"အရမ်းကောင်းတယ်"ဝူရှိကအားပေးလိုက်တယ်။

"ဘာတွေအားပေးနေတာလဲ?မွန်းစတားက အစောင့်တွေကို စားပြီးရင်မင်းအကိုကိုစားမှာလေ"ဂေါင်တုန်က ပြောလိုက်တယ်။

"သူကလူငါးယောက်ကိုစားပြီးတာနဲ့ ကျွန်တော့်နားရောက်လာတယ်"ဝူဇူသည် သွေးတွေပြည့်နေတဲ့ပါးစပ်ကြီး စဉ်းစားလိုက်တာနဲ့ နေမကောင်းဖြစ်ချင်လာသလိုခံစားရတယ်။ပါးစပ်ကြီးက အလွန့်ကို အနံ့ဆိုးရွားလှတယ်။သူ့အနားကိုကပ်လာတိုင်းမှာအသက်ရှူရခက်ခဲစေတယ်။

"သူကကျွန်တော်နားကိုကပ်လာတာနဲ့ ထပ်ပြီးတော့အန်တယ်"

"ထပ်ပြီးအန်တာလား?အကိုကြီးက အဲဒီအချိန်တုန်းက ရေမချိုးထားလို့ဖြစ်မယ်"ဝူရှိကထူးဆန်းတယ်လို့ခံစားရတယ်။

"အမှန်ဘဲ။အဲဒီအချိန်တုန်းက နှစ်ရက်လောက် အလုပ်ရှုပ်နေလို့ရေမချိုးရဘူး။ဒါပေမဲ့ရေမချိုးတာက ငါတစ်ယောက်ထဲတော့မဟုတ်ဘူး။ဒါကြောင့်ရေမချိုးတာကြောင့် မဖြစ်နိုင်ဘူး"

"ဘာကြောင့်အန်တယ်လို့ထင်တလဲ?"ဝူချွင်ချင်ကမေးလိုက်တယ်။

ဝူဇူသည် သူ့လည်ပင်းက အိတ်လေးကိုထိလိုက်ပြီးပြောလိုက်တယ်။

"ကျွန်တော်တော့ ဒီအကြောင်းကို ရုန်အာက ပြောနိုင်မယ်လို့ထင်တယ်"

"ကျွန်တော်လား?"ဝူရုန်က အံ့အားသင့်တယ့်မျက်နှာနှင့်ပြောလိုက်တယ်"ကျွန်တော်က ဘယ်လိုလုပ်ပြီး သူကအန်တာလဲဆိုတာ သိမှာလဲ?"

"ဟုတ်တယ်။ရုန်အာက ဘယ်လိုလုပ်ပြီး သူက ဘာကြောင့်အန်တာလဲဆိုတာ သိမှာလဲ?"ဝူရှိကပြောလိုက်တယ်။

"ဒါပေမဲ့ မွန်းစတားအန်ရတာက ဒီဆေးပြားကြောင့်လို့ဘဲထင်တယ်။တခြားအကြောင်းပြချက်ကိုစဉ်းစားလို့မရဘူး"ဝူဇူက ပြန်လာတဲ့လမ်းတစ်လျှောက်လုံး ဒီလိုမျိုးသာ တွေးနေခဲ့တာဖြစ်တယ်။

တကယ့်ဝူဇူပြောတာမှန်တယ်။

ပိုင်ရှင်ယုသည် ဝူရှီးတို့ကို မွန်းစတားကိုဖမ်းဖို့မှော်လက်နက်တွေလိုတယ်လို့ပြောခဲ့တာကို ဝူချွင်
ဘင်လာပြီး အဖြစ်မှန်ကိုစုံစမ်းမှာကို ကြောက်လန့်ခဲ့တယ်။ဒါကြောင့် ဝူရုန်သည် ပိုင်ရှင်ယုကို ဟန်ဆောင်သူငယ်ချင်းတစ်ယောက် ရှာစေပြီး ကပ်ပါးခေါင်းသစ်တောထဲကို မွန်းစတားဖမ်းမ်းဖို့ ငွေနှစ်သန်းနဲ့ ငှားစေခဲ့တာဖြစ်တယ်။

အရင်ဘဝတုန်းကသူက မတော်တဆအဲဒီမွန်းစတားနဲ့သခင်နှင့်အစေခံစာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီမွန်းစတားသည် တစ်ချိန်လုံး သူ့နောက်လိုက်နေခဲ့ပြီးဟသူ့အမိန့်ကိုနာခံခဲ့တာဖြစ်တယ်။တစ်ရက်မှာတော့ သူက စိတ်ကိုလန်းစမ်းစေတဲ့ဆေးပြားပြုလုပ်တဲ့အချိန်တွင် မွန်းစတားကြီးသည် သူစားထားသမျှကို အဆက်မပြတ်အန်ခဲ့ပြီး သေလုနီးပါးဖြစ်သွားခဲ့တယ်။ဒီဆေးပြားတွေက လူတွေအတွက် စိတ်ကိုလန်းစမ်းစေပေမဲ့ မွန်းစတားကြီးအတွက်တော့ အလွန်ကိုဆိုးဝါးသည့်အနံ့ဖြစ်ပုံရတယ်။

ဒီအကြောင်းပြချက်ကြောင့်ဘဲဝူရုန်သည် ဝူဇူကို ဆေးပြားပေးပြီး မစ်ရှစ်လုပ်ဖို့ သဘောတူခဲ့တာဖြစ်တယ်။
----------------
(2000/3/9)

COTAW(Zawgyi)Where stories live. Discover now