"ဝူရုန် မင်းလွန်မလာနဲ့"ဝူရှားသည် ဝူရုန်ကို ဒေါသတကြီးအော်ပြောလိုက်သည်။

"ဝူရှား မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ?ထပ်ပြောစမ်း!"ဝူရုန်သည် ဝူရှား၏မျက်လုံးတွေကို စိုက်ကြည့်ပြီးပြောလိုက်သည်။

ဝူရှားသည် ဝူရုန်၏အကြည့်ကြောင့် ကြောင်ရွံ့မှုကို ခံစားရပြီး သူကလည်းဝူရုန်ထက်ငယ်ပြီး ဝူရုန်ဘေးမှာ ကိုယ်ရံတော်တွေအများကြီးရှိနေတာကြောင့် ဘာမှမတတ်နိုင်ဘဲ ပြောလိုက်ရသည်။

"အကိုရုန်"

"ဒီလိုထပ်မလုပ်နဲ့"ဝူရုန်သည် သူတို့ကို ကြည့်ပြီးပြောလိုက်သည်။

"ဒီတစ်ကြိမ်မှာတော့ ငါက ရေပြားတစ်ရာဘဲ ယူလိုက်မယ်"ဝူရုန်သည် သူတို့ကို ပြောပြီးနောက် ဟေးရွမ်ရီဘက်ကို လှည့်ပြီးပြောလိုက်တယ်။

"ရွမ်ရီ ကျွန်တော်တို့သွားစို့"

"အင်း"

ဟေးရွမ်ရီသည် ဝူရုန်ကို စွပ်ဖားလှည်းပေါ်တင်ဖို့ ကူညီပြီးနောက် သူကိုယ်တိုင်လည်း စွပ်ဖားလှည်းပေါ်တက်လိုက်ပြီး စွပ်ဖားလှည်းကို လျှောတိုက်ရွှေ့လျားစေအောင် လုပ်ဆောင်လိုက်သည်။

ဟေးအိမ်တော်၏ကိုယ်ရံတော်တွေသည်လည်း ထွက်သွားကြသည်။

ဝူရုန်တို့ထွက်သွားတာကို ကြည့်ပြီး ဝူရှား၏မျက်ဝန်းတွေသည် နီရဲလာပြီး တီးတိုးပြောလိုပ်သည်။

"ဝူရုန် တစ်ရက်ကျရင် ငါ့အကြောင်းသိစေရမယ်"

"မင်းပြောတာမှန်တယ်။သူက အချိန်တိုင်းအကာအကွယ်အောင်မှာ ရှိနေမှာ မဟုတ်ဘူး"ဝူရှား၏သူငယ်ချင်းတစ်ယောက်က ပြောလိုက်သည်။

ဝူရှန်းသည် အနီးအနားက လူစုကို ကြည့်လိုက်ပြီးနောက် ပြောလိုက်တယ်"အိမ်ပြန်ပြီးပြောရအောင်"

တခြားသူတွေကလည်း ခေါင်းငြိမ့်ပြီး သဘောတူလိုက်ပြီး သူတို့ရဲ့စွပ်ဖားလှည်းပေါ်ကို တက်လိုက်ကြတယ်။

သူတို့က ပန်းတိုင်နှင့်မီတာသုံးဆယ်အကွာကို ရောက်သည့်အချိန်မှာတော့ ရေခဲပြင်သည် ရုတ်တရက်ကြီးအက်ကွဲလာသည်။

COTAW(Zawgyi)Dove le storie prendono vita. Scoprilo ora