unicode
အခန်း ၁၀၃
“အနံ့..”
ချင်းရန်နတ်မင်းက ထိုစကားကို တအံ့တသြ ရေရွတ်လာသည်။ ပြီးနောက် မေးခွန်းများ ဆက်တိုက်ထွက်ကျလာ၏။
“မင်း.. ဘယ်လို အနံ့ရတာလဲ။ မင်းက မြေခွေးမှ မဟုတ်တာ၊ နဂါးမဟုတ်ရင်တောင်မှ မင်းက မူလသဏ္ဌာန်ကနေလို့ ရနိုင်တဲ့ စွမ်းအားတွေကို မင်းမှာ မရှိနိုင်ဘူးလေ၊ မင်း ဘယ်လိုတောင်မှ အနံ့ရတာလဲ”
“ကျွန်တော် အရင်က မြေခွေးဖြစ်ဖူးလို့ ထင်တယ်၊ သူ့အနံ့က ကျွန်တော့်စိတ်ထဲမှာ စွဲနေတယ်၊ သူ ဒီနားမှာပဲ ဖြစ်နိုင်တယ်”
ဟူအာ ဂူအတွင်းပိုင်းသို့ တိုးဝင်လိုက်သည်။ ချင်းရန်နတ်မင်းက အနောက်မှ မီးတုတ်ကိုင်ပြီး ပြေးလိုက်လာ၏။ တစ်နေရာသို့ အရောက်တွင် ဟူအာ ခြေလှမ်းများ ရပ်တန့်သွားတော့၏။
ဂူ၏အတွင်းပိုင်း ချောမွေ့နေသည့် ကြမ်းခင်းပေါ်၌ မီးလျှံငှက်၏ အမွှေးများ စုပုံနေခြင်း ဖြစ်သည်။ ဟူအာ ထိုနားသို့ လျှောက်သွားလိုက်ပြီးနောက် ထိုငှက်အမွှေးများကို လှမ်းယူလိုက်သည်။
ထိုငှက်မွှေးများက တစ်စနှစ်စ မဟုတ်ဘဲ အစုလိုက် အပုံလိုက် ဖြစ်နေခြင်း ဖြစ်သည်။ ဟူအာ၏ လက်ချောင်းများက စတင်၍ တုန်ယင်လာသည်။
“ညောင်အာ..”
ဟူအာ၏ နှုတ်မှ တီးတိုးသံက ထွက်ပေါ်လာ၏။ ရုတ်တရက် ရင်ဆို့သွားသော ခံစားမှုကို ဟူအာ မခံစားနိုင်သလိုပင်။
ဟူအာ၏ လက်အတွင်း ခရမ်းရောင်မီးလျှံများက ပြိုးပျက်လင်းလက်လာပြီးနောက် ထိုဂူကို ရစ်သိုင်းသွားသည်။ ပြီးနောက်.. တွင်တော့..။
“ဝုန်း.. ဗရော..”
ချင်းရန်နတ်မင်းက ဟူအာ၏ လက်ကို လာဆွဲသည်။ ဟူအာတို့ ဂူအပြင်သို့ ရောက်သည်နှင့် ရေကမာဂူက ပြိုကျသွားလေတော့၏။ ထိုမျှနှင့် ဟူအာ ရပ်တန့်ရန် မတွေးထားသေးပေ။ ဟူအာ ကျွန်းငယ်၏ မျက်နှာပြင်သို့ လက်ဝါးဖြင့် ရိုက်ချပစ်လိုက်သည်။
“ဒုန်း.. ဝုန်း..”
ကျွန်းငယ်က တစ်ခုခုဖြင့် ချိုးဖျက်ခံလိုက်ရသည့်နှယ် စတင် ယိမ်းယိုင်လာသည်။ ချင်းရန်နတ်မင်းက ဟူအာ၏ လက်ကို လှမ်းဆွဲလိုက်ပြီးနောက် သတိပေးစကား ဆိုသည်။
“ဟူအာ.. မင်း စိတ်ထိန်းစမ်း၊ ဒါက ဘာပြဿနာလဲ ဆိုတာကို အဖြေရှာဖို့ မကြိုးစားဘဲနဲ့ မင်း တစ်လောကလုံးကို ဒီလိုပုံစံနဲ့ ဖျက်ဆီးပစ်လို့ မရဘူး”
ချင်းရန်နတ်မင်း ပြောလိုက်သော စကားကို ဟူအာ ကြားလိုက်ရသည်။ ပြီးနောက် ထုတ်လွှတ်ထားမိသော နတ်စွမ်းအားကို ပြန်လည် သိမ်းဆည်းလိုက်မိ၏။ ရေနေသတ္တဝါများက ဟူအာတို့နှင့် အဝေးသို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
ချင်းရန်နတ်မင်းက ဟူအာ၏ညာလက်ကို ကိုင်ထားရင်းဖြင့် မလွှတ်ရဲသေးသလို ရွာသားများဆီကိုလည်း သွားချင်နေဟန် ရှိသည်။ ထို့ကြောင့် ဟူအာ ပြောလိုက်မိသည်။
“ကျွန်တော် အဆင်ပြေပြီ၊ ကျွန်တော် ဘာမှမလုပ်တော့ပါဘူး”
ချင်းရန်နတ်မင်းက ထိုကတိစကားကို ရမှ ဟူအာ၏ လက်ကို လွှတ်ပေးသည်။ ပြီးနောက် အပြစ်တင်စကား ပြောလာ၏။
“မင်း နည်းနည်းလောက် အကျိုးအကြောင်း သင့်ပါအုံး၊ မင်း နည်းနည်းလောက် စိတ်ထိန်းပါအုံး၊ မင်းက နတ်မင်းသားတစ်ပါး၊ ဒီလိုမျိုး စိတ်ထင်သလို ဖျက်ဆီးလို့ မရဘူး၊ မင်းကြောင့် ချီဟွေ့ရေလိုဏ်ဂူ ပျက်စီးသွားတာကို ကောင်းကင်မင်းကြီး သိရင် မင်း လွှတ်မှာ မဟုတ်ဘူး”
ပင်လယ်ရွာသားများက ဟူအာကို ထိတ်လန့်စွာ လှမ်းကြည့်နေကြ၏။ ချင်းရန်နတ်မင်းက သက်ပြင်းချလိုက်သည်။ မကြာမီတွင် အနောက်ရေပင်လယ်ဘုရင်နှင့် အိမ်ရှေ့မင်းသားက ရောက်လာ၏။
အိမ်ရှေ့မင်းသားက ဖြစ်ပျက်သမျှကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အနောက်ရေပင်လယ်ဘုရင်ကို ပြောလိုက်သည်။
“ကြည့်ရတာ ကျွန်တော့်သားက စိတ်မရှည် လက်မရှည်နဲ့ အမှားတစ်ခုခု လုပ်မိသွားတဲ့ပုံပဲ၊ သူက ငယ်သေးပေမဲ့ ကောင်းကင်ညီလာခံမှာ သူ့အပြစ်ကို သူ ဝန်ခံခိုင်းပြီးတော့ ကျွန်တော် သင့်တင်မျှတဲ့ အကြောင်းပြချက် တစ်ခုကို ပေးပါ့မယ်”
“ချီဟွေ့ရေလိုဏ်ဂူက အနောက်ပင်လယ်ရဲ့ အဖိုးတန်အရာတွေထဲက တစ်ခုပါပဲ၊ အောမင် အိမ်ရှေ့မင်းသားကို ယုံပါတယ်”
“ကောင်းပြီ ဒါဆို မင်းကို အနှောင့်အယှက် မဖြစ်စေတော့ပါဘူး”
အိမ်ရှေ့မင်းသားနှင့်အတူ ကောင်းကင်နန်းတော်သို့ ရောက်လာသည်။ ထိုအထိ ဟူအာ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည်တို့ကို မဆင်ခြင်မိသေးပေ။ ချင်းရန်နတ်မင်းကလည်း တိတ်ဆိတ်နေ၏။
“မင်း နှစ်တစ်ထောင် ရှိပြီ မင်း လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မသဲကွဲသေးဘူးလား”
“ကျွန်တော်..”
အိမ်ရှေ့မင်းသားက သူ့ကို အပြစ်တင် ပြောဆိုလာသည်။
“အနောက်ပင်လယ်ဒေသက ကိစ္စရပ်တွေက ငါတို့ သိမြင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်၊ အောမင်က စကားတစ်ခွန်းတောင် အမှားမပြောသွားဘူး၊ တလီကျိုးဟူ.. မင်းကတော့ ဘာလုပ်လိုက်သလဲ ရှေးဟောင်းနေရာတစ်ခုကို လက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်”
“အားယား.. သူက ငယ်သေးတယ်လေ သိုဝှက်ထားတဲ့ လှည့်ဖျားမှုတွေကို သူ မြန်မြန် မမြင်နိုင်တာကို သူ့ကို အပြစ်တင်လို့ မရဘူး၊ အောမင်ဆိုတဲ့ ချီလုံအစုတ်အပြတ်က သူ့လို နှစ်တစ်ထောင်သားလေးကို လှည့်စားဖို့က ငှက်ပျောသီးအခွံခွာသလောက်ပဲ ရှိမှာလေ”
ချင်းရန်နတ်မင်းက ဟူအာ ကိုယ်စား ဝင်ပြောပေး၏။ ဟူအာကတော့ တိတ်ဆိတ်စွာသာ နေလိုက်သည်။
သို့သော် အိမ်ရှေ့မင်းသားက သူ့ကို အပြစ်တင် ပြောဆိုလိုစိတ်က သေးသေးကွေးကွေး မဟုတ်ပေ။ ပို၍ပင် ကြီးထွားလာဟန် တူ၏။
“တလီကျိုးဟူ.. မင်းက နတ်မင်းသားတစ်ပါး၊ မင်းမှာ ဘယ်လို အကြောင်းပြချက်တွေပဲ ရှိပါစေ နတ်ဒေသတစ်ခုက အဖိုးတန်နေရာတစ်ခုကို ဖျက်ဆီးလို့ မရဘူး၊ ဒီစည်းမျဉ်းအသေးလေးတောင်မှ မင်းမသိနိုင်ဘူးလား”
သူ့ကို ပြောနေရင်းဖြင့် အိမ်ရှေ့မင်းသားက ချင်းရန်နတ်မင်းကို လှည့်ပြောလိုက်သည်။
“ဦးရီးတော်နှစ် ယီမင်ကို ကူညီပြီးတော့ ကောင်းကင်မင်းကြီးဆီကို တင်လျှောက်ပေးပါ၊ ဒီနေ့ပဲ တင်လျှောက်မှ ဖြစ်မှာ တခြားသူတွေ ကြားမကောင်းတာတွေ မတင်လျှောက်သေးခင် ဒီအပြစ်ကို ကိုယ်တိုင်ဝန်ခံမှ ဖြစ်မှာ”
“ကောင်းပြီ ငါ နားလည်ပြီ၊ ပြီးတော့ သူက ကလေးလေ၊ မင်း အရမ်းဆူပူမနေနဲ့”
ချင်းရန်နတ်မင်း၏ စကားကို အိမ်ရှေ့မင်းသားက မည်သို့မျှ မတုံ့ပြန်ပေ။ ထိုအစား သူ့ရှိရာသို့ လှည့်လာပြီး ပြောသည်။
“မင်း နတ်သမိုင်းကို မကျေသေးဘူး၊ အဲဒါအပြင် ဆက်နွယ်ပတ်သတ်မှုတွေကို လေ့လာဖို့ မတွေးထားဘူး၊ အခု နောက်ဆုံး မင်းက မင်းအမေရဲ့သြဇာကိုပါ ကျဆင်းအောင် လုပ်လိုက်မိတယ်”
“ကျွန်တော် လုပ်လိုက်တာနဲ့ ကျိုးရင်းနတ်ဘုရားမနဲ့က ဘာဆိုင်လို့လဲ”
“မဆိုင်ဘူး ဟုတ်လား၊ အဲဒီပင်လယ်ရှစ်ခုနဲ့ မြေနတ်ဒေသကို ကိုယ်ပိုင်နတ်စွမ်းအားနဲ့ ကျင့်ကြံနိုင်အောင် မင်းအမေက အသက်ဓာတ်စက်ဝန်းကို ဖယ်ရှားပေးခဲ့ပြီးတော့ ကိုယ်ပိုင်အသက်ဓာတ်ကို တည်ဆောက်ခွင့် ပြုပေးခဲ့တာ၊ သူတို့တွေအပေါ်မှာ မင်းအမေရဲ့သြဇာသက်ရောက်မှုက သိပ်ကြီးတယ်၊ ဒါပေမဲ့ မင်းကရော.. မင်း ဘာလုပ်လိုက်မိတယ် ဆိုတာကို အခုထိ နားမလည်သေးဘူးလား”
“ကျွန်တော် သူမရဲ့သားတစ်ယောက် အနေနဲ့ အကျိုးအကြောင်းမသင့်ဘဲနဲ့ ရေနေဒေသတစ်ခုက အဖိုးတန်အရာတစ်ခုကို ဖျက်ဆီးလိုက်မိပါတယ်”
ဟူအာ ထင်လိုက်မိတာကို တီးတိုး ဝန်ခံလိုက်မိသည်။
“ငါ မင်းကို ပြောထားတယ်၊ မီးလျှံငှက်က မသေသေးဘူး၊ သူက သွေးမျိုးဆက် ကောင်းကောင်းကို ရထားရင် သူမကို ဘယ်သူမှ မသတ်သေးဘူး၊ သူမဆီကနေ သွေးကို အသုံးချနိုင်အောင် သူတို့က သတ်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ကျွန်တော် ဒါကို တွေ့လိုက်ရတာ..”
ဟူအာ သိမ်းဆည်းလာခဲ့သော ငှက်အမွှေးများကို ထုတ်ယူပြလိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်မိသည်။ ထိုသို့ ပြောလိုက်သည့်တိုင် အိမ်ရှေ့မင်းသားက ဟူအာကို တည်ကြည်စွာဖြင့် မေးလာသည်။
“မင်း ငါ့ပြောတာကို နှလုံးသားနဲ့ မယုံနိုင်ဘူးပေါ့၊ မင်း ငါပြောတာကို စိတ်ထဲမှာ မထားလို့ ဒီလောက် ငှက်အမွှေးနည်းနည်းကို မြင်လိုက်တာနဲ့ သူမကို သေသွားပြီလို့ မင်းထင်လိုက်တာ မဟုတ်လား”
“ကျွန်တော်..”
ဟူအာ ပြန်ဖြေရန် စကား ကင်းမဲ့နေသည်။
“မင်းအမေရဲ့သြဇာကို ပင်လယ်ရှစ်ခုနဲ့ မြေပြင်နတ်ဒေသမှာ ကျဆင်းအောင် ကြံရွယ်နေတဲ့သူ ရှိတယ်၊ မင်းအမေက ကောင်းကင်နန်းတော်ကလူ ဖြစ်တယ်၊ အဲဒါကြောင့် မင်းအမေရဲ့ သြဇာက ကောင်းကင်နဲ့ သက်ဆိုင်နေတယ်။ ဒီလို ကျဆင်းအောင် လုပ်တဲ့သူမှာ ပိုပြီးတော့ နက်နဲတဲ့ အကြောင်းအရင်းရှိမှာကို ငါ စိုးရိမ်မိတယ်၊ မင်းက အဲလိုလူအတွက် အသုံးချခံ မဖြစ်စေနဲ့”
“ဟူအာ သိပါပြီ”
အခုလိုကျတော့ ဟူအာနှင့် အိမ်ရှေ့မင်းသားက စိမ်းသက်မနေဘဲ ရင်းနှီးနွေးထွေးနေသလို ခံစားလိုက်ရသည်။
“မင်း ဒီနေ့ ဘာမှားလဲ မင်းသိသွားပြီလား”
“ပင်လယ်ဒေသရှစ်ခုနဲ့ မြေပြင်နတ်ဒေသအပေါ်မှာ ကျိုးရင်းနတ်ဘုရားမရဲ့ သြဇာ သက်ရောက်မှုကို ပြေလျော့စေချင်တာကို ကျွန်တော့်ကို အသုံးချလိုက်တယ်”
“ဘာကို ကျိုးရင်းနတ်ဘုရားမလဲ မင်းရဲ့အမေ၊ မင်းရဲ့မွေးမိခင် အရိုအသေကို မရှိဘူး၊ တစ်ချိန်လုံး ကျိုးရင်းနတ်ဘုရားမလို့ပဲ ခေါ်နေမှာလား”
အိမ်ရှေ့မင်းသားက ဟူအာကို ကျောခိုင်းလိုက်ပြီးနောက် ပြောသည်။
“အခုဆို ကျိုးရင်းနတ်ဘုရားမရဲ့ သားဖြစ်သူက နတ်မင်းသားဖြစ်တာတောင်မှ ဘယ်လောက်မှ မကြာသေးဘဲနဲ့ အနောက်ပင်လယ်က အဖိုးတန်ဂူတစ်ခုကို အကျိုးအကြောင်းမဲ့ ဖျက်ဆီးလိုက်တယ် ဆိုပြီးတော့ မင်းရဲ့သတင်းက ပင်လယ်ဒေသရှစ်ခုနဲ့ မြေပြင်နတ်ဒေသတွေမှာ ကြားမကောင်းတာတွေ ဖြစ်တော့မှာ၊ ဂုဏ်ယူပါတယ် မင်းရဲ့လက်နဲ့ မင်းအမေကို ညစ်နွမ်းစေလိုက်ပြီ”
“တောင်းပန်ပါတယ်”
ဟူအာ တောင်းပန်စကားကို တီးတိုးပြောလိုက်မိသည်။ အိမ်ရှေ့မင်းသား၏ ခြေလှမ်းက ရပ်သွားသော်လည်း ဟူအာကို ဂရုမစိုက်ဟန်ဖြင့် ဆက်လျှောက်သွား၏။
“မင်းရဲ့မီးလျှံငှက်လေး ရှိသေးတယ်၊ ရှေးဟောင်းနတ်တစ်ပါး ကြွေလွှင့်ရင် ကြယ်တစ်လုံးကြွေလေ့ ရှိတယ်၊ ဒီရက်တွေမှာ ကြယ်မကြွေသေးဘူး ဆိုရင် မင်းရဲ့မီးလျှံငှက်က ဘေးကင်းသေးတဲ့ အဓိပ္ပါယ်ပဲ၊ အကျိုးအကြောင်းမသင့်တာ လျှောက်မလုပ်နဲ့”
@@@@@@
paid Group/ Paid Docs ရွိပါတယ္။ Bioမြာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။
×
zawgyi
အခန္း ၁၀၃
“အနံ့..”
ခ်င္းရန္နတ္မင္းက ထိုစကားကို တအံ့တၾသ ေရရြတ္လာသည္။ ၿပီးေနာက္ ေမးခြန္းမ်ား ဆက္တိုက္ထြက္က်လာ၏။
“မင္း.. ဘယ္လို အနံ့ရတာလဲ။ မင္းက ေျမေခြးမွ မဟုတ္တာ၊ နဂါးမဟုတ္ရင္ေတာင္မွ မင္းက မူလသဏၭာန္ကေနလို့ ရနိုင္တဲ့ စြမ္းအားေတြကို မင္းမွာ မရွိနိုင္ဘူးေလ၊ မင္း ဘယ္လိုေတာင္မွ အနံ့ရတာလဲ”
“ကၽြန္ေတာ္ အရင္က ေျမေခြးျဖစ္ဖူးလို့ ထင္တယ္၊ သူ႔အနံ့က ကၽြန္ေတာ့္စိတ္ထဲမွာ စြဲေနတယ္၊ သူ ဒီနားမွာပဲ ျဖစ္နိုင္တယ္”
ဟူအာ ဂူအတြင္းပိုင္းသို့ တိုးဝင္လိုက္သည္။ ခ်င္းရန္နတ္မင္းက အေနာက္မွ မီးတုတ္ကိုင္ၿပီး ေျပးလိုက္လာ၏။ တစ္ေနရာသို့ အေရာက္တြင္ ဟူအာ ေျခလွမ္းမ်ား ရပ္တန္႔သြားေတာ့၏။
ဂူ၏အတြင္းပိုင္း ေခ်ာေမြ႕ေနသည့္ ၾကမ္းခင္းေပၚ၌ မီးလၽွံငွက္၏ အေမႊးမ်ား စုပုံေနျခင္း ျဖစ္သည္။ ဟူအာ ထိုနားသို့ ေလၽွာက္သြားလိုက္ၿပီးေနာက္ ထိုငွက္အေမႊးမ်ားကို လွမ္းယူလိုက္သည္။
ထိုငွက္ေမႊးမ်ားက တစ္စႏွစ္စ မဟုတ္ဘဲ အစုလိုက္ အပုံလိုက္ ျဖစ္ေနျခင္း ျဖစ္သည္။ ဟူအာ၏ လက္ေခ်ာင္းမ်ားက စတင္၍ တုန္ယင္လာသည္။
“ေညာင္အာ..”
ဟူအာ၏ ႏွုတ္မွ တီးတိုးသံက ထြက္ေပၚလာ၏။ ႐ုတ္တရက္ ရင္ဆို့သြားေသာ ခံစားမွုကို ဟူအာ မခံစားနိုင္သလိုပင္။
ဟူအာ၏ လက္အတြင္း ခရမ္းေရာင္မီးလၽွံမ်ားက ၿပိဳးပ်က္လင္းလက္လာၿပီးေနာက္ ထိုဂူကို ရစ္သိုင္းသြားသည္။ ၿပီးေနာက္.. တြင္ေတာ့..။
“ဝုန္း.. ဗေရာ..”
ခ်င္းရန္နတ္မင္းက ဟူအာ၏ လက္ကို လာဆြဲသည္။ ဟူအာတို့ ဂူအျပင္သို့ ေရာက္သည္ႏွင့္ ေရကမာဂူက ၿပိဳက်သြားေလေတာ့၏။ ထိုမၽွႏွင့္ ဟူအာ ရပ္တန္႔ရန္ မေတြးထားေသးေပ။ ဟူအာ ကၽြန္းငယ္၏ မ်က္ႏွာျပင္သို့ လက္ဝါးျဖင့္ ရိုက္ခ်ပစ္လိုက္သည္။
“ဒုန္း.. ဝုန္း..”
ကၽြန္းငယ္က တစ္ခုခုျဖင့္ ခ်ိဳးဖ်က္ခံလိုက္ရသည့္ႏွယ္ စတင္ ယိမ္းယိုင္လာသည္။ ခ်င္းရန္နတ္မင္းက ဟူအာ၏ လက္ကို လွမ္းဆြဲလိုက္ၿပီးေနာက္ သတိေပးစကား ဆိုသည္။
“ဟူအာ.. မင္း စိတ္ထိန္းစမ္း၊ ဒါက ဘာျပႆနာလဲ ဆိုတာကို အေျဖရွာဖို့ မႀကိဳးစားဘဲနဲ႔ မင္း တစ္ေလာကလုံးကို ဒီလိုပုံစံနဲ႔ ဖ်က္ဆီးပစ္လို့ မရဘူး”
ခ်င္းရန္နတ္မင္း ေျပာလိုက္ေသာ စကားကို ဟူအာ ၾကားလိုက္ရသည္။ ၿပီးေနာက္ ထုတ္လႊတ္ထားမိေသာ နတ္စြမ္းအားကို ျပန္လည္ သိမ္းဆည္းလိုက္မိ၏။ ေရေနသတၱဝါမ်ားက ဟူအာတို့ႏွင့္ အေဝးသို့ ထြက္ေျပးသြားၾကၿပီ ျဖစ္သည္။
ခ်င္းရန္နတ္မင္းက ဟူအာ၏ညာလက္ကို ကိုင္ထားရင္းျဖင့္ မလႊတ္ရဲေသးသလို ရြာသားမ်ားဆီကိုလည္း သြားခ်င္ေနဟန္ ရွိသည္။ ထို့ေၾကာင့္ ဟူအာ ေျပာလိုက္မိသည္။
“ကၽြန္ေတာ္ အဆင္ေျပၿပီ၊ ကၽြန္ေတာ္ ဘာမွမလုပ္ေတာ့ပါဘူး”
ခ်င္းရန္နတ္မင္းက ထိုကတိစကားကို ရမွ ဟူအာ၏ လက္ကို လႊတ္ေပးသည္။ ၿပီးေနာက္ အျပစ္တင္စကား ေျပာလာ၏။
“မင္း နည္းနည္းေလာက္ အက်ိဳးအေၾကာင္း သင့္ပါအုံး၊ မင္း နည္းနည္းေလာက္ စိတ္ထိန္းပါအုံး၊ မင္းက နတ္မင္းသားတစ္ပါး၊ ဒီလိုမ်ိဳး စိတ္ထင္သလို ဖ်က္ဆီးလို့ မရဘူး၊ မင္းေၾကာင့္ ခ်ီေဟြ႕ေရလိုဏ္ဂူ ပ်က္စီးသြားတာကို ေကာင္းကင္မင္းႀကီး သိရင္ မင္း လႊတ္မွာ မဟုတ္ဘူး”
ပင္လယ္ရြာသားမ်ားက ဟူအာကို ထိတ္လန္႔စြာ လွမ္းၾကည့္ေနၾက၏။ ခ်င္းရန္နတ္မင္းက သက္ျပင္းခ်လိုက္သည္။ မၾကာမီတြင္ အေနာက္ေရပင္လယ္ဘုရင္ႏွင့္ အိမ္ေရွ႕မင္းသားက ေရာက္လာ၏။
အိမ္ေရွ႕မင္းသားက ျဖစ္ပ်က္သမၽွကို တစ္ခ်က္သာ ၾကည့္လိုက္ၿပီးေနာက္ အေနာက္ေရပင္လယ္ဘုရင္ကို ေျပာလိုက္သည္။
“ၾကည့္ရတာ ကၽြန္ေတာ့္သားက စိတ္မရွည္ လက္မရွည္နဲ႔ အမွားတစ္ခုခု လုပ္မိသြားတဲ့ပုံပဲ၊ သူက ငယ္ေသးေပမဲ့ ေကာင္းကင္ညီလာခံမွာ သူ႔အျပစ္ကို သူ ဝန္ခံခိုင္းၿပီးေတာ့ ကၽြန္ေတာ္ သင့္တင္မၽွတဲ့ အေၾကာင္းျပခ်က္ တစ္ခုကို ေပးပါ့မယ္”
“ခ်ီေဟြ႕ေရလိုဏ္ဂူက အေနာက္ပင္လယ္ရဲ့ အဖိုးတန္အရာေတြထဲက တစ္ခုပါပဲ၊ ေအာမင္ အိမ္ေရွ႕မင္းသားကို ယုံပါတယ္”
“ေကာင္းၿပီ ဒါဆို မင္းကို အေႏွာင့္အယွက္ မျဖစ္ေစေတာ့ပါဘူး”
အိမ္ေရွ႕မင္းသားႏွင့္အတူ ေကာင္းကင္နန္းေတာ္သို့ ေရာက္လာသည္။ ထိုအထိ ဟူအာ စိတ္လိုက္မာန္ပါ လုပ္ခဲ့မိသည္တို့ကို မဆင္ျခင္မိေသးေပ။ ခ်င္းရန္နတ္မင္းကလည္း တိတ္ဆိတ္ေန၏။
“မင္း ႏွစ္တစ္ေထာင္ ရွိၿပီ မင္း လုပ္သင့္တာနဲ႔ မလုပ္သင့္တာကို မသဲကြဲေသးဘူးလား”
“ကၽြန္ေတာ္..”
အိမ္ေရွ႕မင္းသားက သူ႔ကို အျပစ္တင္ ေျပာဆိုလာသည္။
“အေနာက္ပင္လယ္ေဒသက ကိစၥရပ္ေတြက ငါတို့ သိျမင္ထားတာထက္ ပိုၿပီးေတာ့ ရွုပ္ေထြးတယ္၊ ေအာမင္က စကားတစ္ခြန္းေတာင္ အမွားမေျပာသြားဘူး၊ တလီက်ိဳးဟူ.. မင္းကေတာ့ ဘာလုပ္လိုက္သလဲ ေရွးေဟာင္းေနရာတစ္ခုကို လက္တစ္ခ်က္တည္းနဲ႔ ဖ်က္ဆီးပစ္လိုက္တယ္”
“အားယား.. သူက ငယ္ေသးတယ္ေလ သိုဝွက္ထားတဲ့ လွည့္ဖ်ားမွုေတြကို သူ ျမန္ျမန္ မျမင္နိုင္တာကို သူ႔ကို အျပစ္တင္လို့ မရဘူး၊ ေအာမင္ဆိုတဲ့ ခ်ီလုံအစုတ္အျပတ္က သူ႔လို ႏွစ္တစ္ေထာင္သားေလးကို လွည့္စားဖို့က ငွက္ေပ်ာသီးအခြံခြာသေလာက္ပဲ ရွိမွာေလ”
ခ်င္းရန္နတ္မင္းက ဟူအာ ကိုယ္စား ဝင္ေျပာေပး၏။ ဟူအာကေတာ့ တိတ္ဆိတ္စြာသာ ေနလိုက္သည္။
သို့ေသာ္ အိမ္ေရွ႕မင္းသားက သူ႔ကို အျပစ္တင္ ေျပာဆိုလိုစိတ္က ေသးေသးေကြးေကြး မဟုတ္ေပ။ ပို၍ပင္ ႀကီးထြားလာဟန္ တူ၏။
“တလီက်ိဳးဟူ.. မင္းက နတ္မင္းသားတစ္ပါး၊ မင္းမွာ ဘယ္လို အေၾကာင္းျပခ်က္ေတြပဲ ရွိပါေစ နတ္ေဒသတစ္ခုက အဖိုးတန္ေနရာတစ္ခုကို ဖ်က္ဆီးလို့ မရဘူး၊ ဒီစည္းမ်ဥ္းအေသးေလးေတာင္မွ မင္းမသိနိုင္ဘူးလား”
သူ႔ကို ေျပာေနရင္းျဖင့္ အိမ္ေရွ႕မင္းသားက ခ်င္းရန္နတ္မင္းကို လွည့္ေျပာလိုက္သည္။
“ဦးရီးေတာ္ႏွစ္ ယီမင္ကို ကူညီၿပီးေတာ့ ေကာင္းကင္မင္းႀကီးဆီကို တင္ေလၽွာက္ေပးပါ၊ ဒီေန႔ပဲ တင္ေလၽွာက္မွ ျဖစ္မွာ တျခားသူေတြ ၾကားမေကာင္းတာေတြ မတင္ေလၽွာက္ေသးခင္ ဒီအျပစ္ကို ကိုယ္တိုင္ဝန္ခံမွ ျဖစ္မွာ”
“ေကာင္းၿပီ ငါ နားလည္ၿပီ၊ ၿပီးေတာ့ သူက ကေလးေလ၊ မင္း အရမ္းဆူပူမေနနဲ႔”
ခ်င္းရန္နတ္မင္း၏ စကားကို အိမ္ေရွ႕မင္းသားက မည္သို့မၽွ မတုံ႔ျပန္ေပ။ ထိုအစား သူ႔ရွိရာသို့ လွည့္လာၿပီး ေျပာသည္။
“မင္း နတ္သမိုင္းကို မေက်ေသးဘူး၊ အဲဒါအျပင္ ဆက္ႏြယ္ပတ္သတ္မွုေတြကို ေလ့လာဖို့ မေတြးထားဘူး၊ အခု ေနာက္ဆုံး မင္းက မင္းအေမရဲ့ၾသဇာကိုပါ က်ဆင္းေအာင္ လုပ္လိုက္မိတယ္”
“ကၽြန္ေတာ္ လုပ္လိုက္တာနဲ႔ က်ိဳးရင္းနတ္ဘုရားမနဲ႔က ဘာဆိုင္လို့လဲ”
“မဆိုင္ဘူး ဟုတ္လား၊ အဲဒီပင္လယ္ရွစ္ခုနဲ႔ ေျမနတ္ေဒသကို ကိုယ္ပိုင္နတ္စြမ္းအားနဲ႔ က်င့္ႀကံနိုင္ေအာင္ မင္းအေမက အသက္ဓာတ္စက္ဝန္းကို ဖယ္ရွားေပးခဲ့ၿပီးေတာ့ ကိုယ္ပိုင္အသက္ဓာတ္ကို တည္ေဆာက္ခြင့္ ျပဳေပးခဲ့တာ၊ သူတို့ေတြအေပၚမွာ မင္းအေမရဲ့ၾသဇာသက္ေရာက္မွုက သိပ္ႀကီးတယ္၊ ဒါေပမဲ့ မင္းကေရာ.. မင္း ဘာလုပ္လိုက္မိတယ္ ဆိုတာကို အခုထိ နားမလည္ေသးဘူးလား”
“ကၽြန္ေတာ္ သူမရဲ့သားတစ္ေယာက္ အေနနဲ႔ အက်ိဳးအေၾကာင္းမသင့္ဘဲနဲ႔ ေရေနေဒသတစ္ခုက အဖိုးတန္အရာတစ္ခုကို ဖ်က္ဆီးလိုက္မိပါတယ္”
ဟူအာ ထင္လိုက္မိတာကို တီးတိုး ဝန္ခံလိုက္မိသည္။
“ငါ မင္းကို ေျပာထားတယ္၊ မီးလၽွံငွက္က မေသေသးဘူး၊ သူက ေသြးမ်ိဳးဆက္ ေကာင္းေကာင္းကို ရထားရင္ သူမကို ဘယ္သူမွ မသတ္ေသးဘူး၊ သူမဆီကေန ေသြးကို အသုံးခ်နိုင္ေအာင္ သူတို့က သတ္မွာ မဟုတ္ဘူး”
“ဒါေပမဲ့ ကၽြန္ေတာ္ ဒါကို ေတြ႕လိုက္ရတာ..”
ဟူအာ သိမ္းဆည္းလာခဲ့ေသာ ငွက္အေမႊးမ်ားကို ထုတ္ယူျပလိုက္ၿပီး တြန္႔ဆုတ္စြာ ေျပာလိုက္မိသည္။ ထိုသို့ ေျပာလိုက္သည့္တိုင္ အိမ္ေရွ႕မင္းသားက ဟူအာကို တည္ၾကည္စြာျဖင့္ ေမးလာသည္။
“မင္း ငါ့ေျပာတာကို ႏွလုံးသားနဲ႔ မယုံနိုင္ဘူးေပါ့၊ မင္း ငါေျပာတာကို စိတ္ထဲမွာ မထားလို့ ဒီေလာက္ ငွက္အေမႊးနည္းနည္းကို ျမင္လိုက္တာနဲ႔ သူမကို ေသသြားၿပီလို့ မင္းထင္လိုက္တာ မဟုတ္လား”
“ကၽြန္ေတာ္..”
ဟူအာ ျပန္ေျဖရန္ စကား ကင္းမဲ့ေနသည္။
“မင္းအေမရဲ့ၾသဇာကို ပင္လယ္ရွစ္ခုနဲ႔ ေျမျပင္နတ္ေဒသမွာ က်ဆင္းေအာင္ ႀကံရြယ္ေနတဲ့သူ ရွိတယ္၊ မင္းအေမက ေကာင္းကင္နန္းေတာ္ကလူ ျဖစ္တယ္၊ အဲဒါေၾကာင့္ မင္းအေမရဲ့ ၾသဇာက ေကာင္းကင္နဲ႔ သက္ဆိုင္ေနတယ္။ ဒီလို က်ဆင္းေအာင္ လုပ္တဲ့သူမွာ ပိုၿပီးေတာ့ နက္နဲတဲ့ အေၾကာင္းအရင္းရွိမွာကို ငါ စိုးရိမ္မိတယ္၊ မင္းက အဲလိုလူအတြက္ အသုံးခ်ခံ မျဖစ္ေစနဲ႔”
“ဟူအာ သိပါၿပီ”
အခုလိုက်ေတာ့ ဟူအာႏွင့္ အိမ္ေရွ႕မင္းသားက စိမ္းသက္မေနဘဲ ရင္းႏွီးေႏြးေထြးေနသလို ခံစားလိုက္ရသည္။
“မင္း ဒီေန႔ ဘာမွားလဲ မင္းသိသြားၿပီလား”
“ပင္လယ္ေဒသရွစ္ခုနဲ႔ ေျမျပင္နတ္ေဒသအေပၚမွာ က်ိဳးရင္းနတ္ဘုရားမရဲ့ ၾသဇာ သက္ေရာက္မွုကို ေျပေလ်ာ့ေစခ်င္တာကို ကၽြန္ေတာ့္ကို အသုံးခ်လိုက္တယ္”
“ဘာကို က်ိဳးရင္းနတ္ဘုရားမလဲ မင္းရဲ့အေမ၊ မင္းရဲ့ေမြးမိခင္ အရိုအေသကို မရွိဘူး၊ တစ္ခ်ိန္လုံး က်ိဳးရင္းနတ္ဘုရားမလို့ပဲ ေခၚေနမွာလား”
အိမ္ေရွ႕မင္းသားက ဟူအာကို ေက်ာခိုင္းလိုက္ၿပီးေနာက္ ေျပာသည္။
“အခုဆို က်ိဳးရင္းနတ္ဘုရားမရဲ့ သားျဖစ္သူက နတ္မင္းသားျဖစ္တာေတာင္မွ ဘယ္ေလာက္မွ မၾကာေသးဘဲနဲ႔ အေနာက္ပင္လယ္က အဖိုးတန္ဂူတစ္ခုကို အက်ိဳးအေၾကာင္းမဲ့ ဖ်က္ဆီးလိုက္တယ္ ဆိုၿပီးေတာ့ မင္းရဲ့သတင္းက ပင္လယ္ေဒသရွစ္ခုနဲ႔ ေျမျပင္နတ္ေဒသေတြမွာ ၾကားမေကာင္းတာေတြ ျဖစ္ေတာ့မွာ၊ ဂုဏ္ယူပါတယ္ မင္းရဲ့လက္နဲ႔ မင္းအေမကို ညစ္ႏြမ္းေစလိုက္ၿပီ”
“ေတာင္းပန္ပါတယ္”
ဟူအာ ေတာင္းပန္စကားကို တီးတိုးေျပာလိုက္မိသည္။ အိမ္ေရွ႕မင္းသား၏ ေျခလွမ္းက ရပ္သြားေသာ္လည္း ဟူအာကို ဂ႐ုမစိုက္ဟန္ျဖင့္ ဆက္ေလၽွာက္သြား၏။
“မင္းရဲ့မီးလၽွံငွက္ေလး ရွိေသးတယ္၊ ေရွးေဟာင္းနတ္တစ္ပါး ေႂကြလႊင့္ရင္ ၾကယ္တစ္လုံးေႂကြေလ့ ရွိတယ္၊ ဒီရက္ေတြမွာ ၾကယ္မေႂကြေသးဘူး ဆိုရင္ မင္းရဲ့မီးလၽွံငွက္က ေဘးကင္းေသးတဲ့ အဓိပၸါယ္ပဲ၊ အက်ိဳးအေၾကာင္းမသင့္တာ ေလၽွာက္မလုပ္နဲ႔”
paid Group/ Paid Docs ရွိပါတယ္။ Bioမြာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။