COTAW(Zawgyi)
By Phyomyatsoe
257K 49.2K 791
bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More
Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi
Chapter(195+196+197)
437 116 2
By Phyomyatsoe
Chapter(195)
အရင်ဘဝတုန်းကဇာတ်ကြောင်း(4)
ဝူရုန်က လှည့်ပတ်ကြည့်လိုက်တော့ ဟေးရွမ်ရီက အိပ်ရာပေါ်မှာခြေချိတ်ထိုင်နေတာကိုတွေ့လိုက်ရတယ်။
"မကောင်းဆိုးဝါးဝိညာဉ်မုဆိုးတွေ ဘယ်မှာလဲ?"
ဟေးရွမ်ရီက ဘာမှပြန်မဖြေဘဲ သူ့အနားကိုတိုးကပ်လာခဲ့တယ်။
ဟေးရွမ်ရီက သူ့ရဲ့ခန္ဓာကိုယ်ကို အစီအရင်ချပေးထားပြီး သူကအဲဒီအတွင်းမှာသာနေထိုင်နိုင်မှာဖြစ်တယ်။
ဟေးရွမ်ရီက သူ့ရဲ့စိတ်စွမ်းအင်တွေကို အစီအရင်မှတစ်ဆင့် ဝူရုန်ကိုလွှဲပြောင်းပေးလိုက်တယ်။ဒီနည်းအားဖြင့်  သူကသူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့အချိန်အတွင်းမှာ နေရောင်ကိုမကြောက်ရွံ့တော့မှာဖြစ်တယ်။
ဝူရုန်က သူ့ရဲ့ခန္ဓာကိုယ်က  အာရုံငါးပါးကိုစတင်ပြီးခံစားရတာကို နိုင်တာကိုစိတ်လှုပ်ရှားစွာ တွေ့လိုက်ရတယ်။
ရုတ်တရက် ဟေးရွမ်ရီက ပါးစပ်အပြည့်သွေးအန်ထုတ်လိုက်တယ်။
နောက်တော့ ဝူရုန်က ဟေးရွမ်ရီရဲ့ခန္ဓာကိုယ်သည် အားနည်းစွာလဲကျသွားတာကိုတွေ့လိုက်ရတယ်။
"ဟေးရွမ်ရီ"သူကဟေးရွမ်ရီရဲ့ခန္ဓာကိုယ်ကို သူ့လက်မောင်းထဲမှာဖမ်းလိုက်ပြီး ဟေးရွမ်ရီရဲ့သွေးခုန်နှုန်းကိုစမ်းလိုက်တော့ ဟေးရွမ်ရီသည်သေခါနီးလူတစ်ယောက်လို အလွန်အားနည်းနေတာကိုတွေ့လိုက်ရတယ်။သူက သူ့ရဲ့သိုလှောင်နေရာထဲက ဆေးပြားကိုထုတ်ယူဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူသေဆုံးပြီးသွားကတည်းက သူကစိတ်စွမ်းအင်မရှိတော့တာကြောင့် သိုလှောင်ရာနေရာကိုဖွင့်ဖို့မဖြစ်နိုင်ဘူး။ပြီးတော့ သူကသေဆုံးသွားပြီဖြစ်တာကြောင့် သူ့မှာစိတ်စွမ်းအင်တွေရှိနေသေးလားဆိုတာတောင် မသေချာတော့ဘူး။
သူကအော်လိုက်တယ်"ဟေးရှင်း ဟေးဂန်းကဒီကိုမြန်မြန်လာခဲ့"
ဟေးရှင်းကပြေးဝင်လာပြီး"ဘာမှားလို့လဲ?"
"ဟေးရွမ်ရီက သေတော့မယ်"သူကဝမ်းနည်းစွာ ပြောလိုက်တယ်။
ဟေးရှင်းကဆေးတစ်ပြားထုတ်ယူ၍ ဟေးရွမ်ရီကိုတိုက်လိုက်ပြီး စက်ပြင်းချပြီးပြောလိုက်တယ်"သူကသူ့ကိုယ်သူ ကောင်းကောင်းဂရုမစိုက်ဘူး။သူကမကောင်းဆိုးဝါးမုဆိုးတွေကို ရှောင်ရှားဖို့ တိုက်ခိုက်ရင်းသူ့ရဲ့စိတ်စွမ်းအင်နယ်မြေ ထိခိုက်ခဲ့တယ်။အခုသူက  သူ့ရဲ့စွမ်းအားတွေကို မင်းကိုလွှဲပြောင်းပေးတယ်။တကယ်ကိုဘဲ သူကဒီိလိုလုပ်လို့မဖြစ်ဖူးလေ"
ဝူရုန်က ဟေးရွမ်ရီကို သူ့လက်မောင်းထဲမှာ တင်းကျပ်စွာဖက်ထားပြီး စကားတစ်လုံးမှမပြောဘူး။
"ကြင်ယာတော် အခုချိန်မှာ သခင်က လဲပြီးတော့ ကောင်းကောင်းအနားယူသင့်တယ်"ဟေးရှင်းကသတိပေးလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီကိုအိပ်ရာပေါ်မှာလဲချပေးလိုက်ပြီး သူကဟေးရွမ်ရီကိုကုသဖို့အတွက်ဆေးညွှန်းရေးသားလိုက်ပြီး ဟေးရှင်းကိုပေးလိုက်တယ်။ဒီထဲကအတိုင်းဆိုရင်ဟေးရွမ်ရီက သူ့ရဲ့စိတ်စွမ်းအင်ကိုပြန်ရနိုင်လိမ့်မယ်လို့သူကအခိုင်အမာပြောနိုင်တယ်။ပြီးတော့သူကမေးလိုက်တယ်"ကျွန်တော့်မိဘတွေကဘယ်မှာလဲ?"
"သူတို့က ခန်းမထဲကခေါင်းတလားထဲမှာအနားယူနေကြတယ်"ဟေးရှင်းကပြောလိုက်တယ်။
"ကျေးဇူး"ဝူရုန်က သူ့မိဘတွေကိုတွေ့ဖို့အခန်းပြင်ကို ထွက်လာခဲ့ပြီး သူကလက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားတယ်။
ခန်းမကို ဝမ်းနည်းခြင်း အထိန်းအမှတ်လိုပြင်ဆင်ထားတယ်။သူ့ရဲ့မိဘတွေကိုတော့ ကြီးမားတဲ့ခေါင်းတစ်လားအတွင်း အတူတူထည့်ထားတယ်။ဝူချွင်ချင်ရဲ့လက်တွေ ခေါင်းတွေကိုပြန်ချုပ်ထားပေးပြီး ဂေါင်တုန်ကိုအဝတ်အသစ်တွေ ဝတ်ဆင်ထားပေးတယ်။သူတို့က အိပ်ပျော်နေသလိုမျိုး ငြိမ်းချမ်းစွာအနားယူနေတယ်။
"အမေ အဖေ ငြိမ်းချမ်းစွာအနားယူပါတော့။တကယ်လို့ ရှိအာနဲ့ဇူအာကိုတွေ့ရင် ပြောလိုက်ပါ ကျွန်တော် သူတို့ကိုကလဲ့စားချေပြီးပြီ။ပြီးတော့ ကျွန်တော် ရန်ကျီဇောင်နဲ့ သူ့ရဲ့ဆရာသခင်ကိုလည်းသေချာပေါက် သတ်ပစ်မယ်"ဝူရုန်က သူ့အမေနဲ့အဖေရဲ့အဝတ်ကိုကိုင်ပြီး တိုင်တည်ပြောဆိုလိုက်တယ်။
"သခင်"အစောင့်ကရုတ်တရက်ပြောလိုက်တယ်။
ဝူရုန်ကလှည့်ကြည့်လိုက်တော့ ဟေးရွမ်ရီကိုတွေ့လိုက်ရတယ်။သူက ဟေးရွမ်ရီရဲ့ အခြေအနေကိုစိုးရိမ်တာကြောင့် သူ့နားကိုသွား၍ထိန်းပေးလိုက်ပြီး ပြောလိုက်တယ်"ခင်ဗျားက အားနည်းနေသေးတယ်လေ..ဘာလို့အိပ်ရာပေါ်မှာမနေတာလဲ?"
ဟေးရွမ်ရီက သူ့ကိုလာတွဲတဲ့လက်ကိုကြည့်လိုက်ပြီးသူကသူ့လက်နှင့်ထပ်အုပ်ကိုင်လိုက်ပြီးပြောလိုက်တယ်"ဒီနေ့က မင်းမိဘတွေရဲ့ဈာပနလေ. ဘယ်လိုလုပ်ပြီး အိပ်ရာပေါ်မှာနေလို့ဖြစ်မှာလဲ?"
ဝူရုန်က သူ့ရဲ့လက်ကိုအုပ်ကိုင်ထားတဲ့လက်ကိုကြည့်ပြီး သူကဘာမှမပြောဘဲ နောင်တစ်ချိန်ကျရင်လည်း သူတို့လက်တွဲထားနိုင်ဖို့မျှော်လင့်တယ်။
ဟေးရွမ်ရီက တုံ့ဆိုင်းနေပြီး နောက်တော့ သူကဝူရုန်ရဲ့ပခုံးကိုပုတ်လိုက်ပြီးနှစ်သိမ့်ပေးလိုက်တယ်"ဝမ်းမနည်းပါနဲ့"
ဝူရုန်က သူ့ကိုချက်ချင်းဘဲဖက်လိုက်ပြီး ပြောလိုက်တယ်"ဟေးရွမ်ရီ ဒီမှာရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တကယ်လို့သူက ဟေးရွမ်ရီသာမရှိရင် သူ့မိဘတွေအတွက် ကလဲ့စားချေနိုင်မှာ မဟုတ်ဘူး။
"......"ဟေးရွမ်ရီ
ဒါကပထမဆုံးအကြိမ် ဝူရုန်ကသူ့ကိုဖက်တာဖြစ်တယ်။သူကဝူရုန်ကိုပြန်ဖက်ထားလိုက်ပြီး ဝူရုန်ရဲ့ပခုံးကိုပုတ်ပေး၍ နှစ်သိမ့်ပေးလိုက်တယ်။
"ဟေးရွမ်ရီ ကျွန်တော့်ကို ရန်ကျီဇောင်နဲ့သူ့ရဲ့ဆရာသခင်ကိုရှာဖို့ပူညီပေး..သူတို့ကကျွန်တော့်မိဘတွေကိုသတ်သွားတာ"
ဟေးရွမ်ရီရဲ့မျက်လုံးတွေကအေးစက်သွားပြီး အဲဒီလူက ဝူရုန်ကိုလည်းသတ်သွားတယ် ဆိုတာသိလိုက်တယ်"ကိုယ်လုပ်ပေးမယ်"
ဝူရုန်က သူ့ကိုတင်းကျပ်စွာဖက်ထားလိုက်ပြီး စကားတစ်လုံးမှထပ်မပြောတော့ဘူး။အခု သူမှာရှိတာအားလုံးက ဒီယောကျာ်းသာဖြစ်တယ်။အခုသူ့မှာ သူဘဲရှိတော့တယ်!
ငါးရက်ကြာပြီးနောက်မှာတာ့ ဈာပနကိုကျင်းပတယ်။ဝူရုန်က သူ့မိဘတွေကို ဝူမိသားစုသုသာန်မှာ မမြှုပ်နှံခဲ့ဘူး။သူကသုသာန်အသစ် ဝယ်ယူခဲ့ပြီး သူ့မိဘတွေကိုမြှုပ်နှံလိုက်ပြီး သူ့အကိုရဲ့အုတ်ဂူကိုလည်း သူ့မိဘတွေရဲ့ဘေးကိုပြောင်းရွှေ့မြှုပ်နှံပေးခဲ့တယ်။သူကဝူမိသားစုဝင်တွေရဲ့ခန္ဓာကိုယ်တွေကို သူ့မိဘတွေရဲ့အုတ်ဂူရှေ့မှာမီးရှို့ခဲ့ဖျက်ဆီးပစ်ခဲ့တယ်။သူကဈာပနပြီးသွားသည့်နောက်မှာတော့ ဝူအိမ်တော်ကိုလည်းမီးရှို့ပစ်ခဲ့တယ်။
မီးတွေကသုံးရက်သုံးညတိုင်အောင်လောင်ကျွမ်းနေခဲ့တယ်။ဂိုလင်းမြို့မှာရှိတဲ့ ဘယ်သူကမှသူတို့အိမ်တံခါးကိုတောင် မဖွင့်ရဲခဲ့ဘူး။သူတို့သိသာတစ်ခုတည်းက ဝူမိသားစုတစ်ခုလုံးက အကြောင်းပြချက်မရှိဘဲ သေဆုံးသွားခဲ့ရတယ်ဆိုတာဘဲ။
ဟေးရွမ်ရီက ပြန်လည်နလန်ထူလာပြီးသည့်နောက်မှာတော့ သူတို့ကရန်ကျီဇောင်နှင့်သူ့ရဲ့ဆရာသခင်ကို စတင်ပြီးတော့ရှာဖွေကြတယ်။
ဒီခရီးစဉ်မှာတော့ သူတို့ကလေ့ကျင့်ရေးဆင်းနေတဲ့ ဝူမိသားစုဝင်တွေ အခြားမိသားစုတွေနှင့်လက်ထပ်ထားသည့် ဝူမိသားစုမှ သမီးတွေနှင့်သူတို့ရဲ့ခင်ပွန်းတွေကို သတ်ပစ်ခဲ့ကြတယ်။
နှစ်လကြာပြီးသည့်နောက်မှာတော့ ဒါဇင်ချီတဲ့အိမ်တော်တွေက သတ်ခံရပြီးပြီဖြစ်တယ်။
************************************
Chapter(196)
အရင်ဘဝတုန်းကဇာတ်ကြောင်း(5)
သူတို့ကရန်ကျီဇောင်က အင်ပါယာမြို့တော်က တစ်နေရာမှာပုန်းနေကြောင်းကို သတင်းရခဲ့တာကြောင့်  ဝူရုန်နှင့်ဟေးရွမ်ရီက မြို့တော်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်တယ်။
သူတို့ကပြောင်းရွှေ့မယ့်နေ့မှာဘဲ ဟေးရင်းကဝူရှိရဲ့အရိုးပြာအိုးကို ကမ္ဘောဒီးယန်းနိုင်ငံမှ သယ်ဆောင်လာခဲ့ပြီး ဝူရုန်ကို အင်ပါယာမြို့ကိုပြောင်းရွှေ့တဲ့လက်ဆောင်အဖြစ်ပေးခဲ့တယ်။
ဝရုန်ကစိတ်လှုပ်ရှားစွာနှင့်ပြေးသွားခဲ့တယ်။ သူကသူ့မိဘတွေကိုမြှုပ်နှံပေးပြီးကတည်းက ဝူရှိရဲ့အရိုးပြာတွေကို ပြန်သယ်ယူပြီး သူ့မိဘတွေရဲ့ဘေးမှာမြှုပ်နှံပေးချင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့သူကဟေးရွမ်ရီက သူ့ကိုအများကြီးကူညီပေးခဲ့တဲ့အတွက် သူကထပ်ပြီးတောင်းဆိုဖို့ရာ မဝံ့ရဲခဲ့ဘူး။ဟေးရွမ်ရီကသူလိုချင်တဲ့အရာအားလုံးကို လုပ်ပေးခဲ့ပြီး သူမုန်းတဲ့လူတွေတိုင်းကိုသတ်ပေးခဲ့တယ်။ဒါကြောင့်သူက ဟေးရွမ်ရီကို ဝူရှိရဲ့အရိုးပြာတွေကို ယူဆောင်ပေးဖို့ထပ်ပြီးမတောင်းဆိုတော့တာဖြစ်တယ်။ ဖြစ်နိုင်တာကတော့ သူကနောင်တစ်ချိန်မှသာ ကမ္ဘောဒီးယန်းမှာရှိတဲ့ ဝူရှိရဲ့အရိုးပြာတွေကကိုယူရပါလိမ့်မယ်။
ဒါပေမဲ့ သူလုံးဝမမျှော်လင့်ခဲ့တာက ဟေးရွမ်ရီသည် သူဘာမှမပြောဘဲနှင့်တောင် သူ့စိတ်ကိုသိပြီး သူလိုချင်တာကိုလုပ်ပေးလိမ့်လို့ မမျှော်လင့်ခဲ့ဘူး။ပြီးတော့ သူကဟေးရင်းကို ဝူရှိရဲ့အရိုးပြာကိုယူဆောင်ပေးခဲ့တယ်။
သူကအရိုးပြာအိုးကို စိတ်လှုပ်ရှားစွာ ဆုတ်ကိုင်ထားပြီး တစ်ချိန်လုံး သူ့ဘေးမှာရှိနေတဲ့ အမျိုးသားကိုကြည့်လိုက်တယ်။နောက်ဆုံးမှာတော့ သူကမေးလိုက်တယ်"ဟေးရွမ်ရီ ခင်ဗျားက ဘာကြောင့်ကျွန်တော့်အပေါ်ဒီလောက်ထိကောင်းရတာလဲ?"
ဟေးရွမ်ရီကဝူရုန်ကိုချစ်ခင်တွယ်တာသည့်မျက်လုံးတွေနှင့်စိုက်ကြည့်နေပြီး ဘာမှမပြောပါဘူး။
ဝူရုန်ကလည်း ဟေးရွမ်ရီရဲ့အကြည့်မှာလွမ်းမိုးခံလိုက်ရပြီး ပြန်ပြီးစိုက်ကြည့်နေလိုက်တယ်။နောက်ဆုံးမှာတော့ သူကသူ့လက်ထဲကအရိုးပြာအိုးကို ကြည့်၍အကြည့်လွှဲလိုက်ပြီး သူ့ရဲ့ရှက်ရွံ့မှုကိုဖုန်းကွယ်လိုက်တယ်။
ဟေးရင်းက အကူညီမဲ့စွာနှင့်သူတို့ကိုကြည့် လိုက်ပေမဲ့သူက ရှင်းပြပေးလိုက်တယ်"ဘာကြောင့်လဲဆိုတော့ မင်းကသူ့ဇနီးလေ။သူကမင်းကိုချစ်တယ်။သူကတကယ့်ကိုမင်းကိုကောင်းကောင်းဆက်ဆံပါတယ်။မင်းသိလား?သခင်က ငါတို့ကိုဝူရှိရဲအရိုးပြားအိုးကိုသွားယူခိုင်းတုန်းက သူက မင်းညီမအတွက်ကလဲ့စားချေဖို့ ဘာစီတို့တစ်မိသားစုလုံးကို သတ်ဖို့အမိန့်ပေးခဲ့တယ်ဆိုတာ မင်းသိရဲ့လား?"
ဝူရုန်က နေရာမဘဲကြောင်အသွားတယ်။ဟေးရွမ်ရီက သူ့ကိုချစ်တယ်။
ဒါပေမဲ့ သူကဒါကိုဘာကြောင့်မခံစားမိခဲ့တာလဲ?ဟေးရွမ်ရီက အမြဲတမ်းမျက်နှာတည်နေခဲ့ပြီး သူ့ကိုတောင်စကားများများပြောတာမဟုတ်ဘူး။သူကဟေးရွမ်ရီရဲ့စိတ်ထဲမှာ ဘာရှိလဲဆိုတာဘယ်လိုလုပ်သိမှာလဲ?
သူတို့နှစ်ယောက်ကြားမှာ ဆိုးဝါးတဲ့ဆက်ဆံရေးရှိခဲ့ပြီး ဟေးရွမ်ရီက သူ့ကိုဘယ်လိုလုပ်ချစ်နေနိုင်လဲ?
ဝူရုန်ကဟေးရွမ်ရီကို သူ့ရဲ့မျက်လုံးထောင့်ကနေခိုးကြည့်လိုက်တယ်။ဟေးရွမ်ရီကသူ့ကိုစိုက်ကြည့်နေသေးပြီး ဟေးရင်းပြောတာတွေကိုမငြင်းဆန်ပါဘူး။ဝူရုန်က သူ့ရဲ့အင်္ကျီကိုတင်းနေအောင်ဆုတ်ကိုင်ထားလိုက်လိုက်တယ်။
ဟေရင်းက သူတို့ကိုထားခဲ့လိုက်ပြီးပျောက်ကွယ်သွားလိုက်တယ်။
ဝူရုန်က အရိုးပြာအိုးကို သူ့ရဲ့ဘေးမှာချထားလိုက်ပြီး မေးလိုက်တယ်"အဲဒါကအမှန်လား?"
"အင်း"ဟေးရွမ်ရီကထိုင်လိုက်ပြီး ဝူရုန်ကိုသူ့ပေါင်ပေါ်ထိုင်စေလိုက်တယ်။ဝူရုန်က ဒါကိုကြားတော့ဝမ်းသာသွားတယ်။သူကဟေးရွမ်ရီ ရဲ့လက်မောင်းထဲကိုတိုးဝှေ့ဝင်ရောက်လိုက်ပြီး သူ့ခေါင်းကိုဟေးရွမ်ရီရဲ့ပခုံးပေါ်မှာတင်လိုက်ပြီး သူ့လက်တွေကိုဟေးရွမ်ရီရဲ့ခါးမှာတင်းကျပ်စွာဖက်ထားလိုက်တယ်။
ဒါဆို သူကေရာ?
သူကဟေးရွမ်ရီကိုချစ်သလား?
သူ့မှာဒီအတွက်အဖြေမထုတ်နိုင်ဘူး။သူသိတာက သူ့မိဘတွေသေဆုံးသွားပြီးနောက်မှာ ဒီလူတစ်ယောက်ထဲကသာ သူ့ထံမှာကျန်ရှိနေတာဖြစ်တယ်။
****
တစ်လကြာပြီးသည့်နောက်မှာတော့ ဧည့်သည်လာတဲ့အချိန်မှာ သူကစတင်ပြီး ဟေးရွမ်ရီအပေါ်ခံစားချက်ရှိတာကိုနားလည်သဘောပေါက်သွားတယ်။
အဲဒီနေ့မှာ သူကအနောက်ဘက်ခြံဝင်းထဲမှာ လမ်းလျှောက်နေတဲ့ အချိန်မှာ ရုပ်ရည်ချောမောတဲ့ အမျိုးသားတစ်ယောက်က သူ့ကိုယ်သူ ဟေးရွမ်ရီထံကိုပစ်ဝင်လိုက်တာကိုတွေ့လိုက်ရပြီး သူကသဝန်တိုလွန်းလို့ ဒေါသထွက်လာပြီး အဲဒီလူကိုအပိုင်းပိုင်းစုတ်ဖြဲပစ်ချင်လာတယ်။
ဟေးရွမ်ရီကတစ်ခုခု ထူးဆန်းတာကိုသတိထားမိပြီး သူကချက်ချင်းဘဲဝူရုန်ရှိတဲ့ ဘက်ကိုလှည့်ကြည့်လိုက်တယ်။သူကဝူရုန်ရဲ့မျက်လုံးတွေက နီရဲလာကိုတွေ့ပြီး သူကနာကျင်သွားတယ်။သူကချက်ချင်းဘဲချောမောတဲ့အမျိုးသားကို တွန်းထုတ်လိုက်ပြီး ဝူရုန်ထံကိုလျှင်မြန်စွာလျှောက်သွားလိုက်ပြီး ဝူရုန်ရဲ့လက်ကိုကိုင်လိုက်ပြီးတားဆီးလိုက်တယ်"ရုန်အာ"
ဝူရုန်က ဒီအသံကိုကြားမှသတိပြန်ဝင်လာတယ် ။သူကစိတ်ရှုပ်သွားပြီးပြောလိုက်တယ်"ကျွန်တော်ကဘာဖြစ်သွားတာလဲ?"
ချောမောတဲ့အမျိုးသားက အနားကပ်လာပြီးပြောလိုက်တယ်"မင်းက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာဖို့နီးလာပြီ"
ဝူရုန်ကသူ့ကိုအေးစက်စွာစိုက်ကြည့်လိုက်တယ်။သူ့ကြောင့်သာမဟုတ်ရင် သူကဘယ်လိုလုပ်ပြီး သူ့အသိစိတ်ကိုဆုံးရှုံးမလိုဖြစ်မှာလဲ?
"အကိုကြီး မရီးက ကျွန်တော့်ကိုမကြိုက်ဘူးထင်တယ်"သူကထပ်ပြီးတော့ ဟေးရွမ်ရီအပေါ်မှီလိုက်ပြီးပြောလိုက်တယ်"ကျွန်တော် ဝမ်းနည်းတယ်"
"ရပ်တော့"ဟေးရွမ်ရီက သူ့ကိုတွန်းထုတ်လိုက်တယ်။
"သူက ခင်ဗျားရဲ့ညီလား?"ဝူရုန်ကမေးလိုက်တယ်။
"အင်း"
ရုပ်ချောတဲ့သူကသူ့ကိုယ်သူမိတ်ဆက်လိုက်တယ်"ကျွန်တော်က ဟေးရွမ်ထန် လေးယောက်မြှောက်သား"
ဝူရုန်ကနားလည်သွားတယ်။သူကမိသားစုကြီးကို!
ဟေးရွမ်ရီက "ခုနက မင်းကဘယ်လိုဖြစ်သွားတာလဲ?"
"ကျွန်တော်..."ဝူရုန်ကခေါင်းငုံ့လိုက်ပြီးသူကဒီအကြောင်းကိုပြောဖို့ရှက်နေတယ်။
"သူကသဝန်တိုနေတာလေ"ဟေးရွမ်ထန်က ပြောလိုက်တယ်။
"......"ဟေးရွမ်ရီ
"မင်းတို့စိတ်မရှိရင် ငါကအခန်းထဲသွားတော့မယ်"ဝူရုန်ကလျှင်မြန်စွာထွက်သွားလိုက်တယ်။
ဒါကအရှက်ကွဲတာဘဲ!သူကသူ့အသိစိတ်ကိုတောင်ဆုံးရှုံးပြီး လူသတ်မလို့တောင်ဖြစ်သွားတယ်!သူကသဝန်တိုလွန်းတာကြောင့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်တော့မလို့!
ဒါက သူကဟေးရွမ်ရီကိုချစ်မိသွားတာကြောင့် ဖြစ်နိုင်လား?
*********************************************************
Chapter(197)
အရင်ဘဝတုန်းကဇာတ်ကြောင်း(6)
ဝူရုန်က အိပ်ခန်းထဲကိုပြန်ရောက်လာတဲ့အခါမှာတော့ သူကိုယ်သူစောင်အောက်ရစ်ပတ်ပြီးလူးလိမ့်နေလိုက်တယ်။
ဟေးရွမ်ရီက အိပ်ခန်းထဲကိုဝင်လာတဲ့အချိန်မှာတော့ ဝူရုန်က ကလေးလေးတစ်ယောက်လို သူ့ကိုယ်သူစောင်တွေနှင့် လုံးထွေးနေတာကိုတွေ့လိုက်ရတယ်။
ဝူရုန်ကခြေသံကိုကြားလိုက်ရတဲ့အခါမှသူ့ကိုယ်သူ လူးလိမ့်နေတာကိုရပ်တန့်လိုက်တယ်။သူကစောင်အောက်ကနေ ခေါင်းထုတ်လိုက်ပြီး ချောင်းကြည့်လိုက်တော့ ဟေးရွမ်ရီက ဝင်လာတာကိုတွေ့တော့ သူကသူ့ကုယ်သူစောင်ထဲကိုပြန်လည်ထိုးသိပ်လိုက်တယ်။
"ကိုယ်ထွက်သွားရမလား?"ဟေးရွမ်ရီကပြောလိုက်တယ်။
"ဟင့်အင်း"ဝူရုန်ကအိပ်ရာပေါ်ကထလိုက်ပြီး ဟေးရွမ်ရီရဲ့လက်ကိုဆွဲလိုက်တယ်။
ဟေးရွမ်ရီကထိုင်ချလိုက်ပြီး ဝူရုန်ကိုသူ့လက်မောင်းထဲ ဆွဲသွင်းလိုက်ပြီး ပြောလိုက်တယ်"ဘယ်တော့မှအဲဒီလို ထပ်မလုပ်နဲ့"
ဝူရုန်က ကတိပေးလိုက်ပြီးထပ်ပေါင်းပြောလိုက်တယ်"ခင်ဗျားကလည်း နောင်ကျရင် အရာရာတိုင်းကို ကျွန်တော့်ကိုပြောပြရမယ်။ကျွန်တော့်ကို ဘာမှမဖုန်းကွယ်ပါနဲ့။မဟုတ်ရင် ကျွန်တော်က ပြီးခဲ့တဲ့နှစ်တွေလိုဘဲ ခင်ဗျားကို အထင်မှားပြီး အမှားတွေလုပ်မိလိမ့်မယ်။တကယ်လို့ ခင်ဗျားကသာ ကျွန်တော့်ကိုစကားပိုပြောခဲ့မယ်ဆိုရင် ရန်ကျီဇောင်က ကျွန်တော်တို့ကြားမှာသွေးခွဲဖို့ အခွင့်အရေးရခဲ့မှာမဟုတ်ဘူး။ပြီးတော့ ခင်ဗျားကဒေါသထွက်တဲ့အချိန်တိုင်းမှာလည်း ထွက်မသွားပါနဲ့။ခင်ဗျားက ကျွန်တော့်ကိုဘာကြောင့်ဒေါသထွက်တာလဲဆိုတာပြောပြပြီး ကျွန်တော့်ကိုရှင်းပြဖို့ အခွင့်အရေးပေးရမယ်။ခင်ဗျားက အဝေးကိုထွက်သွားတဲ့အချိန်တိုင်း ကျွန်တော်က ခင်ဗျားကကျွန်တော့်ကိုလုံးဝဂရုမစိုက်ဘူးလို့ထင်ခဲ့မိတယ်။ဒါကဘဲ ကျွန်တော်တို့ကို တဖြည်းဖြည်းဝေးကွာသွားစေခဲ့တာဖြစ်တယ်။ခင်ဗျားက ကျွန်တော့်ကိုဂရုစိုက်တယ်ဆိုရင် ဒီအကြောင်းကိုပြောသင့်တယ်။တကယ်လို့ခင်ဗျားက ကျွန်တော်ကိုဂရုစိုက်ပေမဲ့ ကျွန်တော်သာမသိခဲ့ဘူးဆိုရင် ကျွန်တော်က ခင်ဗျားကကျွန်တော့်ကိုဂရုမိစုက်ဘူးလို့တွေးမှာဘဲ"
နိဂုံးချုပ်ရရင် သူတို့ကလက်ထပ်ခဲ့တာ ဆယ်စုနှစ်တစ်စုကျော်ကြာပေမဲ့ သူတို့ကအချင်းချင်းရင်းနှီးလာတာက မကြာသေးခင်မှဖြစ်တယ်။သူကတွက်ချက်ကြည့်ရတာတော့ ဒီနှစ်တွေမှာ ဟေးရွမ်ရီကသူ့ကိုစကားများများ မပြောတာကြောင့်သာ သူတို့ကတစ်ယောက်နှင့်တစ်ယောက် ဝေးကွာခဲ့တာဖြစ်တယ်။
"ပြီးတော ခင်ဗျားက အနာဂတ်မှာ ကျွန်တော့်ကိုစကားအများကြီးပြောဖို့လိုတယ်"
"......"ဟေးရွမ်ရီ
ဝူရုန်ကစကားအများကြီး ပြောပြီးသည့်နောက်မှာတော့သူ့မှာထပ်ပြောစရာမကျန်တော့ဘူး။
"ကိုယ်လုပ်ပါ့မယ်"
ဝူရုန်ကပျော်ရွှင်စွာ သူ့ကိုဖက်လိုက်ပြီး သူ့ပခုံးပေါ်မှာမှီလိုက်ပြီး ပြောလိုက်တယ်"တကယ်လို့ ကျွန်တော်တို့ကသာ အရင်ကတည်းက မျက်နှာချင်းဆိုင်ဖြေရှင်းပြီး ပြေလည်အောင်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က ဆယ်နှစ်ကျော်ကြာအောင် တစ်ယောက်ကိုတစ်ယောက်နားလည်မှုလွှဲပြီး အချိန်ဖြုန်းမိခဲ့မှာမဟုတ်ဘူး"
အဲဒီအမှားတွေကြောင့် သူကမကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ဖြစ်လာခဲ့ပြီး သူကမကောင်းဆိုးဝါးဝိညာဉ်အသစ်အနေနဲ့ သူတို့ကနောက်ဆုံးမှာတော့တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်ကိုခံစားချက်ရှိခဲ့ပေမဲ့လည်း သူတို့ကဘာကိုမှမလုပ်နိုင်တော့ဘူး။
***
သူကသူ့ခန္ဓာကိုယ်ကိုအာရုံငါးပါးကိုခံစားဖို့ခက်ခက်ခဲခဲထိန်းသိမ်းထားတာဖြစ်လို့ သူကဟေးရွမ်ရီနှင့်အတူ ချစ်တင်းနှောဖို့မပြောနိုင်တာက အလွန်ကိုဝမ်းနည်းစရာကောင်းတယ်။အဲဒါကညစာစားပြီးချိန်အထိမာနေတာတောင်မှ သူကဟေးရွမ်ရီနှင့်အတူ အိပ်ရာထဲလဲနေဖို့တတ်နိုင်တယ်။
သို့သော်လည်း သူ့ရဲ့ရည်ရွယ်ချက်က ဟေးရွမ်ရီနှင့်အတူအချိန်ကုန်ဆုံးဖို့သာဖြစ်တယ်။သူက သူ့ရဲ့ဝိညာဉ်ကို ကျင့်ကြံသူတွေက မဖြိုခွဲနိုင်ဖို့အတွက် သူကအိမ်ထဲမှာသာနေထိုင်နိုင်တယ်။ဒါကြောင့် ဟေးရွမ်ရီက ဝူမိသားစုဝင်တွေအားလုံးကို သတ်ပြီးသွားတဲ့အချိန်မှာတော ရန်ကျီဇောင်ကို ရှာဖွေနေတာဖြစ်တယ်။သူကတော့ တစ်ချိန်လုံးအိမ်ထဲမှာနေထိုင်ခဲ့ပြီး ဘာမှလုပ်စရာမရှိခဲ့ဘူး။
ဒါကြောင့်ဝူရုန်က ဟေးရန်ကိုမေးလိုက်တယ်"မင်းတို့ မကောင်းဆိုးဝါးဝိညာဉ်တွေက အစားစားဖို့လိုအပ်လား?"
သူတို့ကစတွေ့ခဲ့ကတည်းက သူကဟေးရင်းရော ဟေးရန်ရော ကအစာစားတာကိုမမြင်ဖူးခဲ့ဘူး။သူကဒါကိုဘာကြောင့်လဲဆိုတာ သိချင်တယ်။သူကဖြစ်နိုင်ရင် ဟေးရွမ်ရီနှင့်အတူ ညစာစားချင်ပါတယ်။
ဟေးရန်ကပြုံးပြီးပြောလိုက်တယ်"တကယ်လို့မင်းက ငါ့ကိုမိန်းမအတွင်းခံကိုခိုးပေးမယ်ဆိုရင် ငါကမင်းကိုပြောပြမယ်"
"....."ဝူရုန်ကစိတ်ရှုပ်သွားပြီးမေးလိုက်တယ်"ဘာကြောင့်မင်းက မိန်းမအတွင်းခံကိုလိုချင်တာခဲ?"
ဟေးရန်ကတည်ငြိတဲ့မျက်နှာထားနှင့်ပြောလိုက်တယ်"မိန်းမအတွင်းခံတွေကိုခိုးယူတာက ငါ့ရဲ့ဝါသနာဖြစ်တယ်။မင်းကမိန်းမတွေရဲ့ အတွင်းခံက အရမ်းချစ်စရာကောင်းတယ်လို့မထင်ဘူးလား?"
ဝူရုန်ကပြောလိုက်တယ်"တကယ်လို့မင်းက မိန်းမအတွင်းခံကိုကြိုက်တယ်ဆိုရင် မင်းကဒါကိုဝယ်နိုင်တယ်လေ။ပြီးတော့ မင်းကဆိုင်ထဲမှာ မင်းကြိုက်တဲ့ဘယ်အရောင်ကိုမဆို ဝယ်နိုင်တယ်လေ။ဒါကိုဘာကြောင့် မင်းကခိုးရတာလဲ?"
"မင်းက ဝယ်တဲ့ဟာကခိုးတဲ့ဟာကိုယှဉ်နိုင်မယ်ထင်နေတာလား?"ဟေးရန်ကဝူရုန်ကို 'မင်းကအရူးတစ်ယောက်လိုဘဲ'ဆိုတဲ့အကြည့်နဲ့ကြည့်ပြီးပြောလိုက်တယ်။
ရုတ်တရက်အမဲရောင် အရိပ်တစ်ခုကပေါ်လာပြီးပြောလိုက်တယ်"တကယ်လို့ သခင်ကသာ မင်းကသူ့ဇနီးကို မိန်းမတစ်ယောက်ရဲ့အတွင်းခံကိုခိုးယူဖို့သွေးထိုးနေမှန်း သိသွားရင် သူကမင်းရဲ့ကျန်တဲ့မျက်နှာတစ်ခြမ်းကိုလှီးထုတ်ပစ်လိမ့်မယ်"
ဒါကဟေးရင်းဖြစ်တယ်။ဟေးရန်ကအော်လိုက်တယ်"ဟေးရင်း မင်းကဘယ်လိုလုပ်ပြီး ငါတို့ပြောတာကိုချောင်းနားထောင်ရဲတာလဲ?"
ဟေးရင်းကမျက်လုံးလှန်ကြည့်လိုက်ပြီးပြောလိုက်တယ်"သခင်က မင်ူကိုငါ့ကိုရှာခိုင်းလိုက်တာ"
"ဘာအတွက်လဲ?"
"ငါမသိဘူး။မင်းဘာသာမေးသင့်တယ်"
ဟေးရန်ကပျောက်ကွယ်သွားတယ်။
ဟေးရင်းရဲ့မျက်လုံးတွေကမဲမှောင်သွားတယ်။
ဝူရုန်ကဒါကိုသတိထားမိသွားပြီးမေးလိုက်တယ်"မင်းကဟေးရန်ကိုကြိုက်နေတာလား?"
ဟေးရင်းကဝူရုန်ကိုကြည့်လိုက်တယ်။
"တကယ်လို့မင်းကသူ့ကိုကြိုက်တယ်ဆိုရင်ပြောလိုက်။သူကလည်းမင်းကိုကြိုက်တာဖြစ်နိုင်တာဘဲလေ။တကယ်လို့သူကမကြိုက်ခဲ့ဘူးဆိုရင်တောင် မင်းတို့ကသူငယ်ချင်းဖြစ်နေနိုင်တာဘဲလေ။ငါနဲ့ဟေးရွမ်ရီလိုမဖြစ်စေနဲ့။ငါတို့ကဆယ်စုနှစ်တစ်စုကျော်လောက် လွှဲခဲ့ပြီးပြီ"
"......"ဟေးရင်း
ဝူရုန်ကသူ့ပခုံးကိုပုတ်လိုက်ပြီးထွက်သွားလိုက်တယ်။
***********************************************************************
Continue Reading
You'll Also Like
4.8M 515K 158
ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein
194K 32.7K 89
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1M 85.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
5.3M 349K 54