Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)

Start from the beginning
                                    

ဒါပေမဲ့ပြသနာကတော့သူတို့မှာမှော်လက်နက်တွေထားသည့်ကုန်လှောင်ရုံကိုဖွင့်ဖို့သော့မရှိတာဘဲ။

သူတို့နှစ်ယောက်သည်နှစ်ရက်ကြာအောင်အိမ်မှာစိတ်ရှည်စွာစောင့်နေပြီးမှအခွင့်ရေးတစ်ခုရလိုက်သည်။ဒါကဒီနေ့မှာတော့ဝူချွင်တုန်နှင့်ဝူချွင်ဘင်သည်ကင်းလှည့်ရန်အတွက်အပြင်ထွက်သွားတာကြောင့်ဖြစ်သည်။ဒါကြောင့်သူတို့ကသူတို့အမေကိုကုန်လှောင်ရုံကိုဖွင့်ပေးဖို့တောင်းဆိုနိုင်တယ်။

"အမေ ကျွန်တော်ကဟောင်းနွမ်းနေသည့်အဆင်တန်ဆာတွေကိုဘဲ ဝတ်ဆင်ထားလို့ ကျောင်းမှာအတန်းဖော်တွေက ကျွန်တော့်ကို လှောင်ကြတယ်။ဆင်းရဲတဲ့သူတွေကတောင် ကျွန်တော့်ထက်ပိုကောင်းတာကို ဝတ်ဆင်ကြတယ်။ကျွန်တော်ကမျက်နှာတောင်မပြရဲတော့ဘူး"ဝူဘိုင်ကသူ့အမေရဲ့လက်ကိုကိုင်လိုက်ပြီးပြောလိုက်တယ်။

"ကျွန်တော့်ကိုကုန်လှောင်ရုံထဲက အဆင်တန်ဆာတွေကိုယူခွင့်ပေးနော်။ဒါမှသူတို့တွေကို ပါးစပ်ပိတ်အောင်လုပ်လို့ရမှာ"

"မင်းရဲ့ဝမ်းကွဲတွေကပိုကောင်းတဲ့ဟာတွေကိုဝတ်ထားတယ်လို့ပြောတာလား?"ဝူဘိုင်၏အမေသည်သူမရဲ့အဖိုးတန်သားလေးကအလှောင်ခံရတာကိုကြားပြီးစိတ်မကောင်းဖြစ်သွားတယ်။

"အရင်တစ်ခါ အမေမင်းရဲ့ကျောင်းကိုလာတုန်းကတောင်သူတို့က မင်းလောက်ကောင်းတာကို မဝတ်ထားဘူးမလား?ဒါကိုသူတို့ကမင်းကိုလှောင်သေးတာလား?မင်းရဲ့ခါးက ခါးချိတ်ကျောက်စိမ်းပြားဆိုရင် အင်ပါယာမြို့တော်ကဆရာသခင်ကလုပ်ထားတာ။ခဏလေး မင်းရဲ့ကျောက်စိမ်းပြားကဘယ်ရောက်သွားတာလဲ?"

ဝူဘိုင်သူ့ရဲ့တန်ဖိုးရှိသည့်အဆင်တန်ဆာတွေအားလုံးကိုပေါင်ထားတာကိုမပြောရဲတာကြောင့်လိမ်ပြောလိုက်တယ်"အမေ အဲဒါကိုဝတ်ထားရင် သိက္ခာကျတယ်"

"ဘယ်လိုလုပ်ပြီး သိက္ခာကျရမှာလဲ?အဲဒီကျောက်စိမ်းပြားက..."

"အမေ အရှေ့ခြံဝင်းနဲ့အနောက်ခြံဝင်းက ဝမ်းကွဲတွေဆိုရင်  အဖိုးတန်သည့်ကျောက်စိမ်းတွေနဲ့လုပ်ထားသည့်အဆင်တန်ဆာတွေကို ဝတ်ဆင်ကြပြီး သူတို့ကမှော်လက်နက်တွေကိုတောင်ပိုင်ဆိုင်ကြတယ်"ဝူဘိုင်က သူ့အမေစကားကို ဖြတ်ပြောလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now