COTAW(Zawgyi)

By Phyomyatsoe

257K 49.3K 791

bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi

Chapter(186+187)

467 117 2
By Phyomyatsoe


Chapter(186)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(7)

ဝူရုန်သည် သူမြေကြီးပေါ်မှာလဲကျသွားတော့မှာဖြစ်တာကြောင့် သူ့ရဲ့မသိစိတ်က အလိုအလျှောက်သူ့ကိုယ်သူထိန်းဖို့ တစ်စုံတစ်ခုကို ဆွဲလိုက်တယ်။ဒါပေမဲ့ ကံမကောင်းစွာဘဲ သူကသူ့ကိုယ်သူမထိန်းနိုင်ဘဲ မြေကြီးပေါ်ကိုလဲကျသွားပြီး သူဆွဲကိုင်လိုက်တဲ့အရာကလည်း သူ့လက်ထဲကိုပါသွားတယ်။

ဒီအချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးက လုံးဝတိတ်ဆိတ်သွားတယ်။

ဝူရုန်က ထရပ်လိုက်ပြီး သူ့ရဲ့ပွန်းသွားတဲ့လက်နှင့် လက်ထဲမှာပါလာတဲ့ကျောက်စိမ်းအဆင်တန်ဆာကို ကြည့်လိုက်တယ်။ဒါက လင်းမိုဟန်ဝတ်ဆင်ထားသည့် နဂါးပုံထွင်းထုထားတဲ့ခါးချိတ်ကျောက်စိမ်းပြားနှင့်တူတယ်။ဒါက အဆင့်တန်းမြင့်တဲ့အဝါရောင်ကျောက်စိမ်းပြားကို နဂါးတစ်ကောင်ရစ်ခွေနေတဲ့ပုံထွင်းထုထားတာဖြစ်ပြီး ဝူရုန်က ကျောက်စိမ်းပြားမှ ကြိုးကိုလှမ်းဆွဲမိတာကြောင့်  သူ့လက်ထဲမှာပါသွားတာဖြစ်တယ်။

သူက လင်းမိုဟန်၏အေးစက်တဲ့မျက်ဝန်းတွေကို ကြည့်လိုက်တယ်။

ဝူချွင်ချင်နှင့်ဂေါင်တုန်ကလည်း ဝူရုန်အတွက်တောင်းပန်ပေးဖို့ ရှေ့ထွက်လာချင်ပေမဲ့ သူတို့ရှေ့မှာလူတွေပိတ်နေတယ်။သူတို့က အင်ပါယာအရှင်မင်းမြတ်ကို ဒေါသထွက်စေမှာစိုးတာကြောင့် အော်ပြီးတော့လည်းမပြောနိုင်ဘူး။

ဟေးရွမ်ရီက ဝူရုန်ကိုကြည့်လိုက်ပြီး သူကဝူချွင်ချင်၏ပခုံးပုတ်၍နှစ်သိမ့်ပေးလိုက်ပြီး စောင့်ကြည့်ဖို့ပြောလိုက်တယ်။

"အရှင်မင်းသား ကျောက်စိမ်းပြားကြိုးကိုပြတ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်။ကျွန်တော်မျိုးက ဒါကိုမရည်ရွယ်ပါဘူး။ရက်အနည်းငယ်အတွင်းမှာ ဒါကိုပြန်လည်ပြင်ဆင်ပြီး ပြန်ပို့ပေးခွင့်ပြုပါ"ဝူရုန်က ဂုဏ်သိက္ခာရှိရှိယဉ်ကျေးစွာပြောလိုက်ရင်း ဝူဝေ့ရွယ်ကို ကူညီလိုက်တဲ့အင်ပါယာကိုယ်လုပ်တော်ကို တစ်ချက်ကြည့်လိုက်တယ်။

သူမရဲ့မျက်လုံးထဲမှာတော့ ဒါက ပမာမခန့်လုပ်တာဘဲ။သူမက သူ့ရဲ့မိသားစုကို ထိခိုက်အောင်လုပ်ဖို့ နှစ်ကြိမ်ကြိုးစားခဲ့ပေမဲ့ နှစ်ကြိမ်လုံး ကျရှုံးခဲ့တယ်။အခုချိန်မှာ သူမက သူက ဘယ်လိုများ တိမ်းရှောင်မလဲဆိုတာ သိချင်ပါသေးတယ်။

လူတိုင်းက အိမ်ရှေ့စံမင်းသားက အင်ပါယာမြို့တော်က ဝူမိသားစုနှင့်ဆန့်ကျင်ဖက်မှာရှိတယ်ဆိုတာသိတယ်။သူက အမြဲတမ်းဖြစ်နိုင်သမျှ ဝူမိသားစုကို ဖျက်ဆီးဖို့လုပ်တတ်တယ်။သူက တစ်မိသားစုလုံးကို မလုပ်နိုင်ဘူးဆိုရင်တောင် တစ်ယောက်ချင်းစီကိုတော့ လုပ်နိုင်သေးတယ်။အခုချိန်က အိမ်ရှေ့မင်းသားအတွက် သူလုပ်ချင်တာကို လုပ်ဖို့အကောင်းဆုံးအခွင့်အရေးဖြစ်တယ်။

ဝူရုန်က သေဆုံးသွားပြီးနောက် သူမက ဟေးရွမ်ရီနားကို ချဉ်းကပ်ဖို့ပိုပြီးအခွင့်အရေးရလိမ့်မယ်။

လင်းမိုဟန်က ဝူရုန်ရဲ့အသံကိုမှတ်မိနေတာကြောင့် အံ့သြသွားတယ်။သူ့ရဲ့အသံက တကယ်ကိုဘဲ သူ့ကိုကယ်ခဲ့တဲ့သူရဲ့အသံဘဲ...ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး။သူ့ကိုကယ်ခဲ့တဲ့လူက အလွန်ဝတဲ့သူဖြစ်ပြီး အချိန်တိုလေးအတွင်းမှာ ဝိတ်ကျသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။တကယ်လို့ သူကဝိတ်ကျသွားတယ်ဆိုရင်တောင် ဒီလောက်ထိလှပနေတာ မဖြစ်နိုင်ဘူး။

သူက ကျောက်စိမ်းပြားကိုပြန်ယူပြီး အော်လိုက်တယ်"ဒါဒီမင်းသားရဲ့တော်ဝင်ဘိုးတော်ထံက ဆိုတာမောင်မင်းသိရဲ့လား?မောင်မင်းရဲ့ဘဝက ဒီကြိုးနဲ့ယှဉ်လို့တောင်မရနိုင်ဘူး။အစောင့်တွေ သူ့ကိုဖမ်းသွားစမ်း!"

အစောင့်နှစ်ယောက်က ထွက်လာပြီး ဝူရုန်ရဲ့လက်မောင်းကို ချုပ်ကိုင်ထားလိုက်တယ်။

ဟေးရွမ်ရီက အဲဒီအစောင့်နှစ်ယောက်ကို အေးစက်စွာစိုက်ကြည့်လိုက်တယ်။

ဝူပုဖန်နှင့်ယိုစုရန်က စိုးရိမ်သွားတယ်။ဒါပေမဲ့ သူတို့က ဝူရုန်ကိုစိုးရိမ်တာမဟုတ်ဘဲ သူတို့က ဝူရုန်ကြောင့်ဂိုလင်းမြို့က ဝူမိသားစုဝင်တွေအားလုံး ပါဝင်ပက်သက်သွားမှာကို စိုးရိမ်နေတာဖြစ်တယ်။

အင်ပါယာအရှင်မင်းမြတ်က ဝူချန်ဇီရဲမွေးနေ့မှာ တစ်စုံတစ်ယောက်သေဆုံးသွားမှာကို မလိုလားဘူး။သူက ဝူချန်ဇီကို အဲဒီလူရဲ့အသက်ကိုကယ်တင်ဖို့ မျက်ရိပ်ပြလိုက်တယ်။ဒါ့အပြင် ကျောက်စိမ်းပြားကြိုးပြတ်သွားတာကို အကောင်းအတိုင်းဖြစ်အောင် ပြန်လည်တပ်ဆင်လို့ရတယ်လေ...

ဝူချန်ဇီကလည်း အင်ပါယာရဲ့ဘေးမှာ နှစ်ပေါင်းများစွာနေခဲ့တာကြောင့် အင်ပါယာရဲ့စိတ်ကို ခန့်မှန်းမိတယ်။ဒါပေမဲ့ သူ့ရဲအဖိုးတန်မြေးမက တောင်းဆိုထားတာကြောင့် သူကပြောလိုက်တယ်"အရှင်မင်းသား ကျေးဇူးပြုပြီး...ဒီငယ်သားရဲ့အမှားကို ခွင့်လွှတ်ပေးလိုက်ပါ"

သူက လင်းမိုဟန်အကြောင်းကို သိနေတာကြောင့်တကယ်လို့ သူကသာတောင်းဆိုရင် လင်းမိုဟန်က အဲဒီလူကျိန်းသေအပြစ်ပေးပါလိမ့်မယ်...

လင်းမိုဟန်က သူ့ကိုစောင်းကြည့်လိုက်ပြီျးမးလိုက်တယ်"သူက မင်းရဲ့မိသားစုဝင်လား?"

"ဟုတ်ပါတယ်"

လင်းမိုဟန်က ထပ်ပြီးမေးလိုက်တယ်"ဒါပေမဲ့ ဒီမင်းသားက သူ့ကိုတစ်ခါမှမတွေ့ဖူးဘူး"

ဒီလှပတဲ့မျက်နှာကြောင့် သူတို့တစ်ခါတွေ့ဖူးတယ်ဆိုရင်တောင် သူကသူ့အမည်ကိုဘယ်တော့မှမေ့သွားမှာ မဟုတ်ဘူး။ဒါကြောင့် သူကသေချာနေတာက ဒီလူက အင်ပါယာမြို့တော်က လူမဟုတ်ဘူးဆိုတာဘဲ...

"ကျုပ်လည်း သူ့ကိုတစ်ခါမှမမြင်ဖူးဘူး။သူက မိသားစုခွဲက လူတစ်ယောက်ဖြစ်ပါလိမ့်မယ်"ဝူချန်ဇီကပြောလိုက်တယ်။

လင်းမိုဟန်က"အိုး...မိသားစုခွဲကလား?"

ဝူဝေ့ရွယ်က အိမ်တော်ထိန်းကို အချက်ပြလိုက်တာနှင့် အိမ်တော်ထိန်းကရှေ့ထွက်လာပြီးပြောလိုက်တယ်"အရှင်မင်းသား...သူက ဂိုလင်းမြို့ကဝူမိသားစုကပါ။သူ့အမည်က ဝူရုန်လို့ခေါ်တယ်။သူကျမွးနေ့ဆုတောင်းပေးဖို့ရောက်လာတာပါ"

"ဂိုလင်းမြို့က ဝူရုန်လား?"လင်းမိုဟန်က ဒါကိုကြားတော့မယုံကြည်နိုင်ဘူး။

"မှန်ပါတယ်"ဝူရုန်ကပြောလိုက်တယ်။

"....."လင်းမိုဟန်

အခုလုံးဝသေချာသွားတာက ဒီလူက သူ့ကိုကယ်တင်ခဲ့တဲ့လူဘဲ။

အဲဒီအချိန်မှာဘဲ အင်ပါယာရဲ့တော်ဝင်ကိုယ်လုပ်တော်ကပြောလိုက်တယ်"ဂိုလင်းမြို့က မြို့သူမြို့သားတွေအားလုံးသေသွားတယ်ဆို...အမှန်ဘဲလား?"

"အရှင် ဂိုလင်းမြို့က မကောင်းဆိုးဝါးတွေရဲ့သားသတ်ရုံဖြစ်သွားတယ်ဆိုတာအမှန်ပါ"အိမ်တော်ထိန်းကဖြေလိုက်တယ်။

"ဒါဆိုသူတို့ ဒီကိုဘယ်လိုရောက်လာတာလဲ?"အင်ပါယာကိုယ်လုပ်တော်ကပြောလိုက်တယ်။

"ဒီအကြောင်းကိုပြောရမယ်ဆိုရင် ဝူရုန်နဲ့သူ့မိသားစုက ဒီအကြောင်းကိုဖုန်းကွယ်ထားခဲ့တယ်။သူတို့က ဂိုလင်းမြို့ကို မကောင်းဆိုးဝါးတွေရောက်လာတာနဲ့ ထွက်လာခဲ့ကြတယ်။သူတို့က မြို့ကနေထွက်တာနဲ့ တစ်ချက်တောင်ပြန်လှည့်မကြည့်ခဲ့ဘူး။သူတို့က မြို့သူမြို့သားတွေရဲ့အသက်နဲ့ သူတို့မိသားစုဝင်တွေရဲ့အသက်ကို ဂရုမစိုက်ဘဲအင်ပါယာမြို့တော်ကိုထွက်လာခဲ့ကြတယ်။သူတို့ရဲ့နှလုံးသားက အေးစက်လွန်းပါတယ်"အိမ်တော်ထိန်းကပြောလိုက်တယ်။

ဝူချွင်ချင်က သူတို့ကမကောင်းဆိုးဝါးတွေဂိုလင်းမြို့ကိုရောက်လာတဲ့နေ့နှင့် သူတို့ကထွက်လာတဲ့နေ့က တစ်နေ့တည်းဆိုတာ ဝူပုဖန်တစ်ယောက်ထဲကိုသာ ပြောပြခဲ့တာဖြစ်တယ်။အခု ဘယ်လိုလုပ်ပြီး ဒီအိမ်တော်ထိန်းက သိနေရတာလဲ?

သူက ဝူပုဖန်ကိုလှမ်းကြည့်လိုက်တော့ သူ့ရဲ့မျက်လုံးတွေနှင့်မဆုံအော င်ရှောင်နေတာကိုတွေ့လိုက်ရတယ်။

အခုတော့ ရှင်းသွားပြီ။ဝူပုဖန်က အိမ်တော်ထိန်းကိုပြောပြလိုက်တာဘဲ...ဝူချွင်ချင်ရဲ့နှလုံးသားက တင်းကျပ်လာတယ်။

"သူတို့က ရွံ့စရာကောင်းလိုက်တာ"ဝူမိသားစုဝင်တွေက ဒေါသတကြီးပြောလိုက်တယ်"သူတို့က နှလုံးမဲ့တဲ့သူတွေဘဲ။ဘယ်လိုလုပ်ပြီး ကိုယ့်မိသားစုကို မကယ်ရတာလဲ?ရုပ်ကတော့ လှပြီးအတွင်းပုတ်နေတဲ့လူဘဲ"

တစ်စုံတစ်ယောက်ကနေပြီး ဝူရုန်ကိုကျောက်ခဲနှင့်ပေါက်လိုက်တယ်။ဝူရုန်ရဲ့နဖူးက ပေါက်သွားပြီးသွေးထွက်လာတယ်။

ဝူရုန်က သွေးတွေကိုမသုတ်လိုက်ဘူး။

ဟေးရွမ်ရီက အဲဒီလူကို အေးစက်စွာစိုက်ကြည့်လိုက်တယ်။

ဝူချွင်ချင်က ရှေ့ထွက်ပြီးဝူရုန်ကို ကာကွယ်ပေးဖို့သွားချင်ပေမဲ့ ဟေးရွမ်ရီကသူ့ကိုတားထားလိုက်တယ်။

ဝူရှိနှင့်ဂေါင်တုန်ကလည်း ဒေါသထွက်လွန်းတာကြောင့် သူတို့ရဲ့မျက်လုံးတွေကနီရဲလာတယ်။

********************************************************************

Chapter(187)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(8)

"တကယ်လား?"ဝုချန်ဇီက အံ့အားသင့်သွားတယ်။

"ဟုတ်ပါတယ်...ဂရန်းမစ္စတာ ကျွန်တော်တို့လည်း အခုမှဒီသတင်းကိုသိရတာပါ။မဟုတ်ရင် ကျွန်တော်တို့ သူ့ကိုဒီဧည့်ခံပွဲကို ဖိတ်မှာမဟုတ်ဘူး။ကျွန်တော်တို့ ဒီအကြောင်းကို ဧည့်ခံပွဲပြီးမှတင်ပြဖို့ လုပ်ထားပေမဲ့ အခုလိုဖြစ်သွားပါတယ်"

ဝူဝေ့ရွယ်က ရှေ့တက်လာပြီး နတ်သမီးလိုချိုသာတဲ့အသံနှင့်ပြောလိုက်တယ်"သူမှားသွားတာဖြစ်နိုင်လား?"

အင်ပါယာကိုယ်လုပ်တော်က သူမကိုနောက်ကိုဆွဲလိုက်ပြီး ပြောလိုက်တယ်"ရွယ်အာ မင်းက အရမ်းကြင်နာလွန်းတယ်။မင်းကအယုံလွယ်သူဘဲ"

ဒီအချိန်မှာတော့ ဝူရုန်ကရယ်ချင်သွားတယ်။

"ဒါပေမဲ့..."

ဝူဝေ့ရွယ်က တစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ အင်ပါယာကိုယ်လုပ်တော်က သူမကိုတားပြီးပြောလိုက်တယ်"ဒီအကြောင်းပြောတာလုံလောက်ပြီ။ဂရန်းမစ္စတာက ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်"

တစ်စုံတစ်ယောက်ကအော်လိုက်တယ်"ငါတို့ ဒီမိသားစုကို သည်းမခံနိုင်ဘူး။ငါတို့က ဒီလိုလူမျိုးကို မိသားစုဝင်အဖြစ်အလိုမရှိဘူး။ဂရန်းမစ္စတာ ကျေးဇူးပြုပြီး သူတို့ကိုအပြစ်ပေးပါ"

ဝူချန်ဇီက အင်ပါယာမင်းမြတ်ကို ကြည့်လိုက်ပြီးပြောလိုက်တယ်"ဒါကိုဘယ်လိုဖြေရှင်းရမလဲအမိန့်ပေးပါ အရှင်မင်းကြီး"

အင်ပါယာအရှင်မင်းမြတ်က သစ္စဖောက်တွေကိုသဘောမကျတာကြောင့်"ဒါက မောင်မင်းမိသားစုရဲ့အရေးကိစ္စဘဲ။ကိုယ့်တော်က ဒီထဲမှာဝင်ပြောစရာအကြောင်းမရှိဘူး။ဒါပေမဲ့ ကိုယ်တော်ကလည်း သူတို့က ဒီလိုလုပ်ခဲ့တာကိုဒေါသထွက်တယ်။တကယ်လို့ သူတို့ကိုသာ အပြစ်မပေးခဲ့ဘူးဆိုရင် ဒါကသင့်တော်တဲ့လုပ်ရပ်လို့ ကိုယ်တော်မထင်ဘူး"

လင်းမိုဟန်က သူ့ခမည်းတော်ကိုယ်တိုင်က ဝူရုန်ကိုအပြစ်သားလိုဆက်ဆံတာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။

သူက ဝူရုန်လုပ်ရပ်ကိုသံသယမဝင်ပေမဲ့ သူကဝူရုန်အတွက် ဘာပြောပေးရမှန်းမသိဘူး။

"အရှင်မင်းကြီး ကျွန်တော်မျိုးမှာပြောစရာတစ်စုံတစ်ရာရှိပါတယ်"ဝူရုန်ကပြောလိုက်တယ်။

"မောင်မင်းက ဘာပြောချင်သေးလို့လဲ?"အင်ပါယာအရှင်မင်းမြတ်က အေးစက်စွာစိုက်ကြည့်လိုက်တယ်။

"ကျွန်တော်မျိုးကို အပြစ်ဒဏ်ချမှတ်ဖို့အတွက် သူတို့မှာသက်သေရှိပါသလား?ကျွန်တော်တို့က မကောင်းဆိုးဝါးတွေ လာရောက်တိုက်ခိုက်မှမြို့တော်ကထွက်လာတယ်ဆိုတာမြင်တဲ့သူရှိပါသလား?ဘယ်သူကများ ကျွန်တော်မျိုးတို့က ကိုယ့်မိသားစုကိုယ်မကယ်တင်တာကိုတွေ့ပါသလား?ဘယ်သူကများ ကျွန်တော်မျိုးတို့က သူတို့ကိုသွားပြန်မရှာဘူးဆိုတာမြင်ခဲ့တာလဲ?"

ဝူရုန်က လူတိုင်းကိုကြည့်လိုက်ပြီး"ဒါကိုဘယ်သူကမြင်ခဲ့တာလဲ?အဲလိုမဟုတ်ဘူးဆိုရင် လျှောက်မပြောနဲ့။ကောလဟာလကရိုးသားတဲ့လူတွေကို သေစေနိုင်တယ်။ဒီကိစ္စမှာ မင်းတို့က ပိုပြီးကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို ဦးတည်နေတာဘဲ"

"......."အင်ပါယာအရှင်မင်းမြတ်

"......."လူအုပ်ကြီး

လင်းမိုဟန်က အနည်းငယ်ကြောင်အသွားပေမဲ့ သူ့မျက်လုံးတွေကတော့ပြုံးလာတယ်။

"မင်းက မြို့ထဲကိုပြန်သွားတဲ့ဆိုတဲ့သက်သေရောရှိလို့လား?"အိမ်တော်ထိန်းကမေလိုက်တယ်။

"မင်း သက်သေလိုချင်တယ်ပေါ့"ဝူရုန်ရဲ့နှုတ်ခမ်းတွေက ကော့တက်သွားပြီး"ကောင်းပြီလေ။အခုမင်းကိုပြောပြမယ်။ကျွန်တော့်လူတွေက ဆယ်ရက်ကြာပြီးရင် ဂိုလင်းမြို့က ဝူမိသားစုဝင်တွေကို အင်ပါယာမြို့ကိုခေါ်လာလိမ့်မယ်။သူတို့ရောက်တဲ့အချိန်ကျရင် ဂရန်းမစ္စတာက သူတို့ကို နှလုံးသားမဲ့စွာ ပစ်မထားဘူးလို့ကျွန်တော် ယုံကြည်တယ်။ဂရန်းမစ္စတာက သူတို့ကိုသက်သောင့်သက်သာရှိတဲ့ဘဝကိုပေးလိမ့်မယ်...ဟုတ်တယ်မလား?

သူက ဖိတ်ကြားစာကို လက်ခံရရှိတဲ့အချိန်တုန်းက သူကသူတို့တွေကို အင်ပါယာမြို့တော်ကိုခေါ်ခဲ့ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်။

လူအုပ်ထဲမှာရှိနေတဲ့ ဝူချွင်ချင် ဂေါင်တုန် ဝူရှိ ဝူပုဖန် ယိုစုရန် နှင့်ဝူယုတို့ကအံ့သြသွားကြတယ်။

ဂိုလင်းမြို့က ဝူမိသားစုဝင်တွေက အသက်ရှင်နေသေးတာလား?

ဝူချန်ဇီရဲ့မျက်လုံးတွေကပျူးကျယ်သွားပြီး"သေချာရဲ့လား?"

သေစမ်း!သူက ကလေးတစ်ယောက်လိုသူပြောတာနားထောင်နေခဲ့တာဘဲ!

ဝူရုန်က အင်ပါယာအရှင်မင်းမြတ်ကိုပြောလိုက်တယ်"အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့စွမ်းအားက မြို့ထဲကလူတိုင်းကို ကယ်တင်ဖို့မသန်မာတဲ့အတွက် ဝမ်းနည်းပါတယ်။ကျွန်တော်မျိုးအကောင်းဆုံးလုပ်နိုင်တာက ဒဏ်ရာရနေတဲ့မိသားစုဝင်တွေကို အင်ပါယာမြို့တော်ကိုခေါ်ဆောင်ပေးတာဘဲ။ကျွန်တော်မျိုးက ကျွန်တော်မျိုးလုပ်နိုင်တာကို အကောင်းဆုံးလုပ်ခဲ့တဲ့အတွက် ကျွန်တော်မျိုးရဲ့အသက်ကိုချမ်းသာပေးဖို့တောင်းဆိုပါတယ်"

အင်ပါယာအရှင်ရဲ့အကြည့်တွေက ပျော့ပြောင်းသွားပြီး"တကယ်လို့မောင်မင်းပြောတာသာ အမှန်ဆိုရင် မောင်မင်းကမှားယွင်းစွပ်စွဲခံရတာဘဲ။မောင်မင်း အပြစ်ကင်းတယ်"

"ကျေးဇူးတင်ပါတယ်"ဝူရုန်ကဆက်ပြီးတော့ပြောလိုက်တယ်"ဒါပေမဲ့ ကျွန်တော်မျိုးက တရားမျှတမှုရှာပေးဖို့တောင်းဆိုချင်ပါတယ်"

"မောင်မင်းက အထင်မြင်လွှဲမှားပြီးလုပ်ခဲ့တဲ့လူတွေကို ကိုယ်တော့်ကိုအပြစ်ပေးစေချင်တာလား?"အင်ပါယာအရှင်မင်းမြတ်က ဝူရုန်ရဲ့နဖူးပေါ်ကသွေးတွေကိုမြင်တာကြောင့်မေးလိုက်တယ်။

လူအုပ်ထဲက တစ်စုံတစ်ယောက်ကပြောလိုက်တယ်"ဝူရုန် မင်းစည်းမကျော်လာနဲ့။ငါတို့ကမင်ကိုအထင်မြင်လွှဲမှားခဲ့တယ်ဆိုတာ အမှန်ဘဲ။ဒါပေမဲ့မင်းကလည်းအပြစ်ပေးမခံရဘူးလေ။ဒါကို ဘာကြောင့် ငါတို့ကိုအပြစ်ပေးခံစေချင်နေတာလဲ"

ဝူရုန်က အဲဒီလူကို ဘာမှပြန်မပြောဘဲအင်ပါယာအရှင်မင်းမြတ်ကိုဆက်ပြောလိုက်တယ်"အရှင် ကျွန်တော်မျိုးက ကျွန်တော့်ဦးလေးတွေရဲ့ဒဏ်ရာကို စိုးရိမ်မိတယ်။ပြီးတော့ ကျွန်တော်မျိုးက သူတို့ကိုကုသပေးဖို မတတ်နိုင်ဘူး။သူတို့က ဝူမိသားစုအတွင်းမှာ ဆေးဝါးကုသမှုခံယူရသင့်တယ်။ဒါပေမဲ့ အခုသူတို့ ကျွန်တော်မျိုးကို ဆက်ဆံပုံအရ ကျွန်တော့်ဦးလေးတွေကို ကောင်းကောင်းဆက်ဆံပါ့မလားဆိုတာ မပြောနိုင်ဘူး။ဒါကြောင့်အရှင်မင်းမြတ်က ဂရန်းမစ္စတာကိုကျွန်တော့်မျိုးဦးလေးတွေကို ကုသပေးဖို့ ကတိပေးဖို့အင်ပါယာအမိန့်တော်ထုတ်ပေးဖို့တောင်းဆိုချင်ပါတယ်"

ဝူမိသားစုတစ်ခုလုံးက ဒေါသထွက်လာတယ်။

အင်ပါယာအရှင်မင်းမြတ်က တုံ့ဆိုင်းနေပြီးမှပြောလိုက်တယ်"တကယ်လို့ မင်းပြောတာမှန်ပြီး သူတို့ကိုမင်းကယ်ခဲ့တာမှန်ရင် အင်ပါယာအမိန့်တော်ထုတ်ပေးမယ်"

"ကျေးဇူးပါတယ် အရှင်မင်းမြတ်"ဝူရုန်ကအရိုအသေပေးလိုက်တယ်။

သူ့ကိုကြည့်ပြီး ဝူဝေ့ရွယ်နဲ့ဝူချန်ဇီတို့က ဒေါသချောင်းချောင်းထွက်လာကြတယ်။အခုချိန်မှာ ငါကမင်းတို့မိသားစုကို ထိခိုက်အောင်မလုပ်နိုင်ဘူးဆိုရင်တောင် ငါအလျော့ပေးမှာမဟုတ်ဘူး။ဂိုလင်းမြို့က လူတွေရောက်လာရင် တစ်ယောက်ချင်းစီက ကောင်းကောင်းနေရလိမ့်မယ်လို့မထင်နဲ့!

လင်းမိုဟန်ကပြောလိုက်တယ်"ဝူရုန် မင်းကဘယ်သူ့ကိုဘဲကယ်တင်ပါစေ...ဒီမင်းသားရဲ့ကျောက်စိမ်းကိုတော့ ထိခိုက်စေတာအမှန်ဘဲ။ဒါကြောင့်ဒီမင်းသားက မင်းကိုအပြစ်ပေးရမယ်"

ဝူဝေ့ရွယ်ရဲ့နှုတ်ခမ်းတွေက ကော့တက်သွားတယ်။

ဝူချွင်ချင်နှင့်ဂေါင်တုန်ကရှေ့ထွက်လာပြီး"ကျေးဇူးပြုပြီး သူ့ရဲ့အမှားကိုခွင့်လွတ်ပေးပါ။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကအပြစ်ပေးခံရဖို့ခံနိုင်ရည်မရှိအောင်အားနည်းပါတယ်။ဒါကြောင့်သူ့အစား ဒီငယ်သားကိုအပြစ်ပေးပါ"

ဟေးရွမ်ရီကရှေ့ထွက်လာပြီး"ကျုပ်က သူ့ခင်ပွန်းပါ...သူ့အစား အပြစ်ဒဏ်ကိုကျွန်တော့်ကိုပေးပါ"

လူအုပ်ကြီးက ထိတ်လန့်သွားတယ်။

"ယောကျာ်းတစ်ယောက်က အခြားယောကျာ်းတစ်ယောက်ကိုလက်ထပ်ထားတယ်"

အင်ပါယာကလည်း ထိတ်လန့်သွားတယ်။

ဝူဝေ့ရွယ်က သူတို့ကိုကြည့်ပြီး ဒေါသထွက်လာပေမဲ့သူမကသူတို့ကိုတားဖို့မဖြစ်နိုင်ဘူး။

လင်းမိုဟန်က လှောင်လိုက်တယ်"ဒီမင်းသားက ဒီမင်းသားရဲ့ကျောက်စိမ်းကိုပျက်စီးစေတဲ့သူကိုဘဲ အပြစ်ပေးမယ်။အခြားသူကို အစားထိုးလို့မရဘူး။သူ့ကိုခေါ်သွားတော့"

အစောင့်တွေက ဝူရုန်ကိုဆွဲခေါ်သွားတယ်။

လင်းမိုဟန်က ဝူချန်ဇီကိုပြောလိုက်တယ်"ဂရန်းမစ္စတာ ကိုယ်တော် မောင်မင်းရဲ့ဧည့်ခံပွဲမှာဆက်နေဖို့စိတ်မရှိတော့ဘူး။မွေးနေ့မှာပျော်ရွှင်ပါစေ"

အဲဒီနောက်မှာတော့ သူကထွက်သွားလိုက်တယ်။

"......."ဝူချန်ဇီ

ဟေးရွမ်ရီ ဝူချွင်ချင်နှင့်တခြားသူတွေကလည်းမြန်မြန်ထွက်သွားကြတယ်။

**********************************************************************

Continue Reading

You'll Also Like

113K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
719K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...