Chapter(168)
မကောင်းဆိုးဝါးတွေလာနေပြီ(3)
"မကောင်းဆိုးတွေက ကျင့်ကြံသူတွေထက်စွမ်းအားကြီးနေတယ်"အဲဒီလူက သက်ပြင်းချပြီးဆက်ပြောလိုက်တယ်"မြို့ထဲမှာ လူသုံးသိန်းကျော်ရှိခဲ့တယ်။အခုတော့သွားပြီ။ငါမွေးလာကတည်းက နှစ်ပေါင်းများစွာကြာအောင် ထောင်ချီတဲ့မကောင်းဆိုးဝါးတွေက မကောင်းဆိုးဝါးပွဲတော်နေ့ဇူလိုင်လ၁၄ရက်နေ့မှာဘဲထွက်ပေါ်လာတာကိုကြားဖူးတယ်။ဒါပေမဲ့ ငါဘယ်တော့ကမှ သိန်းချီတဲ့မကောင်းဆိုးဝါးတွေက မြို့တစ်မြို့ကိုသွားပြီး သားသတ်ရုံလိုသတ်သွားတာကိုမကြားဖူးဘူး"
ဝူချွင်ချင်က ဝမ်းနည်းစွာနှင့်ဘဲ သက်ပြင်းချလိုက်တယ်။
"ရှင်ပြန်ပြီးတော့ သွားကြည့်ချင်လား?လူတစ်ယောက်က မကောင်းဆိုးဝါးတွေကို ပြန်သွားဖို့ဆင့်ခေါ်ပြီးသွားပြီ။အခုအဲဒီနေရာမှာ လုံခြုံနေလောက်ပြီ"ဂေါင်တုန်က အသံတိုးတိုးနှင့်ပြောလိုက်တယ်။
ဝူချွင်ချင်က တစ်ခဏလောက်တွေးပြီးသည့်နောက်မှာတော့ သူခေါင်းခါလိုက်တယ်။
အခုချိန်မှာ သူပြန်သွားရင်တောင် အလကားဘဲ။သူက ဝူရုန်ရဲ့စကားအတိုင်း သူတို့တစ်မိသားစုလုံးကိုအင်ပါယာမြို့တော်ကို ပြောင်းရွှေ့ဖို့ထွက်လာခဲ့တာက ကံကောင်းတယ်လို့ခံစားရတယ်။မဟုတ်ရင် သူ့ဇနီးနှင့်သူ့သမီးက အခုချိန်လောက်ဆိုရင် သတ်ခံရလောက်ပြီ။
"ဆ သခင်မ မင်းတို့ရဲ့အခန်းက အဆင့်သင့်ဖြစ်ပြီ"ဟေးဂန်းကလာပြီးတော့ပြောလိုက်တယ်။
ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။ပြီးတော့ သူဟေးရွမ်ရီနှင့်ဟေးရွမ်ထန်က ဒီနေရာမှာမရှိတာကိုတွေ့လိုက်ရတာကြောင့် မေးလိုက်တယ်"ရွမ်ရီနဲ့ရွမ်ထန်ကဘယ်နေရာမှာလဲ?"
"သူတို့က မင်းတို့ရောက်တဲ့အချိန်ကျရင် အဆင်သင့်ဖြစ်အောက်လို့ အင်ပါယာမြို့တော်ကိုအရင်သွားနှင့်တယ်"ဟေးဂန်က လိမ်ပြောလိုက်တယ်။
ဝူချွင်ချင်က သံသယဖြစ်သွားပေမဲ့ သူကအများကြီးမတွေးဘဲပြောလိုက်တယ်"မင်းတို့ရဲ့စီစဉ်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်"
ဟေးဂန်းက ပေါ့ပါးစွာပြောလိုက်ပြီးဘာမှပြန်မပြောပါဘူး။
ညမှာတော့ဝူရုန် ကျင်းရှင်နှင့် ဥကျလးက အခန်းတစ်ခန်းထဲမှာအတူနေတယ်။ဝူရုန်က အနားမှာတစ်ယောက်မှမရှိတဲ့အချိန်မှ ကျင်းရှင်ကိုမေးလိုက်တယ်"မကောင်းဆိုးဝါးတွေအားလုံးက ညမှာထွက်ပေါ်တယ်ဆိုတာ ဘာကိုပြောတာလဲ?"
ကျင်းရှင်က ဝူရုန်ကိုစိုက်ကြည့်ပြီးပြောလိုက်တယ်"မင်းနားလည်အောင်ပြောရမယ်ဆိုရင် ဒါကမကောင်းဆိုးဝါးတွေပျော်ပွဲရွှင်ပွဲအတွက် အပြင်ထွက်တာဘဲ။ဒါက လူသားတွေဖန်တီးထားတဲ့လျှို့ဝှက်ပညာရပ်တစ်မျိုးဘဲ။တတ်ကျွမ်းသူက သိန်းချီတဲ့မကောင်းဆိုးဝါးတွေကို သက်ရှိတွေအားလုံးကို သတ်ဖို့အတွက် ဆင့်ခေါ်နိုင်တယ်။ဒါပေမဲ့ဘငါသိသလောက်ဆိုရင် ဒီပညာကလွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်ကတည်းက ပျောက်ကွယ်သွားပြီ။ဘာကြောင့်လဲဆိုတာတော့ ငါလည်းမသိဘူး။ဒါပေမဲ့မင်းမြင်ခဲ့ရတာ ကြီးမားတာတော့မဟုတ်ဘူး။အမှန်စင်စစ် ပျော်ပွဲရွှင်ပွဲဆိုရင် ဒီထက်ပိုပြီးတော့ ကြောက်မက်ဖွယ်ရာကောင်းတယ်။ငါလက်တွေ့အပြင်မှာ ဒါကိုမမြင်ဖူးဘူး။ဒါပေမဲ့လူပေါင်းများစွာက ဒီအကြောင်းကိုငါ့ကိုပြောပြဖူးတယ်။သူတို့ပြောခဲ့တာက တကယ့်ကိုကြောက်စရာကောင်းတယ်ဆိုတာဘဲ"
"ဒီလျှို့ဝှက်ပညာရပ်က ဘယ်ကလန်ကနေလာတာလဲဆိုတာ မင်းသိလား?"ဝူရုန်ကမေးလိုက်တယ်။
"ငါမသိဘူး။ဒါကနှစ်တစ်ထောင်လောက်ကြာနေပြီ။ဒီအကြောင်းရဲ့အမှန်တရားကိုသိဖို့က ဝေးကွာလွန်းတယ်။ငါတို့ အခုဒါကတည်ရှိနေတာကိုဘဲ သိနိုင်တယ်။ငါတို့ရဲ့စီနီယာတွေက ပုံကြီးချဲ့ပြီးပြောခဲ့တာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့ တကယ်လို့ဒီအကြောင်းကို မင်းပိုသိချင်ရင်မင်းအမေကို မေးနိုင်တယ်။သူမကိုကြည့်ရတာ အများကြီးသိထားပုံဘဲ"
"ငါ့အမေ..."ဝူရုန်ကမျက်မှောင်ကြုတ်ပြီးရိုးသားစွာပြောလိုက်တယ်"သူမက သူမကလန်ရဲ့အကြောင်းကို ဘာမှမပြောဘူးလို့ကျမ်းကျိန်ထားတာကြောင့် သူမငါ့ကိုမပြောပြနိုင်ဘူး"
ဝူရှိက ရထားလုံးထဲမှာတုန်းက ဒီအကြောင်းကို သူ့အမေကိုမေးခဲ့တယ်။ဒါပေမဲ့သူမက ဘာမှပြန်မဖြေခဲ့ဘူး။အတိအကျကိုဘဲ သူမက ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူး။
ဖြစ်နိုင်တာက ဒီအကြောင်းက သူမရဲ့ကလန်နှင့်ပတ်သက်နေတာလား?ဒါပေမဲ့ သူမကိုကြည့်ရတာတော့ ဒီလိုမျိုးနှင့်မတူဘူး။ဖြစ်နိုင်တာက ဒီပညာရပ်က တားမြစ်ထားတဲ့ပညာရပ်ဖြစ်နိုင်တယ်။
ကျင်းရှင်က ဝူရုန်၏မိသားစုရဲ့အတွင်းရေးတွေကို စိတ်မဝင်စားပါဘူး။ဒါကြောင့် သူက ဘာမှမမေးပါဘူး။
ဝူရုန်က သူ့ရဲ့စိတ်စွမ်းအားတွေတိုးတက်ဖို့အတွက် တရားထိုင်လိုက်တယ်။အင်ပါယာမြို့ထဲမှာ ဝူပုဖန်လိုစွမ်းအားမြင့်တဲ့ကျင့်ကြံသူတွေက များပြားလှတယ်။အခိုင်အမာပြောနိုင်တာက သူတို့က ဝူပုဖန်ထက်မညံ့ဘူးဆိုရင်တောင် သူ့အောက်တော့မကျနိုင်ဘူး။ဒါကြောင့် သူ့လိုအားနည်းတဲ့သူတစ်ယောက်ကို ကြုံရာလူတစ်ယောက်က လက်တစ်ချောင်းထဲနှင့်တောင် သတ်သွားနိုင်တယ်။
ဒါ့အပြင် အင်ပါယာမြို့တော်မှာ ဝူမိသားစုထက် ကျွမ်းကျင်သူတွေအများအပြားရှိတာကြောင့် သူ့လိုအင်ပါယာမြို့တော်ကို ပြောင်းရွှေ့လာတဲ့သူက အရာရာတိုင်းမှာပိုပြီးဂရုစိုက်ရမယ်။
ဒီညမှာတော့ ဥကလေးတစ်ယောက်ထဲကသာ ကောင်းမွန်စွာအိပ်ပျော်နိုင်သူဖြစ်တယ်။အကြောင်းရင်းကတော့ အခြားလူတွေက ဂိုလင်းမြို့ရဲ့အဖြစ်ပျက်ဆိုးတွေကြောင့် အိမ်မက်ဆိုးမက်နေသည့်အတွက် ကောင်းကောင်းအိပ်မပျော်နိုင်လို့ဖြစ်တယ်။သူတို့က တစ်ညလုံးအိပ်ရာထဲမှာ လူးလိမ့်ရင်းနှင့်သာ ကုန်ဆုံးတယ်။ဒါပေမဲ့လည်း သူတို့ထလာတဲ့အချိန်မှာတော့ သူတို့ကအင်ပါယာမြို့တော်ကို ခရီးဆက်ထွက်ကြတယ်။
အခုချိန်က မိုးရာသီဖြစ်တယ်။လဝက်လောက်ကြာအောင် သူတို့ကဘမိုးသည်းသည့်ကြားထဲက ခရီးထွက်လာပြီးသည့်အချိန် နောက်ဆုံးမှာတော့ သူတို့အင်ပါယာမြို့တော်ကိုရောက်ရှိလာခဲ့တယ်။
*******************************************************************************************
Chapter(169)
ကိုယ်သူတို့ကိုကယ်ထားတယ်
ဝူရုန်တို့အင်ပါယာမြို့တော်ကိုရောက်တဲ့အချိန်မှာတော့ လူအရှုပ်ဆုံးနေ့လည်ခင်းအချိန်ဖြစ်တယ်။လမ်းတွေမှာ ပျားပမ်းခတ်လှုပ်ရှားသူတွေက ယောက်ယပ်ခပ်သွားလာနေသူတွေနှင့်ပြည့်နေပြီး ချမ်းသာသူတဲ့သူတွေ စွမ်းအားရှိတဲ့သူတွေက ရထားလုံးစီးပြီး ဖြတ်သန်းသွားလာနေသူတွေရှိသလို လမ်းလျှောက်ထွက်ကြတဲ့သူတွေလည်းရှိတယ်။
ဝူရှိနှင့်ဥကလေးက ဘယ်တော့ကမှ အင်ပါယာမြိုတော်ကို မရောက်ဖူးဘူး။သူတို့က မြို့ထဲကိုဝင်လာကတည်းက ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကို စိတ်ဝင်တစားကြည့်နေကြတာဖြစ်တယ်။လမ်းရဲ့နှစ်ဖက်စလုံးမှာ မြင့်မားတဲ့အဆောက်အအုံတွေရှိပြီး ကောင်းမွန်တဲ့အဆင်တန်ဆာတွေ တပ်ဆင်ထားပြီးတည်ဆောက်ထားတာဖြစ်တယ်။ဒီမှာရှိနေတဲ့လူတွေကလည်း ဂိုလင်းမြို့ကလူတွေထက် ဝတ်စားဆင်ယင်မှုကသာလွန်တယ်။
"ဝိုး"ဝူရှိက စတင်ပြီး ဂေါင်တုန်နှင့်အတူ အဝတ်အစားဒီဇိုင်းတွေ မိတ်ကပ်တွေအကြောင်းကို ဆွေးနွေးတော့တယ်။အခြားတစ်ဖက်မှာတော့ ဥကလေးက စိတ်လှုပ်ရှားစွာပြောတော့တယ်"ပါးပါး သားသားအဲဒါစားချင်တယ်။ အဲဒါ ပြီးတော့ အဲဒါ..."
သူက အခြေခံအားဖြင့် သူမြင်သမျှကို လိုချင်နေတာဖြစ်တယ်။
"ပါးပါးတို့ နောက်တစ်ခါဈေးဝယ်ထွက်တဲ့အချိန်ကျရင် ဝယ်ကြမယ်"ဝူရုန်က လက်ကိုင်ပဝါကို ထုတ်ယူလိုက်ပြီး သူ့ရဲ့သွားရည်တွေကိုသုတ်ပေးပြီးပြောလိုက်တယ်။
"သားသား အားလုံးလိုချင်တယ်"ဥကလေးက သူ့အဖေကဘဇန်နဝါရီလလယ်ပွဲတော်တုန်းက သူ့ကိုဘယ်လိုဝယ်ပေးခဲ့တယ်ဆိုတာ မှတ်မိနေပါတယ်။
"ငါတော့ အခုချက်ချင်းပြန်သွားချင်ပြီ"ကျင်းရှင်က လှောင်လိုက်တယ်။
ဝူရုန်က သူ့ကိုတစ်ချက်ကြည့်လိုက်တယ်။
ဝူချွင်ချင်က သူ့စိတ်ထဲမှာအကြောင်းအရာအများကြီးကို တွေးနေမိတယ်။အခု သူတို့အင်ပါယာမြို့တော်ကို ရောက်ပြီဆိုပေမဲ့ သူက ဝူဇူက ဘယ်နေရာမှာရှိနေလဲဆိုတာ မသိနိုင်သေးဘူး။ဒါ့အပြင် ဝူဇူက အင်ပါယာမြို့မှာ ရှိပါ့မလားဆိုတာလဲ မပြောနိုင်ဘူး။
တစ်နာရီလောက်ကြာပြီး နောက်ဆုံးမှာတော့ ရထားလုံးက ရပ်တန့်သွားတယ်။
"ကြင်ယာတော် ဆရာ ကျွန်တော်တို့ဒီကိုရောက်ပြီ"အစောင့်ကပြောလိုက်တယ်။
ဝူရုန်က ဥကလေးကို ပွေ့ချီပြီး ရထားလုံးပေါ်က ဆင်းလိုက်တယ်။သူတို့က ခမ်းနားကြီးကျယ်တဲ့ အနီရောင်ဂိတ်တံခါးကြီးကို တွေ့တဲ့အချိန်မှာတော့ အံ့အားသင့်သွားတယ်။ဟေးရွမ်ရီက သူ့ကို အင်ပါယာမြို့တော်မှာ အိမ်အကြီးကြီးတစ်လုံးဝယ်ထားတယ်လို့ တစ်ခါပြောဖူးပေမဲ့ ဒီလောက်ထိကြီးမယ်လို့ မမျှော်လင့်ထားဘူး။အခုက မင်းသားတစ်ပါးရဲ့အိမ်တော်လောက် ကြီးမားတယ်။
"ဘယ်လိုတောင်ကြီးမားတဲ့ဂိတ်တံခါးလဲ?"ဝူရှိက အိမ်တော်ရဲ့ဝင်ပေါက်ကို သဘောကျစွာပြောလိုက်တယ်။ဒီဝင်ပေါက်က တောင်ဘက်ခြံဝင်းရဲ့ဝင်ပေါက်လောက်ကြီးတယ်။ဖြစ်နိုင်တာက တောင်ဘက်ခြံဝင်းထက်တောင် ကြီးမားတာဖြစ်နိုင်တယ်။
ဝူချွင်ချင်နှင့်ဂေါင်တုန်သည်လည်း ရထားလုံးပေါ်က ဆင်းလာပြီးကြီးမားတဲ့ဝင်ပေါက်ကိုတွေ့တော့ အံ့အားသင့်သွားကြတယ်။
ဥကလေးက ဝူရုန်ကိုယ်ပေါ်က ဆင်းလိုက်ပြီး အိမ်တော်ထဲကိုဘကွတ်ခူး ဟွမ်ရီတို့နှင့် အတူပြေးဝင်သွားတယ်။ဟွမ်ရီဆိုတာက မွန်စတားကို ဥကလေးက အမည်ပေးထားတာဖြစ်တယ်။များပြားတဲ့လူတစ်စုက ဝင်ပေါက်ရဲ့အပြင်ဘက်ကို ထွက်လာပြီး နှစ်တန်းစီလိုက်ပြီး သူတို့ကိုကြိုဆိုလိုက်တယ်။အဲဒီနောက်မှာတော့ ဟေးရွမ်ရီနှင့်ဟေးရွမ်ထန်က ခန်းမအပြင်ဘက်ကို ထွက်လာပြီး သူတို့ကိုကြိုလိုက်တယ်။
"နောက်ဆုံးတော့မင်းတို့ရောက်ပြီ။ငါ့အကို မင်းကိုစိုးရိမ်လို့ဖျားတော့မယ်လို့တောင် ထင်နေတာ"ဟေးရွမ်ထန်က စနောက်လိုက်တယ်။
ဝူရုန်က သူပြောတာကိုမကြားသလိုမျိုး ပတ်ဝန်းကျင်ကိုလျှောက်ကြည့်နေလိုက်တယ်။သူက အရင်တုန်းက ဒီနေရာကို ရောက်ဖူးသလိုမျိုး နေရာတိုင်းက ရင်းနှီးနေတယ်လို့ခံစားရတယ်။
"မင်းဒီနေရာကိုကြိုက်လား?"ဟေးရွမ်ရီကမေးလိုက်တယ်။
ဝူရုန်က ခေါင်းငြိမ့်ပြီးဟေးရွမ်ရီကိုမေးလိုက်တယ်"ကျွန်တော်တို့ရဲ့ခြံဝင်းရှေ့မှာရေကန်လေးလုပ်ထားလား?"
ဟေးရွမ်ရီက အရင်တုန်းက ဟေးရှင်းက သူ့ကိုဒီအိမ်တော်ကို မိတ်ဆင်ပေးခဲ့တာကို သဘောကျသွားတယ်။သူကခေါင်းငြိမ့်ပြီးပြောလိုက်တယ်"အင်း မင်းအဲဒါကိုသွားကြည့်ချင်လား?"
"......"ဝူရုန်က သူက ဘယ်လိုလုပ်ပြီး ဒီအိမ်တော်ထဲမှာ ရေကန်ရှိနေတာကိုဟသိနေတာလဲဆိုတာ အံ့အားသင့်သွားတယ်။
"အရင်ဆုံး ကျွန်တော့်မိဘတွေကို နေရာချပေးဖို့ ကူညီပေးအုန်း။ခင်ဗျားကရော ဘယ်လိုနေလဲ?ဒဏ်ရာရသွားသေးလား?"
ဟေးရွမ်ထန်က ညည်းညူလိုက်တယ်"မင်းတို့က တကိုယ်ကောင်းဆန်တယ်။မင်းတို့အားလုံးက ငါ့အကိုကိုဘဲ စိုးရိမ်နေတယ်။မင်းတို့က ငါ့ကိုတော့ လုံးဝဂရုမစိုက်ကြဘူး"
ဝူရုန်က သူ့ကိုမျက်လုံးလှန်ကြည့်ပြီးပြောလိုက်တယ်"တကယ်လို့မင်းသာ ဒဏ်ရာရရင် မင်းက ငိုပြီးတော့လူတိုင်းရဲ့ကရုဏာကိုရအောင် တောင်းဆိုလိမ့်မယ်။ဒါကြောင့်ငါက ဘာဖြစ်လဲဆိုတာ မေးဖို့မလိုအပ်ဘူး။တကယ်လို့မင်းအကိုကသာ ဒဏ်ရာရင်သူက အသံတစ်သံတောင်မှထွက်မှာမဟုတ်ဘဲ သူကဒီဒဏ်ရာကအရေးမကြီးဘူးလို့တောင်ထင်နေလောက်တယ်"
"......"ဟေးရွမ်ထန်ကပြောလိုက်တယ်"မင်းက သူ့အကြောင်းအများကြီးသိတာဘဲ"
ဝူရုန်ကအေးခဲသွားတယ်။သူကဟေးရွမ်ရီရဲ့အရာအားလုံးကိုတကယ်ဘဲ သိနေတာလား?
ဝူရုန်က အဝေးကိုကြည့်လိုက်ပြီးပြောလိုက်တယ်"သူက ငါ့ခင်ပွန်းလေ။သူ့အကြောင်းကို ငါသိတာကပုံမှန်ဘဲ။တကယ်ကိုဘဲ ငါက မင်းထက်သူ့ကိုပိုပြီးဂရုစိုက်တာပေါ့"
ဒါကိုကြားတော့ဟေးရွမ်ရီရဲ့မျက်လုံးထဲတွင်ပြုံးရိပ်ထင်လာတယ်။
"အိုး မဟုတ်ဘူး။ငါ့နှလုံးသားတွေကနာကျင်နေပြီ။တစ်ယောက်ကမှ ငါ့ကိုဂရုမစိုက်ဘူး။တစ်ယောက်ကမှ ငါ့ကိုမချစ်ဘူး"ဟေးရွမ်ထန်က ဟေးဂန်းရဲ့ပခုံးပေါ်မှာ မှီပြီးပြောလိုက်တယ်"ဟေးဂန်း ငါ့ကိုသနားပါ"
ဟေးဂန်းက သူ့ရဲ့ခေါင်းကိုသနားညှာမှုကင်းမဲ့စွာ အဝေးကိုတွန်းထုတ်ပြီးပြောလိုက်တယ်"ဆရာ ကျွန်တော်က သခင်ဝူနဲ့သခင်မဝူအတွက် နေရာထိုင်ခင်းစီစဉ်ပေးရမယ်။ကျွန်တော့်မှာ မင်းကိုသနားဖို့အချိန်မရှိဘူး"
"......."ဟေးရွမ်ထန်
ဟေးရှင်းနှင့်ဟေးဂန်းက ဝူချွင်ချင်တို့ကိုအနောက်ဘက်ခြံဝင်းမှာ နေရာထိုင်ခင်းစီစဉ်ဖို့အတွက် သွားလိုက်ကြတယ်။
သူတို့ထွက်သွားတဲ့အချိန်မှ ဝူရုန်ကမေးလိုက်တယ်"ဘယ်သူက မကောင်းဆိုးဝါးတွေညမှာထွက်ခြင်းကိုသုံးတာလဲ?"
"ဒီအမည်ကို မင်းကဘယ်လိုသိတာလဲ?"ဟေးရွမ်ရီကမျက်မှောင်ကြုတ်လိုက်တယ်။
"ကျင်းရှင်က ကျွန်တော်ကိုပြောပြတာ"သူက ကျင်းရှင်ပြောသာလို့သာပြောလိုက်တယ်"ဒါရဲ့တကယ့်အမည်အစစ်က မကောင်းဆိုးဝါးတွေပျော်ပွဲရွှင်ပွဲအတွက် အပြင်ထွက်တယ်လို့ခေါ်တယ်လို့လဲ သူကပြောသေးတယ်"
"ကိုယ်တို့ရန်သူက ဒါကိုသုံးလိုက်တာဘဲ။ဒါပေမဲ့ သူရဲ့စွမ်းအားက ဒါကိုအပြည့်အဝလုပ်ဆောင်ဖို့ မလုံလောက်ဘူး။မကောင်းဆိုးဝါးတွေက သူတို့ရဲ့ထိပ်မှာရှိနေတယ်"ဟေးရွမ်ရီကလှောင်လိုက်တယ်"နောက်ဆုံးမှာ တစ်မြို့လုံးကမကောင်းဆိုးဝါးတွေရဲ့သားသတ်ရုံဖြစ်သွားပြီး ဖော်ဆောင်သူရဲ့နှလုံးသားက အေးစက်သွားတယ်။ကိုယ်ခန့်မှန်းတာတော့ သူက ကိုယ်ဖော်တဲ့ဆေးကိုကိုယ်စားရလောက်တယ်"
လူသုံးသိန်းက သေဆုံးသွားကတည်းက အဲဒီလူရဲ့နှလုံးသားက တကယ့်ကိုအေးစက်သွားလောက်တယ်။
"ဝူမိသားစုတစ်ခုလုံးကလည်း သေသွားတာလား?"ဝူရုန်ကမေးလိုက်တယ်။
"ကိုယ်သူတို့ကိုကယ်ထားတယ်"ဟေးရွမ်ရီက တည်ငြိမ်စွာပြောလိုက်တယ်။
သူက ဝူရုန်ကဒီလူတွေကို အလွယ်တကူမသေစေချင်ဘူးဆိုတာ သူသိတယ်။မဟုတ်လို့ရှိရင် အရင်ကတည်းက သူကသူတို့အားလုံးကို သတ်ပစ်လိုက်ပြီးပြီ။
"......."ဝူရုန်
*****************************************************************************
Chapter(170)
ဒီနေရာဘဲ
ဟေးရွမ်ထန်က ဆက်ပြောလိုက်တယ်"ဒါပေမဲ့ သူတို့ကပြင်းထန်တဲ့ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်သွားကြတယ်။သူတို့က ဘယ်နည်းနဲ့မှပျော်ရွှင်စွာနေဖို့မဖြစ်နိုင်ဘူး။ဒါပေမဲ့ ဆိုးလွန်းတာက ငါတို့က အဲဒီလူကိုမဖမ်းမိခဲ့ဘူး။ဒါပေမဲ့မစိုးရိမ်ပါနဲ့။ပြီးတော့ မင်းရဲ့အကိုကို ကာကွယ်ဖို့လွတ်ထားတဲ့မကောင်းဆိုးဝါးဝိညာဉ်က မင်းအကိုမပျောက်သွားခင်မှာ သူကအင်ပါယာမြို့တော်က ဝူမိသားစုနှင့်ဆက်သွယ်ခဲ့တယ်လို့သတင်းပို့ခဲ့တယ်။ဒါကြောင့် ငါတို့က ဝူမိသားစုကနေစပြီး လိုက်ရင် မင်းအကိုရဲ့သဲလွန်စကို ရနိုင်တယ်"
"အင်ပါယာမြို့တော်က ဝူမိသားစု?"သူက သူ့အကိုအကြောင်းကို ကောင်းကောင်းသိတယ်။သူ့အကိုက အင်ပါယာမြို့တော်က ဝူမိသားစုကလူတွေကို တွေ့ဆုံဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ဒါပေမဲ့ အခုဘယ်လိုဖြစ်တာလဲ?
"သူတို့တွေ့ဆုံတဲ့အချိန်မှာ သူတို့ ဘာအကြောင်းပြောကြတာလဲ?"ဝူရုန်က စိုးရိမ်စွာမေးလိုက်တယ်။
အင်ပါယာမြို့တော်က ဝူမိသားစုက ဂိုလင်းမြို့က ဝူမိသားစုထက်ကို ရင်ဆိုင်ဖို့ခက်ခဲတယ်။သူက သူတို့ကို ရင်ဆိုင်ဖို့ကောင်း ကောင်းစီစဉ်ထားဖို့လိုအပ်တယ်။
"မင်းရဲ့အကိုနဲ့ သူတွေ့ဆုံခဲ့တဲ့လူက ကျင့်ကြံသူတွေဖြစ်ကတည်းက မကောင်းဆိုးဝါးဝိညာဉ်က သူတို့နားကို ကပ်သွားလို့မရဘူး။ဒါကြောင့် သူက သူတို့ကို အကွာအဝေးတစ်ခုခြားပြီးမှဘဲ စောင့်ကြည့်နိုင်တယ်။ဒါကြောင့် သူက သူတို့ပြောတာတွေကိုကြားဖို့မဖြစ်နိုင်ဘူး"
ဟေးရွမ်ရီက ဝူရုန်က ပင်ပန်းနေပုံပေါက်တာကြောင့် သူက စကားစမြည်ပြောတာကို ရပ်တန့်စေဖို့ပြောလိုက်တယ်"မင်းက ဒီနေရာကိုလာဖို့အချိန်အတော်ကြာခရီးသွားခဲ့ရတယ်။ဒါကြောင့် မင်းအရင်ဆုံးကောင်းကောင်းအနားယူသင့်ပြီ"
ဝူရုန်က တကယ်ကိုပင်ပန်းနေပြီ။သူတို့က အလယ်ခြံဝင်းကိုအတူတကွ လျှောက်လာကြတယ်။
အလယ်ခြံဝင်းရဲ့ဝင်ပေါက်နားကို မရောက်ခင်မှာဘဲ ဝူရုန်က အဲဒီနေရာမှာကြီးမားတဲ့ဥယျာဉ်ကြီးနှင့် သေးငယ်တဲ့တံတားလေးရှိနေပြီး တံတားရဲ့အောက်မှာရှိတဲ့ ရေထဲမှာတော့ ကျောက်တုံးကျောက်ဆောင်အတုတွေနှင့်ငါးတွေရှိနေတယ်လို့ထင်နေတယ်။သူအဲဒီနေရာကိုရောက်တဲ့အချိန်မှာတော့ တကယ်ကိုဘဲ သူထင်တဲ့အတိုင်းဖြစ်နေတယ်။
ဝူရုန်က ထိတ်လန့်သွားတယ်။သူက အရင်တုန်းက ဒီနေရာကို ရောက်ဖူးသလားဆိုတာ အရင်ဘဝတုန်းက မှတ်ဥာဏ်ထဲမှာရှာဖွေလိုက်တယ်။ဒါပေမဲ့ သူကမရောက်ဖူးပါဘူး။
သူတို့က အနောက်ဘက်ခြံဝင်းကို ရောက်လာတဲ့အချိန်မှာတော့ ဟေးရွမ်ထန်က တစ်ယောက်တည်းထွက်သွားလိုက်တယ်။
ဝူရုန်က သူအနာဂတ်မှာ နေထိုင်တဲ့ခြံဝင်းကို လေ့လာလိုက်တယ်။သူက လမ်းတစ်လျှောက်မှာရှိတဲ့အပင်ပုတွေ ပန်းပင်တွေကို ထိကြည့်နေမိတယ်။
ဟေးရွမ်ရီသည် ဝူရုန်က အပင်တွေကို ဂရုတစိုက်နှင့်ထိတွေ့ပြီးသွားနေတာကြောင့် သူကတိတ်ဆိတ်စွာဘဲ ဖြေးညင်းစွာလျှောက်သွားလိုက်တယ်။
မကြာခင်မှာတော့ ဝူရုန်က ရေကန်တစ်ကန်ကို တွေ့လိုက်ရပြီး နောက်တော့ သူကကောင်းမွန်စွာပြင်ဆင်ထားတဲ့ခန်းမထဲကို စိတ်လှုပ်ရှားစွာပြေးသွားလိုက်တယ်။အဲဒီနောက်တော့ သူကအိပ်ခန်းထဲကို သွားလိုက်ပြီး အိပ်ရာပေါ်မှာလဲလျောင်းလိုက်ပြီးသူ့ဘေးကနေရာကိုပုတ်ပြီးပြောလိုက်တယ်"ခင်ဗျားဒီကိုလာပြီး ကျွန်တော်နဲ့အတူတစ်ရေးအိပ်ရအောင်"
ဟေးရွမ်ရီသည် ဝူရုန်က သူ့ကိုဖိတ်ခေါ်တာကြောင့် အံ့အားသင့်သွားပေမဲ့ သူက အိပ်ရာနားကိုချဉ်းကပ်သွားလိုက်တယ်။သူလဲလျောင်းလိုက်ပြီး မကြာခင်မှာတော့ ဝူရုန်က သူ့လက်မောင်းထဲကိုတိုးဝင်လာပြီး သူ့ခါးကိုဖက်ထားလိုက်တယ်။
ဝူရုန်က သူ့ရဲ့ခေါင်းကို ဟေးရွမ်ရီ၏ပခုံးပေါ်မှာမှီလိုက်ပြီး သူ့ရှေ့ကမြင်ကွင်းကိုကြည့်လိုက်ပြီးညည်းတွားပြောဆိုလိုက်တယ်"ဒီနေရာဘဲ"
ဒါနေရာက သူရှာဖွေတဲ့နေရာသာဖြစ်တယ်။ဒီနေရာက သူကိုလုံခြုံစေပြီး ခက်ခဲမှုတွေကို ဝေးကွာစေတယ်။
"ဟန်!"ဟေးရွမ်ရီက စိတ်ရှုပ်သွားတယ်။ဒါပေမဲ့ သူ့လက်မောင်းထဲကလူကတော့ အိပ်ပျော်သွားပြီ။နောက်တစ်နေ့မနက်မတိုင်ခင်အထိ ဝူရုန်ကနိုးမလာခဲ့ဘူး။ဒါက ဝူရုန်ပြန်လည်မွေးဖွားလာကတည်းက ကောင်းကောင်းအိပ်ပျော်တဲ့အချိန်သာဖြစ်တယ်။သူက အိမ်မက်လည်းမမက်သလို တစ်ရေးမှလည်းမနိုးခဲ့ဘူး။သူက ဟေးရွမ်ရီထွက်သွားမှာကို ကြောက်ရွံ့သလိုမျိုးသူ့ရဲ့လက်မောင်းတွေက ဟေးရွမ်ရီရဲ့ခါးမှာ တစ်ညလုံးဖက်ထားပြီး အိပ်ပျော်နေတာဖြစ်တယ်။
သူနိုးလာတဲ့အချိန်မှာတော့ သူက ဟေးရွမ်ရီရဲ့နှုတ်ခမ်းကိုနမ်းပြီးချွဲနွဲ့စွာပြောလိုက်တယ်"ဒီနေ့ခင်ဗျားက ကျွန်တော့်ကိုအဝတ်စားဝတ်ပေးပြီး ခေါင်းဖီးပေး"
ဝူရုန်က ဒီလိုချွဲနေတာမျိုးကို အရင်က အကြိမ်ထောင်ပေါင်းများစွာလုပ်ဖူးသလိုမျိုး ရင်းနှီးစွာပြောလိုက်တယ်။
ဒါက ဟေးရွမ်ရီကို အံ့အားသင့်သွားစေတယ်။ဒါပေမဲ့ သူက ဘာမှတော့ပြန်မပြောဘူး။အရေးကြီးဆုံးကတော့ ဝူရုန်က သူ့အပေါ်ပိုမှီခိုလာပြီး သူကဒီခံစားချက်ကိုနှစ်သက်တယ်။
ဟေးရွမ်ရီက ဝူရုန်ရဲ့ဆံပင်တွေကိုဖီးပေးနေတဲ့အချိန်မှ ဝူရုန်က လုံးဝနိုးသွားတာဖြစ်တယ်။သူက မှန်ထဲကနေ ဟေးရွမ်ရီရဲ့ပုံရိပ်ကိုမြင်တဲ့အချိန်မှာ သူအစောတုန်းက ဟေးရွမ်ရီကို ဘယ်လိုမျိုးချွဲနွဲ့ခဲ့တယ်ဆိုတာ သတိရသွားပြီး သူကြက်သီးထလာတယ်။
ဘယ်လိုတောင်လဲ!
သူရူးနေတာလား?ဘာလား?ဘယ်လိုလုပ်ပြီး သူဟေးရွမ်ရီကို ဒီလိုမျိုးချွဲတဲ့အသံနှင့် သွားပြောရတာလဲ?
ဝူရုန်က သူ့ရဲ့ဆံပင်တွေကို ဖီးပေးနေတဲ့ ဟေးရွမ်ရီကို ရှက်ရွံ့စွာကိုးယို့ကားယားနဲ့ရယ်ပြလိုက်တယ်။သူက ဟေးရွမ်ရီလက်ထဲက ဘီးကိုလုယူလိုက်ပြီး သူဘာသာဖီးလိုက်တယ်။အဲဒီနောက်မှာတော့ သူက ဟေးရွမ်ရီကို ထိုင်ခုံမှာဖိချထိုင်စေပြီးမေးလိုက်တယ်"ဆရာ ဒီနေ့ဘယ်လိုဆံပင်စတိုင်မျိုးကိုလုပ်ချင်ပါသလဲ?"
"ဘာဘဲဖြစ်ဖြစ်"ဟေးရွမ်ရီကပြောလိုက်တယ်။
"လူကြီးမင်း စိတ်ကြိုက်ဖြစ်စေရမယ်။တကယ်လို့ကျွန်တော့်ရဲ့ဝန်ဆောင်မှုကို လူကြီးမင်းနှစ်သက်ရင် ကျွန်တော့်ကိုအပိုဆုပေးဖို့သာမမေ့နဲ့"
ဝူရုန်က ဟေးရွမ်ရီရဲ့ဆံပင်တွေကို ဖီးပေးလိုက်ပြီးမြင့်မြင့်ချည်ပေးလိုက်တယ်။
ဟေးရွမ်ရီက သူ့ရဲ့ဆံပင်ကိုဖီးပေးနေတဲ့ မှန်ထဲမှာ ပုံရိပ်ပေါ်နေတဲ့ အမျိုးသားလေးကို ချစ်မြတ်နိုးမှုတွေပြည့်နေတဲ့ မျက်ဝန်းတွေနှင့်စိုက်ကြည့်နေတယ်။သူက မှန်ထဲက လှပလွန်းတဲ့အမျိုးသားလေးရဲ့မျက်နှာကို မထိတွေ့ဘဲမနေနိုင်ဘူး။
ဝူရုန်က အလှုပ်ရှုပ်နေရင်းနှင့်သူ့ကိုစိုက်ကြည့်နေတဲ့ အမျိုးသားကိုမြင်လိုက်တယ်။သူကအစကတော့ ဟေးရွမ်ရီက ဘာလုပ်နေတာလဲဆိုတာနားမလည်ဘူး။နောက်တော့မှ ဟေးရွမ်ရီက ဘာလုပ်မှန်းနားလည်သွားပြီးရှက်ရွံ့စွာ မှန်ထဲမှသူ့မျက်နှာကိုမမြင်ရအောင် ခေါင်းငုံ့ထားလိုက်တယ်။
ဟေးရွမ်ရီက မှန်ထဲမှာ လှပတဲ့မျက်နှာက ပျောက်ကွယ်သွားတာကြောင့် မပျော်မရွှင်ဖြစ်သွားပြီးမျက်မှောင်ကြုတ်လိုက်တယ်။မကြာခင်မှာတော့ ဝူရုန်က ဆံပင်တွေဖီးတာကိုပြီးသွားသည့်အချိန်မှာ သူက ဝူရုန်ကို သူ့ပေါင်ပေါ်ကိုဆွဲပွေ့လိုက်ပြီး ဝူရုန်နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီရဲ့အရာကထောင်မတ်လာတာကိုခံစားရတာကြောင့် သူ့ရဲ့ပါးတွေက ပန်းရောင်သန်းလာတယ်။သူကဟေးရွမ်ရီရဲ့ရင်ဘတ်ကို လက်နှင့်တွန်းထုတ်လိုက်ပြီး "ဟေးရွမ်ရီ..."
ဟေးရွမ်ရီက ပြုံးပြီးအက်ရှနေတဲ့အသံနှင့်ပြောလိုက်တယ်"ဒါကကိုယ့်ရဲ့အပိုဆုလေ"
"ကျွန်တော့်ရဲ့အပိုဆု။ကောင်းပြီလေ"ဝူရုန်က သူ့တင်ပါးကို လာထောက်နေတဲ့ ဟေးရွမ်ရီ၏အရာကနေ သူ့တင်ပါးကိုရွေ့ပြီးမတ်တပ်ရပ်လိုက်ပြီး ဟေးရွမ်ရီရဲ့ဘောင်းဘီကိုကြည့်ပြီးပြောလိုက်တယ်"အရင်ဆုံး အဲဒါကို ကိုယ့်ဘာသာဖြေရှင်းလိုက်အုံး"
ဝူရုန်က လျှင်မြန်စွာ ထွက်ပြေးသွားတာကြောင့် ဟေးရွမ်ရီကအကူအညီမဲ့သလို ခံစားလိုက်ရတယ်။
****************************************************************************