Chapter48:ခင်ဗျားတတ်နိုင်ပါတယ်

Start from the beginning
                                    

ရိုးရာပွဲပြီးသွားသည့်နောက် နူမူနှင့် သူ့အဖွဲ့ဝင်စုန်းတွေက ကပ်ပါးကောင်တွေကို လေ့ကျင့်ဖို့အတွက် အဝေးကိုယူဆောင်သွားတယ်။

ဆောင်းရာသီပွဲတော်နေ့ မနက်မိုးမလင်းခင်ထဲက ဝူရုန်က ဟေးရွမ်ရီကို အိပ်ရာထဲက ဒရွတ်တိုက်ဆွဲထုတ်လိုက်တယ်။ဝူရုန်က အင်္ကျီအထပ်ထပ် ဝတ်ဆင်လိုက်ပြီး ခြုံထည်အထူကြီးကိုလည်းဟဝတ်ဆင်လိုက်ထားတယ်။ထမင်းစားခန်းမှာ သူတို့က မနက်စာစားပြီးနောက်မှာတော့ ရထားလုံးစီး၍မြို့ပြင်ကို ထွက်ခဲ့တယ်။

မြို့ပြင်ကိုငါးလီ(၅လီ=၅၀၀မီတာ)လောက်ရောက်လာသည့်အခါ ရုတ်တရက် ရထားလုံးကရပ်သွားတယ်။

"ဘာလို့ရပ်သွားတာလဲ?"ဝူရုန်က မျက်မှောင်ကြုတ်လိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်ကို ပျင်းရိစွာတစ်ချက်ဘဲ ကြည့်လိုက်တယ်။

ရုတ်တရက် ဝူရုန်က ရထားလုံးက ဆက်သွားနေတာကို ခံစားလိုက်ရပြီးမြင်းတွေက နဂိုကထက် ပိုမြန်အောင်ပြေးနေသလိုဘဲ။ဒါပေမဲ့ ဝူရုန်က မြင်းခွာသံကိုမကြားရဘူး။

မကြာခင်မှာ ရထားလုံးက ရပ်သွားပြီးအပြင်မှာရှိနေတဲ့ ဟေးဂန်းကပြောလိုက်တယ်"သခင် ကျွန်တော်တို့ရောက်ပြီ"

"ရောက်ပြီလား?ဘယ်နေရာကိုလဲ?ရှင်းဖူးဘုရားကျောင်ျးတာင်ခြေလား?"ဝူရုန်ကအံ့သြသွားတယ်။

ဟေးဂန်းက လိုက်ကာစကိုဖွင့်ပေးလိုက်တယ်။

ဝူရုန်က ရထားလုံးကဆင်းလိုက်သည့်အခါ သူက ကြီးမားသည့် စာလုံးတွေနှင့် ရေးထားသည့် ဘုရားကျောင်းအမည်မြင်လိုက်ရပြီး ဝင်ပေါက်ကို ရောက်နေတာဖြစ်တယ်။ဆိုလိုတာက သူတို့က ရှင်းဖူးဘုရားကျောင်းကို ရောက်နေပြီဖြစ်တယ်။

"ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ?"ဝူရုန်က သိချင်တာကြောင့်မေးလိုက်တယ်။

ဟေးဂန်းက ဘာမှပြန်မဖြေပါဘူး။

ဝူရုန်က ဟေးရွမ်ရီဘေးမှာရှိနေတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေက သယ်လာတာလို့ဘဲ ခန့်မှန်းလိုက်တယ်။

"ရှင်းဖူးဘုရားကျောင်းကကြိုဆိုပါတယ်"ဧည့်ကြိုဖို့တာဝန်ယူထားတဲ့ ဘုန်းကြီးတစ်ပါးက ရောက်လာပြီးသူတို့ကိုနှုတ်ဆက်လိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now