unicode
အခန္း ၁၀၁
အိမ္ေရွ႕မင္းသားက မစိမ္းသက္ေသာ ေနရာကို ဝင္သြားသည့္ႏွယ္ ေျခလွမ္းတို့က လမ္းမ်ားကို ရင္းႏွီးကၽြမ္းဝင္လြန္းလွသည္။ ဟူအာႏွင့္ ခ်င္းရန္နတ္မင္းက အေနာက္မွ လိုက္ပါသြား၏။
“ဟိုးေရွးေဟာင္းေခတ္ကတည္းက ေရနန္းေတာ္ ရွစ္ခုမွာ ႏွစ္ခုက မီးစြမ္းအင္ကို အသုံးျပဳတယ္။ အေရွ႕ပင္လယ္ေရနန္းေတာ္က အသုံးျပဳတာက မီးနဂါးေတြရဲ့မီးစြမ္းအင္ ျဖစ္ၿပီးေတာ့ နတ္စြမ္းအား စုပ္ယူမွုလည္း ပါဝင္တယ္၊ အေနာက္ပင္လယ္က သုံးတဲ့ မီးစြမ္းအင္ကေတာ့ ေကာင္းကင္မွာ အသုံးျပဳတဲ့ အႏွိုင္းမဲ့မီးလၽွံလိုမ်ိဳး စြမ္းအား ရွိတယ္၊ သူတို့ရဲ့ အေခၚအေဝၚကလည္း အတုမဲ့မီးလၽွံလို့ ေခၚတယ္၊ ေကာင္းကင္မီးနဲ႔ ႏွိုင္းယွဥ္နိုင္ေလာက္တဲ့ မီးလၽွံရဲ့ စြမ္းအားရွိလို့ ေကာင္းကင္မီးကို ဒဏ္ခံရမဲ့သူေတြက အတုမဲ့မီးလၽွံဆီကေန ေလ့က်င့္မွုကို ျပဳလုပ္ေလ့ ရွိၾကတယ္”
အိမ္ေရွ႕မင္းသားက အေရွ႕မွ သြားေနရင္း ဟူအာကို ေျပာျပသည္။ ခ်င္းရန္နတ္မင္းက အိမ္ေရွ႕မင္းသား၏ စကားကို ေခါင္းညိတ္ျပ၏။
“ဒါေပမဲ့ ေညာင္အာက သူတို့နဲ႔ ဘယ္လို ပတ္သတ္ေနတာလဲ”
ဟူအာ ေမးလိုက္တာကို အိမ္ေရွ႕မင္းသားက မၾကားသလိုပင္ မည္သည့္စကားကိုမၽွ ျပန္မေျဖၾကားလာေပ။ ခ်င္းရန္နတ္မင္းက လက္ထဲမွ ယပ္ေတာင္ကို ခတ္လိုက္ၿပီး ေျပာလာသည္။
“မင္း ေကာင္းကင္နတ္သမိုင္းကို သိတယ္ မဟုတ္လား၊ ေကာင္းကင္မင္းႀကီးလုံေပၚလက္ထက္က ေကာင္းကင္ကို ေစာင့္ေရွာက္ရေအာင္ ဆိုၿပီးေတာ့ ေကာင္းကင္သားရဲေလးေကာင္ကို အသက္သြင္းခဲ့တယ္၊ ေနာက္ေတာ့ ေကာင္းကင္သားရဲေတြကို တလီယြီခ်ီ လက္ထက္မွာ ဖ်က္သိမ္းခဲ့ေပမဲ့ အႂကြင္းအက်န္ေတာ့ က်န္ရစ္ခဲ့တယ္၊ အဲဒါကို က်န္းဝူမင္ လက္ထက္မွာ ခ်ီလင္သားရဲကို အသက္သြင္းဖို့ ႀကိဳးစားခဲ့ၿပီးေတာ့ ေနာက္ဆုံးမွာ ေကာင္းကင္တစ္ျခမ္းၿပိဳက်ေစေတာ့မလို ျဖစ္သြားတယ္”
“အင္း.. အဲဒါေတြနဲ႔ ေညာင္အာက ဘာဆိုင္လို့လဲ”
“ငါ့အထင္ ေျပာရရင္ အဲဒီခ်ီလင္သားရဲက ေကာင္းကင္မင္းႀကီး က်န္းဝူမင္ကို ဆြဲေဆာင္ခဲ့တယ္လို့ အဆိုရွိေပမဲ့ သူက အမ်ိဳးသားတဲ့ေလ”
“ဒါဆို က်န္းဝူမင္က အမ်ိဳးသမီးလား”
“မဟုတ္ဘူး.. မဟုတ္ဘူး.. မင္း မရွုပ္ေထြးသြားနဲ႔ က်န္းဝူမင္က ဒီကိစၥမွာ အဆြဲေဆာင္ခံလိုက္ရတာပဲ၊ ခ်ီလင္က နတ္သားလား နတ္သမီးလား ခြဲျခားလို့ မရေလာက္ေအာင္ကို လွပတဲ့ ႐ုပ္ရည္ရွိတယ္လို့ ဆိုတယ္ေလ”
“အင္း.. အဲဒါနဲ႔.. ေညာင္အာက ဘယ္လို သက္ဆိုင္သြားတာလဲ”
“ခ်ီလင္က နတ္မဟုတ္ မိစၧာမဟုတ္ေလ၊ သူက က်န္းဝူမင္ရဲ့ ခ်ဳပ္ေႏွာင္မွုကို လက္မခံဘဲ ထြက္ေျပးတုန္းက အေနာက္ပင္လယ္ကို ထြက္ေျပးခဲ့တယ္၊ အဲဒီ အေနာက္ပင္လယ္ရဲ့ သမီးေတာ္တစ္ပါးနဲ႔ ေတြ႕ဆုံခဲ့တယ္လို့ ေရးသားထားတယ္၊ အဲကေန စၿပီးေတာ့ နဂါးနဲ႔ခ်ီလင္ရဲ့ ေပါင္းစည္းမွုအရ မီးငွက္တစ္မ်ိဳး ထြက္ေပၚလာတယ္၊ သူ႔ရဲ့ စြမ္းအားက ဖုန္႔ဟြာမ္နဲ႔က်ဴးခၽြဲ႕ထက္ကို နိမ့္က်ေပမဲ့ ခ်ီလင္ရဲ့ နတ္မီးကို ရရွိခဲ့မယ္ ဆိုရင္ သူက လုံးဝကို မက္ေလာက္တဲ့ အရည္အခ်င္းနဲ႔ ေသြးမ်ိဳးဆက္ကို ပိုငဆိုင္ထားမွာ မဟုတ္လား”
ခ်င္းရန္နတ္မင္း၏ အဆုံးသတ္ စကားတြင္ အိမ္ေရွ႕မင္းသားက အေနာက္သို့ လွည့္လာၿပီး ေျပာသည္။
“ပ်င္းရိတယ္၊ ေကာင္းကင္သမိုင္းကို မေက်ညက္ဘူး၊ မင္း ေနာက္က်ရင္ ေကာင္းေကာင္းေလ့လာသင့္တယ္”
ဟူအာကို မေလ့လာမွုအတြက္ အျပစ္တင္ ေျပာဆိုလာေလသည္။ သို့ေသာ္ ဟူအာ အမွတ္ရမိသေလာက္ ဆိုလၽွင္ က်န္းဝူမင္လက္ထက္၌ ေကာင္းကင္သားရဲခ်ီလင္၏ ထြက္ေျပးမွုသည္ ေကာင္းကင္မွတ္တမ္းတြင္ မပါရွိေပ။
“ေကာင္းကင္နတ္သားရဲ ခ်ီလင္ရဲ့ ထြက္ေျပးမွု မွတ္တမ္းကို ေကာင္းကင္မွတ္တမ္းမွာ မေရးထားဘူးေလ”
ဟူအာ ေထာက္ျပလိုက္ေတာ့ ခ်င္းရန္နတ္မင္းက သူ႔ကို ေျပာလာသည္။
“ဟုတ္တယ္ေလ က်န္းဝူမင္လက္ထက္က အေၾကာင္းအရာတခ်ိဳ့ကို ေကာင္းကင္မွတ္တမ္းမွာ မေရးထားဘူး၊ ဒါက ရွက္စရာလို့ မွတ္တမ္းေရးတဲ့ နတ္မင္းက ေႏွာင္းပိုင္းနတ္ေတြ အတုယူမွားမွာ စိုးၿပီးေတာ့ ခ်န္ထားရစ္ခဲ့တာ”
“အဲဒါကို ကၽြန္ေတာ္ မသိတာက မဆန္းဘူး မဟုတ္လား”
အိမ္ေရွ႕မင္းသားက ဟူအာကို ေစာင္းၾကည့္လာၿပီးေနာက္ ေျပာ၏။
“အဲလို ဆိုရင္ေတာင္မွ မင္းရဲ့ ေလ့လာမွု လိုအပ္ခ်က္ ရွိေနတာကို ဖုံးကြယ္လို့ မရနိုင္ဘူး၊ တကယ္လို့သာ ရန္ဖုန္႔ဟြာမ္က ခ်ီလင္ကေန ဆင္းသက္တဲ့ မီးကို ပိုင္ဆိုင္ထားတယ္ ဆိုရင္ သူ႔ကို ဖမ္းသြားတဲ့ သူေတြက သူ႔ကို ခ်က္ခ်င္းသတ္ပစ္မွာ မဟုတ္လို့ မင္း သူ႔အတြက္ အရမ္းစိတ္ပူဖို့ မလိုေသးဘူး”
“ဘာေၾကာင့္မို့လဲ”
“ဘာလို့လဲ ဆိုေတာ့ သူတို့က သူ႔ရဲ့ အျမဳေတကို လိုခ်င္တာ ဆိုေတာ့ သူ႔အျမဳေတကို ေကာင္းေအာင္ ျပဳျပင္ဖို့ အခ်ိန္တစ္ခု ေပးၿပီးမွ သူ႔အျမဳေတကို ထုတ္ယူမွာမို့ သူက အသက္ေဘးေတာ့ ကင္းလိမ့္မယ္”
“ဒါက ယူဆခ်က္ပဲ မဟုတ္လား အမွန္လို့ ဘယ္သူမွ မေျပာနိုင္ဘူး”
“ဟုတ္တယ္ ဒါက ယူဆခ်က္ပဲ။ ၿပီးေတာ့ ရန္ဖုန္႔ဟြာမ္မွာ ခ်ီလင္ရဲ့ေသြးမ်ိဳးဆက္ ပါမယ္ ဆိုတာ ဘယ္သူမွ မသိနိုင္ဘူး၊ ပိုမျဖစ္နိုင္တာကက်ေတာ့ သူက ခ်ီလင္ရဲ့မီးကိုေတာင္မွ အသက္မသြင္းနိုင္ဘူး”
“ဒါဆို ေနာက္ျဖစ္နိုင္ေခ်တစ္ခုက သူမက ေသသြားၿပီ ဆိုတာလား”
“ဟုတ္တယ္..”
အိမ္ေရွ႕မင္းသားက သူ႔ကို ယတိျပတ္ ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ လွည့္ထြက္သြားေတာ့၏။ အေနာက္ေရနန္းေတာ္၏ ဂိတ္ဝတြင္ သူတို့ သုံးဦးလုံး တားဆီး ခံလိုက္ရၿပီးေနာက္ အေနာက္ေရဘုရင္က ထြက္ႀကိဳသည္။
ဟူအာ ခ်င္းရန္နတ္မင္းအား အနားကပ္၍ တီးတိုးေမးလိုက္သည္။
“ဒီအေနာက္ ေရနန္းေတာ္က နဂါးလား၊ ငွက္လား”
“သူတို့ေတြက ခ်ီလင္ရဲ့ ေသြးကြဲမ်ိဳးဆက္ေတြ ျဖစ္သြားတယ္၊ ခ်ီလင္က အဲဒီတုန္းက အေနာက္ပိုင္းေရနဂါးေတြကို သတ္ပစ္လိုက္ၿပီးေတာ့ အေနာက္ေရမင္းသမီးလက္ထဲကို အေနာက္ပင္လယ္ကို ထည့္ေပးခဲ့တာေလ”
“ဒါဆို သူတို့ေတြရဲ့ မူလသဏၭာန္က ဘယ္လိုမ်ိဳး သတၱဝါအမ်ိဳးအစားလဲ”
ဟူအာ ေမးလိုက္မိသည္။
“ဦးခ်ိဳတစ္ေခ်ာင္းနဲ႔ အေတာင္ပံပါၿပီးေတာ့ အၿမီးတိုတဲ့ နဂါးမက် ခ်ီလင္မက် အမ်ိဳးအစားပဲ နာမည္ေျပာင္က ခ်ီလုံလို့ ေခၚတယ္”
“႐ုပ္ဆိုးမွာပဲ”
“တကယ္ဆိုရင္ စစ္မွန္တဲ့ ခ်ီလုံေတြက ေကာင္းကင္နတ္တစ္ပါးေလာက္မက စြမ္းအား ႀကီးရမွာ ဒါေပမဲ့ အဲဒီခ်ီလင္ကို စီရင္ၿပီးတဲ့ေနာက္မွာ အေနာက္ပင္လယ္ရဲ့ ေရမင္းသမီးနဲ႔ သူ႔မ်ိဳးဆက္ေတြကို ပုန္ကန္လိုက္ၾကၿပီးေတာ့ ေသြးေဝးတဲ့မ်ိဳးဆက္က အေနာက္ပင္လယ္ကို လုယူလိုက္တယ္ေလ၊ သူတို့ေတြက ခ်ီလင္နဲ႔ နဂါးေပါင္းစပ္ထားတဲ့ မ်ိဳးဆက္ေလာက္ အားမေကာင္းေတာ့ဘဲနဲ႔ နဂါးတစ္ေကာင္ေလာက္ေတာင္ စြမ္းအားမရွိေတာ့ဘဲ နိမ့္က်သြားတယ္၊ ဒါေၾကာင့္မို့ သူတို့က အခုထိ ေကာင္းကင္နန္းေတာ္ရဲ့ အုပ္ထိန္းမွုေအာက္မွာ ၿငိမ္ဝပ္ပိျပားစြာ ေနေနခဲ့တာေပါ့”
“မဟုတ္ရင္ သူတို့က ပုန္ကန္ၿပီးေနၿပီ လို့ ေျပာခ်င္တာလား”
ဟူအာ ေျပာလိုက္ေတာ့ ခ်င္းရန္နတ္မင္းက ေခါင္းခါယမ္းျပသည္။.
“တကယ္ ဟုတ္ေနတယ္ ဆိုရင္ေတာင္မွ ေျပာသင့္တာ မေျပာသင့္တာ ဆိုတာ ရွိတယ္ ေကာင္ေလး၊ မွားေနတယ္ ဆိုရင္ေတာင္မွ ေျပာရမယ္ဆိုရင္ ေျပာကို ေျပာရမွာပဲ”
“ခင္ဗ်ားတို့ ေကာင္းကင္နတ္ေတြက တကယ္ စိတ္ရွုပ္ဖို့ ေကာင္းတာပဲ”
“ဟုတ္တယ္ေလ ေကာင္းကင္နတ္ေတြ ဆိုတဲ့အထဲမွာ မင္းကလည္း မင္းသားငယ္တစ္ပါး ဆိုတာကို မေမ့လိုက္နဲ႔”
အေနာက္ပင္လယ္ ေရဘုရင္ထံသို့ ေရာက္သြားသည္တြင္ ထိုေရေနဘုရင္က ငယ္ရြယ္ေသးမွန္း ဟူအာ သိရွိလိုက္ရသည္။ ထိုေရေနဘုရင္က ႏုပ်ိဳကာ သြက္လက္ေသးသည္။ ေတာင္ပိုင္းေရဘုရင္ေတာင္မွ ထိုသူႏွင့္ယွဥ္လၽွင္ အသက္အရြယ္ႀကီးရင့္သည္ဟု ဆိုနိုင္ေပ၏။
“အေနာက္ေရနန္းေတာ္က္ို ေကာင္းကင္နန္းေတာ္က မင္းသားသုံးပါးေတာင္မွ လာေရာက္ လည္ပတ္တာ ဆိုေတာ့ ကၽြန္ေတာ္ ေအာမင္ ကံေကာင္းလြန္းလွပါၿပီ”
“ဘယ္ကသာ ကၽြန္ေတာ္တို့က ကၽြန္ေတာ္တို့ အိမ္ရဲ့နတ္ငယ္ေလးကို ဗဟုသုတ ျဖစ္႐ုံ လိုက္ျပေပးတာပါ”
အိမ္ေရွ႕မင္းသား၏ တစ္ဖက္ျခမ္းတြင္ ထိုသို့ေသာ မ်က္ႏွာတစ္ခ်က္ မတြန္႔ေစဘဲ လိမ္လည္မွုမ်ိဳးကလည္း ရွိေသးဟန္ ေပၚ၏။
“ေအာမင္ အိမ္ေရွ႕မင္းသား၊ ခ်င္းရန္နတ္မင္းနဲ႔ မင္းသားငယ္ကို အရိုအေသျပဳပါတယ္”
“ကိစၥမရွိပါဘူး၊ တစ္ခု ရွိတာက အေနာက္ပင္လယ္က ေအးခ်မ္းရဲ့လား”
ခ်င္းရန္နတ္မင္းက ထိုေမခြန္းကို ေမးလိုက္သည္ႏွင့္ ထိုအေနာက္ေရဘုရင္၏ အမူအရာက အနည္းငယ္မၽွ အံ့ၾသသြားဟန္ျဖင့္ ျပန္ေမးလာ၏။
“ခ်င္းရန္နတ္မင္းက ဘယ္လို သတင္းစကားကိုမ်ား ၾကားသိရလို့ ဒီအထိ ေရာက္လာၿပီးေတာ့ ဒီလို ေမးခြန္းမ်ိဳးကို ေမးရတာလဲ ဆိုတာကို ကၽြန္ေတာ္မ်ိဳး ေအာမင္ မေတြးနိုင္ျဖစ္ရပါတယ္၊ တကယ္လို့မ်ား အရွင့္သားတို့မွာ နည္းလမ္း ရွိရင္ ကၽြန္ေတာ္မ်ိဳးကို သင္ျပေပးနိုင္ပါတယ္”
ထိုအမူအရာႏွင့္ အေျပာအဆိုက ထိုသူထံတြင္ မည္သည့္အျပစ္မွ မရွိဟု ထင္ျမင္ရေစသည္။ သို့ေသာ္ ထိုသို့ ျဖစ္ေနသည့္တိုင္ ဟူအာက တစ္ခုခု မွားယြင္းေနသည္ဟု ခံစားေနရဆဲ ျဖစ္သည္။
“မရွိပါဘူး၊ အေနာက္ပင္လယ္ ေရဘုရင္ကို ခ်င္းရန္က ဘယ္လို လုပ္ၿပီးေတာ့ သင္ၾကားျပသေပးနိုင္မွာလဲ အေနာက္ပိုင္းပင္လယ္ကို ေဆြးေႏြးဖို့ ရွိတာက အိမ္ေရွ႕မင္းသားပါ”
ခ်င္းရန္နတ္မင္း၏ က်င္လည္စြာ လြဲခ်မွုကို ဟူအာ ထပ္မံ ျမင္ေတြ႕လိုက္ရေလသည္။ သို့ေသာ္ အိမ္ေရွ႕မင္းသားက ထိုကိစၥကို မျငင္းပယ္ေပ။ ထိုအစား ခ်င္းရန္နတ္မင္းႏွင့္ ဟူအာဘက္သို့ လွည့္ၿပီး ေျပာလာ၏။
“ကၽြန္ေတာ္က အေနာက္ပင္လယ္ေရဘုရင္နဲ႔ ေဆြးေႏြးဖို့ ရွိလို့ ေရာက္လာေပမဲ့ ဟူအာကေတာ့ အလည္အပတ္ သတ္သတ္မို့ ဦးရီးေတာ္ႏွစ္ ကိုပဲ အေႏွာင့္အယွက္ ျဖစ္ေစရပါၿပီ”
×paid Group/ Paid Docs ရွိပါတယ္။ Bioမြာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။
zawgyi
အခန်း ၁၀၁
အိမ်ရှေ့မင်းသားက မစိမ်းသက်သော နေရာကို ဝင်သွားသည့်နှယ် ခြေလှမ်းတို့က လမ်းများကို ရင်းနှီးကျွမ်းဝင်လွန်းလှသည်။ ဟူအာနှင့် ချင်းရန်နတ်မင်းက အနောက်မှ လိုက်ပါသွား၏။
“ဟိုးရှေးဟောင်းခေတ်ကတည်းက ရေနန်းတော် ရှစ်ခုမှာ နှစ်ခုက မီးစွမ်းအင်ကို အသုံးပြုတယ်။ အရှေ့ပင်လယ်ရေနန်းတော်က အသုံးပြုတာက မီးနဂါးတွေရဲ့မီးစွမ်းအင် ဖြစ်ပြီးတော့ နတ်စွမ်းအား စုပ်ယူမှုလည်း ပါဝင်တယ်၊ အနောက်ပင်လယ်က သုံးတဲ့ မီးစွမ်းအင်ကတော့ ကောင်းကင်မှာ အသုံးပြုတဲ့ အနှိုင်းမဲ့မီးလျှံလိုမျိုး စွမ်းအား ရှိတယ်၊ သူတို့ရဲ့ အခေါ်အဝေါ်ကလည်း အတုမဲ့မီးလျှံလို့ ခေါ်တယ်၊ ကောင်းကင်မီးနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ မီးလျှံရဲ့ စွမ်းအားရှိလို့ ကောင်းကင်မီးကို ဒဏ်ခံရမဲ့သူတွေက အတုမဲ့မီးလျှံဆီကနေ လေ့ကျင့်မှုကို ပြုလုပ်လေ့ ရှိကြတယ်”
အိမ်ရှေ့မင်းသားက အရှေ့မှ သွားနေရင်း ဟူအာကို ပြောပြသည်။ ချင်းရန်နတ်မင်းက အိမ်ရှေ့မင်းသား၏ စကားကို ခေါင်းညိတ်ပြ၏။
“ဒါပေမဲ့ ညောင်အာက သူတို့နဲ့ ဘယ်လို ပတ်သတ်နေတာလဲ”
ဟူအာ မေးလိုက်တာကို အိမ်ရှေ့မင်းသားက မကြားသလိုပင် မည်သည့်စကားကိုမျှ ပြန်မဖြေကြားလာပေ။ ချင်းရန်နတ်မင်းက လက်ထဲမှ ယပ်တောင်ကို ခတ်လိုက်ပြီး ပြောလာသည်။
“မင်း ကောင်းကင်နတ်သမိုင်းကို သိတယ် မဟုတ်လား၊ ကောင်းကင်မင်းကြီးလုံပေါ်လက်ထက်က ကောင်းကင်ကို စောင့်ရှောက်ရအောင် ဆိုပြီးတော့ ကောင်းကင်သားရဲလေးကောင်ကို အသက်သွင်းခဲ့တယ်၊ နောက်တော့ ကောင်းကင်သားရဲတွေကို တလီယွီချီ လက်ထက်မှာ ဖျက်သိမ်းခဲ့ပေမဲ့ အကြွင်းအကျန်တော့ ကျန်ရစ်ခဲ့တယ်၊ အဲဒါကို ကျန်းဝူမင် လက်ထက်မှာ ချီလင်သားရဲကို အသက်သွင်းဖို့ ကြိုးစားခဲ့ပြီးတော့ နောက်ဆုံးမှာ ကောင်းကင်တစ်ခြမ်းပြိုကျစေတော့မလို ဖြစ်သွားတယ်”
“အင်း.. အဲဒါတွေနဲ့ ညောင်အာက ဘာဆိုင်လို့လဲ”
“ငါ့အထင် ပြောရရင် အဲဒီချီလင်သားရဲက ကောင်းကင်မင်းကြီး ကျန်းဝူမင်ကို ဆွဲဆောင်ခဲ့တယ်လို့ အဆိုရှိပေမဲ့ သူက အမျိုးသားတဲ့လေ”
“ဒါဆို ကျန်းဝူမင်က အမျိုးသမီးလား”
“မဟုတ်ဘူး.. မဟုတ်ဘူး.. မင်း မရှုပ်ထွေးသွားနဲ့ ကျန်းဝူမင်က ဒီကိစ္စမှာ အဆွဲဆောင်ခံလိုက်ရတာပဲ၊ ချီလင်က နတ်သားလား နတ်သမီးလား ခွဲခြားလို့ မရလောက်အောင်ကို လှပတဲ့ ရုပ်ရည်ရှိတယ်လို့ ဆိုတယ်လေ”
“အင်း.. အဲဒါနဲ့.. ညောင်အာက ဘယ်လို သက်ဆိုင်သွားတာလဲ”
“ချီလင်က နတ်မဟုတ် မိစ္ဆာမဟုတ်လေ၊ သူက ကျန်းဝူမင်ရဲ့ ချုပ်နှောင်မှုကို လက်မခံဘဲ ထွက်ပြေးတုန်းက အနောက်ပင်လယ်ကို ထွက်ပြေးခဲ့တယ်၊ အဲဒီ အနောက်ပင်လယ်ရဲ့ သမီးတော်တစ်ပါးနဲ့ တွေ့ဆုံခဲ့တယ်လို့ ရေးသားထားတယ်၊ အဲကနေ စပြီးတော့ နဂါးနဲ့ချီလင်ရဲ့ ပေါင်းစည်းမှုအရ မီးငှက်တစ်မျိုး ထွက်ပေါ်လာတယ်၊ သူ့ရဲ့ စွမ်းအားက ဖုန့်ဟွာမ်နဲ့ကျူးချွဲ့ထက်ကို နိမ့်ကျပေမဲ့ ချီလင်ရဲ့ နတ်မီးကို ရရှိခဲ့မယ် ဆိုရင် သူက လုံးဝကို မက်လောက်တဲ့ အရည်အချင်းနဲ့ သွေးမျိုးဆက်ကို ပိုငဆိုင်ထားမှာ မဟုတ်လား”
ချင်းရန်နတ်မင်း၏ အဆုံးသတ် စကားတွင် အိမ်ရှေ့မင်းသားက အနောက်သို့ လှည့်လာပြီး ပြောသည်။
“ပျင်းရိတယ်၊ ကောင်းကင်သမိုင်းကို မကျေညက်ဘူး၊ မင်း နောက်ကျရင် ကောင်းကောင်းလေ့လာသင့်တယ်”
ဟူအာကို မလေ့လာမှုအတွက် အပြစ်တင် ပြောဆိုလာလေသည်။ သို့သော် ဟူအာ အမှတ်ရမိသလောက် ဆိုလျှင် ကျန်းဝူမင်လက်ထက်၌ ကောင်းကင်သားရဲချီလင်၏ ထွက်ပြေးမှုသည် ကောင်းကင်မှတ်တမ်းတွင် မပါရှိပေ။
“ကောင်းကင်နတ်သားရဲ ချီလင်ရဲ့ ထွက်ပြေးမှု မှတ်တမ်းကို ကောင်းကင်မှတ်တမ်းမှာ မရေးထားဘူးလေ”
ဟူအာ ထောက်ပြလိုက်တော့ ချင်းရန်နတ်မင်းက သူ့ကို ပြောလာသည်။
“ဟုတ်တယ်လေ ကျန်းဝူမင်လက်ထက်က အကြောင်းအရာတချို့ကို ကောင်းကင်မှတ်တမ်းမှာ မရေးထားဘူး၊ ဒါက ရှက်စရာလို့ မှတ်တမ်းရေးတဲ့ နတ်မင်းက နှောင်းပိုင်းနတ်တွေ အတုယူမှားမှာ စိုးပြီးတော့ ချန်ထားရစ်ခဲ့တာ”
“အဲဒါကို ကျွန်တော် မသိတာက မဆန်းဘူး မဟုတ်လား”
အိမ်ရှေ့မင်းသားက ဟူအာကို စောင်းကြည့်လာပြီးနောက် ပြော၏။
“အဲလို ဆိုရင်တောင်မှ မင်းရဲ့ လေ့လာမှု လိုအပ်ချက် ရှိနေတာကို ဖုံးကွယ်လို့ မရနိုင်ဘူး၊ တကယ်လို့သာ ရန်ဖုန့်ဟွာမ်က ချီလင်ကနေ ဆင်းသက်တဲ့ မီးကို ပိုင်ဆိုင်ထားတယ် ဆိုရင် သူ့ကို ဖမ်းသွားတဲ့ သူတွေက သူ့ကို ချက်ချင်းသတ်ပစ်မှာ မဟုတ်လို့ မင်း သူ့အတွက် အရမ်းစိတ်ပူဖို့ မလိုသေးဘူး”
“ဘာကြောင့်မို့လဲ”
“ဘာလို့လဲ ဆိုတော့ သူတို့က သူ့ရဲ့ အမြုတေကို လိုချင်တာ ဆိုတော့ သူ့အမြုတေကို ကောင်းအောင် ပြုပြင်ဖို့ အချိန်တစ်ခု ပေးပြီးမှ သူ့အမြုတေကို ထုတ်ယူမှာမို့ သူက အသက်ဘေးတော့ ကင်းလိမ့်မယ်”
“ဒါက ယူဆချက်ပဲ မဟုတ်လား အမှန်လို့ ဘယ်သူမှ မပြောနိုင်ဘူး”
“ဟုတ်တယ် ဒါက ယူဆချက်ပဲ။ ပြီးတော့ ရန်ဖုန့်ဟွာမ်မှာ ချီလင်ရဲ့သွေးမျိုးဆက် ပါမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ပိုမဖြစ်နိုင်တာကကျတော့ သူက ချီလင်ရဲ့မီးကိုတောင်မှ အသက်မသွင်းနိုင်ဘူး”
“ဒါဆို နောက်ဖြစ်နိုင်ချေတစ်ခုက သူမက သေသွားပြီ ဆိုတာလား”
“ဟုတ်တယ်..”
အိမ်ရှေ့မင်းသားက သူ့ကို ယတိပြတ် ပြောပြီးသည်နှင့် ချက်ချင်းပင် လှည့်ထွက်သွားတော့၏။ အနောက်ရေနန်းတော်၏ ဂိတ်ဝတွင် သူတို့ သုံးဦးလုံး တားဆီး ခံလိုက်ရပြီးနောက် အနောက်ရေဘုရင်က ထွက်ကြိုသည်။
ဟူအာ ချင်းရန်နတ်မင်းအား အနားကပ်၍ တီးတိုးမေးလိုက်သည်။
“ဒီအနောက် ရေနန်းတော်က နဂါးလား၊ ငှက်လား”
“သူတို့တွေက ချီလင်ရဲ့ သွေးကွဲမျိုးဆက်တွေ ဖြစ်သွားတယ်၊ ချီလင်က အဲဒီတုန်းက အနောက်ပိုင်းရေနဂါးတွေကို သတ်ပစ်လိုက်ပြီးတော့ အနောက်ရေမင်းသမီးလက်ထဲကို အနောက်ပင်လယ်ကို ထည့်ပေးခဲ့တာလေ”
“ဒါဆို သူတို့တွေရဲ့ မူလသဏ္ဌာန်က ဘယ်လိုမျိုး သတ္တဝါအမျိုးအစားလဲ”
ဟူအာ မေးလိုက်မိသည်။
“ဦးချိုတစ်ချောင်းနဲ့ အတောင်ပံပါပြီးတော့ အမြီးတိုတဲ့ နဂါးမကျ ချီလင်မကျ အမျိုးအစားပဲ နာမည်ပြောင်က ချီလုံလို့ ခေါ်တယ်”
“ရုပ်ဆိုးမှာပဲ”
“တကယ်ဆိုရင် စစ်မှန်တဲ့ ချီလုံတွေက ကောင်းကင်နတ်တစ်ပါးလောက်မက စွမ်းအား ကြီးရမှာ ဒါပေမဲ့ အဲဒီချီလင်ကို စီရင်ပြီးတဲ့နောက်မှာ အနောက်ပင်လယ်ရဲ့ ရေမင်းသမီးနဲ့ သူ့မျိုးဆက်တွေကို ပုန်ကန်လိုက်ကြပြီးတော့ သွေးဝေးတဲ့မျိုးဆက်က အနောက်ပင်လယ်ကို လုယူလိုက်တယ်လေ၊ သူတို့တွေက ချီလင်နဲ့ နဂါးပေါင်းစပ်ထားတဲ့ မျိုးဆက်လောက် အားမကောင်းတော့ဘဲနဲ့ နဂါးတစ်ကောင်လောက်တောင် စွမ်းအားမရှိတော့ဘဲ နိမ့်ကျသွားတယ်၊ ဒါကြောင့်မို့ သူတို့က အခုထိ ကောင်းကင်နန်းတော်ရဲ့ အုပ်ထိန်းမှုအောက်မှာ ငြိမ်ဝပ်ပိပြားစွာ နေနေခဲ့တာပေါ့”
“မဟုတ်ရင် သူတို့က ပုန်ကန်ပြီးနေပြီ လို့ ပြောချင်တာလား”
ဟူအာ ပြောလိုက်တော့ ချင်းရန်နတ်မင်းက ခေါင်းခါယမ်းပြသည်။.
“တကယ် ဟုတ်နေတယ် ဆိုရင်တောင်မှ ပြောသင့်တာ မပြောသင့်တာ ဆိုတာ ရှိတယ် ကောင်လေး၊ မှားနေတယ် ဆိုရင်တောင်မှ ပြောရမယ်ဆိုရင် ပြောကို ပြောရမှာပဲ”
“ခင်ဗျားတို့ ကောင်းကင်နတ်တွေက တကယ် စိတ်ရှုပ်ဖို့ ကောင်းတာပဲ”
“ဟုတ်တယ်လေ ကောင်းကင်နတ်တွေ ဆိုတဲ့အထဲမှာ မင်းကလည်း မင်းသားငယ်တစ်ပါး ဆိုတာကို မမေ့လိုက်နဲ့”
အနောက်ပင်လယ် ရေဘုရင်ထံသို့ ရောက်သွားသည်တွင် ထိုရေနေဘုရင်က ငယ်ရွယ်သေးမှန်း ဟူအာ သိရှိလိုက်ရသည်။ ထိုရေနေဘုရင်က နုပျိုကာ သွက်လက်သေးသည်။ တောင်ပိုင်းရေဘုရင်တောင်မှ ထိုသူနှင့်ယှဉ်လျှင် အသက်အရွယ်ကြီးရင့်သည်ဟု ဆိုနိုင်ပေ၏။
“အနောက်ရေနန်းတော်က်ို ကောင်းကင်နန်းတော်က မင်းသားသုံးပါးတောင်မှ လာရောက် လည်ပတ်တာ ဆိုတော့ ကျွန်တော် အောမင် ကံကောင်းလွန်းလှပါပြီ”
“ဘယ်ကသာ ကျွန်တော်တို့က ကျွန်တော်တို့ အိမ်ရဲ့နတ်ငယ်လေးကို ဗဟုသုတ ဖြစ်ရုံ လိုက်ပြပေးတာပါ”
အိမ်ရှေ့မင်းသား၏ တစ်ဖက်ခြမ်းတွင် ထိုသို့သော မျက်နှာတစ်ချက် မတွန့်စေဘဲ လိမ်လည်မှုမျိုးကလည်း ရှိသေးဟန် ပေါ်၏။
“အောမင် အိမ်ရှေ့မင်းသား၊ ချင်းရန်နတ်မင်းနဲ့ မင်းသားငယ်ကို အရိုအသေပြုပါတယ်”
“ကိစ္စမရှိပါဘူး၊ တစ်ခု ရှိတာက အနောက်ပင်လယ်က အေးချမ်းရဲ့လား”
ချင်းရန်နတ်မင်းက ထိုမေခွန်းကို မေးလိုက်သည်နှင့် ထိုအနောက်ရေဘုရင်၏ အမူအရာက အနည်းငယ်မျှ အံ့သြသွားဟန်ဖြင့် ပြန်မေးလာ၏။
“ချင်းရန်နတ်မင်းက ဘယ်လို သတင်းစကားကိုများ ကြားသိရလို့ ဒီအထိ ရောက်လာပြီးတော့ ဒီလို မေးခွန်းမျိုးကို မေးရတာလဲ ဆိုတာကို ကျွန်တော်မျိုး အောမင် မတွေးနိုင်ဖြစ်ရပါတယ်၊ တကယ်လို့များ အရှင့်သားတို့မှာ နည်းလမ်း ရှိရင် ကျွန်တော်မျိုးကို သင်ပြပေးနိုင်ပါတယ်”
ထိုအမူအရာနှင့် အပြောအဆိုက ထိုသူထံတွင် မည်သည့်အပြစ်မှ မရှိဟု ထင်မြင်ရစေသည်။ သို့သော် ထိုသို့ ဖြစ်နေသည့်တိုင် ဟူအာက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
“မရှိပါဘူး၊ အနောက်ပင်လယ် ရေဘုရင်ကို ချင်းရန်က ဘယ်လို လုပ်ပြီးတော့ သင်ကြားပြသပေးနိုင်မှာလဲ အနောက်ပိုင်းပင်လယ်ကို ဆွေးနွေးဖို့ ရှိတာက အိမ်ရှေ့မင်းသားပါ”
ချင်းရန်နတ်မင်း၏ ကျင်လည်စွာ လွဲချမှုကို ဟူအာ ထပ်မံ မြင်တွေ့လိုက်ရလေသည်။ သို့သော် အိမ်ရှေ့မင်းသားက ထိုကိစ္စကို မငြင်းပယ်ပေ။ ထိုအစား ချင်းရန်နတ်မင်းနှင့် ဟူအာဘက်သို့ လှည့်ပြီး ပြောလာ၏။
“ကျွန်တော်က အနောက်ပင်လယ်ရေဘုရင်နဲ့ ဆွေးနွေးဖို့ ရှိလို့ ရောက်လာပေမဲ့ ဟူအာကတော့ အလည်အပတ် သတ်သတ်မို့ ဦးရီးတော်နှစ် ကိုပဲ အနှောင့်အယှက် ဖြစ်စေရပါပြီ”
×paid Group/ Paid Docs ရွိပါတယ္။ Bioမြာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။