COTAW(Zawgyi)

Oleh Phyomyatsoe

257K 49.3K 791

bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ Lebih Banyak

Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi

Chapter(192+193+194)

470 112 1
Oleh Phyomyatsoe


Chapter(192)
အရင်ဘဝတုန်းကဇာတ်ကြောင်း(1)

ဟေးရွမ်ရီက အလွန်ဒေါသထွက်နေတဲ့မျက်နှာနှင့် အခန်းထဲကိုဝင်လာတယ်။

ဝူရုန်က ထိတ်လန့်နေဆဲဖြစ်ကာပြတင်းပေါက်ဘက်ကိုလက်ညှိုးထိုးလိုက်ပြီးပြောလိုက်တယ်"သူမက..."

ဟေးရွမ်ရီက သူ့ကိုအတွေးမများစေချင်ဘူး။ဒါကြောင့် သူကရှင်းပြလိုက်တယ်"သူမ မအောင်မြင်သွားဘူး"

"သူမအရမ်းပြောင်းလဲသွားတယ်။သူမက လုံးဝမတူတဲ့တစ်ယောက်လိုဘဲ"

ဝူရုန်က ဝူဝေ့ရွယ်လိုမာနကြီးတဲ့မိန်းမတစ်ယောက်က သူ့ရှေ့မှာယောကျာ်းတစ်ယောက်ကိုအတင်းနမ်းဖို့ကြိုးစားလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဖူးဘူး။ဟေးရွမ်ရီက သူမအတွက် အရမ်းဆွဲဆောင်လွန်းလို့ သူ့ရဲ့အချစ်ကိုရဖို့ သူမရဲ့ဂုဏ်သိက္ခာကိုတောင် ဂရုမစိုက်တော့သာလား?

ဟေးရွမ်ရီက ဝူရုန်ကို ထိုင်စေပြီးပြောလိုက်တယ်"ကိုယ် အပြင်လူတွေဝင်လို့မရအောင် စည်းချထားလိုက်မယ်"

"ခင်ဗျား သူမကပြုစားခံရတယ်လို့မထင်ဘူးလား?"ဝူရုန်ကကြိုးစား၍ပြန်စဉ်းစားလိုက်ပြီး"ဒါက...တူ.တူတယ်"

ဟုတ်တယ်...ဒါက အရင်ဘဝတုန်းက ဝူရှိဖြစ်ခဲ့တာနှင့်တူတယ်။သူမက ရုတ်တရက်ကြီး အရမ်းပြောင်းလဲသွားခဲ့ပြီး သူမကိုယ်သူမ အမြဲတမ်း ဘာစီရဲ့လက်မောင်းထဲကိုပြေးဝင်ဖို့ လုပ်နေခဲ့တယ်။သူမကဘာစီကိုသာ စိတ်ထဲစွဲနေခဲ့ပြီး သူ(ဝူရုန်)ရဲ့မိဘတွေကိုတောင် လှည့်မကြည့်တော့ဘူး။

"ဒါက ဝူဝေ့ရွယ်ကပြုစားခံရတာဖြစ်နိုင်လား?"
ဒါကအရမ်းတူတယ်။ဒါပေမဲ့ဘယ်သူကများ သူမကိုသူ့ရဲ့ခင်ပွန်းကို ခိုးယူဖို့ဒီလိုမျိုးကိစ္စကို လုပ်စေဖို့ ကျိန်စာတိုက်ထားတာလဲ?

"ဒါဖြစ်နိုင်တယ်"ဒါပေမဲ့ ဟေးရွမ်ရီက ဒီကိစ္စကို စိတ်ဝင်စားမှုတော့မရှိဘူး။

ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကိုဆွဲယူ၍စစ်ဆေးလိုက်ပြီး"ခင်ဗျားပြောတော့ သူမ မအောင်မြင်ခဲ့ဘူးဆို!ဟန့်!ဒီမှာကြည့်လိုက်!နှုတ်ခမ်းနီရဘဲ!"

သူက ဝူဝေ့ရွယ်က ဟေးရွမ်ရီကိုနမ်းဖို့လုပ်တာကိုဘဲ မြင်ခဲ့ရတာဖြစ်တယ်။သူက ဝူဝေ့ရွယ်က ဟေးရွမ်ရီရဲ့နှုတ်ခမ်းကိုဘဲဖြစ်ဖြစ် ဘယ်နေရာကိုဘဲဖြစ်ဖြစ်နမ်းမိသွားလားဆိုတာသေချာမမြင်ခဲ့ဘူး။

"......."ဟေးရွမ်ရီ

သူမက သူ့လက်ကိုနမ်းမိသွားတာဖြစ်တယ်။ဒါကလည်း သူကသူ့ရဲ့လက်ကိုနှုတ်ခမ်းမှာကာပြီးသူမကို တားခဲ့တာကြောင့်ဖြစ်တယ်။

ဝူရုန်က လက်ကိုင်ပဝါကို ထုတ်ယူပြီး နှုတ်ခမ်းနီနေရာကို သုတ်ပစ်လိုက်တယ်။သူက ဟေးရွမ်ထန်ပြောခဲ့သလိုမျိုးသဝန်တိုသလိုခံစားရတယ်။

သူက သူ့လူကိုဘယ်သူကမှထိတာကို မကြိုက်ဘူး။ဒါက သူ့ရဲ့အင်္ကျီလက်ဘဲဆိုရင်တောင် မရဘူး။

ဝူရုန်က ထပ် ထပ်ပြီးသုတ်ပစ်လိုက်တယ်။သူက ဟေးရွမ်ရီရဲ့လက်ခုံ နီရဲလာသည့်တိုင်အောင် မရပ်သေးဘူး။သူကဘာများ မှားနေတာလဲ?သူကပုံမှန်မဟုတ်ဘဲ သဝန်တိုနေတာဘဲ။

"ဟေးရွမ်ရီ ခင်ဗျားအခုချက်ချင်းလက်သွားဆေး!မသန့်ရှင်းမချင်းပြန်မလာနဲ့"ဝူရုန်က လက်ကိုင်ပဝါကိုပစ်ချလိုက်ပြီး"ပြီးတော့ ရေချိုးခဲ့!ဘာအနံ့အသက်မှမကျန်စေနဲ့"

"......"ဟေးရွမ်ရီက မတ်တပ်ထရပ်ပြီး ဝူရုန်ကလက်ကိုင်ပဝါမုန်းတယ်လို့ထင်တာကြောင့် သူက ဒါကိုလောင်ကျွမ်းစေလိုက်တယ်။

ဝူရုန်ကအပြင်ဘက်ကိုကြည့်လိုက်တော့ ဝူဝေ့ရွယ်ကဟေးရွမ်ရီကိုဘယ်လိုနမ်းလိုက်တယ်ဆိုတာ မြင်ယောင်လာပြီး ဒါကသူ့ကိုခေါင်းတောင်ကိုက်စေတယ်။သူက မတ်တပ်ထရပ်လိုက်ပြီး အိပ်ခန်းထဲကိုဝင်သွားလိုက်တယ်။ရုတ်တရက် သူက ပုံရိပ်တွေအများကြီးနဲ့အသံတွေဟာ သူ့ခေါင်းထဲကိုဝင်ရောက်လာတယ်။ဒီပုံရိပ်တွေက ဘာတွေလဲဆိုတာဖမ်းလို့မရအောင် မြန်ဆန်လွန်းတယ်။သူအိပ်ရာနားကိုရောက်တဲ့အချိန်မှာ ရုတ်တရက် သူ့အမြင်အာရုံကမှောင်ကျသွားပြီးလဲကျသွားတယ်။

*****

ဝူရုန်ကဘာမှမမြင်ရပေမဲ့သူက ဆူညံ့တဲ့အသံတွေကို ကြားလိုက်ရတယ်။တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်ပြောနေပြီး ဒါကစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှတယ်။

အချိန်ခဏကြာပြီးသည့်နောက်မှာတော့ သူမျက်လုံးဖွင့်လို့ရသွားပြီး သူကကြောက်စရာကောင်းတဲ့မျက်နှာတုကို ဝတ်ဆင်ထားတဲ့ ဟေးရွမ်ရီကိုတွေ့လိုက်ရတယ်။

ဝူရုန်က စိတ်ရှုပ်သွားပြီးပြောလိုက်တယ်"ခင်ဗျားဘာကြောင့်မျက်နှာဖုံးကို ထပ်ပြီးဝတ်ထားရတာလဲ?ခဏနေအုံး!ခင်ဗျားရဲ့မျက်နှာဖုံးကို ဝူဝေ့ရွယ်ဖျက်လိုက်တယ်မဟုတ်လား?ခင်ဗျားမှာ မျက်နှာဖုံးဘယ်နှခုတောင်ရှိတာလဲ?"

ဟေးရွမ်ရီက ဝူရုန်ပြောတာကိုမကြားသလိုမျိုး ဟေးရွမ်ရီရဲ့မျက်လုံးတွေက ဝမ်းနည်းမှုတွေ ပြည့်နေပြီး သူ့ရဲ့ခန္ဓာကိုယ်ကဒေါသကြောင့်တုန်ရီနေပြီး သူ့ရဲ့ရုပ်ဆိုးလှတဲ့မျက်နှာက ငရဲပြည်ကတက်လာတဲ့နတ်ဆိုးတစ်ကောင်ကိုအလွန်ကိုကြောက်စရာကောင်းနေတယ်။သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားတာကြောင့်သူ့ရဲ့လက်ဆစ်တွေကတောင်ဖြူရော်နေတယ်။

"ဘာ...ဘာမှားလို့လဲ?"ဝူရုန်က ထိတ်လန့်မှုကြောင့် ကိုယ်ကိုကျုံ့ထားလိုက်တယ်။အဲဒီနောက်မှာ သူက ကြောက်စရာကောင်းတဲ့တစ်စုံတစ်ခုကိုမြင်လိုက်ရတယ်။သူက ထုတ်ချင်းပေါက်မြင်ရတဲ့ဝိညာဉ်တစ်ခုက ခန္ဓာကိုယ်တစ်ခုကနေထွက်ပေါ်လာပြီး အဲဒီဝိညာဉ်က သူနှင့်အတိအကျကိုတူနေတယ်။မဟုတ်သေးဘူး!အဲဒီဝိညာဉ်က သူ့ထက်အသက်ပိုကြီးဟန်ပေါ်တယ်။

ဟေးရွမ်ရီက သူ့ရဲ့လက်ကိုမြှောက်ပြီး ဝိညာဉ်ကိုလေထဲမှာရပ်နေအောင် မှော်ပညာနှင့်ထိန်းချုပ်လိုက်တယ်။

အဲဒီနောက်မှာတော့ ဝိညာဉ်ကသတိဝင်လာတယ်။သူက မျက်လုံးဖွင့်လာပြီးသည့်နောက်မှာ သူကနံရံတစ်ဖက်မှာရှိတဲ့ ခန္ဓာကိုယ်တစ်ခုထံကို သွားပြီး နာကျင်စွာ ငိုကြွေးလိုက်တယ်
"အမေ...အမေ..."

ဝူရုန်က သူကဘာကိုမြင်နေရတာလဲဆိုတာ မယုံကြည်နိုင်ဘူး။ဒါက ရန်ကျီဇောင်ရဲ့အစေခံတွေ စော်ကားခံရပြီးနောက် သေဆုံးသွားတဲ့ သူ့အမေရဲ့ခန္ဓာကိုယ်သာဖြစ်တယ်။

သူက အခြားဖက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာလည်း ဝူချွင်ချင်ရဲ့ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေတဲ့ခန္ဓာကိုယ်ကို တွေ့လိုက်ရတယ်။

"အဖေ!"ဝူရုန်က ထိတ်လန့်သွားတယ်။သူက အရင်ဘဝကိုပြန်ရောက်နေတာလား?ဒါပေမဲ့ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ဒါကအိမ်မက် မက်နေတာဖြစ်နိုင်လား?

"ဟေးရွမ်ရီ"ဝိညာဉ်က မတ်တပ်ရပ်လိုက်ပြီး သူကဟေးရွမ်ရီထံကိုပြေးသွားလိုက်တယ်။ဒါပေမဲ့ ဝိညာဉ်က တိုက်ရိုက်ဘဲ ဟေးရွမ်ရီရဲ့ခန္ဓာကိုယ်ကိုဖြတ်သွားလိုက်တယ်။

ဒီအချိန်မှာတော့ သူကသူ့ကိုယ်သူသေသွားပြီဆိုတာ နားလည်လိုက်တယ်။သူကငိုကြွေးပြီး"ဘာကြောင့်လဲ?ဘာကြောင့် ခင်ဗျား စောစောမလာရတာလဲ?တကယ်လို့ခင်ဗျားသာရောက်လာရင် ကျွန်တော့်မိဘတွေသေမှာမဟုတ်ဘူး"

ဟေးရွမ်ရီက နောင်တရတယ်။သူကနောက်လှည့်လာပြီးဝိညာဉ်ကိုနှစ်သိမ့်ပေးဖို့သူ့လက်ကိုမြှောက်လိုက်တယ်။ဒါပေမဲ့သူလုပ်လိုက်တဲ့အခါမှာ သူ့လက်ဟာ ဝိညာဉ်ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဘဲဖြတ်ကျော်သွားတယ်။သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး လက်ကိုပြန်ချလိုက်ပြီးဘာမှမပြောနိုင်ဘူး။

ဝူရုန်က ဟေးရွမ်ရီအတွက်မကောင်းသလိုခံစားရတယ်။ဒါက ဟေးရွမ်ရီရဲ့အမှားမဟုတ်ဘူး။ဒါတွေဖြစ်ပျက်လာတာက သူ့ကြောင့်သာဖြစ်တယ်။သူကသာ လူတွေကိုအလွယ်တကူ မယုံကြည်ခဲ့ဘူးဆိုရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး။

********************************************************************
*******

Chapter(193)
အရင်ဘဝတုန်းက ဇာတ်ကြောင်း(2)

"ဦးလေး ဟေးရွမ်ရီ ဒီမှာရှိတယ်"ရုတ်တရက် တစ်စုံတစ်ယောက်ကအော်လိုက်တယ်။

"သူ့ကိုသတ်လိုက်"ဝူချွင်ဂျင်က အော်လိုက်တယ်။

အဲဒီနောက်မှာ ဝူချွင်ဂျင်နှင့်သူ့ရဲ့အခြားညီအကိုတွေက အစောင့်တွေခြံရံပြီးစူချင်ခြံဝင်းထဲကိုဝင်ရောက်လာတယ်။သူတို့တွေက  ဟေးရွမ်ရီနှင့်ဝိညာဉ်ကို အလယ်မှာထားပြီး လက်နက်တွေနှင့်ဝိုင်းထားလိုက်တယ်။သူတို့က ဝူရုန်ရဲ့ဝိညာဉ်ကိုမြင်တဲ့အခါမှာလှောင်ရယ်ကြတယ်"မင်းက ယင်ယန်ပညာရပ်မှာအဆင့်ခြောက်ရောက်နေတယ်မဟုတ်လား?ဒါကိုမင်းက ဘယ်လိုလုပ်ပြီးဝိညာဉ်ဖြစ်လာတာလဲ?"

"မင်းက အဆင့်ခြောက်ကိုရောက်ခဲ့တာတောင် ဘာများအသုံးကျလို့လဲ?ကိုယ့်မိဘကိုယ်တောင် မကာကွယ်နိုင်ဘူး။အသုံးမကျလိုက်တာ"ဝူချွင်တုန်ကလှောင်လိုက်တယ်။

ဝူချွင်ဘင်က မြေကြီးပေါ်က ခန္ဓာကိုယ်တွေကိုကြည့်လိုက်ပြီး လှောင်လိုပ်တယ်"ကြည့်လိုက်စမ်း..ဘယ်လိုတောင်အဖြစ်ဆိုးနဲ့သေရတာလဲ?သူတို့ကိုကြည့်ရတာ ဆိုးလွန်းလို့ ငါ့မျက်လုံးတောင် ညစ်ပတ်တယ်"

ဝိညာဉ်က ဒေါသထွက်လွန်းတာကြောင့် ငိုနေတာကိုရပ်တန့်လိုက်ပြီး အော်လိုက်တယ်"မင်း...မင်းတို့"

ဖြစ်နိုင်တာက ဝူရုန်ကတစ်ချိန်ထဲမှာဘဲ ဒေါသနဲ့ဝမ်းနည်းမှုကိုခံစားရတာကြောင့် သူကိုဝိညာဉ်အတွင်းမှာစုတ်ယူခံလိုက်ရပြီး သူက ဝိညာဉ်နှင့်ပေါင်းစပ်သွားပြီး သူကဝိညာဉ်ကမြင်ရတာတွေကိုမြင်ရလာတယ်။ဒါပေမဲ့သူက သူ့ခန္ဓာကိုယ်ကိုသူထိန်းချုပ်လို့မရဘူး။

(T/N ယခုဘဝဝူရုန်ကသည်အိမ်မက်မက်နေရင်း သူကဘေးကနေကြည့်နေရာမှ အရင်ဘဝတုန်းကသေဆုံးထားတဲ့ ဝိညာဉ်နှင့်ပါင်းစပ်သွားတာဖြစ်တယ်။ဒါပေမဲ့သူကခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်ဘဲ အရင်ဘဝတုန်းကဝိညာဉ်ကလုပ်ဆောင်နေတာဖြစ်တယ်)

"မင်းတို့ခွေးတိရစ္ဆာန်တွေ"ဝိညာဉ်က နောက်ဆုံးမှာတော့သူက ရန်ကျီဇောင်က သူ့မိဘတွေကိုသူတို့တွေကသေစေချင်နေတာကိုယုံကြည်သွားတယ်။သူက ဒေါသတကြီးသူတို့ထံကို စိတ်စွမ်းအင်တွေပစ်လွတ်လိုက်တယ်။ဒါပေမဲ့အခုချိန်မှာ သူကဝိညာဉ်တစ်ကောင်သာဖြစ်တာကြောင့်ကျရှုံးသွားတယ်။

"မင်းက အခုခန္ဓာကိုယ်မရှိတဲ့ဝိညာဉ်သက်သက်ဘဲ။ဒါကြောင့်အခုက စတင်တဲ့ကျင့်ကြံသူနဲ့အတူတူဘဲ။ဒါပေမဲ့ငါတို့က မင်းကိုအခွင့်အရေးပေးမှာမဟုတ်ဘူး"ဝူချွင်တုန်ကလှောင်လိုက်တယ်။

"ငါမင်းကိုသတ်မယ်!!"သူက သူတို့ထံကိုကြမ်းတမ်းစွာပြေးသွားလိုက်တယ်။

ဝူချင်လီက ရှေးဟောင်းဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်ပြီး ဝူရုန်ရဲ့ဝိညာဉ်ကိုဖြိုခွဲစေဖို့လုပ်လိုက်တယ်။အဲဒီအချိန်မှာဘဲ အဖြူရောင်အရိပ်တစ်ခုက ဝူရုန်နဲ့ဝူချွင်လီကြားမှာပေါ်လာတယ်။

"ဒီကစားစရာအကွက်နဲ့ ငါ့သခင်မရဲ့ဝိညာဉ်ကိုဖြိုခွဲချင်နေတာလား?သေအောင်ကြိုးစားလိုက်အုံး"အဖြူရောင်အရိပ်က ချက်ချင်းဘဲရှေးဟောင်းအက္ခရာတွေထွက်ပေါ်လာသည့်နေရာကိုမီးလောင်ကျွမ်းစေလိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်တာကြောင့် ဝူချွင်လီကဂါထာရဲ့တန်ပြန်သက်ရောက်မှုကိုခံလိုက်ရတယ်။

ဝူချွင်ဂျင်ကလည်း သတိအနေထားနဲ့ အဖြူရောင်အရိပ်ကိုစိုက်ကြည့်လိုက်တယ်။သူ့ရဲ့မျက်နှာတစ်ခြမ်းကလှပနေပြီး တခြားတစ်ဖက်မှာတော့ အရည်ပြားအနည်းငယ်သာရှိပြီးအရိုးတွေကိုမြင်ရတယ်။သူကအတိအကျကို မကောင်းဆိုးဝါးကလန်ကဖြစ်ပြီး သူတို့အားလုံးကသူ့ရဲ့တည်ရှိမှုကိုသတိမထားမိခဲ့တာကြောင့် သူတို့အားလုံးထက် အစွမ်းထက်တဲ့လူဖြစ်တယ်။

ဝူရုန်က သူ့ကိုယ်သူ ဝူချွင်ဂျင်နှင့်အခြားလူတွေကို မသတ်နိုင်မှန်းသိတယ်။ဒါကြောင့် သူက ဟေးရွမ်ရီထံကိုပြန်သွားလိုက်ပြီးပြောလိုက်တယ်"သူတို့အားလုံးကိုသတ်!ဟေးရွမ်ရီ!ငါ သူတို့အားလုံးသေသွားတာကိုလိုချင်တယ်!တစ်ယောက်ချင်းစီတိုင်း ပြန်ပေးဆပ်စေရမယ်!"

သူကဒေါသတကြီးညည်းညူလိုက်တယ်။သူ့ရဲ့ဝမ်းနည်းမှုကြောင့် လေပြင်းတွေတိုက်ခတ်လာတယ်။

လူတိုင်းက ကိုယ်ကိုကျို့ပြီးနောက်ဆုတ်လိုက်ကြတယ်။

ဟေးရွမ်ရီက သူတို့ကို လူသေတွေကို ကြည့်နေသလိုမျိုးအေးစက်စွာစိုက်ကြည့်လိုက်တယ်"သူတို့အားလုံးသေရမယ်!"

"မင်းက ငါတို့အားလုံးကိုသတ်နိုင်မယ်ထင်နေတာလား?"ဝူချွင်တုန်ကလှောင်လိုက်ပြီး အစောင့်တွေကိုအမိန့်ပေးလိုက်တယ်"မင်းတို့အားလုံးရှေ့တက်ကြ"

အစောင့်တွေက တစ်ယောက်နှင့်တစ်ယောက်မျက်လုံးချင်းဆက်သွယ်လိုက်ကြပြီး သူတို့ကတုံ့ဆိုင်းနေကြတယ်။ဝူရုန်က အလွန်ကြောက်စရာကောင်းနေတာကိုမပြောနှင့်အုန်း ဟေးရွမ်ရီကလည်း အနီးကပ်သွားဖို့တောင် ကြောက်စရာကောင်းနေတယ်။

ဝူချွင်လီက နောက်တစ်ကြိမ် အမိန့်ပေးလိုက်တယ်"သူ့ကိုသွားဖမ်း!"

အစောင့်ကတွန့်ဆုတ် တွန့်ဆုတ်နှင့် ရှေ့တက်လာတဲ့အချိန်မှာဘဲ ဟေးရွမ်ရီရဲ့နောက်တွင်အရိပ်တွေအများကြီးကထွက်ပေါ်လာတယ်။အရိပ်တွေရဲ့အရေအတွက်က လျှင်မြန်စွာ တိုးသထက်တိုးလာပြီး များသထက်များလာတယ်။သူတို့ကမြေကြီးပေါ်က နေရာတိုင်းမှာရှိနေပြီး သစ်ပင်တွေ ခေါင်မိုးတွေပေါ်မှာတောင် ရှိနေတယ်။အမှောင်ထဲက သူတို့ရဲ့မျက်နှာက အလွန်ကိုကြောက်စရာကောင်းပြီး ကျောချမ်းစရာကောင်းတယ်။

"နားထောင်ကြ!သခင်မရဲ့အမိန့်အတိုင်း ဝူမိသားစုဝင်တိုင်းကိုသတ်ပစ်!အခြားခြံဝင်းက လူတွေကတော့ သူတို့ရဲ့မိသားစုဝင်တွေကဘယ်လိုသေသွားလဲဆိုတာ ကြည့်ဖို့ဒီကိုခေါ်လာခဲ့"အမှောင်ထဲကနေ ဟေးဂန်းကထွက်လာပြီး ပြောလိုက်တယ်။

စူချင်ခြံဝင်းထဲက မကောင်းဆိုးဝါးအများစုက ပျောက်ကွယ်သွားတယ်။မကြာခင်မှာတော့ လူတွေရဲ့ကြောက်လန့်တကြားအော်သံတွေက ထွက်ပေါ်လာတယ်။ဝူချွင်ဂျင်နှင့်တခြားလူတွေကလည်း မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ကြတယ်။ခဏအကြာမှာတော့ လူအများအပြားက မြေကြီးပေါ်မှာလဲကျလာတယ်။ဝူချွင်တုန်နှင့်အခြားလူတွေကလည်းထိခိုက်ဒဏ်ရာတွေရလာတယ်။

မကြာခင်မှာတော့ သူတို့ရဲ့မိန်းမတွေနဲ့ကလေးတွေက စူချင်ခြံဝင်းထဲကို မကောင်းဆိုးဝါးတွေရဲ့ ဖမ်းခေါ်လာခြင်းခံရတယ်။

"သူတို့ရဲ့စွမ်းအားတွေကိုဖျက်ဆီးပစ်"ဝူရုန်က လေထဲမှာပျံဝဲနေရင်း သူက စန်ဒေါင်ကျီနဲ့ အခြားလူတွေကိုလက်ညှိုးထိုးလိုက်ပြီးအစောင့်တွေကိုပြောလိုက်တယ်"အခု မင်းတို့ သူတို့ရဲ့မိန်းမတွေနဲ့သမီးတွေကိုမုဒိန်းကျင့်ရင် မင်းတို့အသက်ရှင်ခွင့်ရမယ်"

"ဝူရုန် မင်းဘယ်လိုလုပ်ရဲတာလဲ?"ဝူချွင်တုန်က အော်လိုက်တယ်။အဲဒီနောက်မှာတော့ သူ့ရဲ့လက်ကနာကျင်မှုကိုခံစားလိုက်ရပြီး သူ့ရဲ့လက်ကပြတ်ကျသွားတယ်။

"မင်း ဘယ်လိုလုပ်ပြီး သူ့အမည်ကိုအော်ရဲတာလဲ?"ရှေးဟောင်းအက္ခရာတွေနဲ့ပြည့်နေတဲ့မျက်နှာရှိတဲ့အရိပ်တစ်ခုက ဝူချွင်တုန်ရဲ့ဘေးမှာပေါ်လာတယ်။

အစောင့်တွေက ကြောက်ရွံ့မှုကြောင့် သူတို့ရဲ့ခန္ဓာကိုယ်တွေက ပျော့ခွေလာတယ်။သူတို့က  မကောင်းဆိုးဝါးတွေကို လုံးဝမယှဉ်နိုင်ဘူး။ခေါင်းဆောင်နဲ့အကြီးအကဲတွေတောင်မှ မယှဉ်နိုင်ဘူး။

"ဒါက ဘာကိုဆိုလိုတာလဲ?"အစောင့်တစ်ယောက်က ပြောလိုက်တယ်။

"အချိန်မဖြုန်းနဲ့"ဟေးဂန်းက အစောင့်တစ်ယောက်ကို သတ်လိုက်ပြီးပြောလိုက်တယ်"တကယ်လို့မင်းတို့ မလုပ်ဘူးဆိုရင် မင်းတို့သေရမယ်"

အစောင့်တွေက တွန့်ဆုတ်စွာနဲ့အဲဒီနေရာကို သွားလိုက်ကြတယ်။

"မင်းတို့ ပုန်ကန်တာလား?"ဝူချွင်ဂျင်ကအော်လိုက်တယ်။

"သခင် ငါတို့အသက်ရှင်ချင်တယ်"အစောင့်တွေကတုံ့ဆိုင်းနေပေမဲ့ နောက်ဆုံးမှာတော့ သူတို့ကစန်းဒေါင်ကျီနဲ့ အခြားလူတွေကိုခုန်အုပ်လိုက်ကြတယ်။

စန်းဒေါင်ကျီ ရန်လန်ယုနဲ့အခြားသူတွေကကြောက်လန်တကြား ဝမ်းနည်းစွာအော်လိုက်ကြတယ်။ဒါပေမဲ့သူတို့ကို မကောင်းဆိုးဝါးတွေက ထိန်းချုပ်ထားတာကြောင့် သူတို့က ခုခံဖို့စွမ်းအား မရှိဘူး။

"မလုပ်ပါနဲ့!ဒီကိုမလာနဲ့"

ဝူရုန်က ဒါကိုမြင်တော့ အစောတုန်းက သူ့မိခင်က ဒီလိုမျိုးခံစားခဲ့ရတာကိုတွေးမိပြီး ဝမ်းနည်းမှုကိုခံစားရတယ်။သူကဝူချွင်လီတို့ကို လက်ညှိုးထိုးလိုက်ပြီးအော်လိုက်တယ်"သူတို့ကိုဖမ်း!သူတို့ရဲ့မိန်းမတွေ သမီးတွေ အနိုင်ကျင့်ခံရတာကို သူတို့ရဲ့မျက်စိနဲ့ ကြည့်ပါစေ"

"ဟုတ်"မကောင်းဆိုးဝါးတွေက ဝူချွင်ဂျင်တို့ကို ထိန်းချုပ်လိုက်တယ်။

"ရုန်အာ ရပ်လိုက်"အပြင်ကနေ လူတစ်ယောက်ကပြေးလာပြီး စိုးရိမ်တကြီးအော်လိုက်တယ်။

****************************************************

Chapter(194)
အရင်ဘဝတုန်းကဇာတ်ကြောင်း(3)

ဝူရုန်က ဝင်ပေါက်ကိုကြည့်လိုက်တော့ ဝူပုဖန်နှင့်အကြီးအကဲတွေကိုတွေ့လိုက်ရတယ်။

ဝူပုဖန်က ဝူရုန်က မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် ဖြစ်နေတာကိုတွေ့တော့ထိတ်လန့်သွားတယ်။

"ရပ်ရမယ်ဟုတ်လား?"ဝူရုန်ကရယ်မောလှောင်ပြောင်လိုက်ပြီး"သူတို့က အဖေရဲ့စိတ်စွမ်းအင်နယ်မြေကိုဖျက်ဆီးခဲ့တုန်းကရပ်ခဲ့ကြလို့လား?သူတို့ ငါ့အကိုကြီးကို သတ်ခဲ့တုန်းက ရပ်ခဲ့ကြလို့လား?မင်းကရော ငါ့ညီမကို ဘာစီကပြုစားခဲ့တဲ့အချိန်တုန်းက တားဆီးခဲ့လို့လား?"

သူက ဝူပုဖန်ကိုမလွန်အမင်းဒေါသထွက်နေတဲ့မျက်လုံးတွေနှင့် စိုက်ကြည့်ပြီးပြောလိုက်တယ်"ပြီးတော့ မင်း ဝူပုဖန်!မင်းက အမြဲတမ်းခြံဝင်းတိုင်းကိုစောင့်ကြည့်နေခဲ့တာဘဲ!မင်းက ငါ့အဖေရဲ့စိတ်စွမ်းအင်နယ်မြေပျက်စီးသွားတာ ငါ့အကိုကြီးကို သတ်ခံရတာ ငါ့ညီမကိုဘာစီက ပြုစားခဲ့တာတွေကို မင်းကမသိဘူးဆိုတာ ငါမယုံဘူး။အဲဒီအချိန်တုန်းက မင်း သူတို့ကိုတားခဲ့လို့လား?မင်းမလုပ်ခဲ့ဘူး"

"......"ဝူပုဖန်

"ဝူပုဖန် သူတို့တွေ တစ်ယောက်ပြီးတစ်ယောက်သေ သွားတာကိုကြည့်လိုက်စမ်း!ဒီညမှာ မင်းရဲ့ဂုဏ်ယူရတဲ့မိသားစုက ပျက်စီးကိန်းကြုံစေရမယ်!မင်းရဲ့မိသားစုက လေ့ကျင့်ရေးဆင်းနေတဲ့ လူတွေနဲ့မင်းရဲ့အခြားမိသားစုမှာလက်ထပ်ပြီး ထွက်သွားကြတဲ့သမီးတွေတောင် မကျန်စေရဘူး!!"

ဝူပုဖန်ရဲ့ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တုန်ရီလာတယ်။

အကြီးအကဲတစ်ယောက်ကျအ်ာလိုက်တယ်"ဝူရုန် မင်းက မင်းနဲ့မင်းမိသားစုကိုထိခိုက်စေတဲ့သူကို သွားရှာသင့်တယ်!အပြစ်မရှိတဲ့လူတွေကို ဒီလိုမလုပ်သင့်ဘူး"

"ငါ့ရဲ့အကိုကြီး ငါ့ညီမလေးနဲ့ငါ့မိဘတွေကလည်း အပြစ်ကင်းတဲ့လူတွေဘဲမဟုတ်လား?မင်းတို့က သူတို့ကိုအလွတ်ပေးခဲ့လို့လား?ဒါက မင်းတို့ ကိုယ်လုပ်တာကိုကိုယ် ပြန်ခံရတာဘဲ"ဝူရုန်ကအစောင့်တွေကိုအော်လိုက်တယ်"သွား အခုလုပ်တော့"

အစောင့်တွေက အဲဒီမိန်းမတွေရဲ့အင်္ကျီတွေကိုဆုတ်ဖြဲလိုက်ကြပြီး ဆက်လက်လုပ်ဆောင်ကြတယ်။ ခြံဝင်းတစ်ခုလုံးက ကြောက်လန့်တကြားအော်သံတွေ နှင့်ပြည့်သွားတယ်။

"ဝူရုန် မင်းခွေးမသား!"ဝူချွင်လီက ဒေါသတကြီးအော်လိုက်တယ်။

"ဝူရုန် ငါမင်းကိုသတ်မယ်"ဝူချွင်တုန်ကအော်လိုက်တယ်။

"ဝူရုန် ငရဲကိုသွားလိုက်တော့"ဝူချွင်ဘင်ကလည်းအော်လိုက်တယ်။

"ငရဲကိုသွားဟုတ်လား?"ဝူရုန်က သူ့ရဲ့ခန္ဓာကိုယ်ထံကိုပျံသန်းသွားလိုက်ပြီး ပြောလိုက်တယ်"ငါက သေပြီးသွားပေမဲ့ ငါကအခုဘာနာကျင်မှုမှမခံစားရဘူး!ဒါတော့မင်းတို့ကဘဲ ငရဲကိုသွားသင့်တယ်"

"......."အခြားလူတွေ

ဟေးရွမ်ရီက ရှေ့တက်လာပြီး ဝူရုန်ရဲ့လောင်ကျွမ်းထားတဲ့ခန္ဓာကိုယ်ကို ဂရုတစိုက်ပွေ့ချီလိုက်တယ်။သူကလောင်ကျွမ်းထားတဲ့ နဖူးကိုလူတွေရှေ့မှာဘဲ နမ်းလိုက်ပြီး အက်ကွဲနေတဲ့အသံနှင့်ပြောလိုက်တယ် "သူတို့အားလုံးကိုသတ်ပစ်"

ဝူရုန်က သူကလူမဟုတ်တော့တာတောင် ဟေးရွမ်ရီက ဝမ်းနည်းနေတာကိုခံစားမိတယ်။

ဟေးရွမ်ရီက ဝူရုန်ရဲ့ခန္ဓာကိုယ်ကို သူ့လက်မောင်းထဲမှာပွေ့ချီလိုက်ပြီး အပြင်ထွက်သွားတာကြောင့် ဝူရုန်က သူ့ရဲ့ဒေါသတွေကလည်းလျော့ပါးသွားသလိုခံစားရတယ်။အခြားမကောင်းဆိုးဝါးနှစ်ကောင်ကလည်း ဝူချွင်ချင်နှင့်ဂေါင်တုန်တို့ရဲ့ခန္ဓာကိုယ်ကို သယ်ဆောင်လာခဲ့တယ်။

ဝူရုန်က သူတို့နောက်ကနေလိုက်လာခဲ့တယ်။

အခြားသော မကောင်းဆိုးဝါးတွေက ဟေးရွမ်ရီရဲ့အမိန့်အတိုင်းသတ်ဖြတ်ကြတယ်။

သူတို့က ဝူချွင်လီနှင့် သူ့ရဲ့ညီအကိုတွေကို သူတို့ရဲ့ဇနီးမယားတွေကို မုဒိန်းကျင့်နေတာကိုကြည့်စေပြီးသည့်နောက်မှာ သူတို့ကိုသတ်ပစ်လိုက်ကြတယ်။

ဝူရုန်က မိသားစုတစ်ခုလုံးကိုသတ်ဖြတ်နေတာကိုစိုက်ကြည့်နေလိုက်တယ်။

နောက်တော့ သူကကြောက်လန့်တကြားအော်သံတွေကို ချန်ထားရစ်ပြီး ဟေးရွမ်ရီနောက်ကိုလိုက်လာခဲ့တယ်။

ဟေးရွမ်ရီက ဝူရုန်ရဲ့ခန္ဓာကိုယ်ပွေ့ချီပြီး ဝူအိမ်တော်ကနေ လေပေါ်မှာပျံသန်းတဲ့ရထားလုံးပေါ်ကိုတက်သွားလိုက်ပြီး ပျံသန်းထွက်ခွာသွားလိုက်တယ်။သူတို့ဟေးအိမ်တော်ရဲ့ဝင်ပေါက်ကိုရောက်တော့ ရပ်တန့်လိုက်တယ်။

ဟေးရွမ်ရီက လှေကားနားမှာရပ်လိုက်ပြီး အက်ကွဲတဲ့အသံနှင့်ပြောလိုက်တယ်"ရုန်အာ ကိုယ်တို့အိမ်ပြန်ရောက်ပြီ"

ဝူရုန်က ပြင်းပြင်းထန်ထန်ငိုကြွေးချင်လာတယ်။သူတို့လက်ထပ်ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ဒါကပထမဆုံးအနေဖြင့် ဟေးရွမ်ရီက သူ့ကိုရင်းနှီးစွာပြောဆိုဆက်ဆံတာဖြစ်တယ်။

"အင်း"သူက လည်ချောင်းထဲကအသံကိုဖျစ်ညစ်ပြီးပြောလိုက်တယ်။

ဟေးရွမ်ရီက သူရဲ့ခန္ဓာကိုယ်ကိုပွေ့ချီပြီး အိမ်တော်ထဲကိုလျှောက်ဝင်သွားလိုက်တယ်။

ဟေးရှင်းက အနားကိုရောက်လာတဲ့အချိန်မှာတော့  သူကသူမြင်ရတာကိုမယုံကြည်နိုင်ဘူး"မင်း..."

ဝူရုန်က ဝမ်းနည်းစွာပြုံးပြလိုက်တယ်။

ဟေးရွမ်ရီက အမိန့်ပေးလိုက်တယ်"ဟေးရှင်း အစီအရင်လုပ်တော့"

"ဘာအစီအရင်လဲ?"ဟေးရှင်းကစိတ်ရှုပ်သွားတယ်။

"မကောင်းဆိုးဝါးဝိညာဉ်မုဆိုးတွေ မကြာခင်လာတော့မယ်"

ဝူရုန်က နေရာမှာဘဲအေးခဲသွားတယ်။ဟုတ်တယ်!ဟေးရွမ်ရီက သူ့ကိုသူကတကယ့်မကောက်းဆိုးဝါးဝိညာဉ် အစစ်မဖြစ်ခင် ကမ္ဘာကြီးရဲ့စည်းမျဉ်းကိုဆန့်ကျင်ပြီး ထိန်းသိမ်းထားခဲ့တယ်။တကယ်လို့သူထွက်မသွားဘူးဆိုရင် မကောင်းဆိုးဝါးမုဆိုးတွေရဲ့ ဖမ်းဆီးခြင်းခံရလိမ့်မယ်။ဒါကြောင့် သူကအထူးနည်းလမ်းကိုသုံးပြီး မကောင်းဆိုးဝါးမုဆိုးတွေကိုရှောင်ရှားဖို့လိုအပ်တယ်။

"ကျွန်တော်သိပြီ"

ဟေးရှင်းက အစောင့်အနည်းကိုခေါ်ယူလိုက်ပြီး သူကအိမ်တော်ထဲမှာ အစီအရင်ချဖို့လိုအပ်တာတိုင်းကို ပြင်ဆင်လုပ်ဆောင်စေတယ်။

ဟေးရွမ်ရီက ဝူရုန်ရဲ့ခန္ဓ္ဓာကိုယ်ကို သူတို့ရဲ့အခန်းကိုပွေ့ချီ၍ခေါ်သွားလိုက်ပြီး အိပ်ရာပေါ်တင်ပေးလိုက်တယ်။ပြီးတော့ သူကမှော်လက်နက်တစ်ခုကို ထုတ်ယူလိုက်ပြီး ဝူရုန်ကိုပြောလိုက်တယ်"ဒီထဲမှာဝင်နေပြီး ကိုယ့်ကိုကိုယ်ဖုန်းကွယ်နေပါ"

"ဒါပေမဲ့ ခင်ဗျား..."

သူက ယင်ယန်ဆရာသခင်တစ်ယောက်ဖြစ်တာကြောင် မကောင်းဆိုးဝါးမုဆိုးတွေက အရမ်းရင်ဆိုင်ရခက်ခဲတာကို လုံးဝနားလည်သဘောပေါက်တယ်။ဒီအကျိုးဆက်က စိတ်စွမ်းအင်တွေကို ဆုံးရှုံးရုံသာမက သေဆုံးသွားသည်အထိဖြစ်နိုင်တယ်။ကံကောင်းတဲ့ အနည်းငယ်သော ဝိညာဉ်တွေကသာ မကောင်းဆိုးဝါးမုဆိုးတွေရဲ့လက်ကရှောင်ရှားနိုင်တယ်။

ဟေးရွမ်ရီက မေးလိုက်တယ်"ဒါဆို မင်းသူတို့နဲ့လိုက်သွားချင်လို့လား?"

"ဟင့်အင်း"ဝူရုန်ကဖြေလိုက်တယ်။

"ဒါဆို အထဲဝင်တော့"

ဝူရုန်က တုံ့ဆိုင်းနေပေမဲ့နောက်ဆုံးမှာတော့ မှော်လက်နက်ထဲကိုဝင်ရောက်သွားတယ်။အတွင်းထဲမှာ လုံးဝမှောင်မဲနေတယ်။ သူက အပြင်ထွက်လို့မရကတည်းက သူ့ကိုယ်သူသာဒီနေရာမှာနှစ်မြှုပ်နေနိုင်တယ်။သို့သော်လည်း ဒီအချိန်မှာတာ့ သူ့ရဲ့ဒေါသတွေက လွင့်ပါးသွားပြီဖြစ်တယ်။

အချိန်တွေကုန်ဆုံးသွားတယ်။သူက မှော်လက်နက်ထဲကနေထွက်လာတဲ့အချိန်မှာတော့ အိမ်တော်ကို နေရဲ့အလင်းရောင်မဝင်နိုင်အောင် အမဲရောင်ပတ်စနှင့်ဖုန်းထားတာကိုတွေ့လိုက်ရတယ်။

********************
*************************
************
paid gpဝင်လို့ရပြီနော်

Lanjutkan Membaca

Kamu Akan Menyukai Ini

247K 39.9K 102
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
449K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
312K 5.5K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
222K 6.6K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...