Chapter64:ကလေးလေးထွက်လာပြီ(2)

2.2K 477 8
                                    

ဝူရုန်က ကလေးလေးက ဟေးရွမ်ရီနှင့် ဘာကြောင့် ဒီလောက်တူနေတာလဲဟု တွေးနေမိတယ်။

"..."ဝူရုန်

သူက ဟေးရွမ်ရီကို ဥကိုပေးပြီး ရယ်စရာအဖြစ် သူ့သားလို့ပြောခဲ့တာဖြစ်တယ်။ဒါက ဘယ်တော့မှအမှန်တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

အရင်ဘဝတုန်းက သူက ဘာဥကိုမှ မတွေ့ခဲ့သလို ဟေးရွမ်ရီမှာလည်း ဘာကလေးမှမရှိခဲ့ဘူး။ဒါ့အပြင် ဟေးရွမ်ရီကဘယ်မိန်းမကိုမှ မပတ်သက်ခဲ့ဘူး။သူကဟေးရွမ်ရီကို ရယ်စရာလို ဥပေးလိုက်တဲ့အခါမှ အမှန်တကယ်ဖြစ်လာခဲ့တာလား?

ဒါဆို တကယ်ဘဲ သူ့သားလား?

တကယ်လို့သူ့သားဆိုရင်လည်း သူနှင့်ဘဲ တူသင့်တယ်။ဒါကို ဘာလို့ ဟေးရွမ်ရီနှင့်တူနေရတာလဲ?ဒါ့အပြင်သူကဟေးရွမ်ရီနှင့်ဘယ်တော့မအိပ်ခဲ့ပါဘူး။

့ဟေးရွမ်ရီက နတ်ဆိုးတစ်ကောင်စီကနေ ဒီဥကိုရခဲ့ပြီး သူမသိလိုက်ခင် သူ့အိပ်ရာပေါ်မှာ ဥကြီးကို ထာထားတာဖြစ်နိုင်လား?

ဒီလိုမျိုးဖြစ်နိုင်တယ်လို့ တွေးကြည့်လိုက်တော့ သူက ဟေးရွမ်ရီကို ဥပေးလိုက်သည့် အချိန်တုန်းက ဟေးရွမ်ရီသည် အံ့သြသွားခဲ့တယ်။ဒါက ဟေးရွမ်ရီက ဒီဥကို မသိတာဘူးလို့ ဆိုလိုတာဖြစ်တယ်။

ဒါပေမဲ့ ဟေးရှင်းနှင့်ဟေးဂန်းက ကလေးလေးက ဟေးရွမ်ရီနှင့် တူနေတာကိုတွေ့ပြီး မအံ့သြခဲ့ဘူး။

သူက အမှန်တရားကိုသိချင်တယ်ဆိုရင် ကျင်းရှင်ကိုရှာရပါမယ်။ဒါပေမဲ့ ကျင်းရှင်က သေခြင်းကိုအစိုးရသောကမ္ဘာမှာနေတာဖြစ်တယ်။ဒါကြောင့် သူက သွားရှာရင်တောင် တွေ့ဖို့မလွယ်မကူပါဘူး။သူက ကျင်းရှင်ကို ဆင့်ခေါ်ဖို့ကြတော့လည်း သူ၏စိတ်စွမ်းအင် မသန်မာသေးတာကြောင့် ဆင့်ခေါ်ဖို့မဖြစ်နိုင်ပါဘူး။

ဟေးရှင်းက ရုတ်တရက်ဝူရုန်က ဟေးရွမ်ရီ၏ရုပ်ရည်အစစ်ကို မမြင်ဖူးတာကို သတိရသွားပြီးသူကစကားလမ်းကြောင်းလွှဲလိုက်တယ်။

"ကြင်ယာတော် သူ့ကိုပွေ့ချင်လား?"

ဝူရုန်ကခဏလောက်တုံ့ဆိုင်းသွားပါတယ်။

COTAW(Zawgyi)Where stories live. Discover now