ဝူရှိက ဒီအကြောင်းကိုတွေးမိတာနဲ့ဝူဇူကိုမေးလိုက်တယ်။

"ဒါဆိုအိမ်တော်ထိန်းဟေးပြောတဲ့ မကောင်းတဲ့သူဆိုတာက ဝူယုလား?"

"ဟုတ်တယ်။မနေ့တုန်းက ငါ့နားနဲ့ဆက်ဆက်ကြားခဲ့တာ။ယုထန်းပေါင်တို့ကလည်း ဝန်ခံထားပြီ။သူက ဝူတနဲ့ဝူရှောင်ကိုလည်း လာဘ်ထိုးခဲ့ပြီး ရုန်အာအနိုင်ကျင့်ခံရတိုင်းမှာ ငါတို့ကိုလာမပြောအောင်လုပ်ထားတာ"ဝူဇူက ဒေါသတကြီးရှင်းပြလိုက်တယ်။

"ခွေးတိရစ္ဆာန်"

ဝူရှိသည် ဒေါသတကြီး ရှေ့တက်လာပြီးဝူယုကို
ကန်လိုက်ပြီး အော်လိုက်တယ်။

"ငါ့အကိုအနိုင်ကျင့်ဖို့ခိုင်းရဲတယ်ပေါ့။ကြောင်သူ
တော်!ငရဲကိုသွားလိုက်တော့!"

"ဒီနေရာမှာဘယ်သူကပြသနာရှာရဲတာလဲ?"

ရုတ်တရက် အသံတစ်သံက ထွက်ပေါ်လာပြီး အကြီးအကဲတစ်ယောက် ရောက်လာတယ်။

အကြီးအကဲချင်ရောက်လာတာနှင့် ကျောင်းသူကျောင်းသားတွေက လမ်းဖယ်ပေးလိုက်တယ်။

ဝူဇူသည် ချက်ချင်းဘဲ ဝူရှိကို သူ့နောက်ကို ပို့လိုပ်တယ်။

အကြီးအကဲချင်သည် မြေပေါ်မှာသွေးတွေနှင့်လဲနေသည့် ဝူယုကို တွေ့တာနှင့် အပြေးသွားပြီး ဆေးပြားတစ်ချို့ကို တိုက်လိုက်တယ်။ပြီးတာနှင့် ကျောင်းသူကျောင်းသားတွေဘက်ကို လှည့်ပြီးမေးလိုက်တယ်။

"ဘယ်သူလဲ?ဘယ်သူက အတန်းထဲမှာ သူ့ကိုရိုက်ရဲတာလဲ?"

"ကျွန်တော် လုပ်တာ"ဝူဇူသည် ဝန်ခံလိုက်တ
ယ်။

"ကျွန်တော် သူ့ကိုရိုက်လိုက်တာ"

အကြီးအကဲချင်သည် ဝူဇူလို ကြင်နာတတ်ပြီးထူးချွန်သည့် လူငယ်က ရန်ဖြစ်တယ်ဆိုတော့ အံ့သြသွားတယ်။ဒါပေမဲ့ အခုချိန်မှာ ဒါကို စစ်မေးရမည့်အချိန်မဟုတ်ပါဘူး။ဝူယုက သွေးတွေနှင့် သတိလစ်နေတယ်။သူ့ကိုအမြန်ဆုံး ဆေးကုသမှုလုပ်ရပါမယ်။ဒါ့ကြောင့် သူက ဝူဇူကို အတန်းထဲမှာဘဲ စောင့်နေစေပြီး ကျောင်းသားနှစ်ယောက်ကို ဝူယုကို သယ်ပြီးဆေးခန်းကို ပို့စေလိုက်တယ်။ နောက်မှ အကြီးအကဲချင်သည် ဝူဇူကို ဘာဖြစ်တာလဲဆိုတာ မေးမြန်းလိုက်တယ်။

အကြီးအကဲတွေသည် ဝူဇူက ရန်ဖြစ်တယ်ဆိုပေမဲ့ သူ့ကို အပြစ်မပေးလိုကြဘူး။ဒါ့အပြင် ဝူဇူက ဒါကပထမဆုံးအကြိမ် ရန်ဖြစ်တာဖြစ်ပြီး သူက ကျောင်းစည်းကမ်းကို ဆန့်ကျင်ပြီး စိတ်စွမ်းအင်ကိုလည်း အသုံးမပြုခဲ့ဘူး။အရေးကြီးဆုံးကတော့ ဝူယု၏ဒဏ်ရာတွေသည် မပြင်းထန်တာကြောင့် လျှင်မြန်စွာပျောက်ကင်းသွားနိုင်တယ်။နောက်ဆုံးမှာတော့ အကြီးအကဲတွေက ဝူဇူကို အပြစ်မပေးကြတော့ဘဲ ဝူဇူ၏လေ့ကျင့်ရေးခရီးကို ခက်ခဲမှုမြင့်လိုက်ဖို့နှင့် လေ့ကျင်းရေးခရီးကို အသင်းအဖွဲ့နှင့်မဟုတ်ဘဲ တစ်ယောက်ထဲ သွားစေဖို့ အမိန့်ချမှတ်လိုက်တယ်။

*****
(1900/6/9)

COTAW(Zawgyi)Where stories live. Discover now