"ဆရာသခင် ဘာလို့ဒီလိုအခန်းအနားဝတ်စုံကို ဝတ်ထားတာလဲ?"
"တဘက်ခါဆိုရင် ဆောင်းရာသီပွဲတော်ရောက်ပြီလေ။မင်းတို့ရဲ့ရိုးရာနဲ့အတူတူဘဲ။ရိုးရာတင်ဖို့ဘဲလိုအပ်တယ်။ဒါပေမဲ့ငါက မင်းနဲ့အတူတူ မင်းတို့ရိုးရာပွဲနှင့် ငါတို့ရဲ့ပွဲကိုအတူ မကုန်ဆုံးချင်ဘူး။ဒါကြောင့် ငါကနှစ်ရက်စောလုပ်ဖို့ ဆုံးဖြတ်လိုက်တာ"နူမူကပြုံးပြီးပြောလိုက်တယ်။
"ဒါဆိုဆရာသခင်က ဘယ်နေရာမှာရိုးရာတင်မှာလဲ?"
"ခြံဝင်းထဲမှာဘဲ ယစ်စင်လုပ်လိုက်ရင်ရပြီ။ နောက်ကျရင် မင်းမြင်ရလိမ့်မယ်။အခုကတော့ ဟေးရှင်း ငါချက်ထားတဲ့မနက်စာသွားယူခဲ့"
ဟေးရှင်းက ထူးဆန်းသည့်မျက်နှာနှင့် ထွက်သွားလိုက်တယ်။။မကြာခင်မှာဘဲ ဟေးရှင်းနှင့် အခြားအစေခံတွေကအစားအစာထည့်ထားတဲ့ သေတ္တာတွေကို ကိုင်ဆောင်၍ပြန်လာခဲ့ကြတယ်။သူတို့က စားပွဲပေါ်မှာ သေတ္တာတွေကိုတင်လိုက်ကြတယ်။
ဝူရုန်က သေတ္တာထဲမှာ အမျိုးအစားစုံလင်လှသည့် ကပ်ပါးကောင်တွေကို မြင်လိုက်ရတာကြောင့် သူ့မျက်လုံးတွေက ပျူးကျယ်သွားပြီး"ဒါဆရာသခင် လုပ်ထားတဲ့မနက်စာလား?"
ဟေးရွမ်ရီကလည်း ကပ်ပါးကောင်တွေရဲ့ ဗသးငယ်သည့်ခြေထောက်တွေက လှုပ်ရှားနေတာကို ကြည့်ပြီး သူ့မျက်လုံးတွေက ပျူးကျယ်သွားတယ်။
"ငါတို့ဆောင်းရာသီပွဲတော်မှာ ကပ်ပါးကောင်တွေကိုစားကြတယ်"နူမူကရှင်းပြလိုက်တယ်။
သူတို့က ဒါကိုစားရမယ်လို့တော့ မပြောနဲ့နော်။
နူမူက ဝူရုန်ရဲ့စိတ်ကိုဖတ်မိတာကြောင့် ပြောလိုက်တယ်"ရုန်အာ မင်းရဲ့ခန္ဓာကိုယ်ထဲမှာပြုစားကပ်ပါးကောင်တွေရှိတယ်။ဒါကြောင့် မင်းက မစားသင့်ဘူး"
"အိုး တကယ်လား?ဘယ်လောက်ရှက်စရာကောင်းလဲ။ရွမ်ရီကျွန်တော်ရဲ့ဝေစုကို ခင်ဗျားကိုဘဲပေးလိုက်တော့မယ်"ဝူရုန်ကဟေးရွမ်ရီကို စိုက်ကြည့်ပြီး ပျော်ရွှင်စွာပြောလိုက်တယ်။
"...."ဟေးရွမ်ရီ
ကိုယ်က မင်းရဲ့မျက်နှာမှာ ဘာလို့ရှက်စရာကောင်းတယ်ဆိုတာကိုမမြင်ရတာလဲ?
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Start from the beginning