Chapter(71)အပ်ချည်ကိုအပ်မှာထိုးတယ်(2)
ဝူရုန်က ဟေးရွမ်ရီဝင်လာတာကို မြင်တာနဲ့ချက်ချင်းဘဲ ရှုံ့အိတ်ကို အပ်ရာခင်းထဲကို ထိုးထည့်လိုက်ပြီး အဖြူရောင် ပိတ်စကိုလည်း ခေါင်းအုံးအောက်မှာ ထည့်ထားလိုက်တယ်။ပြီးမှ သူက ဟေးရွမ်ရီဘက်ကို လှည့်လိုက်ပြီး ပြောလိုက်တယ်"ခင်ဗျားပြန်လာပြီ"
ဟေးရွမ်ရီက ဝူရုန်က တစ်စုံတစ်ခုကို ဝှက်လိုက်တာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။
"နောက်ကျနေပြီ။ကျွန်တော် အိပ်တော့မယ်"ဝူရုန်က မလုံမလဲဖြစ်တာကြောင့် အိပ်ရာပေါ်မှာ လဲလိုက်တယ်။ရုတ်တရက် ရှုံ့အိတ်ပေါ်မှာထိုးထားတဲ့ အိပ်က သူ့တင်ပါးကို ထိုးမိသွားတယ်။
"အ"ဝူရုန်က နာကျင်မှုကြောင့် ညည်းတွားလိုက်တယ်။
သေစမ်း!ငါ့တင်ပါးမှာအပ်ထိုးမိသွားပြီ။
ဝူရုန်သည် လက်ကို နောက်ပို့လိုက်ပြီး အပ်ကို ယူဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ သူက ဝလွန်းတာကြောင့် လက်ကမရောက်ဘူးဖြစ်နေတယ်။
ဟေးရွမ်ရီသည် အဝတ်အစားချွတ်လိုက်ပြီး အိပ်ရာပေါ်မှာလဲလိုက်တယ်။သူက ဝူရုန်သည် လက်ကိုနောက်ပို့ပြီးတစ်ခုခုရှာနေပုံပေါက်တာကြောင့် မေးလိုက်တယ်"ဘာလုပ်နေတာလဲ?"
"ဘာမှမလုပ်ဘူး"ဝူရုန်သည် သူ့တင်ပါးမှာ အပ်က ထိုးမိနေတာကို ပြောရမှာရှက်တာကြောင့် မပြောပြဘူး။
ဟေးရွမ်ရီသည် ဝူရုန်က မဖြေချင်တာကြောင့် ထပ်မမေးတော့ဘူး။
ဝူရုန်က မျက်လုံးမှိတ်ပြီး အိပ်ချင်ဟန်ဆောင်လိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ကို ခဏလောက်ကြည့်လိုက်ပြီးမှ ဖယောင်းတိုင်မီးကို ငြိမ်းလိုက်ပြီး မျက်လုံးမှိတ်ပြီး အနပ်လိုက်တယ်။
ဝူရုန်က မှောင်သွားတာနဲ့ သူ့လက်ကိုနောက်ပို့လိုက်ပြီး ထပ်မံကြိုးစားလိုက်တယ်။ဒါပေမဲ့ သူက ထပ်ပြီး ကျဆုံးသွားတယ်။
ဟေးရွမ်ရီသည်မလှုပ်တာသာဖြစ်ပြီး သူက အိပ်မပျော်သေးပါဘူး။ဒါ့ကြောင့် ဟေးရွမ်ရီက ဝူရုန်ဘက်ကိုလှည့်ပြီး ကြည့်လိုက်တယ်။