Chapter42:မင်းရူးနေတာလား?

Start from the beginning
                                    

ဝူချွင်တုန်ကဒေါသတကြီးနဲ့မေးလိုက်တယ်"ဒါဆို ငါတို့ရဲ့ရတနာပစ္စည်းတွေကို သူ့ကိုပေးရုံအပြင် ရွေးချယ်စရာမရှိဘူးလို့ ပြောချင်တာလား?"

သူတို့ညီအကိုတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြတယ်။သူတို့ထဲက တစ်ယောက်ကမှ သူတို့ပစ္စည်းတွေကို မပေးချင်ဘူး။

ဝူချွင်ဘင်က"အခုတော့ ငါတို့က သူ့ကိုငါတို့ပစ္စည်းတွေကိ ပေးရမှာဘဲ။ဒါပေမဲ့ ငါတို့က ငါတို့ပစ္စည်းတွေကိုပြန်ရအောင် နည်းလမ်းရှာထားရမယ်။မင်းတို့ကော ဘယ်လိုထင်လဲ?"

ဝူချွင်တုန်နှင့်ဝူချွင်လီက ဝူချွင်ဂျင်ကိုဘဲကြည့်လိုက်သည်။ဝူချွင်ဂျင်က ဝူရှောင်ရန်ကိုမေးလိုက်တယ်"အဖေ အဖေက ဘယ်လိုထင်လဲ?"

ဝူချွင်ဂျင်က တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ဝူရှောင်ရန်ကိုထပ်ပြီးမေးလိုက်တယ်"အဖေက ဘာမှပြောစရာမရှိဘူးလား?"

ဝူရှောင်ရန်၏မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီးပြောလိုက်တယ်"ငါစဉ်းစားနေတာ ဒီနေ့ဝူရုန်ရဲ့အပြုအမူတွေက ပြောင်းလဲသွားသလားလို့"

ဝူရုန်က ရှက်တတ်ပြီး စိတ်ခံစားလွယ်သူဖြစ်တယ်။သူက စကားနည်းပြီး လွှမ်းမိုးမှုမရှိသူဖြစ်တယ်။သူကအကြီးတွေနှင့်အတူရှိသည့်အခါ သူ့ကိုယ်သူထောင့်မှာပုန်းနေပြီး အာရုံစိုက်မခံရအောင် ကြိုးစားနေတတ်တယ်။ဒါပေမဲ့ ဒီနေ့မှာတော့ ဝူရုန်က သူ့ကိုယ်သူထောင့်မှာ ပုန်းနေရမယ့်အစား သူ့ဦးလေးတွေနှင့်စကားများခဲ့တယ်။ဒါကြောင့် ဝူရှောင်ရန်က ဝူရုန်ကိုအာရုံစိုက်နေမိတာဖြစ်တယ်။

ဝူချွင်ဘင်က မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်တယ်"အဖေပြောတော့မှ ကျွန်တော်လည်းဝူရုန်က ပြောင်းလဲသွားတယ်လို့ထင်တယ်"

ဝူချွင်တုန်ကလှောင်လိုက်တယ်"သူက ဘာတွေများပြောင်းလဲသွားလို့လဲ?သူက ဝတုတ်နေပြီး ရွံ့စရာကောင်းနေတုန်းဘဲ"

"ဒါပေမဲ့ ဒီနေ့ သူက ငါတို့ရှေ့မှာ စကားအများကြီးပြောခဲ့တယ်။ပြီးတော့ သူကအဓိကအချက်တွေကိုဘဲ အသံကျယ်ကျယ်နဲ့ ရှင်းရှင်းလင်းလင်းပြောသွားတာ။သူကသတ္တိမရှိတဲ့သူနဲ့မတူဘူး"ဝူချွင်ဘင်က ပြောလိုက်တယ်။

"ငါထင်တာတော့ သူက ဟေးအိမ်တော်မှာ အနိုင့်ကျင့်ခံရလို့ သူ့ကိုယ်သူကာကွယ်ဖို့ မှော်လက်နက်တွေကိုလိုချင်လို့ ရှေ့ထွက်ပြောတာဘဲဖြစ်လိမ့်မယ်။ပြောရမယ်ဆိုရင် သူက အဲဒီနေရာမှာ သေသွားမှာကြောက်လို့ဘဲ"ဝူချွင်တုန်က သူတို့ပြောတာကို သဘောမတူဘူး။

တခြားလူတွေကလည်း ဝူရုန်က ဘာကြောင့်ပြောင်းလဲသွားတယ်ဆိုတာ မပြောနိုင်တာကြောင့် ဝူချွင်တုန်ရဲ့ရှင်းလင်းချက်ကို သဘောတူဖို့သာရှိတယ်။

"မင်းတို့ပစ္စည်းတွေသွားပို့ပြီးရငါ့စီကိုပြန်လာခဲ့။ငါတို့က သူတို့က ဒီပစ္စည်းတွေနဲ့ ဘယ်လိုမှော်လက်နက်အမျိုးအစားတွေလုပ်မယ်ဆိုတာရှာဖွေရမယ်"ဝူရှောင်ရန်ကပြောလိုက်တယ်။

တကယ်လို့ မှော်လက်နက်တွေလုပ်မယ်ဆိုရင် အမျိုးအစားတစ်မျိုးထဲရှိသည့် ပစ္စည်းတွေနဲ့မလုပ်နိုင်ဘူး။ဒီလိုဆိုရင် ပစ္စည်းတွေအားလုံးက အတူတကွ မပေါင်းစပ်နိုင်တာကြောင့် မှော်လက်နက်ဖြစ်မလာနိုင်ဘူး။ဒါကြောင့် မှော်လက်နက်တွေလုပ်ဖို့ဆိုရင် အမျိုးအစားမတူညီသည့်လိုက်ဖက်ညီသည့် ပစ္စည်းတွေလိုအပ်တယ်။ဒါမှသာ မှော်လက်နက်ဖြစ်လာနိုင်တယ်။

တကယ်လို့ သူတို့တွေ ဒီပစ္စည်းတွေကို ငှားပေးခဲ့ရင်တောင် ဝူရုန်တို့မှာ သူတို့ပစ္စည်းတွေနှင့် လိုက်ဖက်ညီတဲ့ ပစ္စည်းတွေမရှိဘူးဆိုရင် မှော်လက်နက်တွေကို မလုပ်နိုင်ဘူး။

ဝူချွင်ဂျင်က လျှင်မြန်စွာဘဲ ဒီစိတ်ကူးကိုနားလည်သွားပြီးပြောလိုက်တယ်။

"အဖေပြောချင်တာက ကျွန်တော်တို့က သူတို့မှော်လက်နက်တွေမလုပ်နိုင်အောင် တားဆီးရမယ်။ဒါဆိုရင် သူတို့ကိုငှားပေးလိုက်ရင်တောင် သူတို့က မှော်လက်နက်တွေကို လုပ်နိုင်မှာမဟုတ်ဘူး"

သူတို့ညီအကိုတွေက ကျယ်လောင်စွာရယ်မောလိုက်တယ်။
----------------------------

(1700)

COTAW(Zawgyi)Where stories live. Discover now