"အင်း"
ရုတ်တရက် ရထားလုံးသည် ရပ်သွားပြီး ဟေးဂန်၏ အသံထွက်ပေါ်လာတယ်။
"သခင် ကြင်ယာတော် ရှေ့မှာလူအရမ်းများလို့ လမ်းပိတ်နေတယ်"
"ဒါဆိုလမ်းလျှောက်သွားမယ်"ဝူရုန်ကပြောလိုက်တယ်။
ဟေးဂန်သည် ရထားလုံးကို အနီးနားမှာရှိတဲ့လမ်းကြားလေးထဲ မောင်းဝင်သွားပြီးမှ ရပ်လိုက်တယ်။
ဝူရုန်သည် ရထားလုံးထဲကထွက်လိုက်တာနဲ့ လူစုလူဝေးကြီးကို မြင်လိုက်ရတာကြောင့်ပြောလိုက်တယ်။
"ဒီနေ့ကလူတော်တော်စည်တာဘဲ"
ဟေးရှင်းကလည်း နောက်ရထားလုံးကနေ ထွက်လာပြီးပြောလိုက်တယ်။
"ဒီနေ့နေသာတာကိုကျေးဇူးတင်ရမယ်"
နှစ်သစ်ကူးကတည်းက နေ့တိုင်းနှင်းတွေကျပြီးတိမ်ထူတာဖြစ်တယ်။ဒီနေ့မှ နေသာသာကြောင့်လူတွေက နေရောင်အောက်မှာ ပျော်ရွှင်စွာအပြင်ထွက်နိုင်ပြီး လတ်ဆတ်သည့်လေကိုရှူနိုင်တာဖြစ်တယ်။
ဟေးရှင်းသည် ဥကလေးကို ပွေ့ချီလိုက်ပြီးဟေးဂန်း ရှိယန်တို့နှင့်အခြားအစောင့်တွေကို မျက်လုံးနဲ့အချက်ပြလိုက်ပြီး လမ်းကြားထဲကနေထွက်သွားလိုက်တယ်။
အစောင့်တွေသည် တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်လိုက်ပြီး ဒီအရိပ်အမြွက်ကို မြင်တာနဲ့ ဟေးရှင်းနောက်ကိုလိုက်ပြီးလမ်းကြားထဲကထွက်သွားကြတယ်။
ဝူရုန်က အစောင့်တွေက ရုတ်တရက်ထွက်သွားတာကြောင့် အော်ပြောလိုက်တယ်။
"ဟေ့ မင်းတို့ဘယ်သွားမလို့လဲ?ငါလမ်းလျှောက်ရင် ကူပေးရအုန်းမယ်လေ"
ဝူရုန်သည် အခုချိန်မှာဝိတ်ကျသွားတာကြောင့် သူက တစ်ယောက်မှတွဲစရာမလိုဘဲ လမ်းလျှောက်နိုင်ပြီဖြစ်တယ်။ဒါပေမဲ့ သူက ခဏလောက်လမ်းလျှောက်ပြီးတိုင်း နားဖို့လိုအပ်တယ်။ဒါ့အပြင် အခုကလူအရမ်းများတယ်။ဒါကြောင့်သူ့ကိုတွဲပေးမယ့်လူလိုအပ်တယ်။
"အိန်တော်ထိန်းဟေးက ဒီနေ့ကကျွန်တော်တို့အတွက်အားလပ်ရက်လို့ပြောတယ်။ဒါကြောင့် ကြင်ယာတော်ကိုသခင်ကကူညီပေးလိမ့်မယ်"ရှိဂျူကရယ်ပြီးပြောလိုက်တယ်။
Chapter96
Start from the beginning