Chapter(182)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(3)
"ဟုတ်ပါတယ်။ဒါကျွန်တော်တို့ ပထမဆုံးအကြိမ် သူ့မွေးနေ့အခမ်းအနားကို လာတာဖြစ်တယ်။တကယ်လို့များ ကျွန်တော်တို့နားမလည်တာတွေရှိရင် စီနီယာကပြောပြပေးဖို့မျှော်လင့်ပါတယ်"ဝူချွင်ချင်သည် အဲဒီလူကို ယဉ်ကျေးစွာပြောလိုက်တယ်။
"ငါသိတာပေါ့"အဲဒီလူက ဂုဏ်ယူစွာပြောလိုက်တယ်"ငါဒီကိုအကြိမ်များစွာလာဖူးတယ်။ဒါကြောင့် မင်းတို့သိသင့်တာတွေကို ငါပြောပြမယ်။သူကဖော်မေးရှင်း(အစီအရင်)အတွင်းမှာ နတ်ဘုရားတွေကိုဖိတ်ခေါ်ဖို့ရွတ်ဆိုဆုတောင်းတဲ့အခါ သူအောင်မြင်သွားတယ်ဆိုရင် နတ်ဘုရားတွေရဲ့မွေးနေ့ဆုတောင်းတဲ့သူက ကောင်းချီးပေးခံရတယ်။ကောင်းချီးပေးခံရတာက အမျိုးမျိုးရှိတယ်။ဒါကအသက်ရှည်တာ စွမ်းအားတိုးလာတာ အခုမင်းတို့မြင်သလိုမျိုး ရုပ်ရှည်နုပျိုလာတာတွေဖြစ်နိုင်တယ်။အမြဲတမ်းတော့ဆုတောင်းတာ အောင်မြင်တာတော့မဟုတ်ဘူး"
အဲဒီလူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ဆက်ပြောလိုက်တယ်"ဆယ်ခါဆုတောင်းရင် တစ်ခါလောက်ကံကောင်းရင်တောင် လုံလောက်နေပြီ။မဟုတ်ရင် ငါကဒီလိုမျိုးပျော်နေမှာမဟုတ်ဘူး"
"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"ဝူချွင်ချင်ကကျေးဇူးတင်လိုက်တယ်။
အဲဒီလူသည် ဝူချွင်ချင်က ယဉ်ကျေးစွာပြောဆိုဆက်ဆံတာကိုသဘောကျသွားတယ်။
အဲဒီအချိန်မှာဘဲ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လှပတဲ့မိန်းကလေးသည် ဝူချန်ဇီရှိရာကို လျှောက်လမ်းလာတယ်။သူက လှုပ်ရှားလိုက်တဲ့အခါတိုင်း ရွှေရောင်ဆံထိုးကလှုပ်ခါနေတယ်။
ဝူချန်ဇီသည် မိန်းကလေးရဲ့လက်ကိုဆွဲပြီး လူအုပ်ကြီးကိုမျက်နှာချင်းဆိုင်လိုက်တယ်။ဒါကြောင့် လူတွေသည် သူတို့ကိုကောင်းကောင်းမြင်လိုက်ရတယ်။လှပတဲ့မိန်းကလေးက ကြွေထည်လိုအသားရည် ရှည်သွယ်တဲ့မျက်ခုံးတွေ ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေ ချစ်စရာကောင်းတဲ့နှာခေါင်း ပန်းရောင်သန်းနေတဲ့ပါးပြင် နှင်းဆီဖူးလိုနှုတ်ခမ်းတွေပိုင်ဆိုင်ထားတယ်။သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး မာနကြီးဟန်ပေါ်ပြီး သူမ၏မျက်လုံးထဲမှာတော့ လူတိုင်းကို အထင်သေးဟန်ပေါ်နေတယ်။ကမ္ဘာပေါ်မှာရှိတဲ့တစ်ယောက်ကမှ သူမနှင့်မထိုက်တန်သလိုမျိုးဟန်ကြည့်နေတာဖြစ်တယ်။
ဝူရုန်ရဲ့နှလုံးသားကနှစ်မြှုပ်သွားတယ်။
ဒါကဝူဝေ့ရွယ် ဝူချန်ဇီရဲ့အနှစ်သက်ဆုံးမြေးမဖြစ်တယ်။
သို့သော်လည်း ဝူဝေ့ရွယ်ရဲ့မျက်လုံးတွေက လူတွေကြားရပ်နေတဲ့ဟေးရွမ်ရီအပေါ်မှာ ရောက်နေပြီး သူမက ဝူရုန်ကိုစိန်ခေါ်နေသလို အကြည့်နဲ့တောင်ကြည့်နေတာဖြစ်တယ်။
အရင်နေ့တုန်းက သူမသည် ဝူရုန်သည် မသေသေးရုံသာမက ဝူရုန်သည် သူမထက်တောင်လှတယ်ဆိုတာကို သိခဲ့ရတာဖြစ်တယ်။သူမသည် ဝူရုန်ကို သတ်ပစ်ချင်ပေမဲ့ သူမကိုယ်သူမထိန်းချုပ်ထားလိုက်နိုင်တယ်။ဒါကဘဲဘာကြောင့် သူမက ဝူချွင်ချင်တို့မိသားစုကိုဒီဧည့်ခံပွဲကိုဖိတ်ခေါ်ခဲ့တာလဲဆိုတာဖြစ်တယ်။မဟုတ်လို့ရှိရင် ဝူချွင်ချင်လိုလူမျိုးက ဒီဧည့်ခံပွဲကိုတက်ရောက်ဖို့ အရည်အချင်းရှိမှာမဟုတ်ဘူး။
ဒီအကြောင်းကိုတွေးမိတာနှင့် ဝူဝေ့ရွယ်ရဲ့မျက်လုံးတွေက ကောက်ကျစ်မှုတွေပြည့်လာတယ်။သူမက ဒီလူကို ပထုတ်ပြီးဒီလူကအဝေးကိုရောက်သွားတဲ့အချိန်မှာ သူမကသူ့(ဟေးရွမ်ရီ)နားကိုကပ်မှာဖြစ်တယ်။
သူမက ဟေးရွမ်ရီကိုကြည့်လိုက်ပြီး သူမက သူ့ရဲ့ချောမောတဲ့မျက်နှာကိုစိတ်ထဲစွဲနေပြီဖြစ်တယ်။သူမက ဒီနေ့လှပစွာဝတ်ဆင်ခဲ့တာက အထူးသဖြင့်ဟေးရွမ်ရီအတွက်သာဖြစ်တယ်။သူမက ဒီနေ့လိုဝတ်ဆင်တာမျိုးကို နန်းတော်ထဲကိုဝင်တဲ့အချိန်မှသာ ဝတ်ဆင်တာဖြစ်တယ်။ဒါပေမဲ့ ဒီနေ့မှာတော့ ဟေးရွမ်ရီရဲ့သဘောကျမှုကို လိုချင်တာကြောင့်ဝတ်ဆင်ခဲ့တာဖြစ်တယ်။ဆိုးလွန်းတာက ဟေးရွမ်ရီက သူမကိုတစ်ချက်တောင် လှည့်မကြည့်ခဲ့ဘူး။ဟေးရွမ်ရီရဲ့စိတ်အာရုံအားလုံးက သူ့ဘေးကအမျိုးသားစီမှာရှိနေတာဖြစ်တယ်။ဒါက ဝူဝေ့ရွယ်ကိုစိတ်ဆိုးဒေါသထွက်စေပြီး သူမက ဝူရုန်ကိုသတ်ပေးဖို့ သူမအဘိုးကိုတောင်းဆိုချင်လာတယ်။
ဝူရုန်က နှာခေါင်းရှုံ့လိုက်တယ်။အတိအကျကို ဝူဝေ့ရွယ်သည် ဟေးရွမ်ရီကို တက်မက်တဲ့မျက်လုံးတွေနှင့်ကြည့်နေတာဘဲ။
ဝူရုန်က သူ့ဘေးကအမျိုးသားကိုစိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ပြီးပြောလိုက်တယ်"ခင်ဗျားက တော်တော်ပြသနာများတာဘဲ"
"......."ဟေးရွမ်ရီသည် စိတ်ရှုပ်သွားတယ်။သူက ဝူရုန်ကို ဝမ်းနည်းသွားအောင်ဘာလုပ်မိလိုက်တာလဲ?
ဝူချန်ဇီက လူအုပ်ကြီးကိုနှုတ်ဆက်စကားပြောလိုက်ပြီး ဘုရားကျောင်းဝန်းကျင်လမ်းလျှောက်ထွက်ဖို့ပြောလိုက်တယ်။အချို့ကတော့ မျှော်စင်ပေါ်တက်သွားကြပြီ အချို့ကတော့အရှေ့ဘက်ခြံဝင်းထဲမှာနတ်ဘုရားတွေကို ဆုတောင်းကြပြီး အချို့ကတော့လျှောက်ပတ်သွားလာကြတယ်။
ဝူရုန်နှင့်ဟေးရွမ်ရီကလည်း အရှေ့ဘက်ခြံဝင်းမှာ နတ်ဘုရားတွေ ဆုတောင်းဖို့ထွက်လာခဲ့တယ်။သူတို့က ဘယ်နေရာကိုဘဲသွားသွား အတူတူသွားဖို့ဆုံးဖြတ်ထားတယ်။
ဂေါင်တုန်က ဆုတောင်းပြီးသွားတဲ့အချိန်မှာ အနည်းငယ်ကွာဝေးတဲ့နေရာမှာရပ်နေတဲ့လူငယ်ကိုညွှန်ပြလိုက်ပြီးပြောလိုက်တယ်"ချွင်ချင် အဲဒါဝူယုမလား?"
ဝူရုန်နှင့် ဝူချွင်ချင်ကလည်း ကြည့်လိုက်တယ်။ဝူယုက အခြားသူတွေနှင့်ရယ်မောပြောဆိုနေတာကို တွေ့လိုက်ရတယ်။
ဝူချွင်ချင်က မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်"သူဂိုလင်းမြို့ကထွက်လာတာ လအနည်းငယ်ဘဲရှိသေးပေမဲ့ အင်ပါယာမြို့တော်က ဒီလူတွေနှင့်အတ်ာရင်းနှီးနေတဲ့ပုံဘဲ"
ဒါကကောင်းတဲ့အရာလို့ သူမထင်ဘူး။
ဝူရုန်က စောင်းပြီးကြည့်လိုက်တယ်။အခုလည်း အရင်ဘဝတုန်းကလို ဝူယုကသူ့အကိုကိုပျောက်သွားအောင် တစ်စုံတစ်ခုလုပ်ထားတာဖြစ်နိုင်တယ်။သူကပြန်ရောက်တဲ့အချိန် ဟေးရွမ်ရီကို ဒီအကြောင်းပြောရမယ်။
"သူတို့က ဝူယုရဲ့အကြောင်းကိုမသိလို့ဘဲဖြစ်ရမယ်။သူတို့သာ သူ့အကြောင်းသိသွားရင် သူနဲ့အပေါင်းအသင်းတောင် လုပ်ရဲမှာမဟုတ်ဘူး"ဝူရှိနှာခေါင်းရှုံ့လိုက်တယ်။
ဝူရုန်က စိတ်ထဲကနေလှောင်ရယ်လိုက်တယ်။
အင်ပါယာမြို့တော်က ဝူမိသားစုတွေသည် ဂိုလင်းမြို့က လူတွေထက်ပိုပြီးရက်စက်သလို ဥာဏ်ပိုကောင်းတယ်။သူတို့က ဝူယုထံက လိုချင်တာ ဘာမှမရှိဘူးဆိုရင် သူတို့ဝူယုကိုအပေါင်းအသင်းတောင် လုပ်မှာမဟုတ်ဘူး။
ဝူယုက တစ်ယောက်ယောက်က သူ့ကိုကြည့်နေတာကို သတိထားမိသွားတယ်။သူလှည့်ကြည့်လိုက်တော့ ဝူရုန်တို့ကိုမြင်သွားတယ်။သူက သူတို့ကိုမြင်တော့ အံ့အားသင့်သွားတယ်။ဒါပေမဲ့ သူကနှုတ်တော့မဆက်လာဘူး။အဲဒီအစား သူကပြန်လှည့်သွားပြီး အဲဒီလူငယ်တွေနှင့် အတူဆက်လက်ပြီးတော့ ရယ်မောနေတယ်။
**************************************************************************
Chapter(183)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(4)
"သူ့မိသားစု သေသွားတာတောင် သူဘယ်လိုလုပ်ပြီးပြုံးနေနိုင်တာလဲ?"ဝူရှိကနှုတ်ခမ်းစူလိုက်တယ်။
"ရှိအာ"ဝူချွင်ချင်သည် ဝူရှိကို ဆက်မပြောဖို့သတိပေးလိုက်တယ်။
ဝူရှိက မျက်နှာရှုံ့မဲ့လိုက်တယ်။
ဟေးရွမ်ရီသည် လူတစ်ချို့ထွက်သွားတာကို တွေ့လိုက်ရတာကြောင့်ပြောလိုက်တယ်"သွားရအောင်"
ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး သူကဟေးရွမ်ရီနှင့်အတူ ဘုရားကျောင်းထဲကထွက်လာခဲ့တယ်။
သူတို့ လူအုပ်ကြီးနှင့်ဝေးလာတဲ့အချိန်မှ ဝူရုန်ကအသံတိုးတိုးနှင့်ပြောလိုက်တယ်"ဟေးရွမ်ရီ ကျွန်တော်တို့ ဆုတောင်းနေတဲ့အချိန်မှာ ဝန်ကြီးချုပ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်အလင်းတန်းတွေဖြတ်ပြေးနေတာကိုတွေ့လိုက်လား?"
"ဟင့်အင်း ကိုယ်မမြင်ဘူး"ဟေးရွမ်ရီသည် ဝူရုန်ကို သူ့လက်မောင်းထဲဆွဲသွင်းလိုက်ပြီး မလဲကျသွားအောင် ထိန်းပေးလိုက်တယ်။
ဒါကထူးဆန်းတယ်။ဘာကြောင့် သူက ဒါကိုမမြင်တာလဲ?ဒါက ဝူမိသားစုဝင်တွေဘဲ မြင်နိုင်တာလား?ဖြစ်နိုင်တာက သူကနောက်မှ ဝူရှိကိုမေးရပါမယ်။
ဝူရုန်က စကားဆက်မပြောတော့တာကြောင့် ဟေးရွမ်ရီကမေးလိုက်တယ်"မင်းမြင်ခဲ့ရလို့လား?"
ဝူရုန်က ခေါင်းငြိမ့်ပြီးပြောလိုက်တယ်"ဒါ ကျွန်တော် အထင်မှားနေတာလဲဖြစ်နိုင်ပါတယ်"
ဟေးရွမ်ရီက မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမပြောတော့ဘူး။
သူတို့က တောင်ကုန်းပေါ်က ဆင်းလာတဲ့အခါ သူတို့က တိုက်ရိုက်ဘဲ ဝူအိမ်တော်ကို သွားလိုက်တယ်။သူတို့က ရထားလုံးပေါ်က ဆင်းလာတဲ့အချိန်မှာတော့ အိမ်တော်ထဲကို မဝင်ခင် အရင်ဆုံးဝူချန်ဇီတို့ပြန်လာကို စောင့်နေရတယ်။သူတို့က ဘေးနှစ်ဖက်မှာ တန်းစီ၍ဝူချန်ဇီကိုကြိုဆိုဖို့ စောင့်နေကြတယ်။ဒါက အင်ပါယာဘုရင်မင်းမြတ်ကို စောင့်ကြိုနေသလို ခမ်းနားကြီးကျယ်လှတယ်။
ဝူချန်ဇီကို ဝူဝေ့ရွယ်က တွဲထားပေးပြီး သူတို့က ရထားလုံးပေါ်က ဆင်းလာပြီး အလယ်ကနေလျှောက်ဝင်လာတယ်။
နေထိုးနေတာကြောင့် သူတို့ရဲ့အရိပ်က ရှည်လျားပြီး ညာဘက်ကိုကျရောက်နေတယ်။
အဲဒီအချိန်မှာဘဲ ဝူချန်ဇီရဲ့အရိပ်ကို ဝူရုန်က ထိမိပြီး သူ့ခန္ဓာကိုယ်က စွမ်းအင်တွေကို စုပ်ယူလိုက်ပြီး သူနှင့်မသက်ဆိုင်တဲ့စွမ်းအင်တွေက ဝင်ရောက်လာပြီးနောက်ဆုံးမှာတော့ သူ့(ဝူရုန်)ရဲ့ကိုယ်ပိုင်စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားတယ်။
ဒါက ဘာကြောင့်လဲဆိုတာ သူနားမလည်ဘူး။ဒါပေမဲ့ သူကကြောက်ရွံ့ထိတ်လန့်သွားပြီး သူ့စိတ်ထဲမှာတော့ ဒါကသူကိုယ်တိုင်ကဘဲ လုပ်ဆောင်လိုက်တာဆိုတာ သိနေတယ်။ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ ဘာမှမှားယွင်းနေတာမျိုး မရှိဘူး။အဲဒီအစား အဲဒီစွမ်းအားတွေက သူ့ကိုအလွန်ကို သက်သောင့်သက်သာဖြစ်စေတယ်လို့ခံစားရတယ်။
တစ်ချိန်ထဲမှာဘဲ ဝူချန်ဇီကဝူရုန်ရဲ့ဘေးနားကဖြတ်သွားတဲ့အချိန်မှာ သူ့ကနာကျင်မှုကို ခံစားရပြီး သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားတယ်။တကယ်လို့ သူ့ရဲ့ဘယ်ဘက်မှာ သူ့လက်ကိုထိန်းကိုင်ထားပေးတဲ့ ဝူဝေ့ရွယ်သာမရှိဘူးဆိုရင် သူကနာကျင်မှုကြောင့် မြေကြီးပေါ်လဲကျသွားနိုင်တယ်။
လူအုပ်ကြီးက ဝူချန်ဇီကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်တယ်။
"အဘိုးအဆင်ပြေရဲ့လား?"ဝူဝေ့ရွယ်က အသံတိုးတိုးနှင့်မေးလိုက်တယ်။
ဝူချန်ဇီကို ကြည့်ရတာအခြေအနေကောင်းပုံမရဘူး။သူက လူအုပ်ကြီးကို စူးစိုက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်တယ်။သူက အိမ်ထဲကိုရောက်သွားတာနှင့် ခန်းမထဲကို မိသားစုခေါင်းဆောင်နှင့် အကြီးအကဲငါးယောက်ကို ဆင့်ခေါ်လိုက်တယ်။
အကြီးအကဲတွေကရောက်လာတဲ့အချိန်မှာ ဝူချန်ဇီရဲ့စိုးရိမ်နေတဲ့ပုံကြောင့် စိတ်ရှုပ်သွားတယ်"ဒီနေ့မင်းရဲ့မွေးနေ့အောင်မြင်မှုအတွက် မင်းပျော်ရွှင်နေသင့်တယ်လေ။ဘာကြောင့် အစည်းအဝေးလုပ်ဖို့ခေါ်ရလဲ?အဲဒါက ပြင်းထန်လို့လား?"
"မင်းတို့ ကျုပ်ရဲ့အခြေအနေကို သတိပြုမိတာလား?"ဝူချန်ဇီကမေးလိုက်တယ်။
အကြီးအကဲတွေကခေါင်းငြိမ့်လိုက်တယ်။
"အခုတစ်စုံတစ်ယောက်က ကျုပ်စိတ်စွမ်းအင်တွေကို ယူသွားတယ်"ဝူချန်ဇီက လေးလံစွာပြောလိုက်တယ်။
သူက ဘာဖြစ်သွားတာလဲဆိုတာ သိသွားတဲ့အချိန်မှာ ခေါင်းဆောင်နှင့်အကြီးအကဲတွေ ထိတ်လန့်သွားတယ်။
"မင်းရဲ့စွမ်းအင်တွေ ဘယ်လောက်ဆုံးရှုံးသွားတာလဲ?"
"ဒါက မင်းကျန်းမာရေးကိုသက်ရောက်စေနိုင်လား?"
"ဒါကမွန်းစတားတွေ လုပ်တာဖြစ်နိုင်လား?"
ဝူချန်ဇီက မျက်မှောင်ကြုတ်လိုက်ပြီး"ကျုပ်သိတာက ကျုပ်စိတ်စွမ်းအင်တွေကိုတစ်စုံတစ်ယောက်က စုပ်ယူသွားတယ်။ဒါက အများကြီးမဟုတ်ဘဲ တစ်ချို့တစ်လေဘဲ။ဒါက မွန်းစတားတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်။ဒီကိစ္စက ကြောက်စရာကောင်းတယ်။ကျုပ် သတိမထားမိအောင် သူက စွမ်းအားတွေစုပ်ယူသွားတာကြောင့် သူက ကျုပ်ထက်စွမ်းအင်အဆင့်ပိုမြင့်တာဖြစ်နိုင်တယ်"
"ဒါပေမဲ့ မင်း အဆင့်ကိုးရောက်နေပြီလေ။မင်းထက် စွမ်းအင်အဆင့်မြင့်တဲ့သူရှိနိုင်မယ်လို့ထင်တာလား?တကယ်လို့ ဒါက အမှန်ဆိုရင် ဒါက ကျုပ်တို့မယှဉ်နိုင်ဘူးလို့ဆိုလိုတာမလား?"မိသားစုခေါင်းဆောင်က စိုးရိမ်စွာပြောလိုက်တယ်။
"ဒါက ကျုပ်ရဲ့ထင်မြင်ချက်ဘဲ။အဲဒီလူက မှော်လက်နက်တွေ ကိရိယာတွေအသုံးပြုလိုက်တာလဲဖြစ်နိုင်တယ်။ဘာဘဲဖြစ်ဖြစ် ကျုပ်တို့လုံခြုံရေးကိုပိုပြီးတင်းကျပ်ရမယ်။ဘယ်လို မတော်တဆမှုမှ မဖြစ်စေရဘူး"
"ဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးက ဒီညဒီကို လာလိမ့်မယ်။ကျုပ်တို့ လုံခြုံရေးတိုးမြင့်ရမှာ အသေအချာဘဲ"အကြီးအကဲတွေက သဘောတူလိုက်တယ်။
ဝူချန်ဇီက သူ့လက်ကို ဝေ့ယမ်းပြီး သူတို့ကို ထွက်သွားဖို့ပြောလိုက်တယ်။သူက တစ်ယောက်ထဲ ကျန်ခဲ့ပြီး ဝမ်းနည်းမှုကို ခံစားရတယ်။သူက ဝူပုဖန်ပြောခဲ့တဲ့ ဂမ္ဘီရပညာ၏နိမိတ်ဆိုးကိုသတိရလာတယ်။
ဂမ္ဘီရပညာ၏ရလဒ်အတိုင်း ဂိုလင်းမြို့မှဝူမိသားစုဝင်အများစုက သေဆုံးသွားပြီ။ဖြစ်နိုင်တာက အခုအင်ပါယာမြို့တော်က ဝူမိသားစုရဲ့အလှည့်လား?
ဒီဖြစ်နိုင်ခြေကို တွေးမိတာနှင့် ဝူချန်ဇီက သူ၏အကွက်ရှစ်ကွက်ပါတဲ့ ဂမ္ဘီရပညာတွက်ချက်တဲ့ကားချပ်ကို ထုတ်ယူလိုက်ပြီး အနာဂတ်ကို တွက်ချက်လိုက်တယ်။သူက တွက်ချက်နေတဲ့တစ်လျှောက်လုံးမှာ ထွက်လာမည့်ရလဒ်အတွက် စိုးရိမ်ပူပန်နေတယ်။
ဝူရုန်ကလည်း စိုးရိမ်ပူပန်နေတယ်။သူရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်အပိုတွေက ကောင်းတာလား? ဆိုးတာလား?ဆိုတာသူလည်းမသေချာဘူး။
သူက လူရှင်းသွားတဲ့အချိန်မှာ ဟေးရွမ်ရီကို ထောင့်တစ်နေရာကိုဆွဲခေါ်သွားပြီး ဒီအကြောင်းကိုပြောပြပြီး သူ့ကိုစစ်ဆေးခိုင်းလိုက်တယ်။
ဟေးရွမ်ရီသည် ဝူရုန်၏ခန္ဓာကိုယ်ကို စစ်ဆေးပေးပြီး သူက ဘာမှထူးဆန်းတာကို မတွေ့တာကြောင့်မေးလိုက်တယ်"မင်းခန္ဓာကိုယ်က အဲဒီစွမ်းအင်တွေကို ငြင်းဆန်လား?"
ဝူရုန်က ခေါင်းခါပြီးပြောလိုက်တယ်"အဲလိုမဟုတ်ဘူး။အဲဒါက ကျွန်တော့်ကိုယ်ပိုင်စွမ်းအင်တွေနဲ့ ပေါင်းစပ်သွားတယ်"
ဟေးရွမ်ရီက မျက်မှောင်ကြုတ်လိုက်တယ်။
အဲဒီအချိန်မှာဘဲ ဝူချွင်ချင်က သူတို့နားကို လျှောက်လာပြီး အသံတိုးတိုးနှင့်မေးလိုက်တယ်"ရုန်အာ ရွမ်ရီ မင်းတို့ ဘုရားကျောင်းက ထွက်လာတဲ့အချိန်ကတည်းက အသံတိုးတိုး တိုးတိုးနဲ့လုပ်နေတယ်။မင်းတို့ ဇူအာအကြောင်းသတင်းရလို့ ငါမသိအောင်လုပ်နေကြတာလား?"
သူက ချောင်းကြည့်နေတာမဟုတ်ပေမဲ့ သူက သူတို့က သူ့နောက်ကွယ်မှာပြောဆိုနေကြတာကိုသိနေခဲ့တယ်။ပြီးတော့ သူက ဝူရုန်သည် ဝူဇူအကြောင်းကို ထိန်ချန်ထားမှာကိုစိုးရိမ်နေတာဖြစ်တယ်။
ဝူရုန်သည် သူ့အဖေက ဒီလိုမျိုးတွေးနေလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့်ပြောလိုက်တယ်"အဖေ အဲဒီလိုမျိုးမဟုတ်ဘူး။တကယ်လို့ ကျွန်တော်တို့ အကိုကြီးအကြောင်းကို ထပ်ပြီးသတင်းရရင် ကျွန်တော်တို့ အဖေ့ကိုပြောပြမှာပါ"
သူကပြောပြီးတာနှင့် ဝူရှိနှင့်ဂေါင်တုန်တို့ ရပ်နေတဲ့နေရာကို လျှောက်သွားလိုက်တယ်။
ပြီးတော့ သူက ဝူရှိကို ဝူချန်ဇီ၏ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းတွေကို မြင်ခဲ့လားဟုမေးလိုက်တယ်။ဝူရှိက ခေါင်းခါပြီးပြောလိုက်တယ်"ဟင့်အင်း"
"တကယ်လား?"
ဒါဆိုထူးဆန်းလိုက်တာ။ဒါဆို ဝူချန်ဇီရဲ့ခန္ဓာကိုယ်ပေါ်ကရွှေရောင်အလင်းတန်းတွေက သာမာန်ရိုးရှင်းတဲ့အလင်းတန်းမဟုတ်ဘူးလား?
ရုတ်တရက် သူ့လက်မောင်းက ဆွဲဆိတ်ခံလိုက်ရတယ်။
ဝူရုန်က နာကျင်မှုကို ခံစားရတာကြောင့် သူ့အမေကိုကြည့်လိုက်တယ်။
ဂေါင်တုန်ကလည်း သူ့ကိုစိုက်ကြည့်နေတယ်။
ဝူရုန်သည် သူ့အမေကဘာကြောင့် သူ့ကိုဆိတ်တာလဲဆိုတာ နားမလည်နိုင်တဲ့အချိန်မှာဘဲ သူက ထပ်ပြီးဆွဲဆိတ်ခံလိုက်ရတယ်။
ဒီအချိန်မှတော့ သူက သူ့အမေက ဘာကိုမှထပ်မမေးဖို့ အချက်ပေးနေတယ်ဆိုတာ နားလည်လိုက်တယ်။
ဒါပေမဲ့ သူက သူ့အမေသည် သူ့ကိုဆွဲဆိတ်တာ ပထမအကြိမ်တုန်းက ဘာကြောင့်ဆွဲဆိတ်တာလဲဆိုတာတော့ နားမလည်သေးဘူး။
*************************************************************