Ch(176+177)
Chapter(176)
ဖိတ်စာတစ်စောင်(1)
နောက်တစ်နေ့နံနက် မနက်စာစားပြီးတဲ့အချိန်မှာတော့ ဝူရုန်က မနေ့က သူဝယ်လာတဲ့ရေပြာရောင်ခါးချိတ်ကျောက်စိမ်းပြားကို ဝူရှိ ကို ပေးလိုက်ပြီး သူမရဲ့ခါးမှာချိတ်ဆွဲစေပြီးနောက် သူက သူမကိုပြောလိုက်တယ်"မင်း အပြင်ကိုမကြာခဏသွားသင့်တယ်။ဒီနေရာက နေရာတိုင်းကို မှတ်မိနေတာက အကောင်းဆုံးဘဲ။ဒီနားပတ်ဝန်းကျင်ကို သွားလည်လိုက်... ဒါပေမဲ့ အစောင့်တွေကို ခေါ်သွားအုန်... သွားတော့..."
ဝူရှိက အင်ပါယာမြို့မှာ အချိန်အကြာကြီးနေဖို့ဖြစ်လာကတည်းက သူမကဒီကနေရာတွေနှင့်ရင်းနှီးကျွမ်းဝင်ဖို့လိုတယ်။ဒါကြောင့်သူမကအစောင့်အနည်းငယ်ကိုခေါ်ပြီးထွက်သွားလိုက်တယ်။
ဒီအချိန်မှာ ဝူချွင်ချင်ရဲ့အမြင်က မတူဘူး။သူက ဝူရုန်ကို မေးလိုက်တယ်"သူမကို ဘာကြောင့် ဒီလိုလုပ်ဖို့ပြောလိုက်တာလဲ"
"ကျွန်တော် ရှိအာအတွက်ကျင့်ကြံခြင်းစွမ်းရည်တွေကို သင်ပေးဖို့ဆရာသခင်တစ်ယောက်ရှာချင်တာပါ"ဝူရုန်ကပြုံးပြီးပြောလိုက်တယ်။
အရင်ဘဝတုန်းက ဝူယုက ငွေပြားငါးထောင်နဲ့ရေပြာရောင်ကျောက်စိမ်းပြားကို ဝယ်ခဲ့တယ်။ဒီကနေ နောက်ပိုင်းမှာ သူက ဝူမိသားစုမှအရေးကြီးတဲ့လူတစ်ယောက်ထံကနေ ပညာသင်ယူဖို့ အခွင့်အရေးရခဲ့တယ်။
အဲဒီလူက ဝူချန်ဇီနှင့် အဆင့်တန်းတူညီတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့အမည်က ဝူချန်လွီဖြစ်တယ်။သူက မိသားစုကစီစဉ်ပေးတဲ့လက်ထပ်ပွဲကို ငြင်းပယ်ခဲ့ပြီး သာမန်မိသားစုက မိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့တာကြောင့် ဝူမိသားစုကနေ ထုတ်ပယ်ခြင်း ခံရသူဖြစ်တယ်။မဟုတ်ရင် သူက အင်ပါယာမြို့တော်က ဝူမိသားစုခေါင်းဆောင်ဖြစ်နေလောက်ပြီ။ဒီကျောက်စိမ်းပြားက ဝူချန်လွီ၏ဇနီးပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုဖြစ်တယ်။သူက ဒီကျောက်စိမ်းပြားကို အလွန်မြတ်နိုးပေမဲ့ မတော်တဆပျောက်ဆုံးသွားခဲ့တာဖြစ်တယ်။သူက ဒါကို နှစ်ပေါင်းများစွာရှာဖွေခဲ့ပြီး နောက်ဆုံးတော့ ဝူယုရဲ့လက်ထဲမှာတွေ့သွားခဲ့ဖြစ်တယ်။
ဒါပေမဲ့ ဒီဘဝမှာ ဝူယုက ဝူချန်လွီထံမှာ သင်ယူဖို့ မဖြစ်နိုင်တော့ဘူး။
"ဘယ်လိုလုပ်ပြီး လမ်းထဲမှာ ဆရာသခင်ကိုသွားရှာဖို့ဖြစ်နိုင်မှာလဲ?"ဂေါင်တုန်ကမေးလိုက်တယ်။
"တကယ်လို့သူတို့ကသာ ဆရာနဲ့တပည့်ဆိုရင် သူတို့ကတွေ့ပါလိမ့်မယ်"ဝူရုန်ကပြောလိုက်တယ်။
"......."ဂေါင်တုန်
"မင်းကျောက်စိမ်းပြားပေါ်မှာ ဂါထာထည့်ထားတာလား?"ဝူချွင်ချင်ကမေးလိုက်တယ်။
မဟုတ်ရင် ဘာကြောင့် ဆရာတစ်ယောက်က အကြောင်းပြချက်မရှိဘဲ ဝူရှိကို တပည့်အဖြစ် လက်ခံမှာလဲ?
"အဖေ အဖေဘာတွေတွေးနေတာလဲ?တကယ်လို့ ဆရာသခင်တစ်ယောက်က ကျွန်တော့်ရဲ့ဂါထာမှာ သက်ရောက်ခံရရင် သူက ကျွန်တော့်လောက်ဟအရည်အချင်းမရှိတဲ့သူဖြစ်နေမှာပေါ့"ဝူရုန်က မျက်လုံးလှန်လိုက်တယ်။
ဝူချွင်ချင်က ဒီအချိန်မှ သတိဝင်သွားတယ်။ဝူရုန်က အရာရာတိုင်းမှာအဆင်ပြေအောင် လုပ်နိုင်တယ်ဆိုရင်တောင် ဘယ်သူ့ကိုမှ နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။
ဝူရုန်က သူ့အဖေက ထပ်ပြီးမေးလာမှာကို မလိုချင်ဘူး။ဒါကြောင့် သူက ထွက်လာလိုက်ပြီး ဥကလေး၏ခြံဝင်းထဲမှာ မွန်းစတားကို တွေ့ဖို့သွားလိုက်တယ်။
သူက ခြံဝင်းထဲကို ဝင်လာတဲ့အချိန်မှာဘဲ ကျင်းရှင်၏အသံကို ကြားလိုက်ရတယ် "ငါ မင်းကိုမွန်းစတားတွေရဲ့နည်းစနစ်ကို သင်ပေးမယ်"
သူက သူတို့ထံကိုလျှောက်သွားလိုက်တယ်။ဥကလေးက ကျင်းရှင်၏စကားတိုင်းကို သေချာနားထောင်နေတာကို တွေ့လိုက်ရတယ်။သူက သူတို့ကိုဖြတ်ပြောလိုက်တယ်"ကျင်းရှင် မင်းသူ့ကိုမွန်းစတားတွေရဲ့ပညာရပ်တွေကို သင်ပေးနေတာလား?မင်း သူ့ကိုမင်းတို့ကလန်ရဲ့ပညာရပ်တွေကို သင်ပေးနေတာလား?"
ကျင်းရှင်က လေထဲမှာပျံသန်းပြီး ဝူရုန်နှင့်အမြင့်အတူတူလောက်မှာ ရပ်ပြီးပြောလိုက်တယ်"ဥကလေးက ငါတို့ရဲ့ပညာရပ်တွေကို သင်ကြားတဲ့နေရာမှာ တကယ်ကိုပါရမီရှိတယ်။သူက နတ်ဆိုးတွေရဲ့ပညာရပ်တွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ပညာရပ်တွေကိုလည်း သင်ယူနိုင်တယ်။သူက အလွန်ကိုဥာဏ်ကောင်းပြီး မြန်မြန်သင်ယူနိုင်တယ်။ဒါကြောင့် သူငါ့စီကနေ သင်ယူနေတာ"
"........"ဝူရုန်က မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်"သူ မင်းသင်ပေးတဲ့ပညာတွေမှာ ကျွမ်းကျင်နေရင်တောင် လူသားကမ္ဘာမှာ သုံးလို့မရဘူးဆိုတာ မင်းသိသင့်တယ်။တကယ်လို့ သူက သုံးလိုက်လို့ရှိရင် လူတွေက သူ့ကိုမွန်းစတားကလန်က အဖွဲ့ဝင်တစ်ယောက် လူထူးဆန်းတစ်ယောက်လို ဆက်ဆံလိမ့်မယ်။အဲဒီထက် ပိုဆိုးလာရင် သူလူသားကမ္ဘာကနေ နှင်ထုတ်ခံရနိုင်တယ်"
"လူသားတွေက အရမ်းရှုပ်တာဘဲ"ကျင်းရှင်က ပြောပြီး သူ့ကိုကျောခိုင်းလိုက်တယ်။
"တကယ်လို့မင်း သူ့ကို လူသားတွေသင်ကြားတဲ့ ပညာရပ်ကိုဘဲ သင်ပေးမယ်ဆိုရင် ငါမင်းကိုထောက်ခံပေးမှာပါ"ဝူရုန်က ကျင်းရှင်ကိုနှစ်သိမ့်ပေးလိုက်တယ်။
"......."ကျင်းရှင်
ဥကလေးက ဝူရုန်ရဲ့ခြေထောက်ကို ဖက်ထားပြီးပြောလိုက်တယ်"ပါးပါး သားသားက မွန်းစတားတွေရဲ့ပညာကို သင်တာက ပါးပါးကို မပျော်ရွှင်စေဘူးဆိုရင် သား မသင်တော့ဘူး"
"ပါးပါး မပျော်ဘူး။တကယ်လို့ သားမွန်းစတားပညာရပ်ကို အခြားသူတွေရှေ့မှာ သုံးမိလို့ သူတို့က သားကို သဘောမကျတော့မှာ ပါးပါးစိုးရိမ်တယ်"ဝူရုန်က ဥကလေးကိုသူ့လက်မောင်းထဲမှာ ပွေ့ချီပြီးပြောလိုက်တယ်။
"ဒါဆို သားသား ဒီပညာရပ်တွေကို သင်ယူနိုင်ပေမဲ့ အခြားသူတွေရှေ့မှာ မပြရဘူးလား?"ဥကလေးကမေးလိုက်တယ်။
"သား သင်ချင်လို့လား?"ဝူရုန်ကမေးလိုက်တယ်။
"သားသားက ဒါကိုသင်ထားရင် သားသားက ဒါကိုမကောင်းတဲ့အရာတွေမှာလုပ်နိုင်တယ်"ဥကလေးက စိတ်လှုပ်ရှားစွာပြောလိုက်တယ်။
"........"ဝူရုန်
"သူက အခြေခံအားဖြင့်ငါတို့နဲ့တူတယ်"ကျင်းရှင်က ရယ်ပြီးပြောလိုက်တယ်။
ဝူရုန်က ဥကလေးကိုအောက်ချပြီး ဘာမှထပ်မပြောတော့ဘူး။သူက ကျင်းရှင်အကြောင်းကို သိနေတာကြောင့် သူက သူတို့ကိုတားခဲ့ရင်တောင် ကျင်းရှင်က လျှို့ဝှက်ပြီး သင်ပေးနေအုန်းမှာဘဲ။
"ငါအခုဟွန်ရီကို သွားရှာလိုက်အုန်းမယ်။မင်းတို့ပျော်ရွှင်စွာဆက်လုပ်တော့"
"ဝူရုန်"ကျင်းရှင်က သူ့ကိုတားလိုက်တယ်။
"အင်း"ဝူရုန်ကပြန်လှည့်ကြည့်လိုက်တယ်။
"ဒီမှာ"ကျင်းရှင်က ဝူရုန်ကိုအဖြူရောင် ဆေးပုလင်းတစ်လုံးကို ပစ်ပေးလိုက်တယ်။
"ဒါ ဘာလဲ"ဝူရုန်ကမေးလိုက်တယ်။
"အကောင်းဆုံး စိတ်စွမ်းအင်ဖြည့်တင်းဆေး။ငါ မင်းရဲ့စိတ်စွမ်းအင်အဆင့်ကို နောက်တစ်ဆင့်မြန်မြန်တိုးတက်လာစေချင်တယ်"ကျင်းရှင်က နှာခေါင်းရှုံ့ပြီး ဆက်ပြောလိုက်တယ်"မင်း ဥကလေးရဲ့အဖေဖြစ်လို့ ငါဒါကိုပေးတာဘဲ။မင်း ဒါကိုဖြစ်နိုင်သမျှ မြန်မြန်အသုံးပြုလိုက်။မဟုတ်ရင် မင်းလိုစွမ်းအားနိမ့်တဲ့ပုံစံနှင့်ဆိုရင် ဘယ်သူမဆိုမင်းကိုလက်ညှိုးတစ်ချောင်းထဲနှင့်တောင် သတ်သွားနိုင်တယ်"
**************************************************************
Chapter(177)
ဖိတ်စာတစ်စောင်(2)
ကျင်းရှင်က ဝူရုန်ကို ဆေးပုလင်းပေတဲ့ တကယ့်ရည်ရွယ်ချက်က သူက ဒီမိသားစုမှာနေထိုင်ခဲ့အတွက် အကြွေးမတင်ချင်တာကြောင့်ပေးခြင်းသာဖြစ်တယ်။ဒါ့အပြင် ဝူရုန်က သူ့အပေါ်ကို အလွန်ကိုကြင်နာစွာဆက်ဆံတယ်။သူ့ကို လက်ဆောင်တောင်မှ ပေးခဲ့သေးတယ်။
ဝူရုန်က ဒီပေးကမ်းမှုအတွက် အံ့အားသင့်သွားပေမဲ့ သူလက်ဆောင်ကို လက်ခံလိုက်ပြီး ပြုံးရွှင်စွာ ကျေးဇူးတင်လိုက်တယ်"ကျေးဇူး"
အရင်ဘဝတုန်းကလည်း ကျင်းရှင်က ဒီလိုမျိုး တူညီတဲ့စိတ်စွမ်းအင်ဖြည့်တင်းဆေးကို ပေးခဲ့တယ်။ဒါက သူ့ရဲ့စိတ်စွမ်းအင်အဆင့်ကို နောက်တစ်ဆင့် အထိရောက်သွားစေတဲ့ အလွန်အကျိုးရှိတဲ့ဆေးဖြစ်တယ်။အရင်ဘဝတုန်းက သူက ဒီဆေးကြောင့် အဆင့်ငါးကနေ ချက်ချင်းအဆင့်ခြောက်ကို ရောက်သွားတာဖြစ်တယ်။စိတ်စွမ်းအင် အဆင့်ကိုးဆင့်အထိရှိပြီး ကျင့်ကြံသူအနည်းငယ်ကသာ အဆင့်ကိုးကို ရောက်ရှိနိုင်တာဖြစ်တယ်။သူက အဆင့်ခြောက်အထိရောက်ခဲ့တာကြောင့် ဒါက အတော်အသ င့်ကောင်းမွန်တဲ့ အဆင့်တစ်ခုတော့ဖြစ်တယ်။ကျင်းရှင်က သူ့ကို ဒီဆေးကိုစောပြီးပေးခဲ့တာကို အံ့အားသင့်စေတာဖြစ်တယ်။ဒီဆေးက အတော်တန်ဖိုးရှိပြီး ရှားပါးတဲ့ပစ္စည်းတစ်ခုသာဖြစ်တယ်။
ဝူရုန်က ကွတ်ခူးထံကို သွားပြီးနောက် သူမွန်းစတား၏အခန်းကို သွားလိုက်တယ်။သူက တံခါးဖွင့်လိုက်တဲ့အချိန်မှာ ကွတ်ခူးက မွန်းစတားကို သူ့တောင်ပံတွေနှင့် သင်ခန်းစာပေးနေသလိုမျိုး ရိုက်နေတာ ကိုမြင်လိုက်ရတယ်။
နှစ်ယောက်လုံးက ဝူရုန်ကိုမြင်တော့ ရပ်သွားတယ်။
"ငါသူနဲ့စကားပြောဖို့လိုတယ်"ဝူရုန်က ဟွန်ရီကို လက်ညှိုးထိုးပြီးပြောလိုက်တယ်။
မီးတောက်တွေ ဖုန်းလွှမ်းနေတဲ့ ဟွန်ရီ၏အမွေးတွေက စတင်ပြီးထောင်လာတယ်။ဝူရုန်က သူနှင့်စကားပြောချင်လို့ကြားတာနှင့် သူ့အမွေးတွက ထောင်လာပြီး ဝူရုန်ကို သတိဖြင့်ကြည့်လိုက်တယ်။
"မစိုးရိမ်ပါနဲ့။ငါ မင်းကိုသတ်မှာမဟုတ်ဘူး"ဝူရုန်က သူနှင့်လုံခြုံတဲ့အကွာအဝေးကို ရွှေ့ပြီးပြောလိုက်တယ်"ငါ မင်းနဲ့ဆွေးနွေးစရာရှိတယ်"
ဟွမ်ရီက သူ့ကိုစိတ်ရှုပ်စွာကြည့်လိုက်တယ်။
"ငါ မင်းနဲ့စာချုပ်ချုပ်ပြီး မင်းကို ငါ့ရဲ့စာချုပ်သားရဲဖြစ်စေချင်တယ်။မင်း ငါ့မိသားစုကို ကောင်းကောင်းကာကွယ်ပေးရင် တစ်ချိန်ကျရင် မင်းကိုလွတ်လပ်ခွင့်ပေးမယ်။အဲဒီအချိန်ကျရင် မင်းအလိုရှိရာသွားနိုင်တယ်။မင်းဘယ်လိုထင်လဲ?"
သူက ဒီဘဝမှာ ဒီမွန်းစတားနှင့် ထပ်ပြီးတွေ့တဲ့အချိန်မှာ ဒီမွန်းစတားနှင့် စာချုပ်ချုပ်ဖို့ရည်ရွယ်ချက်မရှိဘူး။ဒါကလည်း သူက အရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့တာတွေနှင့် ကွဲပြားချင်တာကြောင့်ဖြစ်တယ်။ဒါပေမဲ့ သူက ဝူဝေ့ရွယ်နှင့်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပြီးနောက်မှာ သူ့မိသားစုကိုကာကွယ်ဖို့ ပိုပြီးအကူအညီလိုအပ်တယ်။ဒါကြောင့် သူက ထင်းဘိုင်နှင့် စာချုပ်ချုပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။
ထင်းဘိုင်က ဟွန်ရီ၏အမည်ရင်းဖြစ်တယ်။ဒါပေမဲ့ ဟွန်ရီကလည်း အမည်ကောင်းတစ်ခုသာဖြစ်တယ်။သူ့စိတ်စွမ်းအင်က ကြီးမားတဲ့ မွန်းစတားနဲ့ စာချုပ်ချုပ်ဖို့ လုံလောက်အောင် မသန်မာတာကြောင့် ဟွန်ရီကသာ မဆက်နွယ်ချင်ရင် ဆက်နွယ်ဖို့ခက်ခဲနိုင်တယ်။
ဟွန်ရီက တကယ်ကိုဘဲ လူသားတစ်ယောက်နှင့် ဆက်နွယ်ဖို့ဆန္ဒမရှိဘူး။ဒါကြောင့် သူက ဝူရုန်ကို ကျောပေးလိုက်တယ်။ဒါပေမဲ့ ကွတ်ခူးက သူ့ကိုလွင့်သွားအောင် ရိုက်ထုတ်လိုက်တယ်။
"ကွတ်ခူး ကွတ်ခူး"ဒါက အတိအကျကိုဘဲ ကွတ်ခူးက ဟွမ်ရီကို အော်လိုက်တာဖြစ်တယ်။ဒါပေမဲ့ ဝူရုန်က ဒါက ဘာပြောတာလဲဆိုတာ နားမလည်ပါဘူး။
"........"ဟွမ်ရီ
ဝူရုန်က အကျယ်ကြီးမရယ်မိအောင် ကြိုးစားပြီး ထိန်းလိုက်တယ်။ဘယ်လိုတောင် သနားစရာကောင်းတဲ့မွန်းစတားလဲ?ကွတ်ခူးရဲ့အနိုင်ကျင့်ခံနေရတယ်။
ဘာဘဲဖြစ်ဖြစ် ကွတ်ခူး ပြောပြီးနောက် ဟွမ်ရီက ပြန်လှည့်လာပြီး ဝူရုန်ကို လူကောင်းလေးလို ခေါင်းငြိမ့်ပြလိုက်တယ်။
"ဒါဆို ငါတို့အခုဘဲ စလိုက်ရအောင်"ဝူရုန်က သူ့လက်ကို ကိုက်ပြီးဟွမ်ရီ၏နဖူးပေါ်မှာ ဖိလိုက်တယ်။ရွှေရောင်အလင်းတွေက ဟွမ်ရီ၏ခန္ဓာကိုယ်ကနေ တောက်ပလာပြီး ဝူရုန်၏န္ဓောကိုယ်ကို လှည့်ပတ်ပြီးနောက် ဟွမ်ရီ၏ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားတယ်။
"အခုချိန်ကစပြီး မင်းက ငါ့မိသားစုအပြင်သွားတဲ့အချိန်တိုင်း လိုက်ခဲ့"
ဟော်နီကခေါင်းငြိမ့်လိုက်တယ်။
ရုတ်တရက် ဝူရုန်၏အမြင်က မဲမှောင်လာပြီး သူကကောင်းကောင်းတောင် မရပ်နိုင်တော့ဘူး။အဲဒီအချိန်မှာဘဲ သူ့ကို တစ်စုံတစ်ယောက်က ထိန်းပေးလိုက်တယ်။
သူက ကြည့်လိုက်တော့ ဒါကဟေးရွမ်ရီဖြစ်နေတယ်။အဲဒီအချိန်မှ သူက ဟေးရွမ်ရီရဲ့လက်မောင်းထဲမှာ ငြိမ်းချမ်းစွာနေလိုက်တယ်။
"မင်းရဲ့စွမ်းအားက စီနီယာအဆင့်မွန်းစတားတွေနဲ့ စာချုပ်မချုပ်နိုင်သေးဘူး"ဟေးရွမ်ရီက လေးလံစွာပြောလိုက်တယ်။
ဝူရုန်ကလည်း ဒါကိုသိတယ်။ဒါပေမဲ့ သူက စကားလမ်းကြောင်းလွှဲလိုက်တယ်"ခင်ဗျားက ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ?"
"မင်းကိုလာရှာတာ"ဟေးရွမ်ရီက ဝူရုန်ကိုပွေ့ချီပြီး သူတို့ရဲ့အိပ်ခန်းကို ခေါ်သွားပြီးနောက် သူက ကူညီပြီး ဆေးတိုက်လိုက်တယ်။
ဆေးသောက်ပြီးသည့်နောက်မှာ ဝူရုန်က နေလို့ပိုကောင်းလာပြီး ဟေးရွမ်ရီ ကေိုမေးလိုက်တယ်"ခင်ဗျား ကျွန်တော့်ကိုပြောစရာရှိလို့လား?"
"ဝူမိသားစုက မင်းမိဘတွေ မင်းနဲ့ရှိအာက အသက်ရှင်နေသေးတာကို သိလိုက်ကတည်းက သူတို့က မင်းတို့ကို ဝူချန်ဇီရဲ့မွေးနေ့ဧည့်ခံပွဲမှာ လာရောက်ဖို့ ဖိတ်စာပို့လိုက်တယ်"
ဟေးရွမ်ရီက ဝူရုန်ကို ရွှေရောင်ဖိတ်စာတစ်စောင်ကို ပေးလိုက်တယ်။
ဝူရုန်က ဖိတ်စာကို ဖတ်လိုက်ပြီး နောက်ငါးရက်ကြာပြီးရင် ဧည့်ခံပွဲကျင်းပမှာဖြစ်တာကို သိလိုက်ပြီးပြောလိုက်တယ်"ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က ဒါကိုပို့လိုက်တာက မကောင်းတာတစ်ခုခုလုပ်ဖို့ဘဲဖြစ်ရမယ်"
အကြောင်းအရင်းက သူတို့မိသားစုက ဝူချန်ဇီ၏မွေ့နေ့ဧည့်ခံပွဲကို တက်ရောက်ဖို့ အရည်အချင်းမမှီတာကြောင့်ဖြစ်တယ်။
ဝူရုန်၏စိတ်ထဲမှာ အရင်နေ့တုန်းက ဖြစ်ပျက်ခဲ့တာကို သတိရသွားတယ်။ဒါက ဝူဝေ့ရွယ်နှင့် တစ်ခုခုပတ်သက်နေတာဖြစ်နိုင်တယ်။ဖြစ်နိုင်တာကတော့ သူမ၏လုပ်ကြံမှု ကျရှုံးသွားပြီးနောက် သူမကသူ့မျက်နှာကို ပျက်စီးစေဖို့ ထပ်ပြီးလျှို့ဝှက်ကြံစည်နေတာဖြစ်နိုင်တယ်။
ဟေးရွမ်ရီကလည်း ဝူမိသားစုက ဖိတ်လာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ပြောလိုက်တယ်"ဒါက မင်းရဲ့အကိုကြောင့်လဲဖြစ်နိုင်တယ်...မဟုတ်ရင် မနေ့တုန်းက အဖြစ်ပျက်ကြောင့်လဲဖြစ်နိုင်တယ်"
"တကယ်လို့ ကျွန်တော့်အကိုကြောင့်ဆိုရင် ကျွန်တော်တို့သွားသင့်တယ်"သူဧည့်ခံပွဲမှာလုံခြုံလိမ့်မယ်လို့မပြောနိုင်ဘူး။ဒါကြောင့် သူ ကျင်းရှင် သူ့ကိုပေးထားတဲ့ဆေးပုလင်းကို ဖွင့်လိုက်တယ်။ချက်ချင်းဘဲ စိတ်စွမ်းအင်တွေပြန့်လွင့်လာတာကို ခံစားရပြီးပြောလိုက်တယ်"တကယ်ကိုဘဲ အထူးစိတ်စွမ်းအင်ဖြည့်တင်းဆေးဘဲ"
တကယ်လို့ အရင်တုန်းကလိုဆိုရင်တော့ သူကသူ၏စိတ်စွမ်းအင် အဆင့်ခုနစ် ရှစ်လောက် မရောက်သေးတဲ့အချိန်အထိ သူဒီဆေးရည်ကို သောက်မှာမဟုတ်ဘူး။ဒါပေမဲ့ အခုချိန်မှာ သူ၏စိတ်စွမ်းအင်အဆင့်သည် တစ်မှာသာရှိနေသေးပြီး သူအချိန်မရှိတော့တာကြောင့် ဆေးရည်ကိုသောက်ရမှာဖြစ်တယ်။
"ဒါကို ဘယ်သူပေးတာလဲ?"ဟေးရွမ်ရီက မေးလိုက်တယ်။
"ကျင်းရှင်"ဝူရုန်က ဟေးရွမ်ရီမျက်မှောင်ကြုတ်နေတာကြောင့် ရှင်းပြလိုက်တယ်"ကျွန်တော် ဒီဆေးကိုသိတယ်။ဒါက အထူးစိတ်စွမ်းအင်ဖြည့်တင်းဆေးဘဲ။ဒီထဲမှာ အဆိပ်ဖြစ်စေတာမပါဘူး"
ဒါ့အပြင်အရင်ဘဝတုန်းကလည်း သူဒီဆေးကိုသုံးဖူးတယ်။
ဟေးရွမ်ရီသည် ဝူရုန်ကလုံးဝသေချာတဲ့လေသံနှင့်ပြောနေကတည်းက ဝူရုန်ကိုမတားတော့ဘူး။
ဝူရုန်က ဆေးသောက်ပြီးသည့်နောက်မှာတော့ သူကသန်မာတဲ့စွမ်းအားက သူ့ခန္ဓာကိုယ်ထဲမှာဖြတ်သွားနေတာကို ခံစားလိုက်ရတယ်။သူက သူ့ခြေထောက်တွေကို တရားထိုင်မည့်ပုံပြောင်းထိုင်ပြီးပြောလိုက်တယ်"ကျွန်တော် အဆင့်တက်ဖို့လုပ်လိုက်အုန်းမယ်"
ဟေးရွမ်ရီသည် သူ့ဘေးမှာ တိတ်ဆိတ်စွာ ထိုင်ပြီး သူ့ကိုကာကွယ်ပေးနေလိုက်တယ်။
သူ၏စိတ်စွမ်းအင်နယ်မြေကြားမှာရှိသည့် အဟန့်အတားသည် စိတ်စွမ်းအားတွေကြောင့် နှစ်ပိုင်းကွဲသွားပြီးသည့်နောက် သူက လွယ်ကူစွာနှင့်ဘဲ နောက်တစ်ဆင့်ကို ရောက်သွားလိုက်သည်။ဒီဖြစ်စဉ်ကြောင့် သူ့ရဲ့ခန္ဓာထဲမှာရှိတဲ့ စိတ်စွမ်းအင်နယ်မြေမှာ စိတ်စွမ်းအင်တွေကို ပိုပြီးသိုလှောင်လာနိုင်တယ်။သူက နောက်တစ်ဆင့်ကိုလည်း အနှောင့်အယှက်အတားအဆီးမရှိဘဲ အန္တရာယ်ကင်းကင်းနှင့် ရောက်သွားနိုင်တယ်။
တစ်နာရီကြာပြီးနောက်မှာ ဝူရုန် မျက်လုံးဖွင့်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်တယ်"ကျွန်တော် အခုအဆင့်သုံးကိုရောက်သွားပြီ"
သူက ဆေးရည်တစ်မျိုးထဲနှင့် အဆင့်နှစ်ဆင့်ကို ချိုးဖြတ်နိုင်သွားတာကြောင့် အံ့အားသင့်သွားတယ်။ဖြစ်နိုင်တာက သူ့စိတ်စွမ်းအင်က အရမ်းကိုနိမ့်ကျနေသေးတာကြောင့် ဖြစ်မည်။
"သုံးဘဲလား"ဟေးရွမ်ရီက မျက်မှောင်ကြုတ်လိုက်တယ်။ဒါက ဝူရုန်သည် သူ့ကိုယ်သူ ကာကွယ်ဖို့ မလုံလောက်သေးဘူး။သူပိုပြီးတော့အစွမ်းထက်သည့် စိတ်စွမ်းအင်ဖြည့်တင်းဆေးကို ရရှိဖို့ဆန္ဒရှိတယ်။ဒါပေမဲ့ ဒီဆေးတွေက အရမ်းရှားတယ်။ဒါကြောင့် သူက ဒီဆေးကို ရှာဖွေဖို့ အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်တယ်။
ဝူရုန်၏အပြုံးက ပျောက်ကွယ်သွားပြီး ဟေးရွမ်ရီကိုစိုက်ကြည့်လိုက်ပြီး မေးလိုက်တယ်"ဒါဆို ခင်ဗျား အဆင့်ဘယ်လောက်လဲ?"
"အဆင့်ကိုး"
"......"ဝူရုန်က ထိတ်လန့်သွားတယ်။နောက်တော့စိတ်ပျက်သွားတယ်။သူကဘာကြောင့်သူ့ခင်ပွန်းကဒီလောက်ထိသန်မာကိုမသိရတာလဲ?
***********************************************************************