ဝူရုန်သည် ဟေးရှင်းက သူ့ကိုပေးထားတဲ့စာရင်းကို ရှိယူတို့ကို ဖတ်စေခဲ့တာဖြစ်တယ်။
"သေချာပါတယ်။ကျွန်တော်က စာရင်းကိုအကြိမ်ပေါင်းများစွာဖတ်ထားတာဖြစ်တယ်။စာရင်းထဲမှာရှိတဲ့ပစ္စည်းအားလုံးကို မှတ်မိပါတယ်။"
သူတို့က သူ့ရဲ့သတိုးသမီးတင်တောင်းပစ္စည်းတွေကို ခိုးယူထရုံသာမက သူတို့က အရည်အသွေးနိမ့်သည့်ပစ္စည်းတွေနှင့်လည်း လဲထားကြတယ်ဆိုတာ ဝူရုန်က နားလည်လိုက်တယ်။သူတို့က သူ့ရဲ့ပစ္စည်းတွေကိုခိုးယူခဲ့ပြီး အရည်အသွေးနိမ့်တဲ့ အချို့ပစ္စည်းတွေနှင့် လဲလှယ်ခဲ့ပြီး သံသယမဝင်အောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်။
ဝူရုန်က အသံတိုးတိုးနဲ့"ငါ့လက်ဆောင်တွေကို ဘယ်သူခိုးထားတာလဲဆိုတာ သိပြီလား?"
"ကျွန်တော်တို့ တစ်ချို့ကိုတော့တွေ့ပြီ"
"ဘယ်သူလဲ?"
"သူတို့ကြင်ယာတော်ရဲ့အဘိုးနဲ့ဦးလေးတွေဘဲ"ရှိယူက ခဏရပ်လိုက်ပြီးမှ"ကြင်ယာတော်ရဲ့ဘိုးဘိုးကြီးကိုလည်း သူတို့ကပေးထားတယ်"
ဝူရုန်ကလှောင်ရယ်လိုက်တယ်။ဝူပုဖန်ကလည်း ယူထားတဲ့အထဲမှာပါတာကို သူက မအံ့သြပါဘူး။ဒါကြောင့် သူက သူတို့ကိုဘယ်လိုလက်ညှိုးထိုးရမလဲ?
ဝူပုဖန်က သူတော်ကောင်းယောင်ဆောင်တဲ့သူဆိုတာ သူသိတယ်။ဒီမနက်မှာလည်း ဝူရုန်က ဝူပုဖန်စီကို သွားတဲ့အချိန်မှာ လက်ဆောင်ပစ္စည်းပေးခဲ့လို့သာ ဝူပုဖန်က သူ့ကိုမျက်နှာသာပေးတာဖြစ်တယ်။တကယ်လို့ သူ့ဦးလေးတွေကလည်း ဝူပုဖန်ရဲ့စိတ်ကို ကျေနပ်အောင်လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် သူက သူတို့အတွက်ပြောပေးပါလိမ့်မယ်။ဒါဆို ဝူပုဖန်က ဝူရုန်ကို ပစ္စည်းတွေကို အလွယ်တကူယူဆောင်သွားစေတော့မှာမဟုတ်ဘူး။
"အနားယူဖို့တောင်အချိန်မရှိမှာစိုးရတယ်။သူတို့က အခြားခြံဝင်းတွေကိုလည်းပို့ထားမှာဘဲ"
ဝူရုန်က"တောင်ဘက်ခြံဝင်းမှာရှိတဲ့သူတွေက ငါ့လက်ဆောင်ကိုယူထားတယ်ဆိုတော့ စတုတ္ထဦးလေးနဲ့အငယ်ဆုံးဦးလေးက ဘာတွေကိုယူထားတာလဲ?"