အခန်း (၅၁)
“ရှောင်ချွီ့ ငါ အပေါ့သွားမယ်..”
“ကောင်းပြီ မင်းသမီး.. ဒါပေမယ့် ဒါလေးကို ယူသွားရမယ်..”
ကမ်းပေးလာသော ကမာကောင်လေးကို ဇီအာ လှမ်းယူလိုက်ပြီး မျက်နှာ ပျက်သွား၏။ ဒါလေးက ကမာကောင်လေး ဖြစ်ပေမယ့် မျက်ခြေမပျက် စောင့်ကြည့်သော နေရာတွင် သုံးသည်။
“စောင့်ကြည့်မျက်လုံး..”
“ဟုတ်တယ်.. သူတို့ တစ်စုံ ရှိတယ်.. တစ်ဖက်က မြင်သမျှကို တစ်ဖက်က ပြန်ပြီး ပြနိုင်တယ်..”
“အပိုတွေ.. မသွားဘူး.. အပေါ့လည်း မသွားတော့ဘူး..”
ဒီဉာဏ်များတတ်တဲ့ မင်းသမီးကို ထိန်းသိမ်းရတာ တကယ်ကို မလွယ်တဲ့ ကိစ္စ တစ်ခုမှန်း ခရီးရက်ကြာလေ ရှောင်ချွီ့သိလေ ဖြစ်သည်။ ခုန်လွှားနိုင်တဲ့ စွမ်းရည်က နည်းပါးသော်လည်း.. ခြေတစ်လှမ်းချင်းစီ သွားဖို့တော့ မလိုပေ။ ဒါကို သူမက တမင်သက်သက်ပင် ခုန်လွှား၍ မသွားပဲနှင့် တစ်လှမ်းချင်းပင် စိတ်ရှည် လက်ရှည်ပင် သွားနေသည်။
ခုန်လွှားနိုင်သော နတ်စွမ်းရည်က အခြေခံ နတ်စွမ်းအား ဖြစ်သော်လည်း နတ်စွမ်းအား နည်းပါးခြင်း မနည်းပါးခြင်းနှင့် သက်ဆိုင်သေးသည်။ အကယ်၍ သင့်တော်သော အခြေခံ နတ်စွမ်းအားကို ပိုင်ဆိုင်ထားပါက ခုန်လွှားခြင်းအား တစ်ကြိမ်လျှင် သုံးဆယ့်ခုနှစ်မိုင်ခန့်ထိ ခုန်လွှား၍ ရသည်။
နတ်စွမ်းအား မြင့်မားလေ ခုန်လွှားနိုင်မှု အကွာအဝေး ပိုပြီး ဝေးကွာနိုင်လေ ဖြစ်ကာ.. ပုံမှန်အားဖြင့် နတ်စွမ်းအား မြင့်မားသူတွေက သာမာန် နတ်ငယ်များကဲ့သို့ မဟုတ်ပဲ ရောက်လိုသော နေရာသို့ မိုင်ထောင်ချီ အကွာအဝေး အလိုက် ရောက်ရှိနိုင်လေသည်။ လက်ရှိတွင်လည်း ဇီအာထံတွင် ခုန်လွှားနိုင်သော နတ်စွမ်းအားကို ပိုင်ဆိုင် ထားသည့် တိုင်အောင်.. ခုန်လွှားခြင်းကို မပြုပဲ.. တစ်လှမ်းချင်း သွားနေခြင်းကို ရှောင်ချွီ့ အပြစ်ပြောလိုသည်။ သို့သော် ထိုသို့ ပြုလုပ်နေသည်က တောင်ပိုင်း နန်းတော်၏ မင်းသမီးလေးပင် ဖြစ်သည်။
“မင်းသမီးလေး..”
“နားညည်းတယ်.. ပါးစပ်ပိတ်ထား..”
ပါးစပ်ပိတ်ထားဟု ပြောလိုက်တော့ ရှောင်ချွီ့ အကြံပေးရန် ပြင်နေသော စိတ်တို့ကို မျိုချလိုက်ရသည်။ စည်းတားထားသော ရေစီးကြောင်း အဆုံးသို့ ရောက်ခါနီးပြီမို့ ရှောင်ချွီ့ သက်ပြင်းချလိုက်မိသည်။ ပြီးနောက်တွင် လွတ်လပ်စွာ ပြေးလွှားနေသော.. သူမထံသို့ အကြည့်က တစ်ချက် ရောက်ရှိသွားခဲ့သည်။
“ရပ်စမ်း!!..”
ရပ်စမ်းဆိုလို့ ဇီအာ ခြေလှမ်းတွေ ရပ်လိုက်မိသည်။ အခြွှေအရံတွေ ပါဝင်သော.. လူတစ်ဦးက ဇီအာကို တားဆီးနေ၏။ အနက်ရောင် ဝတ်ရုံရှည်နှင့် ထိုလူက ဘေးနားတွင် မိန်းကလေး တစ်ဦးအား မညှာမတာ ဆွဲဖက်ထားသေး၏။
~~ဒါ ဘာအခြေအနေကြီးလဲ..၊ ဇီအာ ဒီလူ လက်ထဲက မိန်းကလေးကို သူရဲကောင်း လုပ်ပြီးတော့ ကယ်ပေးရမှာလဲ..၊~~
အနားတိုးရမလို နောက်ဆိုရမလို အခြေအနေဆိုမှတော့ ဇီအာ အရှေ့သို့ပင် တိုးလိုက်သည်။ ခါးတွင် လက်ထောက်လိုက်ပြီးမှ..
“ငါက ရပ်လိုက်ပြီ.. မင်းလည်း ရပ်လိုက်တော့..”
ဇီအာ၏ ခါးထောက်ပြီး ပြောလိုက်သော စကားတွင် ရှောင်ချွီ့အပါအဝင်.. ရန်လွေပင် ကြောင်သွားမိသည်။ သူမက ဘာကို ရပ်ခိုင်းတာလဲ..၊
“ငါ ဘာကို ရပ်ရမှာလဲ..”
“ကောင်မလေးကို လွှတ်လိုက်!!..”
“မင်းသမီး!!..”
ရန်လွေက မင်းသမီး ဆိုသော ဝေါဟာရကို ပိုပြီး စိတ်ဝင်စားသွားဟန်ဖြင့်.. လိုက်ပါ ရေရွတ်သည်။
“မင်းသမီး ဟုတ်လား.. ထူးထူးဆန်းဆန်းပဲ..”
ရန်လွေက ထိုမိန်းကလေးကို လွှတ်လိုက်ပြီး ဇီအာ အနားသို့ ရောက်လာသည်တွင် ဇီအာ၏ ခါးတွင် ချိတ်ဆွဲထားသော ရေအလုံးလေးမှ ဓားအသွင်သို့ ကူးပြောင်းသွားပြီး.. ဇီအာ၏ လက်အတွင်းဝယ် ပေါ်လာသည်။ ရန်လွေက အနည်းငယ် စိုးထိတ်သော ဟန်ပန်ဖြင့်..
“ရို့.. ဓားကြီးနဲ့ပါလား.. ငါတောင် ကြောက်သွားတယ်.. ဟား.. ဟား.. ဟား..”
စကားအဆုံးတွင်တော့ လှောင်ပြောင် ရယ်မောပစ်လိုက်လေသည်။
“မင်းက သိပ်မလှပေမယ့် သိပ်မဆိုးလှပါဘူး..”
ဒီအနေအထားအတွက် ဇီအာထံတွင် သည်းခံနိုင်သော စိတ်ဆန္ဒ သိပ်ပြီး နည်းပါးလွန်းလေရာ ထွက်ပေါ်လာသော ဓားဖြင့် ဝှေ့ယမ်း ပစ်လိုက်လေသည်။ ဓားအတွင်းမှ.. အားပြင်းသော လေအရှိန်နှင့် စွမ်းအားက အလွှာလိုက် ထွက်လာပြီးနောက်.. ဆင့်ကဲ ဆင့်ကဲ အလွှာတွေ ဖြစ်ပေါ်လာကာ.. အနီးနားတွင် ရှိသော လေဟုန်ကို ခွင်းပြီးနောက်.. ထို စွမ်းအား အရှိန် ထိမိသော အရာအားလုံးသည် ပေါက်ကွဲ ပျက်စီးသွားလေတော့သည်။
ကမန်းကတမ်း ရှောင်လိုက်နိုင်သော.. သူများသာ.. ထိခိုက်မိခြင်း မရှိပဲနှင့် ကို့ယို့ ကားယား အနေအထားများနှင့် ရေစီးကြောင်းပေါ်တွင် လူးလိုက် လိမ့်လိုက် ဖြစ်နေကြ၏။ တခြားသူများ မပြောနှင့် ဓားကိုင်ထားသော ဇီအာပင် ဒယိမ်းဒယိုင် ဖြစ်မိသွားသည်။ မီးပင်လယ် တစ်လျှောက်တွင် ရှိသော ရေခဲတုံး ရေခဲအခဲများကတော့ ပြိုကျ ကွဲသွားသည်မှာ ဆိုဖွယ် မရှိတော့ပေ။
တုန်ဟီးသွားသော.. ရေလှိုင်းတို့က ဂယက်ထလျက် ကျန်နေခဲ့သည်။ ထိုတွင်.. ရန်လွေက တအံ့တသြလေသံဖြင့်..
“ရေလွှာဓား.. ဒါက ရေဘုရင် ရှောင်လုချီ ပိုင်တာ..”
ရန်လွေ၏ အသံတို့ ထစ်အလျက်ဖြင့်.. ဆက်၍..
“ဒါဆို မင်းက.. ရှောင်ဇီအာ..”
ဇီအာက ပစ်လှဲကျသွားရာမှ ခေါင်းညိတ်လိုက်ပြီးမှ..
“ဟုတ်တယ်.. မျက်လုံးကို ဖွင့်ပြီး သေချာကြည့်ထား.. ငါက တောင်ပိုင်း ရေမင်းသမီး ရှောင်ဇီအာ..”
“ဇီအာ..”
အနောက်မှ ရောက်လာသောသူ ကြောင့် ဇီအာ ခုန်ပေါက်လုမတတ် ပျော်သွားမိသည်။
“အစ်ကိုနန်ကုန်း.. ဘယ်လို ရောက်လာတာလဲ..”
“အစ်ကိုကြီး..”
ရန်လွေထံမှလည်း ခေါ်သံက ထွက်ပေါ်လာသည်။ ရန်လွေကလည်း လဲကျနေရာမှ လူးလဲ ထရပ်လိုက်ရင်းဖြင့်.. ရန်နန်ကုန်းကို ရန်စောင်သော မျက်ဝန်းတို့ဖြင့် ကြည့်သည်။ ရန်နန်ကုန်းက ရန်လွေကို မရှိသကဲ့သို့ပင် လျစ်လျူ ရှုလိုက်ပြီးမှ ဇီအာ အနားသို့ တိုးလာရင်း..
“ရုတ်တရက် အသံကြားလို့ ဒီဘက်ကို ရောက်လာတာ ဘာလဲ အရှေ့ပင်လယ်ကို အလည် ရောက်လာတာလား.. ဒေါ်လေးရော.. မပါဘူးလား..”
ထုံးစံအတိုင်းပင် ဇီအာက သူမ ဆံပင်လေးတွေ လှုပ်ယမ်းသွားတဲ့အထိ ခေါင်းကို ခါယမ်းလိုက်ပြီးမှ..
“မေမေမပါဘူး.. ရှောင်ချွီ့ရယ် ဇီအာရယ်ပဲ အစ်ကိုကြီးနဲ့ တွေ့မယ်လို့လည်း မထင်ထားဘူး.. ရှောင်ချွီ့က ရေကို စည်းခြားထားတယ်.. ဇီအာ ပြေးသွားလို့ မရဘူး..”
ထိုအခါမှ ရေစီးကြောင်းတွင် စည်းခြားထားတာကို ရန်နန်ကုန်းက သတိထားမိသွားပြီး.. လက်ဖြင့် ဝှေ့ယမ်းလျက်.. ရေအတွင်းမှ စည်းတား ဂါထာကို ပြေပျောက်စေ၏။ ဇီအာက အောင်နိုင်သူ အပြုံးဖြင့် မျက်ခုံးလေး ပင့်လကာ.. ရှောင်ချွီ့ကို လှမ်းကြည့်တော့ ရန်နန်ကုန်းကပါ ရှောင်ချွီ့အား..
“ရှောင်ချွီ့ ငါက သူ့အစ်ကို တစ်ဝမ်းကွဲပါ.. မင်း စိတ်ချပါ ငါ သူ့ကို စောင့်ရှောက်နိုင်ပါတယ်..”
“မင်းသား နန်ကုန်းကို ရှောင်ချွီ့ အပြစ်မလုပ်ရဲပါဘူး.. ဒါပေမယ့်.. အခုလိုတော့ မဟုတ်သေးပါဘူး မင်းသား.. တောင်ပိုင်းရေဘုရင်က .. မင်းသမီးကို ရက်အနည်းငယ်ပဲ ပိုင်ဒေသကို စေလွှတ်တာပါ.. ကြားမှာ ရက်ကြာဖို့ မမှာကြားထားပါဘူး..”
ဇီအာက သနားစဖွယ် မျက်နှာလေးသို့ ကူးပြောင်းသွားပြီး.. ဓားအသွင်မှ ရေအလုံးလေးသို့ ပြန်လည် ပြောင်းလဲ သွားသော ရေလွှာဓားကို လက်အတွင်းဝယ် လှိမ့်ကာ လှိမ့်ကာဖြင့်.. အသံလေးကို တိုးတိုးသဲ့သဲ့လေးဖြင့်..
“ဟုတ်တယ်.. အစ်ကို နန်ကုန်း.. အဖေက ဇီအာကို ပိုင်ဒေသကို သွားဖို့ ရက်အနည်းငယ်ပဲ စေလွှတ်လိုက်တာ.. အစ်ကို နန်ကုန်းနဲ့ အတူတူ ဆော့ချင်ပေမယ့် မဖြစ်ဘူး ထင်ပါတယ်..”
မင်းသမီး၏ ဒီပုံစံကို ရှောင်ချွီ့ကတော့ ရင်းနှီးစွာ သိနှင့်နေပြီ ဖြစ်သည်။ သို့သော် ရန်ဘုရင်၏ သားတော်အား ဒါက မင်းသမီး ဟန်ဆောင်တာပါဟု ပြောဖို့တော့ ရှောင်ချွီ့ မလုပ်နိုင် ဖြစ်နေမိသည်။ အလွန်အမင်း သနားစဖွယ် ရုပ်လေးနှင့် သူမက ဆိုတော့ ရန်နန်ကုန်းက သူမလက်ကို ဆွဲကိုင်လျက်ဖြင့်..
“ညီမလေး.. အစ်ကို တာဝန်ခံပေးမယ်.. ခမည်းတော်ကို မနက်ဖြန် တောင်ပိုင်း ရေနယ်မြေဆီကို ဇီအာက အရှေ့ပင်လယ်မှာ အနားယူ နေပါတယ်လို့ စာလွှာပို့ခိုင်းလိုက်မယ်.. အနည်းဆုံးတော့ ခမည်းတော်က ဆိုရင် ဒေါ်လေးကော ဦးလေးကော ညီမလေးကို ခွင့်လွတ်မှာပါ..”
“တကယ်လား.. အစ်ကို နန်ကုန်း..”
“သေချာတာပေါ့..”
အရမ်းပျော်ရွှင် သွားဟန်ဖြင့် မင်းသမီးက ခုန်ပေါက် မြူထူးနေတော့သည်။ ခွင့်လွတ်မှာပါ..၊ ဟုတ်လား.. မင်းသမီးက ခွင့်လွတ်တာ မလွတ်တာကို ဂရုစိုက်မယ် ထင်လို့လား.. သူမက.. အချုပ်အနှောင်တွေက ပြေသွားဖို့ပဲ ဂရုစိုက်တာ ခွင့်လွတ်တာ မလွတ်တာကို ဂရုစိုက်တာ မဟုတ်ဘူး..၊
စည်းတားထားသော ရေစီးကြောင်းမှ ကင်းလွတ်သည်နှင့် ဇီအာ.. အရှေ့မီးပင်လယ် နန်းတော်သို့ ဦးတည်လျက် သွားမိသည်။ မင်းသား ရန်လွေကတော့ ဇီအာကို အနှောင့်အယှက်လေး ဆိုသည့် အကြည့်နှင့်သာ ကြည့်နေသည်။ ရန်နန်ကုန်းကတော့ တစ်ဝမ်းကွဲ ညီမလေးမို့.. ချစ်မြတ်နိုးသော အရိပ်အယောင်တို့နှင့် ပြည့်နေလျက်.. အလိုလိုက်လိုသော.. မျက်ဝန်းတို့က လျှံတက် လာတော့မလိုပင်..၊
မင်းသား ရန်နန်ကုန်းအား.. မင်းသမီးကို နှစ်တစ်ရာလောက် ထိန်းကျောင်း ကြည့်ပါလားဟု ပြောချင်နေသည်မှာ တံထွေးကို ခဏခဏပင် မျိုချနေရတော့၏။ အရှေ့ပင်လယ် ဘုရင်နှင့် ရန်နန်ကုန်းက မင်းသမီးကို မိတ်ဆက်ပေးတော့ မီးပင်လယ် ဘုရင် ရန်ချင့်မှ.. မင်းသမီးအား..
“ရှောင်ဇီအာ ဆိုတာကို ကြားဖူးတာ ကြာပါပြီ တောင်ပိုင်း ရေဘုရင်ရဲ့ သမီးလည်း ဖြစ်တယ်.. ပြီးတော့ ငါ့သားတော် အကြီးရဲ့ တစ်ဝမ်းကွဲ ညီမလေးလည်း ဖြစ်တယ် ဆိုတော့ အရှေ့ပင်လယ်ကို ကြိုက်သလောက် အလည်လာလို့ ရပါတယ်..”
ဇီအာက အင်္ကျီတွင် ပါဝင်သော ခါးစည်းကြိုးလေးထိပ်တွင် ရေလွှာဓား အလုံးလေးကို ချိတ်ဆွဲလိုက်ပြီး လက်ဖြင့် ဝှေ့ယမ်းလျက် ဆော့နေသည်။ ထိုသို့ ဆော့နေရင်းဖြင့်..
“ဇီအာ အရင်က သေမျိုးနယ်မြေနဲ့ မိစ္ဆာနယ်မြေမှာ သွားပြီး လည်ပတ်တော့ အရှေ့ပင်လယ် အကြောင်း ကြားဖူးတယ်.. ဒါပေမယ့် ခမည်းတော်က ခွင့်မပြုလို့ လေ့လာခွင့် မရခဲ့ဘူး.. အဲဒါ မေးခွန်း နည်းနည်း မေးချင်တာ ရှိတယ် မေးလို့ ရမလား..”
“မေးပါ..”
မေးပါ ဆိုသော အသံကို ကြားလိုက်သည်နှင့် ရှောင်ချွီ့ လက်တွေပင် တုန်သွားတော့သည်။ ဇီအာ၏ အနှစ်သက်ရဆုံး အကြိုက် နှစ်သက်ဆုံးသော နတ်မင်းသည် ကျိုးရင်း နတ်ဘုရားမ ဖြစ်သည်။ ကျိုးရင်း နတ်ဘုရားမနှင့် ပတ်သတ်သမျှအားလုံးကို လောဘတကြီး လေ့လာတတ်ပြီး.. ကျိုးရင်း နတ်ဘုရားမသာ စွမ်းအား အကြီးမားဆုံး အချောမောဆုံး နောက်ထပ်.. အမှန်ကန်ဆုံးဟု တစ်ဖက်သတ် အတွေးတွေ ကြီးစိုးနေသော မင်းသမီး နှုတ်မှ ထွက်လာသမျှကို ရှောင်ချွီ့ ခန့်မှန်း မိပြီးသား ဖြစ်လေသည်။
ကျိုးရင်း နတ်ဘုရားမက မီးပင်လယ်ကို လက်တစ်ဖက်တည်းနဲ့ ရေခဲပြင် ဖြစ်သွားခြင်း အကြောင်းအား သူမက မီးပင်လယ် ဘုရင် ရန်ချင့် ရှေ့မှောက်တွင် ဝမ်းသာအားရ အမှန်အမှား မေးမြန်းဖို့တော့ မသင့်ဘူး မဟုတ်လား..၊
“မင်းသမီး ရက်တွေ အများကြီး လူသားတွေလို ခရီးသွားလာခဲ့တာ မင်းသမီး ပင်ပန်းနေလောက်ပါပြီ အနားယူသင့်ပါပြီ..”
“ငါ မပင်ပန်းသေးဘူး.. ငါအဆင်ပြေတယ်..”
ရှောင်ချွီ့ မင်းသမီးအား ပုခုံးမှ ဆုပ်ကိုင်လိုက်ပြီး..
“မင်းသမီး တကယ် ပင်ပန်းနေပါပြီ..”
“ငါ မေးစရာ ရှိ..”
“နောက်ရက်မှ မေးလည်း မင်းသား ရန်နန်ကုန်းက ဖြေပေးမှာပါပဲ..”
ရန်နန်ကုန်းကလည်း ရှောင်ချွီ့အား ထောက်ခံလိုက်ရင်းဖြင့်..
“ဟုတ်တယ်.. ညီမလေး အရင်ဆုံး အနားယူလိုက်အုံး..”
နားနေဆောင် အတွင်းသို့ ခေါ်လာနိုင်မှ ရှောင်ချွီ့ သက်ပြင်းချလိုက်မိသည်။ ဘယ်နေ့ သေမယ် ဆိုတာ ကြိုမပြောနိုင်သော်လည်း မင်းသမီးနဲ့ ပိုနီးလေး သေနေ့ ပိုနီးသလို ခံစားနေရတာက မသက်မသာလေး မဟုတ်တာတော့ သေချာသည်။
~ဘယ်ဘုရင်ကများ.. ယခင် ရှုံးနိမ့်ခဲ့တဲ့ အကြောင်းကို ပြန်ကြားလိုမှာတဲ့လဲ.. မင်းသမီးဟာ သိပ်ပြီး.. အခြေအနေကို မကြည့်တတ်တာ.. ကျိုးရင်း နတ်ဘုရားမရဲ့ အောင်မြင်မှုကို ရှုံးနိမ့်ဖူးသာ ထံမှာ အသေအချာ မေးမြန်းလိုနေတာ.. ရှောင်ချွီ့ အသက်ကို ဘာနဲ့ ထုတ်ထားရမလဲ လို့တောင် တွေးမိစေတယ်~~
××××××××
Paid Groupရှိပါတယ်နော်
Book တစ်ခုကို ၁၀၀၀ကျပ်ပါ 😊😊။
Kpay, Wave Money, pH bill, နဲ့ရပါတယ်နော်။
နိုင်ငံခြားက စာဖတ်ပရိသတ်များအတွက်လည်း အဆင်ပြေပြေနဲ့ဖတ်လို့ရအောင် လုပ်ပေးထားပါတယ်။
Zawgyi
အခန္း (၅၁)
“ေ႐ွာင္ခြၽီ႕ ငါ အေပါ့သြားမယ္..”
“ေကာင္းၿပီ မင္းသမီး.. ဒါေပမယ့္ ဒါေလးကို ယူသြားရမယ္..”
ကမ္းေပးလာေသာ ကမာေကာင္ေလးကို ဇီအာ လွမ္းယူလိုက္ၿပီး မ်က္ႏွာ ပ်က္သြား၏။ ဒါေလးက ကမာေကာင္ေလး ျဖစ္ေပမယ့္ မ်က္ေျခမပ်က္ ေစာင့္ၾကည့္ေသာ ေနရာတြင္ သုံးသည္။
“ေစာင့္ၾကည့္မ်က္လုံး..”
“ဟုတ္တယ္.. သူတို႔ တစ္စုံ ႐ွိတယ္.. တစ္ဖက္က ျမင္သမွ်ကို တစ္ဖက္က ျပန္ၿပီး ျပႏိုင္တယ္..”
“အပိုေတြ.. မသြားဘူး.. အေပါ့လည္း မသြားေတာ့ဘူး..”
ဒီဉာဏ္မ်ားတတ္တဲ့ မင္းသမီးကို ထိန္းသိမ္းရတာ တကယ္ကို မလြယ္တဲ့ ကိစၥ တစ္ခုမွန္း ခရီးရက္ၾကာေလ ေ႐ွာင္ခြၽီ႕သိေလ ျဖစ္သည္။ ခုန္လႊားႏိုင္တဲ့ စြမ္းရည္က နည္းပါးေသာ္လည္း.. ေျခတစ္လွမ္းခ်င္းစီ သြားဖို႔ေတာ့ မလိုေပ။ ဒါကို သူမက တမင္သက္သက္ပင္ ခုန္လႊား၍ မသြားပဲႏွင့္ တစ္လွမ္းခ်င္းပင္ စိတ္႐ွည္ လက္႐ွည္ပင္ သြားေနသည္။
ခုန္လႊားႏိုင္ေသာ နတ္စြမ္းရည္က အေျခခံ နတ္စြမ္းအား ျဖစ္ေသာ္လည္း နတ္စြမ္းအား နည္းပါးျခင္း မနည္းပါးျခင္းႏွင့္ သက္ဆိုင္ေသးသည္။ အကယ္၍ သင့္ေတာ္ေသာ အေျခခံ နတ္စြမ္းအားကို ပိုင္ဆိုင္ထားပါက ခုန္လႊားျခင္းအား တစ္ႀကိမ္လွ်င္ သုံးဆယ့္ခုႏွစ္မိုင္ခန္႔ထိ ခုန္လႊား၍ ရသည္။
နတ္စြမ္းအား ျမင့္မားေလ ခုန္လႊားႏိုင္မႈ အကြာအေဝး ပိုၿပီး ေဝးကြာႏိုင္ေလ ျဖစ္ကာ.. ပုံမွန္အားျဖင့္ နတ္စြမ္းအား ျမင့္မားသူေတြက သာမာန္ နတ္ငယ္မ်ားကဲ့သို႔ မဟုတ္ပဲ ေရာက္လိုေသာ ေနရာသို႔ မိုင္ေထာင္ခ်ီ အကြာအေဝး အလိုက္ ေရာက္႐ွိႏိုင္ေလသည္။ လက္႐ွိတြင္လည္း ဇီအာထံတြင္ ခုန္လႊားႏိုင္ေသာ နတ္စြမ္းအားကို ပိုင္ဆိုင္ ထားသည့္ တိုင္ေအာင္.. ခုန္လႊားျခင္းကို မျပဳပဲ.. တစ္လွမ္းခ်င္း သြားေနျခင္းကို ေ႐ွာင္ခြၽီ႕ အျပစ္ေျပာလိုသည္။ သို႔ေသာ္ ထိုသို႔ ျပဳလုပ္ေနသည္က ေတာင္ပိုင္း နန္းေတာ္၏ မင္းသမီးေလးပင္ ျဖစ္သည္။
“မင္းသမီးေလး..”
“နားညည္းတယ္.. ပါးစပ္ပိတ္ထား..”
ပါးစပ္ပိတ္ထားဟု ေျပာလိုက္ေတာ့ ေ႐ွာင္ခြၽီ႕ အၾကံေပးရန္ ျပင္ေနေသာ စိတ္တို႔ကို မ်ိဳခ်လိုက္ရသည္။ စည္းတားထားေသာ ေရစီးေၾကာင္း အဆုံးသို႔ ေရာက္ခါနီးၿပီမို႔ ေ႐ွာင္ခြၽီ႕ သက္ျပင္းခ်လိုက္မိသည္။ ၿပီးေနာက္တြင္ လြတ္လပ္စြာ ေျပးလႊားေနေသာ.. သူမထံသို႔ အၾကည့္က တစ္ခ်က္ ေရာက္႐ွိသြားခဲ့သည္။
“ရပ္စမ္း!!..”
ရပ္စမ္းဆိုလို႔ ဇီအာ ေျခလွမ္းေတြ ရပ္လိုက္မိသည္။ အေႁခႊအရံေတြ ပါဝင္ေသာ.. လူတစ္ဦးက ဇီအာကို တားဆီးေန၏။ အနက္ေရာင္ ဝတ္႐ုံ႐ွည္ႏွင့္ ထိုလူက ေဘးနားတြင္ မိန္းကေလး တစ္ဦးအား မညႇာမတာ ဆြဲဖက္ထားေသး၏။
~~ဒါ ဘာအေျခအေနႀကီးလဲ..၊ ဇီအာ ဒီလူ လက္ထဲက မိန္းကေလးကို သူရဲေကာင္း လုပ္ၿပီးေတာ့ ကယ္ေပးရမွာလဲ..၊~~
အနားတိုးရမလို ေနာက္ဆိုရမလို အေျခအေနဆိုမွေတာ့ ဇီအာ အေ႐ွ႕သို႔ပင္ တိုးလိုက္သည္။ ခါးတြင္ လက္ေထာက္လိုက္ၿပီးမွ..
“ငါက ရပ္လိုက္ၿပီ.. မင္းလည္း ရပ္လိုက္ေတာ့..”
ဇီအာ၏ ခါးေထာက္ၿပီး ေျပာလိုက္ေသာ စကားတြင္ ေ႐ွာင္ခြၽီ႕အပါအဝင္.. ရန္ေလြပင္ ေၾကာင္သြားမိသည္။ သူမက ဘာကို ရပ္ခိုင္းတာလဲ..၊
“ငါ ဘာကို ရပ္ရမွာလဲ..”
“ေကာင္မေလးကို လႊတ္လိုက္!!..”
“မင္းသမီး!!..”
ရန္ေလြက မင္းသမီး ဆိုေသာ ေဝါဟာရကို ပိုၿပီး စိတ္ဝင္စားသြားဟန္ျဖင့္.. လိုက္ပါ ေရ႐ြတ္သည္။
“မင္းသမီး ဟုတ္လား.. ထူးထူးဆန္းဆန္းပဲ..”
ရန္ေလြက ထိုမိန္းကေလးကို လႊတ္လိုက္ၿပီး ဇီအာ အနားသို႔ ေရာက္လာသည္တြင္ ဇီအာ၏ ခါးတြင္ ခ်ိတ္ဆြဲထားေသာ ေရအလုံးေလးမွ ဓားအသြင္သို႔ ကူးေျပာင္းသြားၿပီး.. ဇီအာ၏ လက္အတြင္းဝယ္ ေပၚလာသည္။ ရန္ေလြက အနည္းငယ္ စိုးထိတ္ေသာ ဟန္ပန္ျဖင့္..
“႐ို႕.. ဓားႀကီးနဲ႔ပါလား.. ငါေတာင္ ေၾကာက္သြားတယ္.. ဟား.. ဟား.. ဟား..”
စကားအဆုံးတြင္ေတာ့ ေလွာင္ေျပာင္ ရယ္ေမာပစ္လိုက္ေလသည္။
“မင္းက သိပ္မလွေပမယ့္ သိပ္မဆိုးလွပါဘူး..”
ဒီအေနအထားအတြက္ ဇီအာထံတြင္ သည္းခံႏိုင္ေသာ စိတ္ဆႏၵ သိပ္ၿပီး နည္းပါးလြန္းေလရာ ထြက္ေပၚလာေသာ ဓားျဖင့္ ေဝွ႔ယမ္း ပစ္လိုက္ေလသည္။ ဓားအတြင္းမွ.. အားျပင္းေသာ ေလအ႐ွိန္ႏွင့္ စြမ္းအားက အလႊာလိုက္ ထြက္လာၿပီးေနာက္.. ဆင့္ကဲ ဆင့္ကဲ အလႊာေတြ ျဖစ္ေပၚလာကာ.. အနီးနားတြင္ ႐ွိေသာ ေလဟုန္ကို ခြင္းၿပီးေနာက္.. ထို စြမ္းအား အ႐ွိန္ ထိမိေသာ အရာအားလုံးသည္ ေပါက္ကြဲ ပ်က္စီးသြားေလေတာ့သည္။
ကမန္းကတမ္း ေ႐ွာင္လိုက္ႏိုင္ေသာ.. သူမ်ားသာ.. ထိခိုက္မိျခင္း မ႐ွိပဲႏွင့္ ကို႔ယို႔ ကားယား အေနအထားမ်ားႏွင့္ ေရစီးေၾကာင္းေပၚတြင္ လူးလိုက္ လိမ့္လိုက္ ျဖစ္ေနၾက၏။ တျခားသူမ်ား မေျပာႏွင့္ ဓားကိုင္ထားေသာ ဇီအာပင္ ဒယိမ္းဒယိုင္ ျဖစ္မိသြားသည္။ မီးပင္လယ္ တစ္ေလွ်ာက္တြင္ ႐ွိေသာ ေရခဲတုံး ေရခဲအခဲမ်ားကေတာ့ ၿပိဳက် ကြဲသြားသည္မွာ ဆိုဖြယ္ မ႐ွိေတာ့ေပ။
တုန္ဟီးသြားေသာ.. ေရလိႈင္းတို႔က ဂယက္ထလ်က္ က်န္ေနခဲ့သည္။ ထိုတြင္.. ရန္ေလြက တအံ့တၾသေလသံျဖင့္..
“ေရလႊာဓား.. ဒါက ေရဘုရင္ ေ႐ွာင္လုခ်ီ ပိုင္တာ..”
ရန္ေလြ၏ အသံတို႔ ထစ္အလ်က္ျဖင့္.. ဆက္၍..
“ဒါဆို မင္းက.. ေ႐ွာင္ဇီအာ..”
ဇီအာက ပစ္လွဲက်သြားရာမွ ေခါင္းညိတ္လိုက္ၿပီးမွ..
“ဟုတ္တယ္.. မ်က္လုံးကို ဖြင့္ၿပီး ေသခ်ာၾကည့္ထား.. ငါက ေတာင္ပိုင္း ေရမင္းသမီး ေ႐ွာင္ဇီအာ..”
“ဇီအာ..”
အေနာက္မွ ေရာက္လာေသာသူ ေၾကာင့္ ဇီအာ ခုန္ေပါက္လုမတတ္ ေပ်ာ္သြားမိသည္။
“အစ္ကိုနန္ကုန္း.. ဘယ္လို ေရာက္လာတာလဲ..”
“အစ္ကိုႀကီး..”
ရန္ေလြထံမွလည္း ေခၚသံက ထြက္ေပၚလာသည္။ ရန္ေလြကလည္း လဲက်ေနရာမွ လူးလဲ ထရပ္လိုက္ရင္းျဖင့္.. ရန္နန္ကုန္းကို ရန္ေစာင္ေသာ မ်က္ဝန္းတို႔ျဖင့္ ၾကည့္သည္။ ရန္နန္ကုန္းက ရန္ေလြကို မ႐ွိသကဲ့သို႔ပင္ လ်စ္လ်ဴ ႐ႈလိုက္ၿပီးမွ ဇီအာ အနားသို႔ တိုးလာရင္း..
“႐ုတ္တရက္ အသံၾကားလို႔ ဒီဘက္ကို ေရာက္လာတာ ဘာလဲ အေ႐ွ႕ပင္လယ္ကို အလည္ ေရာက္လာတာလား.. ေဒၚေလးေရာ.. မပါဘူးလား..”
ထုံးစံအတိုင္းပင္ ဇီအာက သူမ ဆံပင္ေလးေတြ လႈပ္ယမ္းသြားတဲ့အထိ ေခါင္းကို ခါယမ္းလိုက္ၿပီးမွ..
“ေမေမမပါဘူး.. ေ႐ွာင္ခြၽီ႕ရယ္ ဇီအာရယ္ပဲ အစ္ကိုႀကီးနဲ႔ ေတြ႕မယ္လို႔လည္း မထင္ထားဘူး.. ေ႐ွာင္ခြၽီ႕က ေရကို စည္းျခားထားတယ္.. ဇီအာ ေျပးသြားလို႔ မရဘူး..”
ထိုအခါမွ ေရစီးေၾကာင္းတြင္ စည္းျခားထားတာကို ရန္နန္ကုန္းက သတိထားမိသြားၿပီး.. လက္ျဖင့္ ေဝွ႔ယမ္းလ်က္.. ေရအတြင္းမွ စည္းတား ဂါထာကို ေျပေပ်ာက္ေစ၏။ ဇီအာက ေအာင္ႏိုင္သူ အျပဳံးျဖင့္ မ်က္ခုံးေလး ပင့္လကာ.. ေ႐ွာင္ခြၽီ႕ကို လွမ္းၾကည့္ေတာ့ ရန္နန္ကုန္းကပါ ေ႐ွာင္ခြၽီ႕အား..
“ေ႐ွာင္ခြၽီ႕ ငါက သူ႕အစ္ကို တစ္ဝမ္းကြဲပါ.. မင္း စိတ္ခ်ပါ ငါ သူ႕ကို ေစာင့္ေ႐ွာက္ႏိုင္ပါတယ္..”
“မင္းသား နန္ကုန္းကို ေ႐ွာင္ခြၽီ႕ အျပစ္မလုပ္ရဲပါဘူး.. ဒါေပမယ့္.. အခုလိုေတာ့ မဟုတ္ေသးပါဘူး မင္းသား.. ေတာင္ပိုင္းေရဘုရင္က .. မင္းသမီးကို ရက္အနည္းငယ္ပဲ ပိုင္ေဒသကို ေစလႊတ္တာပါ.. ၾကားမွာ ရက္ၾကာဖို႔ မမွာၾကားထားပါဘူး..”
ဇီအာက သနားစဖြယ္ မ်က္ႏွာေလးသို႔ ကူးေျပာင္းသြားၿပီး.. ဓားအသြင္မွ ေရအလုံးေလးသို႔ ျပန္လည္ ေျပာင္းလဲ သြားေသာ ေရလႊာဓားကို လက္အတြင္းဝယ္ လွိမ့္ကာ လွိမ့္ကာျဖင့္.. အသံေလးကို တိုးတိုးသဲ့သဲ့ေလးျဖင့္..
“ဟုတ္တယ္.. အစ္ကို နန္ကုန္း.. အေဖက ဇီအာကို ပိုင္ေဒသကို သြားဖို႔ ရက္အနည္းငယ္ပဲ ေစလႊတ္လိုက္တာ.. အစ္ကို နန္ကုန္းနဲ႔ အတူတူ ေဆာ့ခ်င္ေပမယ့္ မျဖစ္ဘူး ထင္ပါတယ္..”
မင္းသမီး၏ ဒီပုံစံကို ေ႐ွာင္ခြၽီ႕ကေတာ့ ရင္းႏွီးစြာ သိႏွင့္ေနၿပီ ျဖစ္သည္။ သို႔ေသာ္ ရန္ဘုရင္၏ သားေတာ္အား ဒါက မင္းသမီး ဟန္ေဆာင္တာပါဟု ေျပာဖို႔ေတာ့ ေ႐ွာင္ခြၽီ႕ မလုပ္ႏိုင္ ျဖစ္ေနမိသည္။ အလြန္အမင္း သနားစဖြယ္ ႐ုပ္ေလးႏွင့္ သူမက ဆိုေတာ့ ရန္နန္ကုန္းက သူမလက္ကို ဆြဲကိုင္လ်က္ျဖင့္..
“ညီမေလး.. အစ္ကို တာဝန္ခံေပးမယ္.. ခမည္းေတာ္ကို မနက္ျဖန္ ေတာင္ပိုင္း ေရနယ္ေျမဆီကို ဇီအာက အေ႐ွ႕ပင္လယ္မွာ အနားယူ ေနပါတယ္လို႔ စာလႊာပို႔ခိုင္းလိုက္မယ္.. အနည္းဆုံးေတာ့ ခမည္းေတာ္က ဆိုရင္ ေဒၚေလးေကာ ဦးေလးေကာ ညီမေလးကို ခြင့္လြတ္မွာပါ..”
“တကယ္လား.. အစ္ကို နန္ကုန္း..”
“ေသခ်ာတာေပါ့..”
အရမ္းေပ်ာ္႐ႊင္ သြားဟန္ျဖင့္ မင္းသမီးက ခုန္ေပါက္ ျမဴထူးေနေတာ့သည္။ ခြင့္လြတ္မွာပါ..၊ ဟုတ္လား.. မင္းသမီးက ခြင့္လြတ္တာ မလြတ္တာကို ဂ႐ုစိုက္မယ္ ထင္လို႔လား.. သူမက.. အခ်ဳပ္အေႏွာင္ေတြက ေျပသြားဖို႔ပဲ ဂ႐ုစိုက္တာ ခြင့္လြတ္တာ မလြတ္တာကို ဂ႐ုစိုက္တာ မဟုတ္ဘူး..၊
စည္းတားထားေသာ ေရစီးေၾကာင္းမွ ကင္းလြတ္သည္ႏွင့္ ဇီအာ.. အေ႐ွ႕မီးပင္လယ္ နန္းေတာ္သို႔ ဦးတည္လ်က္ သြားမိသည္။ မင္းသား ရန္ေလြကေတာ့ ဇီအာကို အေႏွာင့္အယွက္ေလး ဆိုသည့္ အၾကည့္ႏွင့္သာ ၾကည့္ေနသည္။ ရန္နန္ကုန္းကေတာ့ တစ္ဝမ္းကြဲ ညီမေလးမို႔.. ခ်စ္ျမတ္ႏိုးေသာ အရိပ္အေယာင္တို႔ႏွင့္ ျပည့္ေနလ်က္.. အလိုလိုက္လိုေသာ.. မ်က္ဝန္းတို႔က လွ်ံတက္ လာေတာ့မလိုပင္..၊
မင္းသား ရန္နန္ကုန္းအား.. မင္းသမီးကို ႏွစ္တစ္ရာေလာက္ ထိန္းေက်ာင္း ၾကည့္ပါလားဟု ေျပာခ်င္ေနသည္မွာ တံေထြးကို ခဏခဏပင္ မ်ိဳခ်ေနရေတာ့၏။ အေ႐ွ႕ပင္လယ္ ဘုရင္ႏွင့္ ရန္နန္ကုန္းက မင္းသမီးကို မိတ္ဆက္ေပးေတာ့ မီးပင္လယ္ ဘုရင္ ရန္ခ်င့္မွ.. မင္းသမီးအား..
“ေ႐ွာင္ဇီအာ ဆိုတာကို ၾကားဖူးတာ ၾကာပါၿပီ ေတာင္ပိုင္း ေရဘုရင္ရဲ႕ သမီးလည္း ျဖစ္တယ္.. ၿပီးေတာ့ ငါ့သားေတာ္ အႀကီးရဲ႕ တစ္ဝမ္းကြဲ ညီမေလးလည္း ျဖစ္တယ္ ဆိုေတာ့ အေ႐ွ႕ပင္လယ္ကို ႀကိဳက္သေလာက္ အလည္လာလို႔ ရပါတယ္..”
ဇီအာက အက်ႌတြင္ ပါဝင္ေသာ ခါးစည္းႀကိဳးေလးထိပ္တြင္ ေရလႊာဓား အလုံးေလးကို ခ်ိတ္ဆြဲလိုက္ၿပီး လက္ျဖင့္ ေဝွ႔ယမ္းလ်က္ ေဆာ့ေနသည္။ ထိုသို႔ ေဆာ့ေနရင္းျဖင့္..
“ဇီအာ အရင္က ေသမ်ိဳးနယ္ေျမနဲ႔ မိစၧာနယ္ေျမမွာ သြားၿပီး လည္ပတ္ေတာ့ အေ႐ွ႕ပင္လယ္ အေၾကာင္း ၾကားဖူးတယ္.. ဒါေပမယ့္ ခမည္းေတာ္က ခြင့္မျပဳလို႔ ေလ့လာခြင့္ မရခဲ့ဘူး.. အဲဒါ ေမးခြန္း နည္းနည္း ေမးခ်င္တာ ႐ွိတယ္ ေမးလို႔ ရမလား..”
“ေမးပါ..”
ေမးပါ ဆိုေသာ အသံကို ၾကားလိုက္သည္ႏွင့္ ေ႐ွာင္ခြၽီ႕ လက္ေတြပင္ တုန္သြားေတာ့သည္။ ဇီအာ၏ အႏွစ္သက္ရဆုံး အႀကိဳက္ ႏွစ္သက္ဆုံးေသာ နတ္မင္းသည္ က်ိဳးရင္း နတ္ဘုရားမ ျဖစ္သည္။ က်ိဳးရင္း နတ္ဘုရားမႏွင့္ ပတ္သတ္သမွ်အားလုံးကို ေလာဘတႀကီး ေလ့လာတတ္ၿပီး.. က်ိဳးရင္း နတ္ဘုရားမသာ စြမ္းအား အႀကီးမားဆုံး အေခ်ာေမာဆုံး ေနာက္ထပ္.. အမွန္ကန္ဆုံးဟု တစ္ဖက္သတ္ အေတြးေတြ ႀကီးစိုးေနေသာ မင္းသမီး ႏႈတ္မွ ထြက္လာသမွ်ကို ေ႐ွာင္ခြၽီ႕ ခန္႔မွန္း မိၿပီးသား ျဖစ္ေလသည္။
က်ိဳးရင္း နတ္ဘုရားမက မီးပင္လယ္ကို လက္တစ္ဖက္တည္းနဲ႔ ေရခဲျပင္ ျဖစ္သြားျခင္း အေၾကာင္းအား သူမက မီးပင္လယ္ ဘုရင္ ရန္ခ်င့္ ေ႐ွ႕ေမွာက္တြင္ ဝမ္းသာအားရ အမွန္အမွား ေမးျမန္းဖို႔ေတာ့ မသင့္ဘူး မဟုတ္လား..၊
“မင္းသမီး ရက္ေတြ အမ်ားႀကီး လူသားေတြလို ခရီးသြားလာခဲ့တာ မင္းသမီး ပင္ပန္းေနေလာက္ပါၿပီ အနားယူသင့္ပါၿပီ..”
“ငါ မပင္ပန္းေသးဘူး.. ငါအဆင္ေျပတယ္..”
ေ႐ွာင္ခြၽီ႕ မင္းသမီးအား ပုခုံးမွ ဆုပ္ကိုင္လိုက္ၿပီး..
“မင္းသမီး တကယ္ ပင္ပန္းေနပါၿပီ..”
“ငါ ေမးစရာ ႐ွိ..”
“ေနာက္ရက္မွ ေမးလည္း မင္းသား ရန္နန္ကုန္းက ေျဖေပးမွာပါပဲ..”
ရန္နန္ကုန္းကလည္း ေ႐ွာင္ခြၽီ႕အား ေထာက္ခံလိုက္ရင္းျဖင့္..
“ဟုတ္တယ္.. ညီမေလး အရင္ဆုံး အနားယူလိုက္အုံး..”
နားေနေဆာင္ အတြင္းသို႔ ေခၚလာႏိုင္မွ ေ႐ွာင္ခြၽီ႕ သက္ျပင္းခ်လိုက္မိသည္။ ဘယ္ေန႔ ေသမယ္ ဆိုတာ ႀကိဳမေျပာႏိုင္ေသာ္လည္း မင္းသမီးနဲ႔ ပိုနီးေလး ေသေန႔ ပိုနီးသလို ခံစားေနရတာက မသက္မသာေလး မဟုတ္တာေတာ့ ေသခ်ာသည္။
~ဘယ္ဘုရင္ကမ်ား.. ယခင္ ႐ႈံးနိမ့္ခဲ့တဲ့ အေၾကာင္းကို ျပန္ၾကားလိုမွာတဲ့လဲ.. မင္းသမီးဟာ သိပ္ၿပီး.. အေျခအေနကို မၾကည့္တတ္တာ.. က်ိဳးရင္း နတ္ဘုရားမရဲ႕ ေအာင္ျမင္မႈကို ႐ႈံးနိမ့္ဖူးသာ ထံမွာ အေသအခ်ာ ေမးျမန္းလိုေနတာ.. ေ႐ွာင္ခြၽီ႕ အသက္ကို ဘာနဲ႔ ထုတ္ထားရမလဲ လို႔ေတာင္ ေတြးမိေစတယ္~~
××××××××
Paid Group႐ွိပါတယ္ေနာ္
Book တစ္ခုကို ၁၀၀၀က်ပ္ပါ 😊😊။
Kpay, Wave Money, pH bill, နဲ႔ရပါတယ္ေနာ္။
ႏိုင္ငံျခားက စာဖတ္ပရိသတ္မ်ားအတြက္လည္း အဆင္ေျပေျပနဲ႔ဖတ္လို႔ရေအာင္ လုပ္ေပးထားပါတယ္။