Chapter(103)ဝူဇူလေ့ကျင့်ရေးခရီးထွက်ခြင်း
စူချင်ခြံဝင်းရှိခန်းမထဲမှာတော့ ဝူချွင်ချင်သည် ဝူဇူကို သူရဲ့လေ့ကျင့်ရေးအတွေ့အကြုံအကြောင်းကို ပြောပြနေတယ်။ဂေါင်တုန်သည် ဝူဇူက ခရီးထွက်သည့်အချိန်မှာ ပစ္စည်းတွေမကျန်ရလေအောင် ဝူဇူ၏အထုပ်အပိုးကို စစ်ဆေးပေးနေတယ်။တကယ်လို့ သူမကို သေချာကြည့်လိုက်မယ်ဆိုရင် သူအက မျက်ရည်တွေဝိုင်းနေတာကို တွေ့နိုင်တယ်။ဝူရှိက ဝူဇူကို ဖက်ပြီးငိုနေတယ်။
"အဖေ အမေ အကိုကြီး ရှိအာ ကျွန်တော်တို့ရောက်ပြီ"ဝူရုန်သည် ခန်းမထဲကို ဝင်လိုက်တာနဲ့ အော်ပြောလိုက်တယ်။
"မင်းတို့ရောက်လာပြီ"
ဝူချွင်ချင်က ပြောလိုက်ပြီးနောက် သက်ပြင်းချလိုက်တယ်။တကယ်လို့ သူက သူ့ရဲ့ဒုတိယအကိုဝူချွင်လီနှင့်သူ့မိသားစုက ဝူဇူကို အန္တရာယ်ပေးမှာကို စိုးရိမ်စရာမလိုဘူးဆိုရင် သူက ဝူဇူကို မကောင်းဆိုးဝါးဆာလောင်ခြင်းပွဲတော်ပြီးပြီးချင်း လေ့ကျင့်ရေးခရီးထွက်ခိုင်းမှာ မဟုတ်ဘူး။
ဝူရုန်သည် ရှိယန်ကို ဝူဇူအတွက် ရွေးချယ်ပေးထားသည့်မှော်လက်နက်တွေကို ပေးဖို့ပြောလိုက်တယ်။
"အကိုကြီး ဒါတွေအားလုံးက မှော်လက်နက်တွေဘဲ။ဒါတွေနဲ့ အကိုကြီးရဲ့လုံခြုံရေးကို ဂရုစိုက်ပါ"
သနားစရာကောင်းတာက သူ့အကိုကြီးမီာ သူ့လိုအရိပ်သိုလှောင်ရာနေရာမရှိတာဘဲ။မဟုတ်ရင် ဒါတွေကို အိတ်ထဲထည့်ပြီးယူစရာလိုမှာမဟုတ်ဘူး။
ဝူဇူသည် ဝူရုန်နားကို ကပ်လာပြီး ပခုံးပုတ်လိုက်ပြီး တိုက်ရိုက်ပြောလိုက်တယ်"ကျေးဇူးပြုပြီး ငါတို့ရဲ့မိဘတွေနဲ့ဒီမိသားစုကို ဂရုစိုက်ပါ"
ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီးပြောလိုက်တယ်"ကျွန်တော်ရှိနေတာဘဲ။အကိုကြီးက ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ပါ။လူတွေကို အလွယ်တကူ မယုံကြည်လိုက်နဲ့။သူတို့က ဝူမိသားစုကဆိုရင်တောင် မယုံကြည်ပါနဲ့"
ဝူယု၏အကြောင်းပေါ်သွားကတည်းက ဝူဇူသည် ဘယ်သူ့ကိုမှ အလွယ်တကူယုံကြည်တော့မှာမဟုတ်ဘူး။
ဟေးရွမ်ရီက ဆေးပုလင်းတစ်ချို့ကိုထုတ်ယူလိုက်ပြီး ဝူဇူကို ပေးလိုက်တယ်။
"ကျေးဇူးဘဲ ရွမ်ရီ ကျေးဇူးပြုပြီး ရှောင်ရုန်ကို ဂရုစိုက်ပေးပါ"ဝူဇူသည် ဟေးရွမ်ရီကို ပြောလိုက်ပြီး ဝူဇူသည် လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် ထွက်သွားဖို့ပြင်လိုက်တယ်။
ဝူချွင်ချင်သည် ဝူဇူကို တားလိုက်ပြီး ပြောလိုက်တယ်"ဇူအာ အထုတ်အပိုးတွေယူပြီး င့်နောက်လိုက်ခဲ့"
ဝူဇူသည် စိတ်ရှုပ်သွားပေမဲ့ ဝူချွင်ချင်နောက်ကိုလိုက်ပြီး ခန်းမအတွင်းကို ဝင်သွားလိုက်တယ်။
အခြားသူတွေကလည်း စိတ်ရှုပ်သွားတယ်။မကြာခင်မှာတော့ ဝူချွင်ချင်တစ်ယောက်ထဲကသာ ပြန်လာခဲ့တယ်။
"ဇူအာ ဘယ်မှာလဲ?"ဂေါင်တုန်က ကျယ်လောင်စွာအော်ပြီးမေးလိုက်တယ်။
"ငါက သူ့ကိုလျှို့ဝှက်လမ်းကနေ သွားခိုင်းလိုက်တယ်"ဝူချွင်ချင်က ရှင်းပြလိုက်တယ်။
လူတိုင်းက ဝူချွင်ချင်ပြောတာကိုကြားတော့ ပိုပြီးတော့ စိတ်ရှုပ်သွားတယ်။
"ဝူယုရဲ့ကိစ္စကြောင့် ငါ့မရီးကဝူဇူကို ဒုက္ခပေးဖို့ကြံစည်နေတယ်။ဒါပေမဲ့ ဇူအာက စူချင်ခြံဝင်းထဲမှာဘဲ နေတာကြောင့် သူအက ဘယ်တော့မှ အခွင့်အရေးမရခဲ့ဘူး။ဒါကြောင့် ဒီနေ့ဝူဇူက လေ့ကျင့်ရေးခရီးထွက်မှာဆိုတော့ သူမအတွက် အခွင့်အရေးဘဲ။သူမက အတိအကျကို ဝူဇူကို ထိခိုက်အောင် လုပ်လိမ့်မယ်။ဒါကြောင့် ငါက ဇူအာကို လှျို့ဝှက်လမ်းကြောင်းကနေ သွားခိုင်းလိုက်တာ"ဝူချွင်ချင်က ရှင်းပြလိုက်တယ်။
ဝူရုန်၏မျက်ခုံးတွေက မြင့်တက်သွားတယ်။သူက ဘယ်တော့ကမှ စူချင်ခြံဝင်းမှာ လျှို့ဝှက်လမ်းကြောင်းရှိတာကို မသိခဲ့ဘူး။
တတယ့်ကိုလျှို့ဝှက်ချက်ဘဲ။
"အိမ်မှာလျှို့ဝှက်လမ်းကြောင်းရှိတာကို သမီးက ဘာလို့မသိရတာလဲ?"ဝူရှိက အံ့သြစွာပြောလိုက်တယ်။
"ငါက ငါကိုယ်တိုင်လျှို့ဝှက်လမ်းကြောင်းကို တူးခဲ့တာ။မင်းတို့အမေကတောင် ဒီအကြောင်းကို မသိဘူး"ဝူချွင်ချင်က ပြောလိုက်တယ်။
သူ့မှာရန်သူတွအများကြီးရှိတယ်။ဒါ့ကြောင့် တကယ်လို့ကိစ္စတစ်ခုခုသာဖြစ်လာရင်ဆိုပြီး သူကလျှို့ဝှက်လမ်းကို တူးခဲ့တာဖြစ်တယ်။
ဝူရုန်၏မျက်ဝန်းတွေက တောက်ပသွားပြီး အတွေးတစ်ခုဝင်လာပြီး ပြောလိုက်တယ်။
"ကျွန်တော်တို့က သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ပြန်တောင်းလိုက်ကတည်းက အဘိုးနဲ့ဦးလေးတွေက ကျွန်တော်တို့နဲ့ပြသနာတက်ခဲ့တယ်။ပြီးတော့ အကိုကြီးက ဝူယူကို ရိုက်ခဲ့တာကြောင့် အခုဆိုရင် ဦးလေးချွင်လီတို့မိသားစုက ကျွန်တော်တို့ကိုမုန်းနေနိုင်တယ်။ဒီကိစ္စတွေကြောင့် အခုဆိုရင် အခြားခြံဝင်းတွေနဲ့ကျွန်တော်တို့ခြံဝင်းက သီးခြားဖြစ်နေပြီ။ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ပိုပြီးပြသနာတွေတက်လာနိုင်တယ်။ဒါ့ကြောင့် အဖေ ကျွန်တော်တို့က ဝူမိသားစုက ခွဲထွက်လိုက်ရင်ကောင်းမယ်"
ဝူချွင်ချင်က အေးခဲသွားပြီး ပြင်းပြင်းထန်ထတ်ပြောလိုက်တယ်"ရုန်အာ ဒီစကားကို ဘယ်တော့မှထပ်မပြောနဲ့"
ဝူရုန်၏မျက်ဝန်းတွေက တောက်ပသွားတယ်။
သူက သူ့ဖခင်ကို ဝူမိသားစုကနေခွဲထွက်ဖို့ပြောတဲ့အချိန်မှာ သူ့အဖေက ဒေါသမထွက်သွားဘူး။ဒါက ကောင်းတဲ့လက္ခဏာဖြစ်တယ်။ဒါဆို အခုချိန်က အချိန်ကောင်းမဟုတ်သေးတာကြောင့်ဘဲ။ဒီလိုသာဆိုရင် ဒီကိစ္စက အရမ်းလွယ်သွားပြီ။
ဝူရုန်သည် သူ့မိသားစုတွေကို မှော်လက်နက်တွေကို ခွဲဝေပြီးနောက် ဝူရုန်က ဟေးရွမ်ရီသည် မနေ့ညက တစ်ညလုံးမအိပ်ရသေးတာကို တွေးမိတာနှင့် သူတို့က စူချင်ခြံဝင်းမှာ နေ့လယ်စာမစားတော့ဘဲ ဟေးအိမ်တော်ကို တိုက်ရိုက်ပြန်လာခဲ့တယ်။
---------------
Chapter(104)ဝူအန်းယန်သေဆုံးခြင်း
ဝူရုန်တို့သည် ဟေးအိမ်တော်ကို ပြန်ရောက်လာသည့်အချိန်မှာ ဝူရုန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားတယ်။ဒါကြောင့် သူက ဟေးရှင်းကို မေးလိုက်တယ်။
"ဦးလေးရှင်း ကျွန်တော့်အကိုကြီးကို ဂမ္ဘီရပညာနဲ့တွက်ပေးတဲ့နေ့တုန်းက တကယ်ဘဲ အကိုကြီးကို ဂမ္ဘီရပညာနဲ့တွက်ပေးခဲ့တာလား?"
အဲဒီအချိန်တုန်းက သူက ဟေးရှင်းကို သူ့အကိုကြီးအတွက် ဂမ္ဘီပညာနဲ့တွက်ချက်စေပြီး ဇန်းယန်းစားသောက်ဆိုင်ကို သွားစေဖို့အတွက် တောင်းဆိုခဲ့တာဖြစ်တယ်။
"ဒီကိစ္စကိုပြောရမယ်ဆိုရင် လူငယ်လေးဝူဇူအတွက် ဂမ္ဘီရပညာနဲ့တွက်ချက်ပေးခဲ့တာက အမှန်ဖြစ်တယ်"ဟေးရှင်းက ပြောလိုက်တယ်။
"ဒါဆို ဘာတွေ့ခဲ့တာလဲ?"ဝူရုန်က မြန်မြန်လေးမေးလိုက်တယ်။
အခုချိန်မှာ ဝူဇူသည် လေ့ကျင့်ရေးခရီးဖော်မပါဘဲ တစ်ယောက်ထဲသွားခဲ့တာဖြစ်တယ်။ဲဖြစ်နိုင်တာက သူ့ရဲ့အနာဂန်က ပြောင်းလဲသွားနိုင်တယ်။
"ကျွန်တော်ဘာမှမတွေ့ခဲ့ဘူး"ဟေးရှင်းက ခေါင်းခါပြီးပြောလိုက်တယ်။
"......"ဝူရုန်
ဝူရုန်က ကြောင်အသွားပြီးမေးလိုက်တယ်"ဘယ်လိုလုပ်ပြီး ဘာမှမမြင်ရတာလဲ"
ဝူမိသားစုကျောင်းမှ နိမိတ်ဖတ်ပညာသင်ကြားနေတဲ့ ကျောင်းသားတွေတောင် လူတွေရဲ့မျက်နှာကို ကြည့်ပြီး သူတို့ရဲ့ကံကြမ္မာကို ဖတ်ပေးနိုင်တယ်။ဒါကို ဘယ်လိုလုပ် ဟေးရှင်းက မပြောနိုင်ရတာလဲ?
"သခင်လေးဇူရဲ့အနာဂတ်ကိုသာမက ကျွန်တော်က ကြင်တော်နဲ့ကြင်ယာတော်ရ့အနီးမှာရှိတဲ့မိသားစုဝင်တွေရဲ့ အနာဂတ်ကိုလည်း မမြင်ရဘူး။ဖြစ်နိုင်တာက ကျွန်တော့်ရဲ့ဂမ္ဘီရပညာအရည်အချင်းက ဆန်းပြားရှုပ်ထွေးတဲ့လျှို့ဝှက်ချက်တွေကို ကြည့်ဖို့မလုံလောက်တာဖြစ်နိုင်တယ်"ဟေးရှင်းက ရှင်းပြလိုက်တယ်။
"......"ဝူရုန်
ဒါက သူက ပြန်လည်မွေးဖွားလာလို့ဖြစ်နိုင်လား?
ဒါက ဖြစ်နိုင်တယ်။သူက ပြန်လည်မွေးဖွားလာကတည်းက အရာအားလုံးက ပြောင်းလဲသွားခဲ့တာဖြစ်တယ်။
အခုချိန်မှာတော့ တကယ်လို့ဝူဇူရဲ့လေ့ကျင့်ရေးခရီးသည် လုံခြုံတယ်ဆိုရင်တောင် ဘာမှပြောနိုင်မှာမဟုတ်ဘူး။ဝူဇူ၏အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ ဝူရုန်က စိုးရိမ်လာတယ်။
ဝူဇူထွက်သွားပြီးနောက် ဝူမိသားစု၏အခြားသော အသက်နှစ်ဆယ်ပြည့်ပြီးသည့်လူငယ်တွေကလည်း သူတို့ရဲ့မိသားစုဝင်တွေကို နှုတ်ဆက်ပြီးနောက် သူတို့က အထုတ်အပိုးတွေနှင့်အတူ ဂိုလင်းမြို့မှ ထွက်သွားကြတယ်။
ဒါဟာ သူတို့က အခုချိန်မှာ ဝမ်းနည်းစွာနှင့် နှုတ်ဆက်ပြီးနောင်တစ်ချိန်မှာ ပျော်ရွင်စွာ နှင့်ပြန်လည်ဆုံစည်းဖို့ရန်ဖြစ်တယ်။မျိုးဆက်သစ်လူငယ်တွေသည် လေ့ကျင့်ရေးခရီးကို အောင်မြင်မှသာလျှင် ဝူမိသားစုကို ပြန်လာနိုင်မှာဖြစ်တယ်။
ဒီနှစ်မှာတော့ ဝူအိမ်တော်က လေ့ကျင့်ရေးခရီးသွားသည့် မျိုးဆက်သစ်လူငယ်ငါးယောက်သည် အောင်မြင်စွာပြန်လာနိုင်သည့်အတွက် ဝူပုဖန်သည် အလွန်ပျော်ရွှင်နေသည်။ဒါကြောင့် သူက ဒီလူငယ်ငါးယောက်အတွက် စားသောက်ပွဲကို ကျင်းပပေးပြီး သူတို့ကို အလယ်အမည်အန်းကို မိသားစုမှတ်တမ်းမှာထည့်သွင်းပေးသည်။ပြီးတော့ သူတို့၏အမည်တွေကို အသက်ရှည်အချပ်ပြားပေါ်တွင် ရေးထိုးစေပြီး အသက်ရှည်ခန်းမတွင် အမြတ်တနိုးထားရှိစေသည်။ဒါပေမဲ့ ဝူပုဖန်မသိခဲ့တာက ဒီအချိန်မှာ ဝူချွင်ဂျင်သည် ဝမ်းနည်းဒေါသထွက်နေခဲ့တာဖြစ်တယ်။
အရင်တုန်းက ဒီအချိန်မှာ ဝူချွင်ဂျင်သည် သူ့သားဝူချူသည် အခြားသောမျိုးဆက်သစ်လူငယ်ငါးယောက်လို လေ့ကျင့်ရေးအောင်မြင်ပြီး အလယ်အမည်ရရှိလိမ့်မယ်လို့ မျှော်လင့်ထားတာဖြစ်တယ်။ဒါပေမဲ့ အဖြစ်မှန်ကတော့ ဒီအချိန်မှာ သူ့သားဝူချူက သေဆုံးသွားပြီဖြစ်သည်။သူ့သားက သေဆုံးသွားတာ လဝက်လောက်ရှိပေမဲ့ အခုချိန်ထိ ဝူပုဖန်က လူသတ်သမားကို အပြစ်မပေးရသေးဘူး။ဒါက ဝူချွင်ဂျင်ကို အလွန်ဒေါသထွက်စိတ်ဆိုးစေသည်။
ရိုးရာတင်သည့်နေ့မှာတော့ ဝူချွင်ဂျင်သည် တောင်ဘက်ခြံဝင်းက အဖွဲ့ဝင်တွေအားလုံးကို ဝူပုဖန်ထံကို ခေါ်ဆောင်သွားပြီး တရားမျှတမှုရှာပေးဖို့တောင်းဆိုခဲ့သည်။
ဒါပေမဲ့ ဝူအန်းယန်၏ဖခင်ဝူချွင်ဟန်သည် ဒီသတင်းကိုကြားတာနှင့် သူက ချက်ချင်းဘဲ ဝူအန်းယန်ကို လျှို့ဝှက်ပြီးအဝေးကို ပို့ဆောင်လိုက်သည်။ဒါကြောင့် အခုချိန်မှာ ဝူပုဖန်သည် ဝူအန်းယန်ကို အပြစ်ပေးဖို့မဖြစ်နိုင်တော့ဘူး။ဒါကြောင့် ဝူပုဖန်သည် ဒီကိစ္စကိုဖြေရှင်းပေးလို့မရတော့ဘူး။နောက်ဆုံးမှာတော့ ဝူပုဖန်သည် ဝူချွင်ဂျင်ကို ဝူအန်းယန်ကိုရှာတွေ့တာနှင့် သူကိုယ်တိုင်အပြစ်ပေးမယ်ဆိုပြီးကတိပေးခဲ့သည်။
ဝူရုန်သည် ဒီသတင်းကိုကြားတော့ လှောင်ပြုံးပြုံးလိုက်တယ်။သူက ဝူချွင်ဂျင်ထံကို အမည်မသိစာတစ်စောင်ရေးသားပေးပို့ခဲ့သည်။သူက နေ့တစ်ဝက်လောက်ကြာပြီးသည့်အချိန်မှာတော့ အခြားသောအမည်မသိစာတစ်စောင်ကို ရေးသားပြီး ဝူချွင်ဟန်ကို ပေးပို့လိုက်သည်။
ငါးရက်ကြာပြီးသည့်နောက်မှာတော့ ဝူအန်းယန်ပုန်းနေသည့်ပင်းရှန်းမြို့မှ ဝူအန်းယန်သေဆုံးသည့်သတင်းရခဲ့သည်။ဒီထဲမှာပြောထားတာက ဝူချွင်ဟန်သည် ဝူချွင်ဂျင်က သူ့သားကိုရက်စက်စွာသတ်ခဲ့တာကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ဝူအန်းယန်သည် အလွန့်ကိုသနားစရာကောင်းသည့်သေခြင်းမျိုးနှင့် သေဆုံးခဲ့ရတယ်။ဝူအန်းယန်၏စိတ်စွမ်းအင်နယ်မြေသည် ဖျက်ဆီးခံလိုက်ရပြီး သူ့ရဲ့ခန္ဓာကိုယ်သည်လည်း အပိုင်းပိုင်းဖြတ်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်။ဒါကိုကြည့်လိုက်တာနှင့် ဝူချွင်ဂျင်သည် ဝူအန်းယန်ကို ဘယ်လောက်တောင်မုန်းတီးနေလဲဆိုတာသိနိုင်သည်။
အဲဒီအချိန်ကစပြီး တောင်ဘက်ခြံဝင်းနှင့်မြောက်ဘက်ခြံဝင်းသည် မကျေနိုင်သည့်ရန်သူတွေဖြစ်လာခဲ့ငည်။သူတို့က တစ်ယောက်နှင့်တစ်ယောင်တွေ့တာနှင့် အချိန်တိုင်း ဆန့်ကျင်တိုက်ခိုက်ကြသည်။သူတို့က နှစ်ဖက်စလုံးဒဏ်ရာပြင်းထန်စွာရသည်အထိ ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြသည်။
ဒါက တကယ့်ကို ဝူပုဖန်ကို ခေါင်းကိုက်စေသည်။သူတို့က ဒီထက်ပိုကောင်းသည့် နည်းလမ်းကို သုံးပြီး ဖြေရှင်းလို့ရပေမဲ့ ဘာကြောင့် ဒီလိုအဆုံးသတ်သွားလဲဆိုတာ သူနားမလည်နိုင်ဘူး။ဒါပေမဲ့ ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီ။အခုချိနိမှာ သူက သူတို့ရဲ့ဒေါသတွေကို လျော့ကျလာအောင် ဘယ်လိုလုပ်ပေးရမှာလဲ?
--------------