Zawgyi
Chapter(119)
အသုံးမကျတဲ့ဟာတွေ
ဇီးပန်းပွင့်ဟာ မီးလောင်သွားတဲ့အချိန်မှာဘဲ ဘာစီကတစ်စုံတစ်ခုကိုခံစားမိတယ်။သူက ဝူရုန်တို့ထွက်သွားတဲ့ဘက်ကို ကြည့်လိုက်ပြီး နောက် သူက အံ့သြသွားတယ်။သူကဒါကိုမယုံကြည်နိုင်ဘူး။
"ချိုးဖြတ်လိုက်တာလား?"
ဘာစီက အင်းဆက်ထိန်းကျောင်းသူဖြစ်ဖြစ် စုန်းတွေဘဲဖြစ်ဖြစ် သူ့ရဲ့ကျိန်စာကို ဘယ်သူကမှ အလွယ်တကူမချိုးဖြတ်နိုင်ဘူးလို့ သူက သူ့ကိုယ်သူယုံကြည်မှု လုံးဝရှိတယ်။ဒါပေမဲ့ အခုက ဒါကိုဘယ်သူက ချိုးဖြတ်လိုက်တာလဲ?ဘယ်သူ့မှာ ဒီလိုစွမ်းရည်ရှိနေတာလဲ?ဝူမိသားစုမှာ စုန်းပညာရှင်တို့ အင်းဆက်ထိန်းကျောင်းသူတို့က ရှိလို့လား?
ဘာစီက ဘယ်လိုဆိုးဝါးတဲ့အပြုအမူတွေကိုမှ မလုပ်ပါဘူး။သူကဒီရက်တွေမှာ ဝူရုန်နဲ့တွေ့ဆုံဖို့ အခွင့်အရေးတွေဖန်တီးပြီး ဝူရုန်နဲ့ရင်းနှီးလာအောင်သာ ကြိုးစားတယ်။
ဘာစီက အချိန်တိုင်းမှာ ဝူရုန်ရဲ့ ရှေ့ကို ပြုံးနေတဲ့ မျက်နှာနဲ့ရောက်ရှိလာတတ်တယ်။ဝူရုန်က ဘာစီက သူ့မိသားစုကို ထိခိုက်အောင်မလုပ်သရွေ့ သူကဂရုစိုက်မှာမဟုတ်ဘူး။
"ငါကြားတာတော့ ဒီနေ့ဝူရှားကကျောင်းလာမှာတဲ့"ဝူရှိက ဝူရုန်ကိုပြောလိုက်တယ်။
ဝူရုန်ရဲ့မျက်ခုံးတွေက မြင့်တက်သွားပြီးပြောလိုက်တယ်"သူက လုံးဝကောင်းသွားပြီလား?သူက တစ်လတရားထိုင်ရမှာ မဟုတ်ဘူးလား?"
"သူက ကောင်းသွားပြီလားတော့ ငါလည်းမသိဘူး။ဒါပေမဲ့ သူ့အဖေက အကြီးအကဲတွေကို သက်ညှာပေးဖို့တောင်းဆိုခဲ့တယ်။သူ့အဖေက ဝူရှားကိုနေ့ခင်းမှာ ကျောင်းတက်ပြီး ညပိုင်းမှာတရားထိုင်ဖို့နဲ့ အချိန်ကိုလည်း တစ်လကနေ သုံးလတိုးလိုက်ဖို့ အကြီးအကဲတွေကို တောင်းဆိုခဲ့တယ်"
"ဘာဘဲဖြစ်ဖြစ် ငါတို့ကသူ့ကိုကြောက်စရာမလိုဘူး။သူက ငါတို့ကိုကျောင်းမှာတော့ ပြသနာရှာရဲမှာ မဟုတ်ဘူး။ဒါပေမဲ့ သူကလက်တုံ့ပြန်တတ်တဲ့သူဖြစ်လို့ ငါတို့ကပိုဂရုစိုက်ရမယ်"ဝူရုန်ကပြောလိုက်တယ်။
"ငါနင့်ကိုကာကွယ်ပေးမယ်"
"မင်းကဝူရှားကိုမှ မနိုင်တာငါ့ကို ဘယ်လိုကာကွယ်မှာလဲ?"
ဝူရုန်ကသူမရဲ့နှာခေါင်းကို ဆွဲလိုက်ပြီးပြုံးလိုက်တယ်။ဒါပေမဲ့ ဝူရုန်ကမကြာခင်မှာဘဲ သူတို့ကိုတစ်စုံတစ်ယောက်က ကြည့်နေတာကိုသတိထားမိသွားတယ်။ဝူရုန်က ကြည့်လိုက်တော့ ဝူရှားနဲ့ဝူရှန်းက သူတို့ကိုမုန်းတီး ဒေါသထွက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။
ဝူရှားက နောက်ဆုံးအချိန် သူတို့ဆုံတုန်းက ဆိုးဝါးတဲ့နာကျင်မှုကို ခံစားခဲ့ရတယ်။ဝူရှားက ဝူရှိကိုနာကျင်အောင်လုပ်ရမယ့်အစား သူကဘဲဆိုးဝါးစွာ ထိခိုက်သွားခဲ့တယ်။သူ့ရဲ့ဂုဏ်ယူရတဲ့နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ မကောင်းဆိုးဝိညာဉ်သည်လည်း ဝူရုန်ရဲ့မှော်လက်နက်ကြောင့် ပြိုကွဲလုနီးပါးဖြစ်ခဲ့တယ်။ဘယ်လိုလုပ်ပြီးသူက ဝူရုန်တို့ကိုမမုန်းတီးဘဲနေမှာလဲ?
ဝူရုန်က ဝူရှန်းတို့ညီအကိုနားကိုသွားလိုက်ပြီး နှုတ်ဆက်စကားပြောလိုက်တယ်"ဝူရှား မင်းကကောင်းသွားပြီလား?"
"ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့။အမြဲတမ်း မင်းကဘဲ အနိုင်ရမှာမဟုတ်ဘူး"ဝူရှားက နှာမှုတ်လိုက်ပြီးဝူရှန်းနဲ့အတူ ထွက်သွားလိုက်တယ်။
ဝူရှိက ဝူရုန်နဲ့ဝူရှားတို့ကြားမှာ ဖြစ်ပျက်ခဲ့သည့် ရေခဲပြင်စီးစွပ်ဖားလှည်းပြိုင်ပွဲအကြောင်းကို ကြားပြီးတာနဲ့ပြောလိုက်တယ်"တကယ့်ကို ကလေးစိတ်ဘဲ။သူ့ကို စိတ်ထဲထားမနေနဲ့"
ရေခဲပြင်စီးစွပ်ဖားလှည်းပြိုင်ပွဲမှာ ရှုံးသွားတာနဲ့ဘဲ သူကဝူရုန်ကို တစ်သက်လုံးမုန်းနေတော့မှာလား?ဒီလိုမျိုးသာ သူက သဘောထားသေးသိမ်တဲ့သူဆိုရင် နောင်ဆိုရင် သူ့ကိုတစ်ယောက်ကမှ စစ်မှန်စွာဆက်ဆံမှာ မဟုတ်ဘူး။
ဝူရုန်က ဘာမှမပြောဘဲ အပြုံးလေးနဲ့ဘဲ ဝူရှားတို့ညီအကိုထွက်သွားတဲ့ဘက်ကိုကြည့်နေလိုက်တယ်။
ဝူရုန်က အတန်းပြီးသွားချိန်မှာတော့ သူကဟေးအိမ်တော်ကိုဘဲ တိုက်ရိုက်ပြန်လာခဲ့တယ်။ရုတ်တရက် ရထားလုံးကဟေးအိမ်တော်သွားတဲ့လမ်းမှာဘဲ ရုတ်တရက်ရပ်သွားပြီး ရထားလုံးမောင်းတဲ့ရှိဂျူကပြောလိုက်တယ်။
"ကြင်ယာတော် ကျွန်တော်ကဝူတနဲ့ဝူရှောင်ကိုတွေ့တယ်"
ဒီအချိန်မှာတော့ ဝူရုန်က ဝူတနဲ့ဝူရှောင်တို့အကြောင်းကိုတောင် မေ့နေဖြစ်တယ်။ဝူရုန်က အပြင်ဘက်က ဆူညံ့သံတွေကြောင့် သတိဝင်လာပြီး လိုက်ကာစကိုမလိုက်ပြီး အပြင်ကိုကြည့်လိုက်တယ်။
စားသောက်ဆိုင်တစ်ဆိုင်၏ဝင်ပေါက်တွင် ဆိုင်ပိုင်ရှင်က ဝူတနဲ့ဝူရှောင်ကို မောင်းထုတ်နေဖြစ်တယ်။
"ထွက်သွားစမ်း။အသုံးမကျတဲ့ကောင်တွေ"ဆိုင်ပိုင်ရှင်သည် တံမြက်စည်းကို ကိုင်ထားပြီးဝူတနဲ့ဝူရှောင်ကို ဝင်ပေါက်ကနေအထဲကို မဝင်နိုင် အောင် တွန်းထုတ်နေတာဖြစ်တယ်။
"ကောင်းပြီလေ။တကယ်လို့ မင်းက ငါတို့ကို ထွက်သွားစေချင်ရင် အခြေအနေတစ်ခုတော့ရှိတယ်။မင်းက ငါတို့ကို ဆယ်ရက်စာ လုပ်အားခပေးရမယ်"ဝူတကဒေါသတကြီးပြောလိုက်တယ်။
သူတို့က ဝူယုစီမှာ ငွေယူထားတာကို ဝူဇူက သူတို့ကို ဖမ်းမိသွားကတည်းက သူတို့က ဝူမိသားစုစီမှာ အလုပ်လုပ်ဖို့ကို မသွားရဲတော့ဘူး။ဒါကြောင့် သူတို့က မိသားစုကို ထောက်ပံ့ဖို့ အပြင်အလုပ်ကို ရှာရတာဖြစ်တယ်။
"ဘယ်လိုလုပ်ပြီး မင်းတို့က လုပ်အားခတောင်းရဲတာလဲ?"ဆိုင်ပိုင်ရှင် က ဒေါသပိုထွက်လာပြီးပြောလိုက်တယ်"မင်းတို့က ဒီမှာဆယ်ရက်အလုပ်လုပ်တဲ့ အချိန်အတွင်းမှာ မင်းတို့က မုန့်ပန်းကန်ပြားတွေ ပန်းကန် လုံးတွေ ဟင်းခွက်တွေကို အကြိမ်ကြိမ်ခွဲပြစ်ခဲ့တယ်။မင်းတို့က အသုံးမကျတဲ့ စားပွဲထိုးဘဲ။မင်းတို့က ဟင်းခွက်တွေကိုခွဲရုံသာမကဘူး ဧည့်သည်တွေကိုလည်း ကောင်းကောင်းမဆက်ဆံဘူး။ငါက မင်းတို့ကိုလျော်ကြေးမတောင်းတာကို မင်းတို့ကကံကောင်းနေပြီ။ဒါပေမဲ့မင်းတို့က လုပ်အားခ လိုချင်သေးတယ်။အရှက်မရှိတဲ့ လူတွေဘဲ"
ဆိုင်ပိုင်ရှင်က ဒေါသတကြီး ဝူတတို့ညီအကိုကို တံမြက်စည်းနဲ့ပစ်ပေါက်လိုက်ပြီး ပြောလိုက်တယ်"ထွက်သွားစမ်း မဟုတ်ရင် ငါကအရာရှိ ကိုခေါ်ပြီး မင်းတို့ကို ငါ့ဆုံးရှုံးမှုအတွက် လျော်ကြေးပေးခိုင်းမယ်"
လျော်ကြေးပေးရမယ်ဆိုတာနဲ့ ဝူတနဲ့ဝူရှောင်တို့က ချက်ချင်းဘဲထွက် ပြေးသွားကြတယ်။
"ဘယ်လိုဟာတွေလဲ?"ဆိုင်ပိုင်ရှင်သည် ဒေါသထွက်စွာပြောလိုက်ပြီး သန့်ရှင်းရေးစလုပ်လိုက်တယ်။
**************************
Chapter(120)
ဝူညီအကိုရဲ့အဆုံးသတ်
ရှိယန်က ဝူရုန်ကိုအသံတိုးတိုးနဲ့ ဝူညီအကိုအကြောင်းကို ပြောပြလိုက်တယ်။
လုရှောင်ယုနဲ့ချန်အာက သူ့တို့ညီအကိုနဲ့ အယောင်ဆောင်လက်ထပ်ပြီးသွားတဲ့ နောက်မှာ သူတို့က ညီအကိုနှစ်ယောက်ရဲ့ ပိုင်ဆိုင်သမျှငွေတွေကို သုံးဖြုန်းအောင် ဆွဲဆောင်ခဲ့တယ်။နောက်ဆုံးမှာ ညီအကိုနှစ်ယောက်ကလည်း အသုံးစရိတ်အတွက် အလုပ်ထွက်ရှာပြီး တစ်ကြိမ်ပြီးတစ်ကြိမ် အလုပ်ကထုတ်ခံရတယ်။အခုတော့ စားပွဲထိုးဝင်လုပ်တာဖြစ်တယ်။
ဝူရုန်ကလှောင်ရယ်လိုက်တယ်။
ဝူတနဲ့ဝူရှောင် ကသူတို့အသက်၁၂နှစ်၁၃နှစ်လောက်ကတည်းကသူ့ကို အလုပ်အကျွေးပြုခဲ့တာဖြစ်တယ်။သူတို့က ဝူဆိုသည့်မိသားစုအမည်ကိုတောင် လက်ခံရရှိထားတာဖြစ်တယ်။သူတို့က ဝူရုန်ကိုအလုပ်အကျွေးပြုရန်က လွှဲပြီး တခြားအလုပ်တွေကို လုပ်စရာမလိုအပ်ခဲ့ဘူး။သူတို့ကို တစ်ယောက်မှ လက်ညှိုးထိုးအပြစ်မတင်ခဲ့ဘူး။သူတို့ကသခင်တစ်ယောက်လို ဆယ်နှစ်ကျော်အောင် နေထိုင်ခဲ့ရတာဖြစ်တယ်။
သူတို့က ဘယ်လိုလုပ်ပြီး စားပွဲထိုးလုပ်ပြီး ဧည့်သည်တွေကို ကောင်းကောင်းဆက်ဆံတတ်မှာလဲ?
"ကြင်ယာတော် ကျွန်တော်တို့သူတို့နောက်ကိုလိုက်မှာလား?"
"မလိုဘူး။သူတို့ရဲ့ကောင်းမွန်တဲ့နေ့ရက်တွေက အဆုံးသတ်သွားပြီ"ဝူရုန်ကပြောလိုက်တယ်။
ရှိဂျူက ရထားလုံးကို မောင်းလိုက်ပြီး သူတို့က ထွက်သွားလိုက်ကြတယ်။
ဝူညီအကိုနှစ်ယောက်က သူတို့ကို ဝူရုန်တို့က ရထားလုံးထဲကနေသူ့ကိုကြည့်နေခဲ့တာကို သတိမပြုမိပါဘူး။
သူတို့ညီအကိုက အပြေးအလွှားအိမ်ပြန်လာခဲ့ကြပြီး အိမ်ပြန်တဲ့လမ်းမှာတော့ အမျိုးသမီးကြီးက သူတို့နဲ့တွေ့ပြီးဆူပူတော့တယ်။
"နင်တို့ရဲ့မိန်းမတွေက အကျင့်ကိုမကောင်းဘူး။ဒီမနက်ငါက သူတို့ကိုနင်တို့ညီလေးရဲ့ သတိုးသမီးလက်ဆောင်ဝယ်ဖို့နဲ့ နင်တို့ညီမအတွက် ခန်းဝင်ပစ္စည်းဝယ်ဖို့ ငွေတောင်းလိုက်တာကို သူတို့က မရှိဘူးလို့ပြောတယ်။ငါ့ရဲ့ထောက်ပံ့ကြေးတောင်းတော့လည်းမရှိဘူးလို့ပြောတယ်။ငါ့ကို ယောက္ခတစ်ယောက်အဖြစ် သူတို့မျက်လုံးထဲမှာမြင်ရဲ့လား?"
ဝူတနဲ့ဝူရှောင်က အလုပ်ပြုတ်လာလို့စိတ်တိုနေတဲ့အချိန်မှာ သူတို့အမေက ငွေလာတောင်းတာကြောင့် သူတို့ကဒေါသထွက်လာတယ်။
သူတို့ညီအကိုက သူတို့ရဲ့ငွေတွေကို သတိုးသမီးတင်တောင်းလက်ဆောင်တွေ, မင်္ဂလာအခမ်းအနားအတွက် ပြီးတော့သူတို့မိန်းမရဲ့လက်ဝတ်ရတနာတွေအတွက် သုံးခဲ့ရတာဖြစ်တယ်။အခုသူတို့လက်ထဲမှာ ဘာမှမရှိတော့ဘူး။သူတို့ရဲ့ အစီအစဉ်က သူတို့က ဝူမိသားစုစီကိုပြန်သွားပြီး အလုပ်လုပ်ခဲ့ရင် ငွေတွေကို အလွယ်တကူပြန်ရလိမ့်မယ်လို့ တွက်ထားတာဖြစ်တယ်။ဒါပေမဲ့ ဝူဇူက သူတို့က ဝူယုထံက လာဘ်ယူထားတယ်ဆိုတာ သိသွားခဲ့တာကြောင့် သူတို့ကိုရိုက်နက်ခဲ့တယ်။သူတို့က ဝူယုထံကေ ငွတွေယူခဲ့တာကို နောင်တရတယ်။တကယ်လို့ အခုချိန်မှာ သူတို့သာ အဲဒီလို မလုပ်ခဲ့ဘူးဆိုရင် သူတို့က အခုချိန်ထိ ဝူမိသားစုမှာအလုပ်ရနေအုန်းမှာဖြစ်ပြီး သက်သောင့်သက်သာရှိတဲ့ ဘဝမှာနေရမှာဖြစ်တယ်။သူတို့က ဝူရုန်ဘေးမှာနေခဲ့တဲ့ရက်တွေကို လွမ်းတယ်။ဒါပေမဲ့ သူတို့က ဟေးအိမ်တော်ထဲကို ဝင်လို့တောင်မရတော့ဘူး။ဒါ့အပြင် ဝူရုန်က ဝိတ်ကျသွားပြီလို့ကြားတာကြောင့် သူတို့ရဲ့အကူအညီကို လိုတော့မှာမဟုတ်ဘူး။
"နင်တို့ ငါပြောတာကို နားထောင်နေရဲ့လား?"မိန်းမကြီးက ဆက်ပြောလိုက်တယ်"နင်တို့က နောက်လကျရင် နင်တို့ညီရဲ့သတိုးသမီးတင်တောင်းလက်ဆောင်နဲ့ နင်တို့ညီမရဲ့ခန်းဝင်ပစ္စည်းအတွက်ငွေပေးရမယ်။အခုတော့ ငါ့ရဲ့ထောက်ပံ့ကြေးကို ပေးတော့။ငါကအစားအစာဝယ် ဖို့ငွေလိုတယ်"
ဒီမိန်းမကြီးက သူရဲ့ရှေ့မှာရှိတဲ့ သူတို့ညီအကိုနှစ်ယောက်ရဲ့ အခြေအနေကို စိတ်မဝင်စားဘူး။သူမက ငွေတွေကိုအလွယ်တကူရတယ်များ ထင်နေတာလား?
"ပြောရအုန်းမယ်။နင်တို့က လက်ထပ်ထားတာ လအနည်းငယ်လောက်ရှိနေပြီ။ဒါကို ဘာလို့ နင်တို့မိန်းမတွေက ကိုယ်ဝန်မရှိသေးတာလဲ?သူတို့ရဲ့ ခန္ဓာကိုယ်က ပြသနာရှိနေတာလား?ဒါဆိုလည်း သမားတော်ရှာပြီး ကုကြည့်။တကယ်လို့ ကုလို့မရရင်လည်း ကိုယ်လုပ်တော်တစ်ယောက်လောက် ရှာတာကောင်းတယ်။ပြီးတော့ သူတို့ကို ယဉ်ကျေးမှုရှိအောင် ဆုံးမထားစမ်း!မဟုတ်ရင်ငါ့ခေါင်းပေါ်ကိုတက်တော့မယ်!အခုတော့ ငွေမြန်မြန်ပေးတော့!!"
မိန်းမကြီးသည် သူတို့နားကိုကပ်လာပြီး သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ငွေရှာဖို့လုပ်လိုက်တယ်။
ဝူတက နောက်ဆုံးမှာတော့ သူ့ရဲ့ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲအော်လိုက်တယ်"မင်းကငွေက လွှဲရင်ကျန်တာကို ဂရုမစိုက်တော့ဘူးလား?"
မိန်းမကြီးသည် ဝူတရဲ့အော်သံကြောင့် ထိတ်လန့်သွားပေမဲ့သူမကချက်ချင်းဘဲ ဒေါသတကြီးပြန်အော်လိုက်တယ်"ငါက နင်တို့ဘဝကောင်းစားဖို့ ငါ့ဘဝတစ်ခုလုံးကိုရင်းခဲ့ရတာ။အခုငါက ငွေနည်းနည်းလေးတောင်းတာကို နင်တို့ကို ပြသနာဖြစ်သွားစေတာလား?ငါကနင်တို့အပေါ်ကို မကောင်းခဲ့လို့လား?အခုငါက နင်တို့ကို ငါ့ရဲ့ထောက်ပံ့ကြေးတောင်းတာကို ငါ့ကိုလာအော်နေတယ်။နင်တို့က အမေထက်မိန်းမကိုဦးစားပေးနေတာမလား?သူတို့က ငါ့ကိုငွေမပေးဖို့ ပြောတာမလား?သူတို့ လုပ်ခိုင်းတာမလား?ငါသိတယ်!နင်တို့ကို အဲဒီမြေခွေးမတွေက မြူဆွဲထားတာဘဲ"
"တော်လောက်ပြီ"ဝူရှောင်က အော်လိုက်ပြီးထွက်သွားလိုက်တယ်။ဝူတကလည်း သူ့နောက်ကိုလိုက်သွားလိုက်တယ်။
မိန်းမကြီးက သူမရဲ့သားတွေက သူမစကားကိုနားမထောင်ဘဲ ထွက်သွားတာကြောင့် မြေကြီေးပ်ါမှာ ထိုင်ချလိုက်ပြီး ကျယ်လောင်စွာငိုကြွေးလိုက်တယ်"ကောင်းပြီလေ!နင်တို့ကငါ့ကိုသေစေချင်ရင် ငါသေပါ့မယ်။ငါက ဘာလို့နင်တို့ကိုမွေးခဲ့ရတာလဲ?နင်တို့ကကျေးဇူးမသိတတ်တဲ့ဟာတွေ..."
ဖြတ်သွားဖြတ်လာတွေနဲ့ အိမ်နီးချင်းတွေက ချက်ချင်းဘဲ ဝိုင်းအုံပြီးကြည့်လာတာကြောင့် ဝူညီအကိုက ဒီမှာဆက်နေဖို့ရာ ရှက်တာကြောင့် ချက်ချင်းဘဲ ထွက်ပြေးသွာကြတယ်။
သူတို့က အိမ်ကိုရောက်လာပြီး အသက်တောင်ကောင်းကောင်းမရှူရသေးခင်မှာဘဲ အိမ်ထဲကနေငိုပြီး အကူအညီတောင်းသံကို ကြားလိုက်ရတယ်။
"ကယ်ကြပါ ကယ်ကြပါ"
သူတို့က အိမ်ထဲကိုပြေးဝင်သွားတော့ လူတစ်ယောက်က ချန်အာရဲ့အပေါ်မှာ ရှိနေပြီးသူမရဲ့အင်္ကျီတွေကို ဆွဲဖြဲနေတာတွေ့လိုက်ရတယ်။
ညီအကိုနှစ်ယောက်လည်း ချက်ချင်းဘဲ အဲဒီလူကိုပြေးထိုးကန်ကျောက်ကြတယ်။
"မရိုက်နဲ့တော့ ဝူတ ဝူရှောင် ငါပါဝမ်တင်း!"ဝမ်တင်းက သူခေါင်းကိုလက်နဲ့ကာလိုက်ပြီး အော်လိုက်တယ်။
"ဝမ်တင်း"ဝူရှောင်က ရပ်လိုက်ပြီးကြည့်လိုက်တော့ သူ့ရဲ့ဝမ်းကွဲဝမ်းတင်းဖြစ်နေတာကို တွေ့လိုက်ရပြီး ဒေါသတကြီး ကန်လိုက်ပြီး"မင်းက ဘယ်လိုလုပ်ပြီး ငါ့မိန်းမကိုထိရဲတာလဲ?ငါမင်းကို သတ်မယ်"
"မဟုတ်ဘူး မင်းတို့မှားနေပြီ"
သူက အမှန်ပြောနေတာဖြစ်တယ်။သူ့ကိုချန်အာက ဖိတ်ခေါ်ခဲ့ပြီး ဆွဲဆောင်ခဲ့တာဖြစ်တယ်။သူကလည်း သူမရဲ့ဆွဲဆောင်မှုမှာ ကျဆုံးသွားပြီးသူမပေါ်ကို ပစ်ဝင်မိတာဖြစ်တယ်။ဒါပေမဲ့ သူက ဘာမှမလုပ်ရသေးခင်မှာဘဲ ဝူတကို့ကပြန်လာခဲ့ပြီး ချန်အာက သူ့ကို အတင်းဖက်ထားပြီး ငိုပြီး အကူအညီတောင်းခဲ့တာဖြစ်တယ်။အဲဒီနောက်မှာတော့ ဝူတို့ညီအကိုက မြင်သွားတာဖြစ်တယ်။
"မင်းကို သူမက ဆွဲဆောင်တယ် ဟုတ်လား?အဓိပ္ပာယ်မရှိလိုက်တာ" ဝူရှောင်က ဒေါသတကြီးကန်ကျောက်လိုက်တယ်။ဝူတက တံခါးပေါက် နားက ပုန်းနေတဲ့ချန်အာကို လှမ်းကြည့်လိုက်ပြီး ဝမ်တင်းကိုကန်လိုက်တယ်။
သူတို့ကညီအကိုနှစ်ယောက်က ဝမ်းတင်းကိုမရေမတွက်နိုက်အောင် ကန်ကျောက်ထိုးကျိတ်ကြပြီး သူတို့ဒေါသထွက်ပေါက်ကို ရှာကြတယ်။
လုရှောက်ယုကလည်း ဆူညံ့သံတွေကြောင့် လာကြည့်ပြီး ညီအကိုနှစ်ယောက်က ကန်ကျောက်နေတာကို တွေ့တော့ သူမနဲ့ချန်အာက အကြည့်ချင်းဆုံလိုက်ပြီးနောက် ကျယ်လောင်စွာအော်လိုက်တယ်။
"ရပ်တော့ ရပ်တော့မလုပ်နဲ့တော့"
ဝမ်တင်းက နောက်ဆုံးမှာတော့ မလှုပ်တော့ဘဲ မြေကြီးပေါ်လဲနေတော့တယ်။
"ဟန်ဆောင်နေတာရပ်လိုက်စမ်း!မင်းဟန်ဆောင်နေလဲ ငါကအလွတ်မပေးဘူး"ဝူရှောင်က ကန်လိုက်ပြီးပြောလိုက်တယ်။
ဝူတင်းကတော့ မြေကြီးပေါ်မှာ လုံးဝမလှုပ်ရှားတော့ဘဲ လဲနေတာကြောင့်ဝူတသည် သူ့ရဲ့နှာခေါင်းမှာစမ်းကြည့်လိုက်တော့ အသက်မရှူတော့တာကြောင့် ထိတ်လန့်စွာ နောက်ဆုတ်သွားပြီးပြောလိုက်တယ်"သေ...သေပြီ"
ဝူရှောင်ရဲ့မျက်နှာက ဖြူဆုတ်သွားပြီး"သေချာရဲ့လား?"
သူကလည်း ဝမ်တင်းရဲ့အသက်ရှူနှုန်းကို စမ်းကြည့်လိုက်တော့ အသက်မရှူတော့တာကြောင့် ခြေထောက်တွေကပျော့ခွေပြီး လဲကျသွားတယ်။
လုရှောင်ယုနဲ့ချန်အာက မျက်လုံးချင်းဆုံလိုက်ပြီး နောက်ကျယ်လောင်စွာ အော်လိုက်ကြတယ်"သေသွားပြီ။ဒီနေရာမှာ တစ်စုံတစ်ယောက်က သေသွားပြီ"
သူတို့ရဲ့အော်သံကြောင့် ညီအကိုနှစ်ယောက်က သတိပြန်ဝင်လာပြီး အော်လိုက်တယ်"တိတ်စမ်း!မင်းတို့ယောကျာ်းကလူသတ်ထားတယ်ဆိုတာ တစ်ကမ္ဘာလုံးကိုသိစေချင်တာလား?"
ချန်အာနဲ့လုရှောင်ရန်က ချက်ချင်းဘဲ အပြင်ကိုပြေးထွက်သွားပြီး အော်လိုက်ကြတယ်။ဝူတတို့က သူတို့ကို တားဖို့နောက်ကလိုက်သွားပေမဲ့မြို့ရဲ့လုံခြုံရေးတွေက ရောက်ရှိလာတယ်။
********
---------------------------------------------------------------------