Zawgyi
အခန္း (၁၆)
ဟုန္႐ြယ္က သူမႏွင့္ အက်ႌအေရာင္တူေသာ အဖြဲ႕အတြင္းသို႔ ေျပးလႊားသြားေတာ့.. ဟူအာလည္း အဖြဲ႕တူညီေသာ သူတို႔ေနာက္မွ ေျပးလိုက္လာရ၏။ ေတာင္ထိပ္တစ္ခုတြင္ လူမ်ားႏွင့္ နတ္မ်ား ေရာေထြးကာ တစ္ခုခုကို ေစာင့္ဆိုင္းေနၾက၏။ ထိုစဥ္ ထိုေတာင္ထိပ္ ေပၚသို႔ ေခ်ာေမြ႕ေသာ မ်က္ႏွာပိုင္႐ွင္ နတ္မင္း တစ္ပါးက သားေမႊးယပ္ေတာင္တစ္ခုႏွင့္ ေစာင္းတစ္ခုကို ကိုင္ထားလ်က္ ေပၚလာသည္။ ထိုနတ္မင္းက ျပဳံး႐ႊင္ေသာ မ်က္ႏွာျဖင့္..
“ငါက အခုမွ ေရာက္လာတာ.. ငါ့ကို ႀကိဳဆိုမယ့္သူေတြ ဒီေလာက္မ်ားမွန္း မသိခဲ့ဘူး..”
“မင္းကို ဘယ္သူက ႀကိဳဆိုလို႔လဲ!!..”
ဟူအာအနားမွ ေ႐ွာင္ေညာင္က ေျပာဆိုလိုက္ျခင္း ျဖစ္သည္။ ဟူအာ မ်က္ႏွာကို ဘယ္နားမွာ ထားရမွန္းပင္ မသိေတာ့ေပ။ ဒီေက်ာင္းမွာ.. ဒီငွက္နဲ႔ ဘယ္လို ႏွစ္ပါးသြားရမလဲ ဆိုတာကို အႀကီးအက်ယ္ ေတြးမိေနစဥ္ အနားသို႔ က်ိဳးလ်န္ နတ္မင္းက ေလွ်ာက္လမ္းလာၿပီး..
“မင္းက ႐ွင္သန္သူ နတ္ပဲ ဘယ္လို ျဖစ္ၿပီးေတာ့ ဒီဝတ္စုံ ဒီပုံစံ ျဖစ္ေနရတာလဲ..”
က်ိဳးလ်န္ နတ္မင္း ေျပာေနတာကို ဟူအာ ေသခ်ာ နားမလည္ေသာ္လည္း.. ေ႐ွာင္ေညာင္က ခပ္တည္တည္ႏွင့္ လက္ကို ခါးတြင္ ေထာက္လိုက္ေသးလ်က္..
“ငါက ဘာပုံစံ ျဖစ္ျဖစ္ မလိုပါဘူး.. ငါေျပာခ်င္တာက ငါ မင္းကို ႀကိဳဆိုဖို႔ လာတာ မဟုတ္ေပမယ့္.. ငါ့သခင္က မင္းကို ႀကိဳဆိုတာ ဆိုေတာ့.. မင္းသူ႕ကို အျပစ္မေပးပါနဲ႔..”
နတ္မင္း တစ္ပါးကို နည္းနည္းမွပင္ ႐ိုေသေလးစားမႈ မ႐ွိေသာ အသုံးအႏႈန္းတို႔ျဖင့္.. ေျပာဆိုေနေသာ ေ႐ွာင္ေညာင္ ဘယ္က လာတာလဲ ဆိုတာကို ဟူအာ သိခ်င္လွသည္။ က်ိဳးလ်န္ နတ္မင္းက.. သူမအား လက္ျဖင့္ တစ္ခ်က္ ေဝွ႔ယမ္းလိုက္သည္။ အလင္းတန္းေလး တစ္ခ်က္ ဝင့္ခနဲ ေတာက္ပသြားၿပီး.. က်ိဳးလ်န္ မ်က္ေမွာင္ကုတ္သြားမိ၏။
“မင္းက မိစၧာကေန က်င့္က်ံမႈေၾကာင့္ နတ္ျဖစ္လာတဲ့သူပဲ.. ၿပီးေတာ့.. စြမ္းအားကလည္း ေက်ာင္းတက္ရေလာက္ေအာင္ မနိမ့္ဘူး.. ေျပာရရင္ သာမန္ ေျမျပင္နတ္ ထက္ေတာ့ စြမ္းအားျမင့္တယ္.. မင္းရဲ႕ပိုင္႐ွင္က ဘယ္သူလဲ..”
“သူ..”
သူမက ဟူအာကို လက္ညိဳးျဖင့္ ထိုးလိုက္ေတာ့ က်ိဳးလ်န္ နတ္မင္း၏ အၾကည့္တို႔က ဟူအာထံ ေရာက္လာသည္။ အငယ္ကစၿပီး မမိတ္ဆက္လို႔ မရေတာ့သည့္ အေျခအေနမို႔ ဟူအာ လက္ႏွစ္ဖက္ကို ေသခ်ာ ဆုပ္လိုက္ၿပီး ဦးၫႊတ္လိုက္ကာ..
“ပိုင္ေဒသ ဒုတိယ ဆက္ခံသူ.. ပိုင္ဟုန္ဟူ..”
က်ိဳးလ်န္ နတ္မင္း၏ မ်က္ႏွာေပၚဝယ္ မယုံႏိုင္ေသာ အေငြ႕အသက္ေတြ ယွက္သိုင္းသြားၿပီး ဟူအာအား ယပ္ေတာင္ျဖင့္ ခတ္ရင္း..
“ပိုင္ဟုန္ဟူ.. ဆိုတာ မင္းလား.. ငါ့ညီမရဲ႕ ေသရည္အိုးေတြကို ခြဲပစ္လိုက္တယ္ ဆိုတာ မင္းလား..”
အဲ့ဒီကံဆိုးျခင္းက မၿပီးေတာ့ဘူးလား..၊ မပတ္သတ္ခ်င္ေတာ့တာကို အခုထိ မၿပီးတာ့တာလား..၊ သို႔ေသာ္ က်ိဳးလ်န္ နတ္မင္းက.. ျပဳံး႐ႊင္စြာ ရယ္ေမာလိုက္ၿပီးမွ.. လက္ကာျပရင္း..
“ကိုယ့္ခန္းမနဲ႔ကိုယ္ ျပန္သြားလို႔ ရပါၿပီ.. မနက္ျဖန္ သင္တန္းအတြက္.. ႀကိဳၿပီး ျပင္ဆင္ၾကတာေပါ့..”
က်ိဳးလ်န္ နတ္မင္းက ဟူအာအနားတြင္ ျဖတ္သြားရင္းျဖင့္.. ရယ္ခ်င္ေနေသာ မ်က္ႏွာထားကို ျပဳလ်က္.. ယပ္ေတာင္ျဖင့္ ကာရင္း..
“မင္းကို ငါ အရမ္း သေဘာက်သြားၿပီး.. မင္းက တကယ္ပဲ တစ္ေလာကလုံးမွာ ႏွစ္ေယာက္မ႐ွိႏိုင္တဲ့ က်ိဳးရင္းရဲ႕ ေသရည္အိုးေတြကို ခြဲပစ္ရဲတဲ့ ပထမဆုံးနတ္ပဲ..”
အဲ့ဒီအတြက္ အက်ိဳးဆက္ကို ေတြးမိတိုင္း အန္ခ်င္သလို ပ်ိဳ႕လာတာမို႔.. ဟူအာ အနီးဆုံး ေရေျမာင္းအတြင္းသို႔ ထိုးအန္လိုက္မိေတာ့၏။
@@@@@@@@@@
ပထမဆုံး စာသင္ခ်ိန္..၊
လူသားေတြႏွင့္ ေရာလ်က္ သင္ၾကားရတာမို႔.. လူသားတို႔၏ စိတ္စြမ္းအားကို အဓိကထားလ်က္.. သင္ၾကားရသည္။ ဒီေန႔တြင္ စိတ္စြမ္းအားမွ မီးေတာက္ဆိုသည့္ ပညာကို သင္ၾကားရာ ဟူအာအတြက္ လြယ္လြန္းေနသည္။ လူသားတခ်ိဳ႕က စုေဝးလ်က္.. မီးေတာက္ရေအာင္ မႏၲာန္မ်ား ႐ြတ္ဆိုေနၾကရာ.. မီးက မေတာက္လာေပ။ ထို႔အတြက္ သူတို႔က ႀကိဳးစားပမ္းစား အဖြဲ႕မ်ား ထပ္ခြဲလ်က္ ေလ့က်င့္ၾက၏။
လူသားေတြ ႐ြတ္ဆိုေသာ မႏၲာန္က နတ္မင္းမ်ား ႐ြတ္လွ်င္ သာမာန္ ထြက္ေပၚလာရမည့္ စြမ္းအားထက္ အဆေပါင္းမ်ားစြာ ထြက္ေပၚလာႏိုင္သျဖင့္ လူသားတို႔၏ မႏၲာန္ကို နတ္ေတြက ဘယ္ေတာ့မွ မ႐ြတ္ဆိုၾကေပ။ သို႔ေသာ္ ဟူအာက ထိုသို႔ မႏၲာန္မေျပာႏွင့္ မ်ိဳးႏြယ္အလို ေျမးေခြးမႏၲာန္မ်ားပင္ အသံမဝင္တာမို႔ ပါးစပ္မွ လိုက္ၿပီး ႐ြတ္ဆိုမိသည္။
သို႔ေသာ္.. လူသားတို႔၏ မႏၲာန္မ်ားက သူ႕အတြက္ ေျမေခြးမႏၲာန္မ်ားလိုပင္ အသုံးမဝင္ေပ။ သူ အႀကိမ္ေရ အမ်ားႀကီး ႐ြတ္ဆိုေသာ္လည္း သူ႕ႏႈတ္ဖ်ားမွ မႏၲာန္က အသက္မဝင္လာေပ။ ေ႐ွာင္ေညာင္ကေတာ့.. သူ႕အနားမွ လူစုစု႐ွိရာသို႔ ခုန္သြားသည္။ ေနာက္ေတာ့ တစ္ခုခု လုပ္ေနၾကတာကို လာေျပာျပသည္။ ေနာက္ေတာ့ ေနာက္ထပ္ တစ္ေနရာသို႔ သြားၿပီး ထိုေနရာမွ အေၾကာင္းကို လာေျပာျပျပန္သည္။
“ေ႐ွာင္ေညာင္.. ၿငိမ္ၿငိမ္ေန..”
ၿငိမ္ၿငိမ္ေန ဆိုေတာ့.. သူမက တိတ္ဆိတ္စြာ သူ႕ေ႐ွ႕တြင္ လာထိုင္ေနသည္။ သူ ႐ြတ္ေနတာကို ၾကားေတာ့ သူမ ေခါင္းေလး ေထာင္လာၿပီး..
“သခင္.. အဲဒါက လူသားေတြရဲ႕ မႏၲာန္ မင္း မ႐ြတ္သင့္ဘူး.. မဟုတ္လား..”
မ်က္ႏွာေသေလးႏွင့္ ေမးလာသည္။ ဟူအာ ဘာမွမေျပာခ်င္သျဖင့္ တိတ္ဆိတ္စြာ ေနလိုက္သည္။ သူမက သူ႕အား ထပ္မံ၍ သတိေပးလာသည္။
“သခင္.. အဲဒါကို မ႐ြတ္သင့္ဘူး.. မိုးႀကိဳးျဖဴပစ္ခံရမွာ..”
ထိုျပစ္ဒဏ္ ဆိုတာအထိေတာ့ ဟူအာ နားမလည္သျဖင့္ ေ႐ွာင္ေညာင္အား ေမးလိုက္ရသည္။
“မိုးႀကိဳးျဖဴ ပစ္ခံရမွာ မဟုတ္လား..”
“ဟုတ္တယ္ေလ.. နတ္စည္းမ်ဥ္းမွာ မလုပ္ရလို႔ တားျမစ္ထားလို႔ ျပဳလုပ္ရင္ မိုးႀကိဳးျဖဴ ပစ္ခံရတယ္.. အခ်က္ေရပဲ ကြာတာ.. သခင္ရဲ႕ ခႏၶာကိုယ္ကို ပက္ၾကားအက္တဲ့ လယ္ကြက္လို ျဖစ္သြားႏိုင္တာ..”
“မင္းက အျပစ္ခံဖူးလို႔လား..”
ေမးလိုက္ေတာ့ သူမက ေခတၱတိတ္ဆိတ္သြားၿပီး ေခါင္းယမ္းသည္။
“ငါ ဘယ္လို သိေနတာလဲေတာင္ ငါမသိဘူး..”
ဟုတ္သားပဲ..၊ သူမကမွ စိတ္မႏွံ႔တာ..၊ ငါဘာလို႔မ်ား သူ႕စကားကို ယုံေနမိတာလဲ မသိဘူး..၊ ဟူအာ.. ထိုလူသားမႏၲာန္ကို ဆက္၍ ေရ႐ြတ္ေနမိသည္။ သူမက ထိုင္ေနရာမွ ထရပ္လိုက္ၿပီး..
“ငါ စမ္းၾကည့္မယ္.. ငါက.. နတ္လို႔ သူတို႔ေတြ ေျပာတယ္.. ၿပီးေတာ့ ငါ့မွာလည္း စြမ္းအားေတြ ႐ွိတယ္ ဆိုေတာ့.. ငါစမ္းၾကည့္မယ္..”
ေျပာၿပီးသည္ႏွင့္ သူမက လူသားေတြ လုပ္သလို လက္ညိဳးႏွင့္ လက္ခလယ္ကို ေထာင္လိုက္ကာ.. ေတာင္အား လက္ညိဳးထိုးလိုက္ၿပီးမွ.. လူသားတို႔၏ မႏၲာန္ကို က်ယ္ေလာင္စြာ ႐ြတ္ဆိုလိုက္၏။ သူမလက္ညိဳးထိုးထားေသာ ေတာင္တစ္ပိုင္းလုံးသည္ ဟုန္းခနဲ မီးထစြဲေလေတာ့သည္။
ဟူအာအပါအဝင္ အားလုံးေသာ စာသင္သားမ်ား သူမအား အလန္႔တၾကားၾကည့္လိုက္စဥ္.. သူမကေတာ့ မ်က္ေတာင္ကို ပုတ္ခတ္ရင္း စဥ္းစားေနသည္။ သို႔ေသာ္ သိပ္မၾကာခင္မွာပဲ.. မိုးက သည္းထန္စြာ ႐ြာသြန္းလာၿပီး.. ကြပ္လပ္တြင္ ရပ္ေနေသာ သူမထံသို႔ ျပင္းထန္ေသာ မိုးႀကိဳးသြားက က်ဆင္းလာ၏။
“ဂ်ိန္း!!..”
ပထမ တစ္ခ်က္တြင္ ေ႐ွာင္ေညာင္တြန္႔ခနဲ ျဖစ္သြားသည္။
“ဂ်ိန္း!!..”
ဒုတိယ တစ္ခ်က္တြင္ သူမက ဒူးေထာက္က်သြား၏။
“ဂ်ိန္း!!..”
တတိယတစ္ခ်က္တြင္ေတာ့ သူမ၏ ပါးစပ္မွ ေသြးမ်ား အန္က်လာသည္။ ဟူအာ မေနႏိုင္ေတာ့ပဲ အေပၚဝတ္ကို ခြၽတ္ကာ မိုးေရေတြ စို႐ြဲေနေသာ သူမထံသို႔ ေျပးလာမိသည္။ သို႔ေသာ္.. စတုတၳတစ္ခ်က္ကလည္း သူမေပၚသို႔.. ဂ်ိန္းခနဲ က်သြားကာ.. သူမကိုယ္ေလး လဲၿပိဳက်သြားေတာ့၏။
ဟူအာ သူမအား ေပြ႕ယူလိုက္ေတာ့.. သူမက ေသြးေတြ က်ေနေသာ ႏႈတ္ခမ္းေလးျဖင့္ သူ႕အား ျပဳံးျပလာသည္။ သို႔ေသာ္ မိုးၿခိမ္းသံက က်ယ္ေလာင္စြာ ထြက္ေပၚလာၿပီး.. သူမ၏ ရင္ဘတ္ေပၚသို႔ ေနာက္ထပ္ တစ္ႀကိမ္ မိုးႀကိဳးပစ္ခြင္းသြား၏။
“ဂ်ိန္း!!..”
သူမ ႏႈတ္ခမ္းမွ ေထြးထုတ္လိုက္ေသာ ေသြးမ်ားက သူ႕မ်က္ႏွာကို စင္ထြက္လာသည္။ သို႔ေသာ္ မိုးတိမ္ေတြက ကင္းစင္သြားကာ.. ေကာင္းကင္က ခ်က္ခ်င္းပင္ လင္းျခင္းသြားေတာ့၏။ သူမက ေသြးေပေနေသာ သြားတို႔ျဖင့္ တစ္ခ်က္ ရယ္ေသးလ်က္..
“သခင္.. လူသားေတြရဲ႕ မႏၲာန္ကို ႐ြတ္ရင္.. မိုးႀကိဳးျဖဴဒဏ္ ငါးခ်က္ ခံရမွာပါ.. သခင္ မ႐ြတ္နဲ႔ေတာ့ေနာ္..”
လက္ကေလး ငါးေခ်ာင္းကို ေထာင္ျပရင္း.. သူမက သူ႕ရင္ခြင္အတြင္းသို႔ မွီက်လာေလေတာ့၏။ အ႐ူးမေလး..၊ ဒါကို သက္ေသျပဖို႔ အတြက္နဲ႔မ်ား..၊
@@@@@@@@@
ေ႐ွာင္ေညာင္က ဘယ္လို နတ္မ်ိဳးမွန္း မသိေတာ္လည္း မိုးႀကိဳးျဖဴဒဏ္ ငါးခ်က္ကို သုံးရက္အတြင္း ထူထူေထာင္ေထာင္ ျဖစ္လာသည္။ သို႔ေသာ္ သူမက မိုးႀကိဳးျဖဴဒဏ္ခံထားရတာကို နည္းနည္းမွ မမွတ္ေသာ နတ္တစ္ပါးသာ ျဖစ္ေလသည္။
သူလည္း ေနာက္ဆုံးေတာ့ လူသားမႏၲာန္ေတြကို မ႐ြတ္ဆိုရန္သာ ဆုံးျဖတ္လိုက္ရသည္။ ဒီအ႐ူးမေလးက ေျပာလို႔ ရတာ မဟုတ္ဘူး.. ေနာက္ထပ္တစ္ႀကိမ္ မိုးႀကိဳးျဖဴဒဏ္ကို ခံဖို႔ လုပ္ရင္ လုပ္ေနအုံးမွာ..၊
တိုက္ခိုက္ေရးႏွင့္ စာေပသင္ၾကားျခင္းမွာ.. ေျမျပင္မွလမ္းကေလး စာသင္ေဆာင္က မနိမ့္က်ေသာ္လည္း.. နတ္စြမ္းအင္ တတ္ေျမာက္မႈတြင္ေတာ့ မ်ားစြာ နိမ့္က်ေလသည္။ ႏွစ္တစ္ႏွစ္၏ အဆုံးသတ္တိုင္းတြင္ ေက်ာင္းသားမ်ားကို စမ္းသပ္ေသာ ၿပိဳင္ပြဲကို က်င္းပေပးသည္။ ထို ၿပိဳင္ပြဲတြင္ ဘာသာရပ္ေလးခုကို ယွဥ္ၿပိဳင္ရ၏။ အကယ္၍ ထိုဘာသာရပ္ေလးခုတြင္.. ေအာင္ျမင္ၿပီး အထက္တန္းက်ေသာ အမွတ္ကို ရ႐ွိပါက ထိုေက်ာင္းသားကို စာသင္ေဆာင္ေျပာင္းေပးသည္။
နတ္သမိုင္း..၊ စြမ္းအားမဲ့ တိုက္ခိုက္ေရး..၊ ဖန္ဆင္းျခင္းအႏုပညာ..၊ ေနာက္ဆုံးတစ္ခုကေတာ့.. နတ္စြမ္းအား အသုံးျပဳျခင္း ျဖစ္သည္။ ဒီတစ္လၿပီးသည္ႏွင့္ အစ္မေတာ္ႏွင့္ အတူတူ လမင္း၏ၾကယ္စင္ ခန္းမေဆာင္သို႔ ေျပာင္းႏိုင္ရန္ သူ ႀကိဳးစားရမည္ဟု ေတြးထားသည္။
လက္အတြင္းဝယ္ ကိုင္ေဆာင္ထားေသာ လြန္ခဲ့ေသာ ႏွစ္တစ္သိန္းက ေမြးဖြားခဲ့သည့္ နတ္မ်ားသမိုင္းတြင္ အေဖပါဝင္ေနတာကို ေတြ႕ရသည္။ စာၾကည့္ေဆာင္ကေန သြားငွားထားေသာ လြန္ခဲ့သည့္ ႏွစ္ႏွစ္သိန္းက နတ္မ်ား သမိုင္းတြင္ေတာ့.. ေ႐ွ႕ဆုံးစာမ်က္ႏွာတြင္.. စိမ့္စမ္းျပာကြၽန္းပိုင္႐ွင္ သူမ၏ မ်က္ႏွာကို ဦးစြာ ေတြ႕ရသည္။ နတ္ေလာက၏ အသက္ဓာတ္ကို ထိန္းႏိုင္သည့္ တစ္ပါးတည္းေသာ နတ္ဘုရားမ..၊ နတ္တို႔၏ စည္းမ်ဥ္းကို မ်က္ႏွာလြဲခြင့္ ႐ွိသည့္ တစ္ပါးတည္းေသာ နတ္..၊ ေကာင္းကင္မင္းႀကီး တလီခ်င္းယြင္၏ ဇနီး ေကာင္းကင္မိဖုရားႀကီး၏ ေမြးစားမိခင္..၊ က်ိဳးမ်ိဳးႏြယ္နတ္တို႔၏ ေနာက္ဆုံးမ်ိဳးဆက္ သုံးပါးတြင္ အငယ္ဆုံးနတ္ဘုရားမ..၊ ေနာင္တစ္ခ်ိန္ ျဖစ္လာမည့္ ေကာင္းကင္မင္းႀကီး အေလာင္းလ်ာ.. ေကာင္းကင္အိမ္ေ႐ွ႕စံ တလီယီမင္၏ ခ်စ္လွစြာေသာ တစ္ဦးတည္းေသာ နတ္မိဖုရား..၊
ထိုအထိ ဖတ္ၿပီးေတာ့ ဟူအာ.. သူတို႔ လင္မယား၏ ပုံရိပ္ေတြကို ေျပးျမင္မိသည္။ ဒီေလာက္ ဂုဏ္ပုဒ္ေတြမ်ားေနတာ.. စာမ်က္ႏွာေတြ အလကားကုန္တာပဲဟုပင္ ေတြးလိုက္မိေသးသည္။ ဆက္ဖတ္ဖို႔ ျပင္လိုက္စဥ္မွာပဲ သူ႕လက္အတြင္းမွ စာအုပ္ကို အနီေရာင္ အရိပ္တစ္ခုက ဆြဲယူသြား၏။ အရင္ရက္တုန္းကမွ စာသင္ေဆာင္မွ အစ္ကိုႀကီး တစ္ဦးက စာသင္သား မဟုတ္လွ်င္ စာသင္သားဝတ္စုံကို ေပးဝတ္လို႔ မရဘူးဟု ဆိုသျဖင့္.. အဝတ္ခ်ဳပ္ေပးေသာ ဌာနတြင္ ေ႐ွာင္ေညာင္အတြက္ ဝတ္စုံနီ သုံးစုံကို သြားၿပီး ဝယ္ယူခဲ့ရသည္။ ယခုေတာ့ သူမက အနီေရာင္ဝတ္စုံ တစ္လႊားလႊားျဖင့္ သူ႕ထံမွ ဆြဲယူသြားေသာ စာအုပ္အား.. အသံ က်ယ္က်ယ္ျဖင့္..
“က်ိဳးရင္း နတ္ဘုရားမ.. ဘာတဲ့.. တလီယီမင္၏ ခ်စ္လွစြာေသာ တစ္ဦးတည္းေသာ နတ္မိဖုရား..၊ အဟား.. ဟား.. ဟား.. ၿပီးေတာ့.. ၿပီးေတာ့.. နတ္စြမ္းအားအသုံးျပဳခြင့္ကို ပိတ္ပင္ႏိုင္သည့္ တစ္ပါးတည္းေသာ နတ္..၊ ငါမယုံဘူး..”
ဟူအာ လက္အတြင္းမွ စာအုပ္ကို ေျမာက္ၿပီး ဖတ္ကာ.. ရယ္ေမာရင္း သူမစိတ္တိုင္းက်.. ေျပာဆိုေနသည့္ ေ႐ွာင္ေညာင္ကို ဟူအာ လိုက္ဖမ္းေတာ့ သူမက ပ်ံတက္ကာ ေျပးသြား၏။ သို႔ေသာ္ အေနာက္မွ လာေနေသာ အျပဳံးမ်က္ႏွာပိုင္႐ွင္ နတ္မင္း က်ိဳးလ်န္ႏွင့္ တိုက္မိေတာ့ သူမလက္အတြင္းမွ စာအုပ္က လြင့္စင္သြား၏။ သူမက က်ိဳးလ်န္ နတ္မင္းအား မေတာင္းပန္သည့္အျပင္ စာအုပ္ကို ျပဴးၿပဲ လိုက္႐ွာၿပီး.. ေတြ႕မွ ကုန္း႐ုန္း ထလာၿပီး.. ဟူအာထံသို႔ ဝမ္းသာအားရျဖင့္..
“သခင္.. စာအုပ္မေပ်ာက္ဘူး.. စာအုပ္..”
က်ိဳးလ်န္ နတ္မင္းက ေ႐ွာင္ေညာင္ကို ေက်ာ္လြန္ၿပီး သူ႕အနားသို႔ ေရာက္လာၿပီးမွ လက္အတြင္းမွ သားေမႊး ယပ္ေတာင္ျဖင့္ ခပ္လိုက္ေသးကာ..
“ေကာင္ေလး.. မင္းရဲ႕ ငွက္ကေလးက ေနသိပ္မေကာင္းဘူး ထင္တယ္..”
ေက်ာင္းအုပ္ႀကီး ေျပာလိုက္တာကို ဟူအာ နားမလည္ပါ။ သို႔ေသာ္..
“ဟူအာ.. ေ႐ွာင္ေညာင္ရဲ႕ ႐ိုင္းျပတဲ့ အျပဳအမူအတြက္ ေတာင္းပန္ပါတယ္..”
“မင္းရဲ႕ ငွက္ကေလးက နတ္သူငယ္ မဟုတ္ဘူး.. ထာဝရနတ္ပဲ.. သူ႕ရဲ႕ စြမ္းအားကလည္း ျပင္းထန္တယ္.. ဒါေပမယ့္ သူက ဘာလို႔ အခုလို.. ျဖစ္ေနရတာလဲ..”
××××××××××
Paid Groupအား ဖုန္းေဘျဖင့္လည္း ဝင္လို႔ရေနပါၿပီ။
Unicode
အခန်း (၁၆)
ဟုန်ရွယ်က သူမနှင့် အင်္ကျီအရောင်တူသော အဖွဲ့အတွင်းသို့ ပြေးလွှားသွားတော့.. ဟူအာလည်း အဖွဲ့တူညီသော သူတို့နောက်မှ ပြေးလိုက်လာရ၏။ တောင်ထိပ်တစ်ခုတွင် လူများနှင့် နတ်များ ရောထွေးကာ တစ်ခုခုကို စောင့်ဆိုင်းနေကြ၏။ ထိုစဉ် ထိုတောင်ထိပ် ပေါ်သို့ ချောမွေ့သော မျက်နှာပိုင်ရှင် နတ်မင်း တစ်ပါးက သားမွှေးယပ်တောင်တစ်ခုနှင့် စောင်းတစ်ခုကို ကိုင်ထားလျက် ပေါ်လာသည်။ ထိုနတ်မင်းက ပြုံးရွှင်သော မျက်နှာဖြင့်..
“ငါက အခုမှ ရောက်လာတာ.. ငါ့ကို ကြိုဆိုမယ့်သူတွေ ဒီလောက်များမှန်း မသိခဲ့ဘူး..”
“မင်းကို ဘယ်သူက ကြိုဆိုလို့လဲ!!..”
ဟူအာအနားမှ ရှောင်ညောင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဟူအာ မျက်နှာကို ဘယ်နားမှာ ထားရမှန်းပင် မသိတော့ပေ။ ဒီကျောင်းမှာ.. ဒီငှက်နဲ့ ဘယ်လို နှစ်ပါးသွားရမလဲ ဆိုတာကို အကြီးအကျယ် တွေးမိနေစဉ် အနားသို့ ကျိုးလျန် နတ်မင်းက လျှောက်လမ်းလာပြီး..
“မင်းက ရှင်သန်သူ နတ်ပဲ ဘယ်လို ဖြစ်ပြီးတော့ ဒီဝတ်စုံ ဒီပုံစံ ဖြစ်နေရတာလဲ..”
ကျိုးလျန် နတ်မင်း ပြောနေတာကို ဟူအာ သေချာ နားမလည်သော်လည်း.. ရှောင်ညောင်က ခပ်တည်တည်နှင့် လက်ကို ခါးတွင် ထောက်လိုက်သေးလျက်..
“ငါက ဘာပုံစံ ဖြစ်ဖြစ် မလိုပါဘူး.. ငါပြောချင်တာက ငါ မင်းကို ကြိုဆိုဖို့ လာတာ မဟုတ်ပေမယ့်.. ငါ့သခင်က မင်းကို ကြိုဆိုတာ ဆိုတော့.. မင်းသူ့ကို အပြစ်မပေးပါနဲ့..”
နတ်မင်း တစ်ပါးကို နည်းနည်းမှပင် ရိုသေလေးစားမှု မရှိသော အသုံးအနှုန်းတို့ဖြင့်.. ပြောဆိုနေသော ရှောင်ညောင် ဘယ်က လာတာလဲ ဆိုတာကို ဟူအာ သိချင်လှသည်။ ကျိုးလျန် နတ်မင်းက.. သူမအား လက်ဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်သည်။ အလင်းတန်းလေး တစ်ချက် ဝင့်ခနဲ တောက်ပသွားပြီး.. ကျိုးလျန် မျက်မှောင်ကုတ်သွားမိ၏။
“မင်းက မိစ္ဆာကနေ ကျင့်ကျံမှုကြောင့် နတ်ဖြစ်လာတဲ့သူပဲ.. ပြီးတော့.. စွမ်းအားကလည်း ကျောင်းတက်ရလောက်အောင် မနိမ့်ဘူး.. ပြောရရင် သာမန် မြေပြင်နတ် ထက်တော့ စွမ်းအားမြင့်တယ်.. မင်းရဲ့ပိုင်ရှင်က ဘယ်သူလဲ..”
“သူ..”
သူမက ဟူအာကို လက်ညိုးဖြင့် ထိုးလိုက်တော့ ကျိုးလျန် နတ်မင်း၏ အကြည့်တို့က ဟူအာထံ ရောက်လာသည်။ အငယ်ကစပြီး မမိတ်ဆက်လို့ မရတော့သည့် အခြေအနေမို့ ဟူအာ လက်နှစ်ဖက်ကို သေချာ ဆုပ်လိုက်ပြီး ဦးညွှတ်လိုက်ကာ..
“ပိုင်ဒေသ ဒုတိယ ဆက်ခံသူ.. ပိုင်ဟုန်ဟူ..”
ကျိုးလျန် နတ်မင်း၏ မျက်နှာပေါ်ဝယ် မယုံနိုင်သော အငွေ့အသက်တွေ ယှက်သိုင်းသွားပြီး ဟူအာအား ယပ်တောင်ဖြင့် ခတ်ရင်း..
“ပိုင်ဟုန်ဟူ.. ဆိုတာ မင်းလား.. ငါ့ညီမရဲ့ သေရည်အိုးတွေကို ခွဲပစ်လိုက်တယ် ဆိုတာ မင်းလား..”
အဲ့ဒီကံဆိုးခြင်းက မပြီးတော့ဘူးလား..၊ မပတ်သတ်ချင်တော့တာကို အခုထိ မပြီးတာ့တာလား..၊ သို့သော် ကျိုးလျန် နတ်မင်းက.. ပြုံးရွှင်စွာ ရယ်မောလိုက်ပြီးမှ.. လက်ကာပြရင်း..
“ကိုယ့်ခန်းမနဲ့ကိုယ် ပြန်သွားလို့ ရပါပြီ.. မနက်ဖြန် သင်တန်းအတွက်.. ကြိုပြီး ပြင်ဆင်ကြတာပေါ့..”
ကျိုးလျန် နတ်မင်းက ဟူအာအနားတွင် ဖြတ်သွားရင်းဖြင့်.. ရယ်ချင်နေသော မျက်နှာထားကို ပြုလျက်.. ယပ်တောင်ဖြင့် ကာရင်း..
“မင်းကို ငါ အရမ်း သဘောကျသွားပြီး.. မင်းက တကယ်ပဲ တစ်လောကလုံးမှာ နှစ်ယောက်မရှိနိုင်တဲ့ ကျိုးရင်းရဲ့ သေရည်အိုးတွေကို ခွဲပစ်ရဲတဲ့ ပထမဆုံးနတ်ပဲ..”
အဲ့ဒီအတွက် အကျိုးဆက်ကို တွေးမိတိုင်း အန်ချင်သလို ပျို့လာတာမို့.. ဟူအာ အနီးဆုံး ရေမြောင်းအတွင်းသို့ ထိုးအန်လိုက်မိတော့၏။
@@@@@@@@@@
ပထမဆုံး စာသင်ချိန်..၊
လူသားတွေနှင့် ရောလျက် သင်ကြားရတာမို့.. လူသားတို့၏ စိတ်စွမ်းအားကို အဓိကထားလျက်.. သင်ကြားရသည်။ ဒီနေ့တွင် စိတ်စွမ်းအားမှ မီးတောက်ဆိုသည့် ပညာကို သင်ကြားရာ ဟူအာအတွက် လွယ်လွန်းနေသည်။ လူသားတချို့က စုဝေးလျက်.. မီးတောက်ရအောင် မန္တာန်များ ရွတ်ဆိုနေကြရာ.. မီးက မတောက်လာပေ။ ထို့အတွက် သူတို့က ကြိုးစားပမ်းစား အဖွဲ့များ ထပ်ခွဲလျက် လေ့ကျင့်ကြ၏။
လူသားတွေ ရွတ်ဆိုသော မန္တာန်က နတ်မင်းများ ရွတ်လျှင် သာမာန် ထွက်ပေါ်လာရမည့် စွမ်းအားထက် အဆပေါင်းများစွာ ထွက်ပေါ်လာနိုင်သဖြင့် လူသားတို့၏ မန္တာန်ကို နတ်တွေက ဘယ်တော့မှ မရွတ်ဆိုကြပေ။ သို့သော် ဟူအာက ထိုသို့ မန္တာန်မပြောနှင့် မျိုးနွယ်အလို မြေးခွေးမန္တာန်များပင် အသံမဝင်တာမို့ ပါးစပ်မှ လိုက်ပြီး ရွတ်ဆိုမိသည်။
သို့သော်.. လူသားတို့၏ မန္တာန်များက သူ့အတွက် မြေခွေးမန္တာန်များလိုပင် အသုံးမဝင်ပေ။ သူ အကြိမ်ရေ အများကြီး ရွတ်ဆိုသော်လည်း သူ့နှုတ်ဖျားမှ မန္တာန်က အသက်မဝင်လာပေ။ ရှောင်ညောင်ကတော့.. သူ့အနားမှ လူစုစုရှိရာသို့ ခုန်သွားသည်။ နောက်တော့ တစ်ခုခု လုပ်နေကြတာကို လာပြောပြသည်။ နောက်တော့ နောက်ထပ် တစ်နေရာသို့ သွားပြီး ထိုနေရာမှ အကြောင်းကို လာပြောပြပြန်သည်။
“ရှောင်ညောင်.. ငြိမ်ငြိမ်နေ..”
ငြိမ်ငြိမ်နေ ဆိုတော့.. သူမက တိတ်ဆိတ်စွာ သူ့ရှေ့တွင် လာထိုင်နေသည်။ သူ ရွတ်နေတာကို ကြားတော့ သူမ ခေါင်းလေး ထောင်လာပြီး..
“သခင်.. အဲဒါက လူသားတွေရဲ့ မန္တာန် မင်း မရွတ်သင့်ဘူး.. မဟုတ်လား..”
မျက်နှာသေလေးနှင့် မေးလာသည်။ ဟူအာ ဘာမှမပြောချင်သဖြင့် တိတ်ဆိတ်စွာ နေလိုက်သည်။ သူမက သူ့အား ထပ်မံ၍ သတိပေးလာသည်။
“သခင်.. အဲဒါကို မရွတ်သင့်ဘူး.. မိုးကြိုးဖြူပစ်ခံရမှာ..”
ထိုပြစ်ဒဏ် ဆိုတာအထိတော့ ဟူအာ နားမလည်သဖြင့် ရှောင်ညောင်အား မေးလိုက်ရသည်။
“မိုးကြိုးဖြူ ပစ်ခံရမှာ မဟုတ်လား..”
“ဟုတ်တယ်လေ.. နတ်စည်းမျဉ်းမှာ မလုပ်ရလို့ တားမြစ်ထားလို့ ပြုလုပ်ရင် မိုးကြိုးဖြူ ပစ်ခံရတယ်.. အချက်ရေပဲ ကွာတာ.. သခင်ရဲ့ ခန္ဓာကိုယ်ကို ပက်ကြားအက်တဲ့ လယ်ကွက်လို ဖြစ်သွားနိုင်တာ..”
“မင်းက အပြစ်ခံဖူးလို့လား..”
မေးလိုက်တော့ သူမက ခေတ္တတိတ်ဆိတ်သွားပြီး ခေါင်းယမ်းသည်။
“ငါ ဘယ်လို သိနေတာလဲတောင် ငါမသိဘူး..”
ဟုတ်သားပဲ..၊ သူမကမှ စိတ်မနှံ့တာ..၊ ငါဘာလို့များ သူ့စကားကို ယုံနေမိတာလဲ မသိဘူး..၊ ဟူအာ.. ထိုလူသားမန္တာန်ကို ဆက်၍ ရေရွတ်နေမိသည်။ သူမက ထိုင်နေရာမှ ထရပ်လိုက်ပြီး..
“ငါ စမ်းကြည့်မယ်.. ငါက.. နတ်လို့ သူတို့တွေ ပြောတယ်.. ပြီးတော့ ငါ့မှာလည်း စွမ်းအားတွေ ရှိတယ် ဆိုတော့.. ငါစမ်းကြည့်မယ်..”
ပြောပြီးသည်နှင့် သူမက လူသားတွေ လုပ်သလို လက်ညိုးနှင့် လက်ခလယ်ကို ထောင်လိုက်ကာ.. တောင်အား လက်ညိုးထိုးလိုက်ပြီးမှ.. လူသားတို့၏ မန္တာန်ကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။ သူမလက်ညိုးထိုးထားသော တောင်တစ်ပိုင်းလုံးသည် ဟုန်းခနဲ မီးထစွဲလေတော့သည်။
ဟူအာအပါအဝင် အားလုံးသော စာသင်သားများ သူမအား အလန့်တကြားကြည့်လိုက်စဉ်.. သူမကတော့ မျက်တောင်ကို ပုတ်ခတ်ရင်း စဉ်းစားနေသည်။ သို့သော် သိပ်မကြာခင်မှာပဲ.. မိုးက သည်းထန်စွာ ရွာသွန်းလာပြီး.. ကွပ်လပ်တွင် ရပ်နေသော သူမထံသို့ ပြင်းထန်သော မိုးကြိုးသွားက ကျဆင်းလာ၏။
“ဂျိန်း!!..”
ပထမ တစ်ချက်တွင် ရှောင်ညောင်တွန့်ခနဲ ဖြစ်သွားသည်။
“ဂျိန်း!!..”
ဒုတိယ တစ်ချက်တွင် သူမက ဒူးထောက်ကျသွား၏။
“ဂျိန်း!!..”
တတိယတစ်ချက်တွင်တော့ သူမ၏ ပါးစပ်မှ သွေးများ အန်ကျလာသည်။ ဟူအာ မနေနိုင်တော့ပဲ အပေါ်ဝတ်ကို ချွတ်ကာ မိုးရေတွေ စိုရွဲနေသော သူမထံသို့ ပြေးလာမိသည်။ သို့သော်.. စတုတ္ထတစ်ချက်ကလည်း သူမပေါ်သို့.. ဂျိန်းခနဲ ကျသွားကာ.. သူမကိုယ်လေး လဲပြိုကျသွားတော့၏။
ဟူအာ သူမအား ပွေ့ယူလိုက်တော့.. သူမက သွေးတွေ ကျနေသော နှုတ်ခမ်းလေးဖြင့် သူ့အား ပြုံးပြလာသည်။ သို့သော် မိုးခြိမ်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး.. သူမ၏ ရင်ဘတ်ပေါ်သို့ နောက်ထပ် တစ်ကြိမ် မိုးကြိုးပစ်ခွင်းသွား၏။
“ဂျိန်း!!..”
သူမ နှုတ်ခမ်းမှ ထွေးထုတ်လိုက်သော သွေးများက သူ့မျက်နှာကို စင်ထွက်လာသည်။ သို့သော် မိုးတိမ်တွေက ကင်းစင်သွားကာ.. ကောင်းကင်က ချက်ချင်းပင် လင်းခြင်းသွားတော့၏။ သူမက သွေးပေနေသော သွားတို့ဖြင့် တစ်ချက် ရယ်သေးလျက်..
“သခင်.. လူသားတွေရဲ့ မန္တာန်ကို ရွတ်ရင်.. မိုးကြိုးဖြူဒဏ် ငါးချက် ခံရမှာပါ.. သခင် မရွတ်နဲ့တော့နော်..”
လက်ကလေး ငါးချောင်းကို ထောင်ပြရင်း.. သူမက သူ့ရင်ခွင်အတွင်းသို့ မှီကျလာလေတော့၏။ အရူးမလေး..၊ ဒါကို သက်သေပြဖို့ အတွက်နဲ့များ..၊
@@@@@@@@@
ရှောင်ညောင်က ဘယ်လို နတ်မျိုးမှန်း မသိတော်လည်း မိုးကြိုးဖြူဒဏ် ငါးချက်ကို သုံးရက်အတွင်း ထူထူထောင်ထောင် ဖြစ်လာသည်။ သို့သော် သူမက မိုးကြိုးဖြူဒဏ်ခံထားရတာကို နည်းနည်းမှ မမှတ်သော နတ်တစ်ပါးသာ ဖြစ်လေသည်။
သူလည်း နောက်ဆုံးတော့ လူသားမန္တာန်တွေကို မရွတ်ဆိုရန်သာ ဆုံးဖြတ်လိုက်ရသည်။ ဒီအရူးမလေးက ပြောလို့ ရတာ မဟုတ်ဘူး.. နောက်ထပ်တစ်ကြိမ် မိုးကြိုးဖြူဒဏ်ကို ခံဖို့ လုပ်ရင် လုပ်နေအုံးမှာ..၊
တိုက်ခိုက်ရေးနှင့် စာပေသင်ကြားခြင်းမှာ.. မြေပြင်မှလမ်းကလေး စာသင်ဆောင်က မနိမ့်ကျသော်လည်း.. နတ်စွမ်းအင် တတ်မြောက်မှုတွင်တော့ များစွာ နိမ့်ကျလေသည်။ နှစ်တစ်နှစ်၏ အဆုံးသတ်တိုင်းတွင် ကျောင်းသားများကို စမ်းသပ်သော ပြိုင်ပွဲကို ကျင်းပပေးသည်။ ထို ပြိုင်ပွဲတွင် ဘာသာရပ်လေးခုကို ယှဉ်ပြိုင်ရ၏။ အကယ်၍ ထိုဘာသာရပ်လေးခုတွင်.. အောင်မြင်ပြီး အထက်တန်းကျသော အမှတ်ကို ရရှိပါက ထိုကျောင်းသားကို စာသင်ဆောင်ပြောင်းပေးသည်။
နတ်သမိုင်း..၊ စွမ်းအားမဲ့ တိုက်ခိုက်ရေး..၊ ဖန်ဆင်းခြင်းအနုပညာ..၊ နောက်ဆုံးတစ်ခုကတော့.. နတ်စွမ်းအား အသုံးပြုခြင်း ဖြစ်သည်။ ဒီတစ်လပြီးသည်နှင့် အစ်မတော်နှင့် အတူတူ လမင်း၏ကြယ်စင် ခန်းမဆောင်သို့ ပြောင်းနိုင်ရန် သူ ကြိုးစားရမည်ဟု တွေးထားသည်။
လက်အတွင်းဝယ် ကိုင်ဆောင်ထားသော လွန်ခဲ့သော နှစ်တစ်သိန်းက မွေးဖွားခဲ့သည့် နတ်များသမိုင်းတွင် အဖေပါဝင်နေတာကို တွေ့ရသည်။ စာကြည့်ဆောင်ကနေ သွားငှားထားသော လွန်ခဲ့သည့် နှစ်နှစ်သိန်းက နတ်များ သမိုင်းတွင်တော့.. ရှေ့ဆုံးစာမျက်နှာတွင်.. စိမ့်စမ်းပြာကျွန်းပိုင်ရှင် သူမ၏ မျက်နှာကို ဦးစွာ တွေ့ရသည်။ နတ်လောက၏ အသက်ဓာတ်ကို ထိန်းနိုင်သည့် တစ်ပါးတည်းသော နတ်ဘုရားမ..၊ နတ်တို့၏ စည်းမျဉ်းကို မျက်နှာလွဲခွင့် ရှိသည့် တစ်ပါးတည်းသော နတ်..၊ ကောင်းကင်မင်းကြီး တလီချင်းယွင်၏ ဇနီး ကောင်းကင်မိဖုရားကြီး၏ မွေးစားမိခင်..၊ ကျိုးမျိုးနွယ်နတ်တို့၏ နောက်ဆုံးမျိုးဆက် သုံးပါးတွင် အငယ်ဆုံးနတ်ဘုရားမ..၊ နောင်တစ်ချိန် ဖြစ်လာမည့် ကောင်းကင်မင်းကြီး အလောင်းလျာ.. ကောင်းကင်အိမ်ရှေ့စံ တလီယီမင်၏ ချစ်လှစွာသော တစ်ဦးတည်းသော နတ်မိဖုရား..၊
ထိုအထိ ဖတ်ပြီးတော့ ဟူအာ.. သူတို့ လင်မယား၏ ပုံရိပ်တွေကို ပြေးမြင်မိသည်။ ဒီလောက် ဂုဏ်ပုဒ်တွေများနေတာ.. စာမျက်နှာတွေ အလကားကုန်တာပဲဟုပင် တွေးလိုက်မိသေးသည်။ ဆက်ဖတ်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့လက်အတွင်းမှ စာအုပ်ကို အနီရောင် အရိပ်တစ်ခုက ဆွဲယူသွား၏။ အရင်ရက်တုန်းကမှ စာသင်ဆောင်မှ အစ်ကိုကြီး တစ်ဦးက စာသင်သား မဟုတ်လျှင် စာသင်သားဝတ်စုံကို ပေးဝတ်လို့ မရဘူးဟု ဆိုသဖြင့်.. အဝတ်ချုပ်ပေးသော ဌာနတွင် ရှောင်ညောင်အတွက် ဝတ်စုံနီ သုံးစုံကို သွားပြီး ဝယ်ယူခဲ့ရသည်။ ယခုတော့ သူမက အနီရောင်ဝတ်စုံ တစ်လွှားလွှားဖြင့် သူ့ထံမှ ဆွဲယူသွားသော စာအုပ်အား.. အသံ ကျယ်ကျယ်ဖြင့်..
“ကျိုးရင်း နတ်ဘုရားမ.. ဘာတဲ့.. တလီယီမင်၏ ချစ်လှစွာသော တစ်ဦးတည်းသော နတ်မိဖုရား..၊ အဟား.. ဟား.. ဟား.. ပြီးတော့.. ပြီးတော့.. နတ်စွမ်းအားအသုံးပြုခွင့်ကို ပိတ်ပင်နိုင်သည့် တစ်ပါးတည်းသော နတ်..၊ ငါမယုံဘူး..”
ဟူအာ လက်အတွင်းမှ စာအုပ်ကို မြောက်ပြီး ဖတ်ကာ.. ရယ်မောရင်း သူမစိတ်တိုင်းကျ.. ပြောဆိုနေသည့် ရှောင်ညောင်ကို ဟူအာ လိုက်ဖမ်းတော့ သူမက ပျံတက်ကာ ပြေးသွား၏။ သို့သော် အနောက်မှ လာနေသော အပြုံးမျက်နှာပိုင်ရှင် နတ်မင်း ကျိုးလျန်နှင့် တိုက်မိတော့ သူမလက်အတွင်းမှ စာအုပ်က လွင့်စင်သွား၏။ သူမက ကျိုးလျန် နတ်မင်းအား မတောင်းပန်သည့်အပြင် စာအုပ်ကို ပြူးပြဲ လိုက်ရှာပြီး.. တွေ့မှ ကုန်းရုန်း ထလာပြီး.. ဟူအာထံသို့ ဝမ်းသာအားရဖြင့်..
“သခင်.. စာအုပ်မပျောက်ဘူး.. စာအုပ်..”
ကျိုးလျန် နတ်မင်းက ရှောင်ညောင်ကို ကျော်လွန်ပြီး သူ့အနားသို့ ရောက်လာပြီးမှ လက်အတွင်းမှ သားမွှေး ယပ်တောင်ဖြင့် ခပ်လိုက်သေးကာ..
“ကောင်လေး.. မင်းရဲ့ ငှက်ကလေးက နေသိပ်မကောင်းဘူး ထင်တယ်..”
ကျောင်းအုပ်ကြီး ပြောလိုက်တာကို ဟူအာ နားမလည်ပါ။ သို့သော်..
“ဟူအာ.. ရှောင်ညောင်ရဲ့ ရိုင်းပြတဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်..”
“မင်းရဲ့ ငှက်ကလေးက နတ်သူငယ် မဟုတ်ဘူး.. ထာဝရနတ်ပဲ.. သူ့ရဲ့ စွမ်းအားကလည်း ပြင်းထန်တယ်.. ဒါပေမယ့် သူက ဘာလို့ အခုလို.. ဖြစ်နေရတာလဲ..”
××××××××××
Paid Groupအား ဖုန်းဘေဖြင့်လည်း ဝင်လို့ရနေပါပြီ။