Chapter(161 to163)
Chapter(161)
လက်ဆောင်အကြီးကြီး(1)
ရန်ကျီဇောင်ကလည်း ဝူရုန်ကသူ့ကိုစိုက်ကြည့်နေတာကို သတိပြုမိလိုက်တယ်။သူသည် ဟန်လုပ်ချောင်းဆိုးလိုက်ပြီး သူ့ကိုယ်သူပြန်ပြီးစိတ်ထိန်းပြီးပြောလိုက်တယ်"ငါကြားတာတော့ ဝူမိသားစုက ပျက်စီးကိန်ကြုံရမယ်ဆို။ဒါကြောင့်ဒီပျက်စီးကိန်းကိုရှောင်ရှားဖို့အတွက် သူတို့ကဘေးကင်းရာကိုထွက်သွားရမယ်ဆို။ဒါအမှန်ဘဲလား?"
"ဟုတ်တယ်။သူတို့ကနောက်နှစ်မှပြန်လာရလိမ့်မယ်"ဝူရုန်သည် ခေါင်းငြိမ့်လိုက်တယ်။
"ငါ့အဒေါ်က လွန်ခဲ့ရက်အနည်းငယ်တုန်းက ငါတို့ကိုလာပြောခဲ့တယ်"ရန်ကျီဇောင်က သတိမထားမိဘဲ သူ့နှုတ်ခမ်းထောင့်တွေသည် လှောင်ပြောင်သရော်ဟန်ပေါ်လာပြီးဆက်ပြောလိုက်တယ်"သူတို့က ငါ့ကိုရိုက်ပြီးငါ့အစောင့်တွေကိုသေစေခဲ့တယ်။ဒါကိုအခုသူမနဲ့သူမရဲ့မိသားစုက ငါတို့နှင့်အတူလာနေချင်သေးတယ်။ဘယ်လိုတောင်ရယ်စရာကောင်းလိုက်သလဲ?သူမက အရှက်မရှိဘူးလား?ဘယ်လိုတောင် မျက်နှာပြောက်တိုက်လိုက်သလဲ?"
ဝူရုန်က သူက ရန်လန်ယုအကြောင်းကိုပြောနေတာကိုသိတယ်။သူမပြောခင်ကတည်းက ရှိဂျူသည် သူ့ကိုဒီအကြောင်းကိုပြောပြခဲ့ပြီးသားဖြစ်တယ်။
"ဒါဆို မင်းကသူမကိုဘာပြန်ပြောလိုက်သလဲ?"
"ငါတို့က သူတို့ကိုငါတို့မှာ သူတို့အတွက် ဧည့်သည်ခန်းမရှိဘူးလို့ပြောလိုက်တယ်။ငါ့ဦးလေးနဲ့အကြီးဆုံးဝမ်းကွဲက မျက်နှာထပ်မပျက်ချင်တာကြောင့် ချက်ချင်းထွက်သွားကြတယ်"ရန်ကျီဇောင်သည် ဆက်ပြီးပြောလိုက်တယ်"ငါကသူတို့ထွက်သွားချင်သွား မသွားချင်နေ ဂရုမစိုက်တော့ဘူး။သူတို့ငါ့ကို နောက်ဆုံးအကြိမ်တုန်းက ရိုက်လိုက်ကတည်းက ငါသူတို့အပေါ်ထပ်ပြီး မမှီခိုတော့ဖို့တွေးထားပြီးသား။မင်းကိုငါပြောရအုန်းမယ်။ငါမကြာခင်မှာမြို့ထဲကနေ ထွက်သွားတော့မယ်"
"မင်းက ဘယ်ကိုထွက်သွားမှာလဲ?"ဝူရုန်ရဲ့မျက်ဝန်းတွေကတောက်ပသွားပြီးမေးလိုက်တယ်။
"ငါ့ကို တပည့်နောက်လိုက်အဖြစ်လက်ခံမယ့်သူစီကို သွားမယ်"ရန်ကျီဇောင်ကပြောလိုက်တယ်။
ဒီခဏမှာ ဝူရုန်က ရန်ကျီဇောင်သည် သူ့အမိန့်တွေကို နာခံလာအောင် အစေခံစာချုပ်ချုပ်ဆိုလိုက်ချင်တယ်။သို့သော်လည်း သူက ဒီလူနှင့်ထပ်ပြီးမပတ်သက်ချင်ဘူး။ဒါ့အပြင် တကယ်လို့သူက ရန်ကျီဇောင်ရဲ့ကံကြမ္မာကိုပြောင်းလဲခဲ့ရင် အရင်ဘဝတုန်းက သူ့ကိုသတ်ဖို့အမိန့်ပေးခဲ့သူကိုဘယ်တော့မှမတွေ့ဆုံမှာကြောက်ရွံ့မိတယ်။
"မင်းကပါရမီရှင်ဘဲ။မင်းကိုသင်ပေးဖို့တစ်စုံတစ်ယောက်ကိုရှာတွေ့ပါလိမ့်မယ်။ကြိုပြီးတော့ဂုဏ်ပြုပါတယ်"
ရန်ကျီဇောင်ရဲ့အပြုံးတွေကတောက်ပလာတယ်။သူကဝူရုန်ရဲ့ချီးမွန်းစကားကိုနှစ်သက်တယ်။ဝူရုန်တစ်ယောက်ထဲသာလျှင်သူ့ကိုဂုဏ်ပြုနိုင်တယ်။အနည်းဆုံးတော့သူက ဝူရုန်လိုမျိုးအသုံးမကျသည့်စိတ်စွမ်းအင်မရှိတဲ့သူမဟုတ်ဘူးလေ။ဝူရုန်ကရန်ကျီဇောင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးရန်ကျီဇောင်ရဲ့မျက်လုံးထဲကိုသူ့ရဲ့စိတ်ဝိညာဉ်ဘာသာစကားကိုအသုံးပြုပြီးအမှတ်အသားစွဲထင်စေပြီးအမိန့်ပေးလိုက်တယ်"မင်း-ရဲ့-ဆရာ-သခင်-ကို-ရှာ-တွေ့-တဲ့-အခါ-ငါ့-ကို-ပြော-ကိုပြော-ရ-မယ်"
"ငါလုပ်ပါ့မယ်"ရန်ကျီဇောင်ကမိန်းမောတွေဝေစွာနှင့် အဆက်မပြတ်ခေါင်းငြိမ့်လိုက်တယ်။
သူမကြာခင်မှာဘဲ သတိပြန်ဝင်လာတဲ့အခါမှာတော့ စိတ်ရှုပ်သွားပြီးပြောလိုက်တယ်"ငါက ဘာလုပ်ရမှာလဲ?"
ငါကဘာကြောင့်ငါလုပ်မယ်လို့ပြောလိုက်ရတာလဲ?
ဝူရုန်က သူ့ရဲ့စိတ်ကိုပြောင်းလဲသွားအောင် လျှင်မြန်စွာ စကားလမ်းကြောင်းလွှဲလိုက်တယ်"မကြာခင်မင်းကမြို့ကနေထွက်သွားတော့မယ်ဆိုတော့ ငါတို့ကတစ်ယောက်နှင့်တစ်ယောက်အချိန်အကြာကြီးမတွေ့ရတော့ဘူးပေါ့။ဒါဆိုဒီမှာညစာစားဖို့နေအုန်းလေ"
"တော်ပြီ။ကျေးဇူးဘဲ။ငါကဒီကိုလာပြီးမင်းကိုလာနှုတ်ဆက်ရင်းနဲ့မင်ူကကောင်းကောင်းနေရဲ့လားဆိုတာလာကြည့်တာ။အခုငါကသွားတော့မယ်"ရန်ကျီဇောင်ခေါင်းခါလိုက်ပြီးပြောလိုက်တယ်။
"ဒီလောက်တောင်မြန်လား?"ဝူရုန်ရဲ့မျက်ခုံးတွေကမြင့်တက်သွားတယ်။
"ဒီရက်တွေမှာဂိုလင်းမြို့ကမလုံခြုံတော့ဘူး။စောစောသွားတာပိုကောင်းတယ်။ငါက ဝူမိသားစုတွေတစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်နေတာကိုမကြည့်ချင်တော့ဘူး။ဝူမိသားစုရဲ့အဆုံးသတ်နေ့ရက်တွေရောက်ပြီထင်တယ်"ရန်ကျီဇောင်ကပြောရင်းနဲ့ဝူရုန်ရဲ့ကြည့်လိုက်ပြီးဆက်ပြောလိုက်တယ်"အခုမင်းကပိန်လာပြီးကြည့်ကောင်းလာတယ်ဆိုတော့မင်းယောကျာ်းက မင်းကိုကောင်းကောင်းဆက်ဆံလိမ့်မယ်လို့ငါထင်တယ်"
"ကြည့်ကောင်းတာက ဘာများအသုံးဝင်လို့လဲ?ငါ့မှာစိတ်စွမ်းအင်လည်းမရှိဘူး"ဝူရုန်ကသူ့ကိုယ်သူ ညည်းတွားပြောဆိုလိုက်တယ်။
ရန်ကျီဇောင်က ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ သူကပိုပြီးနေလို့ကောင်းလာတယ်။သူက ဟေးရွမ်ရီက ဝူရုန်ကိုကောင်းကောင်းမဆက်ဆံဘူးလို့ထင်တာကြောင့် နှစ်သိမ့်ပေးလိုက်တယ်"မစိုးရိမ်ပါနဲ့။တစ်ရက်ကျရင် မင်းယောကျာ်းကမင်းရဲ့ကောင်းတဲ့အချက်ကို ရှာတွေ့ပါလိမ့်မယ်။အခုတော့ နောက်ကျနေပြီ။ငါသွားတော့မယ်"
"သေချာတာပေါ့။ငါမင်းကို လိုက်ပို့ပေးမယ်"
ဝူရုန်က ရန်ကျီဇောင်ကိုနှုတ်ဆက်စကားပြောဖို့ မစောင့်နိုင်တော့ဘူး။ရန်ကျီဇောင်က ရထားလုံးထဲကိုဝင်သွားတဲ့အချိန်မှ အသက်ပြင်းပြင်းရှူထုတ်လိုက်တယ်။
အဲဒီအချိန်မှာ ရန်ကျီဇောင်ကလိုက်ကာစကို ဖွင့်လာပြီးအော်ပြောလိုက်တယ်"ရုန်အာ ငါအခြေချပြီးရင် မင်းကိုစာရေးလိုက်မယ်။မင်းဒီမှာ မပျော်ရင် ငါ့ကိုလာရှာလို့ရတယ်"
"ကောင်းပြီ။ငါလာရှာမယ်။ခရီးလမ်းဖြောင့်ဖြူးပါစေ"ဝူရုန်လက်ဝေ့ယမ်း၍ နှုတ်ဆက်လိုက်ပြီး ရထားလုံးက သူ့မြင်ကွင်းကနေ ပျောက်သွားတဲ့အချိန်ထိရပ်နေလိုက်တယ်။
ဝူရုန်က ရန်ကျီဇောင်ကို နောက်ယောင်ခံလိုက်ဖို့ လူလွှတ်ဖို့တွေးထားတယ်။ဒါဆို သူက တစ်စုံတစ်ခုကိုတွေ့ဖို့ဖြစ်နိုင်တယ်။ဒါကြောင့် သူက ချက်ချင်းဘဲ အကောင်ထည်ဖော်လိုက်တယ်။
ရန်ကျီဇောင်က လိုက်ကာစကိုချလိုက်တာနှင့် လှောင်ပြုံးပြုံးပြီးသရော်လိုက်တယ်"သူကကြည့်ကောင်းလာတော့ကော ဘာဖြစ်လဲ?ဒါက ဘာများအသုံးဝင်လို့လဲ?သူကအမြဲတမ်းအသုံးမကျတဲ့လူဖြစ်နေမှာဘဲ"
ဟေးအိမ်တော်ကနေထွက်သွားပြီး မကြာခင်မှာဘဲ ရထားလုံးကရပ်သွားတယ်။
ရန်ရှန်းက အပြင်ကိုကြည့်ပြီးပြောလိုက်တယ်"သခင်လေး ဒီမှာအနောက်ဘက်ခြံဝင်းနှင့်တောင်ဘက်ခြံဝင်းက တိုက်ခိုက်နေကြတယ်။ကျွန်တော်တို့ သူတို့ကိုဖြတ်ပြီးသွားမလား ရှောင်ကွင်းပြီးသွားမလား?"
ရန်ကျီဇောင်က အပြင်ကိုကြည့်လိုက်တော့ ဝူရှောင်ရန်နှင့်အစောင့်အနည်းငယ်ကိုတွေ့လိုက်ရတယ်။
အဲဒီနောက်မှာတော့သူက စိတ်ကူးတစ်ခုဝင်လာတယ်။သူကရန်ရှန်းရဲ့နားထဲကိုအသံတိုးတိုးနှင့်ပြောလိုက်တယ်"သွားတစ်ယောက်ယောက်ကိုရှာပြီးဝူရှောင်ရန်ကိုသတင်းပို့ခိုင်းလိုက်။သူ့တတိယသားကသူ့ကိုလွမ်းနေလို့ချင်အိမ်တော်မှာရပ်အနည်းငယ်လောက်နေဖို့ခေါ်ခိုင်းတဲ့အကြောင်းပြောခိုင်းလိုက်"
ဘယ်လိုတောင်ကြီးမားတဲ့အစီအစဉ်လဲ?
ဝူရုန်သည် သူ့ရဲ့ကောင်းမွန်တဲ့ညီအကိုဖြစ်ကတည်းက သူဂိုလင်းမြို့ကနေထွက်သွားတာကြောင့် လက်ဆောင်ကြီးကြီးပေးဖို့လိုတယ်လေ။ဒီလိုဆိုရင် ဝူရုန်ရဲ့ပျင်းစရာကောင်းတဲ့နေ့ရက်တွေက အလှုပ်ရှုပ်တဲ့နေ့စဉ်ဘဝကိုရောက်လာနိုင်တယ်။
"ဒါဆို ကျွန်တော်တို့လုပ်ရမှာက..."ရန်ရှန်ကခေါင်းငြိမ့်လိုက်တယ်။
"တခြားလမ်းကနေသွား"
ရန်ကျီဇောင်က ဂိုလင်းမြို့ကနေထွက်မသွားခင်ကတည်းက ဝူရုန်ရဲ့လူတွေရဲ့စောင့်ကြည့်မှုအောက်မှာရှိနေတယ်။ဒါကြောင့်မကြာခင်မှာတော့ဝူရုန်ကရန်ကျီဇောင်ကသူ့ဖခင်ကိုထောင်ချောက်ဆင်တဲ့အကြောင်းသတင်းရလာတယ်။
"ဘယ်လိုညီအကိုကောင်းပါလိမ့်"ဝူရုန်ကလှောင်ရယ်လိုက်တယ်။
သူလက်ထပ်ပြီးနောက် သူ့စီကိုပထမဆုံးအကြိမ်လာလည်ကတည်းက ရန်ကျီဇောင်သည် သူ့ကိုလက်ဆောင်မပေးခဲ့ဘူး။အခု သူ့ကိုလာတွေ့တဲ့အချိန်မှာတောင် လက်ဆောင်မပါခဲ့ဘဲ အခုပြန်သွားတဲ့အချိန်မှ ဒီညီအကိုကောင်းကသူ့ကိုနှုတ်ဆက်လက်ဆောင်အကြီးကြီးပေးဖို့ကြံနေတယ်ပေါ့။
*******************************************************
Chapter(162)
လက်ဆောင်အကြီးကြီး(2)
သို့သော်လည်းဘဲ ရန်ကျီဇောင်က ဒီလိုမျိုးမလုပ်ခဲ့ဘူးဆိုရင်တောင် ဝူရှောင်ရန်လိုခြံဝင်းကျယ်မှာနေခဲ့တဲ့လူမျိုးက သေးငယ်တဲ့နေရာမှာလူစုပြီးနေထိုင်နိုင်မှာမဟုတ်ဘူး။နောက်ကျတာဘဲဖြစ်ဖြစ် စောတာဘဲဖြစ်ဖြစ် ဝူရှောင်ရန်က သူ့အဖေစီကိုအကြောင်းပြချက်တွေရှာပြီးသွားလိမ့်မယ်။ဒါကြောင့် သူက ဝူရှောင်ရန်က သူ့အဖေစီကိုသွားမှာကိုတားဆီးမှာမဟုတ်ဘူး။
တကယ်ကိုဘဲ ဝူရှောင်ရန်က အနောက်ဘက်ခြံဝင်းရဲ့ဒုတိယသခင်နှင့် ဆန့်ကျင်တိုက်ခိုက်နေတဲ့အချိန်မှာ သူကထောင်ချောက်ထဲကျသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။သူက မောပန်းစွာနှင့် အိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူတိုက်ခိုက်ခဲ့ရတဲ့အကြောင်းသူ့သားတွေနှင့်ချွေးမတွေကိုပြောပြခဲ့တယ်။ဒါပေမဲ့ တစ်ယောက်ကမှ သူ့ကိုဂရုမစိုက်ခဲ့ဘူး။သူ့ဇနီးကဘဲ သူ့အတွက် ဆေးတစ်ချို့ကိုပြင်ဆင်ပေးခဲ့တယ်။သူက ဝမ်းနည်းပြီးဒေါသထွက်ခဲ့ရတယ်။သူ့သားတွေက တစ်ယောက်မှသားသမီးဝတ်တရားမကျေပွန်ကြဘူး။
အဲဒီအချိန်မှာဘဲ အစေခံတစ်ယောက်တင်ပြလာတာက သူ့ရဲ့တတိယသားကသူ့ကိုလွမ်းတာကြောင့်သူ့(ဝူချွင်ချင်)ရဲ့အိမ်တော်မှာလာနေဖို့ဖိတ်ခေါ်ထားတဲ့အကြောင်း တင်ပြလာခဲ့တယ်။
ဝူရှောင်ရန်က ဒီအမည်ကိုကြားတော့ ပထမတော့ ဒေါသထွက်သွားတယ်။ဒါပေမဲ့နောက်တော့ သူကသူ့ရဲ့တတိယသားက သူမရှိဘဲမနေနိုင်ဘူးလို့ကြားတော့ သဘောကျသွားတယ်။သူက သူ့ရဲ့တတိယသားက အိမ်ကြီးကြီးနှင့် နေထိုင်တာကို သတိရသွားတော့ ပိုပြီးတောင်ပျော်ရွှင်လာတယ်။ဒါကြောင့်သူက မုရှူဝမ်ကို သူတို့ကရွှေ့ပြောင်းသင့်ကြောင်းပြောခဲ့တယ်။
"ငါတို့ကထွက်မလာခင်တုန်းက သူတို့နှင့်မနေချင်ဘူးလို့ ငါတို့ကပြောခဲ့တယ်။ငါတို့က သူတို့စီမှာသွားနေဖို့ တကယ်ဘဲအဆင်ပြေမှာ သေချာရဲ့လား?"မုရှူဝမ်ကစိုးရိမ်စွာပြောလိုက်တယ်။
"ငါတို့က သူ့မိဘတွေဘဲလေ။သူတို့နှင့်နေဖို့ပြောလိုက်တာက ဘာကိစ္စမှမရှိဘူး။ဒါ့အပြင် ငါတို့ကိုလာနေဖို့ သူကဖိတ်ခေါ်ခဲ့တာလေ။ငါတို့က သူတို့နှင့်နေဖို့တောင်းဆိုခဲ့တာမဟုတ်ဘူး"ဝူရှောင်ရန်ကဝံ့ကြွားစွာပြောလိုက်တယ်။
အဓိကအကြောင်းပြချက်က သူကဒီအိမ်သေးသေးလေးထဲမှာဘယ်လိုနည်းနဲ့မှဆက်မနေနိုင်တော့ဘူး။ဒီခြံဝင်းရဲ့နေရာတိုင်းမှာ ဝက်ချေးနံ့တွေ နွားချေးတွေရှိနေပြီးဆိုးဝါးလှတယ်။ဒါ့အပြင် ညဘက်မှာလည်း ခွေးဟောင်သံတွေက ဆူညံလွန်းလှတယ်။သူက တစ်ညမှကောင်းကောင်းအိပ်မပျော်နိုင်ဘူး။
မုရှူဝမ်ကလည်း သဘောတူလိုက်တယ်။ဒါပေမဲ့ သူတို့က ယဉ်ကျေးမှုအရ မရွှေ့ပြောင်းခင်နှစ်ရက်လောက်ဆက်နေဖို့ဆုံးဖြတ်လိုက်တယ်။
ဝူချွင်ဂျင်က သူ့မိဘတွေက အထုတ်အပိုးတွေနှင့်ပြောင်းရွေ့ဖို့အဆင်သင့်ဖြစ်နေတာက သူကြိုတင်မျှော်လင့်ထားတဲ့အတိုင်းဖြစ်တာကြောင့်မေးလိုက်တယ်"အဖေ အမေ ချွင်ချင်တို့အိမ်ကိုပြောင်းမလို့လား?"
ဝူရှောင်ရန်က သူကိုယ်တိုင်က ဝူချွင်ချင်နှင့် ဘယ်တော့မှမနေဘူးလို့ပြောခဲ့ပြီး အခုတော့ သူ့ကတိကိုသူကိုယ်တိုင်က ချိုးဖြတ်သလိုဖြစ်သွားတာကြောင့်ရှက်ရွံ့မှုကိုခံစားရတယ်။
"မင်းရဲ့ညီကရက်အနည်းငယ်လောက်လာနေဖို့တောင်းဆိုထားလို့"
"အဖေ ရက်အနည်းငယ်လောက်သွားနေတာကဒီလောက်အများကြီးထုတ်ပိုးဖို့လိုလို့လား?အဖေ အဖေကိုယ်တိုင်က သူနှင့်မနေချင်ဘူးလို့ကတိပေးခဲ့တယ်။အခုအဖေက ကျွန်တော်တို့ကိုချန်ထားပြီးသူနှင့်သွားနေဖို့လုပ်နေတယ်။အဖေ ဘာလုပ်နေမှန်း အဖေသိရဲ့လား?"ဝူချွင်တုန်ကဒေါသတကြီးပြောလိုက်တယ်။
ဝူရှောင်ရန်နှင့်မုရှူဝမ်က အပြစ်ရှိလိုခံစားရတာကြောင့် အဝေးကိုဘဲကြည့်နေလိုက်တယ်။
"တကယ်လို့အဖေတို့က ချွင်ချင်စီကိုသွားချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ကမတားပါဘူး။ဒါပေမဲ့ အဖေတို့ထွက်သွားရင် ကျွန်တော့်တို့ကလေးတွေက အဖေ့တို့အခန်းကိုယူရလိမ့်မယ်"ဝူချွင်ဘင်ကပြောလိုက်တယ်။
"ကောင်းပြီ"ဝူရှောင်ရန်ကပြောလိုက်တယ်။
ဝူရှောက်ရန်က ဒီနေရာကိုထပ်ပြီးပြန်လာဖို့ မတွေးထားဘူး။ဒါကြောင့်သူက သူ့သားတွေက မတားခင်မှာလျှင်မြန်စွာဘဲထွက်သွားလိုက်တယ်။
"ဘာကြောင့် မင်းကသူတို့ကိုထွက်သွားခွင့်ပြုလိုက်ရတာလဲ?"ဝူချွင်တုန်က ဒေါသတကြီးပြောလိုက်တယ်။
"ငါတို့က သူတို့ကိုကျွေးထားဖို့ မလိုရင် အကောင်းဆုံးဘဲမဟုတ်လား?"ဝူချွင်ဘင်ကပြောလိုက်တယ်။
တစ်ယောက်ကမှ ဘာမှထပ်မပြောတော့ဘူး။
ဝူရှောင်ရန်နှင့်မုရှူဝမ်က ချင်အိမ်တော်ကိုရောက်တဲ့အချိန်မှာတော့ တံခါးစောင့်က သူတို့ကို တံခါးမဖွင့်ပေးဘဲပြောလိုက်တယ်"ငါတို့က တစ်ယောက်ကမှပြောင်းရွှေ့လာမယ်ဆိုတဲ့ အမိန့်မရထားဘူး။မင်းတို့က အခုထွက်သွားရင် ကောင်းမယ်"
"ငါတို့က မင်းတို့သခင်ရဲ့မိဘတွေဘဲ။ပြောရမယ်ဆိုရင် မင်းတို့သခင်ကိုယ်တိုင်က ငါတို့ကိုဖိတ်ခေါ်ထားတာဘဲ"ဝူရှောင်ရန်က ယဉ်ကျေးစွာပြောလိုက်တယ်။
"သခင်နဲ့သခင်မက အိမ်မှာမရှိဘူး။ပြီးတော့ သခင်ရဲ့မိဘတွေက ငါတို့သခင်နှင့်ဘယ်တော့မှအတူမနေဘူးလို့ ကတိပေးထားတယ်။အခုမင်းက သခင့်ရဲ့မိဘလို့ပြောနေတယ်။မင်းကလူလိမ်ဘဲဖြစ်ရမယ်။ဘာအတွက် ဒီကိုရောက်လာတာလဲ?"
"ငါတို့က တကယ်ကိုဘဲ မင်းတို့သခင်ရဲ့မိဘတွေပါ။ငါတို့က သူ့မိဘတွေဆိုတာ စူချင်ခြံဝင်းက အစေခံတွေက သက်သေပြနိင်တယ်"ဝူရှောင်ရန်ရဲ့မျက်နှာက ဒေါသကြောင့်နီရဲလာပြီးပြောလိုက်တယ်။
"အခုထွက်သွားတော့ မဟုတ်ရင်ငါတို့ကမင်းတို့ကိုမောင်းထုတ်ပစ်မယ်"တံခါးစောင့်က ပြင်းထန်စွာပြောလိုက်တယ်။
"ဒါပေမဲ့ ငါတို့က နင်တို့သခင်ရဲ့မိဘတွေလေ"မုရှူဝမ်က တွက်ကပ်ပြီးဆက်ပြောလိုက်တယ်။
"သူတို့ကိုရိုက်ထုတ်လိုက်"တံခါးစောင့်ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်။
"မင်းတို့ဘယ်လိုလုပ်ရဲတာလဲ?ငါက မင်းတို့သခင်ရဲ့အဖေကွ"ဝူရှောင်ရန်က ဒေါသတကြီးအော်လိုက်တယ်။
အစောင့်တွေနှင့် တံခါးစောင့်တွေက သူတို့ကိုပြင်းထန်စွာ တိုက်လိုက်ကြတယ်။
တံခါးစောင့်တွေနှင့်အစောင့်တွေရဲ့စွမ်းအားက မြင့်မားလွန်းတယ်။မုရှူဝမ်နဲ့သူ့ရဲ့နောက်လိုက်တွေက သူတို့ကိုမခုခံနိုင်ဘူး။ဝူရှောင်ရန်ကလည်း နာရီဝက်လောက် တိုက်ခိုက်ပြီးချိန်မှာတော့ လျှင်မြန်စွာထွက်ပြေးလာရတယ်။
ရထားလုံးထဲကိုရောက်လာချိန်မှာတော့ မုရှူဝမ်က စိုးရိမ်စွာမေးလိုက်တယ်"ငါတို့အခုဘယ်လိုလုပ်ကြမလဲ?"
"ငါတို့မှာရွေးစရာရှိသေးလို့လား?ငါတို့က..."
ပြောနေရင်းနဲ့ဝူရှောင်ရန်က ဆုံးအောင်တောင် မပြောနိုင်ဘဲ ရပ်သွားတယ်။သူတို့ကထွက်လာတုန်းက ပျော်ရွှင်စွာထွက်လာခဲ့ပြီး အခုတော့သေးငယ်တဲ့အိမ်ကို ပြန်သွားဖို့ရှက်နေမိတယ်။
သူ့နှလုံးသားထဲက ဒေါသကပိုပိုပြီးပြင်းထန်လာတယ်။သူက မဲမှောက်နေတဲ့မျက်နှာနှင့် ဒေါသတကြီးပြောလိုက်တယ်"သေစမ်း ဝူချွင်ချင်က အစောင့်တွေကို ငါတို့ကိုရိုက်ဖို့တောင် အမိန့်ပေးရဲတယ်"
မုရှူဝမ်ကလည်း ဒေါသထွက်နေတယ်။ဒါပေမဲ့ သူမကပြန်တွေးကြည့်တော့ တစ်ခုခုမှားနေတာကိုသတိပြုမိလိုက်တယ်။
"ငါချွင်ချင်အကြောင်းသိသလောက်ဆိုရင် သူကဒီလိုလူမျိုးမဟုတ်ဘူး။ဒါက တစ်စုံတစ်ယောက်က ငါတို့ကိုအရူးလုပ်လိုက်တာဖြစ်နိုင်လား?ငါတို့ကို သတင်းပို့ခဲ့တဲ့လူက စူချင်ခြံဝင်းနှင့်ငါတို့သိတဲ့လူဘဲ။တကယ်လို့ချွင်ချင်ကသာ ငါတို့ကိုဖိတ်ခေါ်ချင်တယ်ဆိုရင် သူ့အိမ်တော်ထိန်းဝူရှူကိုလွှတ်လိုက်မှာဘဲ။ငါပြောတာမှန်တယ်မလား?"
ဝူချွင်ချင်က သူ့တို့ကလေးတွေထဲမှာ သားသမီးဝတ်တရားကျေပွန်သူဖြစ်တယ်။သူက ဘယ်လောက်ဘဲဒေါသထွက်ပါစေ သူ့မိဘတွေကိုတော့ ဘယ်တော့မှရိုက်မှာမဟုတ်ဘူး။
"ဒါကဘယ်သူဖြစ်နိုင်လဲ?"
"ငါတို့ထွက်လာတဲ့အချိန်တုန်းက ချွင်ဂျင်က ငါတို့ကိုမတားခဲ့ဘူး။ချွင်ဘင်ကလည်း သူ့ကလေးတွေ အတွက်ငါတို့အခန်းကို လိုချင်နေတယ်။ဖြစ်နိုင်တာက သူတို့က ငါတို့ကိုသတင်းအမှားပို့ခဲ့တာဖြစ်လိမ့်မယ်။သူတို့က ငါတို့အခန်းကိုလိုချင်လို့ဖြစ်နိုင်တယ်။ဒါမှမဟုတ်ရင်လည်း ငါတို့ကို မကျွေးချင်တော့လို့ဖြစ်နိုင်တယ်"မုရှူဝမ်က ဒီအကြောင်းကိုတွေးမိတာနှင့်ပြောလိုက်တယ်။
"ဘယ်လိုတောင်လဲ?သူတို့က ငါတို့ကိုဘယ်လိုလုပ် ထွက်သွားခိုင်းချင်နေတာလဲ?ဒါဆိုရင် ငါတို့ကပိုပြီးနေချင်တယ်။အခုချက်ချင်းပြန်မယ်"
သူတို့က ထွက်သွားပြီးသည်နှင့်ချင်အိမ်တော်ကအစောင့်တွေကဝူရုန်ကိုသတင်းပို့လိုက်တယ်။
ဝူရုန်က ဒီသတင်းကိုကြားတော့ ပြုံးလိုက်တယ်။နောက်ဆုံးမှာတော့ တစ်ယောက်ကမှ သူ့မိဘတွေကိုမနှောင့်ယှက်နိုင်တော့ဘူး။
*********************************************************
Chapter(163)
မြို့မှထွက်ခွာခြင်း(1)
ဝူချွင်ချင်က ဝူရှောင်ရန်တို့က သူ့စီကိုလာသွားတဲ့အကြောင်းကိုမသိပါဘူး။အဲဒီညမှာဘဲ သူသတင်းရခဲ့တာက ဝူရှောင်ရန်ကဝူချွင်တုန်နှင့်တိုက်ခိုက်ပြီးခြေထောက်တွေ ထိခိုက်သွားတယ်ဆိုတဲ့အကြောင်းဖြစ်တယ်။
သူက ဒီအကြောင်းကိုကြားတော့အချိန်ကြာကြီးငိုင်နေမိတယ်။သူက ဘယ်တော့မှသူ့အဖေနှင့်သူ့ညီအကိုတွေက ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။သူက သူတို့စီကိုသွားပြီး ဘယ်လိုဖြစ်တာလဲဆိုတာကြည့်ချင်ခဲ့တယ်။ဒါပေမဲ့ သူသွားရင်တောင် သူ့ရဲ့ဂရုစိုက်မှုကို သူတို့က အလေးမထားမှာစိုးရိမ်မိတယ်။ဒါကြောင့် သူက ဝူရှောင်ရန်အတွက် ဆေးပုလင်း အနည်းငယ်ပို့ပေးလိုက်ပြီး ဒီအကြောင်းကိုထပ်မပြောတော့ဘူး။
ဒီအချိန်မှာ မြောက်ဘက်ခြံဝင်းနှင့်အရှေ့ဘက်ခြံဝင်းရဲ့အခြေအနေကလည်း ကောင်းတာမဟုတ်ဘူး။သူတို့က တိုက်ခိုက်တဲ့အချိန်မှာ ခြံဝင်းတစ်ဖက်စီတိုင်းက ဂျူနီယာတစ်ယောက်စီကတော့ဆုံးရှုံးတတ်တယ်။ဒါကြောင့် သူတို့ကငြိမ်းချမ်းရေးယူဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ သူတို့ရဲ့စိတ်အတွင်းမှာတော့ အမုန်းတရားတွေကပိုပြီးပြင်းထန်လာတယ်။
ဝူပုဖန်က သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိကတည်းက ဝူအိမ်တော်ကို မှော်လက်နက်တွေ အိုင်တမ်တွေနှင့် အကာအကွယ်စည်းချလိုက်ပြီး အကြီးအကဲတွေ နှင့်သူ့တို့ရဲ့မိသားစုဝင်တွေနှင့်အတူ အင်ပါယာမြို့တော်ကိုထွက်သွားလိုက်တယ်။
ဝူရုန်က ဒီသတင်းကိုကြားတဲ့အချိန်မှာတော့ ဟေးရွမ်ရီကသူ့ကိုဓားပညာသင်ပေးနေတဲ့အချိန်ဖြစ်တယ်။
"မင်းတို့ကပြီးပြည့်စုံတဲ့အတွဲဘဲ။အမျိုးသားကပါရမီရှင် အမျိုးသမီးကလှပတယ်"ဟေးရှင်းကတံခါးနားမှာရပ်ကြည့်လိုက်ပြီးပြောလိုက်တယ်။
ဟေးရွမ်ရီက သူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ရင် ပိုပြီးတောင်ကြည့်ကောင်းအုန်းမယ်။သူတို့က သူမြင်ဖူးသမျှထဲမှာကြည့်အကောင်းဆုံးအလှပဆုံးစုံတွဲဘဲ။ဆရာက အရပ်ရှည်ပြီးခန့်ညားတယ်။ကျောင်းသားက ဆရာထက်အရပ်ပုပြီးဆရာရဲ့လက်မောင်းထဲမှာ တိုးဝှေ့ပူးကပ်နေတယ်။ကျောင်းသားက ဆရာလောက် မသန်မာပေမဲ့ သူက ကမ္ဘာပေါ်မှာအလှဆုံးဘဲ။သူတို့အတူရှိနေတာက လုံးဝပြီးပြည့်စုံတဲ့စုံတွဲဘဲ။
"ဦးလေးရှင်း အမျိုးသမီးက လှပတယ်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ?"သူကဆေးရည်နှင့်ရေချိုးပြီး ကျင့်ကြံပြီးနောက် အရင်ဘဝက အတွေ့အကြုံတွေပါထပ်ပေါင်းလိုက်တော့ သူ့ရဲ့စိတ်စွမ်းအင်က အများကြီးတိုးတက်လာတယ်။ဒါကြောင့် သူကအတော်ဝေးဝေးကပြောနေတာကိုတောင်ကြားရတယ်။
"တောင်းပန်ပါတယ်။ဒါကကျွန်တော့်ရဲ့အမှားပါ။အမျိုးသားကလည်းလှတယ်"ဟေးရှင်းကအပြုံးလေးနှင့်ပြောလိုက်တယ်။
"မင်းရဲ့အမှားအတွက်အပြစ်ပေးခံရမယ်။ဟေးရွမ်ရီ သူ့ကိုပူးပေါင်းပြီးတိုက်ကြစို့"ဝူရုန်ကဟေးရှင်းကိုဓားနှင့်ညွှန်ပြလိုက်ပြီးပြောလိုက်တယ်။
ဟေးရွမ်ရီကအံ့သြသွားတယ်။သူ့ရဲ့လက်တစ်ဖက်ကို ဝူရုန်ရဲ့ခါးမှာဖက်လိုက်ပြီးတစ်ဖက်ကိုတော့ဝူရုန်ရဲ့လက်ပေါ်မှာထပ်ကိုင်ထားလိုက်ပြီးသူတို့ကဟေးရှင်းရှိတဲ့ဘက်ကိုပျံသန်းလိုက်တယ်။
"ကြင်ယာတော် ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်ကကြင်ယာတော်တို့ကိုမယှဉ်နိုင်ဘူး"ဟေးရှင်းကသူ့ဘဝအတွက်ပြေးပြီးပြောလိုက်တယ်။
ဝူရုန်နှင့်ဟေးရွမ်ရီက အရင်ကဟေးရှင်းရပ်နေတဲ့နေရာနားမှာ မြေကြီးပေါ်ဆင်းလိုက်တယ်။ဝူရုန်ကရယ်မောပြီးပြောလိုက်တယ်"ဦးလေးရှင်း ကျွန်တော်တို့ကမင်းကိုပူးပေါင်းပြီးမတိုက်ပါဘူး။ပြန်လာပြီးကျွန်တော်တို့နှင့် လေ့ကျင့်ရအောင်"
"ကျွန်တော်လုပ်မယ်"ဟေးရှင်းကပြောပြီးတာနှင့် ဟေးရွမ်ထန်ကိုအော်ပြောလိုက်တယ်"သခင်ရွမ်ထန် ကျွန်တော့်ကိုကူညီပါအုံး"
"ဘာဖြစ်လို့လဲ?"ဟေးရွမ်ထန်ကမေးလိုက်တယ်။
"သူတို့နှစ်ယောက်ပေါင်းပြီးကျွန်တော့်ကို စိတ်ခေါ်နေတယ်။ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲဆိုရင် သူတို့နှစ်ယောက်ကိုမယှဉ်နိုင်ဘူး"ဟေးရှင်းကပြောလိုက်တယ်။
ဟေးရွမ်ထန်က ဒီစိန်ခ်ါမှုကိုစတ်ဝင်စားသွားတယ်။သူက အိတ်ထဲက ယပ်တောင်တစ်ချောင်းကိုထုတ်ယူလိုက်ပြီးပြောလိုက်တယ်"ဟေးရှင်း ငါတို့အသင်းဖွဲ့ပြီးတိုက်ကြစို့"
"မင်းတို့အသင်းဖွဲ့မှာလား?ဒါကပိုတောင်ကောင်းတယ်"ဝူရုန်ကပျော်ရွှင်စွာပြောလိုက်တယ်။ရုတ်တရက် သူ့ရဲ့နှလုံးကနာကျင်လာပြီး သူ့ရင်ဘတ်ကိုဆုတ်ကိုင်လိုက်တယ်။သူ့လက်ထဲက ဓားကလည်း လွတ်ကျသွားတယ်။
ဓားလွတ်ကျသွားတဲ့အသံက သုံးယောက်လုံးရဲ့အာရုံကိုဖမ်းစားသွားတယ်။
ဟေးရွမ်ရီက အရင်ဆုံး ဝူရုန်ကတစ်ခုခုမှားနေမှန်း သတိပြုမိသွားတယ်။သူ့နှလုံးသားက နာကျင်သွားတယ်။သူက လျှင်မြန်စွာ ဝူရုန်ကိုပွေ့ချီပြီး အခန်းထဲကိုခေါ်သွားလိုက်ပြီး ထိုင်ခုံပေါ်မှာချပေးလိုက်တယ်။
"မင်းဘာဖြစ်လို့လဲ?"
သူက မေးလိုက်ရင်းသူ့ရဲ့စိတ်စွမ်းအင်နှင့် ဝူရုန်ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးပေါ်လိုက်တယ်။ဒါပေမဲ့သူက တစ်ခုခုမှားနေတာကိုမခံစားမိဘူး။
ဟေးရှင်းနှင့် ဟေးရွမ်ထန်ကလည်း အခန်းထဲကို အလျှင်အမြန်ဝင်ရောက်လာပြီး မေးလိုက်ကြတယ်။
"သူအဆင်ပြေရဲ့လား?"
"သူက နေလို့မကောင်းဘူးလား?"
ဝူရုန်က လူအများကြီးက သူ့ကိုဂရုစိုက်နေတာကြောင့် သူကရှုပ်ထွေးစွာခံစားရတယ်။
ဝူမိသားစုကနေထွက်လာကတည်းက သူကကျင့်ကြံခြင်းမှာဘဲအာရုံစိုက်ထားခဲ့တယ်။တစ်ချိန်ထဲမှာဘဲ သူကသူ့ရဲ့လက်ထပ်ခြင်းနှင့်ပတ်သက်ပြီး သံသယရှိတာကြောင့် ဟေးမိသားစုက သူ့အပေါ်ဆက်ဆံတာကို လေ့လာခဲ့တယ်။ဒီအချိန်အတွင်းမှာ သူလေ့လာမိသလောက် သူလုံးဝသေချာတာက ဟေးမိသားစုကသူနှင့်သူ့မိသားစုတွေကို နှလုံးသာတစ်ခုလုံးနှင့် ကြင်နာစွာဆက်ဆံတယ်ဆိုတာဘဲ။သူတို့က သူ့အပေါ်ကို လုံးဝရိုးသားမှုရှိတယ်။သူက ရန်ကျီဇောင်ကသူ့အပေါ်လုပ်ခဲ့တာတွေကြောင့် သူကသူတို့က သူ့အပေါ်ကိုဟန်ဆောင်ပြီး ဆက်ဆံမှာကိုစိုးရိမ်နေခဲ့တယ်။ဒါကဘဲ သူကဟေးရွမ်ရီအတွက် သူ့နှလုံးသားကိုဖွင့်ပေးဖို့ တုံ့ဆိုင်းနေခဲ့တာဖြစ်တယ်။
အဓိက အကြောင်းပြချက်ကတော့ ဟေးရွမ်ရီက သူ့လိုဝတုတ်နေတဲ့သူကို ဘာကြောင့်လက်ထပ်ခဲ့တာလဲဆိုတာ မပြောခဲ့တာကြောင့်ဖြစ်တယ်။
**********************************************************