"ခင်ဗျားဘာလုပ်နေတာလဲ?"ဝူရုန်က ဟေးရွမ်ရီကို စိုက်ကြည့်လိုက်တယ်။မကြာခင်မှာ ဝူရုန်ကသူ၏ခန္ဓာကိုယ်ထဲကို စိတ်စွမ်းအင်တွေ စီးဝင်လာတာကို ခံစားရပြီး ကပ်ပါးကောင်တွေထံကို စီးဝင်သွားတာကိုခံစားလိုက်ရတယ်။ဝူရုန်က သူ့ရဲ့ဗိုက်က အနည်းငယ်နာကျင်ပြီးနောက် သူက အသက်ရှူရ မခက်တော့ဘူး။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဟေးရွမ်ရီကိုကြည့်လိုက်ပြီး မေးလိုက်တယ်"ခင်ဗျား ကျွန်တော့်ကိုဗိုက်ကို ပွတ်ပေးတဲ့အချိန်မှာ ကပ်ပါးကောင်တွေကိုစုစည်းလိုက်တာလား?"

ဟေးရွမ်ရီသည် ဘာမှပြန်မဖြေပါဘူး။သူက ဝူရုန်ရဲ့ဗိုက်သားတွေကို ပုတ်လိုက်ပြီး သူက သူ့နေရာမှာသူသွားထိုင်လိုက်တယ်။

"..."ဝူရုန်၏မျက်ဝန်းတွေကပျူးကျယ်သွားတယ်။တကယ်လို့ က သူရဲ့ဗိုက်ကိုပုတ်လိုက်ခြင်းမှာ သူက သူ့အပေါ်မကောင်းသည့်ထင်မြင်ချက်တွေရှိလာနိုင်သည်ဆိုတဲ့ အတွေးကိုမတွေးမိဘူးလား?

သူတို့ကရှိဇာပြဇာတ်ရုံကိုရောက်လာသည့်အခါ နှင်းတွေကျဆင်းလာတယ်။ဒါပေမဲ့လည်း နှင်းတွေက ပြဇာတ်ရုံကိုလာတဲလလူတွေကို မတားဆီးနိုင်ဘူး။ပြဇာတ်ရုံရှေ့မှာ ရထားလုံးတွေကများသထက်များလာတယ်။

ဝူရုန်နှင့်ဟေးရွမ်ရီတို့က ရထားလုံးပေါ်ကဆင်းလိုက်သည့် အခါ ဝူရုန်၏ကြီးမားလွန်းသည့်ခန္ဓာကိုယ်နှင့် ဟေးရွမ်ရီ၏ရုပ်ဆိုးလွန်းတဲ့ မျက်နှာသည် ချက်ချင်းဘဲ လူတိုင်း၏အာရုံစူးစိုက်မှုကို ရရှိသွားတယ်။

"ကြည့်လိုက် အဲဒီဝတုတ်နေသည့်ယောကျာ်းက ဝူမိသားစုတောင်ဘက်ခြံဝင်းက ခြောက်ယောက်မြှောက်သခင်လေးမဟုတ်လား?"လူတစ်ယောက်က သူ့ရဲ့ဘေးနားကလူကို အသံတိုးတိုးနှင့်ကပ်ပြောလိုက်တယ်။

"ဒီမြို့မှာဝတုတ်နေတဲ့လူက သူဘဲရှိတာလေ။သူ့ထက် ဝတဲ့လူမရှိတော့ဘူး။ခဏလေး အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားတဲ့ သူ့ဘေးကလူက သူ့ယောကျာ်းလား?သူများတွေပြောတဲ့ အတိုင်း ရုပ်ဆိုးလိုက်တာ။ဒါကြောင့် မိန်းမတစ်ယောက်ကမှ သူ့ကိုယောကျာ်းအဖြစ် မလိုချင်တာဖြစ်လိမ့်မယ်။ဖြစ်နိုင်တာက ဒါကြောင့်သူက ယောကျာ်းတစ်ယောက်ကိုယူလိုက်တာလား?"

COTAW(Zawgyi)Where stories live. Discover now