Chapter(164)
မြို့မှထွက်ခွာခြင်း(2)
အဓိကအကြောင်းပြချက်က ဟေးရွမ်ရီသည် သူ့လိုဝတုတ်နေတဲ့ယောကျာ်းတစ်ယောက်ကို ဘာကြောင့်လက်ထပ်ခဲ့တာဆိုတာ မပြောပြခဲ့တာကြောင့်ဖြစ်တယ်။
"ကျွန်တော်အဆင်ပြေတယ်။ကျွန်တော့်နှလုံးသားကတင်းကျပ်တယ်လို့ခံစားရရုံဘဲ။မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ခံစားရတယ်"
သူကလိမ်ပြောနေတာမဟုတ်ပါဘူး။အဲဒီအချိန်တုန်းကသူကတကယ်ကိုမကောင်းတာဖြစ်တော့မယ်လို့ခံစားခဲ့ရတာဖြစ်တယ်။
"ကြင်ယာတော်က ဓားသိုင်းလေ့ကျင့်တာတွေ ဆေးရည်စိမ်တာတွေနှင့်ကျင့်ကြံတာများသွားလို့ဖြစ်နိုင်တယ်။ဖြစ်နိုင်တာကကြင်ယာတော် ခန္ဓာကိုယ်က စွမ်းအင်တွေကို အလွန်အကျွံအသုံးပြုလိုက်လို့ဖြစ်မယ်"ဟေးရှင်းကပြောလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ကိုပွေ့ချီသွားပြီး အိပ်ရာပေါ်တင်ပေးလိုက်နောက် အပေါ်ဝတ်ကို ချွတ်ပေးပြီးစောင်ခြုံပေးလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီ၏တောင့်တင်းနေမှုကို လျော့ချဖို့ကြိုးစားလိုက်တယ်"ကျွန်တော်နေကောင်းတယ်ဆိုတာသေချာပါတယ်"
ဝူရုန်က သူလုံးဝသေချာတာက သူကနေမကောင်းဖြစ်တာမဟုတ်ဘူးဆိုတာဘဲ။
"အခုအနားယူတော့"ဟေးရွမ်ရီသည် ဝူရုန်ကိုအိပ်ရာထဲပြန်လဲစေပြီး ခိုင်မာစွာပြောလိုက်တယ်။
"ကျွန်တော်အိပ်မပျော်ဘူး"ဝူရုန်က အတွေးတစ်ခုဝင်လာပြီးပြောလိုက်တယ်"တကယ်လို့ခင်ဗျား ကျွန်တော့်ကို အိပ်ရာဝင်ပုံပြင်ပြောပြမယ်ဆိုရင် ကျွန်တော်အိပ်ပျော်သွားနိုင်တယ်"
"......."ဟေးရွမ်ရီက ဝူရုန်ရဲမျော်လင့်ချက်တွေအပြည့်နဲ့တောက်ပနေတဲ့မျက်လုံးတွေကို တွေ့တဲ့အချိန်မှာ သူလိုက်လျောရုံသာတတ်နိုင်တယ်။
"ဘယ်လိုပုံပြင်မျိုးလဲ?"
"စားသောက်ဆိုင်တွေမှာပြောပြတဲ့ပုံပြင်လိုမျိုး"
"တစ်ခါမှနားမထောင်ဖူးဘူး"
"......"ဝူရုန်
ဟေးရွမ်ထန်က အခန်းအပြင်ကနေပြောလိုက်တယ်"အကိုကြီး အကိုကြီးက ကိုယ့်အကြောင်းကိုယ်ပြောပြတာပိုကောင်းမယ်။ဒါကို သူပိုစိတ်ဝင်စားလိမ့်မယ်"
ဝူရုန်က ဒီအကြံပြုချက်ကိုကြားတော့ပျော်ရွှင်သွားတယ်။ဘယ်လိုတောင်တွေးပေးတတ်တဲ့ညီအကိုလဲ?
ဒါက အတိအကျကိုဘဲ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ဖြစ်တာကြောင့် ဒီလိုမျိုးပုံပြင်ကိုပြောခိုင်းလိုက်တာဖြစ်တယ်။
ဟေးရွမ်ရီက ဟေးရွမ်ထန်ကို ဖျက်ခနဲတစ်ချက်ကြည့်လိုက်ပြီးပြောလိုက်တယ်"ကိုယ့်ရဲ့နေ့စဉ်ဘဝကနေ့တိုင်းစာအုပ်ဖတ်တယ်။ဓားသိုင်းလေ့ကျင့်တယ်။စားတယ်။အိပ်တယ်။ဒါဘဲလေ။ဒီထပ်ပိုပြီးဘာပြောစရာရှိသေးလို့လဲ?"
"ခင်ဗျားမှာ တခြားစိတ်ဝင်စားစရာကောင်းတာမရှိဘူးလား?"ဝူရုန်ကမေးလိုက်တယ်။
"မရှိဘူး"
"သူပြောသလိုဘဲ သူ့ရဲ့နေ့စဉ်ဘဝက တကယ့်ကိုပျင်းစရာကောင်းတယ်။အခြားဘာလုပ်သေးလဲဆိုတော့ သူက အချိန်ရရင်တော့ သလင်းဘောလုံးကိုသွားကြည့်တယ်"ဟေးရွမ်ထန်က ထပ်ပေါင်းပြောလိုက်တယ်။
အဲဒီနောက်မှာတော့ ဟေးရွမ်ထန်က ကြောက်ရွံ့စွာနှင့် သူဘာမပြောခဲ့သလိုဖုန်းကွယ်ဖို့ကြိုးစားပြီးပြောလိုက်တယ်"ငါသွားစရာရှိသေးတယ်။မင်းတို့ဘာသာပြောကြတော့"
"......."ဝူရုန်
ဝူရုန်က ဟေးရွမ်ရီကိုကြည့်ပြီးမေးလိုက်တယ်"သလင်းဘောလုံးဆိုတာကဘာလဲ?"
"........"ဟေးရွမ်ရီ
အဲဒီအချိန်မှာဘဲ ဟေးရွမ်ထန်ကပြန်လှည့်လာပြီးပြောလိုက်တယ်"မရီး မရီးရဲ့အဖေကဒီကိုရောက်လာတယ်။သူ့ကိုကြည့်ရတာအရမ်းစိတ်မကောင်းဖြစ်နေပုံဘဲ"
"ဘာကြောင့်သူက ဒီကိုရောက်လာတာလဲ?"ဝူရုန်ကအိပ်ရာကထပြီးမေးလိုက်တယ်။
သူ့မိဘတွေက အိမ်ချင်းကပ်ရပ်နေပေမဲ့လည်း သူကသာ သူတို့အိမ်ကိုအများအားဖြင့်သွားလည်တာကြောင့် သူတို့က သူထံကိုမကြာခဏလာမလည်ခဲ့ဘူး။အရေးကြီးတဲ့တစ်စုံတစ်ခုရှိလို့သာ သူ့အဖေက ဒီကိုလာတာဖြစ်နိုင်တယ်။
"ရုန်အာ ရုန်အာ"အခန်းထဲကိုမဝင်လာကတည်းက ဝူချွင်ချင်ရဲ့အော်သံကိုကြားလိုက်ရတယ်။သူ့အသံက အလွန်ကိုစိုးရိမ်နေမှန်းသိသာတယ်။
ဝူရုန်က ဖိနပ်စီးပြီးတာနှင့် အိပ်ခန်းထဲကထွက်လာလိုက်ပြီးမေးလိုက်တယ်"အဖေ တစ်ခုခုမှားနေတာရှိလို့လား?"
ဝူချွင်ချင်က ဝူရုန်ကအတွင်းဝတ်စုံကိုသာ ဝတ်ထားတာကြောင့်အံ့သြသွားပြီးမေးလိုက်တယ်"အခုထိမထသေးတာတော့မဟုတ်ဘူးမလား?နေလို့မကောင်းဘူးလား?"
"ကျွန်တော်အနားယူနေတာ။နေမကောင်းမဖြစ်ပါဘူး။အဖေ ဘာဖြစ်လို့လဲ?"
ဝူချွင်ချင်က ဆံပင်နှစ်ချောင်းကိုထုတ်ယူပြီးပြောလိုက်တယ်"မင်းရဲ့အကိုကြီးက လျို့ဝှက်လမ်းထဲကို မသွားခင် ငါ့ကိုဒီဆံပင်ပေးခဲ့တယ်။သူငါ့ကိုပြောခဲ့တာက တကယ်လို့ဒီဆံပင်က နှစ်ချောင်းပြတ်သွားတယ်ဆိုရင် တကယ့်ကိုဆိုးဝါးတဲ့မကောင်းတာတစ်ခုခုဖြစ်လိမ့်မယ်လို့ပြောခဲ့တယ်"
ဝူရုန်က ဆံပင်တွေကိုယူကြည့်လိုက်ပြီးပြောလိုက်တယ်"ဒီဟာလား...."
အရင်ဘဝတုန်းက သူ့အကိုကဒီလိုဆံပင်ကို ဘယ်တော့မှမပေးခဲ့ဘူး။ဒီဘဝမှာတော့ သူ့အကိုက ဒီဆံပင်ကို ကိစ္စတစ်ခုခုဆိုရင်ဆိုပြီးပေးခဲ့တယ်။
မှန်တယ်။အစောတုန်းသူ့နှလုံးသားကတင်းကျပ်သွားခဲ့တယ်။ဒါက သူ့အကိုကြီးကတစ်ခုခုဖြစ်လို့လား?အရင်ဘဝတုန်းကလိုမျိုး သူ့အကိုကြီးကသေသွားတာလား?
"ငါဒါကပြတ်သွားတာကိုတွေ့ခဲ့တယ်။ဒါကမင်းအကိုကြီးက ဆိုးဝါးတာတစ်ခုခုဖြစ်သွားတာဖြစ်နိုင်တယ်"ဝူချွင်ချင်ရဲ့နှလုံးကတင်းကျပ်လာတယ်။
**************************************************************
Chapter(165)
မြို့မှထွက်ခွာခြင်း(3)
"သူမသွားခင်တုန်းက ငါ့ကိုပြောခဲ့တာတော့ အင်ပါယာမြို့တော်ကိုသွားမယ်လို့ပြောတယ်။ဒါကြောင့်ငါအင်ပါယာမြို့တော်ကို သွားပြီးသူ့ကိုရှာဖို့စီစဉ်ထားတယ်။ဒါပေမဲ့ မင်းအမေက စိုးရိမ်နေမှာစိုးတာကြောင့် သူမကိုဒီအကြောင်းမပြောထားဘူး။ငါအခွင့်အရေးတစ်ခုရှာပြီး ဂိုလင်းမြို့ကထွက်သွားလိုက်မယ်။မင်းနဲ့ရွမ်ရီက မင်းအမေနဲ့ရှိအာကိုဂရုစိုက်ပေးကြ"ဝူချွင်ချင်ကပြောလိုက်တယ်။
"အဖေ ကျွန်တော်လည်းအကိုကြီးကိုသွား...."
ဝူချွင်ချင်က သူ့ကိုတားလိုက်ပြီး"မဖြစ်နိုင်ဘူး။မင်းကစိတ်စွမ်းအင်မရှိဘူး။မင်းကကူညီနိုင်မှာ မဟုတ်ဘူး။မဆူညံနဲ့ ငါသွားတော့မယ်"
ဝူရုန်က သူ့ကိုပြန်ငြင်းဖို့အခွင့်အရေးတောင်မရလိုက်ဘဲ သူက ချက်ချင်းအခန်းထဲက ထွက်သွားလိုက်တယ်။
"အဖေ"
ဝူရုန်က သူ့နောက်ကိုလိုက်သွားဖို့လုပ်လိုက်ပေမဲ့ ဟေးရွမ်ရီကသူ့ကိုတားထားလိုက်တယ်။
ဝူရုန်က လှည့်ကြည့်ပြီးစိုးရိမ်စွာပြောလိုက်တယ်"ရွမ်ရီ သူ့ကိုတား"
"ကိုယ်တို့တားလို့မဖြစ်ဘူး။ဒါက မင်းတို့မိသားစုမြို့ထဲကနေ ထွက်သွားဖို့အကောင်းဆုံးအခွင့်အရေးဘဲ"ဟေးရွမ်ရီကပြောလိုက်တယ်။
"မြို့ထဲကနေထွက်သွားရမယ်။တစ်မိသားစုလုံးလား?"ဝူရုန်က စိတ်ရှုပ်ထွေးစွာပြောလိုက်တယ်။
"ငါတို့ရဲ့ရန်သူဟောင်းက မကြာခင်မှာလာတော့မယ်။ဖြစ်နိုင်တာက သူဒီနေရာကိုရောက်နေတာလည်းဖြစ်နိုင်တယ်။ငါတို့က မင်းရဲ့မိသားစုကိုမြို့ထဲကဟထွက်သွားဖို့အခွင့်အရေးတစ်ခုရှာပေးဖို့လိုတယ်။ဒါက လုံးဝကောင်းမွန်တဲ့အစီအစဉ်ဘဲ။တကယ့်ကိုဘဲ ငါတို့ကမင်းရဲ့မိသားစုကို ကာကွယ်ပေးနိုင်တယ်။ဒါပေမဲ့မင်းရဲ့မိသားစုက မြို့ထဲကနေထွက်သွားရင်တော့ အကောင်းဆုံးဘဲ"ဟေးရွမ်ထန်ကရှင်းပြလိုက်တယ်။
ဝူရုန်က ဒီကနေ ဒီညီအကိုနှစ်ယောက်က သူ့ကိုတစ်စုံတစ်ခုကို ဖုန်းကွယ်ထားမှန်းသိလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ကိုအိပ်ခန်းထဲကိုဆွဲခေါ်လာပြီး အဝတ်အစားဝတ်ပေးလိုက်ပြီးပြောလိုက်တယ်"မင်းအကိုကြီးက တကယ်ကိုပြသနာတက်နေတာဖြစ်နိုင်တယ်။သူ့ကို ကာကွယ်ဖို့ကိုယ်လွတ်ထားတဲ့ မကောင်းဆိုးဝါးဝိညာဉ်က သူပျောက်နေတယ်လို့ သတင်းပို့လာတယ်"
"ကျွန်တော်တို့ ဘယ်လိုလုပ်သင့်တာလဲ?"ဝူရုန်က စိတ်ရှုပ်စွာပြောလိုက်တယ်။
"တစ်စုံတစ်ယောက်က မကောင်းဆိုးဝါးဝိညာဉ်ကို အနှောင့်အယှက်ပေးတဲ့အချိန်မှာ မင်းအကိုက ပျောက်သွားတာဘဲ။ကိုယ့်တို့ကလန်က တစ်စုံတစ်ယောက်က သူ့ကိုလွတ်ပေးလိုက်တာဖြစ်နိုင်တယ်"
"....... "ဝူရုန်
"မစိုးရိမ်နဲ့။ငါတို့က သူ့ကိုကယ်နိုင်မှာပါ။အခုတော့ မင်းတို့မိသားစုကိုမြို့ထဲကနေ ထွက်သွားအောင်လုပ်သင့်တယ်"ဟေးရွမ်ထန်ပြောလိုက်တယ်။
"ကိုယ်တို့ရန်သူတွေကို ဖမ်းပြီးတဲ့အချိန်မှ မင်းနဲ့အင်ပါယာမြို့တော်မှာ တွေ့နိုင်လိမ့်မယ်"
"ခင်ဗျားအဆင်ပြေတယ်ဆိုတာသေချာရဲ့လား?"
"သူတို့က ငါ့အကိုရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါအာမခံတယ်တယ်"ဟေးရွမ်ထန်က ခိုင်မာစွာပြောလိုက်တယ်။
"ရုန်အာ အိမ်တော်ထဲက တန်ဖိုးကြီးတဲ့ပစ္စည်းတွေနှင့် ကုန်လှောင်ရုံထဲက ပစ္စည်းတွေအားလုံးကိုမင်းရဲ့သိုလှောင်ရာနေရာထဲကိုထည့်ထားလိုက်"ဟေးရွမ်ရီကပြောလိုက်တယ်။
"ခင်ဗျား ဘယ်လိုလုပ်ပြီး ကျွန်တော့်မှာနေရာလွတ်ရှိတာကို သိတာလဲ"ဝူရုန်က အံ့သြစွာမေးလိုက်တယ်။
"ဝူမိသားစုကထွက်လာတဲ့နေ့တုန်းက မင်းအရက်မူးပြီး ဟေးရင်းတို့နဲ့ တိုက်တဲ့အချိန်မှာ မှော်လက်နက်တစ်ခုကိုထုတ်လာခဲ့တယ်"
ဒီအကြောင်းကိုပြောရမယ်ဆိုရင် သူကဓားရှည်တွေ မှော်လက်နက်တွေကို ဘာမှမရှိတဲ့နေရာက ထုတ်ယူလိုက်ဖို့ဆိုတာမဖြစ်နိုင်ဘဲ ဒါက နေရာလွတ်ကနေသာထုတ်ယူလိုက်တာဖြစ်နိုင်တယ်။
ဘာဘဲဖြစ်ဖြစ် ဝူရုန်က သူတို့ပြောတဲ့အစီအစဉ်ကို လက်မခံစရာအကြောင်းမရှိပါဘူး။
***************************************************-******