Chapter(23+24)

Comincia dall'inizio
                                    

"ပြသနာမရှိဘူး"ရန်ကျီဇောင်က ပြုံး၍ပြောလိုက်ပြီး သူကမေးလိုက်တယ်"သူတို့က အစေခံအသစ်တွေလား?ဝူတနှင့်ဝူရှောင်က ဘယ်ရောက်သွားတာလဲ?"

"ဝူတနှင့်ဝူရှောင်က နောက်ဆယ်ရက်ကြာရင် မင်္ဂလာဆောင်တော့မှာလေ။ဒါကြောင့်ပြင်ဆင်နေကြတယ်။"

"တစ်လလောက်ဘဲရှိသေးတယ်လေ။သူတို့က ဘာလို့ဒီလောက်မြန်မြန် လက်ထပ်ကြတာလဲ?"ရန်ကျီဇောင်ကအံ့သြသွားတယ်။

"သူတို့က လက်ထပ်ဖို့ အရွယ်ရောက်နေပြီလေ။ဒါကြောင့် သူတို့ မိဘတွေက သူတို့ကို လက်ထပ်ဖို့ တိုက်တွန်းလို့နေမှာ"

"ဒါမှန်တယ်"ရန်ကျီဇောင်က ပြောလိုက်ပြီးနောက် ဝူရုန်ကိုမေးလိုက်တယ်"ဒါနဲ့ မင်းရဲ့မိသားစုအသစ်က ဘယ်လိုလဲ?"

"သိပ်မကောင်းပါဘူး"ဝူရုန်က ဟေးရွမ်ရီအကြောင်းပြောရမှာ မကြိုက်သလိုပြောလိုက်ပြီး လေးလံသည့်လေသံနှင့် ပြောလိုက်တယ်"မင်း လဝက်လောက်ဘယ်ရောက်နေတာလဲ?တစ်နေရာကို တစ်ခုခုသင်ဖို့သွားတာတော့ မဟုတ်ဘူးမလား?"

"ငါတကယ်ဘဲကြီးမြတ်သည့်ဆရာသခင်စီမှာ ပညာသင်ချင်တယ်။ဒါပေမဲ့ ဘယ်သူက ငါ့ကိုတပည့်အဖြစ်လက်ခံမှာလဲ?"

ဝူရုန်က ရန်ကျီဇောင်က လိမ်မပြောဘူးဆိုတာသိတယ်။

အရင်ဘဝတုန်းက ဝူရုန်က စည်းတံဆိပ်ကို မချိုးဖြတ်ခင်အထိ ရန်ကျီဇောင်နှင့်အတူ မကြာခဏသွားလာခဲ့တယ်။ဒီအချိန်မှာ သူက ဆရာတကယ်ဘဲမရှိခဲ့ဘူး။နှစ်ပေါင်းအနည်းငယ်ကြာပြီးသည့်နောက်မှာ သူကကျင့်ကြံနေတာကြောင့်သူ့မှာ ရန်ကျီဇောင်နှင့်အတူ ကုန်ဆုံးဖို့အချိန်မရှိတော့တာဖြစ်တယ်။ဒါကြောင့် ရန်ကျီဇောင်က လျို့ဝှက်ဆန်းကျယ်သည့်လူနှင့် ဘယ်လိုသိပြီး ဆရာတင်ခဲ့လဲဆိုတာ သူမသိခဲ့တာဖြစ်တယ်။

"မင်းယင်ယန်ပညာရပ်သင်ဖို့က မင်းအဒေါ်ကငြင်းဆန်တာလား?"

ရန်ကျီဇောင်က သေးငယ်သည့်မိသားစုမှဖြစ်သည်။ဒါကြောင့်သူက အဆင့်နိမ့်ပညာရပ်တွေကိုသာ သင်ကြားနိုင်တယ်။သူ၏သွေးဝေးသည့်အဒေါ်ရန်လန်ယုကြောင့်သာ မဟုတ်ဘူဆိုရင် မိသားစုကြီးမှ လူငယ်တွေနှင့် တွေ့ဆုံဖို့အခွင့်အရေးမရနိုင်ဘူး။

COTAW(Zawgyi)Dove le storie prendono vita. Scoprilo ora