Chapter49:နိမိတ်ဆိုး

Start from the beginning
                                    

အကြီးအကဲနှစ်ယောက်ကို အနှောင့်အယှက်ပေးမိမှာ စိုးသာကြောင့် လူတိုင်းကအသံတစ်သံတောင် မထွက်ဘဲ အာရုံစူးစိုက်ကြည့်နေကြတယ်။

နာရီဝက်ခန့်ကြာပြီးနောက် အကြီးအကဲတွေက နောက်ဆုံးမှာသူတို့ရဲ့တွက်ချက်မှုက ပြီးဆုံးသွားတယ်။

ဝူပုဖန်က အကြီးအကဲတွေက မျက်နှာမကောင်းတာကို မြင်တာကြောင့် အသံတိုးတိုးနဲ့ပြောလိုက်တယ်"အရင်ဆုံး လူထုကို နှစ်သိမ့်ပေးလိုက်ပါ။ငါတို့ပြန်ရောက်မှ ဒီအကြောင်းကိုပြောကြမယ်"

အကြီးအကဲယောင်က အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးလူထုကိုပြောလိုက်တယ်"မစိုးရိမ်နဲ့။နတ်ဘုရားတွေရဲ့ အဖြေက သာမန်အရပ်သားတွေနဲ့ မသက်ဆိုင်ဘူး။နောင်နှစ်မှာလည်း အရင်နှစ်တွေလိုဘဲ လုံခြုံမှုရှိလိမ့်မယ်။"

လူထုက ဒါကိုကြားတော့ စိတ်သက်သာရာရသွားပေမဲ့ သူတို့က ရင်တမမတော့ဖြစ်နေတုန်းပါဘဲ။

ဝူပုဖန်က အခမ်းအနားပြီးဆုံးကြောင်းကို လူထုကိုကြေငြာလိုက်တယ်။

အကြီးအကဲတွေက ဒီအကြောင်းကို ဆွေးနွေးဖို့အတွက် အိမ်တော်ကို ရောက်သည့်အထိ မစောင့်နိုင်တော့တာကြောင့် ဝူပုဖန်ကိုပြောလိုက်တယ်။

"ခေါင်းဆောင် သတင်းဆိုးဘဲ"အကြီးအကဲရှင်းကပြောလိုက်တယ်။

"အမွှေးနံ့သာတိုင် သုံးခုလုံးက ကျိုးသွားတာလေ။သတင်းကောင်းဘယ်လိုလုပ်ရှိမှာလဲ?"ဝူပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး"အကြီးအကဲယောင်ကကော ဘာတွေမြင်ရလဲ?"

အကြီးအကဲယောင်က"ဒါက ကျွန်တော် ပြောခဲ့သလိုဘဲ တကယ်ကို အရပ်သားတွေကို မရည်ညွှန်းဘူး။မကောင်းတဲ့နိမိတ်က ကျွန်တော်တို့ဝူမိသားစုကို ရည်ရွယ်တယ်"

"ကျွန်တော်လည်းအတူတူဘဲ"အကြီးအကဲရှင်းကပြောလိုက်တယ်။

"ဘာ!"ဝူမိသားစုဆိုတာ ကြားကတည်းက ဝူပုဖန်က စိုးရိမ်သွားပြီးမေးလိုက်တယ်"ဝူမိသားစုမှာ ဘာတွေဖြစ်မှာလဲဆိုတာ ဘာတွေကြိုမြင်ရလဲ?"

အကြီးအကဲယောင်က အကြီးအကဲရှင်းနှင့် မျက်လုံးချင်းဆုံလိုက်ပြီးခေါင်းခါ၍"ကျွန်တော်ကဝူမိသားစုမှာ ဖြစ်မှာကိုဘဲ မြင်ရပြီး ဘာဖြစ်မှာလဲဆိုတာမမြင်ရဘူး"

"ဘာအကြောင်းလဲ??မင်းက ဘာအကြောင်းကိုမြင်ရလဲ?"ဝူပုဖန်က အကြီးအကဲရှင်းကို စိတ်အားထက်သန်စွာမေးလိုက်တယ်။

"ကျွန်တော်က စိတ်စွမ်းအင်တွေနဲ့ အသက်စွမ်းအင် အများအပြားကို ဂမ္ဘီရပညာပေါ်မှာ အသုံးပြုလိုက်ပေမဲ့ ကျွန်တော်က ဝူမိသားစုကဟရှောင်လွဲလို့မရသည့် ဘေးအန္တရာယ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အင်ပါယာမြို့တော်မှာရှိသည့် ဝူကလန်ကတောင် ပါဝင်ပတ်သက်လာလိမ့်မယ်ဆိုတာကို မြင်ရတယ်"အကြီးအကဲရှင်းကပြောလိုက်တယ်။

ဂမ္ဘီရပညာရပ်သည် တစ်ခါတစ်ရံမှာဘစိတ်စွမ်းအင်တွေကိုသာမက အသက်စွမ်းအင်ကိုပါ ယစ်ပူဇော်ဖို့လည်း လိုအပ်ပြီး ဒါက ဂမ္ဘီရပညာရှင်က အနာဂတ်ကို ကြိုမြင်နိုင်တာဖြစ်သည်။ဒါကဘဲ ဂမ္ဘီရပညာကို ရွေးချယ်သူနည်းပါးစေသည်။

"ရပ်တန့်ဖို့နည်းလမ်းမရှိဘူးလား?"ဝူပုဖန်ကထိတ်လန့်စွာမေးလိုက်တယ်။

အကြီးအကဲရှင်းကဘာမှမပြောပါဘူး။

"အခုချိန်မှာ ကျွန်တော်တို့က မတားနိုင်ပေမဲ့ ဂရန်းမစ္စတာကတော့ မတူဘူး။သူကကျွန်တော်တို့အားလုံးထက် သန်မာတယ်။တကယ်လို့ သူ့ကို ဒီအကြောင်းတင်ပြလိုက်ရင် သူ့မှာဖြေရှင်းဖို့ နည်လမ်းရှိနိုင်တယ်"

ဝူပုဖန်က ဝူချန်ဇီအကြောင်းပြောနေတာကို နားလည်တယ်။သူက ဘုရားကျာင်းဝင်းထဲက သူ့မျိုးဆက်တွေကို ကြည့်လိုက်ပြီး"အခုတော့အိမ်ကိုအရင်ပြန်ရအောင်"
****









--------------------------------
(1600)23/

COTAW(Zawgyi)Where stories live. Discover now