အသြားေလတယ္။

အခန္းထဲမွာရပ္ေနတဲ့ ေကာင္ေလးက ရင္းႏွီးတဲ့ပုံစံ မေပ်ာက္ေသးဘူး။ ေဆးဆိုးထားတဲ့ အဝါေရာင္ဆံပင္က မ်က္လုံးကိုဖုံးထားဖို႔လုံေလာက္တဲ့အထိ ရွည္ေနၿပီ။ ဝတ္ထားတဲ့အကၤ်ီကလည္း အိတ္ႀကီးတစ္လုံးလိုပဲ။ ဆင္ဆယ္ေကာင္ေလာက္ ဆံ့ေလာက္တဲ့အထိကို ႀကီးမားေနျပန္တယ္။ တစ္ခ်ိန္ထဲမွာပဲ သူဟာအခန္းထဲမွာတိတ္ဆိတ္စြာရပ္ေနတယ္။ စကားေျပာတဲ့ေလသံဟာလည္း မက်ယ္သလို တိုးလည္းတိုးမေနဘူး။ ဒါအျပင္ သူ႔ကိုေတာင္ ေမးခြန္းျပန္ေမးေနေသးတယ္။ ရန္လိုေနတဲ့ေလသံလည္းမေပါက္ဘူး။ အဲ့လိုေအးေအးေဆးေဆးျဖစ္ေနတာကိုက ယုတၱိမရွိျဖစ္ေနတာ။

မျဖစ္နိုင္လိုက္တာ။ သူကကိုယ့္သားကိုယ္နားမလည္ပဲေနမလား?

ဒီေကာင္စုတ္ေလးက မေကာင္းတဲ့သူျဖစ္ေနၿပီ။ အခုဒီပုံစံက ေသခ်ာေပါက္ သ႐ုပ္ေဆာင္ေနတာေနမွာ။

သူစဥ္းစားရင္း အသံက်ယ္က်ယ္နဲ႔ေျပာလိုက္တယ္ "မင္း...မင္းေသခ်ာစဥ္းစားၿပီးၿပီလား?"

ဂ်န္ရွင္းေဆြ႕လည္းေခါင္းၿငိမ့္ရင္း "ကၽြန္ေတာ္အစကတည္းက ထြက္သြားမယ္လို႔ ရွင္းရွင္းလင္းလင္းေျပာၿပီးသား"

ဂ်န္ေခါ့ ဒီတစ္ခါလည္းဆြံ႕အသြားရျပန္ၿပီ။ သူေတာ္ေတာ္ ေဒါသထြက္ေနၿပီ။ ဒါေပမဲ့ ဂ်န္ရွင္းေဆြ႕ ႐ုတ္တရက္ႀကီး စကားေတြနားေထာင္ေနတာကို ၾကည့္ရင္း "မင္းေသခ်ာစဥ္းစားရင္ေတာ့ အေကာင္းဆုံးပဲေပါ့ ဒီႏွစ္ေတြမွာ ငါနဲ႔မင္းအေမက မင္းကို ငါတို႔ရဲ့သားအရင္းလို ဆက္ဆံေပးတာ ဒါေပမဲ့ မင္းရဲ့လုပ္ရပ္ေတြက ငါ့တို႔ကိုစိတ္ပ်က္ေစတယ္ အန္းရန္က လိမၼာတဲ့ကေလးပါ သူ႔ကိုဒုကၡမေပးပါနဲ႔ေတာ့ ဒါကေနာက္ဆုံးတစ္ေခါက္ပဲ မင္းရဲ့ မိဘအရင္းေတြဆီ ျပန္သြားၿပီး ေနာက္ပိုင္း ရန္ရန္ကိုထပ္ၿပီး ရန္စရင္ေတာ့ မင္းကိုလႊတ္ေပးမွာမဟုတ္ေတာ့ဘူး နားလည္လား?"

ဂ်န္ရွင္းေဆြ႕ နားထဲမွာေတာ့ သူ႔ကိုေထ့ေငါ့ေနတာပဲ။

ဂ်န္ေခါ့က သူနဲ႔အန္းရန္ ျဖစ္တဲ့ ပဋိပကၡေတြက သူကပဲအန္းရန္ကို ရန္သြားစေနတယ္လို႔ပဲ ထင္ေနတာ။ ဂ်န္ေခါ့အျပစ္ကင္းစင္တယ္လို႔ ေတြးေနတဲ့ကေလးေလးက အရင္စၿပီး ရန္လာရွာတာလို႔ ဘယ္လိုလုပ္ေတြးမိမွာလဲ။ ဂ်န္ေခါ့က အန္းရန္ေဆး႐ုံေရာက္သြားတာကိုပဲ သိတာ။ ဂ်န္ရွင္းေဆြ႕ေရာ ဒဏ္ရာရသြားေသးလားဆိုတာ သူမသိဘူး။

ရွပ္အကၤ်ီလက္ရွည္ေအာက္က ဒဏ္ရာကတဆစ္ဆစ္ကိုက္ေနဆဲပဲ။ ဒါေပမဲ့ သူကေတာ့ နာက်င္မွု နည္းနည္းေလးေတာင္ မခံစားရပါဘူး။ အဲ့ဒီ့ဒဏ္ရာထက္ ႏွလုံးသားထဲက နာၾကည္းခ်က္ေတြနဲ႔ နာက်င္မွုေတြက အဆေပါင္းမ်ားစြာ ပိုၿပီးနာက်င္ရတယ္။

ဂ်န္ေခါ့က သူတိတ္ဆိတ္ေနတာျမင္ေတာ့ နစ္နာေၾကးကို မေက်နပ္ေသးလို႔တိတ္ဆိတ္ေနတာလို႔ ထင္တာေၾကာင့္ "စားပြဲေပၚမွာခ်က္လက္မွတ္ရွိတယ္ အဲ့ဒါကိုယူၿပီးသြားေတာ့"

ဂ်န္ရွင္းေဆြ႕ အဲ့ဒီစကားကိုၾကားေတာ့ တိုးတိုးေလး ရယ္လိုက္တယ္။ အရင္ဘဝတုန္းက သူေသသြားခဲ့တာေတာင္ ေနာက္ဆုံးေမၽွာ္လင့္ခ်က္ေလး ရွိေနေသးတယ္။ ဒါေပမဲ့ သူအခုျပန္လည္ေမြးဖြားလာေတာ့လည္း ဒီလိုပဲထပ္ၿပီးျဖစ္ရျပန္ၿပီ။ သူ႔ႏွလုံးသားထဲက ေမၽွာ္လင့္ခ်က္အလင္းေရာင္ေလးက ၿငိမ္းသြားခဲ့ရၿပီ။

ဂ်န္ေခါ့က သူ႔ကို ဆြဲထုတ္မသြားေပမဲ့ သူကေတာ့ ထြက္ကိုသြားမွာ။

ဂ်န္ရွင္းေဆြ႕က ေျပာလိုက္တယ္ "မလိုပါဘူး ဒီပိုက္ဆံကို 'ေၾကာက္ရြံ႕တတ္ၿပီး က်ိဳးပဲ့လြယ္တဲ့' အန္းရန္ကိုပဲ သူ႔ခႏၶာကိုယ္ကို ကုသဖို႔ ေပးလိုက္ပါ"

ဂ်န္ေခါ့ သက္ျပင္းခ်လိုက္တယ္။ ဂ်န္ရွင္းေဆြ႕က ျငင္းလိမ့္မယ္လို႔မထင္ထားဘူး။

ဂ်န္ရွင္းေဆြ႕ ခ်က္လက္မွတ္ကို ျငင္းလိုက္ၿပီးေတာ့ ဘာပစၥည္းမွမယူပဲ ဒီတိုင္းထြက္သြားတာက သူ႔ကိုပိုၿပီးအံ့အားသင့္ေစတယ္။ ဂ်န္ေခါ့အံ့အားသင့္စြာေမးလိုက္တယ္ "မင္းပစၥည္းေတြမယူသြားဘူးလား? "

"ပစၥည္းေတြ? " ဂ်န္ရွင္းေဆြ႕ရဲ့ အမူအရာက ပုံမွန္ပဲျဖစ္တယ္။ သူက ခမ္းခမ္းနားနားရွိလွတဲ့ အခန္းႀကီးကို ေခါင္းလွည့္ၾကည့္လိုက္ၿပီးေနာက္ ျပဳံးလိုက္ရင္း "ဒီအိမ္ႀကီးကိုကၽြန္ေတာ္မပိုင္ေတာ့ဘူးဆိုေတာ့ ဒီပစၥည္းေတြကလည္း ကၽြန္ေတာ္နဲ႔မသက္ဆိုင္ေတာ့ဘူး"

သူလုံးဝေနာက္ကိုလွည့္မၾကည့္ပဲနဲ႔ တန္းတန္းမတ္မတ္ေလၽွာက္သြားတယ္။

လူငယ္ေလးတစ္ေယာက္ကအခန္းထဲကေနထြက္လာၿပီး ေကာ္ရစ္တာတစ္ေလၽွာက္ေလ်ာက္‌သြားေလရဲ့။ တကယ္ေတာ့ေျပာရရင္ သူနဲ႔ဒီေနရာနဲ႔ ခြဲခြာခဲ့ရတာ ႏွစ္ေတြအရမ္းအၾကာႀကီးလဲမဟုတ္ပါဘူး။ အရင္ဘဝတုန္းက အိမ္ကေနႏွင္ထုတ္ခံရၿပီးေနာက္ပိုင္းမွာလည္း ႏွစ္ႏွစ္ေလာက္ပဲ မလာျဖစ္ခဲ့တာ။ ဒီေနရာကသူႏွစ္ႏွစ္ဆယ္ေလာက္ ရွင္သန္ခဲ့တဲ့ေနရာပဲ။ အခုၾကည့္လိုက္ျပန္ေတာ့လည္း သူနဲ႔လုံးဝကို မရင္းႏွီးေတာ့သလိုပဲ။ သူမတိုင္ခင္က ျပင္ဆင္လာခဲ့ေပမဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ေၾကာင့္ ႏွလုံးသားထဲမွာ နည္းနည္းေတာ့ နာက်င္ေနရတုန္းပဲ။

အႏွစ္ႏွစ္ဆယ္သက္တမ္းရွိတဲ့ ဆက္ဆံေရးတစ္ခု။ တစ္စုံတစ္ေယာက္ရဲ့ၾကားဝင္မွုေၾကာင့္ ႏွစ္လအတြင္းပ်က္စီးခဲ့ရတယ္။ သူတစ္ခ်ိဳ႕လူေတြရဲ့ တကယ့္မ်က္ႏွာကို ေသခ်ာျမင္ၿပီးသြားၿပီ။ တခ်ိဳ႕ခံစားခ်က္ေတြက ေမ့ပစ္ခ်င္ေပမဲ့ ေမ့လို႔မရတာေတြရွိေနေသးတယ္။ ဒါေပမဲ့ ေသျခင္းတရားက သူ႔ကိုအဲ့ဒီအရာေတြဆီကေန နိုးထေစဖို႔လုံေလာက္တယ္။ ဒီအိမ္ကေန၊ ဒီမိသားစုကေန ထြက္သြားလိုက္တာနဲ႔ သူ႔ခံစားခ်က္ေတြ ပိုေကာင္းလာမွာပါ။

အေနာက္ကေန ဂ်န္ေခါ့ရဲ့အသံကို ‌ၾကားလိုက္ရတယ္ "မင္းေသခ်ာစဥ္းစားၿပီးၿပီလား?"

ဂ်န္ရွင္းေဆြ႕ သူ႔အေတြးေတြကို ျပန္ၿပီးစုစည္းလိုက္တယ္။ သူလွည့္ၿပီး ဂ်န္ေခါ့ကို ၾကည့္လိုက္တယ္။ တစ္ခဏေလာက္ၾကည့္ၿပီးတဲ့ေနာက္မွာ သူဦးညႊတ္လိုက္တယ္။ ဒီႏွစ္ေတြမွာ သူ႔ကိုၾကင္နာေပးၿပီး ပ်ိဳးေထာင္ေပးခဲ့တဲ့အတြက္‌ေပါ့ "ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ"

ေန႔လည္ခင္းရဲ့ေနေရာင္ျခည္က ေႏြးေထြးေပမဲ့ ေကာ္ရစ္တာတစ္ေလၽွာက္ကေတာ့ ေအးစက္ေမွာင္မိုက္လ်က္ရွိတယ္။

ေလျပည္ေလးေတြက ျပတင္းေပါက္ေတြကေနဝင္လာၿပီး ေကာင္ေလးကိုျဖတ္ၿပီးတိုက္ခတ္သြားတာေၾကာင့္ ဝတ္႐ုံေတြေတြဟာ တျဖဴးျဖဴးလြင့္လ်က္။ ဘယ္ေလာက္မွမၾကာခင္က ဂ်န္ေခါ့ဒီေကာင္ေလးကို ထြက္သြားေစခ်င္ေပမဲ့ အခုခ်ိန္မွာေတာ့ ဘာေၾကာင့္မွန္းမသိ သူ႔ရင္ထဲကတစ္စုံတစ္ခု လွုပ္ခတ္သြားသလို ခံစားလိုက္ရတယ္။ အတူတူအၾကာႀကီးေနထိုင္ၿပီးတဲ့ေနာက္မွာေတာ့ သူမထိန္းခ်ဳပ္ထားနိုင္ေတာ့ပဲေခၚလိုက္ေတာ့တယ္ "ေဆြ႕ေဆြ႕....."

ဂ်န္ရွင္းေဆြ႕ ဂ်န္ေခါ့ရဲ့ေခၚသံေၾကာင့္ တုန္လွုပ္မသြားပဲ ေနာက္တစ္ခါထပ္ၿပီးဦးညႊတ္ကာ စကားတစ္ခြန္းပဲေျပာသြားခဲ့တယ္ "ႏွုတ္ဆက္ပါတယ္"တဲ့။

____________________

Word - 3409
June 20th, 2022 (Mon)
Xiao Dream

Dreamဘာသာျပန္တာ အဆင္ေျပရဲ့လားေျပာေပးၾကပါအုံးေနာ္။ ဝတၳဳကိုပထမဆုံးစျပန္ဖူးတာဆိုေတာ့ အဆင္မေျပမွာစိုးလို႔ပါ။ ေနာက္တစ္ပိုင္းကိုၾကာသပေတးေန႔က်ရင္တင္ေပးပါမယ္ေနာ္။ တနလၤာနဲ႔ ၾကာသပေတး တစ္ပတ္ႏွစ္ပိုင္းတင္ေပးပါမယ္။ နည္းတာသိေပမဲ့ အမ်ားႀကီးက်ေတာ့မနိုင္မွာစိုးလို႔ပါ။ ေနာက္က်ရင္မ်ားမ်ားupနိုင္ေအာင္ႀကိဳးစားပါ့မယ္။ ေနာက္တစ္ပိုင္းမွာျပန္ေတြ႕ၾကပါမယ္။ သက်ားက်ိဳက္က်န႔္ !! အိုက္နီေရာ္😘😘

Continue Reading

You'll Also Like

1.1M 48.4K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
114K 17.2K 68
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
1.9M 331K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...