မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာ...

By Swae_Nyoe

48.1K 5K 86

Paid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့ More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း 6
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part65
part66
part67
part68
part69
part70
part72
part73
part74
part75
part 76
part77
part 78
part79
part80
part 81
part82
part83
part84
part85
part 86
part87
part88
part89
part90+91
part92
part93
part 94
part95
part96
part97
part98
part99
part100
Part 101
part 102
part103
part 104
part 105
part 106
Part 107
part108
Part 109
Part 110
part 111
part 112
part113
part114
Part 115
part 116
part 117
part 118
part 119
part 120
Part 121
part 122
part123
part124
part 125
Part 126
part 127
part128
part 129
part 130
part 131
part 132
part 133
part134
part 135
part 136
part 137
Part 138
part 139
Part 140
Part 141
part 142
part143
part 144
part 145
part146
part 147
part 148
💥💥Hello!! Promotion ရက်ထပ်တိုးကြေညာချက်
!!!တယ်လီဂရမ်ပေးဂရုလေး ကြေညာချက်
Part 149
Part 150
Part 151
Part 152
ပရိုမိုးရှင်း
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
☘️သင်္ကြန်ပရိုမိုးရှင်း
Part 165
Part 166
Part 167
Part 168
Part 169
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 170
Part 171
Part 172
Part 173
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 174
Part 175
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️

part71

204 28 0
By Swae_Nyoe

unicode

အခန်း (၇၁)

“ဟွန့် မင်းက အသက်ငယ်သေးလို့ ငါ မင်းကို အပြစ်မပေးတော့ဘူး”

“ဘယ်သူက ဘယ်သူ့ကို အပြစ်ပေးနေလို့လဲ၊ ငါမင်းနဲ့ ဆော့ကစားလို့တောင်မှ မဝသေးဘူး၊ နီနီလေး မင်း သူ့ကို သွားချ”

နတ်လက်နက်အား ကလေးငယ်တစ်ဦးတဖွယ် နာမည်ကို ခေါ်လိုက်ပြီးနောက် စေခိုင်းတော့ နတ်လက်နက်မှ နီနီလေးဟု ခေါ်ဝေါ်မှုအား အမည်ပေးမှုအဖြစ် နာခံသော တလက်လက် အရောင်များ ထုတ်လွှတ်လာပြီးလျှင် ကျန်းဖေယွင်နတ်မင်းအား သွား၍ တိုက်ခိုက်လေတော့သည်။

“နီနီလေး သူ့ကို ရိုက်၊ သူ့ကိုရိုက်”

ကျိုးဟူက သူ့လက်မှ ပြေးထွက်သွားပြီး ကျန်းဖေယွင်နတ်မင်းအား ရိုက်နှက်နေသော ကြာပွတ်ငယ်အား အနောက်မှနေ၍ လက်သီးလက်မောင်းတန်းကာ အားပေးနေလေသည်။ ထိုမြင်ကွင်းအား ကြည့်နေကြသော နတ်အများကမူ ကျန်းဖေယွင် နတ်မင်းအား သနားရမလို ဖြစ်ပျက်နေသမျှအား ရယ်မောရမလို ဖြစ်နေကြလေတော့၏။

ကျန်းဖေယွင်နတ်မင်းသည်က တိုက်ရင်းခိုက်ရင်းဖြင့် အနောက်သို့ ပက်လက်လှန်ကျသည်တွင် ကျိုးဟူက အပေါ်တွင် တက်ခွလိုက်ပြီးနောက် ပုခုံးတွင် ကျဆင်းနေသော ဆံနွယ်တို့အား လက်နှစ်ဖက်ဖြင့် တစ်ဖက် တစ်ချက်စီ ဆွဲလိုက်ပြီးနောက်၊

“မင်း ငါ့နဲ့ ဆော့ဦးမလား”

“မင်းဖယ်စမ်း”

“မင်း ဆော့နိုင်သေးလား၊ နီနီလေး”

“မင်း”

ကျိုးဟူကတော့ ဖြစ်လာသမျှကို မှုဟန်မတူပါပဲနှင့် ကျန်းဖေယွင်နတ်မင်း၏ ဗိုက်ပေါ်တွင် မြင်းစီးသကဲ့သို့ပင် ခုန်လိုက်သေး၏။ သို့နှင့် ထိုတွင်မှ ယီမင် တားဆီးရန် အရှေ့သို့ ခြေလှမ်းချလိုက်ပြီးနောက်၊

“ကျိုးဟူ လာခဲ့”

ယီမင်၏ အသံကြားသည်နှင့် ကျိုးဟူက နားရွက်ကုတ်သွားသော ကြောင်ပေါက်စလေး အလား ခွထိုင်ထားရာမှ ထရပ်လိုက်ပြီးနောက် အနားသို့ ဆုတ်ကန်ကန်သော ခြေလှမ်းတို့ဖြင့် ရောက်လာလေသည်။ နီနီလေး သည်ပင် လက်တွင် လာရောက် ရစ်ပတ်ပြီးနောက် သူလည်း ထိတ်လန့်ပါသည်ဟူသော အပြုအမူကို ပြသလေသည်။

“မင်း သူများကို ဆော့ကစားနေတာလား”

“ကျွန်တော်မဟုတ်ဘူး၊ သူက ဆော့ချင်တာပါ”

ကျိုးဟူကတော့ သူ၏ အပြစ်မှသည် တခြားသူထံသို့ တည့်တည့်ကြီး လွဲချပစ်လိုက်လေတော့၏။ ယီမင် သိသိနှင့်ပင် ကျိုးဟူအား ဆက်၍ မေးမြန်းလေသည်။

“သူများက အသက်ကြီးနေပြီ မင်းနဲ့ ဆော့ကစားဖို့ ဘယ်လို အချိန်အားမှာလဲ”

“အ.. ကျွန်တော် မဟုတ်ပါဘူးဆို၊ သူက ဘာလို့ မအားရမှာလဲ၊ ကျွန်တော့်ကို အပြစ်လိုက်တင်ဖို့ကျတော့ အားတယ်၊ အော် ကျွန်တော် မဟုတ်ဘူး၊ ပိုင်ဟုန်ဟူကို သူက အပြစ်တင်နေတာ”

“မင်း လူကြီးတွေကို နောက်ကျရင် မရိုမသေမလုပ်ရဘူးကြားလား၊ မင်းအဲလို လုပ်ရင် အဖေနဲ့အမေက မင်းကို မဆုံးမထားဘူးလို့ အပြစ်တင်ကြလိမ့်မယ်”

“သိပါပြီ၊ မင်းအမေ နေမကောင်းဘူး သိပြီးပြီ မဟုတ်လား”

“ဟုတ်တယ်၊ ကျွန်တော် သွားတွေ့လို့ ရလား”

“သွားလေ”

သွားလေဆိုတော့ လစ်ခနဲ ထိုနေရာမှ ပြေးထွက်သွားတော့ အားလုံးသော နတ်အများက သို့လော သို့လော တွေးဆကုန်ကြလေသည်။ အိမ်ရှေ့မင်းသား ယီမင်ကတော့ လုပ်ရိုးလုပ်စဉ်ကို လုပ်နေသကဲ့သို့ပင် ကျန်းဖေယွင် နတ်မင်းအား အားနာလွန်းလှသော အမူအရာဖြင့်၊

“ကလေးတွေက တစ်ခါတစ်လေကျရင် ဆော့ကစားလိုစိတ် ပြင်းထန်တတ်ကြတယ်၊ မဟုတ်လား၊ ကျန်းနတ်စစ်သူကြီးကပဲ ဗွေမယူပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွတ်ပေးပါ”

အိမ်ရှေ့မင်းသားက တောင်းပန်မှတော့ ဘယ်သူကများ ခွင့်မလွတ်နိုင်ပါဘူးဟု ထအော်ဝံ့ပါ့မလဲ၊ အားလုံးသော နတ်အများကတော့ သို့လော သို့လော အတွေးတို့ ဝေစီသွားလေတော့၏။ ထိုနှစ်တစ်ထောင်နတ်ငယ်လေးက အိမ်ရှေ့မင်းသား တလီယီမင်နှင့် ပတ်သတ်နေသည် ဟူ၍၊

“အဲ့ကလေးက မိုးကြိုးကို ဆင့်ခေါ်သွားနိုင်တယ်”

“ဒီကလေးက ဘာမှသာ မတတ်မြောက်သေးတာ၊ သူ့ရဲ့နတ်စွမ်းအားက ပြင်းထန်တယ်”

“အဲဒါ နန်းဆောင်အသစ်ပိုင်ရှင် မဟုတ်လား၊ လုံးဝကို မျိုးဆက်သစ် လူငယ် ပီသတာပဲ”

“သူ့ပုံစံကို ကြည့်ပြီး တစ်ယောက်ယောက်ကို သတိမရသွားဘူးလား”

“ငါလည်းပဲ”

“ကျိုးရင်နတ်ဘုရားမ ပထမဆုံးသော မင်္ဂလာဆောင်အတွက် ကောင်းကင်ညီလာခံကို တက်လာတုန်းကလိုမျိုး မျက်နှာထားနဲ့လေ”

“ဒီကလေးကို အိမ်ရှေ့မင်းသားက ကာကွယ်သွားတာ တွေ့လား၊ သူက နှယ်နှယ်ရရတော့ မဖြစ်နိုင်ဘူး”

တစ်ယောက်ထင်မြင်ချက်ကို တစ်ယောက်က နားထောင်နှင့် ကောင်းကင်၏ညီလာခံအဆင်းလမ်း ရင်ပြင်တွင် နတ်အများ၏ ထင်ကြေးပေးသံတို့က ပွက်ပွက်ညံသွားကြလေတော့၏။

ထိုနတ်တွေ ဘာတွေ ပြောဆိုကြလေမလဲဟု မတွေးတောသူကတော့ ကောင်းကင်အကာအကွယ် နန်းဆောင်ရှိရာသို့ အပြေးအလွှား သွားလိုက်ကာ သူ့အား တခြားသော နဂါးများက မတားမြစ်သည်နှင့် ထိုနန်းဆောင်အတွင်းသို့ ဒရောပါးတည်း ပြေးဝင်သွားလေသည်။

အဖြူရောင်ပိုးသား ဝတ်စုံဖြင့် ဆံနွယ်တွေ အပုံလိုက် အထွေးလိုက် ကျဆင်းနေပြီး သလွန်ထက်တွင် တစ်စောင်းလေး လှဲလျောင်းနေသော မိခင်ဖြစ်သူကို တွေ့တော့မှ ကျိုးဟူ ပြေးနေရာမှ ရပ်လိုက်ကာ ခြေလှမ်းတို့ကို ဖြည်းညှင်းစွာဖြင့် သလွန်အနားသို့ တိုးကပ်သွားမိလေသည်။

မိခင်ဖြစ်သူက မျက်လုံးတွေ မှေးမှိတ်ထားတာကို ငေးမောနေပြီးနောက် အနားတွင် ပုဆစ်တုတ် ထိုင်လိုက်ကာ မျက်နှာကိုသာ တမေ့တမောဖြင့် ကြည့်နေမိလေသည်။ ဟိုအရင်ရက်တွေတုန်းက အမေဟာ ပိုင်ဟုန်ဟူကို ရယ်ရယ်မောမောနဲ့ စကားပြောဆိုခဲ့သေးသည်။

အဲဒီအချိန်တုန်းက အမေ့ကို ရယ်မောစေသူက ပိုင်ဟုန်ဟူ ဖြစ်နေခဲ့တာကို ကျိုးဟူ ဘယ်လောက်ထိ ဒေါသထွက်ခဲ့ မနာလိုခဲ့တာလဲ ဆိုတာကို ကျိုးဟူသာ သိနားလည်လိမ့်မည်။ ~အမေ့လက်ကို ခဏလောက်လေး ကိုင်ကြည့်ချင်တယ်။~

အတွေးနှင့်အတူ ဝမ်းဗိုက်ပေါ်တွင် တင်ထားသော လက်ဖဝါးဆီသို့ လက်ကို ကမ်းလိုက်တော့ အမေက သူ၏တည်ရှိမှုကို ခံစားမိသွားဟန်ဖြင့် ခပ်တိုးတိုး အမိန့်ပေးလာလေသည်။

“ရေပေး!”

သူ့ တည်ရှိနေမှုကို အမေက သိသွားသော်လည်း ရေပေးပါဟု တောင်းဆိုလာခြင်းမို့ ဒါက အစေခံ တစ်ဦးဟုသာ မှတ်ထင်သွားမှန်း သိလိုက်လေသည်။ ကျိုးဟူ စားပွဲပေါ်တွင် တင်ထားသော ရေခွက်ငယ်ကို ရေဖြည့်လိုက်ပြီးနောက် အမေ့လက်အနီးသို့ ပေးလိုက်တော့ အမေက လက်ဖြင့် ရေခွက်ကို လှမ်းယူကာ မျက်လုံးတွေ မဖွင့်သေးပါပဲနှင့် ရေကို ငုံလိုက်လေသည်။

ရေကို ငုံလိုက်ပြီးမှ မျက်လုံးတွေကို ပွင့်ဟလာတော့ ကျိုးဟူကို မြင်သည်တွင်၊

“မင်း ဖူး”

နှုတ်ခမ်းအတွင်းမှ ရေအားလုံးကို မမျိုချလိုက်ရသေးမှန်း ကျိူးဟူ နားလည်လိုက်သော်လည်း ထိုမမျိုချလိုက်ရသေးသော ရေများက ကျိုးဟူ၏ မျက်နှာဆီတွင် ဖြန့်ကျက်သွားလေပြီ။

“မင်း ဒီထဲကို ဘယ်လို ရောက်နေတာလဲ”

အမေက လက်ထောက်၍ လဲနေရာက သလွန်ပေါ်မှ ခြေထောက်နှစ်ဖက်လုံးကို သလွန်အောက်သို့ ချလိုက်ပြီးမှ ကျိုးဟူကို မေးမြန်းလာလေသည်။ ~အမေလို့ ခေါ်ချင်တယ်၊ အဖေက ခွင့်ပြုမှာ မဟုတ်ဘူး~

အတွေးက အတွေးနဲ့တင် ကျိုးဟူအား မရိုးမရွ ဖြစ်စေသည်။ ~ခေါ်လိုက်လေ တစ်ခွန်းတည်းပဲ ဘာမှမဖြစ်ဘူး~ မဖြစ်ဘူး၊ အဖေက ငါ့ကို မခေါ်ရဘူးလို့ တားမြစ်ထားတယ်၊ မခေါ်နဲ့~ ခေါ်လိုက် ဘာမှမဖြစ်ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် အမေပဲလေ~

“မဖြစ်ဘူး မဖြစ်ဘူး”

အတွေးမှတစ်ဆင့် ပြင်ပသို့ ရောက်ရှိလာခဲ့ပြီးနောက် ကျိုးဟူ ခေါင်းယမ်းကာ နှုတ်မှပင် ပြောလိုက်မိလေသည်။ ထိုတွင် အမေက ကျိုးဟူအား ကြည့်လာခဲ့ပြီးနောက် မေးမြန်းလာခဲ့လေသည်။

“ဘာက မဖြစ်တာလဲ”

“အေမ..”

@@@@@

“အေမ..”

ထိုအသံမှာ လေးစားမှုတွေ အပြည့်၊ ချစ်ခင်နှစ်လိုခြင်းအပြည့်၊ ထိုကလေးငယ်၏ မျက်ဝန်းတို့က တစ်ခုခု အသိအမှတ်ပြုခံလိုခြင်းတွေ အပြည့်နှင့်၊

ကျိုးရင်း မျက်တောင်ဖျားများ ပုတ်ခတ် ပုတ်ခတ် ပြုလိုက်မိသည်။ ဒီမြေခွေးငယ်လေးက ဘာကို ဆိုလိုချင်နေတာလဲ။

“မင်း အမေကို မင်း သတိရပြန်ပြီလား”

ထိုစကားကိုသာ ခပ်တိုးတိုး အတည်ပြုပေးလိုက်တော့ ထိုကလေးငယ်က ခေါင်းကို တဆတ်ဆတ် ညိတ်လေသည်။

“ကျွန်တော် အမေ့ဆီက ပွေ့ဖက်မှုကို လိုချင်တယ်”

“မင်းအမေက မင်းကို မပွေ့ဖက်လို့လား”

“အင်း”

ကျိုးရင်းမေးလိုက်တော့ ထိုကလေးငယ်က သနားစဖွယ် မျက်နှာလေးနှင့် ခေါင်းညိတ်သည်။

“ရင်းအာ မင်း သတိရလာပြီလား”

နန်းဆောင်အတွင်းသို့ ဝင်လာသော ယီမင်ကို တွေ့တော့မှ ကျိုးရင်း ပြုံးလိုက်ပြီးမှ သလွန်ထက်မှ ထရပ်လိုက်သည်။ ပြီးနောက် ပြောလိုက်မိ၏။

“ဒီကလေးက သူ့အမေကို သတိရနေတာ၊ ကောင်းကင်စည်းမျဉ်းက ဒီလောက် မတင်းကျပ်ဘူး မဟုတ်လား၊ တစ်ခါတစ်လေ သွားတွေ့လို့တော့ ရတယ် မဟုတ်လား”

~ကျွန်တော့်အမေက ကျွန်တော့်ရှေ့မှာလေ ကျွန်တော်က ဘယ်မှာ သွားတွေ့ရမှာလဲ!!~

ကျိုးဟူ ရင်ဘတ်ထဲမှာ အော်ဟစ်ပြောနေမိသော်လည်း အပြင်တွင်တော့ ဖခင်ဖြစ်သူကိုသာ အနိုင်ကျင့်ခံရသော ကလေးငယ်လေး၏ အမူအရာဖြင့် မျက်လုံးရွဲများဝိုင်းစက်ကာ ကြည့်နေလေသည်။ ပြောလိုသည်က မိခင်အား သူလည်း ချစ်ခင်လိုပါသည်ဟူသော သဘော၊

ယီမင်က ဟူအာ၏ မျက်လုံးဖြင့် ခွင့်ပြုချက် တောင်းခံနေသည်ကို လျစ်လျူရှုလိုက်ပြီးမှ ကျိုးရင်းအား အနားသို့ ဆွဲယူကာ သလွန်ထက်တွင် ပြန်လည် ထိုင်စေလိုက်သည်။

“မင်းက ကောင်းကင်နန်းတော်မှာ ပျော်ရွှင်မနေဘူး ဆိုတာကို ငါတော့ မယုံဘူး၊ အခုလေးတင် နတ်စစ်သူကြီးကျန်းကို လက်နက်အားကိုးနဲ့ ရိုက်နှက်ခဲ့ပြီးတော့”

“သူကလေ၊ သတ္တိရှိလှပါလား”

“ဒါနဲ့ ညီလာခံအရေးက ဘယ်လို ဖြစ်သွားပြီလဲ”

တကယ်တမ်းကျ ညီလာခံအရေးကို ရင်းအာ စိတ်မပူတတ်မှန်း ယီမင် နားလည်နှင့်ပြီးသား ဖြစ်လေသည်။ ယခုမေးခွန်းအရ ညီလာခံမှ ကိစ္စအရေးကို သိလိုသည်ထက် ယီမင်၏တာဝန် မည်မျှကြီးလေးပြီး ပင်ပန်းနေသလဲ ဆိုတာကို သူမက သိနားလည်လိုခြင်း သက်သက်မျှသာ ဖြစ်လေသည်။

ယီမင် သူမအား သလွန်ထက်တွင် ထိုင်စေလိုက်ပြီးမှ လက်အတွင်းမှ ရေခွက်အား ပြန်လည် ကမ်းယူလိုက်ကာ နတ်အစွမ်းဖြင့် အနည်းငယ် နွေးထွေးစေလိုက်ပြီးမှ ပြန်၍ ကမ်းပေးလိုက်သည်။

“အရှေ့ပင်လယ် မင်းသားက ကောင်းကင်နယ်နိမိတ်ကို မူလသဏ္ဍာန်နဲ့ ဝင်တိုက်ခဲ့တဲ့ ကိစ္စအရေးကို အဘိုးတော်က စိတ်ငြိုငြင်နေတယ်၊ ဒီနေ့အဲဒီအတွက်ကို ဆွေးနွေးခဲ့ကြတာ”

“ဟုတ်လား၊ တလီချင်းယွင်က ဘာပြောတာလဲ”

ကောင်းကင်မင်းကြီးကို ခေါ်ဝေါ်သော ဇနီးသည်၏ ဆိုစကားကို ယီမင်ကတော့ ခပ်သဲ့သဲ့သာ ပြုံးမိသည်။ ဇနီးသည်သည်က မည်သူနှင့်မျှ မတူညီသော သူမို့၊

“အဘိုးတော်က အဲဒီကိစ္စကို သေချာကွပ်ကဲပြီးတော့ တိကျသေချာတဲ့ အပြစ်မျိုးပေးစေချင်တယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အရှေ့ပင်လယ်ရဲ့ အာဏာကြီးထွားလာမှုကို ကန့်ကွက်ချင်နေတယ်”

“ရန်ချင့်က ကောင်းကင်ကိုတောင်မှ စိန်ခေါ်ရဲနေပြီလား၊ သူ သိပ်လွန်တာပဲ”

“ကောင်းပြီ မင်းအဲဒါတွေအတွက် မပူပန်လည်း ရပါတယ်၊ အခုထိ ဘယ်သူကမှလည်း မင်းရဲ့အကူညီ မလိုအပ်သေးပါဘူး၊ ဒီနေ့ သူက ငြိမ်သက်နေလား”

ယီမင်က ထိုစကားကို မေးလိုက်တော့ ကျိုးရင်းက မဖြေသေးပဲနဲ့ ပြုံးနေလေသည်။ အဖေနှင့်အမေ ကြည်နူးနေကြသော်လည်း မကြည်နူးနိုင်သည်က ကျိုးဟူပင်၊

~ကောင်းကင်မင်းကြီးက စိတ်ဆိုးနေတယ်၊ သူက စိတ်ဆိုးနေတယ် ဆိုတာက မူလသဏ္ဍာန်နဲ့ ကောင်းကင်နယ်နိမိတ်စည်းကို ရန်လွေ့က ဝင်တိုက်လို့၊ အပြစ်က ဘာပေးမှာလဲ၊ တကယ်ကျ ရန်လွေ့ကို စီးနင်းထားတဲ့သူက ကျိုးဟူ~

အတွေးတွေ ထပ်ဆင့် သွားပြီးနောက် ဒါကို အဖေ့ကို ပြောသင့်သည်ဟု ကျိုးဟူ ဆုံးဖြတ်လိုက်ကာ စကားစလိုက်သည်။

“တကယ်တော့လေ၊ အဲဒီမီးနဂါးရန်လွေ့ကို..”

အဖေက စကားစလိုက်သည်နှင့် တစ်ခုခု ဆိုတာကို ချက်ချင်းပင် သိနားလည်သလိုနှင့် ကျိုးဟူအား အာရုံစိုက်လာလေသည်။

“မင်းပြောနေတာကို ဆက်ပြောပါ”

“အဲဒီ မောက်မာပြီး အကျင့်မကောင်းတဲ့ မီးနဂါးရန်လွေ့ကို စီးနင်းထားတာက..”
ကျိုးဟူ စကားကို အဆုံးသတ်ရန် ခက်ခဲနေလေသည်။ သူ့အဖေကို မျက်လုံးလှန်ကြည့် လိုက်သေးသည်။ မျက်လုံးကို ပြန်၍ စုံမှိတ်ချလိုက်ကာ သက်ပြင်းသဲ့သဲ့နှင့်အတူ ဖြေကြားလာလေ၏။
××××××

paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။

zawgyi

အခန္း (၇၁)

“ဟြန္႔ မင္းက အသက္ငယ္ေသးလို့ ငါ မင္းကို အျပစ္မေပးေတာ့ဘူး”

“ဘယ္သူက ဘယ္သူ႔ကို အျပစ္ေပးေနလို့လဲ၊ ငါမင္းနဲ႔ ေဆာ့ကစားလို့ေတာင္မွ မဝေသးဘူး၊ နီနီေလး မင္း သူ႔ကို သြားခ်”

နတ္လက္နက္အား ကေလးငယ္တစ္ဦးတဖြယ္ နာမည္ကို ေခၚလိုက္ၿပီးေနာက္ ေစခိုင္းေတာ့ နတ္လက္နက္မွ နီနီေလးဟု ေခၚေဝၚမွုအား အမည္ေပးမွုအျဖစ္ နာခံေသာ တလက္လက္ အေရာင္မ်ား ထုတ္လႊတ္လာၿပီးလၽွင္ က်န္းေဖယြင္နတ္မင္းအား သြား၍ တိုက္ခိုက္ေလေတာ့သည္။

“နီနီေလး သူ႔ကို ရိုက္၊ သူ႔ကိုရိုက္”

က်ိဳးဟူက သူ႔လက္မွ ေျပးထြက္သြားၿပီး က်န္းေဖယြင္နတ္မင္းအား ရိုက္ႏွက္ေနေသာ ၾကာပြတ္ငယ္အား အေနာက္မွေန၍ လက္သီးလက္ေမာင္းတန္းကာ အားေပးေနေလသည္။ ထိုျမင္ကြင္းအား ၾကည့္ေနၾကေသာ နတ္အမ်ားကမူ က်န္းေဖယြင္ နတ္မင္းအား သနားရမလို ျဖစ္ပ်က္ေနသမၽွအား ရယ္ေမာရမလို ျဖစ္ေနၾကေလေတာ့၏။

က်န္းေဖယြင္နတ္မင္းသည္က တိုက္ရင္းခိုက္ရင္းျဖင့္ အေနာက္သို့ ပက္လက္လွန္က်သည္တြင္ က်ိဳးဟူက အေပၚတြင္ တက္ခြလိုက္ၿပီးေနာက္ ပုခုံးတြင္ က်ဆင္းေနေသာ ဆံႏြယ္တို့အား လက္ႏွစ္ဖက္ျဖင့္ တစ္ဖက္ တစ္ခ်က္စီ ဆြဲလိုက္ၿပီးေနာက္၊

“မင္း ငါ့နဲ႔ ေဆာ့ဦးမလား”

“မင္းဖယ္စမ္း”

“မင္း ေဆာ့နိုင္ေသးလား၊ နီနီေလး”

“မင္း”

က်ိဳးဟူကေတာ့ ျဖစ္လာသမၽွကို မွုဟန္မတူပါပဲႏွင့္ က်န္းေဖယြင္နတ္မင္း၏ ဗိုက္ေပၚတြင္ ျမင္းစီးသကဲ့သို့ပင္ ခုန္လိုက္ေသး၏။ သို့ႏွင့္ ထိုတြင္မွ ယီမင္ တားဆီးရန္ အေရွ႕သို့ ေျခလွမ္းခ်လိုက္ၿပီးေနာက္၊

“က်ိဳးဟူ လာခဲ့”

ယီမင္၏ အသံၾကားသည္ႏွင့္ က်ိဳးဟူက နားရြက္ကုတ္သြားေသာ ေၾကာင္ေပါက္စေလး အလား ခြထိုင္ထားရာမွ ထရပ္လိုက္ၿပီးေနာက္ အနားသို့ ဆုတ္ကန္ကန္ေသာ ေျခလွမ္းတို့ျဖင့္ ေရာက္လာေလသည္။ နီနီေလး သည္ပင္ လက္တြင္ လာေရာက္ ရစ္ပတ္ၿပီးေနာက္ သူလည္း ထိတ္လန္႔ပါသည္ဟူေသာ အျပဳအမူကို ျပသေလသည္။

“မင္း သူမ်ားကို ေဆာ့ကစားေနတာလား”

“ကၽြန္ေတာ္မဟုတ္ဘူး၊ သူက ေဆာ့ခ်င္တာပါ”

က်ိဳးဟူကေတာ့ သူ၏ အျပစ္မွသည္ တျခားသူထံသို့ တည့္တည့္ႀကီး လြဲခ်ပစ္လိုက္ေလေတာ့၏။ ယီမင္ သိသိႏွင့္ပင္ က်ိဳးဟူအား ဆက္၍ ေမးျမန္းေလသည္။

“သူမ်ားက အသက္ႀကီးေနၿပီ မင္းနဲ႔ ေဆာ့ကစားဖို့ ဘယ္လို အခ်ိန္အားမွာလဲ”

“အ.. ကၽြန္ေတာ္ မဟုတ္ပါဘူးဆို၊ သူက ဘာလို့ မအားရမွာလဲ၊ ကၽြန္ေတာ့္ကို အျပစ္လိုက္တင္ဖို့က်ေတာ့ အားတယ္၊ ေအာ္ ကၽြန္ေတာ္ မဟုတ္ဘူး၊ ပိုင္ဟုန္ဟူကို သူက အျပစ္တင္ေနတာ”

“မင္း လူႀကီးေတြကို ေနာက္က်ရင္ မရိုမေသမလုပ္ရဘူးၾကားလား၊ မင္းအဲလို လုပ္ရင္ အေဖနဲ႔အေမက မင္းကို မဆုံးမထားဘူးလို့ အျပစ္တင္ၾကလိမ့္မယ္”

“သိပါၿပီ၊ မင္းအေမ ေနမေကာင္းဘူး သိၿပီးၿပီ မဟုတ္လား”

“ဟုတ္တယ္၊ ကၽြန္ေတာ္ သြားေတြ႕လို့ ရလား”

“သြားေလ”

သြားေလဆိုေတာ့ လစ္ခနဲ ထိုေနရာမွ ေျပးထြက္သြားေတာ့ အားလုံးေသာ နတ္အမ်ားက သို့ေလာ သို့ေလာ ေတြးဆကုန္ၾကေလသည္။ အိမ္ေရွ႕မင္းသား ယီမင္ကေတာ့ လုပ္ရိုးလုပ္စဥ္ကို လုပ္ေနသကဲ့သို့ပင္ က်န္းေဖယြင္ နတ္မင္းအား အားနာလြန္းလွေသာ အမူအရာျဖင့္၊

“ကေလးေတြက တစ္ခါတစ္ေလက်ရင္ ေဆာ့ကစားလိုစိတ္ ျပင္းထန္တတ္ၾကတယ္၊ မဟုတ္လား၊ က်န္းနတ္စစ္သူႀကီးကပဲ ေဗြမယူပဲ သေဘာထားႀကီးႀကီးနဲ႔ ခြင့္လြတ္ေပးပါ”

အိမ္ေရွ႕မင္းသားက ေတာင္းပန္မွေတာ့ ဘယ္သူကမ်ား ခြင့္မလြတ္နိုင္ပါဘူးဟု ထေအာ္ဝံ့ပါ့မလဲ၊ အားလုံးေသာ နတ္အမ်ားကေတာ့ သို့ေလာ သို့ေလာ အေတြးတို့ ေဝစီသြားေလေတာ့၏။ ထိုႏွစ္တစ္ေထာင္နတ္ငယ္ေလးက အိမ္ေရွ႕မင္းသား တလီယီမင္ႏွင့္ ပတ္သတ္ေနသည္ ဟူ၍၊

“အဲ့ကေလးက မိုးႀကိဳးကို ဆင့္ေခၚသြားနိုင္တယ္”

“ဒီကေလးက ဘာမွသာ မတတ္ေျမာက္ေသးတာ၊ သူ႔ရဲ့နတ္စြမ္းအားက ျပင္းထန္တယ္”

“အဲဒါ နန္းေဆာင္အသစ္ပိုင္ရွင္ မဟုတ္လား၊ လုံးဝကို မ်ိဳးဆက္သစ္ လူငယ္ ပီသတာပဲ”

“သူ႔ပုံစံကို ၾကည့္ၿပီး တစ္ေယာက္ေယာက္ကို သတိမရသြားဘူးလား”

“ငါလည္းပဲ”

“က်ိဳးရင္နတ္ဘုရားမ ပထမဆုံးေသာ မဂၤလာေဆာင္အတြက္ ေကာင္းကင္ညီလာခံကို တက္လာတုန္းကလိုမ်ိဳး မ်က္ႏွာထားနဲ႔ေလ”

“ဒီကေလးကို အိမ္ေရွ႕မင္းသားက ကာကြယ္သြားတာ ေတြ႕လား၊ သူက ႏွယ္ႏွယ္ရရေတာ့ မျဖစ္နိုင္ဘူး”

တစ္ေယာက္ထင္ျမင္ခ်က္ကို တစ္ေယာက္က နားေထာင္ႏွင့္ ေကာင္းကင္၏ညီလာခံအဆင္းလမ္း ရင္ျပင္တြင္ နတ္အမ်ား၏ ထင္ေၾကးေပးသံတို့က ပြက္ပြက္ညံသြားၾကေလေတာ့၏။

ထိုနတ္ေတြ ဘာေတြ ေျပာဆိုၾကေလမလဲဟု မေတြးေတာသူကေတာ့ ေကာင္းကင္အကာအကြယ္ နန္းေဆာင္ရွိရာသို့ အေျပးအလႊား သြားလိုက္ကာ သူ႔အား တျခားေသာ နဂါးမ်ားက မတားျမစ္သည္ႏွင့္ ထိုနန္းေဆာင္အတြင္းသို့ ဒေရာပါးတည္း ေျပးဝင္သြားေလသည္။

အျဖဴေရာင္ပိုးသား ဝတ္စုံျဖင့္ ဆံႏြယ္ေတြ အပုံလိုက္ အေထြးလိုက္ က်ဆင္းေနၿပီး သလြန္ထက္တြင္ တစ္ေစာင္းေလး လွဲေလ်ာင္းေနေသာ မိခင္ျဖစ္သူကို ေတြ႕ေတာ့မွ က်ိဳးဟူ ေျပးေနရာမွ ရပ္လိုက္ကာ ေျခလွမ္းတို့ကို ျဖည္းညႇင္းစြာျဖင့္ သလြန္အနားသို့ တိုးကပ္သြားမိေလသည္။

မိခင္ျဖစ္သူက မ်က္လုံးေတြ ေမွးမွိတ္ထားတာကို ေငးေမာေနၿပီးေနာက္ အနားတြင္ ပုဆစ္တုတ္ ထိုင္လိုက္ကာ မ်က္ႏွာကိုသာ တေမ့တေမာျဖင့္ ၾကည့္ေနမိေလသည္။ ဟိုအရင္ရက္ေတြတုန္းက အေမဟာ ပိုင္ဟုန္ဟူကို ရယ္ရယ္ေမာေမာနဲ႔ စကားေျပာဆိုခဲ့ေသးသည္။

အဲဒီအခ်ိန္တုန္းက အေမ့ကို ရယ္ေမာေစသူက ပိုင္ဟုန္ဟူ ျဖစ္ေနခဲ့တာကို က်ိဳးဟူ ဘယ္ေလာက္ထိ ေဒါသထြက္ခဲ့ မနာလိုခဲ့တာလဲ ဆိုတာကို က်ိဳးဟူသာ သိနားလည္လိမ့္မည္။ ~အေမ့လက္ကို ခဏေလာက္ေလး ကိုင္ၾကည့္ခ်င္တယ္။~

အေတြးႏွင့္အတူ ဝမ္းဗိုက္ေပၚတြင္ တင္ထားေသာ လက္ဖဝါးဆီသို့ လက္ကို ကမ္းလိုက္ေတာ့ အေမက သူ၏တည္ရွိမွုကို ခံစားမိသြားဟန္ျဖင့္ ခပ္တိုးတိုး အမိန္႔ေပးလာေလသည္။

“ေရေပး!”

သူ႔ တည္ရွိေနမွုကို အေမက သိသြားေသာ္လည္း ေရေပးပါဟု ေတာင္းဆိုလာျခင္းမို့ ဒါက အေစခံ တစ္ဦးဟုသာ မွတ္ထင္သြားမွန္း သိလိုက္ေလသည္။ က်ိဳးဟူ စားပြဲေပၚတြင္ တင္ထားေသာ ေရခြက္ငယ္ကို ေရျဖည့္လိုက္ၿပီးေနာက္ အေမ့လက္အနီးသို့ ေပးလိုက္ေတာ့ အေမက လက္ျဖင့္ ေရခြက္ကို လွမ္းယူကာ မ်က္လုံးေတြ မဖြင့္ေသးပါပဲႏွင့္ ေရကို ငုံလိုက္ေလသည္။

ေရကို ငုံလိုက္ၿပီးမွ မ်က္လုံးေတြကို ပြင့္ဟလာေတာ့ က်ိဳးဟူကို ျမင္သည္တြင္၊

“မင္း ဖူး”

ႏွုတ္ခမ္းအတြင္းမွ ေရအားလုံးကို မမ်ိဳခ်လိုက္ရေသးမွန္း က်ိဴးဟူ နားလည္လိုက္ေသာ္လည္း ထိုမမ်ိဳခ်လိုက္ရေသးေသာ ေရမ်ားက က်ိဳးဟူ၏ မ်က္ႏွာဆီတြင္ ျဖန္႔က်က္သြားေလၿပီ။

“မင္း ဒီထဲကို ဘယ္လို ေရာက္ေနတာလဲ”

အေမက လက္ေထာက္၍ လဲေနရာက သလြန္ေပၚမွ ေျခေထာက္ႏွစ္ဖက္လုံးကို သလြန္ေအာက္သို့ ခ်လိုက္ၿပီးမွ က်ိဳးဟူကို ေမးျမန္းလာေလသည္။ ~အေမလို့ ေခၚခ်င္တယ္၊ အေဖက ခြင့္ျပဳမွာ မဟုတ္ဘူး~

အေတြးက အေတြးနဲ႔တင္ က်ိဳးဟူအား မရိုးမရြ ျဖစ္ေစသည္။ ~ေခၚလိုက္ေလ တစ္ခြန္းတည္းပဲ ဘာမွမျဖစ္ဘူး~ မျဖစ္ဘူး၊ အေဖက ငါ့ကို မေခၚရဘူးလို့ တားျမစ္ထားတယ္၊ မေခၚနဲ႔~ ေခၚလိုက္ ဘာမွမျဖစ္ဘူး၊ ဘယ္လိုပဲ ျဖစ္ျဖစ္ အေမပဲေလ~

“မျဖစ္ဘူး မျဖစ္ဘူး”

အေတြးမွတစ္ဆင့္ ျပင္ပသို့ ေရာက္ရွိလာခဲ့ၿပီးေနာက္ က်ိဳးဟူ ေခါင္းယမ္းကာ ႏွုတ္မွပင္ ေျပာလိုက္မိေလသည္။ ထိုတြင္ အေမက က်ိဳးဟူအား ၾကည့္လာခဲ့ၿပီးေနာက္ ေမးျမန္းလာခဲ့ေလသည္။

“ဘာက မျဖစ္တာလဲ”

“ေအမ..”

@@@@@

“ေအမ..”

ထိုအသံမွာ ေလးစားမွုေတြ အျပည့္၊ ခ်စ္ခင္ႏွစ္လိုျခင္းအျပည့္၊ ထိုကေလးငယ္၏ မ်က္ဝန္းတို့က တစ္ခုခု အသိအမွတ္ျပဳခံလိုျခင္းေတြ အျပည့္ႏွင့္၊

က်ိဳးရင္း မ်က္ေတာင္ဖ်ားမ်ား ပုတ္ခတ္ ပုတ္ခတ္ ျပဳလိုက္မိသည္။ ဒီေျမေခြးငယ္ေလးက ဘာကို ဆိုလိုခ်င္ေနတာလဲ။

“မင္း အေမကို မင္း သတိရျပန္ၿပီလား”

ထိုစကားကိုသာ ခပ္တိုးတိုး အတည္ျပဳေပးလိုက္ေတာ့ ထိုကေလးငယ္က ေခါင္းကို တဆတ္ဆတ္ ညိတ္ေလသည္။

“ကၽြန္ေတာ္ အေမ့ဆီက ေပြ႕ဖက္မွုကို လိုခ်င္တယ္”

“မင္းအေမက မင္းကို မေပြ႕ဖက္လို့လား”

“အင္း”

က်ိဳးရင္းေမးလိုက္ေတာ့ ထိုကေလးငယ္က သနားစဖြယ္ မ်က္ႏွာေလးႏွင့္ ေခါင္းညိတ္သည္။

“ရင္းအာ မင္း သတိရလာၿပီလား”

နန္းေဆာင္အတြင္းသို့ ဝင္လာေသာ ယီမင္ကို ေတြ႕ေတာ့မွ က်ိဳးရင္း ျပဳံးလိုက္ၿပီးမွ သလြန္ထက္မွ ထရပ္လိုက္သည္။ ၿပီးေနာက္ ေျပာလိုက္မိ၏။

“ဒီကေလးက သူ႔အေမကို သတိရေနတာ၊ ေကာင္းကင္စည္းမ်ဥ္းက ဒီေလာက္ မတင္းက်ပ္ဘူး မဟုတ္လား၊ တစ္ခါတစ္ေလ သြားေတြ႕လို့ေတာ့ ရတယ္ မဟုတ္လား”

~ကၽြန္ေတာ့္အေမက ကၽြန္ေတာ့္ေရွ႕မွာေလ ကၽြန္ေတာ္က ဘယ္မွာ သြားေတြ႕ရမွာလဲ!!~

က်ိဳးဟူ ရင္ဘတ္ထဲမွာ ေအာ္ဟစ္ေျပာေနမိေသာ္လည္း အျပင္တြင္ေတာ့ ဖခင္ျဖစ္သူကိုသာ အနိုင္က်င့္ခံရေသာ ကေလးငယ္ေလး၏ အမူအရာျဖင့္ မ်က္လုံးရြဲမ်ားဝိုင္းစက္ကာ ၾကည့္ေနေလသည္။ ေျပာလိုသည္က မိခင္အား သူလည္း ခ်စ္ခင္လိုပါသည္ဟူေသာ သေဘာ၊

ယီမင္က ဟူအာ၏ မ်က္လုံးျဖင့္ ခြင့္ျပဳခ်က္ ေတာင္းခံေနသည္ကို လ်စ္လ်ဴရွုလိုက္ၿပီးမွ က်ိဳးရင္းအား အနားသို့ ဆြဲယူကာ သလြန္ထက္တြင္ ျပန္လည္ ထိုင္ေစလိုက္သည္။

“မင္းက ေကာင္းကင္နန္းေတာ္မွာ ေပ်ာ္ရႊင္မေနဘူး ဆိုတာကို ငါေတာ့ မယုံဘူး၊ အခုေလးတင္ နတ္စစ္သူႀကီးက်န္းကို လက္နက္အားကိုးနဲ႔ ရိုက္ႏွက္ခဲ့ၿပီးေတာ့”

“သူကေလ၊ သတၱိရွိလွပါလား”

“ဒါနဲ႔ ညီလာခံအေရးက ဘယ္လို ျဖစ္သြားၿပီလဲ”

တကယ္တမ္းက် ညီလာခံအေရးကို ရင္းအာ စိတ္မပူတတ္မွန္း ယီမင္ နားလည္ႏွင့္ၿပီးသား ျဖစ္ေလသည္။ ယခုေမးခြန္းအရ ညီလာခံမွ ကိစၥအေရးကို သိလိုသည္ထက္ ယီမင္၏တာဝန္ မည္မၽွႀကီးေလးၿပီး ပင္ပန္းေနသလဲ ဆိုတာကို သူမက သိနားလည္လိုျခင္း သက္သက္မၽွသာ ျဖစ္ေလသည္။

ယီမင္ သူမအား သလြန္ထက္တြင္ ထိုင္ေစလိုက္ၿပီးမွ လက္အတြင္းမွ ေရခြက္အား ျပန္လည္ ကမ္းယူလိုက္ကာ နတ္အစြမ္းျဖင့္ အနည္းငယ္ ေႏြးေထြးေစလိုက္ၿပီးမွ ျပန္၍ ကမ္းေပးလိုက္သည္။

“အေရွ႕ပင္လယ္ မင္းသားက ေကာင္းကင္နယ္နိမိတ္ကို မူလသ႑ာန္နဲ႔ ဝင္တိုက္ခဲ့တဲ့ ကိစၥအေရးကို အဘိုးေတာ္က စိတ္ၿငိဳျငင္ေနတယ္၊ ဒီေန႔အဲဒီအတြက္ကို ေဆြးေႏြးခဲ့ၾကတာ”

“ဟုတ္လား၊ တလီခ်င္းယြင္က ဘာေျပာတာလဲ”

ေကာင္းကင္မင္းႀကီးကို ေခၚေဝၚေသာ ဇနီးသည္၏ ဆိုစကားကို ယီမင္ကေတာ့ ခပ္သဲ့သဲ့သာ ျပဳံးမိသည္။ ဇနီးသည္သည္က မည္သူႏွင့္မၽွ မတူညီေသာ သူမို့၊

“အဘိုးေတာ္က အဲဒီကိစၥကို ေသခ်ာကြပ္ကဲၿပီးေတာ့ တိက်ေသခ်ာတဲ့ အျပစ္မ်ိဳးေပးေစခ်င္တယ္၊ ဒီကိစၥနဲ႔ပတ္သတ္ၿပီးေတာ့ အေရွ႕ပင္လယ္ရဲ့ အာဏာႀကီးထြားလာမွုကို ကန္႔ကြက္ခ်င္ေနတယ္”

“ရန္ခ်င့္က ေကာင္းကင္ကိုေတာင္မွ စိန္ေခၚရဲေနၿပီလား၊ သူ သိပ္လြန္တာပဲ”

“ေကာင္းၿပီ မင္းအဲဒါေတြအတြက္ မပူပန္လည္း ရပါတယ္၊ အခုထိ ဘယ္သူကမွလည္း မင္းရဲ့အကူညီ မလိုအပ္ေသးပါဘူး၊ ဒီေန႔ သူက ၿငိမ္သက္ေနလား”

ယီမင္က ထိုစကားကို ေမးလိုက္ေတာ့ က်ိဳးရင္းက မေျဖေသးပဲနဲ႔ ျပဳံးေနေလသည္။ အေဖႏွင့္အေမ ၾကည္ႏူးေနၾကေသာ္လည္း မၾကည္ႏူးနိုင္သည္က က်ိဳးဟူပင္၊

~ေကာင္းကင္မင္းႀကီးက စိတ္ဆိုးေနတယ္၊ သူက စိတ္ဆိုးေနတယ္ ဆိုတာက မူလသ႑ာန္နဲ႔ ေကာင္းကင္နယ္နိမိတ္စည္းကို ရန္ေလြ႕က ဝင္တိုက္လို့၊ အျပစ္က ဘာေပးမွာလဲ၊ တကယ္က် ရန္ေလြ႕ကို စီးနင္းထားတဲ့သူက က်ိဳးဟူ~

အေတြးေတြ ထပ္ဆင့္ သြားၿပီးေနာက္ ဒါကို အေဖ့ကို ေျပာသင့္သည္ဟု က်ိဳးဟူ ဆုံးျဖတ္လိုက္ကာ စကားစလိုက္သည္။

“တကယ္ေတာ့ေလ၊ အဲဒီမီးနဂါးရန္ေလြ႕ကို..”

အေဖက စကားစလိုက္သည္ႏွင့္ တစ္ခုခု ဆိုတာကို ခ်က္ခ်င္းပင္ သိနားလည္သလိုႏွင့္ က်ိဳးဟူအား အာ႐ုံစိုက္လာေလသည္။

“မင္းေျပာေနတာကို ဆက္ေျပာပါ”

“အဲဒီ ေမာက္မာၿပီး အက်င့္မေကာင္းတဲ့ မီးနဂါးရန္ေလြ႕ကို စီးနင္းထားတာက..”
က်ိဳးဟူ စကားကို အဆုံးသတ္ရန္ ခက္ခဲေနေလသည္။ သူ႔အေဖကို မ်က္လုံးလွန္ၾကည့္ လိုက္ေသးသည္။ မ်က္လုံးကို ျပန္၍ စုံမွိတ္ခ်လိုက္ကာ သက္ျပင္းသဲ့သဲ့ႏွင့္အတူ ေျဖၾကားလာေလ၏။
××××××
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။

Continue Reading

You'll Also Like

646K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
131K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
614K 43.3K 50
Uni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတ...
2.1M 162K 36
No descriptions here