unicode
ဒီနေ့ နှစ်ပိုင်းပါနော်......
အခန်း ၉၀+၉၁
အခန်း ၉၀
ဟူအာ၏ ဆိုလိုရင်းကို ချင်းရန်နတ်မင်းက သိရှိပြီးဟန် တူသည်။ သို့သော် မေးခွန်းသာ ပြန်မေးလာ၏။
“မင်း ပြောကြည့်လေ၊ ဒါကို ဘယ်လို ဖြေရှင်းမလဲ”
“စိမ့်စမ်းပြာရေအိုင်က ရေက တစ်လောကလုံးမှာ နတ်စွမ်းအားနဲ့ အသက်ဓာတ် အပြည့်ဝဆုံးပဲ အဲရေကို သုံးပြီးတော့ စိုက်ပျိုးမယ် ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
“ဒါဆို မင်း ဆက်ပြောကြည့်လေ ကျိုးရင်းနတ်ဘုရားမရဲ့ ပစ္စည်းကို ဘယ်သူက ထိရဲမှာလဲ”
“နည်းနည်းတောင် မကြိုးစားကြည့်ဘဲနဲ့ ဘယ်လို သိနိုင်မှာလဲ၊ ပြီးတော့ စိမ့်စမ်းပြာအိုင်က ရေက နတ်ဝိညာဉ်ကိုတောင် ကုသနိုင်တယ်လို့ ကြားဖူးတယ်”
“သေချာတာပေါ့၊ နတ်ဝိညာဉ်ကို ကုသနိုင်ရုံတင်တောင် မဟုတ်ဘူး၊ နတ်ခန္ဓာကိုယ်နဲ့ နတ်ဝိညာဉ် မကွဲကွာသွားအောင် ထိန်းသိမ်းထားဖို့ နည်းလမ်းတောင်မှ ကျိုးရင်းနတ်ဘုရားမက ရှာတွေ့သွားသေးတယ်”
“ဒါဆိုရင် ဘာလို့ မတောင်းဆိုကြည့်တာလဲ”
“ဘယ်သူ ပြောတာလဲ မတောင်းဆိုဘူးလို့၊ ငါကိုယ်တိုင် အိမ်ရှေ့မင်းသားဆီကို သွားပြီးတော့ တောင်းဆိုခဲ့တယ်”
ချင်းရန်နတ်မင်းက ခေါင်းယမ်းသည်။
“အိမ်ရှေ့မင်းသားက ကျိုးရင်းနတ်ဘုရားမဆီကို မျိုးနွယ်စု အကြီးအကဲတွေ ကိုယ်တိုင် တောင်းဆိုလိုက်ပါလို့ ပြောလာတယ်”
ဟူအာ နားမလည်နိုင်စွာ ပြန်မေးလိုက်မိသည်။
“သွားတောင်းဆိုလိုက်သလား”
“ဘယ်သူက သွားပြီးတော့ တောင်းဆိုရဲမှာလဲ၊ ကြယ်တာရာမျိုးနွယ်က ကျိုးရင်းနတ်ဘုရားမကို အပြစ်လုပ်ထားမိတယ်လေ၊ ပြီးတော့ ကျိုးရင်းနတ်ဘုရားမ ဆိုတာက သူ့ကိုယ်ပိုင် ကစဉ့်ကလျား စည်းမျဉ်းတွေနဲ့ နေတာ၊ သူ စိတ်ဆိုးသွားမလား ဒါမှမဟုတ် စိတ်မဆိုးသွားနိုင်ဘူးလား ဆိုတာကို ဘယ်သူမှ မစမ်းသပ်ချင်ဘူး၊ ကျိုးရင်းနတ်ဘုရားမသာ စိတ်ဆိုးသွားရင် ကြယ်တာရာနတ်ဒေသလို ဒေသငယ်လေးက ချက်ချင်း ပျောက်ကွယ်သွားနိုင်တယ်လေ”
“ကျွန်တော် နားလည်ပြီ”
“ဒါဆို ကောင်းကင်မင်းကြီးက ဘာလို့ မင်းလက်ထဲကို ဒီဒေသကို ထည့်ပေးလိုက်တာလဲ ဆိုတာကို မင်း သိလောက်ပြီလို့ ထင်ပါတယ်”
“သူက အလွယ်လိုက်တာပဲ၊ တခြားနည်းလမ်းနဲ့ အဖြေရှာဖို့ မကြိုးစားဘဲနဲ့ အရွယ်မရောက်သေးတဲ့ နတ်တစ်ပါးကို သူ့အမေနဲ့ ရန်ဖြစ်ရအောင် လုပ်နေတာ”
“အဟွတ်.. အဟွတ်.. မင်း သူ့ကို ဝေဖန်နေတာကို နားလည်ပေမဲ့ ငါက သူ့သားတော်တစ်ပါး ဆိုတာကို မမေ့ပစ်လိုက်နဲ့လေ”
ဟူအာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလိုက်မိသည်။
“ကျွန်တော် တကယ့်ကို ခင်ဗျားက သူ့သားတော် ဆိုတာကို မေ့ပစ်လိုက်ချင်တယ်”
ဟူအာ ပြောလာခဲ့သည့် စကားကို ချင်းရန်နတ်မင်းက ခေါင်းညိတ်ထောက်ခံပြီး ခပ်တိုးတိုး ညည်းညူ၏။
“ငါရောပဲ မေ့ပစ်လိုက်ချင်တယ်”
“ကျွန်တော် ရှင်သန်ခြင်းကျောင်းတော်ကို သွားချင်တယ်”
ဟူအာ၏ တောင်းဆိုချက်ကို ချင်းရန်နတ်မင်းက တအံ့တသြ ဖြစ်သွား၏။ သို့သော် ခေါင်းညိတ်ပြသည်။
“ကောင်းသားပဲ မဟုတ်လည်း မင်းက ကျိုးနတ်မျိုးနွယ်တွေကို လိုက်ပြီးတော့ ဂါရဝပြုရမယ် မဟုတ်လား”
“လုံဆစ်..”
ခုနတုန်းက အနောက်ဘက်တွင် ကျန်နေခဲ့သော လုံဆစ်ကို လှမ်းခေါ်လိုက်သည်။ လုံဆစ်က ခဏအတွင်း သူ့မျက်စိရှေ့သို့ ရောက်လာ၏။ ဟူအာ ချက်ချင်းပင် ကောင်းကင်နဂါးများ၏ အကြားအာရုံကို စူးစမ်းလိုစိတ် ဖြစ်သွားသည်။ သို့သော် ထုတ်မမေးလိုက်ပေ။
“ငါတို့ ရှင်သန်ခြင်းတောင်ကို သွားမယ်”
“ကောင်းပါပြီ မင်းသားငယ်”
ရှင်သန်ခြင်းတောင်က အရှေ့ပိုင်းပင်လယ်နှင့် တောင်ပိုင်းပင်လယ်အကြားတွင် တည်ရှိသည်။ ထို့အတွက် ကြယ်တာရာဒေသနှင့် ခရီးအကွာအဝေးက သိပ်လှမ်းသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုစကားက တန်ခိုးကြီးနတ်များအတွက်မူ ထိုသို့ မဆိုနိုင်ပေ။
နတ်စွမ်းအား မြင့်မားသော နတ်မင်းတိုင်း၏ အခြေခံစွမ်းရည် ဖြစ်သော ခုန်လွှားနိုင်စွမ်းမှာ တစ်ချက်မျှ စိတ်ညွှတ်လိုက်ရုံဖြင့် အနိမ့်ဆုံးမှာ မိုင်တစ်သောင်းအထက် ရှိသည်။ ထို့အပြင် သာမန် ကောင်းကင်နတ်တိုင်း၏ အနိမ့်ဆုံး ခုန်လွှားနိုင်စွမ်းမှာ မိုင်သုံးထောင်အထက်ရှိသည်ဟု ဆိုနိုင်သည်။
လက်ရှိတွင် ဟူအာသည်လည်း တစ်ကြိမ် ခုန်လွှားနိုင်မှုမှာ မိုင်တစ်သောင်း အထက်ရှိ၏။ တကယ်တမ်းတွင် ဟူအာ၏ ပုံမှန်ခုန်လွှားနိုင်မှုမှာ မိုင်တစ်သိန်းနှင့်အထက် ရှိသည်။ ထို့ကြောင့် ထိုအကွာအဝေးသည် ဟူအာ နှစ်ကြိမ်မျှသာ စိတ်ညွှတ်ရန် လိုအပ်သော အကွာအဝေးဟု ဆိုနိုင်သည်။
ရှင်သန်ခြင်းကျောင်းတော်သို့ သွားသည့် မိုင်ပေါင်းများစွာသော အကွာအဝေးက ဝေးလွန်းသည်ဟု မဆိုနိုင်ဘဲ နေ့တစ်ဝက်စာ မကြာမီပင် ရောက်ရှိသွားနိုင်၏။
ဟူအာ၊ လုံဆစ်နှင့် ချင်းရန်က ရှင်သန်ခြင်းကျောင်းတော်သို့ ခြေချမိသည်နှင့် ကျောင်းတော်သားများက အရှေ့သို့ ထွက်လာပြီး ကြိုကြသည်။ သို့သော် ဟူအာအတွက် ရှင်သန်ခြင်းကျောင်းတော်က အမှတ်ရဖွယ် ကောင်းသော အမှတ်တရများ များများစားစား မရှိပေ။
သုံးနေရာခွဲခြားထားသော ကျောင်းတော်၏ ကျောင်းဆောင်များကို ကြည့်လိုက်ပြီးနောက် ဟူအာ မျက်နှာလွဲလိုက်သည်။ ချင်းရန်နတ်မင်းက အဝေးမှ လျှောက်လာသော နတ်သားတစ်ပါးကို လှမ်းကြည့်လိုက်ပြီး လက်အထဲတွင် ပေါ်လာသော ဒေါင်းမြီးယပ်တောင်ကို တဖြတ်ဖြတ် ခတ်သည်။
“ကျိုးရန်.. မင်း ဒီလောက်တောင် အသက်ကြီးနေပြီ ဘာလို့ ဒီလို အမတကျောင်းတော်သားလိုမျိုး ဝတ်ဆင်နေရသေးတာတုန်း..”
ထိုနတ်သားကို ကျိုးရန်လို့ လှမ်းခေါ်လိုက်မှ ထိုသူက ကျိုးလျန်နတ်မင်း၏ အကြီးဆုံးသား ဖြစ်မှန်း အမှတ်ရလိုက်မိသည်။ နေမင်း၏ရောင်ခြယ်စာသင်ဆောင်မှ ထိုနတ်သားက ဟူအာ ကျောင်းတက်သည့် အချိန်ကာလအတွင်း၌ပင် အတော်လေး နာမည်ထင်ရှားသည်ဟု ဆိုနိုင်သည်။
ဆိုရလျှင် လက်ရှိတွင် ဟူအာနှင့် ထိုသူက တစ်ဝမ်းကွဲ ညီအစ်ကိုတော်သည်ဟု ဆိုနိုင်သည်။ ကျိုးရန်နတ်သားက ချင်းရန်နတ်မင်းအရှေ့တွင် အရိုအသေပေးလိုက်သည်။
“အဘိုးတော် ဒီကို ကိစ္စရှိလို့လား ကျိုးရန် ဘာများ ကူညီပေးရမလဲ”
ကျိုးရန်နတ်သားက အသက်အားဖြင့် တွက်လျှင် နှစ်တစ်သိန်းရှိပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် အသက်ငယ်သေးသည်ဟု မဆိုနိုင်တော့ပေ။
နတ်တစ်ပါး၏ သက်တမ်းမှာ နှစ်တစ်ထောင်နေလျှင် အိမ်ထောင်ပြုရန် အရွယ်ရောက်ပြီဟု ဆိုနိုင်သည်။ သို့သော် ရင့်ကျက်ချိန် ရောက်ပြီဟု မဆိုနိုင်သေးပေ။ အသက်ငါးသောင်း ကျော်လွန်လျှင် ထိုကောင်းကင်နတ်တစ်ပါး ရင့်ကျက်ချိန် ရောက်ပြီဟု သတ်မှတ်လေ့ ရှိသည်။
ထို့ကြောင့် ဆိုရလျှင် ကျိုးရန်နတ်သားက နတ်မင်းအဆင့်သို့ မရောက်သေးသည့်တိုင် ရင့်ကျက်သော နတ်တစ်ပါးဟု ဆိုရန် လုံလောက်ပေသည်။
“ဒီကောင်လေးလေ.. သူက ဒီမှာ ကိစ္စရှိတယ်လို့ ဆိုလို့ ရောက်လာတာ၊ ငါက လိုက်ကူရုံလောက်ပါပဲ”
အမှန်တကယ် ဆိုရလျှင် ထိုနှစ်တစ်ထောင်သားလေးက ကြယ်တာရာဒေသ၏ အရေးကိစ္စအား ဖြေရှင်းပေးမည်ကို ချင်းရန်က စောင့်ကြည့်လိုခြင်းလည်း ပါဝင်သေး၏။
“အစ်ကိုဝမ်းကွဲ ကျွန်တော်က ဒီကို ကျိုးလျန်နတ်မင်းနဲ့ တွေ့ဆုံချင်လို့ ရောက်လာတာပါ”
“အဖေလား.. သူ.. ရေခဲချောက်ကို ပြန်သွားတယ်၊ ဒီနှစ်ပိုင်းအတွင်း အမေက မွေးဖွားဖို့ ရှိနေလို့ ဒီကျောင်းကို ဒုကျောင်းအုပ်နဲ့ လွဲထားခဲ့တယ်”
“ကျွန်တော် ဒုကျောင်းအုပ်နဲ့ တွေ့ခွင့် ရနိုင်မလား”
ကျိုးရန်နတ်သားက ဟူအာကို စိုက်ကြည့်လာပြီးနောက် ယဲ့ယဲ့လေး ပြုံး၏။ ပြီးနောက် ခေါင်းညိတ်ပြသည်။
“ဒါဆို အနောက်ကို လိုက်လာပေးပါ”
စာသင်ဆောင်များ ရှိနေသော တောင်ထိပ်များကို ဖြတ်ကျော်သွားပြီးနောက် အပင်ငယ်လေးများ ရှိနေသည့် အိမ်ငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။ ထိုအိမ်ငယ်လေး၏ နဘေးတွင် အပြာရောင်ညစ်ညစ် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပင်ငယ်များကို စိုက်ပျိုးနေသော ထိုနတ်သားတစ်ပါး ရှိနေသည်။
အခန်း ၉၁
ထိုတောင်ကုန်းငယ်လေးက ဆေးပင်များဖြင့် ပြည့်နေခြင်း ဖြစ်ပြီး ထိုနတ်သားက ကောင်းကင်၏ အရှိန်အဝါ အနည်းငယ် ရှိသော်လည်း ကြည့်ရသည်မှာ အမတဘုံမှ နတ်အဆင့် ကျင့်ကြံမှု အောင်မြင်သွားသူ တစ်ဦးသာ ဖြစ်ဟန်တူသည်။
ဆံပင်များက အမည်းနှင့် အဖြူရောနှောနေပြီး အဝါရောင် ဆံနွယ်တချို့ကလည်း ရှိသေးသည်။ ထိုနတ်သားက သေမျိုးသက်လတ်ပိုင်း အရွယ်ရှိသည်။ ထိုသူ၏ မျက်ဝန်းများက တည်ငြိမ်ပြီး နှုတ်ခမ်းများက ပြုံးနေသည်။
မျက်ခုံးများက ကွေးကိုင်းနေသော်လည်း မျက်နှာပြင်တစ်ခုလုံး၏ တည်ငြိမ်မှုကို အထောက်အပံ့ ပေးနေသည့်နှယ်။ ရှည်သွယ်သော ပါးရိုးနှင့် စင်းမွတ်နေသော နှာခေါင်းများက တင့်တယ်မှုကို ယူဆောင်ပေးထားသည်။
ဆိုရလျှင် အသက်ကြီးနေသည်မှာ သေချာနေသော်လည်း ရုပ်ရည်အားဖြင့် ထိန်းသိမ်းထားနိုင်သူဟု ဆိုနိုင်၏။
“ဆရာကြီး.. ကျောင်းကို လာရှာတဲ့သူ ရှိလို့ပါ၊ ရှင်သန်ခြင်းဆေးတောင်ကုန်းကို ဝင်လာဖို့ ဖိတ်လို့ ရနိုင်မလား”
ကောင်းကင်၏ သတ်မှတ်ချက် အရဆိုလျှင် ထိုအမတဘုံမှ အဆင့်တက်လာသော နတ်သည် ကောင်းကင်ဘုံမှ နတ်မင်း၏ သားဖြစ်သော ကျိုးရန်နတ်သားထက် အဆင့်နိမ့်ကျမည် ဖြစ်သည်။ သို့သော် ကျိုးရန်နတ်မင်းက တလေးတစားဖြင့် ဆက်ဆံသည်။
“ကောင်းပြီ ကျောင်းသားကျိုး.. မင်းက ငါ့ကို အားနာရအောင်ကို နိမ့်ချနေတော့တာပဲ၊ သူတို့က ကောင်းကင်နန်းတော်ကဆိုရင် ဒီကို လာတာ ကျိန်းသေပေါက်ကို ကိစ္စတစ်ခုခုတော့ ရှိမှာပဲ ငါက ငြင်းနိုင်တာမျိုးလည်း မဖြစ်လောက်ဘူး၊ ဒီတော့ မြန်မြန်ဝင်လာပါစေ”
“ကောင်းပါပြီ ဆရာကြီးရွှီ..”
“ရွှီ..”
ဟူအာ လိုက်ပြောလိုက်မိသည်။ ရွှီမျိုးနွယ်နာမည်ဖြင့် အမတဘုံမှ နတ်အဖြစ်ရောက်သွားဖူးသော ဒဏ္ဍာရီလာ အကြောင်းအရင်းတချို့ကို ဟူအာ မှတ်မိလိုက်သည်။ ကောင်းကင်ပြည်မှ နတ်ဆေးသမားတော်နှင့် အဆင့်တူသည့် အမတဘုံမှ နတ်ဖြစ်ကျင့်ကြံသူ၊ ရွှီစုန့်။
ဟူအာ ဆေးပင်များ ဝိုင်းရံနေသော ထိုတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် မေးလိုက်သည်။
“ဆရာကြီးက နတ်သားရွှီစုန့်များလား..”
ထိုရွှီမျိုးရိုးဖြင့် ဆရာကြီးက ဟူအာကို လှည့်ကြည့်လာပြီးနောက် ပြောသည်။
“မင်း ငါ့ကို သိတာလား”
“ကျွန်တော် သိပါတယ်”
ဟူအာ ပြောလိုက်တော့ ထိုနတ်သားက ဟူအာကို တည့်မတ်စွာ စိုက်ကြည့်လာ၏။
“မင်းလို ကောင်းကင်အရှိန်အဝါနဲ့ ပြည့်စုံနဲ့ နတ်သားတစ်ပါးက ငါ့ကို မြင်လိုက်ပြီးတော့ သိတယ်လို့ ဝမ်းသာအားရ ပြောတာကို ပထမဆုံး အကြိမ် ကြားရတာပဲ”
“ကျွန်တော်က အရှေ့ပင်လယ်အနားက ပိုင်ဒေသမှာ ကြီးပြင်းလာတာပါ၊ ငယ်တုန်းက ကြားခဲ့ရတဲ့ ပုံပြင်တွေ အများကြီးထဲမှာ ရွှီစုန့်နတ်သားအကြောင်း ပါတယ်”
“မြေပြင်နတ်မဟုတ်၊ ပင်လယ်နတ်မဟုတ်တဲ့.. ပိုင်မျိုးရိုးလား..”
ထိုနတ်သားက ဟူအာ ပြောလိုက်တာကို အထအနကောက်ပြီး ပြန်မေးသည်။ ဟူအာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်.. ရွှီစုန့်နတ်သားရဲ့ ဒဏ္ဍာရီတွေက ကျွန်တော်တို့လို နတ်ငယ်လေးတွေအတွက် သည်းခြေကြိုက်ပဲ၊ ကိုးလက်မရှိတဲ့ ဓားမြှောင်နဲ့ သားရဲတွေကို နှိမ်နင်းခဲ့တာ၊ ပြီးတော့ မိန်းမလှလေးကို သဘောကျလို့ နတ်စစ်သူကြီးကို စိန်ခေါ်ခဲ့တာ၊ ပြင်းထန်တဲ့ ကောင်းကင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ အနိုင်ရခဲ့တာ”
ထိုစကားများကို ကြားတော့ ရွှီစုန့်နတ်သားက တစ်ချက်ပြုံး၏။
“သူက မိန်းမလှလေး မဟုတ်ပါဘူး၊ ပြီးတော့ အဲဒီတုန်းက ငါ့အသက် နှစ်တစ်သောင်းဝန်းကျင်ပဲ ရှိအုံးမှာ ဆိုတော့ မင်းတို့လူငယ်တွေကို ဟာသ ဖြစ်စေပါပြီ”
“မင်းတို့ ထိုင်ကြအုံးလေ၊ ငါက ဒီမှာ ကျိုးလျန်နတ်မင်း မရှိတဲ့အချိန် ခဏလောက် တချို့ ဆုံးဖြတ်ရခက်တာလေးတွေ လုပ်ပေးရုံလေးပါပဲ”
တဲအိမ်ငယ်လေး နဘေးတွင် ကျောက်စားပွဲတစ်လုံး ရှိပြီး ထိုင်ရန်နေရာများ ပြုလုပ်ထားသည်။ ကျောက်စားပွဲက ထူးဆန်းခြင်း မရှိသော်လည်း ထိုင်ရန်နေရာများကတော့ ထိုသို့ မဟုတ်ပေ။ ကြည့်လိုက်သည်နှင့် ကောင်းကင်မှ ဆင်ယင်ထားသည့် အဆင်တန်ဆာမှန်း သိသာလှစွာ နတ်အသက်ဓာတ်က ကြွယ်ဝလှ၏။
“ဒီကျောက်ခုံတွေက..”
ကျောက်ဆိုင်ကျောက်သားဖြင့် သုံးမြှောင့်သဏ္ဌာန်ရှိသော်လည်း ထိုခုံများက ကြည့်ရသလောက် ဆန်းကျယ်နေသည်ဟု သိနိုင်သည်။ ဟူအာက ထိုနေရာတွင် ဝင်ထိုင်လိုက်သော်လည်း ချင်းရန်နတ်မင်းက မထိုင်သလို ကျိုးရန်နတ်သားကလည်း မထိုင်ပေ။
ရွှီစုန့်က တဲအိမ်ငယ်လေးထဲသို့ ဝင်သွားပြီးနောက် ဗန်းတစ်ခုကို ကိုင်ကာ ပြန်ထွက်လာ၏။ ပြီးနောက် ကောင်းကင်မှ နတ်သုံးပါးအနက် တစ်ပါးသာ ထိုကျောက်ခုံတွင် ဝင်ထိုင်နေသည်ကို တွေ့လိုက်ရပြီး ပြုံးလိုက်သည်။
“ငါကတော့ အမြင်ကျယ်သွားပြီလို့ ပြောရမယ်၊ ဒီကျောက်ခုံတွေကို ကောင်းကင်က ဘယ်နတ်ကမှ မထိုင်ချင်ကြဘူး၊ မင်းကပဲ ငါ့ရဲ့ဧည့်ခံမှုကို လက်ခံရဲတယ်”
ထိုထိုင်ခုံများက ကောင်းကင်မှ ပေးထားသော ထိုင်ခုံများ ဖြစ်နေလျှင်ပင် ထိုင်ရန်မရဲဆိုသော စကားကတော့ ဆန်းကျယ်နေသည်။ ဟူအာ ထိုင်လိုက်ပြီးမှတော့ ပြန်ထရန် မတွေးတော့ပေ။ ထို့ကြောင့် စကားတစ်ခွန်းကို ပြောလိုက်သည်။
“အရာဝတ္ထုတွေက နေရာဒေသအလိုက် အသုံးပြုရတာမျိုးပါပဲ၊ ရေကို ချိုးလို့လည်း ရသလို သောက်လို့လည်း ရသလိုပေါ့၊ သောက်ရေအိုးက ရေကို ချိုးဖို့အတွက် အသုံးပြုဖို့ မသင့်တော်ဘူး ဆိုပေမဲ့ အဲဒီရေကို ရေချိုးကန်ထဲ ထည့်လိုက်ရင်တော့ ဒါက မတူညီတဲ့ သဘောတရား ဖြစ်သွားပြီလို့ ဟူအာ ထင်ပါတယ်”
ဟူအာက ထိုသို့ ပြောပြီးနောက် ချင်းရန်နတ်မင်းကို ငဲ့စောင်းကြည့်လိုက်သည်။ ချင်းရန်နတ်မင်းက ထိုကျောက်ခုံတွင် ဝင်ထိုင်ပြီးနောက် ချီးကျူးပြောလာ၏။
“မင်း တော်တယ်၊ မင်းက တကယ့်ကို မင်းအမေရဲ့ ဗရုတ်ဗရက်ကိုရော မင်းအဖေရဲ့ မရအရ ကျိုးကြောင်းဆက်စပ်မှုမျိုးကိုပါ အမွေခံအဖြစ် ရထားနိုင်တာပဲ၊ ကောင်းကင်ပြည်သမားတော်ရဲ့ ဆေးကြိတ်ခုံတွေကို ထိုင်ဖို့ ကောင်းကင်နတ်တွေကို အကျိုးအကြောင်းသင့် အကြောင်းပြချက် ပေးရဲတယ်”
“ဆေးကြိတ်ခုံ”
နောက်ဆုံးတော့ ဟူအာ နားလည်သွား၏။ ထိုကျောက်ခုံများက အနည်းငယ် ထူးဆန်းနေခြင်းမှာ ဆေးကြိတ်ခုံများကို မှောက်၍ ထိုင်ခုံအဖြစ် သုံးထားခြင်းသာ။
“အင်း ဒါက ကောင်းကင်ပြည်ကနေ နတ်ဆေးသမားတော် ပြိုင်ပွဲအတွက် ဆုအဖြစ် ချီးမြှင့်တဲ့ ဆေးကြိတ်ခုံတွေလေ”
“အာ.. တန်ဖိုးရှိတဲ့ အရာတွေကို သေသေချာချာ သုံးထားတာပဲ”
ဟူအာ ထိုစကားမှလွဲ၍ ဆက်ပြောရန် စကားလုံးများ ကင်းမဲ့သွားပြီ ဖြစ်သည်။ ရွှီစုန့်က ဟူအာ ဖြစ်နေသည်ကို နားလည်စွာဖြင့် မေးမြန်းလာ၍သာ တော်တော့သည်။
“ဒီကို ကောင်းကင်နတ်တွေက ကျောင်းတော်သား အနေနဲ့ မဟုတ်ဘဲ ရောက်လာတယ် ဆိုတော့ အထူးတလည် ကိစ္စတချို့ ရှိမှာပဲ၊ ဘာကိုများ ရှာဖွေချင်တာလဲ မသိဘူး”
“ဟူအာ ရှင်သန်ခြင်း ကျောင်းတော်ကို ရောက်လာတာက မေးစရာ ကိစ္စလေး တချို့ ရှိလို့ပါ၊ နတ်စွမ်းအင်အတွက် အသက်ဓာတ်တွေကို အရာဝတ္ထုတွေကနေ စုပ်ယူလို့ ရတဲ့ နည်းလမ်းများ ရှိနိုင်မလားလို့ ဟူအာ လေ့လာချင်လို့ပါ”
ရွှီစုန့်က ထိုစကားကို အလေးအနက် တွေးတောဟန် တူ၏။ ချင်းရန်နတ်မင်းကလည်း တအံ့တသြ ဖြစ်သွားဟန် ရသည်။
“နတ်အသက်ဓာတ်တွေကို စုပ်ယူတယ် ဆိုတာက လူတွေ ကျင့်ကြံတဲ့ နည်းလမ်းလေ၊ ဒါကို နတ်တွေက စွမ်းအား တိုးတက်အောင် လုပ်တဲ့နေရာမှာ အသုံးပြုလို့ မရနိုင်ဘူး၊ မင်း ငါ့ကို ဘာတွေ လာမေးနေတယ် ဆိုတာရော သိရဲ့လား”
ရွှီစုန့်က ထိုသို့ မေးလာတော့ ဟူအာ ခေါင်းညိတ်လိုက်သည်။
“ကောင်းကင်ရဲ့သဘာဝလွန်မိုးကြိုးကိုးချက်ကို ခံယူနိုင်ပြီးလို့ နတ်ခန္ဓာအဆင့်ကို တက်သွားပြီး အမတနတ်တစ်ပါး ဖြစ်လာပြီ ဆိုရင်တောင်မှ နတ်ပစ္စည်းတွေကနေ နတ်အသက်ဓာတ် စုပ်ယူမှုကို ပြုလုပ်လို့ မရတော့ဘူး”
ဟူအာ ခေါင်းညိတ်ပြလိုက်မိသည်။ ဗန်းထဲတွင် ထည့်ထားသော မွှေးပျံ့ပျံ့လက်ဖက်ရည်တစ်ခွက်ကို လှမ်းယူလိုက်ပြီး တစ်ကျိုက်သောက်လိုက်၏။
“ဒါပေမဲ့ ကျွန်တော့်မှ အတွေးတစ်ခု ရှိတယ်”
ချင်းရန်နတ်မင်းကလည်း ထိုင်ပြီးမှတော့ မထူးတော့ဘူးဟု အတွေးဝင်ဟန် တူသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ကာ သောက်နေ၏။ ပြီးနောက် ဟူအာ ပြောလာမည့် စကားများကို အာရုံစိုက်နေခဲ့၏။
“အမတဘုံ ဆိုပြီး ဖြစ်လာတာက သေမျိုးတွေ ကျင့်ကြံနိုင်တာကို တလီရှီနတ်မင်းက ရှာတွေ့သွားတာကြောင့်လို့ ကောင်းကင်သမိုင်းမှတ်တမ်းမှာ တွေ့ရတယ်၊ ပြီးတော့ နတ်တွေရဲ့ အသက်ဓာတ်ကို စုပ်ယူနိုင်တဲ့ အတတ်ပညာကိုလည်း တလီရှီနတ်မင်းက တီထွင်နိုင်ခဲ့တယ်လို့ မှတ်တမ်းမှာ ရေးထားတယ်၊ ဒါပေမဲ့ ပြောရရင် တလီရှီနတ်မင်းက ကောင်းကင်နတ်မင်းတစ်ပါးလေ၊ သူက ဒီလို အတတ်ပညာကို တီထွင်နိုင်ခဲ့တယ် ဆိုတော့ ပြောရရင် သေမျိုးတွေကို ဒီလိုအတတ်ပညာတွေ မချပေးခင်မှာ သေချာပေါက် သူ ကိုယ်တိုင်ဖြစ်စေ တခြားနတ်တစ်ပါးပါး ဖြစ်စေ စမ်းသပ်ခဲ့မှာပဲ၊ မစမ်းသပ်ခဲ့ဘဲနဲ့ သေမျိုးတွေကို ဒီလို အတတ်ပညာတွေ ချပေးလိုက်တယ် ဆိုတာ မဖြစ်နိုင်ဘူးလေ”
ရွှီစုန့်က ထိုစကားကို တွေးဆနေဟန်ဖြင့် ခေါင်းညိတ်လိုက်မိသည်။ သို့သော်၊
“မင်း ပြောသလို ဖြစ်နိုင်ပေမဲ့ ကောင်းကင်နတ်တွေက သေမျိုးအတတ်ပညာကို သင်ယူလိုက်တာနဲ့ ဒါမှမဟုတ် အသုံးချလိုက်တာနဲ့ ကောင်းကင်ကနေ ချက်ချင်းသိပြီးတော့ တားမြစ်တဲ့ မိုးကြိုးအတွက် မန္တန်ထည့်သွင်းထားတယ်၊ နတ်တစ်ပါးက သေမျိုးတွေရဲ့ အတတ်ပညာကို သင်ယူလိုက်တာ ဒါမှမဟုတ် ရွတ်ဆိုလိုက်တာ အသုံးချလိုက်တာနဲ့ ကောင်းကင်မိုးကြိုးဖြူက အနိမ့်ဆုံး ငါးချက် ခံရမှာ၊ ထပ်ပြီး အလျော့မပေးဘဲ ဆက်ပြီး လေ့ကျင့်သင်ကြားတယ် ဆိုရင် ပိုပြီးတော့ ပြင်းထန်တဲ့ ကောင်းကင်မိုးကြိုးတွေ ခံရမှာပဲ သေမျိုးအတတ်ပညာကို မတတ်မြောက်သေးတဲ့ အချိန်မှာတင်ပဲ အဲဒီနတ်က သေဆုံးသွားမှာ မဟုတ်ဘူးလား”
ရွှီစုန့်က ပြောတော့ ချင်းရန်နတ်မင်းက ခေါင်းညိတ်သည်။ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးနောက် ဟူအာကို လှည့်ကြည့်လာသည်။ ကျိုးရန်နတ်သားက ထိုနေရာတွင် မတုန်မလှုပ် ရပ်နေဆဲ ဖြစ်၏။
“တားမြစ်ထားတာ ဟုတ်တယ်၊ တားမြစ်ထားတာ ဆိုပေမဲ့ မတားမြစ်ထားနဲ့ နည်းလမ်းများ ရှိနိုင်မလား ဆိုတာကို ဟူအာက ရှင်သန်ခြင်းကျောင်းတော်က စာကြည့်တိုက်တွေမှာ ရှာဖွေချင်လို့ပါ”
“မရှိဘူး၊ ဒီလို မန္တာန်နဲ့ တားဆီးထားတယ် ဆိုမှတော့ အဲဒီအတတ်ပညာမျိုးကို ရှေးဟောင်းနတ်တွေက ဖယ်ရှားပြီးသားပဲ ဖြစ်လိမ့်မယ်၊ အထူးသဖြင့် ဒီလို သေမျိုးနဲ့ နတ်တွေ ရောနေတဲ့ ကျောင်းမှာတော့ အဲဒီအတတ်ပညာနဲ့ သက်ဆိုင်တာမျိုးကို ထားခဲ့မှာ မဟုတ်ဘူး”
“မရှိဘူးလို့ ထင်ရတဲ့ နေရာက အဖြစ်နိုင်ဆုံးဆိုတာလည်း ရှိသေးတော့ ဟူအာ ဒီက စာကြည့်တိုက်က စာအုပ်လေးတွေကို လေ့လာဖို့ ကျောင်းရဲ့တာဝန်ရှိသူတွေကို တောင်းဆိုချင်ပါတယ်”
“အကုန်လုံးကို စစ်ဆေးဖို့လား”
ဟူအာ ခေါင်းညိတ်လိုက်သည်။ ရွှီစုန့်က တစ်ခဏမျှ တွေးလိုက်ပြီးနောက်၊
“ကျောင်းအုပ်ရယ် စာကြည့်တိုက်စောင့် အကြီးအကဲရယ်၊ ငါရယ် သုံးယောက် သေချာဆွေးနွေးပြီးရင် မင်းဆီကို အကြောင်းပြန်ပါ့မယ်”
“ရွှီစုန့်အကြီးအကဲကို ကျေးဇူးတင်ပါတယ်”
ဟူအာ ထွက်သွားရန် ပြင်လိုက်တော့ လုံဆစ်က အနားသို့ ရောက်လာ၏။
“အရှင့်သား အရှင့်သား ပြင်ခိုင်းထားတဲ့ ပဏ္ဍာတွေက အဆင်သင့်ပါပဲ ပြီးတော့ ဒီနေရာနဲ့ ပိုင်ဒေသနဲ့က နီးတော့ အရှင့်သား အပြန်မှာ ဝင်ချင်သလားလို့”
ဟူအာ လက်သီးအနည်းငယ် ဆုပ်လိုက်မိ၏။ စိတ်ထဲတွင် ပြင်ဆင်ထားသည်။ အမှန်တကယ်လည်း ယနေ့တွင် ပိုင်ဒေသသို့သွားကာ နှုတ်ဆက်စကား ဆိုရမည် ဖြစ်သည်။ ပြီးလျှင် တစ်ပတ်အတွင်း ကျိုးမျိုးနွယ်များနှင့် တွေ့ဆုံပြီး သူက ကျိုးမျိုးနွယ်နှင့် များစွာ ဆက်နွယ်နေသည့် အကြောင်းကို ကြေညာရမည် ဖြစ်၏။
သည်တစ်ပတ် ကျော်လွန်ပြီးလျှင် သူက ကောင်းကင်မင်းကြီး၏ အဆက်အနွယ် မင်းသားတစ်ပါးအဖြစ် သတ်မှတ်သည့် ပွဲတော် ကျင်းပပေးမည် ဖြစ်သည်။
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။
zawgyi
ဒီေန႔ ႏွစ္ပိုင္းပါေနာ္......
အခန္း ၉၀+၉၁
အခန္း ၉၀
ဟူအာ၏ ဆိုလိုရင္းကို ခ်င္းရန္နတ္မင္းက သိရွိၿပီးဟန္ တူသည္။ သို့ေသာ္ ေမးခြန္းသာ ျပန္ေမးလာ၏။
“မင္း ေျပာၾကည့္ေလ၊ ဒါကို ဘယ္လို ေျဖရွင္းမလဲ”
“စိမ့္စမ္းျပာေရအိုင္က ေရက တစ္ေလာကလုံးမွာ နတ္စြမ္းအားနဲ႔ အသက္ဓာတ္ အျပည့္ဝဆုံးပဲ အဲေရကို သုံးၿပီးေတာ့ စိုက္ပ်ိဳးမယ္ ဆိုရင္ မျဖစ္နိုင္တာေတာ့ မဟုတ္ဘူး”
“ဒါဆို မင္း ဆက္ေျပာၾကည့္ေလ က်ိဳးရင္းနတ္ဘုရားမရဲ့ ပစၥည္းကို ဘယ္သူက ထိရဲမွာလဲ”
“နည္းနည္းေတာင္ မႀကိဳးစားၾကည့္ဘဲနဲ႔ ဘယ္လို သိနိုင္မွာလဲ၊ ၿပီးေတာ့ စိမ့္စမ္းျပာအိုင္က ေရက နတ္ဝိညာဥ္ကိုေတာင္ ကုသနိုင္တယ္လို့ ၾကားဖူးတယ္”
“ေသခ်ာတာေပါ့၊ နတ္ဝိညာဥ္ကို ကုသနိုင္႐ုံတင္ေတာင္ မဟုတ္ဘူး၊ နတ္ခႏၶာကိုယ္နဲ႔ နတ္ဝိညာဥ္ မကြဲကြာသြားေအာင္ ထိန္းသိမ္းထားဖို့ နည္းလမ္းေတာင္မွ က်ိဳးရင္းနတ္ဘုရားမက ရွာေတြ႕သြားေသးတယ္”
“ဒါဆိုရင္ ဘာလို့ မေတာင္းဆိုၾကည့္တာလဲ”
“ဘယ္သူ ေျပာတာလဲ မေတာင္းဆိုဘူးလို့၊ ငါကိုယ္တိုင္ အိမ္ေရွ႕မင္းသားဆီကို သြားၿပီးေတာ့ ေတာင္းဆိုခဲ့တယ္”
ခ်င္းရန္နတ္မင္းက ေခါင္းယမ္းသည္။
“အိမ္ေရွ႕မင္းသားက က်ိဳးရင္းနတ္ဘုရားမဆီကို မ်ိဳးႏြယ္စု အႀကီးအကဲေတြ ကိုယ္တိုင္ ေတာင္းဆိုလိုက္ပါလို့ ေျပာလာတယ္”
ဟူအာ နားမလည္နိုင္စြာ ျပန္ေမးလိုက္မိသည္။
“သြားေတာင္းဆိုလိုက္သလား”
“ဘယ္သူက သြားၿပီးေတာ့ ေတာင္းဆိုရဲမွာလဲ၊ ၾကယ္တာရာမ်ိဳးႏြယ္က က်ိဳးရင္းနတ္ဘုရားမကို အျပစ္လုပ္ထားမိတယ္ေလ၊ ၿပီးေတာ့ က်ိဳးရင္းနတ္ဘုရားမ ဆိုတာက သူ႔ကိုယ္ပိုင္ ကစဥ့္ကလ်ား စည္းမ်ဥ္းေတြနဲ႔ ေနတာ၊ သူ စိတ္ဆိုးသြားမလား ဒါမွမဟုတ္ စိတ္မဆိုးသြားနိုင္ဘူးလား ဆိုတာကို ဘယ္သူမွ မစမ္းသပ္ခ်င္ဘူး၊ က်ိဳးရင္းနတ္ဘုရားမသာ စိတ္ဆိုးသြားရင္ ၾကယ္တာရာနတ္ေဒသလို ေဒသငယ္ေလးက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားနိုင္တယ္ေလ”
“ကၽြန္ေတာ္ နားလည္ၿပီ”
“ဒါဆို ေကာင္းကင္မင္းႀကီးက ဘာလို့ မင္းလက္ထဲကို ဒီေဒသကို ထည့္ေပးလိုက္တာလဲ ဆိုတာကို မင္း သိေလာက္ၿပီလို့ ထင္ပါတယ္”
“သူက အလြယ္လိုက္တာပဲ၊ တျခားနည္းလမ္းနဲ႔ အေျဖရွာဖို့ မႀကိဳးစားဘဲနဲ႔ အရြယ္မေရာက္ေသးတဲ့ နတ္တစ္ပါးကို သူ႔အေမနဲ႔ ရန္ျဖစ္ရေအာင္ လုပ္ေနတာ”
“အဟြတ္.. အဟြတ္.. မင္း သူ႔ကို ေဝဖန္ေနတာကို နားလည္ေပမဲ့ ငါက သူ႔သားေတာ္တစ္ပါး ဆိုတာကို မေမ့ပစ္လိုက္နဲ႔ေလ”
ဟူအာ စိတ္ဆိုးမာန္ဆိုးျဖင့္ ျပန္ေျပာလိုက္မိသည္။
“ကၽြန္ေတာ္ တကယ့္ကို ခင္ဗ်ားက သူ႔သားေတာ္ ဆိုတာကို ေမ့ပစ္လိုက္ခ်င္တယ္”
ဟူအာ ေျပာလာခဲ့သည့္ စကားကို ခ်င္းရန္နတ္မင္းက ေခါင္းညိတ္ေထာက္ခံၿပီး ခပ္တိုးတိုး ညည္းညဴ၏။
“ငါေရာပဲ ေမ့ပစ္လိုက္ခ်င္တယ္”
“ကၽြန္ေတာ္ ရွင္သန္ျခင္းေက်ာင္းေတာ္ကို သြားခ်င္တယ္”
ဟူအာ၏ ေတာင္းဆိုခ်က္ကို ခ်င္းရန္နတ္မင္းက တအံ့တၾသ ျဖစ္သြား၏။ သို့ေသာ္ ေခါင္းညိတ္ျပသည္။
“ေကာင္းသားပဲ မဟုတ္လည္း မင္းက က်ိဳးနတ္မ်ိဳးႏြယ္ေတြကို လိုက္ၿပီးေတာ့ ဂါရဝျပဳရမယ္ မဟုတ္လား”
“လုံဆစ္..”
ခုနတုန္းက အေနာက္ဘက္တြင္ က်န္ေနခဲ့ေသာ လုံဆစ္ကို လွမ္းေခၚလိုက္သည္။ လုံဆစ္က ခဏအတြင္း သူ႔မ်က္စိေရွ႕သို့ ေရာက္လာ၏။ ဟူအာ ခ်က္ခ်င္းပင္ ေကာင္းကင္နဂါးမ်ား၏ အၾကားအာ႐ုံကို စူးစမ္းလိုစိတ္ ျဖစ္သြားသည္။ သို့ေသာ္ ထုတ္မေမးလိုက္ေပ။
“ငါတို့ ရွင္သန္ျခင္းေတာင္ကို သြားမယ္”
“ေကာင္းပါၿပီ မင္းသားငယ္”
ရွင္သန္ျခင္းေတာင္က အေရွ႕ပိုင္းပင္လယ္ႏွင့္ ေတာင္ပိုင္းပင္လယ္အၾကားတြင္ တည္ရွိသည္။ ထို့အတြက္ ၾကယ္တာရာေဒသႏွင့္ ခရီးအကြာအေဝးက သိပ္လွမ္းသည္ဟု ဆိုနိုင္သည္။ သို့ေသာ္ ထိုစကားက တန္ခိုးႀကီးနတ္မ်ားအတြက္မူ ထိုသို့ မဆိုနိုင္ေပ။
နတ္စြမ္းအား ျမင့္မားေသာ နတ္မင္းတိုင္း၏ အေျခခံစြမ္းရည္ ျဖစ္ေသာ ခုန္လႊားနိုင္စြမ္းမွာ တစ္ခ်က္မၽွ စိတ္ညႊတ္လိုက္႐ုံျဖင့္ အနိမ့္ဆုံးမွာ မိုင္တစ္ေသာင္းအထက္ ရွိသည္။ ထို့အျပင္ သာမန္ ေကာင္းကင္နတ္တိုင္း၏ အနိမ့္ဆုံး ခုန္လႊားနိုင္စြမ္းမွာ မိုင္သုံးေထာင္အထက္ရွိသည္ဟု ဆိုနိုင္သည္။
လက္ရွိတြင္ ဟူအာသည္လည္း တစ္ႀကိမ္ ခုန္လႊားနိုင္မွုမွာ မိုင္တစ္ေသာင္း အထက္ရွိ၏။ တကယ္တမ္းတြင္ ဟူအာ၏ ပုံမွန္ခုန္လႊားနိုင္မွုမွာ မိုင္တစ္သိန္းႏွင့္အထက္ ရွိသည္။ ထို့ေၾကာင့္ ထိုအကြာအေဝးသည္ ဟူအာ ႏွစ္ႀကိမ္မၽွသာ စိတ္ညႊတ္ရန္ လိုအပ္ေသာ အကြာအေဝးဟု ဆိုနိုင္သည္။
ရွင္သန္ျခင္းေက်ာင္းေတာ္သို့ သြားသည့္ မိုင္ေပါင္းမ်ားစြာေသာ အကြာအေဝးက ေဝးလြန္းသည္ဟု မဆိုနိုင္ဘဲ ေန႔တစ္ဝက္စာ မၾကာမီပင္ ေရာက္ရွိသြားနိုင္၏။
ဟူအာ၊ လုံဆစ္ႏွင့္ ခ်င္းရန္က ရွင္သန္ျခင္းေက်ာင္းေတာ္သို့ ေျခခ်မိသည္ႏွင့္ ေက်ာင္းေတာ္သားမ်ားက အေရွ႕သို့ ထြက္လာၿပီး ႀကိဳၾကသည္။ သို့ေသာ္ ဟူအာအတြက္ ရွင္သန္ျခင္းေက်ာင္းေတာ္က အမွတ္ရဖြယ္ ေကာင္းေသာ အမွတ္တရမ်ား မ်ားမ်ားစားစား မရွိေပ။
သုံးေနရာခြဲျခားထားေသာ ေက်ာင္းေတာ္၏ ေက်ာင္းေဆာင္မ်ားကို ၾကည့္လိုက္ၿပီးေနာက္ ဟူအာ မ်က္ႏွာလြဲလိုက္သည္။ ခ်င္းရန္နတ္မင္းက အေဝးမွ ေလၽွာက္လာေသာ နတ္သားတစ္ပါးကို လွမ္းၾကည့္လိုက္ၿပီး လက္အထဲတြင္ ေပၚလာေသာ ေဒါင္းၿမီးယပ္ေတာင္ကို တျဖတ္ျဖတ္ ခတ္သည္။
“က်ိဳးရန္.. မင္း ဒီေလာက္ေတာင္ အသက္ႀကီးေနၿပီ ဘာလို့ ဒီလို အမတေက်ာင္းေတာ္သားလိုမ်ိဳး ဝတ္ဆင္ေနရေသးတာတုန္း..”
ထိုနတ္သားကို က်ိဳးရန္လို့ လွမ္းေခၚလိုက္မွ ထိုသူက က်ိဳးလ်န္နတ္မင္း၏ အႀကီးဆုံးသား ျဖစ္မွန္း အမွတ္ရလိုက္မိသည္။ ေနမင္း၏ေရာင္ျခယ္စာသင္ေဆာင္မွ ထိုနတ္သားက ဟူအာ ေက်ာင္းတက္သည့္ အခ်ိန္ကာလအတြင္း၌ပင္ အေတာ္ေလး နာမည္ထင္ရွားသည္ဟု ဆိုနိုင္သည္။
ဆိုရလၽွင္ လက္ရွိတြင္ ဟူအာႏွင့္ ထိုသူက တစ္ဝမ္းကြဲ ညီအစ္ကိုေတာ္သည္ဟု ဆိုနိုင္သည္။ က်ိဳးရန္နတ္သားက ခ်င္းရန္နတ္မင္းအေရွ႕တြင္ အရိုအေသေပးလိုက္သည္။
“အဘိုးေတာ္ ဒီကို ကိစၥရွိလို့လား က်ိဳးရန္ ဘာမ်ား ကူညီေပးရမလဲ”
က်ိဳးရန္နတ္သားက အသက္အားျဖင့္ တြက္လၽွင္ ႏွစ္တစ္သိန္းရွိၿပီဟု ဆိုနိုင္သည္။ ထို့ေၾကာင့္ အသက္ငယ္ေသးသည္ဟု မဆိုနိုင္ေတာ့ေပ။
နတ္တစ္ပါး၏ သက္တမ္းမွာ ႏွစ္တစ္ေထာင္ေနလၽွင္ အိမ္ေထာင္ျပဳရန္ အရြယ္ေရာက္ၿပီဟု ဆိုနိုင္သည္။ သို့ေသာ္ ရင့္က်က္ခ်ိန္ ေရာက္ၿပီဟု မဆိုနိုင္ေသးေပ။ အသက္ငါးေသာင္း ေက်ာ္လြန္လၽွင္ ထိုေကာင္းကင္နတ္တစ္ပါး ရင့္က်က္ခ်ိန္ ေရာက္ၿပီဟု သတ္မွတ္ေလ့ ရွိသည္။
ထို့ေၾကာင့္ ဆိုရလၽွင္ က်ိဳးရန္နတ္သားက နတ္မင္းအဆင့္သို့ မေရာက္ေသးသည့္တိုင္ ရင့္က်က္ေသာ နတ္တစ္ပါးဟု ဆိုရန္ လုံေလာက္ေပသည္။
“ဒီေကာင္ေလးေလ.. သူက ဒီမွာ ကိစၥရွိတယ္လို့ ဆိုလို့ ေရာက္လာတာ၊ ငါက လိုက္ကူ႐ုံေလာက္ပါပဲ”
အမွန္တကယ္ ဆိုရလၽွင္ ထိုႏွစ္တစ္ေထာင္သားေလးက ၾကယ္တာရာေဒသ၏ အေရးကိစၥအား ေျဖရွင္းေပးမည္ကို ခ်င္းရန္က ေစာင့္ၾကည့္လိုျခင္းလည္း ပါဝင္ေသး၏။
“အစ္ကိုဝမ္းကြဲ ကၽြန္ေတာ္က ဒီကို က်ိဳးလ်န္နတ္မင္းနဲ႔ ေတြ႕ဆုံခ်င္လို့ ေရာက္လာတာပါ”
“အေဖလား.. သူ.. ေရခဲေခ်ာက္ကို ျပန္သြားတယ္၊ ဒီႏွစ္ပိုင္းအတြင္း အေမက ေမြးဖြားဖို့ ရွိေနလို့ ဒီေက်ာင္းကို ဒုေက်ာင္းအုပ္နဲ႔ လြဲထားခဲ့တယ္”
“ကၽြန္ေတာ္ ဒုေက်ာင္းအုပ္နဲ႔ ေတြ႕ခြင့္ ရနိုင္မလား”
က်ိဳးရန္နတ္သားက ဟူအာကို စိုက္ၾကည့္လာၿပီးေနာက္ ယဲ့ယဲ့ေလး ျပဳံး၏။ ၿပီးေနာက္ ေခါင္းညိတ္ျပသည္။
“ဒါဆို အေနာက္ကို လိုက္လာေပးပါ”
စာသင္ေဆာင္မ်ား ရွိေနေသာ ေတာင္ထိပ္မ်ားကို ျဖတ္ေက်ာ္သြားၿပီးေနာက္ အပင္ငယ္ေလးမ်ား ရွိေနသည့္ အိမ္ငယ္ေလး တစ္ခုကို ေတြ႕လိုက္ရသည္။ ထိုအိမ္ငယ္ေလး၏ နေဘးတြင္ အျပာေရာင္ညစ္ညစ္ ဝတ္႐ုံကို ဝတ္ဆင္ထားၿပီး အပင္ငယ္မ်ားကို စိုက္ပ်ိဳးေနေသာ ထိုနတ္သားတစ္ပါး ရွိေနသည္။
အခန္း ၉၁
ထိုေတာင္ကုန္းငယ္ေလးက ေဆးပင္မ်ားျဖင့္ ျပည့္ေနျခင္း ျဖစ္ၿပီး ထိုနတ္သားက ေကာင္းကင္၏ အရွိန္အဝါ အနည္းငယ္ ရွိေသာ္လည္း ၾကည့္ရသည္မွာ အမတဘုံမွ နတ္အဆင့္ က်င့္ႀကံမွု ေအာင္ျမင္သြားသူ တစ္ဦးသာ ျဖစ္ဟန္တူသည္။
ဆံပင္မ်ားက အမည္းႏွင့္ အျဖဴေရာေႏွာေနၿပီး အဝါေရာင္ ဆံႏြယ္တခ်ိဳ့ကလည္း ရွိေသးသည္။ ထိုနတ္သားက ေသမ်ိဳးသက္လတ္ပိုင္း အရြယ္ရွိသည္။ ထိုသူ၏ မ်က္ဝန္းမ်ားက တည္ၿငိမ္ၿပီး ႏွုတ္ခမ္းမ်ားက ျပဳံးေနသည္။
မ်က္ခုံးမ်ားက ေကြးကိုင္းေနေသာ္လည္း မ်က္ႏွာျပင္တစ္ခုလုံး၏ တည္ၿငိမ္မွုကို အေထာက္အပံ့ ေပးေနသည့္ႏွယ္။ ရွည္သြယ္ေသာ ပါးရိုးႏွင့္ စင္းမြတ္ေနေသာ ႏွာေခါင္းမ်ားက တင့္တယ္မွုကို ယူေဆာင္ေပးထားသည္။
ဆိုရလၽွင္ အသက္ႀကီးေနသည္မွာ ေသခ်ာေနေသာ္လည္း ႐ုပ္ရည္အားျဖင့္ ထိန္းသိမ္းထားနိုင္သူဟု ဆိုနိုင္၏။
“ဆရာႀကီး.. ေက်ာင္းကို လာရွာတဲ့သူ ရွိလို့ပါ၊ ရွင္သန္ျခင္းေဆးေတာင္ကုန္းကို ဝင္လာဖို့ ဖိတ္လို့ ရနိုင္မလား”
ေကာင္းကင္၏ သတ္မွတ္ခ်က္ အရဆိုလၽွင္ ထိုအမတဘုံမွ အဆင့္တက္လာေသာ နတ္သည္ ေကာင္းကင္ဘုံမွ နတ္မင္း၏ သားျဖစ္ေသာ က်ိဳးရန္နတ္သားထက္ အဆင့္နိမ့္က်မည္ ျဖစ္သည္။ သို့ေသာ္ က်ိဳးရန္နတ္မင္းက တေလးတစားျဖင့္ ဆက္ဆံသည္။
“ေကာင္းၿပီ ေက်ာင္းသားက်ိဳး.. မင္းက ငါ့ကို အားနာရေအာင္ကို နိမ့္ခ်ေနေတာ့တာပဲ၊ သူတို့က ေကာင္းကင္နန္းေတာ္ကဆိုရင္ ဒီကို လာတာ က်ိန္းေသေပါက္ကို ကိစၥတစ္ခုခုေတာ့ ရွိမွာပဲ ငါက ျငင္းနိုင္တာမ်ိဳးလည္း မျဖစ္ေလာက္ဘူး၊ ဒီေတာ့ ျမန္ျမန္ဝင္လာပါေစ”
“ေကာင္းပါၿပီ ဆရာႀကီးရႊီ..”
“ရႊီ..”
ဟူအာ လိုက္ေျပာလိုက္မိသည္။ ရႊီမ်ိဳးႏြယ္နာမည္ျဖင့္ အမတဘုံမွ နတ္အျဖစ္ေရာက္သြားဖူးေသာ ဒ႑ာရီလာ အေၾကာင္းအရင္းတခ်ိဳ့ကို ဟူအာ မွတ္မိလိုက္သည္။ ေကာင္းကင္ျပည္မွ နတ္ေဆးသမားေတာ္ႏွင့္ အဆင့္တူသည့္ အမတဘုံမွ နတ္ျဖစ္က်င့္ႀကံသူ၊ ရႊီစုန္႔။
ဟူအာ ေဆးပင္မ်ား ဝိုင္းရံေနေသာ ထိုေတာင္ထိပ္ေပၚသို့ ဆင္းသက္လိုက္ၿပီးေနာက္ ေမးလိုက္သည္။
“ဆရာႀကီးက နတ္သားရႊီစုန္႔မ်ားလား..”
ထိုရႊီမ်ိဳးရိုးျဖင့္ ဆရာႀကီးက ဟူအာကို လွည့္ၾကည့္လာၿပီးေနာက္ ေျပာသည္။
“မင္း ငါ့ကို သိတာလား”
“ကၽြန္ေတာ္ သိပါတယ္”
ဟူအာ ေျပာလိုက္ေတာ့ ထိုနတ္သားက ဟူအာကို တည့္မတ္စြာ စိုက္ၾကည့္လာ၏။
“မင္းလို ေကာင္းကင္အရွိန္အဝါနဲ႔ ျပည့္စုံနဲ႔ နတ္သားတစ္ပါးက ငါ့ကို ျမင္လိုက္ၿပီးေတာ့ သိတယ္လို့ ဝမ္းသာအားရ ေျပာတာကို ပထမဆုံး အႀကိမ္ ၾကားရတာပဲ”
“ကၽြန္ေတာ္က အေရွ႕ပင္လယ္အနားက ပိုင္ေဒသမွာ ႀကီးျပင္းလာတာပါ၊ ငယ္တုန္းက ၾကားခဲ့ရတဲ့ ပုံျပင္ေတြ အမ်ားႀကီးထဲမွာ ရႊီစုန္႔နတ္သားအေၾကာင္း ပါတယ္”
“ေျမျပင္နတ္မဟုတ္၊ ပင္လယ္နတ္မဟုတ္တဲ့.. ပိုင္မ်ိဳးရိုးလား..”
ထိုနတ္သားက ဟူအာ ေျပာလိုက္တာကို အထအနေကာက္ၿပီး ျပန္ေမးသည္။ ဟူအာ ေခါင္းညိတ္ျပလိုက္သည္။
“ဟုတ္တယ္.. ရႊီစုန္႔နတ္သားရဲ့ ဒ႑ာရီေတြက ကၽြန္ေတာ္တို့လို နတ္ငယ္ေလးေတြအတြက္ သည္းေျခႀကိဳက္ပဲ၊ ကိုးလက္မရွိတဲ့ ဓားေျမႇာင္နဲ႔ သားရဲေတြကို ႏွိမ္နင္းခဲ့တာ၊ ၿပီးေတာ့ မိန္းမလွေလးကို သေဘာက်လို့ နတ္စစ္သူႀကီးကို စိန္ေခၚခဲ့တာ၊ ျပင္းထန္တဲ့ ေကာင္းကင္တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီးေတာ့ အနိုင္ရခဲ့တာ”
ထိုစကားမ်ားကို ၾကားေတာ့ ရႊီစုန္႔နတ္သားက တစ္ခ်က္ျပဳံး၏။
“သူက မိန္းမလွေလး မဟုတ္ပါဘူး၊ ၿပီးေတာ့ အဲဒီတုန္းက ငါ့အသက္ ႏွစ္တစ္ေသာင္းဝန္းက်င္ပဲ ရွိအုံးမွာ ဆိုေတာ့ မင္းတို့လူငယ္ေတြကို ဟာသ ျဖစ္ေစပါၿပီ”
“မင္းတို့ ထိုင္ၾကအုံးေလ၊ ငါက ဒီမွာ က်ိဳးလ်န္နတ္မင္း မရွိတဲ့အခ်ိန္ ခဏေလာက္ တခ်ိဳ့ ဆုံးျဖတ္ရခက္တာေလးေတြ လုပ္ေပး႐ုံေလးပါပဲ”
တဲအိမ္ငယ္ေလး နေဘးတြင္ ေက်ာက္စားပြဲတစ္လုံး ရွိၿပီး ထိုင္ရန္ေနရာမ်ား ျပဳလုပ္ထားသည္။ ေက်ာက္စားပြဲက ထူးဆန္းျခင္း မရွိေသာ္လည္း ထိုင္ရန္ေနရာမ်ားကေတာ့ ထိုသို့ မဟုတ္ေပ။ ၾကည့္လိုက္သည္ႏွင့္ ေကာင္းကင္မွ ဆင္ယင္ထားသည့္ အဆင္တန္ဆာမွန္း သိသာလွစြာ နတ္အသက္ဓာတ္က ႂကြယ္ဝလွ၏။
“ဒီေက်ာက္ခုံေတြက..”
ေက်ာက္ဆိုင္ေက်ာက္သားျဖင့္ သုံးေျမႇာင့္သဏၭာန္ရွိေသာ္လည္း ထိုခုံမ်ားက ၾကည့္ရသေလာက္ ဆန္းက်ယ္ေနသည္ဟု သိနိုင္သည္။ ဟူအာက ထိုေနရာတြင္ ဝင္ထိုင္လိုက္ေသာ္လည္း ခ်င္းရန္နတ္မင္းက မထိုင္သလို က်ိဳးရန္နတ္သားကလည္း မထိုင္ေပ။
ရႊီစုန္႔က တဲအိမ္ငယ္ေလးထဲသို့ ဝင္သြားၿပီးေနာက္ ဗန္းတစ္ခုကို ကိုင္ကာ ျပန္ထြက္လာ၏။ ၿပီးေနာက္ ေကာင္းကင္မွ နတ္သုံးပါးအနက္ တစ္ပါးသာ ထိုေက်ာက္ခုံတြင္ ဝင္ထိုင္ေနသည္ကို ေတြ႕လိုက္ရၿပီး ျပဳံးလိုက္သည္။
“ငါကေတာ့ အျမင္က်ယ္သြားၿပီလို့ ေျပာရမယ္၊ ဒီေက်ာက္ခုံေတြကို ေကာင္းကင္က ဘယ္နတ္ကမွ မထိုင္ခ်င္ၾကဘူး၊ မင္းကပဲ ငါ့ရဲ့ဧည့္ခံမွုကို လက္ခံရဲတယ္”
ထိုထိုင္ခုံမ်ားက ေကာင္းကင္မွ ေပးထားေသာ ထိုင္ခုံမ်ား ျဖစ္ေနလၽွင္ပင္ ထိုင္ရန္မရဲဆိုေသာ စကားကေတာ့ ဆန္းက်ယ္ေနသည္။ ဟူအာ ထိုင္လိုက္ၿပီးမွေတာ့ ျပန္ထရန္ မေတြးေတာ့ေပ။ ထို့ေၾကာင့္ စကားတစ္ခြန္းကို ေျပာလိုက္သည္။
“အရာဝတၳဳေတြက ေနရာေဒသအလိုက္ အသုံးျပဳရတာမ်ိဳးပါပဲ၊ ေရကို ခ်ိဳးလို့လည္း ရသလို ေသာက္လို့လည္း ရသလိုေပါ့၊ ေသာက္ေရအိုးက ေရကို ခ်ိဳးဖို့အတြက္ အသုံးျပဳဖို့ မသင့္ေတာ္ဘူး ဆိုေပမဲ့ အဲဒီေရကို ေရခ်ိဳးကန္ထဲ ထည့္လိုက္ရင္ေတာ့ ဒါက မတူညီတဲ့ သေဘာတရား ျဖစ္သြားၿပီလို့ ဟူအာ ထင္ပါတယ္”
ဟူအာက ထိုသို့ ေျပာၿပီးေနာက္ ခ်င္းရန္နတ္မင္းကို ငဲ့ေစာင္းၾကည့္လိုက္သည္။ ခ်င္းရန္နတ္မင္းက ထိုေက်ာက္ခုံတြင္ ဝင္ထိုင္ၿပီးေနာက္ ခ်ီးက်ဴးေျပာလာ၏။
“မင္း ေတာ္တယ္၊ မင္းက တကယ့္ကို မင္းအေမရဲ့ ဗ႐ုတ္ဗရက္ကိုေရာ မင္းအေဖရဲ့ မရအရ က်ိဳးေၾကာင္းဆက္စပ္မွုမ်ိဳးကိုပါ အေမြခံအျဖစ္ ရထားနိုင္တာပဲ၊ ေကာင္းကင္ျပည္သမားေတာ္ရဲ့ ေဆးႀကိတ္ခုံေတြကို ထိုင္ဖို့ ေကာင္းကင္နတ္ေတြကို အက်ိဳးအေၾကာင္းသင့္ အေၾကာင္းျပခ်က္ ေပးရဲတယ္”
“ေဆးႀကိတ္ခုံ”
ေနာက္ဆုံးေတာ့ ဟူအာ နားလည္သြား၏။ ထိုေက်ာက္ခုံမ်ားက အနည္းငယ္ ထူးဆန္းေနျခင္းမွာ ေဆးႀကိတ္ခုံမ်ားကို ေမွာက္၍ ထိုင္ခုံအျဖစ္ သုံးထားျခင္းသာ။
“အင္း ဒါက ေကာင္းကင္ျပည္ကေန နတ္ေဆးသမားေတာ္ ၿပိဳင္ပြဲအတြက္ ဆုအျဖစ္ ခ်ီးျမႇင့္တဲ့ ေဆးႀကိတ္ခုံေတြေလ”
“အာ.. တန္ဖိုးရွိတဲ့ အရာေတြကို ေသေသခ်ာခ်ာ သုံးထားတာပဲ”
ဟူအာ ထိုစကားမွလြဲ၍ ဆက္ေျပာရန္ စကားလုံးမ်ား ကင္းမဲ့သြားၿပီ ျဖစ္သည္။ ရႊီစုန္႔က ဟူအာ ျဖစ္ေနသည္ကို နားလည္စြာျဖင့္ ေမးျမန္းလာ၍သာ ေတာ္ေတာ့သည္။
“ဒီကို ေကာင္းကင္နတ္ေတြက ေက်ာင္းေတာ္သား အေနနဲ႔ မဟုတ္ဘဲ ေရာက္လာတယ္ ဆိုေတာ့ အထူးတလည္ ကိစၥတခ်ိဳ့ ရွိမွာပဲ၊ ဘာကိုမ်ား ရွာေဖြခ်င္တာလဲ မသိဘူး”
“ဟူအာ ရွင္သန္ျခင္း ေက်ာင္းေတာ္ကို ေရာက္လာတာက ေမးစရာ ကိစၥေလး တခ်ိဳ့ ရွိလို့ပါ၊ နတ္စြမ္းအင္အတြက္ အသက္ဓာတ္ေတြကို အရာဝတၳဳေတြကေန စုပ္ယူလို့ ရတဲ့ နည္းလမ္းမ်ား ရွိနိုင္မလားလို့ ဟူအာ ေလ့လာခ်င္လို့ပါ”
ရႊီစုန္႔က ထိုစကားကို အေလးအနက္ ေတြးေတာဟန္ တူ၏။ ခ်င္းရန္နတ္မင္းကလည္း တအံ့တၾသ ျဖစ္သြားဟန္ ရသည္။
“နတ္အသက္ဓာတ္ေတြကို စုပ္ယူတယ္ ဆိုတာက လူေတြ က်င့္ႀကံတဲ့ နည္းလမ္းေလ၊ ဒါကို နတ္ေတြက စြမ္းအား တိုးတက္ေအာင္ လုပ္တဲ့ေနရာမွာ အသုံးျပဳလို့ မရနိုင္ဘူး၊ မင္း ငါ့ကို ဘာေတြ လာေမးေနတယ္ ဆိုတာေရာ သိရဲ့လား”
ရႊီစုန္႔က ထိုသို့ ေမးလာေတာ့ ဟူအာ ေခါင္းညိတ္လိုက္သည္။
“ေကာင္းကင္ရဲ့သဘာဝလြန္မိုးႀကိဳးကိုးခ်က္ကို ခံယူနိုင္ၿပီးလို့ နတ္ခႏၶာအဆင့္ကို တက္သြားၿပီး အမတနတ္တစ္ပါး ျဖစ္လာၿပီ ဆိုရင္ေတာင္မွ နတ္ပစၥည္းေတြကေန နတ္အသက္ဓာတ္ စုပ္ယူမွုကို ျပဳလုပ္လို့ မရေတာ့ဘူး”
ဟူအာ ေခါင္းညိတ္ျပလိုက္မိသည္။ ဗန္းထဲတြင္ ထည့္ထားေသာ ေမႊးပ်ံ႕ပ်ံ႕လက္ဖက္ရည္တစ္ခြက္ကို လွမ္းယူလိုက္ၿပီး တစ္က်ိဳက္ေသာက္လိုက္၏။
“ဒါေပမဲ့ ကၽြန္ေတာ့္မွ အေတြးတစ္ခု ရွိတယ္”
ခ်င္းရန္နတ္မင္းကလည္း ထိုင္ၿပီးမွေတာ့ မထူးေတာ့ဘူးဟု အေတြးဝင္ဟန္ တူသည္။ လက္ဖက္ရည္ခြက္ကို ကိုင္ကာ ေသာက္ေန၏။ ၿပီးေနာက္ ဟူအာ ေျပာလာမည့္ စကားမ်ားကို အာ႐ုံစိုက္ေနခဲ့၏။
“အမတဘုံ ဆိုၿပီး ျဖစ္လာတာက ေသမ်ိဳးေတြ က်င့္ႀကံနိုင္တာကို တလီရွီနတ္မင္းက ရွာေတြ႕သြားတာေၾကာင့္လို့ ေကာင္းကင္သမိုင္းမွတ္တမ္းမွာ ေတြ႕ရတယ္၊ ၿပီးေတာ့ နတ္ေတြရဲ့ အသက္ဓာတ္ကို စုပ္ယူနိုင္တဲ့ အတတ္ပညာကိုလည္း တလီရွီနတ္မင္းက တီထြင္နိုင္ခဲ့တယ္လို့ မွတ္တမ္းမွာ ေရးထားတယ္၊ ဒါေပမဲ့ ေျပာရရင္ တလီရွီနတ္မင္းက ေကာင္းကင္နတ္မင္းတစ္ပါးေလ၊ သူက ဒီလို အတတ္ပညာကို တီထြင္နိုင္ခဲ့တယ္ ဆိုေတာ့ ေျပာရရင္ ေသမ်ိဳးေတြကို ဒီလိုအတတ္ပညာေတြ မခ်ေပးခင္မွာ ေသခ်ာေပါက္ သူ ကိုယ္တိုင္ျဖစ္ေစ တျခားနတ္တစ္ပါးပါး ျဖစ္ေစ စမ္းသပ္ခဲ့မွာပဲ၊ မစမ္းသပ္ခဲ့ဘဲနဲ႔ ေသမ်ိဳးေတြကို ဒီလို အတတ္ပညာေတြ ခ်ေပးလိုက္တယ္ ဆိုတာ မျဖစ္နိုင္ဘူးေလ”
ရႊီစုန္႔က ထိုစကားကို ေတြးဆေနဟန္ျဖင့္ ေခါင္းညိတ္လိုက္မိသည္။ သို့ေသာ္၊
“မင္း ေျပာသလို ျဖစ္နိုင္ေပမဲ့ ေကာင္းကင္နတ္ေတြက ေသမ်ိဳးအတတ္ပညာကို သင္ယူလိုက္တာနဲ႔ ဒါမွမဟုတ္ အသုံးခ်လိုက္တာနဲ႔ ေကာင္းကင္ကေန ခ်က္ခ်င္းသိၿပီးေတာ့ တားျမစ္တဲ့ မိုးႀကိဳးအတြက္ မႏၲန္ထည့္သြင္းထားတယ္၊ နတ္တစ္ပါးက ေသမ်ိဳးေတြရဲ့ အတတ္ပညာကို သင္ယူလိုက္တာ ဒါမွမဟုတ္ ရြတ္ဆိုလိုက္တာ အသုံးခ်လိုက္တာနဲ႔ ေကာင္းကင္မိုးႀကိဳးျဖဴက အနိမ့္ဆုံး ငါးခ်က္ ခံရမွာ၊ ထပ္ၿပီး အေလ်ာ့မေပးဘဲ ဆက္ၿပီး ေလ့က်င့္သင္ၾကားတယ္ ဆိုရင္ ပိုၿပီးေတာ့ ျပင္းထန္တဲ့ ေကာင္းကင္မိုးႀကိဳးေတြ ခံရမွာပဲ ေသမ်ိဳးအတတ္ပညာကို မတတ္ေျမာက္ေသးတဲ့ အခ်ိန္မွာတင္ပဲ အဲဒီနတ္က ေသဆုံးသြားမွာ မဟုတ္ဘူးလား”
ရႊီစုန္႔က ေျပာေတာ့ ခ်င္းရန္နတ္မင္းက ေခါင္းညိတ္သည္။ လက္ဖက္ရည္ခြက္ကို ခ်လိုက္ၿပီးေနာက္ ဟူအာကို လွည့္ၾကည့္လာသည္။ က်ိဳးရန္နတ္သားက ထိုေနရာတြင္ မတုန္မလွုပ္ ရပ္ေနဆဲ ျဖစ္၏။
“တားျမစ္ထားတာ ဟုတ္တယ္၊ တားျမစ္ထားတာ ဆိုေပမဲ့ မတားျမစ္ထားနဲ႔ နည္းလမ္းမ်ား ရွိနိုင္မလား ဆိုတာကို ဟူအာက ရွင္သန္ျခင္းေက်ာင္းေတာ္က စာၾကည့္တိုက္ေတြမွာ ရွာေဖြခ်င္လို့ပါ”
“မရွိဘူး၊ ဒီလို မႏၲာန္နဲ႔ တားဆီးထားတယ္ ဆိုမွေတာ့ အဲဒီအတတ္ပညာမ်ိဳးကို ေရွးေဟာင္းနတ္ေတြက ဖယ္ရွားၿပီးသားပဲ ျဖစ္လိမ့္မယ္၊ အထူးသျဖင့္ ဒီလို ေသမ်ိဳးနဲ႔ နတ္ေတြ ေရာေနတဲ့ ေက်ာင္းမွာေတာ့ အဲဒီအတတ္ပညာနဲ႔ သက္ဆိုင္တာမ်ိဳးကို ထားခဲ့မွာ မဟုတ္ဘူး”
“မရွိဘူးလို့ ထင္ရတဲ့ ေနရာက အျဖစ္နိုင္ဆုံးဆိုတာလည္း ရွိေသးေတာ့ ဟူအာ ဒီက စာၾကည့္တိုက္က စာအုပ္ေလးေတြကို ေလ့လာဖို့ ေက်ာင္းရဲ့တာဝန္ရွိသူေတြကို ေတာင္းဆိုခ်င္ပါတယ္”
“အကုန္လုံးကို စစ္ေဆးဖို့လား”
ဟူအာ ေခါင္းညိတ္လိုက္သည္။ ရႊီစုန္႔က တစ္ခဏမၽွ ေတြးလိုက္ၿပီးေနာက္၊
“ေက်ာင္းအုပ္ရယ္ စာၾကည့္တိုက္ေစာင့္ အႀကီးအကဲရယ္၊ ငါရယ္ သုံးေယာက္ ေသခ်ာေဆြးေႏြးၿပီးရင္ မင္းဆီကို အေၾကာင္းျပန္ပါ့မယ္”
“ရႊီစုန္႔အႀကီးအကဲကို ေက်းဇူးတင္ပါတယ္”
ဟူအာ ထြက္သြားရန္ ျပင္လိုက္ေတာ့ လုံဆစ္က အနားသို့ ေရာက္လာ၏။
“အရွင့္သား အရွင့္သား ျပင္ခိုင္းထားတဲ့ ပ႑ာေတြက အဆင္သင့္ပါပဲ ၿပီးေတာ့ ဒီေနရာနဲ႔ ပိုင္ေဒသနဲ႔က နီးေတာ့ အရွင့္သား အျပန္မွာ ဝင္ခ်င္သလားလို့”
ဟူအာ လက္သီးအနည္းငယ္ ဆုပ္လိုက္မိ၏။ စိတ္ထဲတြင္ ျပင္ဆင္ထားသည္။ အမွန္တကယ္လည္း ယေန႔တြင္ ပိုင္ေဒသသို့သြားကာ ႏွုတ္ဆက္စကား ဆိုရမည္ ျဖစ္သည္။ ၿပီးလၽွင္ တစ္ပတ္အတြင္း က်ိဳးမ်ိဳးႏြယ္မ်ားႏွင့္ ေတြ႕ဆုံၿပီး သူက က်ိဳးမ်ိဳးႏြယ္ႏွင့္ မ်ားစြာ ဆက္ႏြယ္ေနသည့္ အေၾကာင္းကို ေၾကညာရမည္ ျဖစ္၏။
သည္တစ္ပတ္ ေက်ာ္လြန္ၿပီးလၽွင္ သူက ေကာင္းကင္မင္းႀကီး၏ အဆက္အႏြယ္ မင္းသားတစ္ပါးအျဖစ္ သတ္မွတ္သည့္ ပြဲေတာ္ က်င္းပေပးမည္ ျဖစ္သည္။