ဟေးရွမ်ရီကို ဝူရုန်၏ဝတ်ရုံကို ဆွဲချွတ်လိုက်ပြီးအင်္ကျီတန်းပေါ်တင်လိုက်တယ်။ထို့နောက် ဟေးရွမ်ရီက ဝူရုန်၏ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်ပြီး ဘယ်လိုသယ်ရမလဲကြည့်လိုက်တယ်။ဝူရုန်၏ခန္ဓာကိုယ်က ကြီးမားလွန်းတာကြောင့်သူ့လက်မောင်းက ဝူရုန်၏ခါးတစ်ဝက်ဘဲရောက်နိုင်တယ်။တကယ်လို့သူက ဝူရုန်ခါးကို မဖက်နိုင်ဘူးဆိုရင် ဝူရုန်ကပြုတ်ကျသွားနိုင်တယ်။

ဟေးရွမ်ရီက ရုတ်တရက် သူ့လက်တစ်ဖက်နှင့် ဝူရုန်ခါးကို ဆွဲယူလိုက်ပြီး နောက်လက်တစ်ဖက်ကို ဝူရုန်၏ခြေသလုံးနားမှာထားလိုက်ပြီး သယ်လိုက်ပြီး အိပ်ရာပေါ်ကိုပစ်တင်လိုက်တယ်။

ဝူရုန်က သူက အိပ်ရာပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်ဘဲ ကမ္ဘာကြီးက ချာချာလည်သွားသလိုခံစားလိုက်ရတယ်။အိပ်ရာက နူးညံလွန်းတာကြောင့် သူ့ကိုမနာကျင်စေဘူး။

"အင်္ကျီချွတ်တော့"ဟးရွမ်ရီက ပြောလိုက်တယ်။

"မချွတ်ဘူး!"ဝူရုန်က အိပ်ရာထဲကို တိုးဝင်သွားတယ်။

ဟေးရွမ်ရီက သူက ကပ်ပါးကောင်တွေကို ထုတ်ဖို့ စိတ်စွမ်းအင်ကိုလည်း သုံးရအုန်းမယ်။ဒါကို ဘာလို့ဝူရုန်က မပူးပေါင်းချင်ရတာလဲ?ဘာလို့ ငြင်းနေရတာလဲ?ဖြစ်နိုင်တာက ဝူရုန်က နာမှာကြောက်လို့လား?

"မင်းက နာမှာကြောက်လို့လား?"ဟေးရွမ်ရီက မေးလိုက်တယ်။

သူက ဝူရုန်က ကပ်ပါးကောင်တွေကြောင့် နာကျင်ခဲ့တာကို သတိရသွားတယ်။ဒါကြောင့် ဝူရုန်က နာမှာကြောက်နေတာလို့ဘဲ ယူဆလိုက်တယ်။

ဝူရုန်၏မျက်နှာက ရှက်သွေးဖျာ၍နီရဲလာပြီး ဒေါ
သတထွက်စွာ အော်လိုက်တယ်"ခင်ဗျားဆိုရင်ရော ကျွန်တော့်နေရာမှာဆို ကြောက်မှာဘဲ"

သူက အရင်ဘဝတုန်းက သူတို့ပထမဆုံး ချစ်တင်းနှောခဲ့သည့် အချိန်တုန်းက နာကျင်မှုကို မှတ်မိနေတုန်းဘဲ။

"သိပ်မကြာပါဘူး။မစိုးရိမ်နဲ့"

"ခင်ဗျားလိမ်နေတာ"ဝူရုန်က ရှက်ရွံ့စွာပြောလိုက်တယ်။

သူမှတ်မိနေတာက ဒီလူက တစ်ကြိမ်ဆို တစ်နာရီလောက်ကြာသည့်အပြင် ဒီလူက တစ်ကြိမ်ထဲနှင့်လည်း မကျေနပ်ဘူး။

ဟေးရွမ်ရီ၏သည်းခံမှုက ကုန်ဆုံးသွားပြီး ဝူရုန်၏အင်္ကျီတွေကို ဆွဲချွတ်လိုက်တယ်။

"ဟေးရွမ်ရီ ခင်ဗျားအားသုံးပြီးလုပ်မလို့လား?"ဝူရုန်က စိတ်ဆိုးလာပြီး ဟေးရွမ်ရီကိုတွန်းလဲ၍ တက်ဖိလိုက်ပြီး ခေါင်းအုံးနှင့်ရိုက်ပြီး အော်လိုက်တယ်။

"ခင်ဗျား ဒါက ရာဇဝတ်မှုကျူးလွန်နေတာဘဲ။ခင်ဗျားက ကျွန်တော်ပိန်လာတဲ့အချိန်ထိတောင် မစောင့်နိုင်တော့ဘူးလား?ကျွန်တော်က ဒီလောက်ထိဝနေတာတောင် ကျွန်တော့်ကို လိုချင်နေသေးတယ်။ကျွန်တော် ယုံတောင်မယုံနိုင်ဘူး"

ဟေးရွမ်ရီက ဝူရုန်ပြောတာတွေကို နားမလည်နိုင်ဘဲ သူက ခေါင်းအုံးနှင့်ရိုက်ခံလိုက်ရသည့်အတွက် သူ့ရဲ့မျက်နှာက မဲမှောင်သွားတယ်။

အဲဒီအချိန်မှာဘဲ ခေါင်းအုံးအောက်က စာရွက်က ထွက်ကျလာတယ်။ဝူရုန်က ကောက်ယူပြီးမေးလိုက်တယ်။

"ဒါကဘာလဲ?"ဝူရုန်က အံ့သြသွားတယ်။

သူက ကောက်ယူပြီးဖတ်လိုက်တော့ ကပ်ပါးကောင်တွေထုတ်ဖို့ ရေးသာထားသည့် ဆေးညွှန်းကို ရေးသားထားတာကို သိလိုက်တယ်။သူက အရင်ဘဝတုန်းက ကပ်ပါးကောင်တွေကိုထုတ်ခဲ့ဖူးတာကြာင့် သူက မြန်မြန်ဘဲ နားလည်လိုက်တယ်။

"ဒါက ကိုယ့်ကိုနူမူကပေးခဲ့တာ။သူက ဒီညမှာ မင်းရဲ့ကပ်ပါးကောင်တွေကို ထုတ်ပေးဖို့ ဆေးညွှန်းပေးခဲ့ပတာ"

"ဒီညမှာ ကပ်ပါးကောင်တွေကို ထုတ်ရမယ်ဆိုရင် ခင်ဗျားက ဘာလို့အဲလိုလုပ်ခိုင်းတာလဲ?"

"ဘာလုပ်ခိုင်းတာလဲ"ဟေးရွမ်ရီက စိတ်ရှုပ်သွားတယ်။

"အကျီ င်္ချွတ်ခိုင်းတာလေ"ဝူရုန်က စိတ်တိုစွာ ပြောလိုက်တယ်။

"ဒါလား?ဒါက ကိုယ့်ကို နူမူက မင်းအဝတ်အစားတွေကို ချွတ်ထားမှ ကပ်ပါးကောင်တွေထွက်လာရင် မြင်ရမှာလို့ပြောထားတယ်"

ဝူရုန်ကဇ အခုမှဘာဖြစ်တာလဲဆိုတာ နားလည်သွားပြီး ပြောလိုက်တယ်"ဒါက ဆရာသခင်က စနေတာလေ။ခင်ဗျားက ဘယ်လိုလုပ်ပြီးအရူးလုပ်ခံလိုက်ရတာလဲ?ကပ်ပါးကောင်တွေထုတ်ရင် အဝတ်တွေချွတ်စရာမလိုဘူး။လက်ချောင်းကနေ ထွက်လာမှာလေ။ဒီထဲမှာ ရေးထားတယ်"

ဟေးရွမ်ရီက ဝူရုန်က ပြင်းပြင်းထန်ထန်အခိုင်အမာပြောနေတာကြောင့် သူက အဖြစ်မှန်ကို နားလည်သွားတယ်။

ဒါပေမဲ့ သူက ဝူရုန်ကို အဝတ်အစားချွတ်ခိုင်းတာကို ဘာလို့ဒီလောက်ထိ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရတာလဲ?ပြီးတော့ သူ့ကို အားသုံးပြီးလုပ်မလို့လားတောင် မေးသေးတယ်။

-------
paid groupဝင်လို့ရတယ်နော်
(1900)30/8

COTAW(Zawgyi)Where stories live. Discover now