Chapter81:သူကကြင်နာတတ်တယ်(1)

Start from the beginning
                                    

"အရမ်းတော်တယ်"ဝူရုန်ကပြုံးပြီးပြောလိုက်တယ်။

"နောင်အနာဂတ်မှာ ဝူမိသားစုကတော့ အလုပ်များတော့မှာဘဲ"

နောက်တစ်နေ့မနက်မှာတော့ ဝူဇူနှင့်ဝူရှိသည်ဟေးအိမ်တော်ကို ရောက်လာပြီး ဝူရုန်ကိုခေါ်၍ ဈာပနကို ထွက်ခဲ့တယ်။

အငယ်တွေရဲ့ဈာပနမှာဟအကြီးတွေကို တက်ရောက်ခွင့်မပြုတာကြောင့် ဝူချွင်ဂျင်သည် သူ့သားကြီးဝူအန်းချွင်ကို ဝူချူ၏ဈာပနကိုစီစဉ်စေတယ်။

ဝူချူ၏ဈာပနကို ဂိုလင်းမြို့စွန်မှာရှိသည့် ဝူမိသားစုဘိုးဘွားပိုင်ခန်းမမှာ ကျင်းပတာဖြစ်တယ်။ဒီနေရာက ရိုးရှင်း၍တိတ်ဆိတ်လှတယ်။ဈာပနကိုတက်ရောက်သူတွေသည် မျိုးဆက်သစ်လူငယ်တွေသာရှိတယ်။

ဝူရှိသည် ရထားလုံးရပ်လိုက်တာနှင့် အသံတိုးတိုးလေးနှင့် ပြောလိုက်တယ်"လူဘဝဆိုတာ တကယ်ကိုမပြောနိုင်ဘူး။ဒီလိုလူငယ်လေးက ဒီလိ မျိုးသေသွားရတယ်"

"အန်းယန်က ရက်စက်လွန်းတယ်။ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်မိသားစုကို သတ်နိုင်ရက်တာလဲ?"ဝူဇူက ပြောလိုက်တယ်။

"ဝူအန်းယန်ဆိုတာသေချာရဲ့လား?"ဝူရုန်က မေးလိုက်တယ်။

"အခင်းဖြစ်တဲ့နေရာက သက်သေတွေကမြောက်ဘက်ခြံဝင်းကိုဘဲဦးတည်နေတယ်။ဦးလေးချွင်ဂျင်ဆိုရင် ဝူအန်းယန်ရဲ့ဖခင်ကို အသက်တစ်ခုအတွက်အသက်တစ်ခု အလျှော်ပေးဖို့တောင်းဆိုထားတယ်။ဒါ့ကြောင့် အခုဆိုရင်မြောက်ဘက်ခြံဝင်းနဲ့ တောင်ဘက်ခြံဝင်းက အရမ်းကိုတင်းမာနေတဲ့ အခြေအနေမှာရှိတယ်။ဘိုးဘိုးကြီးတောင်မှ ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်ပေးရမလဲမသိဘူး။သူက နှစ်ဖက်လုံးကမိသားစုတွေဖြစ်နေလို့ ဘက်မလိုက်ဘဲ ဆုံးဖြတ်ဖို့လိုတယ်"ဝူဇူကပြောလိုက်တယ်။

ဝမ်းနည်းစရာကောင်းတာက ဝူချူသည် လေ့ကျင့်ရေးမဆင်းသေးတာကြောင့် သူရဲ့အမည်သည် မိသားစုအမည်စာရင်းမှာ မထည့်သွင်းရသေးဘူး။ဒါ့ကြောင့် ဝူချူကို ဝူမိသားစုဝင်အစစ်လို့ပြောလို့မရသေးဘူး။

သူတို့က ဘိုးဘွားပိုင်ခန်းမကိုရောက်လာတာနှင့် တိတ်ဆိတ်သွားတယ်။

COTAW(Zawgyi)Where stories live. Discover now