unicode
အခန်း ၈၂
သူ့လက်အတွင်း တောက်ပနေသော အပြာရောင်အငွေ့ဖြင့် နတ်စွမ်းအားက ပြင်းထန်ပြီး ထက်သန်လွန်းသည်။ သူ လက်ကို ဝှေ့ယမ်းလိုက်သည်တွင် လေပြည်ညင်းက တိခနဲ တန့်ရပ်သွား၏။ ရင်းအာ၏ အပြစ်ဆိုတာက တိုးတိုးသဲ့သဲ့လေး ထွက်ပေါ်လာပြန်သည်။
“ငါ့သား.. မင်းက ငါ့သား.. ဘာလို့ မင်းက စောစော မပြောရတာလဲ၊ မင်း ဘယ်လို တောင်မှ အမေ့ကို ပစ်ထားနိုင်ရတာလဲ”
“ကျွန်တော်လည်း မရှင်းလင်းသေးဘူး”
အခြေအနေက အတော်လေး ရှုပ်ထွေးနေသော အနေအထားတွင် ရှိနေသည်။ ကောင်းကင်မင်းကြီးက မိန့်ကြားလာ၏။
“အမှောင်ကိုးပါးကို ကျော်ဖြတ်တာမှာ မင်းက လေးပါးမြောက်မှာ ချိုးဖျက်ပြီး ထွက်လာတယ်၊ မင်းက အတော်လေး သတ္တိကောင်းပါလား”
“ဒီကလေးက စိတ်မရှည်တတ်လို့ပါ၊ အဘိုးတော်ကပဲ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါအုံး”
“ကောင်းပြီ အမှောင်တိုက်တံခါးကို ချိုးဖျက်ပြီး မထွက်လာရဘူးဆိုတဲ့ စည်းမျဉ်းမရှိမှတော့ ငါက သူ့ကို အပြစ်တင်ပြီးတော့ ဘာလုပ်မှာလဲ၊ ယီမင် မင်းက သားကောင်းတစ်ယောက်ကို ရထားတာပဲ၊ ကြည့်ရတာ မင်းတို့လည်း ကိစ္စလေးတွေ ရှိမယ် ထင်တယ်၊ မင်းတို့ဖာသာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်”
ကောင်းကင်မင်းကြီးက ထိုနေရာမှ ထွက်ခွာသွားပြီးနောက် တခြားသော နတ်မင်းများကလည်း အလျိုလျို ထွက်ခွာသွားကြလေသည်။
ထိုနေရာတစ်ခုလုံးမှ နတ်မင်းများအားလုံး ထွက်ခွာသွားပြီးသည်နှင့် ကျန်ရစ်ခဲ့သူက သုံးဦးသာ ရှိတော့သည်။ မင်တက်နေသော ကျိုးရင်းနတ်ဘုရားမ၊ ခင်ပွန်းသည် အိမ်ရှေ့စံတလီယီမင်၊ နောက်ဆုံး တစ်ဦးက ယခုလေးတင်မှ အမှောင်ကိုးပါးတိုက်တံခါးကို ကျိုးပဲ့စေလိုက်သော ပိုင်ဟုန်ဟူ..။
မိသားစု သုံးဦးက မည်သူမျှ စကားစမဆိုဘဲ တိတ်ဆိတ်နေ၏။ အိမ်ရှေ့မင်းသားက ဇနီးသည်၏ ခန္ဓာကိုယ်ကို ထွေးပိုက်ထားပြီး သားဖြစ်သူကို ကြည့်နေသည်။ လက်ရှိအရေးကိစ္စမှာ ဆိုရလျှင် အိမ်ရှေ့မင်းသား၏ မိသားစုအရေး အိမ်တွင်းရေးဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ဝင်ပါလိုသူ မည်သူမျှ မရှိပေ။ ဝင်ပါ၍လည်း မရနိုင်ပေ။
“ဟူအာ.. မင်းက ငါတို့ရဲ့ သားပဲ”
ပထမဆုံး ငြိမ်သက်နေမှုကို အိမ်ရှေ့မင်းသားက စကားတစ်ခွန်းဖြင့် ဖြိုခွဲပစ်လိုက်သည်။ ပြီးနောက် လိုအပ်သည်ကို ဆက်တိုက်ဆိုသလို ပြောလိုက်၏။
“မင်းလက်ခံချင်တာ ဖြစ်စေ လက်မခံချင်ဘူး ဖြစ်စေ ဒါကို မင်း ငြင်းလို့ မရဘူး”
“ကျွန်တော်..”
ဟူအာ စကားစပြောရန် ကြိုးစားလိုက်သော်လည်း ထိုကိစ္စများအား အစမှ အဆုံးတိုင် သူ တစ်ခုမှ နားမလည်သလို ခံစားနေရသည်။ တစ်ဘဝလုံး သူ့ကိုယ်သူ နားမလည်လာခဲ့သော ကိစ္စများ ရှိသည့်အနက် ယခုတစ်ကြိမ်က အခက်ခဲဆုံးဟု ခံစားရသည်။
သူ့မိဘများက ပိုင်ဒေသမှ နတ်မြေခွေးများဟု သူ မှတ်ထင်ခဲ့သည်။ ပြီးနောက် ငယ်စဉ်တစ်လျှောက်လုံး မြေနတ်များ၏ နတ်စွမ်းအင် အသုံးချမှုကို အသက်သွင်းနိုင်စွမ်း မရှိခဲ့ပေ။ အသက်သွင်း၍ ရလာသည့် နတ်စွမ်းအင်သည်လည်း မြေနတ်ဒေသမှ နတ်မြေခွေး ပိုင်မျိုးရိုးတို့၏ စွမ်းအားများ မဟုတ်ခဲ့ပေ။
ထိုအခြေအနေကို သူ အကြိမ်ကြိမ် သုံးသပ်ပြီးသည့်တိုင် ယနေ့အထိ နားမလည်နိုင်ခဲ့သည့် အဖြေက သူက အိမ်ရှေ့မင်းသားနှင့် ကျိုးရင်းနတ်ဘုရားမတို့၏ သား ဆိုသည့် အကြောင်းတရားအပေါ်တွင် မူတည်နေပေသည်။
“ကျွန်တော်.. ကျွန်တော် နားလည်ဖို့ အချိန်နည်းနည်း ပေးနိုင်မလား”
သူ့ တောင်းဆိုချက်က လွန်သည်ဟု မဆိုနိုင်ပေ။ သူ အရာအားလုံးကို အချိတ်အဆက်မိမိ နားလည်ဖို့ လိုသေးသည်။
“မင်းမှာ နတ်ဝိညာဉ်ရှစ်ခု ရှိတယ်”
အိမ်ရှေ့မင်းသားက သူ့ကို ပြောပြလာသည်။ ထိုအကြောင်းအရင်းသည်လည်း သူနားမလည်သော အကြောင်းအရင်း ဖြစ်၏။
“ပြီးတော့ မင်းရဲ့ဝိညာဉ်နောက်တစ်ခုကလည်း မင်းလောက်နီးပါး အားကောင်းတယ်”
“မင်း သူ့ကို သိလောက်မယ်လို့ ထင်တယ်၊ သူက..”
“တလီကျိုးဟူ..”
ဟူအာ ရုတ်တရက် စကားကို ဖြတ်ပြောလိုက်မိသည်။ အိမ်ရှေ့မင်းသားက သူ့ကို စိတ်ဆိုးဟန် မပြပေ။ ထိုအစား နားလည်ရန် မလွယ်သော ကလေးငယ်ကို စိတ်ရှည်စွာ သင်ပြပေးနေသော ဆရာတစ်ဦး၏ ဟန်ပန်ဖြင့်သာ ငေးကြည့်နေ၏။
“ဟုတ်တယ်၊ မင်းတို့ နှစ်ယောက်က မညီမမျှ ဖြစ်နေတယ်၊ မင်းတို့က တစ်ယောက်တည်းပဲ”
ယီမင် နောက်ဆုံးတော့ သူ့သားကို ထိုအကြောင်းအရာကို ပြောပြနိုင်ခဲ့ပြီ ဖြစ်သည်။
“သူ့ရဲ့ နတ်စွမ်းအား ဆက်ခံမှုက ထူးဆန်းနေတယ်၊ ဒါပေမဲ့ သူ့ရဲ့မူလသဏ္ဌာန်က အားကောင်းတယ်၊ သူ့ရဲ့အသက်ဓာတ်က မှန်းဆလို့ မရနိုင်ဘူး၊ ဒါပေမဲ့ မင်းကကျတော့.. မြေနတ်ရဲ့အသက်ဓာတ်နဲ့ ကြီးပြင်းလာရတယ်၊ ဒီနေ့ မင်းရဲ့အသက်ဓာတ်နဲ့ နတ်စွမ်းအား ပြောင်းလဲသွားပေမဲ့ တလီကျိုးဟူမှာလည်း မင်းလောက်နီးပါး အားကောင်း ပြင်းထန်တဲ့ ကောင်းကင်အရှိန်အဝါနဲ့ အသက်ဓာတ်ကို ပိုင်ဆိုင်ထားတယ်”
“ကျွန်တော်တို့က မတူညီဘူးပေါ့”
အိမ်ရှေ့မင်းသားက လက်တစ်ဖက်ဖြင့် သူ့ကို ဝေ့ယမ်းလိုက်သည်။ ပြီးနောက် သက်ပြင်းသဲ့သဲ့ချလိုက်၏။
“မင်းကို ပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတွေကို နှုတ်ဆက်သင့်တယ်၊ မင်းမှာ သူတို့ဆီကနေ ကူးယူထားတဲ့ မြေနတ်နဲ့ သက်ဆိုင်တဲ့ အရာမှန်သမျှ မရှိတော့ဘူး”
အိမ်ရှေ့မင်းသားက သတိပေးစကား ဆိုလာမှ ဟူအာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် စမ်းစစ်လိုက်မိ၏။ သူ့ထံတွင် မြေနတ်အရှိန်အဝါနှင့် မြေနတ်၏အသက်ဓာတ် ပြီးနောက် မြေနတ်တစ်ပါး၏ မူလအသွင်အပြင် ဖြစ်သော မြေခွေးဟူသော မူလသဏ္ဌာန်ပင် ပျောက်ကွယ်သွားပြီ ဖြစ်၏။
အားလုံးက ကောင်းကင်နတ်တစ်ပါး၏ အရှိန်အဝါ၊ ကောင်းကင်နတ်တစ်ပါး၏ အသက်ဓာတ် အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ကျွန်တော့်မှာ မူလသဏ္ဌာန်မရှိဘူး..”
သူ မေးလိုက်တာကို ငိုကြွေးနေသေးသည့် ကျိုးရင်းနတ်ဘုရားမက မဖြေကြားခဲ့ပေ။ အိမ်ရှေ့မင်းသားကပင် ဖြေကြားလာ၏။
“မင်းအမေအရင်းမှာလည်း မူလသဏ္ဌာန်မရှိဘူး..”
အိမ်ရှေ့မင်းသား၏ ဆိုလိုရင်းမှာ ရိုးရှင်းလှပေသည်။ သူ့ထံတွင် မူလသဏ္ဌာန်မရှိပေ။ မူလသဏ္ဌာန်မရှိခြင်း၏ အကျိုးသက်ရောက်မှုမှာ သူ့ထံတွင် အမြုတေ မရှိ၍ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
အမြုတေမရှိခြင်းတွင် ကောင်းခြင်း ရှိသလို ဆိုးခြင်းလည်း ရှိနိုင်၏။ ကောင်းခြင်းသည် အမြုတေကြောင့် နတ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို မထိခိုက်နိုင်ပေ။ ဆိုရလျှင် အမြုတေကြောင့် ထိခိုက်စေနိုင်သော အကြောင်းတရားများကို အလွယ်တကူပင် ကျော်လွှားစေနိုင်သည်။
ဆိုးကျိုးဟု ဆိုရလျှင် အမြုတေမရှိခြင်းကြောင့် အမြုတေနှင့် သက်ဆိုင်သော နတ်စွမ်းအား ပညာရပ်များကို သင်ယူနိုင်ခြင်း မရှိတော့ပေ။ အမြုတေကို အသုံးချနိုင်သော ပညာရပ်များ အားလုံးကို အသုံးပြုနိုင်ခြင်းလည်း မရှိတော့ပေ။
ကောင်းကင်ကို တည်ခဲ့သော ရှေးနတ်မင်းများသည် သဘာဝမှ မွေးဖွားလာခဲ့ခြင်း ဖြစ်ပြီး ကိုယ်ပိုင်အမြုတေအပြင် အမြုတေအများအပြားကို လက်နက်အဖြစ် အသုံးချနိုင်ခဲ့ကြသည်။ ထို့အပြင် သဘာဝမှ မွေးဖွားလာသော နတ်မင်းများ၏ ထိခိုက်မှုက အမြုတေအပေါ်တွင် မူတည်ခြင်း မရှိခဲ့ကြပေ။ အကြောင်းအရင်းမှာ ရှေးနတ်မင်းကိုးပါးသည် အမြုတေကို ဖန်တီးနိုင်သောကြောင့် ဖြစ်၏။
သို့သော် ကိုယ်ပိုင်အမြုတေ မပါရှိဘဲ သဘာဝမှ မွေးဖွားလာခဲ့သည့် တစ်ပါးတည်းသော နတ်မင်းမှာ ကျိုးရှီနတ်မင်း ဖြစ်သည်။ ကိုယ်ပိုင်အမြုတေ မရှိသော်လည်း အမြုတေကို ဖန်တီးနိုင်ခဲ့ပြီး ကျိုးရှီနတ်မင်း၏ ကိုယ်တိုင်ဖန်တီးထားသော အမြုတေသည် တခြားသော နတ်တစ်ပါး၏ အမြုတေကို ဖန်တီးနိုင်စွမ်း ဖျက်ဆီးနိုင်စွမ်းတို့ ရှိပြီး ထိုမျှအထိ စွမ်းအား ကြီးမားလေ၏။
ကံဆိုးလှစွာဖြင့် ကျိုးရှီနတ်မင်း၏ နောက်ပိုင်း ဆက်ခံသူ နတ်မင်းများမှာ ကိုယ်ပိုင်အမြုတေဖြင့် မမွေးဖွားခဲ့သော်လည်း အမြုတေကို ဖန်တီးနိုင်သော နတ်စွမ်းရည်လည်း မပြည့်ဝခဲ့ကြပေ။ ထိုသို့ အမြုတေ ဖန်တီးနိုင်စွမ်းကို သဘာဝလွန်စွမ်းအား၏ ဆက်ခံသူ နတ်ဘုရားမ ကျိုးရင်းပင် မရရှိခဲ့ပေ။
(ဒီနေရာမှာ နည်းနည်း ထပ်ပြောရမယ် ဆိုရင် စိမ့်စမ်းပြာအိုင်အလွမ်းဒဏ္ဍာရီကို ဖတ်ပြီးတဲ့သူတိုင်း နားလည်မှာပါနော်၊ ကျိုးရင်းက တကယ်တမ်းမှာ ပညာရပ် တော်တော်များများကို မတတ်ခဲ့ပါဘူးနော်၊ သူ့မျိုးနွယ်ရဲ့ ဝိညာဉ်ခွဲတဲ့ ပညာရပ်ကလွဲရင် ကျန်တာတွေကို နားလည်ဖို့ကို ခက်ခဲခဲ့တာပါ။ ကျိုးရင်းရဲ့ မူလနတ်စွမ်းအားကိုက စွမ်းအားကြီးမား နေခဲ့တာပါ။)
“တကယ်လို့ မင်း အမြုတေ လိုချင်တယ် ဆိုရင် ကိုယ်တိုင် ကြိုးစားတာကလည်း မနောက်ကျသေးပါဘူး”
အိမ်ရှေ့မင်းသားက သူ့ကို သတိပေးစကား ဆိုလိုက်သည်နှင့် ဆင်တူသည်။ မျိုးရိုးအရ သူက အိမ်ရှေ့မင်းသား တလီယီမင်ဘက်မှ ကြည့်လျှင် သူသည်က ရေတွက်၍ မရနိုင်သော နှောင်းပိုင်းမျိုးဆက် နတ်များတွင် ပါဝင်သည်။ သို့သော် မိခင် ကျိုးရင်းဘက်မှ ကြည့်လျှင် မျိုးရိုးသည် ရှေးပိုင်းမျိုးဆက်တွင် ပါဝင်ကာ ကောင်းကင်တည်သော နတ်မင်းတို့၏ မျိုးဆက်တွင် စတုတ္ထမြောက်မျိုးဆက် ဖြစ်သည်။
“ကျိုးဟူ..”
ယခုတွင်မှ ကျိုးရင်းနတ်ဘုရားမ၏ အသံက ထွက်ပေါ်လာ၏။ သို့သော်.. အိမ်ရှေ့မင်းသားက သူမကို ထိန်းထားလျက် ရှိနေသေး၏။
“မင်းအမေက မင်းကို မမှတ်မိတာကို မင်းက ခွင့်လွတ်ပေးလိုက်ပါ၊ သူမက အဲဒါကို စိတ်ပူပြီးတော့ စိတ်မကောင်း ဖြစ်နေတယ်”
“သူမက သဘာဝလွန် နတ်ဘုရားမ မဟုတ်လား၊ ဘယ်လို ဖြစ်ပြီးတော့ ဒါကို မသိနိုင်ခဲ့တာလဲ ဆိုတာ ကျွန်တော် နားမလည်ဘူး”
သူ မေးလိုက်တာကို အိမ်ရှေ့မင်းသားကပင် ထပ်မံ၍ ဖြေကြားလာ၏။
“ကောင်းကင်တည်ခဲ့တဲ့ နတ်မင်းကိုးပါးထဲက နတ်မင်းတစ်ပါးက အနန္ဒနတ်စွမ်းအား အတတ်ပညာကို ဖန်တီးနိုင်ခဲ့ပြီးတော့ သင်ယူနိုင်ခဲ့တယ်၊ အဲဒီအနန္ဒနတ်စွမ်းအား ပညာရပ်ဆိုတာက အဲဒီနတ်မင်း နတ်သက်ကြွေသွားသည့်တိုင်အောင် သူ့နတ်စွမ်းအားကို ဆက်ခံသူကို မျှဝေနိုင်တယ်၊ ငါ အဲဒီနတ်စွမ်းအားကို ကောင်းကင်အလင်းတန်းအသွင်အဖြစ်နဲ့ ဆက်ခံသူ ဖြစ်ခဲ့ပြီးတော့ မင်းမမွေးလာခင်တုန်းက ငါ မင်းအတွက် တစ်ဝက် ထည့်ပေးထားခဲ့တယ်.. အခု အဲဒါကို ပြန်ယူဖို့ အချိန်ကျပြီ”
ပြောပြီးသည်နှင့် အိမ်ရှေ့စံက သူ့ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းငယ်ကို ထုတ်ယူသွားလေသည်။ ပြီးနောက် ဖန်ပုလင်းငယ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ကာ။
“အနန္ဒနတ်စွမ်းအား ပညာရပ်ဆိုတာက နတ်စွမ်းအားတွေရဲ့ အထွတ်အထိပ်နတ်စွမ်းအား ပညာရပ်တစ်ခုပဲ၊ ငါက မင်းအတွက် အဲဒါကို ထည့်သွင်းပေးလိုက်ပြီးတော့ မင်းရဲ့ကောင်းကင်သန္ဓေအိမ် ပျက်စီးသွားပြီးတဲ့ နောက်မှာ သူက မင်းအတွက် အယောင်ဆောင် အသက်ဓာတ်၊ အယောင်ဆောင် အမြုတေနဲ့ အယောင်ဆောင် အရှိန်အဝါကို ဖန်တီးပေးခဲ့တယ်၊ ဘယ်သူမှ ဒါကို မသိနိုင်ခဲ့ဘူး၊ သူ့မှာ အဲလိုစွမ်းအားရှိမှန်း ငါလေ့လာပြီးတာ မကြာသေးဘူး၊ ပြီးတော့ အနန္ဒနတ်စွမ်းအားက မင်းအမေရဲ့အမြင်ကို ပိတ်ပင်ထားနိုင်ခဲ့တယ်၊ ပြီးတော့ မင်းအမေက ကျိုးမျိုးနွယ်နတ်တွေရဲ့ အတတ်ပညာဖြစ်တဲ့ နတ်ဝိညာဉ်ခွဲခြား အသက်သွင်းခြင်း အတတ်ပညာကို မင်းမွေးဖွားလာတာနဲ့ မခက်ခဲရအောင် ဆိုပြီးတော့ ကြိုတင်စီမံထားပေးခဲ့တယ်၊ ကံဆိုးစွာနဲ့ မင်းရဲ့သန္ဓေအိမ်ပြိုကွဲသွာပြီးတဲ့နောက်မှာ အဲဒီနတ်သက်ကယ်ရေခဲဆီကနေ သဘာလွန်နတ်စွမ်းအားက မင်းရဲ့ခန္ဓာကိုယ်မှာ စည်းအဖြစ် ဖြစ်ပေါ်လာခဲ့ပြီးတော့ ငါ့အမြင်ကို ကာထားခဲ့တယ်၊ အဲဒါကြောင့် ငါတို့ နှစ်ယောက်က မင်းရဲ့နတ်ဝိညာဉ်တည်ရှိရာကို အာရုံခံလို့ မရနိုင်ခဲ့ဘူး”
အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ရှင်းပြသည်။ ကျိုးရင်းနတ်ဘုရားမက ငိုကြွေးနေရာမှ တည်ငြိမ်သွားပြီ ဖြစ်ကာ သူ့ကို စိုးရိမ်စွာ ကြည့်နေ၏။
“ကျိုးဟူ.. မယ်တော် တောင်းပန်ပါတယ်”
“ကျွန်တော်က တလီကျိုးဟူ မဟုတ်ဘူး”
သူ ချက်ချင်းပင် ငြင်းဆိုလိုက်မိသည်။ တလီကျိုးဟူ ဆိုသော တစ်ယောက်သည် သူ မဟုတ်ဟု သူ ခံစားနေရပြီး တလီကျိုးဟူနှင့် ဆက်နွယ်ပတ်သတ်နေသမျှ မှတ်ဉာဏ်အားလုံးသည်လည်း သူ့ထံတွင် မတည်ရှိနေပေ။ ထို့ကြောင့် သူက သူ့ကိုယ်သူ တလီကျိုးဟူဟု လက်ခံရန် ခက်ခဲနေဆဲ ဖြစ်၏။
“မင်းတို့က အတူတူပဲလေ၊ ဘယ်လို ဖြစ်ပြီးတော့.. ဒီလိုမျိုး..”
သူမက ထပ်မံ၍ မျက်ရည်များ စီးကျလာပြန်၏။ အိမ်ရှေ့မင်းသားက သူ့ဇနီးကို ပွေ့ပိုက်လိုက်ပြီးနောက် သူ့ကို သတိပေးစကား ဆိုလာသည်။
“မင်းအမေ ကိုယ်ဝန်ရှိနေတယ်၊ နေမကောင်းဘူး၊ မင်း သူ့ကို မထိခိုက်စေပါနဲ့”
အိမ်ရှေ့မင်းသားက ဇနီးသည်ကို ပွေ့ချီလိုက်ပြီးနောက် သူ့ကို ပြောလာပြန်၏။
“ပြီးတော့ မင်းအတွက် ကောင်းကင်မှာ နန်းဆောင်တည်လာပြီးသား ဆိုတော့ မင်း အဲဒီမှာ သွားနေနိုင်တယ်၊ နောက်သုံးရက်နေရင် ကျိုးနတ်မျိုးနွယ်တွေဆီကို တရားဝင်သွားနှုတ်ဆက်ဖို့ ပြင်ဆင်ထားပါ၊ မင်းက အငယ်ဆိုတော့ အားလုံးကို လေးစားမှု ပြပေးရမယ်၊ ကျိုးနတ်မျိုးနွယ်က နည်းပါးတယ်၊ ဆစ်ကျီနတ်မင်းက ကျိုးမျိုးနွယ်ရဲ့ အသိအမှတ်ပြု နတ်မင်းတစ်ပါး မဟုတ်ရင်တောင် သူကလည်း မင်းရဲ့အဘိုးလေးပဲ မို့လို့ မင်းဘက်ကပဲ သူ့ကို ဂါရဝတရားရှိပေးရမယ်”
အိမ်ရှေ့မင်းသားက လှည့်ထွက်ဖို့ ပြင်ပြီးနောက် ခြေလှမ်းကို ရပ်တန့်လိုက်သည်။
“မင်း ဖြစ်ချင်သည် ဖြစ်စေ မဖြစ်ချင်သည် ဖြစ်စေ မင်းက ကောင်းကင်အိမ်ရှေ့စံရဲ့သားတော်တစ်ပါး ဖြစ်သွားပြီ၊ ဒီတော့ အဲဒီဂုဏ်ပုဒ်နဲ့အညီ ပြုမူ နေထိုင်သင့်တယ်၊ မင်းက ကောင်းကင်နန်းတော်ရဲ့ မင်းသားငယ်တစ်ပါးပဲ၊ မင်းသားတစ်ပါးဆိုတဲ့ တာဝန်ကို မင်း ယူကို ယူရမှာပဲ၊ မင်း အဆင်သင့် ပြင်ဆင်ထားသင့်တယ်”
အိမ်ရှေ့စံက သူ့ဇနီးသည်ကို ပွေ့ချီကာ ကျောခိုင်း ထွက်သွားသည်အထိ ဟူအာ ငြိမ်သက်စွာ တွေးတောနေမိဆဲ ဖြစ်သည်။ မနေ့ကနှင့် ယနေ့အတွင်း သူသည်က များပြားလှသော တာဝန်များ ပခုံးပေါ်တွင် ရုတ်တရက် ရောက်လာသကဲ့သို့ပင် ခံစားလိုက်ရလေသည်။
***
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။
zawgyi
အခန္း ၈၂
သူ႔လက္အတြင္း ေတာက္ပေနေသာ အျပာေရာင္အေငြ႕ျဖင့္ နတ္စြမ္းအားက ျပင္းထန္ၿပီး ထက္သန္လြန္းသည္။ သူ လက္ကို ေဝွ႕ယမ္းလိုက္သည္တြင္ ေလျပည္ညင္းက တိခနဲ တန္႔ရပ္သြား၏။ ရင္းအာ၏ အျပစ္ဆိုတာက တိုးတိုးသဲ့သဲ့ေလး ထြက္ေပၚလာျပန္သည္။
“ငါ့သား.. မင္းက ငါ့သား.. ဘာလို့ မင္းက ေစာေစာ မေျပာရတာလဲ၊ မင္း ဘယ္လို ေတာင္မွ အေမ့ကို ပစ္ထားနိုင္ရတာလဲ”
“ကၽြန္ေတာ္လည္း မရွင္းလင္းေသးဘူး”
အေျခအေနက အေတာ္ေလး ရွုပ္ေထြးေနေသာ အေနအထားတြင္ ရွိေနသည္။ ေကာင္းကင္မင္းႀကီးက မိန္႔ၾကားလာ၏။
“အေမွာင္ကိုးပါးကို ေက်ာ္ျဖတ္တာမွာ မင္းက ေလးပါးေျမာက္မွာ ခ်ိဳးဖ်က္ၿပီး ထြက္လာတယ္၊ မင္းက အေတာ္ေလး သတၱိေကာင္းပါလား”
“ဒီကေလးက စိတ္မရွည္တတ္လို့ပါ၊ အဘိုးေတာ္ကပဲ ေက်းဇူးျပဳၿပီးေတာ့ ခြင့္လႊတ္ေပးပါအုံး”
“ေကာင္းၿပီ အေမွာင္တိုက္တံခါးကို ခ်ိဳးဖ်က္ၿပီး မထြက္လာရဘူးဆိုတဲ့ စည္းမ်ဥ္းမရွိမွေတာ့ ငါက သူ႔ကို အျပစ္တင္ၿပီးေတာ့ ဘာလုပ္မွာလဲ၊ ယီမင္ မင္းက သားေကာင္းတစ္ေယာက္ကို ရထားတာပဲ၊ ၾကည့္ရတာ မင္းတို့လည္း ကိစၥေလးေတြ ရွိမယ္ ထင္တယ္၊ မင္းတို့ဖာသာ ေျဖရွင္းနိုင္ဖို့ ေမၽွာ္လင့္ပါတယ္”
ေကာင္းကင္မင္းႀကီးက ထိုေနရာမွ ထြက္ခြာသြားၿပီးေနာက္ တျခားေသာ နတ္မင္းမ်ားကလည္း အလ်ိဳလ်ိဳ ထြက္ခြာသြားၾကေလသည္။
ထိုေနရာတစ္ခုလုံးမွ နတ္မင္းမ်ားအားလုံး ထြက္ခြာသြားၿပီးသည္ႏွင့္ က်န္ရစ္ခဲ့သူက သုံးဦးသာ ရွိေတာ့သည္။ မင္တက္ေနေသာ က်ိဳးရင္းနတ္ဘုရားမ၊ ခင္ပြန္းသည္ အိမ္ေရွ႕စံတလီယီမင္၊ ေနာက္ဆုံး တစ္ဦးက ယခုေလးတင္မွ အေမွာင္ကိုးပါးတိုက္တံခါးကို က်ိဳးပဲ့ေစလိုက္ေသာ ပိုင္ဟုန္ဟူ..။
မိသားစု သုံးဦးက မည္သူမၽွ စကားစမဆိုဘဲ တိတ္ဆိတ္ေန၏။ အိမ္ေရွ႕မင္းသားက ဇနီးသည္၏ ခႏၶာကိုယ္ကို ေထြးပိုက္ထားၿပီး သားျဖစ္သူကို ၾကည့္ေနသည္။ လက္ရွိအေရးကိစၥမွာ ဆိုရလၽွင္ အိမ္ေရွ႕မင္းသား၏ မိသားစုအေရး အိမ္တြင္းေရးဟု ဆိုနိုင္ေပသည္။ ထို့ေၾကာင့္ ဝင္ပါလိုသူ မည္သူမၽွ မရွိေပ။ ဝင္ပါ၍လည္း မရနိုင္ေပ။
“ဟူအာ.. မင္းက ငါတို့ရဲ့ သားပဲ”
ပထမဆုံး ၿငိမ္သက္ေနမွုကို အိမ္ေရွ႕မင္းသားက စကားတစ္ခြန္းျဖင့္ ၿဖိဳခြဲပစ္လိုက္သည္။ ၿပီးေနာက္ လိုအပ္သည္ကို ဆက္တိုက္ဆိုသလို ေျပာလိုက္၏။
“မင္းလက္ခံခ်င္တာ ျဖစ္ေစ လက္မခံခ်င္ဘူး ျဖစ္ေစ ဒါကို မင္း ျငင္းလို့ မရဘူး”
“ကၽြန္ေတာ္..”
ဟူအာ စကားစေျပာရန္ ႀကိဳးစားလိုက္ေသာ္လည္း ထိုကိစၥမ်ားအား အစမွ အဆုံးတိုင္ သူ တစ္ခုမွ နားမလည္သလို ခံစားေနရသည္။ တစ္ဘဝလုံး သူ႔ကိုယ္သူ နားမလည္လာခဲ့ေသာ ကိစၥမ်ား ရွိသည့္အနက္ ယခုတစ္ႀကိမ္က အခက္ခဲဆုံးဟု ခံစားရသည္။
သူ႔မိဘမ်ားက ပိုင္ေဒသမွ နတ္ေျမေခြးမ်ားဟု သူ မွတ္ထင္ခဲ့သည္။ ၿပီးေနာက္ ငယ္စဥ္တစ္ေလၽွာက္လုံး ေျမနတ္မ်ား၏ နတ္စြမ္းအင္ အသုံးခ်မွုကို အသက္သြင္းနိုင္စြမ္း မရွိခဲ့ေပ။ အသက္သြင္း၍ ရလာသည့္ နတ္စြမ္းအင္သည္လည္း ေျမနတ္ေဒသမွ နတ္ေျမေခြး ပိုင္မ်ိဳးရိုးတို့၏ စြမ္းအားမ်ား မဟုတ္ခဲ့ေပ။
ထိုအေျခအေနကို သူ အႀကိမ္ႀကိမ္ သုံးသပ္ၿပီးသည့္တိုင္ ယေန႔အထိ နားမလည္နိုင္ခဲ့သည့္ အေျဖက သူက အိမ္ေရွ႕မင္းသားႏွင့္ က်ိဳးရင္းနတ္ဘုရားမတို့၏ သား ဆိုသည့္ အေၾကာင္းတရားအေပၚတြင္ မူတည္ေနေပသည္။
“ကၽြန္ေတာ္.. ကၽြန္ေတာ္ နားလည္ဖို့ အခ်ိန္နည္းနည္း ေပးနိုင္မလား”
သူ႔ ေတာင္းဆိုခ်က္က လြန္သည္ဟု မဆိုနိုင္ေပ။ သူ အရာအားလုံးကို အခ်ိတ္အဆက္မိမိ နားလည္ဖို့ လိုေသးသည္။
“မင္းမွာ နတ္ဝိညာဥ္ရွစ္ခု ရွိတယ္”
အိမ္ေရွ႕မင္းသားက သူ႔ကို ေျပာျပလာသည္။ ထိုအေၾကာင္းအရင္းသည္လည္း သူနားမလည္ေသာ အေၾကာင္းအရင္း ျဖစ္၏။
“ၿပီးေတာ့ မင္းရဲ့ဝိညာဥ္ေနာက္တစ္ခုကလည္း မင္းေလာက္နီးပါး အားေကာင္းတယ္”
“မင္း သူ႔ကို သိေလာက္မယ္လို့ ထင္တယ္၊ သူက..”
“တလီက်ိဳးဟူ..”
ဟူအာ ႐ုတ္တရက္ စကားကို ျဖတ္ေျပာလိုက္မိသည္။ အိမ္ေရွ႕မင္းသားက သူ႔ကို စိတ္ဆိုးဟန္ မျပေပ။ ထိုအစား နားလည္ရန္ မလြယ္ေသာ ကေလးငယ္ကို စိတ္ရွည္စြာ သင္ျပေပးေနေသာ ဆရာတစ္ဦး၏ ဟန္ပန္ျဖင့္သာ ေငးၾကည့္ေန၏။
“ဟုတ္တယ္၊ မင္းတို့ ႏွစ္ေယာက္က မညီမမၽွ ျဖစ္ေနတယ္၊ မင္းတို့က တစ္ေယာက္တည္းပဲ”
ယီမင္ ေနာက္ဆုံးေတာ့ သူ႔သားကို ထိုအေၾကာင္းအရာကို ေျပာျပနိုင္ခဲ့ၿပီ ျဖစ္သည္။
“သူ႔ရဲ့ နတ္စြမ္းအား ဆက္ခံမွုက ထူးဆန္းေနတယ္၊ ဒါေပမဲ့ သူ႔ရဲ့မူလသဏၭာန္က အားေကာင္းတယ္၊ သူ႔ရဲ့အသက္ဓာတ္က မွန္းဆလို့ မရနိုင္ဘူး၊ ဒါေပမဲ့ မင္းကက်ေတာ့.. ေျမနတ္ရဲ့အသက္ဓာတ္နဲ႔ ႀကီးျပင္းလာရတယ္၊ ဒီေန႔ မင္းရဲ့အသက္ဓာတ္နဲ႔ နတ္စြမ္းအား ေျပာင္းလဲသြားေပမဲ့ တလီက်ိဳးဟူမွာလည္း မင္းေလာက္နီးပါး အားေကာင္း ျပင္းထန္တဲ့ ေကာင္းကင္အရွိန္အဝါနဲ႔ အသက္ဓာတ္ကို ပိုင္ဆိုင္ထားတယ္”
“ကၽြန္ေတာ္တို့က မတူညီဘူးေပါ့”
အိမ္ေရွ႕မင္းသားက လက္တစ္ဖက္ျဖင့္ သူ႔ကို ေဝ့ယမ္းလိုက္သည္။ ၿပီးေနာက္ သက္ျပင္းသဲ့သဲ့ခ်လိုက္၏။
“မင္းကို ျပဳစုေစာင့္ေရွာက္ခဲ့တဲ့ မိဘေတြကို ႏွုတ္ဆက္သင့္တယ္၊ မင္းမွာ သူတို့ဆီကေန ကူးယူထားတဲ့ ေျမနတ္နဲ႔ သက္ဆိုင္တဲ့ အရာမွန္သမၽွ မရွိေတာ့ဘူး”
အိမ္ေရွ႕မင္းသားက သတိေပးစကား ဆိုလာမွ ဟူအာ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္ စမ္းစစ္လိုက္မိ၏။ သူ႔ထံတြင္ ေျမနတ္အရွိန္အဝါႏွင့္ ေျမနတ္၏အသက္ဓာတ္ ၿပီးေနာက္ ေျမနတ္တစ္ပါး၏ မူလအသြင္အျပင္ ျဖစ္ေသာ ေျမေခြးဟူေသာ မူလသဏၭာန္ပင္ ေပ်ာက္ကြယ္သြားၿပီ ျဖစ္၏။
အားလုံးက ေကာင္းကင္နတ္တစ္ပါး၏ အရွိန္အဝါ၊ ေကာင္းကင္နတ္တစ္ပါး၏ အသက္ဓာတ္ အျဖစ္သို့ ေျပာင္းလဲသြားေတာ့သည္။
“ကၽြန္ေတာ့္မွာ မူလသဏၭာန္မရွိဘူး..”
သူ ေမးလိုက္တာကို ငိုေႂကြးေနေသးသည့္ က်ိဳးရင္းနတ္ဘုရားမက မေျဖၾကားခဲ့ေပ။ အိမ္ေရွ႕မင္းသားကပင္ ေျဖၾကားလာ၏။
“မင္းအေမအရင္းမွာလည္း မူလသဏၭာန္မရွိဘူး..”
အိမ္ေရွ႕မင္းသား၏ ဆိုလိုရင္းမွာ ရိုးရွင္းလွေပသည္။ သူ႔ထံတြင္ မူလသဏၭာန္မရွိေပ။ မူလသဏၭာန္မရွိျခင္း၏ အက်ိဳးသက္ေရာက္မွုမွာ သူ႔ထံတြင္ အျမဳေတ မရွိ၍ဟု ဆိုလိုျခင္းပင္ ျဖစ္သည္။
အျမဳေတမရွိျခင္းတြင္ ေကာင္းျခင္း ရွိသလို ဆိုးျခင္းလည္း ရွိနိုင္၏။ ေကာင္းျခင္းသည္ အျမဳေတေၾကာင့္ နတ္ခႏၶာကိုယ္ႏွင့္ ဝိညာဥ္ကို မထိခိုက္နိုင္ေပ။ ဆိုရလၽွင္ အျမဳေတေၾကာင့္ ထိခိုက္ေစနိုင္ေသာ အေၾကာင္းတရားမ်ားကို အလြယ္တကူပင္ ေက်ာ္လႊားေစနိုင္သည္။
ဆိုးက်ိဳးဟု ဆိုရလၽွင္ အျမဳေတမရွိျခင္းေၾကာင့္ အျမဳေတႏွင့္ သက္ဆိုင္ေသာ နတ္စြမ္းအား ပညာရပ္မ်ားကို သင္ယူနိုင္ျခင္း မရွိေတာ့ေပ။ အျမဳေတကို အသုံးခ်နိုင္ေသာ ပညာရပ္မ်ား အားလုံးကို အသုံးျပဳနိုင္ျခင္းလည္း မရွိေတာ့ေပ။
ေကာင္းကင္ကို တည္ခဲ့ေသာ ေရွးနတ္မင္းမ်ားသည္ သဘာဝမွ ေမြးဖြားလာခဲ့ျခင္း ျဖစ္ၿပီး ကိုယ္ပိုင္အျမဳေတအျပင္ အျမဳေတအမ်ားအျပားကို လက္နက္အျဖစ္ အသုံးခ်နိုင္ခဲ့ၾကသည္။ ထို့အျပင္ သဘာဝမွ ေမြးဖြားလာေသာ နတ္မင္းမ်ား၏ ထိခိုက္မွုက အျမဳေတအေပၚတြင္ မူတည္ျခင္း မရွိခဲ့ၾကေပ။ အေၾကာင္းအရင္းမွာ ေရွးနတ္မင္းကိုးပါးသည္ အျမဳေတကို ဖန္တီးနိုင္ေသာေၾကာင့္ ျဖစ္၏။
သို့ေသာ္ ကိုယ္ပိုင္အျမဳေတ မပါရွိဘဲ သဘာဝမွ ေမြးဖြားလာခဲ့သည့္ တစ္ပါးတည္းေသာ နတ္မင္းမွာ က်ိဳးရွီနတ္မင္း ျဖစ္သည္။ ကိုယ္ပိုင္အျမဳေတ မရွိေသာ္လည္း အျမဳေတကို ဖန္တီးနိုင္ခဲ့ၿပီး က်ိဳးရွီနတ္မင္း၏ ကိုယ္တိုင္ဖန္တီးထားေသာ အျမဳေတသည္ တျခားေသာ နတ္တစ္ပါး၏ အျမဳေတကို ဖန္တီးနိုင္စြမ္း ဖ်က္ဆီးနိုင္စြမ္းတို့ ရွိၿပီး ထိုမၽွအထိ စြမ္းအား ႀကီးမားေလ၏။
ကံဆိုးလွစြာျဖင့္ က်ိဳးရွီနတ္မင္း၏ ေနာက္ပိုင္း ဆက္ခံသူ နတ္မင္းမ်ားမွာ ကိုယ္ပိုင္အျမဳေတျဖင့္ မေမြးဖြားခဲ့ေသာ္လည္း အျမဳေတကို ဖန္တီးနိုင္ေသာ နတ္စြမ္းရည္လည္း မျပည့္ဝခဲ့ၾကေပ။ ထိုသို့ အျမဳေတ ဖန္တီးနိုင္စြမ္းကို သဘာဝလြန္စြမ္းအား၏ ဆက္ခံသူ နတ္ဘုရားမ က်ိဳးရင္းပင္ မရရွိခဲ့ေပ။
(ဒီေနရာမွာ နည္းနည္း ထပ္ေျပာရမယ္ ဆိုရင္ စိမ့္စမ္းျပာအိုင္အလြမ္းဒ႑ာရီကို ဖတ္ၿပီးတဲ့သူတိုင္း နားလည္မွာပါေနာ္၊ က်ိဳးရင္းက တကယ္တမ္းမွာ ပညာရပ္ ေတာ္ေတာ္မ်ားမ်ားကို မတတ္ခဲ့ပါဘူးေနာ္၊ သူ႔မ်ိဳးႏြယ္ရဲ့ ဝိညာဥ္ခြဲတဲ့ ပညာရပ္ကလြဲရင္ က်န္တာေတြကို နားလည္ဖို့ကို ခက္ခဲခဲ့တာပါ။ က်ိဳးရင္းရဲ့ မူလနတ္စြမ္းအားကိုက စြမ္းအားႀကီးမား ေနခဲ့တာပါ။)
“တကယ္လို့ မင္း အျမဳေတ လိုခ်င္တယ္ ဆိုရင္ ကိုယ္တိုင္ ႀကိဳးစားတာကလည္း မေနာက္က်ေသးပါဘူး”
အိမ္ေရွ႕မင္းသားက သူ႔ကို သတိေပးစကား ဆိုလိုက္သည္ႏွင့္ ဆင္တူသည္။ မ်ိဳးရိုးအရ သူက အိမ္ေရွ႕မင္းသား တလီယီမင္ဘက္မွ ၾကည့္လၽွင္ သူသည္က ေရတြက္၍ မရနိုင္ေသာ ေႏွာင္းပိုင္းမ်ိဳးဆက္ နတ္မ်ားတြင္ ပါဝင္သည္။ သို့ေသာ္ မိခင္ က်ိဳးရင္းဘက္မွ ၾကည့္လၽွင္ မ်ိဳးရိုးသည္ ေရွးပိုင္းမ်ိဳးဆက္တြင္ ပါဝင္ကာ ေကာင္းကင္တည္ေသာ နတ္မင္းတို့၏ မ်ိဳးဆက္တြင္ စတုတၳေျမာက္မ်ိဳးဆက္ ျဖစ္သည္။
“က်ိဳးဟူ..”
ယခုတြင္မွ က်ိဳးရင္းနတ္ဘုရားမ၏ အသံက ထြက္ေပၚလာ၏။ သို့ေသာ္.. အိမ္ေရွ႕မင္းသားက သူမကို ထိန္းထားလ်က္ ရွိေနေသး၏။
“မင္းအေမက မင္းကို မမွတ္မိတာကို မင္းက ခြင့္လြတ္ေပးလိုက္ပါ၊ သူမက အဲဒါကို စိတ္ပူၿပီးေတာ့ စိတ္မေကာင္း ျဖစ္ေနတယ္”
“သူမက သဘာဝလြန္ နတ္ဘုရားမ မဟုတ္လား၊ ဘယ္လို ျဖစ္ၿပီးေတာ့ ဒါကို မသိနိုင္ခဲ့တာလဲ ဆိုတာ ကၽြန္ေတာ္ နားမလည္ဘူး”
သူ ေမးလိုက္တာကို အိမ္ေရွ႕မင္းသားကပင္ ထပ္မံ၍ ေျဖၾကားလာ၏။
“ေကာင္းကင္တည္ခဲ့တဲ့ နတ္မင္းကိုးပါးထဲက နတ္မင္းတစ္ပါးက အနႏၵနတ္စြမ္းအား အတတ္ပညာကို ဖန္တီးနိုင္ခဲ့ၿပီးေတာ့ သင္ယူနိုင္ခဲ့တယ္၊ အဲဒီအနႏၵနတ္စြမ္းအား ပညာရပ္ဆိုတာက အဲဒီနတ္မင္း နတ္သက္ေႂကြသြားသည့္တိုင္ေအာင္ သူ႔နတ္စြမ္းအားကို ဆက္ခံသူကို မၽွေဝနိုင္တယ္၊ ငါ အဲဒီနတ္စြမ္းအားကို ေကာင္းကင္အလင္းတန္းအသြင္အျဖစ္နဲ႔ ဆက္ခံသူ ျဖစ္ခဲ့ၿပီးေတာ့ မင္းမေမြးလာခင္တုန္းက ငါ မင္းအတြက္ တစ္ဝက္ ထည့္ေပးထားခဲ့တယ္.. အခု အဲဒါကို ျပန္ယူဖို့ အခ်ိန္က်ၿပီ”
ေျပာၿပီးသည္ႏွင့္ အိမ္ေရွ႕စံက သူ႔ခႏၶာကိုယ္မွ အျဖဴေရာင္အလင္းတန္းငယ္ကို ထုတ္ယူသြားေလသည္။ ၿပီးေနာက္ ဖန္ပုလင္းငယ္အတြင္းသို့ ျပန္လည္ထည့္သြင္းလိုက္ကာ။
“အနႏၵနတ္စြမ္းအား ပညာရပ္ဆိုတာက နတ္စြမ္းအားေတြရဲ့ အထြတ္အထိပ္နတ္စြမ္းအား ပညာရပ္တစ္ခုပဲ၊ ငါက မင္းအတြက္ အဲဒါကို ထည့္သြင္းေပးလိုက္ၿပီးေတာ့ မင္းရဲ့ေကာင္းကင္သေႏၶအိမ္ ပ်က္စီးသြားၿပီးတဲ့ ေနာက္မွာ သူက မင္းအတြက္ အေယာင္ေဆာင္ အသက္ဓာတ္၊ အေယာင္ေဆာင္ အျမဳေတနဲ႔ အေယာင္ေဆာင္ အရွိန္အဝါကို ဖန္တီးေပးခဲ့တယ္၊ ဘယ္သူမွ ဒါကို မသိနိုင္ခဲ့ဘူး၊ သူ႔မွာ အဲလိုစြမ္းအားရွိမွန္း ငါေလ့လာၿပီးတာ မၾကာေသးဘူး၊ ၿပီးေတာ့ အနႏၵနတ္စြမ္းအားက မင္းအေမရဲ့အျမင္ကို ပိတ္ပင္ထားနိုင္ခဲ့တယ္၊ ၿပီးေတာ့ မင္းအေမက က်ိဳးမ်ိဳးႏြယ္နတ္ေတြရဲ့ အတတ္ပညာျဖစ္တဲ့ နတ္ဝိညာဥ္ခြဲျခား အသက္သြင္းျခင္း အတတ္ပညာကို မင္းေမြးဖြားလာတာနဲ႔ မခက္ခဲရေအာင္ ဆိုၿပီးေတာ့ ႀကိဳတင္စီမံထားေပးခဲ့တယ္၊ ကံဆိုးစြာနဲ႔ မင္းရဲ့သေႏၶအိမ္ၿပိဳကြဲသြာၿပီးတဲ့ေနာက္မွာ အဲဒီနတ္သက္ကယ္ေရခဲဆီကေန သဘာလြန္နတ္စြမ္းအားက မင္းရဲ့ခႏၶာကိုယ္မွာ စည္းအျဖစ္ ျဖစ္ေပၚလာခဲ့ၿပီးေတာ့ ငါ့အျမင္ကို ကာထားခဲ့တယ္၊ အဲဒါေၾကာင့္ ငါတို့ ႏွစ္ေယာက္က မင္းရဲ့နတ္ဝိညာဥ္တည္ရွိရာကို အာ႐ုံခံလို့ မရနိုင္ခဲ့ဘူး”
အိမ္ေရွ႕စံမင္းသားက တည္ၿငိမ္စြာ ရွင္းျပသည္။ က်ိဳးရင္းနတ္ဘုရားမက ငိုေႂကြးေနရာမွ တည္ၿငိမ္သြားၿပီ ျဖစ္ကာ သူ႔ကို စိုးရိမ္စြာ ၾကည့္ေန၏။
“က်ိဳးဟူ.. မယ္ေတာ္ ေတာင္းပန္ပါတယ္”
“ကၽြန္ေတာ္က တလီက်ိဳးဟူ မဟုတ္ဘူး”
သူ ခ်က္ခ်င္းပင္ ျငင္းဆိုလိုက္မိသည္။ တလီက်ိဳးဟူ ဆိုေသာ တစ္ေယာက္သည္ သူ မဟုတ္ဟု သူ ခံစားေနရၿပီး တလီက်ိဳးဟူႏွင့္ ဆက္ႏြယ္ပတ္သတ္ေနသမၽွ မွတ္ဉာဏ္အားလုံးသည္လည္း သူ႔ထံတြင္ မတည္ရွိေနေပ။ ထို့ေၾကာင့္ သူက သူ႔ကိုယ္သူ တလီက်ိဳးဟူဟု လက္ခံရန္ ခက္ခဲေနဆဲ ျဖစ္၏။
“မင္းတို့က အတူတူပဲေလ၊ ဘယ္လို ျဖစ္ၿပီးေတာ့.. ဒီလိုမ်ိဳး..”
သူမက ထပ္မံ၍ မ်က္ရည္မ်ား စီးက်လာျပန္၏။ အိမ္ေရွ႕မင္းသားက သူ႔ဇနီးကို ေပြ႕ပိုက္လိုက္ၿပီးေနာက္ သူ႔ကို သတိေပးစကား ဆိုလာသည္။
“မင္းအေမ ကိုယ္ဝန္ရွိေနတယ္၊ ေနမေကာင္းဘူး၊ မင္း သူ႔ကို မထိခိုက္ေစပါနဲ႔”
အိမ္ေရွ႕မင္းသားက ဇနီးသည္ကို ေပြ႕ခ်ီလိုက္ၿပီးေနာက္ သူ႔ကို ေျပာလာျပန္၏။
“ၿပီးေတာ့ မင္းအတြက္ ေကာင္းကင္မွာ နန္းေဆာင္တည္လာၿပီးသား ဆိုေတာ့ မင္း အဲဒီမွာ သြားေနနိုင္တယ္၊ ေနာက္သုံးရက္ေနရင္ က်ိဳးနတ္မ်ိဳးႏြယ္ေတြဆီကို တရားဝင္သြားႏွုတ္ဆက္ဖို့ ျပင္ဆင္ထားပါ၊ မင္းက အငယ္ဆိုေတာ့ အားလုံးကို ေလးစားမွု ျပေပးရမယ္၊ က်ိဳးနတ္မ်ိဳးႏြယ္က နည္းပါးတယ္၊ ဆစ္က်ီနတ္မင္းက က်ိဳးမ်ိဳးႏြယ္ရဲ့ အသိအမွတ္ျပဳ နတ္မင္းတစ္ပါး မဟုတ္ရင္ေတာင္ သူကလည္း မင္းရဲ့အဘိုးေလးပဲ မို့လို့ မင္းဘက္ကပဲ သူ႔ကို ဂါရဝတရားရွိေပးရမယ္”
အိမ္ေရွ႕မင္းသားက လွည့္ထြက္ဖို့ ျပင္ၿပီးေနာက္ ေျခလွမ္းကို ရပ္တန္႔လိုက္သည္။
“မင္း ျဖစ္ခ်င္သည္ ျဖစ္ေစ မျဖစ္ခ်င္သည္ ျဖစ္ေစ မင္းက ေကာင္းကင္အိမ္ေရွ႕စံရဲ့သားေတာ္တစ္ပါး ျဖစ္သြားၿပီ၊ ဒီေတာ့ အဲဒီဂုဏ္ပုဒ္နဲ႔အညီ ျပဳမူ ေနထိုင္သင့္တယ္၊ မင္းက ေကာင္းကင္နန္းေတာ္ရဲ့ မင္းသားငယ္တစ္ပါးပဲ၊ မင္းသားတစ္ပါးဆိုတဲ့ တာဝန္ကို မင္း ယူကို ယူရမွာပဲ၊ မင္း အဆင္သင့္ ျပင္ဆင္ထားသင့္တယ္”
အိမ္ေရွ႕စံက သူ႔ဇနီးသည္ကို ေပြ႕ခ်ီကာ ေက်ာခိုင္း ထြက္သြားသည္အထိ ဟူအာ ၿငိမ္သက္စြာ ေတြးေတာေနမိဆဲ ျဖစ္သည္။ မေန႔ကႏွင့္ ယေန႔အတြင္း သူသည္က မ်ားျပားလွေသာ တာဝန္မ်ား ပခုံးေပၚတြင္ ႐ုတ္တရက္ ေရာက္လာသကဲ့သို့ပင္ ခံစားလိုက္ရေလသည္။
***
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။