♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...

By Neko_san_ZP

1.4M 159K 7.2K

Zawgyi and Unicode Started date: 1.3.2020 End date:???? "မင္း အမဲလိုက္ရတာကို ႀကိဳက္လား" "မေျပာတတ္ဘူး ဒါေပမယ့္... More

မိတ္ဆက္(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.6(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.7(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.8(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.9(ေ႐ွာင္ရမ္ဟြာ)
Arc.2.10(ေ႐ွာင္ရမ္ဟြာ)
Arc.2.11(ေ႐ွာင္ရမ္ဟြာ)
Arc.2.12(ေ႐ွာင္ရမ္ဟြာ)
Arc.2.13 - End (ေ႐ွာင္ရမ္ဟြာ)
Arc.3.1(ဖန္ခ်င္ယီြဘဝ)
Arc.3.2(ဖန္ခ်င္ယီြဘဝ)
Arc.3.3(ဖန္ခ်င္ယီြ)
Arc.3.4(ဖန္ခ်င္ယီြဘဝ)
Arc.3.5(ဖန္ခ်င္ယီြဘဝ)
Arc.3.6(ဖန္ခ်င္ယီြဘဝ)
Youngest GOD!
Arc.3.7(ဖန္ခ်င္ယီြဘဝ)
Arc.3.8(ဖန္ခ်င္ယီြဘဝ)
Arc.3.9(ဖန္ခ်င္ယီြဘဝ)🚫
Arc.3.10(ဖန္ခင္ယီြဘဝ)
Arc.3.11(ဖန္ခ်င္ယီြ ဘဝ)
Arc 3.12(ဖန္ခ်င္ယီြ ဘဝ End)
The seven gods
Arc.4.1(နဥ္ရြယ္လ်န္႔ ဘဝ)
Arc4.2(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.3(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.4(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.5(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.6(နဥ္ရြယ္လ်န္႔ဘဝ)
Arc 4.7(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.8(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.9(နဥ္ရြယ္လ်န္္ဘဝ)
Arc.4.10(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.11(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.12(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.13(နဥ္ရြယ္လ်န္႔ရဲ႕ဘဝ)
Arc.4.14(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.15(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.16(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.17(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.18(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.19(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.20(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.21(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.22(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.23(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4 End(နဥ္ရြယ္လ်န္႔ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.2(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.7(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.12(နန်းကျကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arv-6.16(နန်းကျကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse

Arc-5.15(The sun's Tears)

5K 833 28
By Neko_san_ZP

Zawgyi

ေမွာင္မဲေနသည့္အခန္းထဲမွာ အန္ဒီအိပ္စက္ေနခဲ့သည္၊သူရဲ႕မွတ္ဥာဏ္ထဲမွာ အညိဳေရာင္ဆံပင္႐ွည္မ်ားကို ေကာက္ေကြးထားၿပီး ဘဝင္ျမင့္ကာေမာက္မာတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ သူနဲ႔႐ုပ္အနည္းငယ္ဆင္တဲ့ေယာက်ာ္းတစ္ေယာက္ကို သူ(ယြမ္နဥ္ခ်င့္)ကို ဘယ္လိုလုပ္ၾကံသင့္လည္း တိုင္ပင္ေနေတာ့သည္၊

ထိုအေၾကာင္းေတြဟာ ယြမ္နဥ္ခ်င့္ ျပန္မသိခ်င္တဲ့အေၾကာင္းအရာေတြျဖစ္သည္၊ယြမ္နဥ္ခ်င့္မိဘေတြဟာ ယြမ္နဥ္ခ်င့္အသက္၁၄ႏွစ္မွာတည္းက ေသဆံုးသြားခဲ့ၿပီး သူ႔အ​ေဖရဲ႕ညီဟာ ယြမ္နဥ္ခ်င့္အသက္ႏွစ္ဆယ္မျပည့္ခင္ထိ ေစာင့္ေ႐ွာက္မည္ျဖစ္ေၾကာင္းေျပာလာေတာ့သည္၊ဒါေပမယ့္ ယြမ္နဥ္ခ်င့္ဦးေလးဟာ လူေကာင္းတစ္ေယာက္ေပမယ့္ ဦးေလးရဲ႕မိန္းမကေတာ့ ယြမ္နဥ္ခ်င့္အေမြေတြကို မက္ေမာကာ တစ္ေန႔ထိုအေမြေတြဟာ သူမသားအပိုင္လို႔သာ သတ္မွတ္ထားေတာ့သည္၊အဆိုးဝါးဆံုးဟာ သူ႔မိဘေတြ မေသခင္မွာ ထိုမိန္းမဟာ သူမသားကို ယြမ္နဥ္ခ်င့္မိဘေတြကို ေမြးစားရန္တိုက္တြန္းခဲ့ၿပီး ေအာင္ျမင္ခဲ့သည္၊ဒါေၾကာင့္ ယြမ္နဥ္ခ်င့္ေသခဲ့ရင္ ထိုမိန္းမရဲ႕သားဟာ ယြမ္အိမ္ေတာ္ကို ဥပေဒအေရးအရ အပိုင္စားရႏိုင္ခြင့္႐ွိသည္၊

အသက္ဆယ့္ေလးႏွစ္မွစ၍ ယြမ္နဥ္ခ်င့္ဟာ ကားမေတာ္တဆမႈ ငါးႀကိမ္ေက်ာ္ ၾကံဳဖူးၿပီး ႏွစ္ႀကိမ္ထိခိုက္မႈဟာ ေျခေထာက္ေအာက္ပိုင္းေသခဲ့ေပမယ့္ သူ႔ဦးေလးရဲ႕ကာကြယ္ေစာင့္ေ႐ွာက္မႈေတြေၾကာင့္ ျပန္လည္သက္သာခဲ့သည္၊ထိုမေတာ္တဆမႈတုန္းက ယြမ္နဥ္ခ်င့္ဟာ အသက္ဆယ္ငါးႏွစ္သာ႐ွိခဲ့ၿပီး ယြမ္နဥ္ခ်င့္အသက္ဆယ့္ခုႏွစ္ႏွစ္မွာ ကားမေတာ္တဆမႈ ထပ္ျဖစ္ခဲ့ၿပီး ညာဘက္မ်က္လံုးကန္းသြားခဲ့သည္၊ဒါေပမယ့္ ထိုကိစၥကို ယြမ္မိသားစုဝင္ေတြကလြဲ၍ ဘယ္သူမသိခဲ့ေပ၊ ဒါအျပင္ ယြမ္နဥ္ခ်င့္ဟာ သံုးႀကိမ္တိုင္တိုင္ ျပန္ေပးဆြဲခံရၿပီးေနာက္မွာ ဦးေလးမိန္းမရဲ႕လွည့္ကြက္ထဲကို က်ေရာက္ခဲ့သည္၊

ထိုလွည့္ကြက္ဟာ သူရဲ႕ဇနီးျဖစ္လာမဲ့အမ်ိဳးသမီးျဖစ္သည္၊ထိုအမ်ိဳးသမီးဟာ သူနာျပဳတစ္ေယာက္ျဖစ္ၿပီး သူကားမေတာ္ဆျဖစ္တဲ့ေန႔က ဆံုဖူးတာ ေနာက္ဆံုးျပန္ေပးဆြဲတဲ့ကိစၥမွာလည္း ယြမ္နဥ္ခ်င့္ကို ကယ္တင္ေပးခဲ့သူျဖစ္သည္၊ဒါေၾကာင့္ ယြမ္နဥ္ခ်င့္ဟာ ထုိအမ်ိဳးသမီးေပၚ တာဝန္႐ွိသလိုခံစားရကာ ကာကြယ္ေပးခ်င္တာေၾကာင့္ လက္ထပ္ခဲ့ျခင္းျဖစ္သည္၊ဒါေပမယ့္ သူဟာ လူေတြကိုလြယ္လြယ္နဲ႔ယုံၾကည္သူမဟုတ္တာေၾကာင့္ အျမဲေစာင့္ၾကည့္ေနခဲ့ေပမယ့္ သူ႔ကိုယ္တြင္းမွာ႐ွိတဲ့အဆိပ္ဟာ ဆယ္ႏွစ္ေက်ာ္ေနခဲ့ၿပီျဖစ္သည္၊ထိုတုန္းက သူရဲ႕အသက္ဟာ ႏွစ္ဆယ့္႐ွစ္ႏွစ္႐ွိေနၿပီျဖစ္ၿပီး ထိုအမ်ိဳးသမီး႐ွိေနသည္ဟာ ငါးႏွစ္ေက်ာ္ခဲ့ၿပီျဖစ္သည္၊

တစ္ေန႔မွာေတာ့ ထိုအမ်ိဳးသမီးနဲ႔သူ႔ညီဟာ သူရဲ႕အဆိပ္အေၾကာင္းကိုေျပာေနခဲ့ၿပီး သူ႔ညီဟာ ဆက္မေစာင့္ႏိုင္ေတာ့ေၾကာင္းေျပာလာေတာ့သည္၊ေအးေလ သူ႔ညီကလည္း ႏွစ္ဆယ့္ငါးႏွစ္႐ွိေနၿပီျဖစ္ၿပီး ဘယ္ေစာင့္ႏိုင္ေတာ့မွာလဲ၊

ဒါေပမယ့္ သူလြယ္လြယ္နဲ႔ထြက္သြားမယ္ထင္ေနလား၊ယြမ္နဥ္ခ်င့္ဟာ  သူ႔ဘဝမွာ သူ႔ဦးေလးကိုသာ ေလးစားခဲ့သူျဖစ္ၿပီး သူ႔ဦးေလးေသဆံုးၿပီးေနာက္မွာ သူ႔ဦးေလးမႀကိဳက္သည့္ေမွာင္ခိုေလာကထဲကိုပင္ အေျခခ်လာကာ ယြမ္အိမ္ေတာ္ကို အရင္ကထက္ ပိုမိုခ်မ္းသာႂကြယ္ဝလာေအာင္ မသန္႔႐ွင္းတဲ့ေငြေတြနဲ႔တည္ေဆာက္လာေတာ့သည္၊

ဂ႐ုစိုက္ရမယ္?ဘာလို႔လဲ သူ႔မိဘေတြဟာ သူ႔ကိုေမြးဖြားလာတုန္းက ေနာင္တရခဲ့ၿပီး ခ်စ္စရာေကာင္းကာ သြက္လက္သည့္သူ႔ညီကိုသာ တစ္ကယ္သားေတာ္ခ်င္ခဲ့မွန္း သူသိသည္၊သူ႔ကိုသာ မခ်စ္ခဲ့သည့္သူမိဘေတြရဲ႕ယြမ္အိမ္ေတာ္ကို ယြမ္နဥ္ခ်င့္က ဘာေၾကာင့္ေလးစားၿပီး ေစာင့္ေ႐ွာက္ရမွာလဲ၊

ဒါေၾကာင့္ ယြမ္နဥ္ခ်င့္ လူသံုးေယာက္ရဲ႕ကံၾကမၼာကို အကြက္ခ်ခဲ့ျခင္းျဖစ္သည္၊သူသိရင္ေတာင္ ထိုသံုးေယာက္ကို အပါေခၚဖို႔အသင့္ပင္၊

ဒါေပမယ့္ ထိုးဆိုးဝါးလွတဲ့မွတ္ဥာဏ္ေတြကို ယြမ္နဥ္ခ်င့္ျပန္မမွတ္မိေစေတာ့ပင္၊သူရဲ႕ဘဝႀကီးတစ္ခုလံုးကို အေရးမပါတဲ့ကလဲ့စားေခ်မႈႀကီးနဲ႔ပဲ ျဖတ္သန္းခဲ့ရသည္၊

"႐ွဴး~ ဘာမွမျဖစ္ဘူး ကိုယ္႐ွိတယ္...ဇနီးေလး" ၾသကာတိမ္ၿပီး နက္႐ိႈင္းတဲ့ေယာက်ာ္းတစ္ေယာက္ရဲ႕အသံၾကားခ်ိန္မွာ ယြမ္နဥ္ခ်င့္ကိုယ္ဟာ ေႏြးေထြးသြားသလိုခံစားရၿပီး ေမွာင္မိုက္ေနတဲ့ေလာကႀကီးဟာ လင္းထိန္သြားသလိုပင္၊

မိုးမခပင္ႀကီးေအာက္မွာ ေယာက်ာ္းတစ္ေယာက္တည္႐ွိေနခဲ့ၿပီး ထိုေယာက်ာ္းရဲ႕ေဘးတြင္ ျခေသၤ့ႀကီးတစ္ေကာင္ဟာလွဲေနေတာ့သည္၊ထိုေယာက်ာ္းဟာ သူ႔ဘက္ကိုလွည့္လာၿပီး လက္တစ္ဖက္ကမ္းကာ ေပးလာေတာ့သည္၊

"ဇနီးေလး လာေလ...ကိုယ့္ေယာက်ာ္းကိုေတာင္ ေငးလို႔မဝေသးဘူးလား" ရယ္သံေရာစြတ္ကာ ေျပာလာတဲ့ထိုေယာက်ာ္းေၾကာင့္ ယြမ္နဥ္ခ်င့္မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊ဒါေပမယ့္ သူရဲ႕ေျခလွမ္းမ်ားကေတာ့ ထိုေယာက်ာ္းဆီကို ဦးတည္ကာသြားေနခဲ့သည္၊ထိုေနာက္မွာ သူရဲ႕လက္ကို ထိုေယာက်ာ္းဆီကို ကမ္းကာေပးလိုက္ေတာ့သည္၊

ႏွင္းလိုျဖဴေဖြးကာ ၾကည့္ေကာင္းတဲ့လက္သြယ္သြယ္ေလးရဲ႕လက္သူျကြယ္မွာလည္း အနက္ေရာင္နဲ႔လက္စြပ္ေလးဟာ လိုက္ဖက္စြာတည္႐ွိေနခဲ့သည္၊ဒါ သူရဲ႕လက္လား...၊

သူမွတ္မိသေလာက္ သူရဲ႕လက္ ဓားျခစ္ရာေတြနဲ႔သာ၊ဒုတိယအႀကိမ္ျပန္ေပးဆြဲခံတုန္းက ထိုျပန္ေပးဆြဲသူထဲက ႐ူးေနတဲ့ေကာင္ဟာ သူရဲ႕လက္ေတြကို ငါးလက္မအရြယ္႐ွိတဲ့လက္ကိုင္ဓားနဲ႔ တစ္သက္လံုးေပ်ာက္ဖ်က္လို႔မရေအာင္ ဖ်က္စီးဖူးခဲ့သည္၊ဒါေၾကာင့္ ယြမ္နဥ္ခ်င့္ အျမဲလက္အိတ္ဝတ္ထားခဲ့ျခင္းျဖစ္ေပမယ့္ ကူးေျပာင္းလာတဲ့ကမာၻတိုင္းမွာ သူ႔ခႏၶာကိုယ္မဟုတ္တာေၾကာင့္ သူခ်ဳပ္ထိန္းခဲ့ျခင္းျဖစ္သည္၊

"ဇနီးေလး အဘြားမိုးမခက မင္းကိုေတြ႔ခ်င္ေနတာတဲ့" ထိုေယာက်ာ္းေျပာလိုက္ခ်ိန္မွာ မိုးမခအပင္ႀကီးဟာ လႈပ္ရမ္းလာေတာ့သည္၊

"ျပန္လည္ေမြးဖြားလာတဲ့(...)ကို ကြၽန္မတာဝန္ျပဳပါတယ္"

'!' ျပန္လည္ေမြးဖြားလာတဲ့? ဘာကိုဆိုလိုခ်င္တာလဲ...၊

ဒါေပမယ့္ သူျပန္လည္ေမးလိုက္ခ်င္ေပမယ့္ တစ္စံုတစ္ေယာက္ဟာ သူရဲ႕ကိုယ္ကို ဖိထားတာေၾကာင့္ အသက္႐ွဴၾကပ္လာကာ သူႏိုးလာေတာ့သည္၊ထိုခ်ိန္မွာ အေပၚပိုင္းအဝတ္ဗလာကိုမွ ေရႊေရာင္ဆံပင္တိုနဲ႔ေယာက်ာ္းဟာ သူရဲ႕ရင္ဘက္ေပၚတြက္ ၿငိမ္းခ်မ္းသာအိပ္စက္ေနခဲ့သည္၊ထိုေယာက်ာ္းကို ျမင္လ်ွင္ ခုနကသူဆံုခဲ့တဲ့ေယာက်ာ္းကို သတိရမိေတာ့သည္၊ ထိုေယာက်ာ္းရဲ႕ေရႊအိုေရာင္ဆံပင္မ်ားဟာ ေက်ာထိျဖာဆင္းေနၿပီး သိပ္သေဘာက်ရသည့္ေရႊေရာင္မ်က္ဝန္းတစ္စံုဟာ သူ႔ကိုခ်စ္ခင္ျမတ္ႏိုးစြာ စုိက္ၾကည့္ေနခဲ့သည္၊

ယြမ္နဥ္ခ်င့္ဟာ သူရင္ဘက္ေပၚက ေယာက်ာ္းရဲ႕ဆံပင္မ်ားကို သပ္တင္ေပးရင္း သူ႔ခ်စ္သူဟာ ဘယ္လိုလူမ်ိဳးလဲသိခ်င္လာေတာ့သည္၊

[Fox:Host အခ်ိန္တန္ၿပီ!]

'ဘာအခ်ိန္တန္တာလဲ!' ခ်ိဳၿမိန္ေသာအခိုက္အတန္႔ကိုလာဖ်က္စီးသည့္ေျမေခြးေၾကာင့္ မ်က္ေမွာင္ၾကဳတ္ခ်င္သြားေသာ္လည္း မ်က္လံုးဝိုင္းဝိုင္းေလးနဲ႔ေျမေခြးျဖဴေလးဟာ အနက္ေရာင္လက္စြပ္နဲ႔𝑇ℎ𝑒 𝑠𝑢𝑛'𝑠 𝑇𝑒𝑎𝑟𝑠ကို ကိုင္ေဆာင္ထားၿပီး ၾကည့္ေနတာေၾကာင့္ သူလည္း နားမလည္စြာၾကည့္လိုက္သည္၊

[Fox:ေရႊေရာင္ျခေသၤ့ရဲ႕စြမ္းရည္ပါတဲ့စိန္က ဒီကမာၻကလွည့္ကြက္ေတြကရန္ကို ကာကြယ္ေပးႏိုင္တယ္] ေျမေခြးေလးစကားေၾကာင့္ ထို္လွည့္ကြက္ကို ယြမ္နဥ္ခ်င့္သိခ်င္ေနေတာ့သည္၊ထိုေနာက္မွာ ေျမေခြးေလးဟာ ထိုပစၥည္းႏွစ္ခုကို ပါးစပ္ငံုလိုက္တာေၾကာင့္ သူ႔မွာ အံ့ေအာသြားကာ တားခ်ိန္ပင္မရလိုက္ပင္၊ဒါေပမယ့္ တေအာင့္အၾကာမွာေတာ့ လက္စြပ္ကို ျပန္ေထြးထုတ္လာၿပီး သူဝယ္ခဲ့တဲ့အနက္ေရာင္လက္စြပ္ဟာ ေရႊေရာင္အဆင္းေၾကာင္းမ်ား႐ွိေနၿပီး အလယ္တြင္ 𝑇ℎ𝑒 𝑠𝑢𝑛'𝑠 𝑇𝑒𝑎𝑟𝑠စိန္တည္႐ွိေနၿပီး အရြယ္အစားေတာ့အနည္းငယ္ေသးငယ္သြားေတာ့သည္၊

[Fox:ဒါကို ဝတ္ထားလိုက္ပါ Host Host!]ေျမေခြးေလးဟာ လ်ွာကိုသပ္လိုက္ၿပီး သရည္ေတြေပက်ံေနတဲ့လက္စြပ္ကို အန္ဒီကို ေပးလာေတာ့သည္၊အန္ဒီဟာ ရြံ႐ွာသည့္အမူအရာျဖင့္ ေျမေခြးေလးအား ေဒါသထြက္စြာ စိုက္ၾကည့္လိုက္ၿပီး

'တစ္မိနစ္အတြင္း အဲ့လက္စြပ္ သန္႔သန္႔႐ွင္း႐ွင္းမျဖစ္ရင္ မင္းကို ဒီျပတင္းကေန ပစ္ခ်ပစ္မယ္' လို႔ ေျပာလိုက္မွာ မ်က္ႏွာငယ္ေလးနဲ႔ ျပန္ယူေဆာင္သြားကာ သန္႔႐ွင္းေရးလုပ္ေနေတာ့သည္၊ဒါေတာဝ္ ပြစိပြစိလုပ္ေနေသးသည့္အေမာင္Fox၊

ထိုေနာက္မွာ အန္ဒီဟာ လက္စြပ္ကိုဝတ္လိုက္ၿပီး ၾကည့္လိုက္ေတာ့သည္၊လက္စြပ္ဟာ သူရဲ႕လက္မွာ အံ့ကိုက္ပင္၊ဒီလက္စြပ္ကို သူျမင္ဖူးသလိုပင္၊ထိုလူငယ္ေလးရဲ႕လက္မွာမလား...၊

"သေဘာက်လား အန္ဒီ" သူရဲ႕ခါးမ်ားကို သိမ္းက်ံဴးဖက္လိုက္တဲ့႐ိုက္စ္ရဲ႕လက္ေတြကို အန္ဒီမဖယ္ပစ္မိေတာ့ေပ၊ထိုေယာက်ာ္းဟာ သူ႔အိပ္မက္ထဲကလူနဲ႔တူေနတာေၾကာင့္လည္းပါသည္၊ၿပီးေတာ့ သူရဲ႕ခ်စ္သူျဖစ္ေနသည္မလား၊

အန္ဒီေခါင္းသာညိတ္လိုက္ၿပီးေနာက္မွာ ႐ိုက္စ္ရဲ႕ေျခေထာက္ေတြကို ၾကည့္လိုက္သည္၊သူရဲ႕ကိုယ္ေအာက္ပိုင္းကို ေႁမြတစ္ေကာင္လို ဖက္တြယ္ထားသည့္ေျခေထာက္တစ္စံုဟာ သန္သန္မာမာနဲ႔ပင္၊ဒါေၾကာင့္ အန္ဒီမ်က္ေမွာင္ၾကဳတ္သြားကာ ႐ိုက္စ္ရဲ႕ေျခသလံုးေမႊးမ်ားကို ဆြဲႏုတ္ပစ္လိုက္ေတာ့သည္၊

႐ိုက္စ္ဟာ နာက်င္သြားေပမယ့္ အံႀကိတ္ကာသည္းခံလိုက္သည္၊အန္ဒီကို လိမ္ရန္မႀကိဳးစားခဲ့ေပမယ့္ အန္ဒီဆီက သနားၾကင္နာမႈေတြကို လိုအပ္သည့္အခါမွာေတာ့ ႐ိုက္စ္ ပိုပိုသာသာေလးဟန္ေဆာင္ခဲ့ျခင္းျဖစ္သည္၊ဒါေပမယ့္ အခုေတာ့ လိမ္လည္ျခင္းေၾကာင့္ အန္ဒီစိတ္ဆုိးသြားသည္ကို သိေတာ့ စိတ္ဓာတ္က်သြားေတာ့သည္၊

"အခ်စ္ရဲ႕စြမ္းအားေတြေၾကာင့္ တစ္ညေနတည္းနဲ႔ျပန္ေကာင္းသြားတာပါ အန္ဒီ" အ႐ွက္မ႐ွိစြာေျပာလာတဲ့႐ိုက္စ္ကို အန္ဒီျပံဳးကာၾကည့္လိုက္ေပမယ့္ မ်က္ဝန္းမ်ားကေတာ့ ဆန္႔က်င္ဘက္ပင္၊

"အဲ့တာဆုိလည္း ပိုၿပီးသက္သာသြားေအာင္ ေနၿပီးက်န္ရစ္ခဲ့လိုက္ေတာ့"အန္ဒီဟာ ေျပာလိုက္ၿပီး ကုတင္ေပၚကဆင္းလိုက္ၿပီး သူရဲ႕အေပၚကုတ္ကို ယူကာ တံခါးဆီထြက္သြားေတာ့သည္၊ဒါေပမယ့္ တံခါးနားမေရာက္ခင္မွာ အေနာက္ကေန ႐ိုက္စ္ရဲ႕ျပန္ဆြဲတာကိုခံရၿပီး အန္ဒီရဲ႕ေက်ာဟာ တံခါးဆီကပ္သြားၿပီး ႐ိုက္စ္နဲ႔မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားေတာ့သည္၊

ထိုေနာက္မွာေတာ့ ႐ိုက္စ္ဟာ အန္ဒီရဲ႕နားကို ဖြဖြေလးနမ္းလိုက္ၿပီး လည္ပင္းဆီဆင္းသက္ကာ နမ္းလာၿပီး ခပ္နာနာေလးကိုက္လိုက္သည္၊ ေရႊေရာင္ဆံပင္တိုမ်ားနဲ႔ေလးေထာင့္ဆန္ကာခန္႔ညားတဲ့မ်က္ႏွာထက္႐ွိ ေရႊေရာင္ေတာက္ပေနသည့္မ်က္လံုးတစ္စံုဟာ မိုးမခပင္ေအာက္က ေယာက်ာ္းကို သြားသတိရေစသည္၊

"ဘယ္သူအေၾကာင္းေတြးေနတာလဲ" သူရဲ႕ပခံုးမ်ားဟာ တင္းၾကပ္စြာဆုပ္ကိုင္ခံရၿပီး ေမးကိုလည္း အားနဲ႔ဆြဲေမာ့ခံလိုက္ရသည္၊ခုနကထက္ ပိုမိုေတာက္ပေနတဲ့မ်က္ဝန္းတစ္စံုဟာ သဝန္တိုမႈမ်ားျဖင့္ ျပည့္သိပ္ေနေတာ့သည္၊အန္ဒီဟာ ႐ိုက္စ္ရဲ႕မ်က္လံုးမ်ားကို စိုက္ၾကည့္္လိုက္ၿပီး "ခင္ဗ်ားအေၾကာင္းေတြးေနတာေလ"လို႔ေျပာလိုက္ေတာ့ မေက်နပ္စြာ မ်က္ေမွာင္ၾကဳတ္သြားေသးသည္၊

"ကိုယ္နဲ႔႐ွိေနတာေတာင္ ဘာလို႔ကိုယ့္အေၾကာင္းေတြးေနရတာလဲ" ႐ိုက္စ္ရဲ႕ေလသံတြင္သဝန္တိုမႈမ်ားဟာ ဖံုးကြယ္ထားမရႏိုင္ေခ်၊အန္ဒီမွာလည္း သူ႔ကိုယ္သူျပန္သဝန္တိုေနတဲ့ သူ႔ခ်စ္သူကိုၾကည့္ရင္း ေအာခ်မိသည္၊

ေနာက္ထပ္ ကိုယ္ပြားေတြပါ ႐ွိေသးသည္ကို သတိရမိသည့္အခါမွာ အန္ဒီကိုယ့္နားထင္သာ ျပန္ဖိလိုက္မိၿပီး 'ေက်းဇူးျပဳၿပီး ငါ့ကို ေကာင္းေကာင္းမြန္မြန္ေလး ႐ွင္သန္ခြင့္ေပးပါဟ'

-*-*-*-*-*-*-*-*-*-

Unicode

မှောင်မဲနေသည့်အခန်းထဲမှာ အန်ဒီအိပ်စက်နေခဲ့သည်၊သူရဲ့မှတ်ဉာဏ်ထဲမှာ အညိုရောင်ဆံပင်ရှည်များကို ကောက်ကွေးထားပြီး ဘဝင်မြင့်ကာမောက်မာတဲ့အမျိုးသမီးတစ်ယောက်ဟာ သူနဲ့ရုပ်အနည်းငယ်ဆင်တဲ့ယောကျာ်းတစ်ယောက်ကို သူ(ယွမ်နဉ်ချင့်)ကို ဘယ်လိုလုပ်ကြံသင့်လည်း တိုင်ပင်နေတော့သည်၊

ထိုအကြောင်းတွေဟာ ယွမ်နဉ်ချင့် ပြန်မသိချင်တဲ့အကြောင်းအရာတွေဖြစ်သည်၊ယွမ်နဉ်ချင့်မိဘတွေဟာ ယွမ်နဉ်ချင့်အသက်၁၄နှစ်မှာတည်းက သေဆုံးသွားခဲ့ပြီး သူ့အ​ဖေရဲ့ညီဟာ ယွမ်နဉ်ချင့်အသက်နှစ်ဆယ်မပြည့်ခင်ထိ စောင့်ရှောက်မည်ဖြစ်ကြောင်းပြောလာတော့သည်၊ဒါပေမယ့် ယွမ်နဉ်ချင့်ဦးလေးဟာ လူကောင်းတစ်ယောက်ပေမယ့် ဦးလေးရဲ့မိန်းမကတော့ ယွမ်နဉ်ချင့်အမွေတွေကို မက်မောကာ တစ်နေ့ထိုအမွေတွေဟာ သူမသားအပိုင်လို့သာ သတ်မှတ်ထားတော့သည်၊အဆိုးဝါးဆုံးဟာ သူ့မိဘတွေ မသေခင်မှာ ထိုမိန်းမဟာ သူမသားကို ယွမ်နဉ်ချင့်မိဘတွေကို မွေးစားရန်တိုက်တွန်းခဲ့ပြီး အောင်မြင်ခဲ့သည်၊ဒါကြောင့် ယွမ်နဉ်ချင့်သေခဲ့ရင် ထိုမိန်းမရဲ့သားဟာ ယွမ်အိမ်တော်ကို ဥပဒေအရေးအရ အပိုင်စားရနိုင်ခွင့်ရှိသည်၊

အသက်ဆယ့်လေးနှစ်မှစ၍ ယွမ်နဉ်ချင့်ဟာ ကားမတော်တဆမှု ငါးကြိမ်ကျော် ကြုံဖူးပြီး နှစ်ကြိမ်ထိခိုက်မှုဟာ ခြေထောက်အောက်ပိုင်းသေခဲ့ပေမယ့် သူ့ဦးလေးရဲ့ကာကွယ်စောင့်ရှောက်မှုတွေကြောင့် ပြန်လည်သက်သာခဲ့သည်၊ထိုမတော်တဆမှုတုန်းက ယွမ်နဉ်ချင့်ဟာ အသက်ဆယ်ငါးနှစ်သာရှိခဲ့ပြီး ယွမ်နဉ်ချင့်အသက်ဆယ့်ခုနှစ်နှစ်မှာ ကားမတော်တဆမှု ထပ်ဖြစ်ခဲ့ပြီး ညာဘက်မျက်လုံးကန်းသွားခဲ့သည်၊ဒါပေမယ့် ထိုကိစ္စကို ယွမ်မိသားစုဝင်တွေကလွဲ၍ ဘယ်သူမသိခဲ့ပေ၊ ဒါအပြင် ယွမ်နဉ်ချင့်ဟာ သုံးကြိမ်တိုင်တိုင် ပြန်ပေးဆွဲခံရပြီးနောက်မှာ ဦးလေးမိန်းမရဲ့လှည့်ကွက်ထဲကို ကျရောက်ခဲ့သည်၊

ထိုလှည့်ကွက်ဟာ သူရဲ့ဇနီးဖြစ်လာမဲ့အမျိုးသမီးဖြစ်သည်၊ထိုအမျိုးသမီးဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး သူကားမတော်ဆဖြစ်တဲ့နေ့က ဆုံဖူးတာ နောက်ဆုံးပြန်ပေးဆွဲတဲ့ကိစ္စမှာလည်း ယွမ်နဉ်ချင့်ကို ကယ်တင်ပေးခဲ့သူဖြစ်သည်၊ဒါကြောင့် ယွမ်နဉ်ချင့်ဟာ ထိုအမျိုးသမီးပေါ် တာဝန်ရှိသလိုခံစားရကာ ကာကွယ်ပေးချင်တာကြောင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်၊ဒါပေမယ့် သူဟာ လူတွေကိုလွယ်လွယ်နဲ့ယုံကြည်သူမဟုတ်တာကြောင့် အမြဲစောင့်ကြည့်နေခဲ့ပေမယ့် သူ့ကိုယ်တွင်းမှာရှိတဲ့အဆိပ်ဟာ ဆယ်နှစ်ကျော်နေခဲ့ပြီဖြစ်သည်၊ထိုတုန်းက သူရဲ့အသက်ဟာ နှစ်ဆယ့်ရှစ်နှစ်ရှိနေပြီဖြစ်ပြီး ထိုအမျိုးသမီးရှိနေသည်ဟာ ငါးနှစ်ကျော်ခဲ့ပြီဖြစ်သည်၊

တစ်နေ့မှာတော့ ထိုအမျိုးသမီးနဲ့သူ့ညီဟာ သူရဲ့အဆိပ်အကြောင်းကိုပြောနေခဲ့ပြီး သူ့ညီဟာ ဆက်မစောင့်နိုင်တော့ကြောင်းပြောလာတော့သည်၊အေးလေ သူ့ညီကလည်း နှစ်ဆယ့်ငါးနှစ်ရှိနေပြီဖြစ်ပြီး ဘယ်စောင့်နိုင်တော့မှာလဲ၊

ဒါပေမယ့် သူလွယ်လွယ်နဲ့ထွက်သွားမယ်ထင်နေလား၊ယွမ်နဉ်ချင့်ဟာ  သူ့ဘဝမှာ သူ့ဦးလေးကိုသာ လေးစားခဲ့သူဖြစ်ပြီး သူ့ဦးလေးသေဆုံးပြီးနောက်မှာ သူ့ဦးလေးမကြိုက်သည့်မှောင်ခိုလောကထဲကိုပင် အခြေချလာကာ ယွမ်အိမ်တော်ကို အရင်ကထက် ပိုမိုချမ်းသာကြွယ်ဝလာအောင် မသန့်ရှင်းတဲ့ငွေတွေနဲ့တည်ဆောက်လာတော့သည်၊

ဂရုစိုက်ရမယ်?ဘာလို့လဲ သူ့မိဘတွေဟာ သူ့ကိုမွေးဖွားလာတုန်းက နောင်တရခဲ့ပြီး ချစ်စရာကောင်းကာ သွက်လက်သည့်သူ့ညီကိုသာ တစ်ကယ်သားတော်ချင်ခဲ့မှန်း သူသိသည်၊သူ့ကိုသာ မချစ်ခဲ့သည့်သူမိဘတွေရဲ့ယွမ်အိမ်တော်ကို ယွမ်နဉ်ချင့်က ဘာကြောင့်လေးစားပြီး စောင့်ရှောက်ရမှာလဲ၊

ဒါကြောင့် ယွမ်နဉ်ချင့် လူသုံးယောက်ရဲ့ကံကြမ္မာကို အကွက်ချခဲ့ခြင်းဖြစ်သည်၊သူသိရင်တောင် ထိုသုံးယောက်ကို အပါခေါ်ဖို့အသင့်ပင်၊

ဒါပေမယ့် ထိုးဆိုးဝါးလှတဲ့မှတ်ဉာဏ်တွေကို ယွမ်နဉ်ချင့်ပြန်မမှတ်မိစေတော့ပင်၊သူရဲ့ဘဝကြီးတစ်ခုလုံးကို အရေးမပါတဲ့ကလဲ့စားချေမှုကြီးနဲ့ပဲ ဖြတ်သန်းခဲ့ရသည်၊

"ရှူး~ ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်...ဇနီးလေး" သြကာတိမ်ပြီး နက်ရှိုင်းတဲ့ယောကျာ်းတစ်ယောက်ရဲ့အသံကြားချိန်မှာ ယွမ်နဉ်ချင့်ကိုယ်ဟာ နွေးထွေးသွားသလိုခံစားရပြီး မှောင်မိုက်နေတဲ့လောကကြီးဟာ လင်းထိန်သွားသလိုပင်၊

မိုးမခပင်ကြီးအောက်မှာ ယောကျာ်းတစ်ယောက်တည်ရှိနေခဲ့ပြီး ထိုယောကျာ်းရဲ့ဘေးတွင် ခြငေ်္သ့ကြီးတစ်ကောင်ဟာလှဲနေတော့သည်၊ထိုယောကျာ်းဟာ သူ့ဘက်ကိုလှည့်လာပြီး လက်တစ်ဖက်ကမ်းကာ ပေးလာတော့သည်၊

"ဇနီးလေး လာလေ...ကိုယ့်ယောကျာ်းကိုတောင် ငေးလို့မဝသေးဘူးလား" ရယ်သံရောစွတ်ကာ ပြောလာတဲ့ထိုယောကျာ်းကြောင့် ယွမ်နဉ်ချင့်မျက်မှောင်ကြုတ်သွားတော့သည်၊ဒါပေမယ့် သူရဲ့ခြေလှမ်းများကတော့ ထိုယောကျာ်းဆီကို ဦးတည်ကာသွားနေခဲ့သည်၊ထိုနောက်မှာ သူရဲ့လက်ကို ထိုယောကျာ်းဆီကို ကမ်းကာပေးလိုက်တော့သည်၊

နှင်းလိုဖြူဖွေးကာ ကြည့်ကောင်းတဲ့လက်သွယ်သွယ်လေးရဲ့လက်သူကြွယ်မှာလည်း အနက်ရောင်နဲ့လက်စွပ်လေးဟာ လိုက်ဖက်စွာတည်ရှိနေခဲ့သည်၊ဒါ သူရဲ့လက်လား...၊

သူမှတ်မိသလောက် သူရဲ့လက် ဓားခြစ်ရာတွေနဲ့သာ၊ဒုတိယအကြိမ်ပြန်ပေးဆွဲခံတုန်းက ထိုပြန်ပေးဆွဲသူထဲက ရူးနေတဲ့ကောင်ဟာ သူရဲ့လက်တွေကို ငါးလက်မအရွယ်ရှိတဲ့လက်ကိုင်ဓားနဲ့ တစ်သက်လုံးပျောက်ဖျက်လို့မရအောင် ဖျက်စီးဖူးခဲ့သည်၊ဒါကြောင့် ယွမ်နဉ်ချင့် အမြဲလက်အိတ်ဝတ်ထားခဲ့ခြင်းဖြစ်ပေမယ့် ကူးပြောင်းလာတဲ့ကမ္ဘာတိုင်းမှာ သူ့ခန္ဓာကိုယ်မဟုတ်တာကြောင့် သူချုပ်ထိန်းခဲ့ခြင်းဖြစ်သည်၊

"ဇနီးလေး အဘွားမိုးမခက မင်းကိုတွေ့ချင်နေတာတဲ့" ထိုယောကျာ်းပြောလိုက်ချိန်မှာ မိုးမခအပင်ကြီးဟာ လှုပ်ရမ်းလာတော့သည်၊

"ပြန်လည်မွေးဖွားလာတဲ့(...)ကို ကျွန်မတာဝန်ပြုပါတယ်"

'!' ပြန်လည်မွေးဖွားလာတဲ့? ဘာကိုဆိုလိုချင်တာလဲ...၊

ဒါပေမယ့် သူပြန်လည်မေးလိုက်ချင်ပေမယ့် တစ်စုံတစ်ယောက်ဟာ သူရဲ့ကိုယ်ကို ဖိထားတာကြောင့် အသက်ရှူကြပ်လာကာ သူနိုးလာတော့သည်၊ထိုချိန်မှာ အပေါ်ပိုင်းအဝတ်ဗလာကိုမှ ရွှေရောင်ဆံပင်တိုနဲ့ယောကျာ်းဟာ သူရဲ့ရင်ဘက်ပေါ်တွက် ငြိမ်းချမ်းသာအိပ်စက်နေခဲ့သည်၊ထိုယောကျာ်းကို မြင်လျှင် ခုနကသူဆုံခဲ့တဲ့ယောကျာ်းကို သတိရမိတော့သည်၊ ထိုယောကျာ်းရဲ့ရွှေအိုရောင်ဆံပင်များဟာ ကျောထိဖြာဆင်းနေပြီး သိပ်သဘောကျရသည့်ရွှေရောင်မျက်ဝန်းတစ်စုံဟာ သူ့ကိုချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေခဲ့သည်၊

ယွမ်နဉ်ချင့်ဟာ သူရင်ဘက်ပေါ်က ယောကျာ်းရဲ့ဆံပင်များကို သပ်တင်ပေးရင်း သူ့ချစ်သူဟာ ဘယ်လိုလူမျိုးလဲသိချင်လာတော့သည်၊

[Fox:Host အချိန်တန်ပြီ!]

'ဘာအချိန်တန်တာလဲ!' ချိုမြိန်သောအခိုက်အတန့်ကိုလာဖျက်စီးသည့်မြေခွေးကြောင့် မျက်မှောင်ကြုတ်ချင်သွားသော်လည်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့မြေခွေးဖြူလေးဟာ အနက်ရောင်လက်စွပ်နဲ့𝑇ℎ𝑒 𝑠𝑢𝑛'𝑠 𝑇𝑒𝑎𝑟𝑠ကို ကိုင်ဆောင်ထားပြီး ကြည့်နေတာကြောင့် သူလည်း နားမလည်စွာကြည့်လိုက်သည်၊

[Fox:ရွှေရောင်ခြငေ်္သ့ရဲ့စွမ်းရည်ပါတဲ့စိန်က ဒီကမ္ဘာကလှည့်ကွက်တွေကရန်ကို ကာကွယ်ပေးနိုင်တယ်] မြေခွေးလေးစကားကြောင့် ထို်လှည့်ကွက်ကို ယွမ်နဉ်ချင့်သိချင်နေတော့သည်၊ထိုနောက်မှာ မြေခွေးလေးဟာ ထိုပစ္စည်းနှစ်ခုကို ပါးစပ်ငုံလိုက်တာကြောင့် သူ့မှာ အံ့အောသွားကာ တားချိန်ပင်မရလိုက်ပင်၊ဒါပေမယ့် တအောင့်အကြာမှာတော့ လက်စွပ်ကို ပြန်ထွေးထုတ်လာပြီး သူဝယ်ခဲ့တဲ့အနက်ရောင်လက်စွပ်ဟာ ရွှေရောင်အဆင်းကြောင်းများရှိနေပြီး အလယ်တွင် 𝑇ℎ𝑒 𝑠𝑢𝑛'𝑠 𝑇𝑒𝑎𝑟𝑠စိန်တည်ရှိနေပြီး အရွယ်အစားတော့အနည်းငယ်သေးငယ်သွားတော့သည်၊

[Fox:ဒါကို ဝတ်ထားလိုက်ပါ Host Host!]မြေခွေးလေးဟာ လျှာကိုသပ်လိုက်ပြီး သရည်တွေပေကျံနေတဲ့လက်စွပ်ကို အန်ဒီကို ပေးလာတော့သည်၊အန်ဒီဟာ ရွံရှာသည့်အမူအရာဖြင့် မြေခွေးလေးအား ဒေါသထွက်စွာ စိုက်ကြည့်လိုက်ပြီး

'တစ်မိနစ်အတွင်း အဲ့လက်စွပ် သန့်သန့်ရှင်းရှင်းမဖြစ်ရင် မင်းကို ဒီပြတင်းကနေ ပစ်ချပစ်မယ်' လို့ ပြောလိုက်မှာ မျက်နှာငယ်လေးနဲ့ ပြန်ယူဆောင်သွားကာ သန့်ရှင်းရေးလုပ်နေတော့သည်၊ဒါတောဝ် ပွစိပွစိလုပ်နေသေးသည့်အမောင်Fox၊

ထိုနောက်မှာ အန်ဒီဟာ လက်စွပ်ကိုဝတ်လိုက်ပြီး ကြည့်လိုက်တော့သည်၊လက်စွပ်ဟာ သူရဲ့လက်မှာ အံ့ကိုက်ပင်၊ဒီလက်စွပ်ကို သူမြင်ဖူးသလိုပင်၊ထိုလူငယ်လေးရဲ့လက်မှာမလား...၊

"သဘောကျလား အန်ဒီ" သူရဲ့ခါးများကို သိမ်းကျူံးဖက်လိုက်တဲ့ရိုက်စ်ရဲ့လက်တွေကို အန်ဒီမဖယ်ပစ်မိတော့ပေ၊ထိုယောကျာ်းဟာ သူ့အိပ်မက်ထဲကလူနဲ့တူနေတာကြောင့်လည်းပါသည်၊ပြီးတော့ သူရဲ့ချစ်သူဖြစ်နေသည်မလား၊

အန်ဒီခေါင်းသာညိတ်လိုက်ပြီးနောက်မှာ ရိုက်စ်ရဲ့ခြေထောက်တွေကို ကြည့်လိုက်သည်၊သူရဲ့ကိုယ်အောက်ပိုင်းကို မြွေတစ်ကောင်လို ဖက်တွယ်ထားသည့်ခြေထောက်တစ်စုံဟာ သန်သန်မာမာနဲ့ပင်၊ဒါကြောင့် အန်ဒီမျက်မှောင်ကြုတ်သွားကာ ရိုက်စ်ရဲ့ခြေသလုံးမွှေးများကို ဆွဲနုတ်ပစ်လိုက်တော့သည်၊

ရိုက်စ်ဟာ နာကျင်သွားပေမယ့် အံကြိတ်ကာသည်းခံလိုက်သည်၊အန်ဒီကို လိမ်ရန်မကြိုးစားခဲ့ပေမယ့် အန်ဒီဆီက သနားကြင်နာမှုတွေကို လိုအပ်သည့်အခါမှာတော့ ရိုက်စ် ပိုပိုသာသာလေးဟန်ဆောင်ခဲ့ခြင်းဖြစ်သည်၊ဒါပေမယ့် အခုတော့ လိမ်လည်ခြင်းကြောင့် အန်ဒီစိတ်ဆိုးသွားသည်ကို သိတော့ စိတ်ဓာတ်ကျသွားတော့သည်၊

"အချစ်ရဲ့စွမ်းအားတွေကြောင့် တစ်ညနေတည်းနဲ့ပြန်ကောင်းသွားတာပါ အန်ဒီ" အရှက်မရှိစွာပြောလာတဲ့ရိုက်စ်ကို အန်ဒီပြုံးကာကြည့်လိုက်ပေမယ့် မျက်ဝန်းများကတော့ ဆန့်ကျင်ဘက်ပင်၊

"အဲ့တာဆိုလည်း ပိုပြီးသက်သာသွားအောင် နေပြီးကျန်ရစ်ခဲ့လိုက်တော့"အန်ဒီဟာ ပြောလိုက်ပြီး ကုတင်ပေါ်ကဆင်းလိုက်ပြီး သူရဲ့အပေါ်ကုတ်ကို ယူကာ တံခါးဆီထွက်သွားတော့သည်၊ဒါပေမယ့် တံခါးနားမရောက်ခင်မှာ အနောက်ကနေ ရိုက်စ်ရဲ့ပြန်ဆွဲတာကိုခံရပြီး အန်ဒီရဲ့ကျောဟာ တံခါးဆီကပ်သွားပြီး ရိုက်စ်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတော့သည်၊

ထိုနောက်မှာတော့ ရိုက်စ်ဟာ အန်ဒီရဲ့နားကို ဖွဖွလေးနမ်းလိုက်ပြီး လည်ပင်းဆီဆင်းသက်ကာ နမ်းလာပြီး ခပ်နာနာလေးကိုက်လိုက်သည်၊ ရွှေရောင်ဆံပင်တိုများနဲ့လေးထောင့်ဆန်ကာခန့်ညားတဲ့မျက်နှာထက်ရှိ ရွှေရောင်တောက်ပနေသည့်မျက်လုံးတစ်စုံဟာ မိုးမခပင်အောက်က ယောကျာ်းကို သွားသတိရစေသည်၊

"ဘယ်သူအကြောင်းတွေးနေတာလဲ" သူရဲ့ပခုံးများဟာ တင်းကြပ်စွာဆုပ်ကိုင်ခံရပြီး မေးကိုလည်း အားနဲ့ဆွဲမော့ခံလိုက်ရသည်၊ခုနကထက် ပိုမိုတောက်ပနေတဲ့မျက်ဝန်းတစ်စုံဟာ သဝန်တိုမှုများဖြင့် ပြည့်သိပ်နေတော့သည်၊အန်ဒီဟာ ရိုက်စ်ရဲ့မျက်လုံးများကို စိုက်ကြည့််လိုက်ပြီး "ခင်ဗျားအကြောင်းတွေးနေတာလေ"လို့ပြောလိုက်တော့ မကျေနပ်စွာ မျက်မှောင်ကြုတ်သွားသေးသည်၊

"ကိုယ်နဲ့ရှိနေတာတောင် ဘာလို့ကိုယ့်အကြောင်းတွေးနေရတာလဲ" ရိုက်စ်ရဲ့လေသံတွင်သဝန်တိုမှုများဟာ ဖုံးကွယ်ထားမရနိုင်ချေ၊အန်ဒီမှာလည်း သူ့ကိုယ်သူပြန်သဝန်တိုနေတဲ့ သူ့ချစ်သူကိုကြည့်ရင်း အောချမိသည်၊

နောက်ထပ် ကိုယ်ပွားတွေပါ ရှိသေးသည်ကို သတိရမိသည့်အခါမှာ အန်ဒီကိုယ့်နားထင်သာ ပြန်ဖိလိုက်မိပြီး 'ကျေးဇူးပြုပြီး ငါ့ကို ကောင်းကောင်းမွန်မွန်လေး ရှင်သန်ခွင့်ပေးပါဟ'

-*-*-*-*-*-*-*-*-*-

Continue Reading

You'll Also Like

1M 125K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
218K 19.6K 19
'ပိုင်လင်'ဟူသည့် ယနေ့ခေတ်လူငယ်သည် မိုးကြိုးအပစ်ခံရပြီးနောက် သူ့ဝိညာဥ်ဟာ ဒဏ္ဍာရီခေတ်ထဲရှိ ဝိညာဥ်ပြိုကွဲနေသော 'ကျူဟန်'ရဲ့ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီးနေ...
10.4K 968 5
ကျွန်တော်က systemနဲ့အတူ တာဝန်ထမ်းဆောင်တဲ့ Hostတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ ဘာလဲ။ ကျွန်တော် ဘယ်သူနဲ့တွေ့ခဲ့တာတဲ့လဲ ကၽြန္ေတာ္က systemနဲ႔အတူ တာဝန္ထမ္းေဆာင္...
149K 9.5K 64
Barကို လာတဲ့ Customer 80%က Bottom‌ေတွ။ 15%က စိတ်လှုပ်ရှားစရာကိုလာရှာကြတဲ့မိန်းကလေးတွေ။ Barမှာအလုပ်လုပ်‌ေနတဲ့ အဖြောင့်ကောင်လေး Xia Zhiကတော့ လာအီတဲ့သူတ...