Chapter(101)ပန်းပွင့်ပုံဆီမီးခွက်
ဝူရုန်နှင့်ဟေးရွမ်ရီတို့သည် မြို့ထဲကိုပြန်ရောက်ပြီး ညစာစားပြီးချိန်မှာတော့ အပြင်မှာလုံးဝမှောင်နေပြီဖြစ်ပြီး မီးအိမ်တွေကို မျှောနေကြပြီဖြစ်တယ်။
ဂိုလင်းမြို့တစ်မြို့လုံးနေရာအနှံ့ဆီမီးခွက်တွေကို မျှောနေကြပြီဖြစ်တယ်။လမ်းကြိုလမ်းကြားပါမကျန် လူတွေက ယောင်ယပ်ခတ်သွားလာနေကြတယ်။အချို့လူတွေက မီးမှုတ်ပြီးသရုပ်ပြနေတာကို ကြည့်နေကြသည်။အချို့ကတော့ ပန်းပွင့်ပုံဆီမီးခွက်တွေကို လက်ဖဝါးပေါ်တင်ပြီး ကနေသည့်မိန်းမပျိုတွေကို ကြည့်နေကြပြီး အချို့ကတော့ ပဟေဌိဝှက်တာတွေကို ခန့်မှန်းနေကြသည်။
ဝူရုန်တို့ကလည်း မီးမှုတ်နေသည့် ပြကွက်တွေ မိန်းမပျိုလေးတွေ မီးခွက်နှင့်ကနေတာတွေကို ကြည့်ပြီးနောက် ဟေးရှငိးက ဝူရုန်တို့အတွက် ကြိုတင်ဝယ်ပေးထားတဲ့ ပန်းပွင့်ပုံဆီမီးခွက်တွေကို ရေထဲကိုမျှောဖို့အတွက် မြစ်ဆိပ်ကမ်းကို သွားပြီး မီးခွက်တွေကို ရေမျှောဖို့အတွက် လုပ်ကြတယ်။
ဝူရုန်သည် ပန်းပွင့်ပုံဆီမီးခွက်ပေါ်မှာ"ငါ့ရဲ့မိသားစုအားလုံးက ဘေးကင်းလုံခြုံမှုရှိပါစေ"လို့ရေးသားလိုက်ပြီး ရေထဲကိုမျှောလိုကါသည်။
ဥကလေးက ပန်းပွင့်ပုံဆီမီးခွက်ကို ကိုင်ပြီးဟေးရွမ်ရီထံကို ပြေးလာပြီးပြောလိုက်သည်။
"ဖေဖေ သားသားအတွက် ဒီမှာစာရေးပေးပါလား?"
ဟေးရွမ်ရီသည် ဥကလေးကို သူ့လက်မောင်းထဲကို ဆွဲထည့်လိုက်ပြီး မေးလိုက်သည်။
"ဘာကိုရေးပေးစေချင်တာလဲ?"
"သားသားက ဖေဖေနဲ့ပါးပါးတို့နဲ့အတူ ထာဝရအမြဲတမ်းအတူရှိဖို့ မျှော်လင့်ပါတယ်"
ဒီစကားကိုကြားတာနှင့် ဝူရုန်သည် အံ့အားသင့်စ ဟေးရွမ်ရီနှင့်ဥကလေးကို ဆက်ခနဲလှည့်ကြည့်လိုက်သည်။
ဟေးရွမ်ရီသည်လည်း ဝူရုန်ကို လှမ်းကြည့်မိသည်။သူတို့က တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ ကြည့်နေကြပြီး ဥကလေး၏အော်သံကိုကြားမှ သတိဝင်ကြသည်။
"ဖေဖေ မြန်မြန်ရေးတော့လေ"
ဟေးရွမ်ရီသည် ဥကလေး၏ဆုတောင်းအတိုင်း ဆီမီးခွက်ပေါ်မှာ ရေးပေးလိုက်သည်။အဲဒီနောက်မှာတော့ ဥကလေးသည် ပျော်ရွှင်စွာနှင့် ဆီမီးခွက်ကို ယူလိုက်ပြီး မြစ်ထဲကိုမျှောလိုက်သည်။
ဝူရုန်သည် ဆီမီးခွက်ကို ကြည့်မနေဘဲ အကူအညီမဲ့စွာနှင့် ဥကလေးနှင့်ဟေးရွမ်ရီကိုဘဲ စိုက်ကြည့်နေမိသည်။ဆီမီးခွက်တွေ၏အလင်းရောင်အောက်မှာ ဟေးရွမ်ရီ၏ကြောက်စရာကောင်းသည့်မျက်နှာသည် ကြောက်စရာကောင်းသည်ဟူ မထင်ရဘဲ နွေးထွေးကြင်နာမှုရှိတယ်လို့ခံစားရသည်။သူ့ရဲ့ရှည်လျားသည့်မျက်တောင်တွေက သူ့ကိုပိုပြီး နူးညံ့ဟန်ပေါ်စေပြီး သူ့လက်မောင်းထံက ဥကလေးကို ကြည့်နေသည်။
ဒါကိုမြင်တော့ ဝူရုန်သည် အကူအညီမဲ့စွာ ရယ်လိုက်မိသည်။
ဟေးရွမ်ရီက ဝူရုန်၏ရယ်သံကိုကြားတော့ လှည့်ကြည့်လာသည်။
ဝူရုန်သည် မြန်မြန်လေးအကြည့်လွှဲလိုက်ပြီး အဝေးကို ကြည့်လိုက်သည်။ပန်းပွင့်ပုံဆီမီးခွက်တွေကို ဟေးရှင်းသည် ဒါဇင်ချီအောင် ဝယ်ခဲ့တာကြောင့် ဝူရုန်သည် နောက်တစ်ခုကို ထပ်ယူလိုက်သည်။ဒါပေမဲ့ ဒီအချိန်မှာတော့ ဝူရုန်က ဘာရေးရမှန်းမသိဘူးဖြစ်နေသည်။
ဝူရုန်က ဘေးပတ်ဝန်းကျင်က အခြားသူတွေကို လိုက်ကြည့်တော့ ဟေးရှင်းနှင့်ဟေးဂန်းသည် သူတို့ကို ချောင်းကြည့်နေတာကို မတော်တဆတွေ့သွားသည်။
ဟေးရှင်းနှင့်ဟေးဂန်းသည် လျှင်မြန်စွာ အကြည့်လွှဲလိုက်ပြီး ဆီမီးခွက်တွေပေါ်မှာ သူတို့ရဲ့ဆုတောင်းကို ချရေးနေစလို ပြုမူလိုက်သည်။
ရုတ်တရက် ဝူရုန်သည် ဥာဏ်အလင်းရသွားပြီး သူ့ရဲ့ဆုတောင်းကို ပန်းပွင့်ပုံဆီမီးခွက်ပေါ်မှာ ချရေးလိုက်ပြီးနောက် ရေထဲကိုမျှောလိုက်သည်။
ဟေးရှင်းသည် ရေပေါ်မှာမျှောနေသာ့် ပန်းပွင့်ပုံဆီမီးခွက်ကို ကြည့်လိုက်ပြီးနောက် သူ့အနောက်မှာရပ်နေသည့်အစောင့်တစ်ယောက်ငို အချက်ပြလိုက်သည်။အစောင့်သည် ခေါင်းငြိမ့်လိုက်ပြီး လျှင်မြန်စွာ ထွက်ခွာသွားလိုက်သည်။
"ပါးပါး ပါးပါးရဲ့ဆုတောင်းက ဘာလဲ?"ဥကလေးသည် ဝူရုန်၏လက်မောင်းကြားထဲကို ဝင်လာပြီးမေးလိုက်သည်။
"တကယ်လို့ ပါးပါးက ပြောလိုက်ရင် ပါးပါးရဲ့ဆုတောင်းက အမှန်တကယ်မဖြစ်လာဘဲ နေလိမ့်မယ်"ဝူရုန်က ပြုံးပြီးပြောလိုက်သည်။
"ဟင့်"
ဥကလေးသည် ဝမ်းနည်းစွာ ငိုကြွေးလိုက်သည်။ဝူရုန်သည် ရုတ်တရက် ဥကလေးက သူ့ရဲ့ဆုတောင်းကိုပြောပြီး ဟေးရွမ်ရီကို ရေးခိုင်းခဲ့တာကို သတိရသွားတာကြောင့် သူက မြန်မြန်လေး ဥကလေးကို နှစ်သိမ့်ပေးလိုက်သည်။
"သားရဲ့ဆုတောင်းက ပါးပါးနဲ့မတူဘူး။မင်းဖေဖေနဲ့ ပါးပါးက မင်းနဲ့အတူ အမြဲတမ်းရှိနေမှာ။ပါးပါးတို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှခွဲသွားမှာ မဟုတ်ဘူး"
"တကယ်လား?"ဥပလေးသည် မျက်ရည်တွေနှင့် မေးလိုက်သည်။
"တကယ်ပေါ့"ဝူရုန်သည် ဥကလေးကို ပြောလိုက်ပြီးနောက် ဟေးရွမ်ရီကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဟေးရွမ်ရီ ခင်ဗျားတစ်ခုခုပြောအုန်း"
"အင်း"ဟေးရွမ်ရီက"အင်း"ဆိုသည့်အသံတစ်ခုသာ တုံ့ပြန်လိုက်သည်။
ဝူရုန်သည် ဟေးရွမ်ရီကို မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အင်းဘဲလား?ကျွန်တော်က ခင်ဗျားကို စကားနည်းနည်းလောက် ပြောခိုင်းတာလေ။ဟန်ပြလုပ်ခိုင်းတာမဟုတ်ဘူး"
"......"ဟေးရွမ်ရီ
"ဖေဖေတို့က ဘယ်တော့မှတစ်ယောက်နဲ့တစ်ယောက် ခွဲပြီးနေမှာ မဟုတ်ဘူး"ဟေးရွမ်ရီက ပြောလိုက်သည်။
ဟေးရှင်းနှင့်ဟေးဂန်းက တစ်ယောက်နှင့်တစ်ယောက်ပြုံးပြီးကြည့်လိုက်ကြသည်။
------------
Chapter(102)ဝူရုန်၏ဆုတောင်း
ညဥ့်နက်သထက်နက်လာချိန်တွင် လေပြင်းတွေတိုက်လာပြီး နှင်းတွေလည်း ကျဆင်းလာပြီဖြစ်တယ်။ဒါကြောင့် ဆီမီးလွတ်ပွဲသည်ပြီးဆုံးသွားပြီဖြစ်တယ်။
ဥကလေးသည် ရထားလုံးပေါ်ရောက်ပြီး မကြာခင်မှာဘဲ ဟေးရွမ်ရီ၏လက်မောင်းထဲမှာ အိပ်မောကျသွားတယ်။
ဝူရုန်သည် ဥကလေးက အိပ်ပျော်နေတာတောင် ပြုံးနေတဲ့ပုံကိုကြည့်ပြီး ရယ်လိုက်တယ်။ကြည့်ရတာတော့ ဒီနေ့ဥကလေးက အလွန်ပျော်ရွှင်ခဲ့ပုံရတယ်။
ဟေးရွမ်ရီသည် ရယ်သံကြားတာကြောင့် ဝူရုန်ကို ကြည့်ပြီးမေးလိုက်တယ်"ပျော်နေတာလား?"
ဝူရုန်က သူရယ်နေတာကို ဟေးရွမ်ရီမိသွားတာကြောင့် ခေါင်းငြိမ့်ပြီးပြောလိုက်တယ်။
"အွန်း ကျွန်တော်ဒီနေ့အရမ်းပျော်တယ်။ကျွန်တော်က ဒီအချိန်မတို်င်ခင်တုန်းက အတော်ကြာမပျော်မရွှင်ဖြစ်ခဲ့ရတယ်"
သူက အရင်ဘဝတုန်းက သူ့အကိုကြီးနှင့်ညီမလေး သေဆုံးပြီးသွားကတည်းက အချိန်အတော်ကြာမပျော်ရွှင်ခဲ့ရဘူး။သူက ဒီလိုမျိုးအံ့သြစရာကောင်းသည့် မကောင်းဆိုးဝါးပွဲတော်မှာ အချိန်မကုန်ဆုံးခဲ့တာ အတော်ကြာပြီဖြစ်တယ်။
သူ့အတွက်အပျော်ရွှင်ရဆုံးက ဟေးရွမ်ရီ ဥကလေးတို့နှင့်အတူ စွပ်ဖားလှည်းပြိုင်ပွဲဝင်ခဲ့တာဘဲ။သူက သူ့သားနှင့်အတူ မြစ်ကမ်းပါးမှာ ကစားခဲ့တာ သူ့ကိုအတော်ကို ပျော်ရွှင်စေတယ်။
အခုချိန်မှာ သူ့မိသားစုဝင်အားလုံးက ဘေးကင်းလုံခြုံစွာ အသက်ရှင်နေသေးတာကို တွေးလိုက်တာနဲ့ သူ့နှလုံးသားက အပျော်တွေနှင့်ပြည့်နေပြီး ဝူရုန်၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးဖြစ်ပေါ်လာတယ်။
ဝူရုန်၏တောက်ပသည့်အပြုံးသည် ဟေးရွမ်ရီကို မိန်းမောတွေဝေစေတယ်။ဒီအပြုံး၏တောက်ပနေမှုကို ကြည့်လိုက်တာနဲ့ ဝူရုန်က ဝိတ်ကျလာသည့်အခါ ဘယ်လောက်တောင် လှလာမလဲဆိုတာ သိနိုင်တယ်။
ဝူရုန်သည် မကြာခင်မှာတော့ အိပ်ချင်လာပြီး သန်းဝေရင်း ဟေးရွမ်ရီကိုပြောလိုက်တယ်"ကျွန်တော် ခဏလောက် မိန်းလိုက်အုန်းမယ်"
ပြောပြီးတာနှင့် ဝူရုန်က ထိုင်စရာအခင်းပေါ်မှာ လဲချလိုက်ပြီး သူ့မျက်လုံးတွေက မှိတ်သွားတယ်။
ဟေးရွမ်ရီသည် ဝူရုန်ကို မျက်တောင်မခတ်စိုက်ကြည့်နေပြီး သူတို့ဟေးအိမ်တော်ကို ပြန်ရောက်လာပြီး ဝူရုန်နိုးလာသည့်အချိန်အထိ ကြည့်နေမိတယ်။
သူတို့ရထားလုံးပေါ်က ဆင်းလိုက်တာနဲ့ ဟေးရွမ်ရီ၏လက်မောင်းထဲတွင် အိပ်ပျော်နေတဲ့ ဥကလေးကို ဟေးဂန်းက ပွေ့ချီလိုက်ပြီး သူ့အခန်းကို ပြန်ပို့ပေးလိုက်တယ်။
ဝူရုန်ကတော့ ချက်ချင်းဘဲ ရေချိန်းခန်းထဲကို ဝင်သွားပြီး ရေချိုးပြီး အနားယူလိုက်တယ်။
ဝူရုန်ထွက်သွားသည့်အချိန်မှ ဟေးရှင်းသည် ဟေးရွမ်ရီထံကို လျှောက်လာပြီး သူ့လက်ထဲက မှတ်စုစာရွက်ကို ဟေးရွမ်ရီကို ကမ်းပေးလိုက်ရင်း ပြောလိုက်တယ်။
"သခင် ဒါက ကြင်ယာတော်ရဲ့ဒုတိယဆုတောင်းပါ"
ဟေးရွမ်ရီသည် ဟေးရှင်းလက်ထဲက စာရွက်ကို ကြည့်လိုက်ပြီး သှူုနှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်တယ်။
ဟေးရှင်းသည် ဟေးရွမ်ရီ၏သဘောထားကို သတိထားမိတာကြောင့် ချက်ချင်းဘဲ တောင်းပန်လိုက်တယ်။
"ကျွန်တော်က ကျွန်တော့်သဘောအတိုင်း တစ်စုံတစ်ယောက်ကို ကြင်ယာတော်ရဲ့မီးခွက်ကို ရှာခိုင်းမိတယ်။ဒါပေမဲ့ ကျေးဇူးပြုပြီး သခင်က အရင်ဆုံးကြင်ယာတော်ရဲ့ဆုတောင်းကို ကြည့်ဖို့မျှော်လင့်ပါတယ်"
ဟေးရွမ်ရီသည် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတော့ ဝူရုန်၏ဆုတောင်းကို ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဟေးရှင်းလက်ထဲက မှတ်စုစာရွက်ကို ယူလိုက်တယ်။ဒီမှာရေးထားတဲ့လက်ရေးတွေက ကြည့်ရဆိုးလှတယ်။ဒီထဲမှာရေးသားထားတဲ့အကြောင်းကတော့ ဒီနေ့လိုမျိုး ဟေးရွမ်ရီနှင့်အတူ ပျော်စရာကောင်းတဲ့မိသားစုဘဝကို ပိုင်ဆိုင်ချင်ကြောင်း တစ်ယောက်နှင့်တစ်ယောက် လိမ်ညာလှည့်ဖျားမှုမရှိတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြောင်းရေးထားတာဖြစ်တယ်။
"ကျွန်တော့်ရဲ့အမြင်အရတော့ ကြင်ယာတော်က သူ့ရဲ့ဆုတောင်းကို သခင်ကိုမြင်စေချင်မယ်ထင်ပါတယ်"ဟေးရှင်းက အသံတိုးတိုးနှင့်ပြောလိုက်တယ်။
ဟေးရွမ်ရီက စကားတစ်လုံးမှမပြောဘဲ မှတ်စုစာရွက်ကို လက်ထဲဆုတ်ကိုင်ပြီး အထဲကိုဝင်သွားလိုက်တယ်။
ဝူရုန်သည် ဟေးရွမ်ရီပြန်မလာခင်ကတည်းက အိပ်ပျော်သွားတာဖြစ်ပြီး သူနိုးလာသည့်အချိန်မှာတော့ ဟေးရွမ်ရီ၏အိပ်ရာဘေးမှာ မှော်လက်နက်၂၃ခုကို တွေ့လိုက်ရတယ်။
ဝူရုန်က မှော်လက်နက်တွေကို တစ်ခုချင်းကောက်ယူစစ်ဆေးလိုက်ပြီး နောက်တော့ မှော်လက်နက်တွေကို ငါးပုံပုံလိုက်တယ်။ပြီးတော့ သူက ရှိယန်တို့ကိုခေါ်လိုက်ပြီး သူ့ကိုအဝတ်အစားဝန်ဖို့ မျက်နှာသစ်ကိုယ်လက်သန့်စင်စေဖို့ ကူညီစေလိုက်တယ်။
မကြာခင်မှာဘဲ ဝူရုန်သည် အိပ်ခန်းထဲကနေ ထွက်လာပြီး ထမင်းစားခန်းထဲကို ရောက်လာသည့်အချိန်မှာတော့ ဟေးရွမ်ရီသည် စားပွဲမှာထိုင်ပြီး လက်ဖက်ရည်သောက်နေတာကို တွေ့တော့မေးလိုက်တယ်။
"ခင်ဗျားမနေ့ညတုန်းက မအိပ်ဘူးလား?"
"အင်း ကိုယ်မှော်လက်နက်တွေလုပ်နေတာ"ဟေးရွမ်ရီက လက်ဖက်ရည်ခွက်ကိုချပြီးပြောလိုက်တယ်။
"ကိုယ် မင်းအကိုကြီးကို လိုက်ပို့ပြီးတာနဲ့ တစ်ရေးအိပ်လိုက်မယ်"
ဝူရုန်သည် ဟေးရွမ်ရီကို စိုက်ကြည့်လိုက်တာနှင့် ဟေးရွမ်ရီသည် မျက်ကွင်းတွေညိုနေတာကို တွေ့လိုက်ရသည်။ဝူရုန်သည် ရှိယန်ကို မနက်စာပြင်ဖို့ပြောလိုက်သည်။
ဝူရုန်နှင့်ဟေးရွမ်ရီသည် မနက်စာစားပြီးတာနှင့် သူတို့က ဝူအိမ်တော်ရှိစူချင်ခြံဝင်းကိုလာခဲ့တယ်။
----------
paid group ဝင်လိုရပါတယ်နော်။