Chapter(198)
အရင်ဘဝတုန်းကဇာတ်ကြောင်း(7)
သူ့ရဲ့စကားတွေကအတိအကျကိုမှန်ကန်တယ်။နှစ်လကြာပြီးသည့်နောက်မှာတော့ ဟေးရင်းနှင့်ဟေးရန်ကအတူတကွရှိလာကြတယ်။သူတို့ကအတူတူရှိနေတဲ့အချိန်တိုင်းမှာ တစ်ယောက်ကိုတစ်ယောက်ကိုပိုတွယ်ကပ်လာကြပြီး သူတို့ကရုပ်ပိုင်းဆိုရင်မှာလည်းပိုပြီးရင်းနှီးလာကြတယ်။ဒါကဝူရုန်ကိုအားကျစေတယ်။သူကလည်းသူနှင့်ဟေးရွမ်ရီက တစ်ယောက်နှင့်တစ်ယောက်ပိုပြီးရင်းနှီးလာဖို့ ဆန္ဒရှိတယ်။
နေ့တိုင်းနေ့တိုင်း သူကဟေးရွမ်ရီရဲ့ရင်ခွင်ထဲကိုတိုးဝှေ့ဝင်ရောက်အိပ်စက်ပြီး ဟေးရွမ်ရီကအိပ်ရာနိုးလာတဲ့အချိန်တိုင်းမှာလည်း သူ့ရဲ့နှုတ်ခမ်းတွေကိုနမ်းတယ်။သူကဟေးရွမ်ရီကို သူ့ကိုအဝတ်စားဝတ်ဆင်ပေးဖို့ သူ့ကိုခေါင်းဖီးပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်။သူတို့ကတစ်ယောက်ကို တစ်ယောက်လက်ချင်းတွဲပြီး မနက်စာစားဖို့လည်း ခန်းမထဲကိုအတူသွားခဲ့ကြတယ်။သူကဟေးရွမ်ရီအတွက် ဟင်းထည့်ပေးခဲ့ပြီး ဟေးရွမ်ရီကလည်း သူထည့်ပေးတဲ့ဟင်းတိုင်းကို အမြဲတမ်းစားခဲ့တယ်။ဘယ်သူမဆို သူတို့ကတစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်မှန်းပြောနိုင်တယ်။
တစ်ရက်မှာတော့ မနက်စာစားပြီးသည့်အချိန်မှာ ဟေးရွမ်ရီကဝူရုန်ကိုအနက်ရောင်ခြုံလွှာတစ်ထည်ကိုခြုံပေးလိုက်ပြီး ပြောခဲ့တယ်"ဒါက ကိုယ်ကိုယ်တိုင်လုပ်ထားတာ။ဒါကမင်းရဲ့မကောင်းဆိုးဝါးဝိညာဉ်ကို ဖုန်းကွယ်ထားပေးနိုင်တယ်။ဘယ်ကျင့်ကြံသူကမှ မင်းရဲ့ဝိညာဉ်ကိုရှာတွေ့နိုင်မှာ မဟုတ်ဘူး"
"ဒါက ကျွန်တော်က အပြင်ကိုလျှောက်သွားလို့ရပြီလို့ဆိုလိုတာလား?"ဝူရုန်ကတောက်ပတဲ့မျက်လုံးတွေနှင့်မေးလိုက်တယ်။
"ကိုယ်နဲ့အတူရှိနေတဲ့အချိန်မှာပေါ့"ဟေးရွမ်ရီက ပြောလိုက်တယ်။
"ဒါက ဘာမှမလုပ်ရတာထက်စာရင်ပိုကောင်းတယ်"ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကိုဆွဲလိုက်ပြီးစိတ်လှုပ်ရှားစွာ မေးလိုက်တယ်"ဒီနေ့ ခင်ဗျားကျွန်တော့်ကို အပြင်လိုက်ပို့ပေးပါလား?ကျွန်တော်က ဒီကိုရောက်တာတစ်နှစ်လောက်ကြာပေမဲ့ ဘယ်တော့ကမှမြို့ထဲကို သွားဖို့အခွင့်အရေးမရခဲ့ဘူး"
"ကောင်းပြီ"ဟေးရွမ်ရီက မျက်နှာဖုံးကိုဆုတ်ဖြဲပြီးပြောလိုက်တယ်။ဒါကသူကဝူရုန်နှင့်အတူ သွားလည်တဲ့အချိန်မှာ လူတွေက သူ့ကိုမကြောက်ရွံ့စေချင်တာကြောင့် ဖြစ်တယ်။
ဝူရုန်က ဒီနေ့တစ်နေ့လုံးပျော်ရွှင်စွာ နေဖို့အစီစဉ်ဆွဲထားတယ်။ဒါပေမဲ့ သူကလူရှုပ်တဲ့ လမ်းကြားထဲကိုရောက်တဲ့အချိန်မှာတော့ စားသောက်ဆိုင် တစ်ဆိုင်ကထွက်လာတဲ့ရန်ကျီဇောင်ကို တွေ့လိုက်ရတယ်။
"ရွမ်ရီ ကျွန်တော်ရန်ကျီဇောင်ကိုတွေ့တယ်။သူအဲဒီနေရာမှာ ရှိတယ်"သူကစားသောက်ဆိုင်ဘက်ကိုလက်ညှိုးထိုးလိုက်ပြီးဒေါသတကြီးပြောလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ရဲ့နောက်ကျောကိုပုတ်ပေး၍စိတ်တည်ငြိမ်အောင် လုပ်ပေးလိုက်ပြီး ပြောလိုက်တယ်"ကိုယ်သူ့ကိုနောက်ယောင်ခံလိုက်ဖို့လူလွှတ်လိုက်မယ်"
ဝူရုန်က သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ သူ့စိတ်သူဆုံးရှုံးသွားမယ်ဆိုရင် သူကဆိုးသွမ်းတဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာလိမ့်မယ်။ဝူရုန်ကသူ့စိတ်ကိုထိန်းချုပ်နိုင်သွားမှ သူနှင့်ဟေးရွမ်ရီက အဝတ်အစားဆိုင်တွေ လက်ဝတ်ရတနာဆိုင်တွေ သွားခဲ့ကြပြီး သူတို့ကမပြန်ခင်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုလည်းဝင်ခဲ့သေးတယ်။
"ကျွန်တော်က ခင်ဗျားအတွက် ခါးချိတ်ကျောက်စိမ်းပြား ဝယ်ခဲ့တယ်"ဝူရုန်က ဟေးရွမ်ရီ မသိအောင်အဖြူရောင်ကျောက်စိမ်းပြားကို ဝယ်ခဲ့ပြီးသူကဟေးရွမ်ရီကိုဝတ်ဆင်ပေးလိုက်ပြီးမေးလိုက်တယ်"ခင်ဗျား ဒါကိုကြိုက်လား?"
"အင်း"ဟေးရွမ်ရီက ဂရုတစိုက်နဲ့ကျောက်စိမ်းပြားကိုထိတွေ့လိုက်ပြီး ပြောလိုက်တယ်"ဒါကပထမဆုံး မင်းကိုယ့်ကိုပေးတဲ့လက်ဆောင်ဘဲ"
ဝူရုန်ကထိတ်လန့်သွားတယ်။သူတို့ကလက်ထပ်ပြီးကတည်းက ဒါကပထမဆုံးအကြိမ်အနေနဲ့ သူကဟေးရွမ်ရီအတွက်ဝယ်ပေးခဲ့တာဖြစ်တယ်။
သူကဟေးရွမ်ရီရဲ့နှုတ်ခမ်းတွေကို နမ်းလိုက်ပြီးပြောလိုက်တယ်"ကျွန်တော့်မှာ ငွေတွေအများကြီး ရှိတဲ့အခါကျရင် ခင်ဗျားအတွက် ပိုပြီးဝယ်ပေးပါမယ်"
"ကောင်းပြီ"
ရထားလုံးအပြင်ကအစောင့်ကပြောလိုက်တယ်"သခင် ကျွန်တော်တို့က နောက်ယောင်ခံလိုက်ခံရတယ်"
"ဘယ်သူလဲ?"ဟေးရွမ်ရီက တည်ငြိမ်တဲ့မျက်နှာနှင့်မေးလိုက်တယ်။
"မသေချာဘူး။ဒါပေမဲ့ ရထားလုံးရဲ့အပြင်အဆင်ကတော့ အမျိုးသမီးတွေရဲ့စတိုင်ဘဲ။ကျွန်တော်က ဘယ်သူလဲဆိုတာသွားစစ်ကြည့်လိုက်မယ်"
အစောင့်ကလျှင်မြန်စွာထွက်သွားပြီးသည့်နောက်မှာတော့ သူတို့ကအိမ်ကိုပြန်မရောက်ခင် တစ်နာရီကျော်လောက်ရထားလုံးစီးပြီးသည့်နောက်မှာတော့ အိမ်တော်ကိုပြန်ရောက်လာတယ်။
မကြာခင်မှာတော့ ရထားလုံးကိုပိုင်ရှင်ကို စုံစမ်းတဲ့အစောင့်နှင့် ရန်ကျီဇောင်နောက်ကို နောက်ယောင်ခံလိုက်သွားသည့် မကောင်းဆိုးဝါးဝိညာဉ်ကတစ်ချိန်ထဲမှာဘဲပြန်ရောက်လာခဲ့တယ်။
အစောင့်ကတင်ပြလိုက်တယ်"ကျွန်တော်တို့ကို နောက်ယောင်ခံလိုက်တဲ့သူက ဝန်ကြီးချုပ်ရဲ့အငယ်ဆုံးမြေး ဝူဝေ့ရွယ်ဘဲ"
မကောင်းဆိုးဝါးဝိညာဉ်ကလည်းတင်ပြလိုက်တယ်"ရန်ကျီဇောင်က ဝူမိသားစုထဲကိုဝင်သွားခဲ့ပြီး ထပ်ပြီးထွက်မလာခဲ့ဘူး။ကျွန်တော်က သူို့စောင့်ကြည့်ဖို့ ဝူအိမ်တော်နားမှာ ကျွန်တော့်လူတွေလွတ်ထားခဲ့တယ်"
****
ဟေးရွမ်ရီကအစောင့်တွေကိုလွတ်လိုက်ပြီး ရန်ကျီဇောင်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းလိုက်တယ်။အစောင့်တွေရဲ့တင်ပြချက်အရ ရန်ကျီဇောင်က လွန်ခဲ့တဲ့တစ်နှစ်က ဒဏ်ရာတွေနှင့်ဝူအိမ်တော်ကိုရောက်ရှိလာခဲ့တာဖြစ်တယ်။ဝူအိမ်တော်က သူကမှတ်ဥာဏ်တွေကို ဆုံးရှုံးနေတာကြောင့် သူ့ကိုအစေခံအဖြစ်ခေါ်ထားခဲ့တာဖြစ်တယ်။ရန်ကျီဇောင်က အလုပ်အလွန်ကြိုးစားခဲ့တာကြောင့် သူကသခင်ငယ်လေးရဲ့ အနီးကပ်အစေခံဖြစ်လာခဲ့တယ်။ဒါကြောင့်သူက သခင်ငယ်လေးနှင့်အတူ ဝူမိသားစုရဲ့ပညာရပ်တွေကိုလေ့လာဖို့ အခွင့်အရေးရခဲ့တယ်။
ထူးဆန်းတာက ရန်ကျီဇောင်က လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာ ဘယ်ထူးဆန်းတဲ့လူနဲ့မှတွေ့ဆုံခဲ့တာ မရှိဘူးဆိုတာဘဲ။
ဝူရုန်က ရန်ကျီဇောင်က မှတ်ဥာဏ်တွေ ဆုံးရှုံးသွားဟုဟန်ဆောင်ထားတယ်လို့ သံသယရှိတယ်။
ဟေးရွမ်ရီက ရန်ကျီဇောင်ကို ဖမ်းခဲ့ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီးသည့်အချိန်မှာတော ရန်ကျီဇောင်က မှတ်ဥာဏ်တွေကိုဖျက်ဆီးခံထားရမှန်းသိသွားခဲ့တယ်။ဒါကသူတို့က ရန်ကျီဇောင်ရဲ့နောက်ကွယ်က သူ့ရဲ့ဆရာသခင်ကို ခြေရာခံလိုက်ဖို့ သဲလွန်စမရှိတော့ဘူးလို့ဆိုလိုတာလား?
******************************************************************
Chapter(199)
အရင်ဘဝတုန်းကဇာတ်ကြောင်း(8)
ဝူရုန်ကဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်မှာ အင်ပါယာမြို့မှဝူမိသားစုလို့ဘဲသံသယရှိတယ်။ဒီလိုမှမဟုတ်ရင် ရန်ကျီဇောင်က ဒဏ်ရာတွေနှင့် ဝူအိမ်တော် ရှေ့ကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်သွားမှာလဲ?သို့သော်လည်း သူကအင်ပါယာမြို့တော်ကို မကြာခဏလာခဲ့တဲ့ သူမဟုတ်သလို သူကအင်ပါယာမြို့တော်က ဝူမိသားစုအကြောင်းကိုလည်းမသိခဲ့ဘူး။သူတို့ကြားမှာ အမုန်းတရား အာဃာတတွေမရှိခဲ့သလို အနည်းဆုံးတော့ သူတို့ကြားမှာတစ်ယောက်နှင့်တစ်ယောက် သတ်ချင်လောက်အောင် အမုန်းတရားတွေကရှိနေခဲ့တာမဟုတ်ဘူး။
ပြီးတော့ တကယ်လို့သာဒါက ဝူမိသားစုသာမှန်ရင် ရန်ကျီဇောင်ရဲ့မှတ်ဥာဏ်တွေကိုဖျက်ဆီးပြီးသည့်နောက်မှာ သူတို့ကရန်ကျီဇောင်ကိုခေါ်ထားစရာအကြောင်းမရှိဘူး။ပြီးတော့ဖြစ်နိုင်တာက ရန်ကျီဇောင်ရဲ့ ဆရာသခင်က သူ့ကိုယ်သူ အပြစ်ကင်းချင်ဟန်ဆောင်လို့ရအောင် တမင်တကာကို ဒီလိုမျိုးလုပ်ခဲ့တာလည်းဖြစ်နိုင်တယ်။
သူတို့ကရန်ကျီဇောင်ရဲ့ဆရာသခင်ကို မရှာနိုင်ကတည်းက ဟေးရွမ်ရီသည် ရန်ကျီဇောင်ကိုအမျိုးမျိုးနှိပ်စက်ခဲ့ပြီး သူ့ရဲ့ဝိညာဉ်ကိုတောင်အလွတ်မပေးခဲ့ဘူး။
ရန်ကျီဇောင်သေဆုံးသွားပြီး သိပ်မကြာခင်မှာတော့ ဝူမိသားစုက ဟေးရွမ်ရီကို အမျိုးမျိုးသောခေါင်းစဉ်တွေနှင့် ဖိတ်ခေါ်ခဲ့တယ်။ဒါပေမဲ့ဟေးရွမ်ရီက သူတို့အားလုံးကိုငြင်းဆန်ခဲ့တယ်။သို့သော်လည်း ဝူမိသားစုကတော့လက်မလျော့သွားခဲ့ဘူး။အကြောင်းပြချက်ကတော့ ဝူဝေ့ရွယ်က ဟေးရွမ်ရီရဲ့မျက်နှာအစစ်ကို ပထမဆုံးမြင်တဲ့အချိန်ကတည်းက သူ့ကိုချစ်မိသွားတာကြောင့်ဖြစ်တယ်။
ဝူဝေ့ရွယ်ကဟေးရွမ်ရီနှင့်လက်ထပ်ဖို့အတွက် ဝူမိသားစုကမုဆိုးဘိုဖြစ်နေတဲ့ဟေးရွမ်ရီကို ဝူဝေ့ရွယ်နှင့်ထပ်ပြီးစေ့စပ်ကြောင်းလမ်းရန်စီစဉ်ခဲ့တယ်။ဒါပေမဲ့သူတို့မသိခဲ့တာက သူတို့ကစည်းကျော်နေခဲ့ပြီဆိုတာဘဲ။ဟေးရွမ်ရီကအောင်သွယ်တော်ကိုသတ်ပစ်လိုက်ပြီး ဝူမိသားစုဝင်တစ်ယောက်မှထပ်ပြီးဒီလိုမလုပ်ရဲအောင် လုပ်ဆောင်ခဲ့တယ်။
တစ်ညမှာတော့ ဝူရုန်က ဝူဝေ့ရွယ်ကဟေးရွမ်ရီကိုတကယ်ကြိုက်နေတာလို့တွေးနေတဲ့ညမှာဘဲ ဟေးအိမ်တော်ကိုကာကွယ်ထားတဲ့ ဖော်မေးရှင်းက ကျိုးပေါက်သွားခဲ့ပြီး ကျူးကျော်သူတွေကဝင်ရောက်လာခဲ့တယ်။
အဲဒီအချိန်မှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီက သူတို့ရဲ့အိပ်ခန်းထဲမှာ အတူတူအိပ်နေခဲ့တာဖြစ်တယ်။သူတို့က ကျယ်လောင်တဲ့အသံကိုကြားရတာကြောင့်နိုးလာခဲ့တယ်။
"ဒီမှာနေခဲ့ ကိုယ်အပြင်မှာသွားကြည့်လိုက်အုန်းမယ်"ဟေးရွမ်ရီက ဟေးရင်းနှင့်ဟေးရန်ကို ဝူရုန်ကိုကာကွယ်ပေးဖို့ အမိန့်ပေးလိုက်ပြီးသည့်နောက်မှာတော့ သူကအရှေ့ဘက်ခြံဝင်းကိုထွက်သွားလိုက်တယ်။
ဝူရုန်က အခန်းထဲမှာဘဲစိုးရိမ်စွာစောင့်နေနိုင်တယ်။ဒါပေမဲ့သူကဟေးရွမ်ရီရဲ့နောက်ကို လိုက်သွားဖို့မဖြစ်နိုင်ဘူး။ဒါကြောင့်သူက ဟေးရန်ကို အသံကြားတဲ့ဘက်ကိုသွားကြည့်ဖို့အမိန့်ပေးလိုက်တယ်။
မကြာခင်မှာတော့ ဟေးရန်ကပြန်ရောက်လာပြီးပြောလိုက်တယ်"အဲဒါက သခင်ရဲ့ရန်သူဟောင်းဘဲ။သူကပြန်လာပြီး ကလဲ့စားချေတာ"
"ငါတို့က ကြင်ယာတော်ကိုအဝေးကိုပို့ထားတာကိုပိုကောင်းလိမ့်မယ်"ဟေးရင်းကအကြံပြုလိုက်တယ်။
"သဘောတူတယ်။သူတို့တိုက်ခိုက်တာက သေးငယ်တဲ့တိုက်ခိုက်မှုမဟုတ်ဘူး။ငါတို့လည်းပါဝင်သွားလိမ့်မယ်"ဟေးရန်ကပြောလိုက်တယ်။
"ဒါပေမဲ့ ဟေးရွမ်ရီတစ်ယောက်ထဲက သူတို့ကိုတိုက်ခိုက်ရလိမ့်မယ်"ဝူရုန်ကစိုးရိမ်စွာပြောလိုက်တယ်။
"မစိုးရိမ်ပါနဲ့။သခင်ရွမ်ထန် ဟေးရှင်းနဲ့ဟေးဂန်းက သူ့ကိုကူညီနေတယ်"
ဝူရုန်ကတုံ့ဆိုင်းနေပေမဲ့ခေါင်းငြိမ့်လိုက်ပြီးပြောလိုက်တယ်"ငါတို့ကဘယ်ကိုသွားကြမလဲ?"
"မင်းကဘယ်ကိုမှသွားလို့မရဘူး"ရုတ်တရက် ခေါင်မိုးပေါ်ကအသံတစ်ခုကထွက်ပေါ်လာတယ်။ဝူရုန်ကကြည့်လိုက်တော့ ခေါင်မိုးပေါ်မှာ လူရှစ်ယောက်ရှိနေတာကို တွေ့လိုက်ရတယ်။
သူတို့ကအဆင့်မြင့်မှော်လက်နက်တွေကို ဟေးရင်းနှင့်ဟေးရန်ထံကိုပစ်လွတ်လိုက်တယ်။
"သတိထား!သူတို့ကအနည်းဆုံး အဆင့်ခုနှစ်ရှိတယ်"
ဟေးရင်းနှင့်ဟေးရန်က ကျူးကျော်သူတွေက ပစ်လွတ်လိုက်တဲ့မှော်လက်နက်တွေကိုရှောင်တိမ်းလိုက်ပြီး သူတို့က များပြားတဲ့မကောင်းဆိုးဝါးဝိညာဉ်တွေကိုဆင့်ခေါ်လိုက်ပြီး ဝူရုန်ကို ကာကွယ်စေတယ်။ဒါကကျူးကျော်လာတဲ့သူတွေကို တိုက်ခိုက်ဖို့အကူအညီဖြစ်စေတယ်။မကြာခင်မှာတော့ ခြံဝင်းတစ်ခုလုံးက လုံးဝပရမ်းပတာဖြစ်လာတယ်။မကောင်းဆိုးဝါးဝိညာဉ်တွေက အရေအတွက်များပေမဲ့လည်း မကောင်းဆိုးဝါးဝိညာဉ်တွေက ကျူးကျော်သူရှစ်ယောက်ကို မယှဉ်နိုင်ခဲ့ဘူး။
မကြာခင်မှာတော့ကျူးကျော်သူရှစ်ယောက်က မကောင်းဆိုးဝါးအများစုကို စည်းချသွားနိုင်တယ်။မကောင်းဆိုးဝါးဝိညာဉ်တွေက ထပ်ပြီးမရောက်လာခင်မှာဘဲ သူတို့ကဝူရုန်ထံကို ဝိညာဉ်ဖမ်း မှော်လက်နက်ကိုပစ်လွတ်လိုက်တယ်။
ဟေးရင်းကအော်လိုက်တယ်"သူ့ကိုအဝေးခေါ်သွား"
ကျူးကျော်သူခေါင်းဆောင်ကပြောလိုက်တယ်"ငါတော့ မင်းလုပ်နိုင်မယ်လို့တော့မထင်ဘူး"
ဝိညာဉ်ဖမ်းမှော်လက်နက်က ရွှေရောင်တောက်ပလာပြီး ဝူရုန်ရဲ့အထက်မှာပျံဝဲနေပြီးလှည့်ပတ်နေတယ်။ရွှေရောင်အလင်းတန်းတွေက မကောင်းဆိုးဝါးဝိညာဉ်တွေကို နောက်ဆုတ်သွားစေတယ်။
"အား"ဝူရုန်ကနာကျင်စွာအော်လိုက်ပြီး သူ့ရဲ့ဝိညာဉ်က သူ့ရဲ့ခန္ဓာကိုယ်ထဲက ထွက်လာတာကြောင့် သူ့ရဲ့မျက်လုံးတွေကနှစ်ဆလောက်ပျူးကျယ်လာစေတယ်။
"ဒါဗုဒ္ဓမှော်လက်နက်ဘဲ"ဟေးရင်းကစိုးရိမ်စွာပြောလိုက်တယ်။
ဗုဒ္ဓမှော်လက်နက်တွေက မကောင်းဆိုးဝါးတွေရဲ့သဘာဝရန်သူဘဲ။
ဟေးရင်းကအနားကိုကပ်သွားဖို့မဖြစ်နိုင်ဘူး။ သူတို့ကသူတို့မှော်လက်နက်တွေကိုပစ်လွတ်ပြီး ကူညီရုံသာတတ်နိုင်ပြီး ဒါကလည်းဘာမှအလုပ်မဖြစ်ဘူး။
ကျူးကျော်သူခေါင်းဆောင်က လှောင်လိုက်တယ်"ဒါက ငါ့တို့ခေါင်းဆောင် လင်းဖိုဘုရားကျောင်းက ငှားခဲ့တဲ့ အစွမ်းထက်ဆုံးဗုဒ္ဓမှော်လက်နက်ဘဲ။မင်းတို့မှော်လက်နက်တွေကမယှဉ်နိုင်ဘူး"
"ကြင်ယာတော်"ဟေးရန်ကအော်လိုက်ပြီး မှော်လက်နက်ထဲကိုစုတ်ယူခံနေရတဲ့ ဝူရုန်ရဲ့ဝိညာဉ်ထံကိုပြေးသွားလိုက်တယ်။အဲဒီအချိန်မှာဘဲအဲဒီနေရာမှာ လူတစ်ယောက်က ပေါ်လာပြီး မှော်လင်နက်ကိုချက်ချပစ်လိုက်တယ်။ဝူရုန်ရဲ့ဝိညာဉ်ကလည်း သူ့ရဲ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားလိုက်တယ်။
ကျူးကျော်သူခေါင်းဆောင်က ထိတ်လန့်စွာမေးလိုက်တယ်"မင်းကဘယ်လူလဲ?"
ထူးဆန်းတဲ့လူက အမဲရောင်ခြုံလွှာကိုဟဝတ်ဆင်ထားပြီး သူ့ရဲ့မျက်နှာက အလွန်ကိုရုပ်ဆိုးလွန်းတယ်။သူကဝူရုန်ရဲ့ ဝိညာဉ်အဆင်ပြေသွားသည်အထိ ဘေးမှာရပ်ကြည့်နေလိုက်တယ်။နောက်တော့ သူက ကျူးကကျော်သူတွေကို နည်းလမ်းတစ်ခုသုံးလိုက်ပြီး တိုက်ခိုက်လိုက်ပြီး ကျူးကျော်သူတွေက မြေပေါ်လဲကျသွားပြီး နာကျင်စွာလူးလိမ့်နေကြတယ်။
ဟေးရင်းက ဒီအခွင့်အရေးကိုသုံးပြီး ကျူးကျော်သူ ခေါင်းဆောင်ရဲ့ မျက်နှာဖုံးကိုဆွဲချွတ်လိုက်တယ်။
ဝူရုန်က နာကျင်မှုကိုသည်းခံလိုက်ပြီး ကျူးကျော်သူခေါင်းဆောင်ကို ကြည့်လိုက်တယ်။ဒါကဝူချန်ဇီရဲ့ ယိုမိသားစုအမည်နှင့်အစောင့်ဖြစ်တယ်။ကျူးကျော်သူ ခေါင်းဆောင်က ထူးဆန်းတဲ့လူထံကို စိတ်စွမ်းအင်ပစ်လွတ်လိုက်တယ်။
****************************************************
******************************************************************
Chapter(200)
အရင်ဘဝတုန်းကဇာတ်ကြောင်း(9)
ထူးဆန်းတဲ့လူကဘယ်သူ့ကိုမှ သတ်ဖို့ရည်ရွယ်ချက်မရှိတာကြောင့် သူတို့ကိုထွက်သွားခွင့်ပေးလိုက်တယ်။
ကျူးကျော်သူခေါင်းတွေက လျှင်မြန်စွာ သူ့တို့ရဲ့မှော်လက်နက်လွတ်မြှောက်သွားတယ်။
ဟေးရင်းက ဝူရုန်ကိုထူပေးလိုက်ပြီး ထူးဆန်းတဲ့လူကို ကျေးဇူးတင်စကားပြောလိုက်တယ်"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ထူးဆန်းတဲ့လူက ဝူရုန်ကိုသာကြည့်နေပြီး သူ့ရဲ့မျက်လုံးထံမှာတော့ ရှုပ်ထွေးတဲ့ ခံစားချက်တွေကိုမြင်နေရတယ်။
မကြာခင်မှာတော့ အရှေ့ဘက်ခြံဝင်းမှ တိုက်ခိုက်သံတွေက ရပ်တန့်သွားတယ်။မကြာခင်မှာတော့ ဟေးရွမ်ရီ ဟေးရှင်း ဟေးဂန်းနှင့်ထူးဆန်းတဲ့လူလိုဝတ်ဆင်ထားတဲ့ လူငါးယောက်က ခြံဝင်းထဲကို ဝင်လာခဲ့တယ်။
"ရုန်အာ မင်းအဆင်ပြေရဲ့လား?"ဟေးရွမ်ရီက ဝူရုန်ကိုပွေ့ဖက်လိုက်ပြီး ဝူရုန်ရဲ့ခန္ဓာကိုယ်ထဲကို သူ့ရဲ့စိတ်စွမ်းအင်တွေိကု လွှဲပြောင်းပေးလိုက်တယ်။
"ဒီကဆရာသခင်ကိုကျေးဇူးတင်ပါတယ် မဟုတ်ရင် ကျွန်တော်က မှော်လက်နက်ထဲကိုဆုတ်ယူခံရတော့မလို့"ဝူရုန်အားနည်းနေစွာ ကျေးဇူးတင်စကားပြောလိုက်တယ်။
ဟေးရွမ်ရီကလည်း ထူးဆန်းတဲ့လူကို ကျေးဇူးတင်စကားပြောလိုက်တယ်။
ထူးဆန်းတဲ့လူကဟေးရွမ်ရီကိုပြောလိုက်တယ်"ကျုပ်ကမင်းကိုပြောစရာရှိတယ်။ကျုပ်နောင်လိုက်ခဲ့"
ဟေးရွမ်ရီက ဝူရုန်ရဲ့လက်ကို ဟေးရန်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပြီးပြောလိုက်တယ်"သူ့ကိုကူညီပြီးအိပ်ခန်းထဲမှာအနားယူဖို့ခေါ်သွားလိုက်။ငါနောက်မှလိုက်လာခဲ့မယ်"
"ဟုတ်"
ဟေးရန်က ဝူရုန်ကိုတွဲပြီးဖြည်းဖြည်းချင်းအိပ်ခန်းထဲကိုတွဲခေါ်ခဲ့တယ်"မင်းအဆင်ပြေရဲ့လား?"
ဝူရုန်ကခေါင်းခါလိုက်တယ်။
ဟေးရွမ်ထန်က သူအဆင်ပြေတယ်လို့မထင်ဘူး။သူကမေးလိုက်တယ်"တကယ်လို့မင်းနေလို့မကောင်းရင် ငါတို့ကိုပြောပြသင့်တယ်။မဟုတ်ရင် ငါ့အကိုက မင်းကိုစိုးရိမ်ပြီး နေမကောင်းဖြစ်လိမ့်မယ်"
"ငါကဘာခွန်အားမှမခံစားရဘူး"ဝူရုန်ကပြောလိုက်တယ်။
နောက်တစ်ခဏမှာတော့ ဝူရုန်ရဲ့ခန္ဓာကိုယ်က သူစစချင်းတုန်းဝိညာဉ်ဖြစ်တုန်းကလိုမျိုး ဖောက်ထွင်းမြင်ရလာတယ်။
"မင်း..မင်းရဲ့ခန္ဓာကိုယ်"ဟေးရွမ်ထန်ကစိုးရိမ်တကြီးပြောလိုက်တယ်။
ဝူရုန်ကငုံကြည့်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က ပျောက်ကွယ်လာတာကိုမြင်ရလိုက်တယ်။
"ဘာ...ဘာဖြစ်တာလဲ?"ဝူရုန်ကကြောက်လန့်စွာပြောလိုက်တယ်။
ဟေးရင်းကပြောလိုက်တယ်"မစိုးရိမ်နဲ့။ဖြစ်နိုင်တာက မင်းကဝိညာဉ်ဖမ်းမှော်လက်နက်နဲ့ဆုတ် ယူခံလိုက်ရလို့ဖြစ်နိုင်တယ်။ငါ သခင်ကို မင်ူကိုကူညီပေးဖို့သွားရှာပေးမယ်"
ဟေးရင်းကပျောက်ကွယ်သွားပြီးမကြာခင်မှာဘဲ ပြန်ပေါ်လာပြီးပြောလိုက်တယ်"သူကမကြာခင်မှာ ပြန်လာလိမ့်မယ်"
မကြာခင်မှာတော့ ဟေးရွမ်ရီနှင့်ထူးဆန်းတဲ့လူကအခန်းထဲကို ဝင်ရောက်လာတယ်။
ဟေးရွမ်ရီက မလုပ်ရသေးခင်မှာဘဲ ထူးဆန်းတဲ့လူက ဝူရုန်ကိုစိတ်စွမ်းအင် ကူးပြောင်းပေးလိုက်တယ်။
ဝူရုန်ရဲ့ခန္ဓာကိုယ်က နောက်တစ်ကြိမ်အကောင်အထည်ပြန်လာပေါ်လာတဲ့ အချိန်မှ သူကဟေးရွမ်ရီကို ပြောလိုက်တယ်"အခု ငါပြောခဲ့တာတွေကို စဉ်းစားထားပါ"
အဲဒီနောက်မှာတော့ သူကထွက်သွားလိုက်တယ်။
ဝူရုန်က ပိုပြီးနေလို့ကောင်းလာပြီးဟေးရွမ်ရီကိုမေးလိုက်တယ်"ရွမ်ရီ သူကဘယ်သူလဲ?"
"အရမ်းအစွမ်းထက်တဲ့မစ္စတာတစ်ယောက်"ဟေးရွမ်ရီကဝူရုန်ကိုဖက်ထားလိုက်တယ်။
"ခင်ဗျားက သူ့ကိုသိတာလား?"
"အင်း"ဟေးရွမ်ရီက သူ့ကိုပွေ့ဖက်ပြီးအိပ်ရာပေါ်လဲချပေးလိုက်တယ်။
"မင်းရဲဝိညာဉ်က အခုမတည်ငြိမ်သေးဘူး။မင်းကပိုပြီးအနားယူဖို့လိုတယ်"
ဝူရုန်ကသူ့ကိုလက်ကိုကိုင်လိုက်ပြီးပြောလိုက်တယ်"ကျွန်တော့်ကို သတ်ဖို့လုပ်တဲ့သူက အစောင့်ယိုဘဲ။သူကဝူချန်ဇီအတွက် အလုပ်လုပ်တယ်"
"ကိုယ်က သူတို့ကဝူမိသားစုဆိုတာ ကိုယ်သိတယ်"ဟေးရွမ်ရီကအေးစက်စွာပြောလိုက်တယ်"သူတို့က မင်းကသေသွားပြီး ဝိညာဉ်ဖြစ်နေတယ်ဆိုတာ ကြားခဲ့တယ်။ဒါကြောင့်သူတို့က ဝူဝေ့ရွယ်နဲ့လက်ထပ်ဖို့ ကိုယ့်ကိုခြိမ်းခြောက်ချင်လို့ဘဲ"
"ဒါကိုခင်ဗျားက ဘယ်လိုသိတာလဲ?"ဝူရုန်က စိတ်ရှုပ်သွားတယ်။
"ကိုယ့်ကို မစ္စတာကပြောတာ"ဟေးရွမ်ရီက ဝူရုန်ရဲ့နဖူးပေါ်ကိုနမ်းလိုက်ပြီးပြောလိုက်တယ်"ကိုယ်က လုပ်စရာရှိသေးတယ်။မင်းကကောင်းကောင်းအနားယူ ကိုယ်နောက်မှပြန်လာခဲ့မယ်"
***
နောက်တစ်နေ့မနက်မှာတော့ ဟေးရွမ်ရီက ဝူရုန်အတွက် အမျိုးအစားစုံလင်တဲ့ ဝိညာဉ်စုစည်း မှော်လက်နက်တွေနှင့်ပြန်လာခဲ့တယ်။
ဟေးရွမ်ရီက ဝူရုန်ကို ဘယ်အချိန်မဆို သက်သောင့်သက်သာသာခံစားရအောင်သာ ပြုလုပ်ပေးချင်တယ်။ဒါပေမဲ့ ဒါကအတိအကျကိုဟေးရွမ်ရီက သူစိတ်ထဲမှာတစ်စုံတစ်ခုရှိနေတာဖြစ်ပြီး ဟေးရွမ်ရီက သူ့မျက်နှာပေါ်မှာတော့ဘာအမူအရာမှမဖော်ပြဘူး။ဒါပေမဲ့သူတို့က အတူရှိလာတာကြာပြီဖြစ်လို့ ဟေးရွမ်ရီက ခံစားချက်ဆိုးဝါးနေတာလား ကောင်းတာလား ဆိုတာသိနိုင်တယ်။
"ခင်ဗျားမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခုရှိနေတာလား?"ဝူရုန်က ဟေးရွမ်ရီရဲ့မျက်နှာကို သူ့လက်နှစ်ဖက်နှင့်ကိုင်လိုက်ပြီး မေးလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန့်လက်ကိုပြန်ထပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်"မင်းက ဘယ်လိုထင်လို့လဲ?"
"ခင်ဗျားစိတ်ထဲမှာ တစ်ခုခုရှိနေတာဘဲ။ဒါက ခင်ဗျားရဲ့ရန်သူကြောင့်စိတ်အနှောင်အယှက်ဖြစ်နေတာလား?"
"အင်း"
"ဘာကြောင့်ကျွန်တော့်က ခင်ဗျားက အမှန်ကိုပြောနေတာမဟုတ်ဘူးလို့ခံစားရတာလဲ?"ဝူရုန်က သူ့ရဲ့နှုတ်ခမ်းကိုနမ်းလိုက်ပြီးပြောလိုက်တယ်"ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက် မထားရဘူးလို့ သဘောတူထားတယ်နော်"
"ကိုယ်မလုပ်ပါဘူး"ဟေးရွမ်ရီက ဝူရုန်ကို သူ့လက်မောင်းထဲဆွဲသွင်းလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီရဲ့လက်မောင်းထဲကိုပျော်ရွှင်စွာ တိုးဝေ့ဝင်ရောက်လိုက်တယ်။
ဟေးရွမ်ရီကသူ့ကိုပိုပိုပြီးတင်းကျပ်စွာပွေ့ဖက်ထားလိုက်တယ်။
*****************************************************************
paid gpဝင်လို့ရပြီနော်