Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?

Start from the beginning
                                    

"ငါတို့က မင်းသားရဲ့သတိုးတင်တောင်းလက်ဆောင်တစ်ချို့ကိုဘဲ ယူခဲ့တာ။ဝူချွင်ချင် မင်းက တော်တော်အမြင်ကျဉ်းတဲ့သူဘဲ"

ဝူချွင်တုန်သည် အခုချိန်မှာ ဖုန်းကွယ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ်။

"ဟုတ်ပါ့"ဝူချွင်တုန်၏ဇနီးကထောက်ခံလိုက်တယ်။

"ပါးစပ်ပိတ်ထားစမ်း"ဝူပုဖန်က ဝူချွင်တုန်တို့နှစ်ယောက်ကို အော်လိုက်တယ်။

ဝူချွင်တုန်၏ဇနီးက ထိတ်လန့်စွာ ပခုံးကျို့ဝင်သွားတယ်။

ဝူချွင်တုန်ကနှာခေါင်းရှုံ့လိုက်ပြီးအဝေးကိုကြည့်နေလိုက်တယ်။ဒါပေမဲ့သူကဝူချွင်ချင်၏ နှလုံးသားထဲကနာကျင်မှုတွေကိုဆွပေးလိုက်သလိုဖြစ်သွားခဲ့တယ်။

"ဝူချွင်တုန် မင်းက ငါကို အမြင်ကျဉ်းတယ်လို့ပြောလိုက်တာလား?မင်းသမီးရဲ့သတိုးသမီးတင်တောင်းလက်ဆောင်ကိုငါယူလိုက်ရင် မင်းကရော ပျော်နေမှာလား?မင်းကစဉ်းစားဥာဏ်မရှိတဲ့သူဘဲ။အခုကငါ့သားကယောကျာ်းတစ်ယောက်ရဲ့ဇနီးအဖြစ်လက်ထပ်ပြီးမှ ပေးလာတဲ့ပစ္စည်းတွေလေ!ငါ့သားကွငါ့သား!"

ဝူချွင်ချင်သည်  အချိန်အတော်ကြာမျိုသိပ်ထားသည့် ဒေါသတွေက ပေါက်ကွဲလာတာဖြစ်တယ်။

ဘယ်ဖခင်ကမှ သူတို့သားကယောကျာ်းတစ်ယောက်၏ဇနီးအဖြစ် လက်ထပ်စေချင်မှာလဲ?သူကဖခင်တစ်ယောက်အနေဖြင့် တာဝန်မကျေခဲ့ဘူးလို့ခံစားခဲ့ရတယ်။သူကသူ့သားကိုမကာကွယ်နိုင်ခဲ့ဘူး။

အားလုံးက ဝူချွင်ချင်၏ဒေါသကို ထိတ်လန့်သွားကြတယ်။။

သူတို့က ဝူချွင်ချင်၏ဒေါသထွက်နေပုံကို မြင်ရတာကြောင့် ဆွံ့အသွားတယ်။ဒီအချိန်မတိုင်ခင်တုန်းက သူတို့က ဝူချွင်ချင်၏ဒေါသထွက်နေတဲ့ ပုံကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။

ဝူရုန်က အရင်ဘဝတုန်းကတောင် သူ့အဖေရဲ့ဒီလိုပုံစံကို မမြင်ဖူးခဲ့ဘူး။ကြည့်ရတာတော့ သူ့အဖေကသူ့ကိုယ်သူအပြစ် တင်နေခဲ့ပုံရတယ်။

ဂေါင်တုန်က  ဝူချွင်ချင်နားသွား၍ သူမသေယာကျာ်း၏လက်တွေကို ဆုတ်ကိုင်၍ အားပေးလိုက်တယ်။

"မင်းတို့က ငါ့သားရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ခိုးယူခဲ့တာတောင် မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးရဲ့လား?"ဝူချွင်ချင်က သူ့ညီအကိုတွေကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အော်လိုက်တယ်။

"ချွင်ချင် အကြီးတွေရှေ့မှာ ဘယ်လိုတောင်ပြောနေရတာလဲ?"ဝူရှောင်ရန်က အော်လိုက်တယ်။

သူကဝူချွင်ချင်က ဝူချွင်ဂျင်တို့ညီအကိုလေးယောက်ကို ပြောတယ်ဆိုတာ သိတယ်။ဒါပေမဲ့ သူကိုယ်တိုင်ကလည်းလက်ဆောင်ပစ္စည်းတွေကို ယူထားဖြစ်လို့ ဝူချွင်ချင်၏စကားလုံးက သူ့ကိုလည်း ပြောနေသလိုဖြစ်နေတယ်။
***
readerလေးတွေfollower/vote/comment
လေးတွေပေးလိုက်ပါ💞💞💞
........................

COTAW(Zawgyi)Where stories live. Discover now