ဝူယုက ဝူရုန်အကြောင်းမေးလိုက်တာနဲ့ ဝူဇူ၏ မျက်နှာ ပိုပြီးတော့ သုန်မှုန်လာတယ်။
"သူအဆင်ပြေတယ်။နင်သိလား?သူ့သား..."
"ဝူယု"ဝူဇူက ဝူယု၏အမည်ကို ဖိခေါ်လိုက်ပြီးဝူရှိကို ဆက်မပြောအောင် တားဆီးလိုက်တယ်။
ဝူရှိနှင့်ဝူယုသည် ဝူဇူကိုဇဝေဇဝါကြည့်လိုက်တယ်။
"မင်းကိုကြည့်ရတာစိတ်ဆိုးနေသလိုဘဲ?ဘာမှားလို့လဲ?"ဝူယုက အပြုံးလေးနှင့်ပြောလိုက်တယ်။
"ဟုတ်တယ်။ငါစိတ်တိုနေတယ်။ဒါကလည်း မင်းကို လက်သီးနဲ့ထိုးပစ်ချင်တာ မစောင့်နိုင်တော့လို့ဘဲ"ဝူဇူက ပြောပြီးတာနှင့် ဝူယုကိုလက်သီးနဲ့ထိုးလိုက်တယ်။
ဝူယုသည် ဝူဇူက သူ့ကို ဒီလိုထိုးမယ်လို့ မမျှော်လင့်ထားတာကြောင့် သူကမရှောင်နိုင်ဘဲ လွင့်ထွက်သွားတယ်။သူ့ရဲ့ပါးရိုးနဲ့ပခုံးရိုးကျိုးသံကထွက်ပေါ်လာတယ်။
လူတိုင်းက အံ့အားသင့်သွားတယ်။
ဝူရှိကလည်း ထိတ်လန့်သွားပြီး အော်လိုက်တယ်"အကိုကြီးရူးနေတာလား?ဘာလို့သူ့ကိုထိုးလိုက်တာလဲ?"
ဝူဇူသည် ဝူယုလဲကျနေသည့် နေရာကို လျှောက်သွားလိုက်ပြီး ပြောလိုက်တယ်။
"ရှိအာ ငါသူ့ကို လုပ်တာပါးပါးလေးဘဲရှိသေးတာပါ။ရုန်အာကို ယုထန်းပေါင်နဲ့ သူ့လူတွေက ဘာကြောင့် အနိုင်ကျင့်တာလဲသိလား?ဒါက ဘာကြောင့်လဲဆိုတော့ ဝူယုက သူတို့ကို ငွေပေးထားကြောင့်ဘဲ။ပြီးတော့မှ သူက ရုန်အာကိုလူစွမ်းကောင်းလုပ် ကယ်တင်ပြီး အဖေက သူ့ကို ကျေးဇူးတင်သည့်အနေဖြင့် မှော်လက်နက်တွေကို ငှားပေးလိုက်ဖို့ဘဲ"
"ဘာ"
ဝူရှိသည် သူမကြားလိုက်တာတွေကို မယုံကြည်နိုင်ဘူး။ဒါပေမဲ့ ဖြစ်ခဲ့တာတွေကို စဉ်းစားကြည့်လိုက်တော့ ဝူယုသည် ဝူရုန်ကို ကယ်တင်ပေးခဲ့ပြီး အချိန်တိုင်းမှာ သူမအဖေစီက မှော်လက်နက်တွေကို ငှားရမ်းခဲ့သလို သူမဖခင်ကလည်း သူ့သားကိုကယ်တင်ပေကြောင့် ကျေးဇူးတင်သည့်အနေဖြင့် ငှားပေးခဲ့တာချည်းဖြစ်တယ်။
Chapter93
Start from the beginning